← Chapters

နှင်းငှက်မွှေးကိုယ်ဖော့သိုင်း

Vol. 3 Ch. 29

နှင်းငှက်မွှေးကိုယ်ဖော့သိုင်း

Vol. 3 Ch. 29

“စီနီယာလီချန်ချင်း ဒါဆိုလည်း သွားကြရအောင်” ရှမူဟိုင်က ပြောလိုက်လေသည်။

“မိုင်းတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ ကျုပ် ထင်မြင်ထားတာလေးတွေတော့ ရှိတယ်။ဒါပေမယ့် ကျုပ်အထင် မှန်၊မမှန်ကိုတော့ မသေချာပါဘူး။အချိန်ကျလာရင် စီနီယာလီချန်ချင်းရဲ့ အကူအညီနဲ့ လမ်းညွှန်မှုကို လိုလာပါလိမ့်မယ်”

“ကျုပ်တို့ ဒီထက် အချိန်ပိုဆွဲလို့ မဖြစ်တော့ဘူး။သွားရအောင်” လီချန်ချင်းသည် စိတ်ထဲ၌ ကူကယ်ရာမဲ့နေသည့်တိုင် နှုတ်မှ ထုတ်ပြောလိုက်သည်။

ငါ့ရဲ့ အကူအညီနဲ့ လမ်းညွှန်မှုတဲ့

ငါက ဘာမှ မသိဘူးလေ

မင်းကို ဘယ်လို လမ်းညွှန်ပေးရမှာလဲ

ဒါနဲ့ နေပါဦး

နမ့်ရှန်မိုင်းတွင်းက ဘယ်လောက်တောင်မှ ဝေးတာလဲ

ဘာလို့ ကိုယ်ဖော့သိုင်းနဲ့ ပြေးမှာလဲ။ဝေါယာဉ်လေးဖြစ်ဖြစ်၊ကုန်တင်လှည်းလေးနဲ့ ဖြစ်ဖြစ်သွားတာက ပိုမသက်သာဘူးလား။

လီချန်ချင်းသည် ရှမူဟိုင်၏ ဝတုတ်နေသော ကိုယ်ခန္ဓာကို တချက်ကြည့်ကာ၊ပြေးမယ်ဆိုရင်တောင်မှ ရှမူဟိုင်ကို သူ လိုက်မှီကောင်းပါရဲ့လို့ တွေးတောနေခဲ့မိသည်။

စန်းယွမ်တိုက်ကြီးထဲသို့ ဝိဉာဉ်ကူးပြောင်းပြီးကတည်းကိုက ယခုခန္ဓာကိုယ်သည် သူ၏ ယခင်တုန်းက ခန္ဓာကိုယ်ထက် များစွာကို ငယ်ရွယ်လွန်းလှပေသည်။သူ၏ ရုပ်ပိုင်းဆိုင်ရာသန်စွမ်းမှုသည်လည်း ယခင်ဘဝကထက် များစွာတိုးတက်လာခဲ့ပြီ။

ယခု ခန္ဓာကိုယ်နှင့်သာဆိုပါက ဆယ်စက္ကန့်အတွင်း တစ်ရာမီတာ‌ေလာက်အထိတော့ အသာလေး ပြေးလွှားနိုင်သည်ဟု လီချန်ချင်း ခံစားနေရပါသည်။

ထားပါတော့...နမ့်ရှန်မိုင်းကို အမြန်သွားကြတာပေါ့။ငါ့ ဝင်ငွေတွေကို နှောင့်နှေးအောင်လုပ်နေတာ ဘယ်ကောင်လဲဆိုတာကို သွားကြည့်ကြသေးတာပေါ့

ထိုကိစ္စကို ဖြေရှင်းပြီးပါက ယန်မိသားစုမှာ မိုင်းတွင်းလုပ်ငန်းတခုတည်းကို အားကိုးပြီး မိသားစုစီးပွားရေးအဖြစ် လုပ်ကိုင်ခြင်းကို ပြန်စဉ်းစားသင့်သည်ဟု လီချန်ချင်းက တွေးမိနေသည်။

အခြား စီးပွား‌ရေးလုပ်ငန်းများမှ ဝင်ငွေများတိုးလာပါက သူ၏ ဝင်ငွေမှာလည်း တိုးတက်လာလိမ့်မည်။

