မင်းကို လက်ဆောင်ပစ္စည်းလေးတခု ပေးလိုက်မယ်
Vol. 3 Ch. 21
သူဘယ်သူလဲ? စာစဉ်က အဆင့်တွေကို ရောနေကြမှာစိုးလို့ ကျင့်ကြံခြင်းအဆင့်လေးတွေ ပြောပြမယ်
စန်းယွမ်တိုက်ကြီးက ကျင့်ကြံသူတွေရဲ့ အဆင့်သတ်မှတ်ချက်
(၁) တက်လှမ်းခြင်းအဆင့် (အဆင့်သေး ဆယ်ဆင့်ရှိ)
(၂) ပြန်လည်မွေးဖွားခြင်းအဆင့်
(၃) မူလအဆင့် (ဒီအဆင့်ရောက်ရင်ကိုပဲ ဆရာကြီး ဖြစ်နေပြီပေါ့)
(၄) မြေကမ္ဘာအင်မော်တယ်အဆင့်
***************************
လီချန်ချင်းရဲ့ နတ်ဘုရားဝိဉာဉ်အဆင့် သတ်မှတ်ချက်
(၁) နတ်စွမ်းအားရရှိခြင်းအဆင့်
(၂) စိတ်ဝိဉာဉ်ပြောင်းလဲခြင်းအဆင့်
(၃) နတ်ဘုရားစွမ်းအားအဆင့်
(၄) ဧကရာဇ်
(၅)အင်မော်တယ်
(၆) လွတ်မြောက်ခြင်း
********************************
“ဆရာကြီး လီချန်ချင်း ရောက်နေတာလား” ယန်ပါးထောင်၏ မျက်ဝန်းများသည် အရောင်တောက်သွားခဲ့လေသည်။သူက ဒီရက်ပိုင်းတွင် လီချန်ချင်းများ ရောက်လာလိမ့်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အစစအရာရာကို တခါတည်း ပြင်ဆင်ထားခဲ့လေသည်။
သူက မဟာအကြီးအကဲအမိန့်ပြားကို လီချန်ချင်းထံ ပေးထားသည့်တိုင် လီချန်ချင်းမှ တခါမှ ရောက်မလာခဲ့သောကြောင့် သူ၏ မျှော်လင့်ချက်များကုန်ဆုံးသွားခဲ့ရတော့လေသည်။
သူက အချိန်တခဏကြာအောင် စောင့်ဆိုင်းပြီးမှသာ ယန်ယွီရှစ်နှင့်အတူတူ တခုခုကို အကြောင်းပြပြီးနောက် လီချန်ချင်းထံသို့ သွားရောက်လည်ပတ်ရန်အတွက် စီစဉ်ထားခဲ့သည်။
ယနေ့လိုမျိုး လီချန်ချင်းကိုယ်တိုင် ရောက်လာမယ်လို့ ဘယ်သူက ထင်မိမှာလဲ
လီချန်ချင်းလို ပုဂ္ဂိုလ်မျိုးမှာ သူတို့လို သေးနုတ်သော ယန်မိသားစုနှင့် အဆက်ဆံမလုပ်ချင်မှာကို စိုးရိမ်နေခဲ့မိသည်လေ။
ယခုအခြေအနေအရတော့ မျှော်လင့်ချက်ရှိသည့်ပုံပင်။
ယန်မိသားစုသာ လီချန်ချင်း၏ ထောက်ပံ့မှုကို ရရှိပါက ဒီချန်ထင်မြို့တွင် ယန်မိသားစုမှာ နံပတ်တစ် ဩဇာအာဏာအကြီးမားဆုံးသော မိသားစုတစု ဖြစ်လာမည်ကို ယန်ပါးထောင်က ယုံကြည်မှု ရှိလေသည်။
ကံကောင်းလျှင် သူတို့မိသားစုသည် မင်ဟုန်ခရိုင်တွင် ခြေကုပ်ရယူနိုင်လိမ့်ဦးမည်။
“ဆရာကြီး လီချန်ချင်းက အခု ဘယ်နေရာမှာလဲ” ယန်ပါးထောင်သည် မိမိကိုယ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ရင်း မေးလိုက်ခြင်း ဖြစ်ပါသည်။
