စုန့်နတ်သမီး
Vol. 4 Ch. 31
ထိုမိန်းမပျိုလေးသည် နွေးထွေးသော နွေဦးလေပြေလေးကဲ့သို့ပင်၊သူမ၏ တည်ရှိမှုက လူအများကို နမ့်ရှန်တောင်တန်းဒေသရှိ ကြောက်လန့်စိုးရိမ်စရာများကို ခေတ္တခဏ မေ့သွားစေခဲ့သည်။
လီချန်ချင်းမှာ သူမကို ကြည့်နေရင်းနှင့် သက်ပြင်းများအကြိမ်ကြိမ် ချမိနေတော့သည်။သူ ဖတ်ခဲ့ဖူးသော ဝတ္ထုများ၌ စာရေးဆရာများမှ ဖန်တရာတေအောင် ရေးထားသော “နတ်သမီးလို မိန်းကလေး၊ကျောက်စိမ်းလို မိန်းမပျို” ဟူသော စကားလုံးများကို ခဏခဏ မြင်တွေ့ဖူးသောကြောင့် ရိုးအီနေခဲ့ပြီ ဖြစ်သော်လည်း ယခု ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့တော့မှသာ ထို ပုံဖော်ခိုင်းနှိုင်းထားသော စကားလုံးများမှာ မှားရက်စရာမရှိသည်ကို သိလိုက်ရတော့သည်။နတ်သမီးလို မိန်းမပျိုလို့ ခိုင်းနှိုင်းခြင်းသည် လွန်ရက်စရာ မရှိပါချေ။
သူမ၏ ပုံပန်းသွင်ပြင်မှာ တင့်တယ်လွန်းလှသည်။သူမ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် နေရာတကျ ရှိနေသည်မှာ အနုပညာတရပ်ကို ဖန်တီးထားသည့်အလားပင်။
ဒါပေမယ့် လီချန်ချင်းက သူမကို တခဏသာ ငေးကြည့်ကာ၊သူမနှင့် ပတ်သက်သော အတွေးများကို ခေါင်းထဲမှ အလျင်အမြန်ထုတ်လိုက်ရပါတော့သည်။
ပထမအချက်မှာ လီချန်ချင်းက သူ့လိုလူက သူမလိုမျိုး နတ်သမီးမျိုးနှင့်် မထိုက်တန်ဟု ခံစားမိခြင်းကြောင့်ပင်။
ဒုတိယအချက်မှာ လီချန်ချင်းသည် ယခင်ဘဝတုန်းက ဇနီးဖြစ်သူ သေဆုံးသွားစဉ်အချိန်တုန်းက ခံစားခဲ့ရသော ကူကယ်ရာမဲ့မှုမျိုးကို ထပ်မံ၍ မခံစားလိုတော့သောကြောင့်ပင်။ထိုခံစားချက်မှာ သူ့မှတ်ဉာဏ်နှင့် နှလုံးသားထဲတွင် လေးနက်စွာ ရိုက်နှိပ်ထားမိလေတော့သည်။
လက်ရှိ သူ၏ ရည်မှန်းချက်မှာ သားဖြစ်သူကို ကောင်းမွန်စွာ စောင့်ရှောက်ရန်သာ ဖြစ်သည်။ထို အရာများမှ လွဲ၍ အခြားအရာများကို သူဘာမှ မတွေးထားပေ။သာမန်သေမျိုးကမ္ဘာမှာတောင် သူ့အနေနဲ့ မတတ်နိုင်ခဲ့သော အရာများစွာ ရှိခဲ့သည် မဟုတ်ပါလား။ယခုလိုမျိုး အင်မော်တယ်ကမ္ဘာမှာ သူက ဘယ်လောက် အဆင်ပြေအောင် လုပ်နိုင်မှာမို့လို့လဲ။
ချစ်ရသူအမျိုးသမီးကို ထပ်မံ ဆုံးရှုံးရသည့် ခံစားချက်မျိုးကို လီချန်ချင်းက မခံစားလိုတော့ပေ။
“ချမ်းလျန် အရိပ်သိုင်း” ရှမူဟိုင်သည် ထိုမိန်းမပျို၏ သိုင်းကွက်လှုပ်ရှားမှုကို ကြည့်ပြီးနောက် လက်ကို ချက်ချင်းဆုပ်ကာ ပြောလိုက်လေသည်။
