← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

“ပန်းချီရတနာ”

အကြီးအကဲလင်ဖန်းမှ ထိုစာလိပ်က သူ့ထံသို့ ပျံသန်းလာသည်ကို မြင်လိုက်သော် သူ့အမူအရာမှာ နောက်ဆုံး၌ ပြောင်းလဲသွားခဲ့ချေပြီ။

ထိုကဲ့သို့ ပန်းချီရတနာကို အသုံးပြုနိုင်သောသူများသည် မူလနယ်ပယ်နှင့် အဲ့ထက်မြင့်သော အဆင့်သို့ ရောက်နေကြသူများ ဖြစ်ကြလေသည်။

ထိုကဲ့သို့ ကျွမ်းကျင်သူ၏ ရှေ့မှောက်တွင် သတ်ဖြတ်သူတသောင်းတောင်ထိပ်၏ တပည့်များကို သူ လုံးဝကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပါချေ။

အကြီးအကဲလင်းဖန်သည် ထို တစ္ဆေကျင့်ကြံသူများမှ ရှေးဟောင်းတာအိုဂိုဏ်းရှိရာ တောင်ခြေတွင် ဘာကြောင့် ချောင်းမြောင်းတိုက်ခိုက်ရတာလဲဆိုတာကို တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့တော့လေသည်။

သူတို့ကို သတ်ဖြတ်ရန်အတွက် အဲ့လောက်အထိကြီး စွန့်စားဖို့ လိုအပ်နေလို့လား

သူ့ အတွေးမဆုံးခင်မှာပင် ပျံသန်းနေသော စာလိပ်မှာ ဖြေးညင်းစွာနှင့် ပွင့်ဟလာနေခဲ့တော့သည်။မြစ်တစင်း၏ ရိုက်ခတ်နေသော အသံကို လူတိုင်း ကြားလိုက်ရတော့လေသည်။

စာလိပ်အတွင်းရှိ ပန်းချီမှာ လှိုင်းများ ရိုက်ခတ်နေသော မြစ်တစင်း၏ ပုံဖြစ်လေသည်။

ပြင်းထန်လှသော မြစ်ရေစီးကြောင်းသည် ဟင်းလင်းပြင်အမှောင်ထုထဲသို့ အဆက်မပြတ် စီးဆင်းနေဟန် ရှိလေသည်။

“ဒါကြီးက ဘာကြီးလဲ” များစွာသော တပည့်များသည် ထိုမြင်ကွင်းကြောင့် အလွန်အမင်းကို အံ့အားသင့်သွားခဲ့လေတော့သည်။သူတို့သည် ပန်းချီစာလိပ်ထဲမှ မြစ်တစင်းထွက်ပေါ်လာသည်ကို မြင်တွေ့ခဲ့ရပြီး ပြင်းထန်စွာ စီးဆင်းနေသော ရေများမှာ သူတို့၏ ပတ်ပတ်လည်ကို ပိတ်ဆို့ထားသည်ကို သိလိုက်ရတော့လေသည်။

သူတို့မှာ ပြေးပေါက်မရှိ ပိတ်ဆို့ထားခြင်းကို ခံနေရတော့သည်။

မြစ်ရှိ ရေစက်တိုင်းတွင် ဖောက်ထွက်နိုင်သော အင်အားတရပ်ပါဝင်နေပြီး ထိုရေများကို မတော်တဆ ထိမိခြင်း၊အတင်းအကြပ် ဖြတ်ပြေးခြင်းများ ပြုလုပ်မိပါက သူတို့၏ အသားနှင့် အရိုးများ တစစီ ကြေမွသွားခြင်းကို ခံရလိမ့်မည် ဖြစ်လေသည်။

