← Chapters

ဝမ်ရှုမျှော်စင်

Vol. 2 Ch. 20

ဝမ်ရှုမျှော်စင်

Vol. 2 Ch. 20

ယန်အိမ်တော်သို့ ဝင်ရောက်ပြီးသောအခါတွင် ချမ်းသာသော မိသားစုဆိုသည်မှာ မည်သို့ဖြစ်ကြောင်းကို လီချန်ချင်းက ကောင်းကောင်းကို နားလည်သွားခဲ့တော့လေသည်။

ဒီနေရာ၏ အကျယ်အဝန်းမှာ မြို့လေးတမြို့စာလောက်ပင် ရှိနေသည်ဟု ခံစားခဲ့ရတော့သည်။

သူက ချမ်းသာသောမိသားစုများ၏ ခြံဝင်းများကို အရင်ဘဝတုန်းက ရုပ်ရှင်များတွင် မြင်ဖူးသည့်တိုင် လူကိုယ်တိုင် မြင်ရသည့် အတွေ့အကြုံမှာ ရုပ်ရှင်နှင့် မတူညီစွာ လုံးဝကို ခြားနားနေခဲ့တော့လေသည်။

အလုပ်ရှုပ်နေသော အစေခံများစွာတို့ကို နေရာအနှံ့တွင် တွေ့မြင်ရပေသည်။များစွာသော ခန်းမဆောင်များနှင့် မျှော်စင်များ၊ခမ်းနားသော နံရံကပ် ဆေးပန်းချီများနှင့် ရွှေရောင်မင်္ဂလာကြိုးများစွာတို့ ရှိကြသည်။အားလုံးမှာ တန်ဖိုးကြီးမားကာ ခမ်းနားလှသည့် ပုံစံရှိသည်။

လီချန်ချင်းသည် လမ်းနည်းနည်း ပတ်လျှောက်ကြည့်လိုက်လေသည်။တံတားကို ဖြတ်ကာ ခြံဝင်းများနှင့် ပန်းခြံများစွာတို့ကိုလည်း ဖြတ်ကျော်ခဲ့ပါသည်။

သူ တကယ်ကို လမ်းပျောက်နေခဲ့ချေပြီ။

အစေခံများစွာတို့သည် လမ်းပျောက်နေသော လီချန်ချင်းအား သတိထားမိကြသော်လည်း မည်သူမျှ သူ့ထံသို့ လာမကူညီကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုအဖြစ်မျိုးနှင့် ရင်းနှီးနေပြီးသောကြောင့် ဖြစ်သည်။ဖြစ်နိုင်သည်မှာ ယန်အိမ်သို့ လာပြီး အကျိုးအမြတ်တခုခု ရရှိရန်အတွက် အကူအညီလာတောင်းသူ ဖြစ်ရပေမည်။

သူသာ ထိုကဲ့သို့ လျှောက်သွားနေခဲ့ပါက ယန်မိသားစု၏ ကင်းလှည့်အဖွဲ့နှင့် ကြုံရပြီး အိမ်အပြင်သို့ မောင်းထုတ်ခံရလိမ့်မည် ဖြစ်လေသည်။

“တဆိတ်လောက်”

လီချန်ချင်းသည် သူ့နံဘေးမှ ဖြတ်သွားသော အစေခံအား လှမ်းခေါ်ကာ လမ်းမေးရန် ကြိုးစားလိုက်လေသည်။သို့သော် အစေခံမှ ခေါင်းကို ငုံ့ကာ ခပ်သွက်သွက် ပြေးထွက်သွားခဲ့သည်။

“သူတို့တွေက ဘာလို့ အဲ့လိုတွေ ပြေးလွှားနေရတာလဲ။ယန်အိမ်မှာက ကိစ္စတွေကို မြန်မြန်သွက်သွက် လုပ်ရတာမို့လို့များလားဟ”

လီချန်ချင်းမှာ ပြောစရာစကားပင် မရှိအောင် ဆွံ့အနေခဲ့ချေပြီ။

ထိုအချိန်မှာပင် အော်ဟစ်ရယ်မောသံများကို ကြားလိုက်ရတော့လေသည်။

အဝါရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော လူငယ်လေးများသည် ခပ်လှမ်းလှမ်းမှ လမ်းလျှောက်လာခဲ့ကြတော့သည်။သူတို့အားလုံးမှာ တက်ကြွနေကြပြီး မျက်နှာများတွင်လည်း အပြုံးများနှင့် ဖြစ်နေကြတော့သည်။