“အသက်ငယ်ငယ်လေးနဲ့ ချမ်းလျန်အရိပ်သိုင်းကို ဒီအဆင့်အထိရောက်အောင် ကျင့်ကြံနိုင်တယ်ဆိုတော့ မိန်းကလေးက ဆေးဘုရင်တောင်ကြားရဲ့ စုန့်နတ်မိမယ်လို လူသိများတဲ့ မူချင်းကော ဖြစ်ရမယ်”
“တာအိုရောင်းရင်းရှက ကျွန်မကို သိတယ်ဆိုတော့ ကျွန်မ တကယ်ပဲ ဂုဏ်ယူမိပါတယ်”
မူချင်းကောက ဖျော့တော့စွာ ပြုံးရင်းဆိုလိုက်လေသည်။
“ခုနတုန်းက တာအိုရောင်းရင်းကို မလေးမစား ပြောလိုက်တာက ကျွန်မရဲ့ တပည့်လေးပါ။ တာအိုရောင်းရင်းက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
မူချင်းကောသည် သူမ၏ နံဘေးရှိ လူငယ်လေးအား ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေ၏။
“သူက ကျွန်မတို့ရဲ့ ဆေးဘုရင်တောင်ကြားက တပည့်တယောက်ပါပဲ ဒါပေမယ့် သူက ဓားသိုင်းကို အရမ်းရူးသွပ်နေပြီး ဘယ်သွားသွား ဓားတချောင်းကို အမြဲကိုင်ထားတော့တာပါပဲ။အဲ့ဒါက တော်တော်လေးကို စိတ်ရှုပ်ဖို့ကောင်းလွန်းတယ်”
“လူငယ်မျိုးဆက် ယင်ချန်းလီက အရိုအသေပေးပါတယ်”
လူငယ်က အလျင်အမြန်ပင် အရိုအသေပေးလိုက်တော့သည်။
ယင်ချန်းလီနှင့် ရှမူဟိုင်တို့ စကားပြောပြီးသောအခါ သူတို့သည် ရှမူဟိုင်၏ နံဘေး၌ မတ်တပ်ရပ်နေသော လီချန်ချင်းအား ကြည့်လိုက်ကြတော့သည်။သူတို့က လီချန်ချင်းအား မသိကြသော်လည်း ရှမူဟိုင်နှင့် အတူတူရောက်လာကြသည် ဖြစ်သောကြောင့် သူကလည်း ရှေးဟောင်းတာအိုဂိုဏ်း၏ စွမ်းအားကြီးသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ရပေမည်။
ယင်ချန်းလီက ဂါရဝပြုသောကြောင့် လီချန်ချင်းက ခေါင်းညိတ်ပြလိုက်သည်။ကြည့်ရသလောက်ကတော့ တာအိုရောင်းရင်းရှကလဲ နမ့်ရှန်တောင်ရဲ့ မူမမှန်တာကို ခံစားမိလို့ ရောက်လာတာပဲ”
မူချင်းကောက ရှမူဟိုင်ကို ပြောလိုက်ရင်း နံဘေးတွင် ရပ်နေသော လီချန်ချင်းအား လှမ်းအကဲခတ်လိုက်သည်။သူမသည် လီချန်ချင်းထံမှ အစစ်အမှန်အရှိန်အဝါ အရိပ်အယောင် လှုပ်ရှားမှုများကို မခံစားခဲ့ရပေ။
သူက သာမန်လူဖြစ်လိမ့်မယ်။ရှမူဟိုင်ရဲ့ အစေခံလဲ ဖြစ်နိုင်တယ်။အဲ့ဒါကြောင့်မို့လို့ သူ့ကို တရေးတယူ နှုတ်ဆက်ဖို့ မလိုအပ်ဘူး။
“ဟုတ်ပါတယ်” ရှမူဟိုင်က ခေါင်းညိတ်ပြလိုက်သည်။သူက သိလိုစွာနှင့် မေးလိုက်သည်။