“အဲ့ဒါက ပန်းချီရတနာပဲ” လီဟမ်ရှန်းသည်လည်း တခဏကြာအောင် ကြောက်ရွံ့သွားခဲ့တော့လေ၏။

ယခုအကြိမ်သည် ပန်းချီရတနာကို သူမြင်ဖူးသည့် ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါသည်။အခြားတပည့်များမှာ ပန်းချီရတနာမှန်း မမြင်ဖူးသောကြောင့် မသိကြချေ။သို့သော် လီဟမ်ရှန်းမှာ ပန်းချီဆရာဖြစ်သူ ဖခင်ရှိသောကြောင့် ထိုကဲ့သို့သော အရာမျိုးနှင့် ငယ်စဉ်ကတည်းက ရင်းနှီးလေပေသည်။

ပန်းချီဆရာတစ်ယောက်သည် လွန်စွာ စွမ်းအားကြီးမားလာပါက ၎င်းတို့သည် သာမန်ပန်ချီကားကို ရတနာတခုအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းများ ရှိလာသည်။

၎င်းတို့သည် တောင်နှင့်မြစ်များကို ပန်းချီကားချပ်ထဲသို့ ပေါင်းစည်းလာနိုင်ပြီး သူတို့၏ အနုပညာကို မြောက်မြားစွာသော စွမ်းပကားများ ပေးစွမ်းနိုင်လာမည် ဖြစ်သည်။

ထိုသို့ဆိုရင်တောင် ပန်းချီရတနာများမှာ ညတွင်းချင်း ဖန်တီးနိုင်သော အရာများ ဟုတ်မနေခဲ့ပေ။ပန်းချီရတနာကို ဖန်တီးနိုင်မည့် ပန်းချီဆရာ၏ လိုအပ်ချက်များမှာလည်း လွန်စွာမှကို မြင့်မားလှပေသည်။ပန်းချီဆရာ အားစိုက်ထုတ်ရသည့် စိတ်ဝိဉာဉ်စွမ်းအားများမှာလည်း ဧရာမကြီး ဖြစ်လေသည်။ထို့ကြောင့် ပန်းချီရတနာများမှာ လွန်စွာ ရှားပါးလှသော ရတနာများလည်း ဖြစ်ပါသည်။

လီဟမ်ရှန်းသည် တက်လှမ်းခြင်းအဆင့် အမှိုက်ကလေးများကို ပန်းချီရတနာကို အသုံးပြုပြီး သတ်ဖြတ်လိမ့်မည်ဟု တခါဖူးမှ မမျှော်လင့်ခဲ့မိပါချေ။

လက်ရှိ သူ့ စိတ်ခံစားချက်များမှာ များစွာကို ရှုပ်ထွေးနေခဲ့တော့လေသည်။

ပန်းချီရတနာ ပေါ်ပေါက်လာခြင်း၏ အဓိပ္ပာယ်မှာ လက်ရှိ တိုက်ခိုက်လာသူများတွင် မူလအဆင့်သို့ ရောက်နေသော ကျွမ်းကျင်သူ တစ်ယောက်ပါဝင်နေသည့် သဘောပင် ဖြစ်လေသည်။

မူလအဆင့်သို့ ရောက်ရှိနေသူ၏ အစစ်အမှန်ချီနှင့်သာ ပန်းချီရတနာများကို ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်ပေသည်။အကြီးအကဲလင်းဖန်ကဲ့သို့သော ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်ကျွမ်းကျင်သူပင်လျှင် ထိုပန်းချီရတနာကို အသက်သွင်းနိုင်လိမ့်မည် မဟုတ်ပေ။

လက်ရှိအချိန်တွင် လီဟမ်ရှန်းမှာ လွန်စွာမှကို ကြောက်ရွံ့နေခဲ့လေပြီ။

မူလနယ်ပယ်အဆင့် ကျွမ်းကျင်သူမှ လှုပ်ရှားလိုက်လျှင် သူတို့အားလုံးမှာ လုံးဝကို တောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ရှေးဟောင်းတာအိုဂိုဏ်းမှ ပညာရှင်များ မရောက်လာခင်မှာပင် သူတို့အားလုံး မပြန်လမ်းသို့ ကြွကုန်ကြလိမ့်မည်။