သူတို့၏ ကိုယ်ပေါ်မှ အဝတ်အစားများအရ ထိုကောင်လေးများသည် ယန်အိမ်တော်မှ သခင်လေးများ ဖြစ်ဟန်တူသည်။

ဦးဆောင်လာသော ကောင်လေးမှာ မောက်မာသည့် ဟန်ပန်ရှိလေ၏။သူ့အနောက်တွင်လည်း ကောင်လေးသုံးယောက်ပါလာခဲ့သည်။

အခြားကောင်လေးများသည် ခေါင်းဆောင်ဖြစ်သော လူငယ်လေးကို ကြောက်ရွံ့လေးစားဟန် ရှိကြသည်။

“တဆိတ်လောက်” လီချန်ချင်းက သူတို့ကို မေးရန်သင့်တော်လောက်သည် ဟု တွေးခဲ့လိုက်မိသည်။သူတို့က ယန်အိမ်တော်နှင့် ရင်းနှီးပြီး စာအုပ်များကို ဘယ်မှာ သိမ်းထားသည်ဆိုတာကို သိလောက်ပေမည်။

သို့သော် လီချန်ချင်းက စကားစပြောလိုက်သည်နှင့် ဦးဆောင်လာသည့် လူငယ်လေးမှာ မျက်မှောင်ကြုံ့သွားပြီး မကျေနပ်သောအမူအရာ ဖြစ်သွားတော့လေသည်။

“လမ်းဖယ်စမ်း၊လမ်းမပိတ်ထားနဲ့။ဒီလူက ဘယ်ကရောက်လာတာလဲ။အူကြောင်ကြောင်နဲ့ကွာ။ထွက်သွားစမ်း”

ခေါင်းဆောင်လူငယ်လေးသည် စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းပြလိုက်လေသည်။

“ခင်ဗျား ဘာရပ်လုပ်နေတာလဲ။အကိုရှန်း ပြောတာမကြားဘူးလား။အကိုရှန်းရဲ့ ကျင့်ကြံဖို့အချိန်တွေက ခင်ဗျားကြောင့် နှောင့်နှေးသွားရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို ခင်ဗျား တာဝန်ယူနိုင်လို့လား”

ကျန်သော လူငယ်လေးများသည် လီချန်ချင်းအား တစ်ယောက်ပြီးတယောက် ဒေါသတကြီးနှင့် ကြိမ်းမောင်းနေကြတော့သည်။

သူတို့မှာ အကိုရှန်းကို မြှောက်ပင့်နေကြခြင်းပင် ဖြစ်လေသည်။

လီးး…ယန်အိမ်က စောက်ကလေးတွေအားလုံးက အခုလိုမျိုးပဲ မောက်မာကြတာလားဟ

ယခုအဖြစ်အပျက်ကြောင့် လီချန်ချင်းသည် ယခင်ဘဝက သူ၏ မသိတတ်သော သားဖြစ်သူကို သတိရသွားခဲ့လေတော့သည်။သူတို့မှာ အတူတူပင် ဖြစ်ကြသည်။

မလေးမစား လုပ်တာပဲ

လီချန်ချင်းသည် ဝတ်ရုံလက်ကို ခေါက်တင်လိုက်ပြီး သောက်ကလေးကို ပညာပေးရန် ဟန်ပြင်လိုက်လေသည်။

သူ လှုပ်ရှားရန် ပြင်ဆင်လိုက်ချိန်တွင် လီချန်ချင်းသည် တစုံတခုကို သတိရသွားခဲ့လေတော့၏။

သောက်ပဲဟ..ဒီကလေးက သိုင်းတတ်တယ်

သူ့ကျင့်ကြံခြင်းမှာ သာမန်အဆင့်လောက်သာရှိသော်လည်း ခွန်အားအနည်းငယ်တော့ ရှိလောက်ပေမည်။သူ့လိုသာမန်လူက လှုပ်ရှားလိုက်ပါက သူပဲ ဆော်ပလော်အတီးခံရလိမ့်မည် ဖြစ်ပါသည်။

“ဘာလဲ။ခင်ဗျားက ချချင်လို့လား”

လီချန်ချင်း၏ ဝတ်ရုံလက်ခေါက်တင်မှုကို မြင်လိုက်သောကြောင့် ဦးဆောင်လာသော လူငယ်လေး၏ မျက်လုံးများသည် အေးစက်သော အလင်းများနှင့် ဖြတ်ပြေးသွားခဲ့လေသည်။