“ကျုပ်ကြားတာကတော့ သူက ဝမ်ရှုမျှော်စင်ကို သွားတာတဲ့” တတိယအကြီးအကဲမှာ ထူးဆန်းစွာ ပြောလိုက်ခြင်းပင်။
“အကြီးအကဲ လီချန်ချင်းက ဝမ်ရှုမျှော်စင်မှာ ဘာလုပ်ချင်နေတာလဲဆိုတာကိုတော့ ကျုပ်စဉ်းစားလို့ မရဘူးဗျာ”
“ဝမ်ရှုမျှော်စင်?ယန်ပါးထောင်၏ လက်ချောင်းများသည် လှုပ်ရှားနေရာမှ ရပ်တန့်သွားခဲ့သည်။ထို့နောက် သူသည် စကားပြန်မပြောခင် အချိန်အကြာကြီး တွေးတောပြီးသည့်နောက်တွင်
“ဝမ်ရှုမျှော်စင်က အခြေအနေတွေကို သေချာလေး စောင့်ကြည့်ထားလိုက်။ထူးခြားမှုတခုခု ဖြစ်တာနဲ့ ကျုပ်ကို ချက်ချင်း အကြောင်းသာကြားလိုက်။ဆရာကြီး လီချန်ချင်းက တခုခုကို လိုအပ်တယ်ဆိုရင်ကောပဲ အကြောင်းကြား”
“ကျုပ်တို့ အထဲကို မသွားသင့်ဘူးလား” တတိယအကြီးအကဲသည် မနေနိုင်ပဲ မေးလိုက်ပြန်သည်။
“ဝမ်ရှုမျှော်စင်မှာ အကြီးအကဲလီချန်ချင်းက စာကို အေးအေးဆေးဆေးဖတ်ချင်တာဖြစ်မယ်။ဒါကို ငါတို့က သွားမနှောင့်ယှက်သင့်ဘူး။သူက သက်တောင့်သက်သာ ဖြစ်ဖို့အတွက် ငါတို့ သေချာကို စီစဉ်ပေးရလိမ့်မယ်။အခု ဒီဟာက ယန်မိသားစုအတွက် အခွင့်အရေးပဲ”
ယန်ပါးထောင်က လေးနက်စွာ ဆိုလိုက်တော့သည်။
“ပြီးတော့ အမိန့်ထုတ်လိုက်။ဝမ်ရှုမျှော်စင်ကို အဝင်အထွက် ပိတ်ချလိုက်တော့။မိသားစုက ဘယ်သူမှ ဝမ်ရှုမျှော်စင်ကို လောလောဆယ် ဝင်ခွင့်မရှိရဘူး” ယန်ပါးထောင်သည် တခဏကြာအောင် တွေးတောပြီး ပြောလိုက်ခြင်းပင်။
တတိယအကြီးအကဲသည် ထိုစကားကိုကြားသော် ခေါင်းတဆတ်ဆတ်ညိတ်လိုက်လေသည်။ထို့နောက်တွင် တုန့်ဆိုင်းစွာနှင့် ပြောလိုက်သည်။
“နောက်ထပ် တခု ပြောစရာရှိပါသေးတယ်”
“ဘာများလဲ” အကြီးအကဲ၏ မျက်နှာထက်မှ အမူအရာကို မြင်ပြီးနောက်တွင် ယန်ပါးထောင်က ထိုင်ချလိုက်ကာ ပြောလိုက်လေ၏။
“ပြောသာပြောလိုက်ပါ”
“ဒီလိုပါ…” တတိယအကြီးအကဲမှာ တီးတိုးပြောပြလိုက်လေသည်။
“လုံးဝကို ဟာသပဲ”
“စည်းကမ်းကို မရှိဘူး” ယန်ပါးထောင်သည် သူ့အရှေ့က စားပွဲခုံကို ရိုက်ချလိုက်လေ၏။စားပွဲပေါ်၌ လက်ဝါးရာထင်သွားကာ စားပွဲမှာ ပြိုလဲလုလုဖြစ်သွားခဲ့လေ၏။
“ယန်ဒေါင်ရှန်းက မရည်ရွယ်ပါဘူး။သူက ကလေးပဲရှိသေးတာဆိုတော့..”