ထိုငွေများကို အသုံးချကာ သူ၏ သားဖြစ်သူမှာလည်း ကောင်းစွာ ကျင့်ကြံနိုင်လိမ့်မည်။ထို့နောက်တွင် စွမ်းအားကြီးမားသော ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်လာပေလိမ့်မည်။တနေ့ကျလျှင် ပတ်ဝန်းကျင်ကို ရင်ကော့ပြီး ယုံကြည်မှုရှိစွာ ရင်ဆိုင်လာနိုင်လိမ့်မည် ဖြစ်သည်။

အခြားဂိုဏ်းများမှ သူ့သားကို လစာကောင်းကောင်းပေးပြီး အကြီးအကဲ လုပ်ရန် ခေါ်နိုင်လောက်ပေသည်။ဒါမှမဟုတ် ရှေးဟောင်းတာအိုဂိုဏ်းမှာ ဆက်လက်ပြီး နေထိုင်လို့လည်း ရသည် မဟုတ်လား

တောင်ထိပ်သခင်တပါး ဖြစ်လာလျှင်လည်း ကောင်းလေသည်။သူ့တသက်လုံးအတွက် စားဖို့သောက်ဖို့ကို ပူပင်စရာမလိုတော့ဘူးလေ ဟုတ်တယ်ဟုတ်

ထိုအတွေးဝင်လာသောအခါ လီချန်ချင်းသည် သူ့နံဘေးရှိ စုတ်ပြတ်သတ်နေသော ရှမူဟိုင်ကို ကြည့်ကာ သက်ပြင်းခပ်လေးလေးတချက်ကို မှုတ်ထုတ်လိုက်လေ၏။

တခြားဂိုဏ်းမှာ ပြောင်းပြီး အလုပ်လုပ်တာပဲ သူ့သားအတွက် ပိုအဆင်ပြေလောက်မယ်ထင်ပါတယ်လေ။

“စီနီယာလီချန်ချင်း ကျုပ်တို့ သွားကြတော့မလား” ရှမူဟိုင်က လီချန်ချင်းကို သတိလှမ်းပေးလိုက်လေ၏။

“သွားကြတာပေါ့” လီချန်ချင်းက ခေါင်းညိတ်ပြလိုက်၏။

“နှစ်ယောက်စလုံး ဂရုစိုက်ကြပါ”

ယန်ပါးထောင်က အလျင်အမြန်ပင် သတိပေးလိုက်လေသည်။အထူးသဖြင့် လီချန်ချင်းကို ဖြစ်သည်။လီချန်ချင်းမှာ ယန်မိသားစု၏ မဟာအကြီးအကဲဖြစ်လာပြီးသည့်နောက်တွင် တစုံတခုဖြစ်သွားမည်ကို သူ မလိုလားပါချေ။

“စိတ်မပူပါနဲ့” ရှမူဟိုင်သည် သူ၏ မူလပုံစံဖြစ်သော ပျင်းရိပျင်းတွဲ့ ပုံစံပြန်ဖြစ်သွားကာ ပြောလိုက်သည်

“ကျုပ်နဲ့ စီနီယာလီချန်ချင်း ရှိနေမှတော့ ဘာများ စိတ်ပူနေစရာ လိုနေဦးမှာလဲ”

ယန်ပါးထောင်က ခေါင်းညိတ်ပြလိုက်သည်။

ရှေးဟောင်းတာအိုဂိုဏ်းတွင်ပင် ရှမူဟိုင်၏ စွမ်းအားမှာ ထိပ်ဆုံးသုံးယောက်တွင် ဝင်လေသည်။သူက မူလအဆင့်ကျင့်ကြံသူများကြားတွင် လူသိများသော ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်သည်။

ဆန်းကြယ်ကာ ခန့်မှန်း၍ မရသော လီချန်ချင်းလည်း ရှိနေသေးသည်။

“စီနီယာ လီချန်ချင်း ကျုပ်တို့ သွားကြရအောင်”

ရှမူဟိုင်က ပြောနေရင်းနှင့် မြေပြင်ပေါ်သို့ ဖနောင့်တချက်ပေါက်ချလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ လေးညှို့မှ လွှတ်တင်လိုက်သည့် မြှားတစင်းလိုမျိုး လေထဲသို့ ရောက်ရှိသွားခဲ့လေ၏။

အနည်းငယ်ဝတုတ်နေသော သူ၏ ခန္ဓာကိုယ်မှာ မျက်တောင်တခတ်အတွင်းမှာပင် မီတာရာပေါင်းများစွာ အဝေးသို့ ချက်ချင်း‌ရောက်သွားလေပြီ