“နမ့်ရှန်းတောင်ကို ရှေးဟောင်းတာအိုဂိုဏ်းက လူတွေ ရောက်လာတာကတော့ သဘာဝကျပါတယ်။ဒါပေမယ့် ဆေးဘုရင်တောင်ကြားက လူတွေက ဘာလို့ ရောက်လာရတာလဲဆိုတာကို သိပါရစေ”
“ကျုပ်ဆရာက ဆေးပင်လာရှာတာ” မူချင်းကော စကားမစနိုင်ခင်မှာပင် ယင်ချန်းလီက ဝင်ဖြေလိုက်သည်။
“စကားများတယ်” မူချင်းကောက သူမ၏ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။
“မင်းတို့ ဆေးဘုရင်တောင်ကြားက စန်းယွမ်တိုက်တတိုက်လုံးမှာတောင်မှ ထူးခြားတဲ့ ဆေးပညာရှင်ဂိုဏ်းပဲ။မင်းတို့ဂိုဏ်းမှ လူသေကိုတောင် အသက်ပြန်ရှင်စေနိုင်တဲ့ နတ်ဆေးဝါးတောင် ရှိတယ်ဆိုပြီး ကောလဟာလတောင် ထွက်ပေါ်နေတာလေ။အဲ့ဒါကိုတောင်မှ ဆေးဘုရင်တောင်ကြားက ဆေးပင် အရှာထွက်နေရသေးတာလား”
ရှမူဟိုင်က အနည်းငယ် အံ့အားသင့်နေခဲ့သည်။
“တာအိုရောင်းရင်းရှက မေးမှတော့ ကျွန်မ မဖုံးကွယ်ထားတော့ပါဘူး” မူချင်းကောက ပြန်မေးလိုက်သည်။
“အသက်သုံးသက်ပန်းဆိုတာကို ကြားဖူးပါသလား”
“သုံးသက်ပန်းလား” ရှမူဟိုင်၏ နှလုံးသားမှာ လှုပ်ရှားသွားခဲ့သည်။
“အဲ့ဒါက ဒဏ္ဍာရီပဲ မဟုတ်ဘူးလား”
“ဒဏ္ဍာရီပဲ မဟုတ်ပါဘူး။အဲ့ဒီ့ပန်းကို အပြင်မှာ တကယ်ပဲ မြင်ဖူးတဲ့ လူတွေရှိပါတယ်။အဲ့ဒီ့လူကတော့ ပန်းချီသူတော်စင်ဖြစ်တဲ့ ကူဟန်ရှီပါပဲ”
“ပန်းချီသူတော်စင်?” နံဘေးတွင် ကွာစေ့များ ထိုင်စားနေသော လီချန်ချင်းသည် ထိုအမည်ကြောင့် စိတ်ဝင်စားသွားတော့သည်။
ဤလောကရှိ ထိပ်သီးပန်းချီဆရာများကို ပန်းချီသူတော်စင်များဟု ခေါ်ဆိုကြပေသည်။
ပန်းချီသူတော်စင်ဆိုသည့် ဂုဏ်ပုဒ်ကို စာအုပ်များထဲ၌ ရေးသားထားပေသည်။စွမ်းအားအကြီးဆုံး ပန်းချီဆရာများကိုသာ ပန်းချီသူတော်စင်ဟု ခေါ်ဆိုရန် အရည်အချင်းပြည့်မှီပေသည်။
ယခု သူတို့ပြောတာကို နားထောင်ရသလောက်တော့ ကူဟန်ရှီသည် နံပတ်တစ် ပန်းချီဆရာတစ်ယောက်ပဲ ဖြစ်ဟန်တူ၏။
“သိပ်မကြာသေးခင်ကပဲ ကျွန်မတို့ရဲ့ ဆေးဘုရင်တောင်ကြားက ပန်းချီသူတော်စင်တပါးဆီကနေ ပန်းချီကားတချပ်ကို လက်ခံရရှိခဲ့တယ်။အဲ့ဒီ့ပန်းချီကားထဲက ပုံက သုံးသက်ပန်းပဲ။ကံဆိုးသွားတာက ပန်းချီကားမှာ စိတ်ဝိဉာဉ်စွမ်းအားတွေ လုံးလုံးကုန်ဆုံးသွားခဲ့တာပဲ။ဒါပေမယ့် ပန်းချီကားရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်က ပန်းချီကားကို ရေးဆွဲတဲ့ ပန်းချီသူတော်စင်က သုံးသက်ပန်းကို မျက်မြင်ကိုယ်တွေ့ မြင်ထားဖူးတဲ့ သဘောပဲ”