တတိယအကြီးအကဲမှာ ကိုးရိုးကားယားနိုင်စွာ ပြောလိုက်လေ၏။ယန်ဒေါင်ရှန်းမှာ သူ့မျိုးဆက်ဖြစ်နေသောကြောင့် သူ အနည်းငယ်တော့ ကာပြောပေးရလေသည်။
သို့ပေမယ့် ယန်ဒေါင်ရှန်းက လီချန်ချင်းကို စော်ကားလိုက်သည့် ဖြစ်ရပ်မှာမူ တတိယအကြီးအကဲက ဖုံးကွယ်ထားလို့ မဖြစ်ပါချေ။
ထို ဖြစ်ရပ်မှာ ယန်မိသားစု၏ အနာဂတ်နှင့် သက်ဆိုင်နေပေသည်။
“ကလေး ဟုတ်လား” ယန်ပါးထောင်က လှောင်ပြောင်လိုက်သည်။
“သူက ကလေးဖြစ်နေလို့သာ မဟုတ်ရင်၊ဆရာကြီး လီချန်ချင်းက တခါတည်း ရိုက်သတ်ပစ်လိုက်ပြီပေါ့။အဲ့ဒီ့ကောင်ကို ဘယ်ကောင်က သတ္တိပေးလိုက်လို့ ဆရာကြီးကို ဒီလိုသွားဆက်ဆံရဲရတာလဲ
“အခြေအနေက ဒီလို ဖြစ်သွားမှတော့ မိသားစုခေါင်းဆောင် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ” တတိယအကြီးအကဲမှာ မတက်သာစွာ မေးလိုက်တော့သည်။
“သူ့ကို ပေကျိုးကို ပို့လိုက်။အဲ့ဒီ့နေရာမှာ ငါတို့ပိုင်တဲ့ လယ်တွေရှိတယ်။အဲ့ဒီ့မှာ သူက အလုပ်သမားလုပ်ရမယ်” ယန်ပါးထောင်သည် ဟန်အမူအရာကင်းမဲ့စွာနှင့် ပြောလိုက်တော့သည်။
“မမေ့ပါနဲ့ တတိယအကြီးအကဲ၊ခင်ဗျားရဲ့ မျက်နှာကြောင့်ပဲ ကျုပ်က ဒီလောက်လေးပဲ အပြစ်ပေးတာ။မိသားစုတခုလုံးကို အန္တရာယ်ဖြစ်စေတဲ့ လူကို ဘယ်လို အရေးယူသင့်လဲဆိုတာကို ခင်ဗျားပဲ သိတာမဟုတ်လား”
“သူ့ အသက်ကို မထိခိုက်စေလို့ မိသားစုခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်” တတိယအကြီးအကဲမှာ တရိုတသေနှင့် ဦးညွတ်လိုက်သည်။
ထိုအချိန်မှာပင် ယန်ဟန်ကျိုးသည် လီချန်ချင်းနှင့်အတူတူ ဝမ်ရှုမျှော်စင်အဝသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
“ဒါက မသေးဘူးပဲ”
သူ့ အရှေ့ရှိ ၇ထပ်မြင့်သော မျှော်စင်ကြီးကို ကြည့်ကာ လီချန်ချင်းသည် ခမ်းနားကြီးကျယ်သော ခံစားချက်ကို မခံစားရပဲ မနေနိုင်ခဲ့ပေ။
“အကြီးအကဲ အမိန့်ပြားနဲ့ဆိုရင် အထဲကို ဝင်နိုင်ပြီးတော့ ကိုယ့်စိတ်ကြိုက်စာအုပ်တွေကို ဖတ်ရှုနိုင်ပါလိ့မ်မယ်” ယန်ဟန်ကျိုးကလည်း အလွန်ရိုသေစွာပြောလိုက်သည်။