လီချန်ချင်းမှာ ချက်ချင်းကို ကြောင်အသွားလေ၏။

ဒီအမြန်နှုန်းက တော်တော်လေးကို မြန်လွန်းနေတယ် မဟုတ်ဘူးလား။

အူစိမ်ဘိုဒ့်တောင် သူ့ကို လိုက်မှီမယ်မထင်ဘူး

(Usain Bolt က မီတာ ၁၀၀၊မီတာ ၂၀၀ အပြေးမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ အပြေးချန်ပီယံတစ်ယောက်ပါ)

အဲ့လောက်မြန်တာကို ငါက ဘယ်လို လိုက်ပြေးရမှာပဲ

သောက်ဂွပဲဟ

သောက်ရှက်တော့ ကွဲပြီ

အသက်ရှုရှိုက်ချိန်အနည်းငယ်အတွင်းမှာပင် ရှမူဟိုင်က လေထုထဲ၌ မီတာပေါင်းရာချီအဝေးသို့ ရောက်နေခဲ့ပြီ။သူ၏ အမြန်နှုန်းမှာ နဂါးနိုင်ဓားထဲမှ လင်းနို့မင်း၏ ကိုယ်ဖော့အမြန်နှုန်းထက်များစွာကို သာလွန်နေပေသည်။

(နဂါးနိုင်ဓားကြည့်ဖူးတဲ့လူတွေဆိုရင် သိကြလိမ့်မယ် လင်းနို့မင်းဝေရိရှောက်က ကိုယ်ဖော့သိုင်းဘုရင်လို့ဆိုရသလောက်ကို ကိုယ်ဖော့သိုင်းက ထိပ်တန်းအဆင့်မှာ ရောက်နေတာပါ)

“မဟာအကြီးအကဲ တခုခုများဖြစ်နေလို့လား” ရှမူဟိုင်က ထွက်သွားလို့ အဝေးကြီးသို့ ရောက်နေသည့်တိုင် လီချန်ချင်းက မလှုပ်မယှက် ဖြစ်နေသောကြောင့် ယန်ပါးထောင်သည် ထူးဆန်းသလို ခံစားနေရသောကြောင့် မေးလိုက်လေ၏။

“ဘာမှ မဖြစ်ပါဘူး”

လီချန်ချင်းက ယန်ပါးထောင်ကို ကြည့်တောင် မကြည့်ပေ။ထို့နောက်မှ အသက်ပြင်းပြင်း ရှိုက်လိုက်လေ၏။

သူ၏ ပုံရိပ်သည် အရှေ့သို့ ခုန်ထွက်သွားကာ ပုံရိပ်ယောင်တခုသည် မူလက သူရပ်တန့်နေသော နေရာ၌ ကျန်ရစ်နေခဲ့သည်။မျက်စိတမှိတ်အတွင်းမှာပင် လီချန်ချင်းက လိုက်မှီသွားခဲ့သည်။

“မဟာအကြီးအကဲရဲ့ ခြေလှမ်းကွက်တွေက မြန်လွန်တယ်”

ပြင်းထန်သော လေတိုက်ခတ်သလိုခံစားချက်ကြောင့် ယန်ပါး‌ထောင်က အေးစက်သောလေများကို မှုတ်ထုတ်လိုက်ခဲ့သည်။

ရှမူဟိုင် ကိုယ်ဖော့သိုင်းကို သုံးကာ ထွက်သွားစဉ်အခါက အလွန်မြန်လှပြီဟု ယန်ပါးထောင်က ခံစားခဲ့ရသည့်တိုင် ယခု လီချန်ချင်း၏ အမြန်နှုန်းမှာ ပိုမို၍ပင် မြန်ဆန်လွန်းလှပေသည်။

တကယ့်ကို ဆရာသခင်တပါးပါလား

ရှမူဟိုင် ထွက်သွားသည့်အခိုက်၊လီချန်ချင်းက သူ၏ စွမ်းအားကြီး နတ်ဘုရားဝိဉာဉ်ကို အသုံးပြုကာ ရှမူဟိုင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။

ထိုသို့ လုပ်ရခြင်းမှာ စာအုပ်များတွင် ပါဝင်သည့် အကြောင်းအရာကို လီချန်ချင်းက မှတ်မိခြင်းကြောင့် ဖြစ်ပါသည်။ပန်းချီဆရာများ၏ နတ်ဘုရားဝိဉာဉ်သည် သိုင်းပညာရပ်များကို အတွေးတချက်နှင့် ကူးယူကာ တတ်မြောက်နိုင်စွမ်းရှိသည်ဟူသော အချက်ကြောင့်ပင်။