ပန်းချီရတနာဖြစ်သော မြစ်ပြင်ကြီးမှ သူတို့အားလုံးကို ပိတ်ဆို့ထားသည်ကို ကြည့်ရင်း အကြီးအကဲ လင်းဖန်၏ အကြည့်မှာ ကြောက်ရွံ့ဖွယ်ကောင်းအောင် အေးစက်ကာ လေးနက်သွားခဲ့သည်။

ဒီနေ့ကိစ္စကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မပြီးသွားနိုင်တော့လောက်ပေ။

“သတ်”

မြေကမ္ဘာကို တုန်ဟီးစေလောက်မည့် သတ်ဖြတ်လိုသော အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် တစ္ဆေကျင့်ကြံသူ အယောက်နှစ်ဆယ်ခန့်သည် အရှေ့သို့ ပြေးတက်လာခဲ့ကြတော့သည်။

သူတို့တယောက်ချင်းစီ၏ မျက်လုံးများမှာ သွေးဆာနေသော ဝံပုလွေများအလား ဖြစ်နေပြီး သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ တပည့်များကို တစစီ စုတ်ဖြဲကာ သတ်ဖြတ်လိုလေ၏။တပည့်များမှာ အစေခံတပည့်များဖြစ်ပြီး မည်သည့် အတွေ့အကြုံမှ မရှိကြသောကြောင့် ထို ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို တကြိမ်တခါမှ မခံစားဖူးခဲ့ကြပါ။

သတ်ဖြတ်လိုစိတ်မှာ သူတို့၏ စိတ်နှလုံးကို လေးလံလွန်းလှသော တောင်ကြီးတတောင်ကဲ့သို့ ဖိအားပေးထားပြီး တပည့်တော်တော်များများမှာ သေးးများထွက်ကြကုန်ကြတော့သည်။အချို့ဆိုလျှင် နေရာတွင်ပင် ဝပ်လိုက်ကြပြီး ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ယင်နေခဲ့ပါ၏။

သူတို့မျက်လုံးများတွင် အကူအညီမဲ့မှုနှင့် ကြောက်ရွံ့မှုတို့မှာ အတိုင်းသား မြင်တွေ့နေခဲ့ရတော့လေသည်။

“ငါ့ အနောက်မှ ရပ်နေ” လီဟမ်ရှန်းသည် အံတင်းတင်းကြိတ်ကာ သူ့ နံဘေး၌ ကြက်သေသေနေသော လုချောင်းချောင်းကို အားနှင့် လှမ်းဆွဲကာ သူ့အနောက်သို့ ပို့ကာ အကာအကွယ်ပေးလိုက်၏။

“အကိုလီ” လုချောင်းချောင်းသည် အံ့ဩတကြီးနှင့် အော်လိုက်လေသည်။

“ ငါ နင့်ကို ကာကွယ်ပေးမယ်” လီဟမ်ရှန်း၏ မျက်နှာမှာ ဖြူရော်နေသော်လည်း သူ၏ ကိုယ်နေဟန်ထားမှာ မားမားမတ်မတ်ပင်။

သူ၏ မျက်လုံးများမှာ သွေးဆာနေသော ဝံပုလွေလို အရှေ့သို့ စိုက်ကြည့်နေခဲ့လေသည်။မည်သူပဲလာလာ အကုန်လုံးကို တစစီ ဆွဲဖြဲပစ်ရန် အသင့်ပြင်ထားလေ၏။

“ငါရှိနေသရွေ့ နင် မသေစေရဘူး” လီဟမ်ရှန်းသည် အသံဩဩကြီးနှင့် ပြောလိုက်လေသည်။

ထိုစကားလုံးများကို ကြားသော် လုချောင်းချောင်းသည် ကြက်သီးမွှေးညှင်းများထသွားခဲ့သည်။သူမ၏ အရှေ့တွင် ရပ်နေသည့်သူကို သူမ ကြည့်ရှုလိုက်မိသွားခဲ့သည်။သူက အရပ်မရှည်ပါ။သို့ပေမယ့် ယခုအချိန်၌ သူက သူမအား လွန်စွာ လုံခြုံမှုပေးနိုင်သော ခံစားချက်မျိုးကို ခံစားမိသွားစေသည်။