သူ့အရှေ့ရှိ ယဉ်ကျေးသော လူငယ်လေးအား ကြည့်ရင်း လီချန်ချင်းသည် ပိုမို၍ သဘောကျလာခဲ့တော့သည်။
“သူတို့က မင်းကို လှောင်ပြောင်နေတာကို ငါကြားလိုက်ရတယ်။မင်းက တနေရာရာကို သွားရတော့မလို့ဆို ဟုတ်လား” လီချန်ချင်းသည် ထိုအချိန်၌ မေးလိုက်လေ၏။
“ငါက မင်းတို့ရဲ့ မိသားစုခေါင်းဆောင်ကို သိတယ်လေ။သူနဲ့တွေ့ရင် အဲ့ဒီ့အကြောင်းကို မေးပေးရမလား”
ထိုစကားကိုကြားသော် စိတ်လောနေသည့် အရိပ်အယောင်များသည် ယန်ဟန်ကျိုး၏ မျက်ဝန်းများထဲမှ ဖြတ်ပြေးသွားသည့်တိုင် လျင်မြန်စွာနှင့် ပျောက်ကွယ်သွားခဲ့လေသည်။
“ကျေးဇူးတင်ပါတယ် မဟာအကြီးအကဲခင်ဗျား။အဲ့လို လုပ်ပေးဖို့တော့ မလိုအပ်ပါဘူး”
ယန်ဟန်ကျိုးက သူ၏ ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
“မိသားစုထဲမှာတော့ ကျွန်တော်က မျှော်လင့်ချက်မဲ့နေတဲ့ လူတစ်ယောက်ဖြစ်နေခဲ့ပြီးပါပြီ။ဒီမှာ ဆက်နေတာက ကျန်တဲ့လူတွေကို ပိုပြီး စိတ်ညစ်စေဖို့ပဲရှိပါလိမ့်မယ်။တနေရာရာကနေ အသစ်ပြန်စလိုက်တာပဲ ကောင်းပါလိမ့်မယ်”
“အသုံးမဝင်တဲ့လူဆိုတာက ဘာလဲ” လီချန်ချင်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်လေသည်။
“အတွင်းခံတစုံဖြစ်ဖြစ်၊အိမ်သာသုံးစက္ကူဖြစ်ဖြစ် အားလုံးမှာ သူ့တန်ဖိုးနဲ့ သူရှိတယ်။မင်းဆိုရင်တော့ ပြောနေဖို့တောင်မှ မလိုဘူး”
လီချန်ချင်းသည် ယန်ဟန်ကျိုးက အလွန်လေးနက်စွာကြည့်ရင်းဆိုလိုက်သည်။
ယန်ဟန်ကျိုး: ???
“အဟွတ် ငါစကားပြောမှားသွားတယ်” လီချန်ချင်းမှာ သူဥပမာပေးသော စကားမှာ လွဲမှားသွားသည်ကို သတိထားမိလိုက်သည်။သူပြောလိုသည့် အဓိပ္ပာယ်မှာ မှန်ကန်သည့်တိုင် စကားလုံးအသုံးအနှုန်းမှာ အနည်းငယ် ရိုင်းပျနေခဲ့၏။
“ငါပြောချင်တာကကွာ။လူတိုင်းမှာ အရည်အချင်းတခုမဟုတ် တခုရှိကြတယ်ဆိုတာကိုပါ။အရှုံးမပေးနဲ့ ကောင်လေး”
လီချန်ချင်းသည် အားပါးတရ ရယ်မောလိုက်လေသည်။
“လူတိုင်းမှာ အရည်အချင်းတခုမဟုတ် တခုရှိကြတယ်?”