(သူ့ထက် OP တာတောင်မှ သူ့လောက် OP မဖြစ်ဘူး -_- )

ပြိုင်ဘက်၏ သိုင်းကျွမ်းကျင်မှုမှာ သင့် နတ်ဘုရားဝိဉာဉ်၏ အာရုံခံနိုင်စွမ်းအတိုင်းအတာအတွင်း၌ ရှိနေပါက သင်က အတွေးတချက်နှင့် သိုင်းပညာကို ကူးယူနိုင်လိမ့်မည်။

ထို့ကြောင့် လီချန်ချင်းသည် စာအုပ်ထဲက အတိုင်း စမ်းသပ်လိုက်ရာ မမျှော်လင့်ပဲ အောင်မြင်သွားခဲ့ခြင်းသာ ဖြစ်သည်။

သူ့ကိုယ်တချက်အရွေ့မှာ လီချန်ချင်း၏ ခြေလှမ်းကွက်များမှာ သွက်လက်နေခဲ့တော့သည်။သူက ပျံသန်းနေသည့် ငန်းတကောင်ကဲ့သို့ လျင်မြန်လှပစွာ လေထုထဲတွင် ဖြတ်ပြေးနေတော့သည်။

“တကယ်ပဲဟ...” လီချန်ချင်းက ခြေ၂လှမ်းသာလှမ်းလိုက်ရသေးသော်လည်း ကိုယ်ဖော့သိုင်းကွက်၏ ခြေလှမ်းချက်များကို အပြည့်အစုံကို ကျွမ်းကျင်နေခဲ့ချေပြီ

စစချင်းတော့ အနည်းငယ်ကြောက်ရွံ့နေသည့်တိုင် ယခုအချိန်တွင်တော့ လီချန်ချင်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များသာ ကျန်နေခဲ့တော့သည်။

ဒီလိုမျိုး ဘဝမျိုးကို သူ ဘယ်အချိန်ကတည်းက စိတ်ကူးယဉ်ခဲ့ရတာလဲ

ယောကျ်ားလေးတိုင်းသည် သိုင်းသမားတစ်ယောက်ဖြစ်ပြီး သိုင်းလောကအနှံ့ခြေဆန့်ချင်သော အိပ်မက်များ ရှိနေခဲ့သည်သာ။

လီချန်ချင်းသည်လည်း ထိုကဲံသို့ပင် ဖြစ်သည်။

လက်ရှိအချိန်တွင် လီချန်ချင်း၏ ကိုယ်ဖော့သိုင်းမှာ သူငယ်ရွယ်စဉ်က စိတ်ကူးယာဉ်ခဲ့သည့်အတိုင်း တထပ်တည်းပင် ဖြစ်သည်။ယနေ့တွင် ငယ်ငယ်တုန်းက သိုင်းသမားများလို ကိုယ်ဖော့ချင်သော ဆန္ဒပြည့်ဝလာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့မိပါချေ။

ထို့ထက်ပြောစရာရှိသည်မှာ လီချန်ချင်း၏ အမြန်နှုန်းမှာ ရှမူဟိုင်ထက် များစွာ မြန်ဆန်နေခြင်းပင်။

ခြေလှမ်းအနည်းငယ်နှင့် ခေါင်မိုးနှင့် အဆောက်အဦးများကို နင်းကန်ပြီးသည့်နောက်တွင် လီချန်ချင်း၏ ကိုယ်မှာ ရှမူဟိုင်ကို ကျော်ဖြတ်သွားခဲ့ချေပြီ။

သူ့အား လေအေးတချက်ဖြတ်တိုက်ကာ တစုံတခုမှ ဖြတ်ကျော်သွားခဲ့သည်ကို ရှမူဟိုင်က ခံစားလိုက်ရလေ၏။

“မြန်လိုက်တာ” ရှမူဟိုင်သည် အတော်လေး အံ့အားသင့်သွားခဲ့လေသည်။သူက လီချန်ချင်း၏ ကိုယ်ဖော့သိုင်းက သူ့ထက် အားကောင်းနေသည်ကို အံ့ဩနေခြင်းမဟုတ်ပါချေ။လီချန်ချင်းက သူ့ထက် စွမ်းအားများစွာကြီးသော ဆရာကြီးတပါးဖြစ်သည်ကို သူသိထားပြီးသားဖြစ်လေ၏။