“ဟမ့်”

ထိုအချိန်တွင် ခပ်ဝါးဝါး ကြုံးဝါးသံတခုသည် သတ်ဖြတ်လိုသော အသံများကို ဖိနှိပ်လိုက်လေတော့သည်။

အကြီးအကဲလင်းဖန်၏ အတွင်းအားများ တလိပ်လိပ်နှင့် တက်လာခဲ့သည်။သူ၏ ဆံပင်ရှည်များသည် ကောင်းကင်ပေါ်၌ ကခုန်နေခဲ့သည်။ထို့နောက် နှိုင်းယှဉ်၍မရနိုင်သော သတ်ဖြတ်လိုစိတ်သည် ပတ်ဝန်းကျင်ကို ပြည့်နှက် ဖုံးလွှမ်းလာခဲ့တော့သည်။

“တစ္ဆေမျိုးနွယ် မအေလိုးတွေ မင်းတို့ အောက်တန်းစားတွေက ငါတို့ ဂိုဏ်းကတပည့်တွေကို ဒီလိုလွယ်လွယ်နဲ့ အနိုင်ကျင့်နိုင်မယ်လို့ ထင်နေတာလားကွ။မင်းတို့ကို ရှေးဟောင်းတာအိုဂိုဏ်းက ဘယ်သူမှ မတားဘူးလို့ ထင်နေကြတာလား။မင်းတို့ကို တကယ့်တစ္ဆေတွေ ဖြစ်သွားအောင် ငါလုပ်ပေးမယ်”

“ပြိုင်ဘက်ကင်း အရှိန်အဝါ”

သူ့ စကားဆုံးသွားသည်နှင့် လွန်စွာ များပြားကာ လင်းလက်လှသည့် ရွှေရောင်အလင်းတန်းများသည် အကြီးအကဲလင်းဖန်၏ ခန္ဓာကိုယ်ထဲမှ လျှံထွက်လာခဲ့တော့လေသည်။ထိုအလင်းတန်းမှာ သူ့တကိုယ်လုံးအား ဖုံးအုပ်သွားကာ ရှေးဟောင်းခေါင်းလောင်းကြီးတခုလိုမျိုးအကာအကွယ်ပေးလိုက်လေတော့သည်။

“ဘုန်းးး”

တစ္ဆေကျင့်ကြံသူတစ်ယောက်သည် သူ့အရှေ့သို့ ရောက်နှင့်နေပြီး လက်ထဲရှိ တုတ်တံရှည်နှင့် အကြီးအကဲလင်းဖန်၏ ပုခုံးထက်သို့ အားနှင့် ရိုက်ချလိုက်လေ၏။

လေးလံသောတုတ်တံ၏ အလေးချိန်နှင့် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သော တစ္ဆေကျင့်ကြံသူ၏ ခွန်အားပေါင်းထားသော ရိုက်ခတ်မှုသည် အရာရာကို ဖျက်စီးပစ်နိုင်စွမ်းရှိသည့်အလားပင်။

ခပ်ဝါးဝါး အသံထွက်ပေါ်လာမှုသည် တစ္ဆေကျင့်ကြံသူ၏ မျက်နှာထက်မှ အပြုံးကို အေးခဲသွားစေခဲ့လေ၏။ဒီလူက ငါ့ရဲ့တိုက်ခိုက်မှုကို ရုပ်ခန္ဓာသက်သက်နဲ့ပဲ ခုခံချင်နေတာလား