ယန်ဟန်ကျိုးသည် ထိုစကားများကို တွေးတောနေမိတော့သည်။
“အကြီးအကဲ ကျွန်တော်က သူတို့ပြောသလိုမျိုး အသုံးမဝင်တဲ့ လူမျိုး မဟုတ်ပါဘူး”
သူ့အား အသိအမှတ်ပြုသော သူအား ကြုံလာရပြီးနောက်တွင် ယန်ဟန်ကျိုးသည် စိတ်လှုပ်ရှားသော ခံစားချက်ကို ခံစားလာခဲ့ရတော့သည်။ထို့ကြောင့် သူက ပြောလိုက်တော့သည်။
“ကျွန်တော်တို့ရဲ့ ယန်မိသားစုမှာ တက်လှမ်းခြင်းအဆင့် ၅ ကိုရောက်ရင် ကျင့်ကြံနည်းတစုံကို သုံးနှစ်အတွင်းမှာ သဘောပေါက်နားလည်အောင် ကျင့်ကြံရတယ်။
သုံးနှစ်ပြည့်လို့မှ ဉာဏ်အလင်းမရသေးဘူးဆိုရင် မိသားစုကနေ ထွက်သွားရတယ်”
ယန်ဟန်ကျိုးမှာ သူ၏ ဦးခေါင်းကို ငုံ့ထားရင်းပြောလိုက်လေ၏။
“ကျွန်တော်က အရင်တုန်းက ကျင့်ကြံနည်းနှစ်ခုကို ကျင့်ကြံကြည့်ပြီးပြီ။ဒါပေမယ့် အဲ့ဒါက ကျွန်တော်လိုချင်နေတဲ့ ဟာမျိုး မဟုတ်တာကြောင့် နှစ်ကြိမ်စလုံးမှာ ကျွန်တော်က လက်လျှော့ပစ်ခဲ့ပြီးတော့ အမွေအနှစ်ကို လက်မခံခဲ့ပါဘူး”
“ဖြစ်နိုင်တာက နှစ်ကြိမ်တိတိ ကျွန်တော်ငြင်းဆိုခဲ့လို့ပဲ။တတိယအကြိမ် အခွင့်အရေးထပ်မရတော့တာလဲ ဖြစ်နိုင်တယ်လေ။သုံးနှစ်ပြည့်ဖို့ အချိန်ကလည်း နီးလာခဲ့ပြီ။အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ ကံတရားကို ကျွန်တော်လက်ခံနိုင်ဖို့ပဲ တတ်နိုင်တော့တယ်လေ”
“တက်လှမ်းခြင်းအဆင့်ငါး ရောက်ပြီးတော့ မင်းက ကျင့်ကြံနည်းတွေကို ရွေးလို့ရတဲ့ အခွင့်အရေး ရခဲ့တယ်တဲ့လား” လီချန်ချင်းသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ယန်ဟန်ကျိုးမှာ လွန်စွာ ဇီဇာကြောင်လွန်းလှသည်ဟု တွေးမိသွားခဲ့သည်။
အဲ့လောက်ထိ ဂျေးများတာ ဒီကောင်လေးရဲ့ Zodiac Sign က Virgo ဆိုတာ ကျိန်းသေတယ်
“လူကြီးမင်းရဲ့ အချိန်တွေကို ဖြုန်းမိသွားသလို ဖြစ်သွားလို့ တောင်းပန်ပါတယ်။စာသွားဖတ်လိုက်ပါ။ကျွန်တော်လည်း ပြန်လိုက်ပါဦးမယ်”
ထိုစကားများကို ပြောပြီးနောက်တွင် ယန်ဟန်ကျိုးသည် လီချန်ချင်းအား ရိုသေစွာဦးညွတ်လိုက်ပြီးနောက် အနောက်သို့ လှည့်ကာ ပြန်ဖို့ ပြင်လိုက်လေသည်။
“နေဦး” လီချန်ချင်းက ယန်ဟန်ကျိုးအား လှမ်းတားလိုက်လေသည်။
“မဟာအကြီးအကဲက ဘာများညွှန်ကြားဖို့ ရှိသေးလို့လဲ” ယန်ဟန်ကျိုးက စိတ်ဝင်တစား မေးလိုက်သည်။