သူ တကယ်အံ့အားသင့်နေသည်မှာ လီချန်ချင်း အသုံးပြုသော ကိုယ်ဖော့ခြေလှမ်းကွက်များမှာ သူ၏ ကိုယ်ဖော့သိုင်းကို အသုံးပြုနေခြင်းကြောင့် ဖြစ်ပေသည်။

ထိုသိုင်းကွက်၏ အမည်မှာ နှင်းငှက်မွှေးကိုယ်ဖော့သိုင်း ဟု ခေါ်ဆိုပြီး ရှေးဟောင်းတာအိုဂိုဏ်း၏ မဟာသိုင်းကျင့်စဉ်များထဲမှ တခုပင် ဖြစ်သည်။

ထို သိုင်းကွက်မှာ ရှေးဟောင်းတာအိုဂိုဏ်း၏ ဘိုးဘေးတယောက်သည် နှင်းပန်းချီကားကို ကြည့်ရှုပြီး ဉာဏ်အလင်းပွင့်ကာ ရရှိလာသော အစွမ်းထက် ကိုယ်ဖော့သိုင်းပင် ဖြစ်ပါသည်။

“စီနီယာ လီချန်ချင်း ဖြေးဖြေး၊ကျုပ်ကို စောင့်ပါဦး”

လီချန်ချင်း၏ ပုံရိပ်မှာ တဖြေးဖြေးဝေးကွာလာသည်ကို မြင်လိုက်သောကြောင့် ရှမူဟိုင်သည် အသည်းအသန်ကို အော်ဟစ်လိုက်တော့သည်။

“အာ”

လွန်စွာ ပျော်မြူးနေသည့် လီချန်ချင်းမှာ ထိုအချိန်မှသာ ရှမူဟိုင်ကို နောက်ကောက်ချ ချန်ထားမိကြောင်းကို သတိရလိုက်မိတော့လေသည်။

“ဒီအရှိန်လောက်လေးနဲ့ သူ့ကိုယ်သူများ ကျွမ်းကျင်သူ ဆရာသခင်လို့ ခေါ်နေသေးတယ်”

လီချန်ချင်းသည် ဆွံ့အနေခဲ့လေပြီ

ငါက အခုလေးတင် သင်လိုက်ပြီးတော့ ခင်ဗျားထက်တောင် ကျွမ်းနေပြီ မဟုတ်ဘူးလား

လီချန်ချင်းသည် သားဖြစ်သူ လီဟမ်ရှန်းအား ရှမူဟိုင်မှ ကောင်းမွန်စွာ သင်ပေးနိုင်ပါ့မလားဆိုတာကို သံသယများ ဝင်လာခဲ့လေပြီ။

ဒီလူရဲ့ ကျင့်ကြံခြင်းကလည်း တော့်တော့်ကို မကောင်းဘူး

သူက ငါ့လိုမျိုး အခုမှ စကျင့်ကြံတဲ့ လူကိုတောင်မမှီဘူး။

ထိုအခိုက်တွင် လီချန်ချင်း၏ ပုံရိပ်မှာ ချန်ထင်မြို့၏ ယန်ဖေးမျှော်စင်ထက်၌ မတ်တပ်ရပ်နေခဲ့ခြင်း ဖြစ်ပါသည်။သူ၏ ခြေချောင်းလေးများကို ဖွဖွနင်းလိုက်လျှင် သူ့တကိုယ်လုံးမှာ ငှက်မွှေးလေးလိုမျိုး ပေါ့ပါးသွားခဲ့ပါသည်။သို့သော် ပြင်းထန်လှသော လေများက ဘယ်လောက်ပဲ တိုက်ခတ်ပါစေ၊ထို လေပြင်းများက သူ၏ ဝတ်ရုံရှည်ကိုသာ လှုပ်ခတ်အောင်ပဲ စွမ်းနိုင်ကြပေသည်။သူ၏ ကိုယ်မှာမူ လုံးဝကို မလှုပ်ရှားပေ။

လီချန်ချင်းသည် လက်ကိုနောက်ပစ်ကာ ရပ်နေပြီး သူ၏ အကြည့်မှာလည်း အရှေ့ရှိ မြင်ကွင်းများကို လွှမ်းခြုံကာ ကြည့်လိုက်တော့သည်။သူ့ တကိုယ်လုံးကို ဖော်ပြရန်ခက်ခဲသည့် သူရဲကောင်းဆန်သော ခံစားချက်များက အပြည့်ကို ဖုံးလွှမ်းသွားခဲ့တော့လေသည်။