သို့ပေမယ့် နောက်ဖြစ်လာသည့် အရာကြောင့် သူ့မျက်နှာထက်ရှိအပြုံးမှာ ပျောက်ကွယ်သွားခဲ့ရလေတော့သည်။အဘယ်ကြောင့်ဆိုသော် သူ့တုတ်မှာ အကြီးအကဲလင်းဖန်၏ ခန္ဓာကိုယ်ပေါ်တွင် မြဲမြံစွာ ကပ်ညိနေခြင်းကြောင့်ပင်။

“အားတထောင်”

နောက်ထပ် ကြုံးဝါးသံနှင့်အတူ အကြီးအကဲလင်းဖန်၏ မျက်ဝန်းများမှာ လျှပ်စီးလက်သလို တောက်ပလာပြီး လက်ဖဝါးချက်တချက်ကို ရိုက်ထုတ်လိုက်လေ၏။

ထိုလက်ဖဝါးချက်တွင် မမြင်နိုင်သော ကောင်းကင်နတ်ဘုရားစွမ်းအားများ ပါဝင်နေသည့်အလားပင်။တစ္ဆေကျင့်ကြံသူမှာ ချက်ချင်းပင် သေဘေးနီးကပ်သော အာရုံကို ခံစားလိုက်မိပြီး တုတ်တံနှင့် ရင်ဘက်ကို လှမ်းကာလိုက်သည်။

သို့သော် သူ လုံးဝ မမျှော်လင့်မိခဲ့တာကတော့ အကြီးအကဲ လင်းဖန်၏ လက်ဖဝါးချက်မှာ သူ၏ တုတ်တံကို နှစ်ပိုင်းကျိုးသွားစေမည်ကိုပင်။တချိန်တည်းမှာပင် လက်ဝါးချက်မှာ တုတ်တံကို ချိုးပြီးနောက် သူ့ရင်ဘက်ကို ဖောက်ထွင်းသွားခဲ့တော့သည်။

သူ့ ရင်ဘတ်ရှိ အရိုးများ တစစီကျိုးကြေသွားလေသည်။ထို့အပြင် သူ့နှလုံးမှာ ထိုလက်ဝါးချက်ကြောင့် ပေါက်ထွက်ကာ ကြေမွသွားခဲ့လေသည်။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ အားလဲ”

အကြီးအကဲလင်းဖန် စတင် လှုပ်ရှားလိုက်သည်နှင့် ရောက်နေကြသူတိုင်းသည် အလွန်အမင်းကို တုန်လှုပ်သွားခဲ့တော့လေသည်။

ကျန်ရှိနေသော တစ္ဆေကျင့်ကြံသူများသည်လည်း ချွေးအေးများ ပြန်ကုန်ကြချေပြီ

“သူ…သူက လူကော ဟုတ်သေးရဲ့လား”

သူ၏ ဝတ်ရုံစမှာ သွေးများနှင့် ရွှဲနစ်နေခဲ့ချေပြီ။အကြီးအကဲလင်းဖန်သည် အကွက်တကွက်သာ ထုတ်သုံးရသော်လည်း တစ္ဆေကျင့်ကြံသူတို့၏ စိတ်ဓာတ်ကို ရိုက်ချိုးပစ်နိုင်ခဲ့တော့သည်။

အကြီးအကဲ လင်းဖန်သည် ပတ်ပတ်လည်ကို နီရဲနေသော မျက်လုံးအစုံနှင့် ကြည့်လိုက်လေ၏။သွေးရနံ့များမှာ လေထုထဲသို့ ပျံ့နှံ့နေခဲ့ပြီး သူ့လက်ထဲမှ သွေးများမှာလည်း တစက်စက်နှင့် မြေပြင်ထက်သို့ ကျဆင်းနေခဲ့သည်။

ယခုအချိန်၌ အကြီးအကဲ လင်းဖန်၏ ပုံရိပ်မှာ ရွေ့လျား၍ မဖြစ်နိုင်သော တောင်ကြီးတတောင်နှင့် တူနေခဲ့ကာ သတ်ဖြတ်လိုစိတ်အပြည့်နှင့် ဖြစ်နေသော တစ္ဆေကျင့်ကြံသူတို့မှာ အလောတကြီး မလှုပ်ရှားရဲကြချေ။