“မင်းက ဒီနေ့ ငါ့ကို ကူညီခဲ့တာပဲ၊ငါ့မှာ မင်းကို ပေးစရာဆိုလို့ တန်ဖိုးကြီးမားတာ ဘာမှတော့ မရှိဘူး။ဒီဟာလေးက ငါအားတဲ့အချိန်တုန်းက လုပ်ထားတဲ့ သိပ်အဖိုးမတန်တဲ့ ပစ္စည်းလေးပါ။အဲ့ဒါကို မင်းကို ပေးလိုက်မယ်”
လီချန်ချင်းက ပြောနေရင်းနှင့် သူ၏ ဝတ်ရုံလက်မှ လွန်စွာသေးငယ်သော ပန်းပုရုပ်လေးတရုပ်ကို ထုတ်လိုက်ကာ ယန်ဟန်ကျိုးကို ကမ်းပေးလိုက်သည်။
ဒီရက်ပိုင်းတွင် လီချန်ချင်းသည် ပန်းပုရုပ်များကို လေးနက်စွာနှင့် မထုလုပ်ခဲ့ပေ။သူ့၌ အစားအစာနှင့် အဝတ်များကို ဝယ်ယူရန်အတွက် ငွေများလုံလောက်နေခြင်းကြောင့် ပန်းပုထုခြင်းကို အပြင်းအထန်မလုပ်ခဲ့ချေ။သူ့သားက နောက်လအတွက် ငွေလိုမှသာ သူတခုခု စီစဉ်ရန်သာ ဆုံးဖြတ်ထားခဲ့သည်။
သို့သော် လူသားများမှာ လုပ်စရာမရှိလျှင် အလွန်အမင်းကို ပျင်းရိတတ်ကြသည်မဟုတ်ပါလား။ထို့ကြောင့် လီချန်ချင်းကလည်း သူ တကြိမ်တခါမှ မထုလုပ်ဖူးသော ပုံလေးတခုကို ထုလုပ်ခဲ့ပါသည်။
ထိုအရုပ်မှာ ထူးဆန်းပြီး ချစ်ဖို့ကောင်းလှပေသည်။
“ဒါက…”
လီချန်ချင်းက သူ့အား ကမ်းပေးသော ပန်းပုရုပ်လေးကို ကြည့်ရင်း ယန်ဟန်ကျိုးမှာ မှင်သက်နေခဲ့မိသည်။
အရုပ်ပေးပြီးသော် လီချန်ချင်းက အနောက်သို့ လှည့်ကာ စာကြည့်တိုက်ထဲသို့ ဝင်ရောက်သွားခဲ့လေ၏။
သူ့လက်ထဲက ပန်းပုရုပ်ကိုသာ အထိတ်တလန့်နှင့် ကြည့်နေသော ယန်ဟန်ကျိုးကိုသာ တစ်ယောက်ထဲ ထားခဲ့လိုက်လေသည်။
ဒါက ဘာများလဲ
တိရစ္ဆာန်နဲ့တော့ တူသလိုလို
ဒါပေမယ့် ဒီလို တိရစ္ဆာန်မျိုးကျတော့ တွေ့လဲမတွေ့ဖူးဘူး။
ကြွက်လား?
ကြွက်တကောင်နဲ့တော့ တူသလိုလိုပဲ။ဒီကောင်လေးက ခပ်ဝဝကိုယ်နဲ့ အမြီးကလည်း မိုးကြိုးသွားပုံစံနဲ့ ရှိနေသေးတယ်။သူ့ ပါးနှစ်ဖက်မှာလည်း ပါးကွက်ရဲရဲ လေး နှစ်ခုနဲ့ပါလား
ဒါ ဘာကောင်လေးလဲ
သူက သဘာဝအတိုင်းပင် ထိုအရုပ်ကို သိမည် မဟုတ်ပါ။
စန်းယွမ်တိုက်ကြီး တတိုက်လုံးရှိ လူများပင်လျှင် ထိုအကောင်လေးက ဘာဆိုတာကို သိလိမ့်မည် မဟုတ်ပေ။
လီချန်ချင်း၏ ပန်းပုရုပ်မှာ ပီကာချူး(Pikachu) ဖြစ်နေသောကြောင့်ပင်။
(otaku တွေတော့ ပီကာချူးကို သိကြလိမ့်မယ်။ Pokemon ကြည့်ဖူးရင်လည်း သိကြလိမ့်မယ်။ မသိကြရင်တော့ Google မှာ Pikachu လို့သာ ရိုက်ရှာလိုက်ကြ။
Pikachu တောင်မသိရင်တော့ Shame on you နော် XD)