“ဟင်”

လီချန်ချင်းသည် အံ့အားသင့်ဟန်ဆောင်လိုက်ပြီး ပြောလိုက်သည်။

“ဘာကို ချရမှာလဲ..ရာသီဥတုက ပူလွန်းလို့ လက်ခေါက်လိုက်တာလေ”

“ဟားဟားဟားဟား” ထိုစကားကြောင့် လူငယ်လေးအား အော်ဟစ်ကာ ရယ်မောသွားစေခဲ့သည်။

လီချန်ချင်းမှာလည်း အနည်းငယ် မချင့်မရဲ ခံစားလိုက်ရသည်။

နှစ်ဘဝအတွေ့အကြုံရှိသော လူကြီးတယောက်အနေနှင့် သူက ကလေးများ၏ လှောင်ပြောင်ရယ်မောခြင်းကို ခံလိုက်ရတာတဲ့လား။

“သွားရအောင် ဒီလူ့ကို လွှတ်ထားလိုက်” လူငယ်လေးများမှာ သူ့အား ဟားတိုက်ကာ ကျော်ဖြတ်သွားခဲ့သည်။

လီချန်ချင်းသည် သက်ပြင်းချရင်း သူ့ကိုယ်သူ ဒေါသမထွက်ရန် ထိန်းနေခဲ့တော့၏။

“ယန်အိမ်တော်ကိုလာတာ ကိစ္စရှိလို့လားခင်ဗျ၊လမ်းပျောက်နေတာလား။တယောက်ယောက်ကို ရှာချင်တယ်ဆိုရင်တော့ ကျွန်တော့်မှာလည်း လုပ်စရာမရှိတဲ့ အတူတူ ကျွန်တော် လိုက်ပို့ပေးပါ့မယ်”

လီချန်ချင်းသည် မျက်လုံးပိတ်ကာ ခဏအနားယူနေစဉ်တွင် ကြည်လင်ပြတ်သားသော အသံတသံသည် သူ့နံဘေးမှ ထွက်လာခဲ့တော့သည်။

လီချန်ချင်းသည် သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ့အရှေ့တွင် မတ်တပ်ရပ်နေသော ယောကျ်ားသိပ်မဆန်သော ကောင်လေးတယောက်ကို တွေ့လိုက်ရတော့သည်။

ထိုယောကျ်ားသိပ်မဆန်သော ကောင်လေးမှာ ခုနတုန်းက လူငယ်လေးများ၏ အဖွဲ့ထဲ၌ ရှိနေခဲ့ဖူးသည်ကို သတိရသွားခဲ့သည်။ထိုကောင်လေးမှာ လူငယ်လေးများ၏ နောက်ဆုံး၌ ရှိနေခဲ့ပြီး တသီးတခြားထဲဖြစ်နေခဲ့သည်။ကျန်သောသူများနှင့် သိပ်ပြီးတော့ အဆင်မပြေသည့်ဟန် ရှိလေသည်။

“ယန်ဟန်ကျိုးက သူများကိစ္စတွေကို ဝင်ရှုပ်ရတာ တော်တော်ဝါသနာပါတာပဲ။မင်းက ကိုယ့်ပြသနာကိုတောင် ကိုယ်မရှင်းနိုင်ပဲ တခြားလူတွေရဲ့ ကိစ္စကို ဝင်ပါရဲသေးတယ်။မင်းလိုကောင်မျိုးက ယန်အိမ်တော်ကနေ အနှင်ထုတ်ခံရတာက တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ”

ခေါင်းဆောင် လူငယ်လေးသည် အနောက်သို့ လှည့်ကြည့်လိုက်ပြီး သရော်လိုက်၏။

“အကိုရှန်း သူ့ကို အဖက်လုပ်စရာမလိုပါဘူးဗျာ။ကျုပ်အထင်တော့ သူက ဒီနေရာမှာ ဆက်နေလို့မရတော့မှန်း သိတာမို့လို့ သူ့အဆင့်ကိုသူနှိမ့်ချနေပြီး တွေ့ကရာလူကို လိုက်ကူညီနေတာလေ”

“တချိန်တုန်းက ပါရမီရှင်က အခုဆိုရင် ယန်အိမ်တော်မှာတောင် မနေနိုင်တော့ဘူး”