“ကောလဟာလတွေမှာ ပြောထားတာကတော့ အဲ့ဒီ့ပန်းချီသူတော်စင်ကို နောက်ဆုံးတွေ့ခဲ့တာက ဒီနမ့်ရှန်တောင်တန်းတွေမှာတဲ့။အဲ့ဒါကြောင့် ကျွန်မက ကျွန်မရဲ့တပည့်နဲ့အတူတူ ဒီကိုလာပြီး ကံလာစမ်းတာပါ”
မူချင်းကောက တည်ငြိမ်စွာနှင့် ရှင်းပြသည်။သူမ၏ ပုံစံမှာ သုံးသက်ပန်းကို ရှာတွေ့မည်ကို မမျှော်လင့်ထားသည့်အလားပင်။
“ဒီကို ရောက်လာပြီးတော့ နမ့်ရှန်တောင်မှာ ဖြစ်နေတဲ့ ထူးဆန်းတဲ့ အဖြစ်တွေကို ကြုံတွေ့ခဲ့ရတာပါ။အဲ့ဒါကြောင့် ဒီနေရာမှာ ရက်နည်းနည်းလောက် စောင့်ကြည့်ပြီးတော့ ဘာတွေဖြစ်နေတာလဲဆိုတာကို လေ့လာနေတာပါ။ပြီးတော့ သက်တမ်းလျော့ကျသွားတဲ့ ရွာသားတွေကို သူတို့ရဲ့ ဒဏ်ရာတွေ၊နေမကောင်းဖြစ်လာတာတွေကို ကုသပေးနေခဲ့တာပါ”
“သုံးသက်ပန်းက တကယ့်ကို ဒဏ္ဍာရီလာ ပစ္စည်းတခုပါ။ပြီးတော့ ဟိုးလွန်ခဲ့တဲ့ နှစ်တစ်ရာက ကျော်ကြားခဲ့တဲ့ ပန်းချီသူတော်စင် ကူဟန်ရှီကလည်း ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ပါပဲ။အဲ့ဒါကြောင့် သုံးသက်ပန်းကို ရှာတွေ့ဖို့ဆိုတာကတော့ သိပ်တော့ မဖြစ်နိုင်တဲ့အရာပဲ” ရှမူဟိုင်က ပြောလိုက်သည်။
“အခုဖြစ်နေတဲ့ ထူးဆန်းတဲ့ ပြသနာနဲ့ ပတ်သက်ပြီးတော့ စုန့်နတ်မိမယ်ကကော သက်သေရှာတွေ့လားဗျ”
“သက်တမ်းတွေ အခိုးယူခံလိုက်ရတဲ့ အဖြစ်မျိုးဖြစ်တာက ရှားလွန်းပါတယ်” မူချင်းကောက တခဏကြာအောင် တွေးတောပြီးနောက် ဆိုလိုက်သည်။
“ကျွန်မတို့ရဲ့ ဆေးဘုရင်တောင်ကြားမှာ ဒီလိုအဖြစ်မျိုးနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားတာတော့ရှိပါတယ်။များသောအားဖြင့် ဒီလိုအဖြစ်အပျက်တွေက တစ္ဆေမျိုးနွယ်တွေကြောင့်ဖြစ်ရတာပါပဲ”
“ဥပမာပြောရမယ်ဆိုရင် အရင်တုန်းက စွမ်းအားကြီး တစ္ဆေကျင့်ကြံသူတစ်ယောက်ရှိခဲ့တယ်။သူ့ရဲ့ ကျင့်ကြံပုံက တခြားလူတွေရဲ့ ကျင့်ကြံခြင်းစွမ်းအားနဲ့ အတွင်းအားတွေကို စုပ်ယူပြီး ကိုယ့်ရဲ့ ကျင့်ကြံမှုကို တိုးတက်အောင် ကျင့်ကြံတာမျိုး ဒါပေမယ့် အခု ရွာသားတွေ ခံစားနေရတဲ့ လက္ခဏာက အဲ့လိုမဟုတ်ဘူး။ရွာသားတွေက သာမန်လူတွေ ဖြစ်တာမို့လို့ သူတို့မှာ ကျင့်ကြံစွမ်းအားမရှိဘူး အဲ့ဒါကြောင့်မို့လို့ သူတို့ရဲ့ အသက်စွမ်းအားတွေက ဆုံးရှုံးသွားခဲ့ရတာပဲ”