သိုင်းထိပ်သီးတယောက်ရဲ့ မြင်ကွင်းက ဒီလိုပါလား

ဒါက သိုင်းထိပ်သီးတယောက်ရဲ့ နေ့စဉ်ဘဝ ရှုမျှော်ခင်းလား

လူအများကြီးက ကျင့်ကြံချင်နေကြတာ မဆန်းတော့ပါဘူး။သန်မာချင်ကြတာ မဆန်းပါဘူး။စွမ်းအားကြီးပြီးနောက်ပိုင်းမှာ မြင်ရတဲ့ မြင်ကွင်းတွေက အစ ကွာခြားနေခဲ့တာပဲ။

ထိုအချိန်မှသာ ရှမူဟိုင်က အနောက်က လိုက်၍ မှီလာတော့လေသည်။

“စီနီယာချန်ချင်း ဖြေးဖြေးသွားပါ။ကျုပ် မနည်းလိုက်နေရတယ်”

ရှမူဟိုင်၏ မျက်နှာထက်တွင် ခါးသက်သက် အပြုံးတခုနှင့် ဖြစ်နေသည်။

ထိုအချိန်မှသာ ရှမူဟိုင်က သူနှင့် လီချန်ချင်း အကြားရှိ ကွာခြားမှုများကို ကောင်းကောင်း နားလည်ကာ ခံစားမိလာတော့လေသည်။သူ့ အမြင်တွင် လီချန်ချင်း၏ အမြန်နှုန်းမှာ စန်းယွမ်တိုက်ကြီးရှိ ထိပ်သီးကျင့်ကြံသူများအကြား ထိပ်ဆုံးဟုပင် သတ်မှတ်၍ ရလေသည်။

မိသားစုကို ထောက်ပံ့ရန် ငွေရှာဖွေလိုသော သာမန်လူတစ်ယောက်အဖြစ်မှ လူတိုင်း၏ ထိပ်ဆုံးဖြစ်လိုသော ဆန္ဒတရပ်သည် လီချန်ချင်း၏ နှလုံးသားမှ ပေါက်ဖွားလာခဲ့တော့လေသည်။

လီချန်ချင်းသည် တောတွင်းဥပဒေသကို နားလည်ခဲ့သည်မှာ ကြာမြ့င့်နေပြီ။ဒါပေမယ့် ယခုအကြိမ်ကသာ စွမ်းအားကြီးသူများ၏ နေရာမှ ပထမဦးဆုံးအကြိမ်အဖြစ် ခံစားမိခြင်းပင် ဖြစ်သည်။

လီချန်ချင်း၏ အရှိန်အဝါ ပြောင်းလဲလာမှုကို ရှမူဟိုင်ပင် ခံစားမိခဲ့လေသည်။

ထိုကဲ့သို့ ပြောင်းလဲမှုမှာ ရှမူဟိုင်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့လေသည်။အနည်းငယ်ရင်းနှီးသည့်တိုင် လွန်စွာ ထူးဆန်းနေပြန်သည်။

ထိုအခိုက်တွင် ရှမူဟိုင်တစ်ယောက်မှာ စိတ်ထဲ၌ တစိမ့်စိမ့် ချင့်ချိန်လိုက်သည်။သူ၏ မူလရည်ရွယ်ချက်မှာ လီချန်ချင်း အသုံးပြုမည့် ကိုယ်ဖော့သိုင်းကို လေ့လာပြီး လီချန်ချင်း၏ နောက်ကြောင်းကို ခန့်မှန်းစုံစမ်းရန် ဖြစ်၏။

သို့ပေမယ့် သူလုံးဝ မမျှော်လင့်မိသည်က လီချန်ချင်းမှာ သူ၏ ကိုယ်ပိုင် ကိုယ်ဖော့သိုင်းကွက်ကို အသုံးပြုရမည့်အစား ရှေးဟောင်းတာအိုဂိုဏ်း၏ နှင်းငှက်မွှေးကိုယ်ဖော့သိုင်းကို အသုံးပြုသွားမည်ဆိုသည်ကိုပင် ဖြစ်သည်။

စီနီယာလီချန်ချင်းမှာ လူတွေကို မသိစေချင်တဲ့ ဆန်းကြယ်တဲ့ အတိတ်ဇာတ်ကြောင်းတခု ရှိကို ရှိရမယ် ဟုတ်တယ်မလား?

All Chapters