ကောင်လေးတယောက်မှာ ယန်ဟန်ကျိုးကို လေချွန်ကာ လှောင်ပြောင်လိုက်သေးသည်။

သူတို့၏ လှောင်ပြောင်မှုများကို ကြားသော် ယန်ဟန်ကျိုးမှာ မျက်မှောင်ကြုံ့လိုက်သည့်တိုင် ဘာတခွန်းမှ မပြောခဲ့ပါချေ။

လီချန်ချင်းသည် ယန်ဟန်ကျိုး၏ စိတ်နေသဘောထားကို အနည်းငယ်တော့ အံ့အားသင့်သွားခဲ့လေသည်။အသက် ၁၂,၁၃နှစ်ခန့်သာ ရှိဦးမည့် လူငယ်လေးမှာ ထိုမျှလောက်အထိ ဖိအားများကို အံကြိတ်ကာ ခံနေရသည် မဟုတ်ပါလား။

“ဦးလေးက ဘယ်သူ့ကို ရှာနေတာလဲ” ယန်ဟန်ကျိုးက ပြုံးရင်းမေးလိုက်ခြင်း ဖြစ်ပါသည်။

“ကျွန်တော် ကူညီနိုင်လောက်မှာပါ”

“ငါက စာဖတ်ဖို့ နေရာကို လိုက်ရှာနေတာပါ” လီချန်ချင်းသည် သူ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်လေသည်။

“စာဖတ်ဖို့နေရာ?” ယန်ဟန်ကျိုးသည် အနည်းငယ် တုန့်ဆိုင်းသွားသည်။

“ယန်အိမ်တော်မှာ စာအုပ်တွေ အများဆုံးထား ထားတာက ဘယ်နေရာမှာလဲ” လီချန်ချင်းက သူ့မေးခွန်းကို အသုံးအနှုန်းပြန်ပြင်လိုက်ခဲ့သည်။

“အဲ့ဒါကတော့ ဝမ်ရှုမျှော်စင်မှာပါ” ယန်ဟန်ကျိုးက အလိုလို ဖြေလိုက်မိသည်။

“အဲ့ဒါဆိုရင် ငါ့ကို ဝမ်ရှုမျှော်စင်ကို ခေါ်သွားပေးလို့ရမလား”

ထိုနေရာတွင် စာအုပ်များစွာတို့ ရှိနေသည်ကို သိလိုက်သောကြောင့် လီချန်ချင်းသည် မျှော်လင့်ချက်များနှင့် ပြည့်ဝလာခဲ့သည်။

“ဦးလေးကို ကျွန်တော်ခေါ်သွားနိုင်ပါတယ်”

(လီချန်ချင်းက အသက် သုံးဆယ်ပဲ ရှိပါသေးတယ်)

ယန်ဟန်ကျိုးက ခါးသက်စွာ ပြုံးလိုက်ရင်း

“ဒါပေမယ့် ဝမ်ရှုမျှော်စင်က ယန်အိမ်တော်မှ အထိခိုက်ခံလို့ မရတဲ့ နေရာပါ။အဲ့ဒီ့နေရာမှာ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ရှိနေရုံသာမကပဲ၊ပန်းချီရတနာမျိုးစုံလည်း ရှိနေပါတယ်။ယန်အိမ်က သခင်လေးတွေတောင်မှ အဲ့ဒီ့နေရာကို ဝင်လို့ မရကြပါဘူး”

“ဦးလေးက အဲ့ဒီ့ထဲကို ဝင်ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်လောက်ဘူးလို့ ထင်ပါတယ်” ယန်ဟန်ကျိုးမှာ လီချန်ချင်းအား အမှန်အတိုင်းသာ ပြောလိုက်လေသည်။

“အဲ့ဒါဆိုရင် ဒီတံဆိပ်ပြားက ငါ့ကို အထဲဝင်ခွင့်ပေးနိုင်ပါ့မလား” လီချန်ချင်းသည် ယန်ပါးထောင်ပေးခဲ့သော အမိန့်ပြားကို ထုတ်ယူလိုက်လေသည်။

ထို အမိန့်ပြားကို မြင်လိုက်သည်နှင့် ယန်ဟန်ကျိုး၏ မျက်နှာ အမူအရာမှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့တော့လေ၏။

“မဟာအကြီးအကဲကို အရိုအသေပြုပါတယ်” ယန်ဟန်ကျိုးသည် နောက်သို့ ခြေတလှမ်းဆုတ်ကာ လွန်မင်းစွာ ရိုကျိုးနေဟန်နှင့် အရိုအသေပြုလိုက်တော့သည်။

“မဟာ အကြီးအကဲ?”