မူချင်းကော၏ ရှင်းပြမှုကို လီချန်ချင်းက စိတ်ဝင်တစားနှင့် တိတ်တဆိတ် နားထောင်နေခဲ့လေသည်။
အစစ်အမှန်စွမ်းအားကို စုပ်ယူတာဆိုတာက အတွင်းအားကို စုပ်ယူတာပေါ့
အဲ့ဒါက တိမ်လွှာနဂါးသူရဲကောင်းထဲက သွမ့်ယိကျင့်တဲ့ အတွင်းအားစုပ်သိုင်း၊မြောက်ပင်လယ်နတ်သိုင်းနဲ့ အတူတူပဲ မဟုတ်ဘူးလား
(မူရင်းစာရေးသူက ကျင်းယုံဖန် ဖြစ်ဖို့များပါတယ်။ကျင်းယုံရဲ့ ဝတ္ထုတွေကို ဇာတ်ကားပြန်ရိုက်ထားတဲ့အထဲက သိုင်းကွက်တွေ တော်တော်များများနဲ့ ဇာတ်ကောင်တွေရဲ့ ပုံစံတွေကို ပြန်ထည့်ထားတာတွေကို တွေ့ရပါတယ်။
တိမ်လွှာနဂါးသူရဲကောင်းဆိုတာက နဂါးနိုင်လက်ဝါး ၁၈ကွက်သိုင်း နာမည်စကြီးတဲ့ ချောင်ဖုန်းရဲ့ ရုပ်ရှင်ကားပါ။အဲ့ဒီ့ဇာတ်ကားမှာ သိုင်းမသင်ချင်လို့ အိမ်ကနေ ထွက်ပြေးလာတဲ့ သွမ့်ယိတယောက် ရုပ်ထုတခုကို ဂါရဝ အကြိမ်တထောင်ပြုပြီး အတွင်းအားစုပ်သိုင်းကို ရသွားခဲ့တာပါ။ဂူဂူးဖန်တွေ သိမယ့် ဇာတ်ကားပေါ့ :3။ စကားမစပ် အဲ့ဒီ့ရုပ်ရှင်ထဲက ဗီလိန်က မုမျိုးရိုးပါ။သူတို့ မျိုးရိုးရဲ့ အဓိက သိုင်းပညာက ရန်သူရဲ့ သိုင်းပညာတွေကို ကူးယူပြီး ရန်သူရဲ့ သိုင်းပညာကို ပြန်အသုံးပြုပြီး သတ်တာပါ။ပြောရမယ်ဆိုရင် ကိုယ့်အတတ်ကိုယ်စူးတာပေါ့။ကိုယ့်သိုင်းနဲ့ ကိုယ်ပြန်သေရတာပေါ့၊အခု လီချန်ချင်းလည်း ရန်သူ့ရဲ့သိုင်းကွက်ကို တချက်ကြည့်တာနဲ့ အသုံးပြုနိုင်တယ်ဆိုတော့ မူရင်းစာရေးသူက အဲ့ဒါကို ပြန်ယူထားပုံပါပဲ)
လီချန်ချင်းသည် အတိတ်ဘဝက တီဗီဇာတ်လမ်းများထဲမှ သိုင်းပညာကျင့်ကြံခြင်းနှင့် တိုက်ခိုက်သည့်ဇာတ်ဝင်ခန်းများကို ပြန်လည်တွေးတောလိုက်ပါက အဲ့ဒီ့သိုင်းပညာများကို အသုံးပြုနိုင်မလားဆိုတာကို သူသိချင်သွားလေတော့သည်။
ထို့ကြောင့် လီချန်ချင်းသည် အရင်ဘဝတုန်းက သူကြည့်ရှုခဲ့ဖူးသော တီဗီဒရာမာဇာတ်လမ်းတွဲဖြစ်သော တိမ်လွှာနဂါးသူရဲကောင်းဇာတ်ကားမှ သွမ့်ယိတယောက် ပေမင်နတ်သိုင်းကို ကျင့်ကြံနေသည့် ဇာတ်ဝင်ခန်းကို ပြန်မြင်ယောင်လိုက်တော့သည်။
တိမ်လွှာနဂါးသူရဲကောင်းမှာ ဗားရှင်းအမျိုးမျိုးရှိလေသည်။ထိုဗားရှင်းတိုင်းကို မှတ်မိအောင် တွေးကာ ကျင့်ကြံရန် ကြိုးစားလိုက်လေသည်။
သို့ပေမယ့် လီချန်ချင်း၏ နတ်ဝိဉာဉ်မှာ လုံးဝကို လှုပ်ရှားမှုမရှိပါချေ။
အလုပ်မဖြစ်ဘူးနဲ့ တူပါတယ်