အကြီးအကဲလင်းဖန်သည် တစ္ဆေကျင့်ကြံသူကို သတ်ဖြတ်လိုက်သည့် ပုံစံမှာ လွန်စွာမှကို ကြမ်းတမ်းကာ အရိုင်းဆန်လွန်းလှပေသည်။သူ၏ နည်းလမ်းများမှာ ရက်စက်လွန်းလှသောကြောင့် အားလုံးကို ကြောက်ရွံ့သွားစေခဲ့၏။

သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ အစေခံတပည့်များပင်လျှင် အကြီးအကဲလင်းဖန်၏ တိုက်ခိုက်မှုကို ကြောက်ရွံ့သွားခဲ့ကြသည်။

ပုံမှန်အချိန်တွင် နူးညံ့ကြင်နာတတ်သော အကြီးအကဲ လင်းဖန်မှာ လွန်စွာမှကို ကြမ်းတမ်းကာ ကြောက်ရွံ့ဖွယ်ကောင်းလွန်းလှပေ၏။

“ဘယ်ကောင်သေချင်သေးလဲ။သေချင်တဲ့ကောင် အရှေ့ကို တက်ခဲ့။မင်းတို့ကို ငါ သရဲဘဝကို တခါတည်း ပြောင်းပေးလိုက်မယ်”

အကြီးအကဲလင်းဖန်၏ အသံမှာ ညင်သာလွန်းလှပြီး သာမန်ကိစ္စရပ်လေးကို ပြောနေသည့်အလားပင်။

“အချိန်ဆွဲချင်တာလား” ထိုအချိန်တွင် အေးစက်နေသော အသံတသံထွက်ပေါ်လာခဲ့တော့သည်။

“မြန်မြန်တိုက်၊မြန်မြန် ဆုံးဖြတ်ချက်ချ”

ထိုအသံ ထွက်ပေါ်လာပြီးနောက်တွင် လူတိုင်းသည် ပုံရိပ်တခုမှာ တစ္ဆေတကောင်လို ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်ကြတော့သည်။

ထိုပုံရိပ်မှာ တစ္ဆေတကောင်ကဲ့သို့ လှုပ်ရှားနေပြီး လေထုနှင့် တသားတည်းဖြစ်နေကာ ဓားချက်တချက်ကို အကြီးအကဲ လင်းဖန်ထံသို့ ခုတ်ချလိုက်လေသည်။

ထိုကဲ့သို့ လွှမ်းမိုးနိုင်သည့် ခံစားချက်မှာ အကြီးအကဲ လင်းဖန်၏ နှလုံးသားထဲသို့ တိုးဝင်သွားကာ တုန်လှုပ်သွားခဲ့လေတော့သည်။

လှုပ်ရှားလိုက်သူမှာ မူလအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

“ပြိုင်ဘက်ကင်း”

“အားတထောင်”

သူ့ကို ဖုံးလွှမ်းထားသော ရွှေရောင်အလင်းတန်းများမှာ လျှံထွက်ကာ ကျဆင်းလာခဲ့၏။တချိန်ထဲမှာပင် တောင်တန်းနှင့် မြစ်ပြင်ကျယ်တို့၏ စွမ်းအားများမှာ ပေါက်ကွဲထွက်လာခဲ့သည်။ထိုဓားသွားကို အကြီးအကဲ လင်းဖန်မှာ ရှောင်ရှားလို့ မရချေ။သူသာ ရှောင်လိုက်ပါက သူ့အနောက်တွင် ရှိသော တပည့်များအားလုံးကို ထိမှန်ကာ သေဆုံးသွားကုန် ကြလိမ့်မည်။ ထို့ကြောင့် သူသေမည်ဆိုလျှင်တောင်မှ ထိုဓားချက်ကို အစွမ်းကုန် ခုခံမှ ဖြစ်လိမ့်မည်။

All Chapters