လီချန်ချင်းသည် လက်ထဲမှ တံဆိပ်ပြားကို ပြန်ကြည့်လိုက်လေသည်။ထိုတံဆိပ်ပြားမှာ မဟာအကြီးအကဲ၏ တံဆိပ်ဖြစ်နေမည်ဟု သူလုံးဝကို မမျှော်လင့်ထားခဲ့ပေ။

သို့သော် အဲ့ဒါက အရေးမကြီးပါ။လီချန်ချင်း ဂရုစိုက်သည့်အရာမှာ ထိုတံဆိပ်ပြားမှာ သူ့အား ဝမ်ရှုမျှော်စင်သို့ ဝင်ခွင့် ပေး၊မပေးကိုသာ ဂရုစိုက်ခြင်းသာ ဖြစ်ပေသည်။

“ဒီတော့ ဝမ်ရှုမျှော်စင်ကို ငါဝင်လို့ရတယ်လား” လီချန်ချင်းသည် သူ၏ လက်ကို ဆန့်ထုတ်ကာ ယန်ဟန်ကျိုးအား ဆွဲထူလိုက်ခဲ့သည်။

“ဒါပေါ့ ဒါပေါ့ ရတာပေါ့” ယန်ဟန်ကျိုးက လျင်မြန်စွာ ပြန်ဖြေလိုက်ခဲ့သည်။

“မဟာအကြီးအကဲဆိုတဲ့ ရာထူးက ကျွန်တော်တို့မိသားစုမှာ မိသားစုခေါင်းဆောင်ပြီးရင် ဒုတိယအာဏာအရှိဆုံးပါပဲ။အဲ့ဒါကြောင့်မို့လို့ ဝမ်ရှုမျှော်စင်ကို သဘာဝအတိုင်းပဲ ဝင်ရောက်နိုင်ပါတယ်။ကျွန်တော် လမ်းပြပေးပါရစေ”

ယန်ဟန်ကျိုးမှာ လမ်းပြသည့် လက်ဟန်လုပ်လိုက်လေသည်။

“ကျေးဇူးပါပဲ” လီချန်ချင်းက အပြုံးတခုနှင့် ဆိုလိုက်သည်။

ထိုအချိန်အတောအတွင်းတွင် ယန်ပါးထောင်သည် သူ၏ စာကြည့်ခန်းတွင် စာတစောင်ကို ဖတ်ရှုနေခဲ့သည်။

စာထဲရှိ အကြောင်းအရာများမှာ ယန်ပါးထောင်ကို မျက်မှောင်ကြုံ့သွားစေခဲ့သည်။ကြီးကြီးမားမား တခုခုဖြစ်ပျက်တော့မည့် လက္ခဏာရပ်များ ဖြစ်နေခဲ့သည်။

“ဒါက ဘယ်လိုဟာကြီးလဲဟ” ယန်ပါးထောင်သည် စာကို ဖြေးဖြေးချင်းချလိုက်ကာ စိတ်ထဲ၌ ရေရွတ်လိုက်ခဲ့သည်။

ထိုအခိုက် အပြင်ဖက်မှ ခပ်လောလော တံခါးခေါက်သံပေါ်ထွက်လာခဲ့ပါသည်။

“ မိသားစုခေါင်းဆောင်” လူတစ်ယောက်၏ အသံမှာ ထွက်လာခဲ့လေသည်။

“တတိယအကြီးကဲလား၊အထဲဝင်လာပြီး ပြောစရာရှိတာကို ပြောပါ” ယန်ပါးထောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

တံခါးမှာ ပွင့်ဟသွားပြီးနောက် တတိယ အကြီးအကဲသည် အထဲသို့ ဝင်လာပြီးနောက် စိတ်လှုပ်ရှားစွာနှင့် ဆိုလိုက်သည်။

“မဟာအကြီးအကဲတံဆိပ်ပြားက ပေါ်လာတယ်လို့ တယောက်ယောက်က သတင်းပို့ခဲ့တယ်။အကြီးအကဲလီချန်ချင်းက ကျုပ်တို့ယန်အိမ်ကို လာလည်တာပဲ ဖြစ်ရမယ်”

All Chapters