လီချန်ချင်းသည် သူ စိတ်ကူးအယဉ်လွန်နေပြီဆိုတာကို သဘောပေါက်လာခဲ့သည်။
တီဗီဇာတ်လမ်းများမှာ အထူးပြုလုပ်ချက်များနှင့် ရိုက်ကူးထားသည်များသာ ဖြစ်သည်လေ။တကယ့်တကယ် အစစ်အမှန်သိုင်းကွက်များကဲ့သို့ အပြင်လောကမှာ အသုံးဘယ်ပြုနိုင်ပါ့မလဲ
ထို့ကြောင့်လီချန်ချင်းသည် မူရင်းစာရေးသူရေးသားသော ဝတ္ထုများမှ သိုင်းကျင့်စဉ်စာသားများကို မှတ်မိနိုင်သလောက် ပြန်တွေးလိုက်သည်။သူက အားလုံးကိုတော့ ရှင်းရှင်းလင်းလင်း မမှတ်မိပါချေ။ထို့အပြင် ဝတ္ထုမှာ ဂန္ဓဝင်တရုတ်စာသားနှင့် ရေးသားထားခြင်း ဖြစ်သောကြောင့် သူ့အတွက် အနည်းငယ်ခန့် ပြန်စဉ်းစားလို့ ရသည်ကပင် အတော်လေးကောင်းနေခဲ့ချေပြီ။
အချိန်အနည်းငယ်ကြာသည်အထိ ဘာမှ ထူးခြားမှု မဖြစ်လာသေးပေ။
ရှမူဟိုင်နှင့် မူချင်းကောတို့မှာ တခဏကြာအောင် စကားဆက်ပြောနေကြသည်။သို့သော် နံဘေးတွင် ရှိနေသော ယင်ချန်းလီမှာ စကားအရမ်းပြောချင်လှသဖြင့် လျှာတပြင်ပြင်နှင့် ဖြစ်နေခဲ့သည်။
“တောင်ထိပ်သခင်ရှ” ယင်ချန်းလီသည် စကားပြောရန်အတွက် အခွင့်အရေးတခုကို တွေ့သွားသဖြင့် အလျင်အမြန်ဝင်ရောက်ပြောဆိုလိုက်သည်။
“ကျ..ကျွန်တော် ရှေးဟောင်းတာအိုဂိုဏ်းကို လာလည်ပတ်လို့ ဖြစ်နိုင်မလားဗျ”
ရှမူဟိုင်သည် ယင်ချန်းလီအား အံ့အားသင့်နေသည့် အမူအရာနှင့် ကြည့်လိုက်လေသည်။ထိုလူငယ်လေး၏ မျက်လုံးများမှာ စိတ်အားတက်ကြွမှုကြောင့် တလက်လက်ကို တောက်ပနေခဲ့တော့သည်။
“ဒါပေါ့၊ဆေးဘုရင်တောင်ကြားက တပည့်တွေကို အမြဲ ငါတို့ဂိုဏ်းက ကြိုဆိုပါတယ်” ရှမူဟိုင်က ခေါင်းညိတ်ပြကာ ဆိုလိုက်လေသည်။
“နင်ကတော့လေ”
မူချင်းကော၏ မျက်ဝန်းများမှာ ကူကယ်ရာမဲ့သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် ပြောလိုက်သည်။
“နင် ဓားသိုင်းတွေကို လျှောက်ကျင့်တာများပြီး စိတ်ဖောက်သွားပြီလား”
“ဆရာ ကျွန်တော်ကြားဖူးတာကလေ ရှေးဟောင်းတာအိုဂိုဏ်းက ချင်းရွှယ်အာဏာဓါးအရှင်ရဲ့ ဓားသိုင်းပညာက လောကမှာ ပြိုင်ဘက်ကင်းတဲ့။ကျွန်တော် သူ့ရဲ့ ဓားသိုင်းပညာကို တကယ်မြင်ချင်တယ်ဗျာ”
“ကျွန်တော်…ကျွန်တော် သူ့ကို စိန်ခေါ်ပြီး တိုက်ခိုက်ချင်တယ်ဗျာ” ယင်ချန်းလီသည် စိတ်လှုပ်ရှားစွာနှင့် ဆိုလိုက်သည်။
“အဟွတ်”
ရှမူဟိုင်သည် သွေးတလုပ်ပင် အန်ချင်သွားတော့သည်။
ရွှယ်ချမ်းပိုင်ကို စိန်ခေါ်မယ်တဲ့လား??