သက်ရှည်သစ်သား
Vol. 4 Ch. 37
" မျှော်လင့်ရတာပါပဲ"
မူချင်းကော က ယင်ချန်းလီ အား စိုးရိမ်မှုများအပြည့်ဖြင့် ကြည့်လိုက်သည်။
သူ့၌ ကောင်းမွန်သည့် အလားအလာများရှိသော်လည်း သူက လမ်းကြောင်းမှန်ကို အာရုံမစိုက်နိုင်ခဲ့ချေ။
တစ်နေ့တာလုံး သူက ဓားရေးလေ့ကျင့်ခြင်းကို စွဲလမ်းနေကာ ဓားအင်မော်တယ်တစ်ယောက်ဖြစ်လာရန် အိပ်မက်မက်နေရင်းဖြင့် သူ၏ အကောင်းဆုံး အရည်အချင်းများကို ဖြုန်းတီးနေခဲ့ပေသည်။
လူတိုင်းက အတွင်းသို့ နက်နက်ရှိုင်းရှိုင်းဝင်လာခဲ့ကြပြီး မူချင်းကော နှင့် အခြားသူများပင် ပေါများလှသည့် ဆေးပင်ရနံ့များကို စတင် အနံ့ရလာကြသည်။
" မိုးပြာမြက်ရဲ့ ရနံ့ ပဲ "
" ပြီးတော့ စိတ်ဝိဉာဉ်မွှေးရနံ့ "
" ဒီလို အားပြင်းတဲ့ အနံ့က သွေးကျောက်စိမ်းကြာပန်း ဖြစ်နိုင်မလား "
ရနံ့မျိုးစုံအား ရှူရှိုက်ရင်း အားလုံးက တန်ဖိုးကြီးသည့် ရတနာများ ဖြစ်သောကြောင့် မူချင်းကော သည်လည်း စိတ်လှုပ်ရှားလာခဲ့သည်။ဆေးဘုရင်တောင်ကြား၌ပင် များများစားစားမရှိကြဘဲ ယခုရှိနေသည်များက သက်တမ်းကြာနေပြီဖြစ်သည့် ရတနာများဖြစ်ပေသည်။
နောက်ထပ် မြင်ကွင်းထဲသို့ ရောက်ရှိလာသည်ကတော့ ရေများက နို့နှစ်ရောင် ဖျော့ဖျော့ သန်းနေသည့် ကြီးမားသည့် ရေကန်တစ်ခုဖြစ်သည်။
ရေကန်ထဲ၌ များပြားသည့် သွေးကြာပန်း များ ပွင့်လန်းနေကြ၏။
အလွန်ကို နှစ်သက်ကြည်နူးဖွယ်ကောင်းလှပေသည်။
တစ်ချိန်တည်းမှာပင် မလှမ်းမကမ်း၌ အစိမ်းရောင် အလင်းများဖြင့် ပြည့်နှက်နေသည့် ဆေးစိုက်ခင်း တစ်ခု ရှိနေခဲ့သည်။သို့သော်လည်း ထိုကဲ့သို့ ကြီးမားသည့် ဆေးစိုက်ခင်းထဲ၌ ဆေးပင်အချို့သာလျှင် ရှင်သန်နေပေ၏။
စိုက်ခင်း၏ ကျန်သည့် အပိုင်းများမှာ အချိန်အတော်ကြာကတည်းက သေဆုံးနေပြီဖြစ်သည့် ညှိုးခြောက်နေသည့် ဆေးပင်များနှင့် ပြည့်နေခဲ့၏။
" နှမျောစရာကောင်းလိုက်တာ " မူချင်းကောက လျောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချကာ မြေဆီလွှာ လက်တစ်ဆုပ်ကို ကောက်ယူလိုက်ပြီး ရှူကြည့်လိုက်သည် " အားလုံးက ထိပ်တန်းအရည်အသွေး စိတ်ဝိဉာဉ်မြေဆီလွှာ ပဲ "
" အဖိုးတန်တဲ့အပင်တွေ ကြီးထွားဖို့အတွက် အရမ်းသင့်တော်တယ်။ ဒါပေမယ့် ဒါကအချိန်အတော်ကြာခဲ့ပြီး ရှင်သန်နေတဲ့ အပင်တွေက တခြားအပင်တွေရဲ့ အာဟာရတွေအားလုံးကို စုပ်ယူခဲ့လို့ ညှိုးခြောက်ပြီး သေသွားရတာ "
" အခုတော့ ဒါတွေပဲ ကျန်တော့တယ် " မူချင်းကောက ညင်သာစွာ သက်ပြင်းချလိုက်သည်။
" တစ်ချို့ကျန်နေေသးတာ ကောင်းတာပေါ့ " ရှမူဟိုင်က အပြုံးတစ်ခုဖြင့် " ဒီမှာ ကျောက်စိမ်းသွေးကြာပန်းတွေ အများကြီး ရှင်နေသေးတယ်။ အဲ့တာတွေကလည်း ပစ္စည်းကောင်းတွေပဲ "
မူချင်းကော က လက်လှမ်းလိုက်ပြီး ဆေးပင်အချို့ကို ခူးလိုက်ချင်သော်လည်း တစ်ခုခုကိုသတိရသွားသကဲ့သို့ သူမ၏ လက်က လေထဲ၌ ရပ်တန့်သွားပြီး ပြန်ရုတ်သိမ်းလိုက်သည်။
" မိတ်ဆွေ လီချန်ချင်း ကျွန်မတို့အားလုံး ဒီကို ရောက်လာရတာ ရှင့်ကြောင့်ပဲ။ ဒါကြောင့် ဒီနေရာမှာရှိတဲ့ ရတနာတွေကိုလည်း ရှင်ပိုင်ပါတယ်။ ကျွန်မ အတင့်ရဲလွန်းသွားတယ် " မူချင်းကော က လီချန်ချင်း အား လျင်မြန်စွာပြောလိုက်သည်။
" ဘာမှမဖြစ်ပါဘူး " လီချန်ချင်းက ထိုရတနာများကို ကြည့်လိုက်ပြီး ၎င်းတို့က အလွန် တန်ဖိုးကြီးမှန်း သိလေသည်။
သို့သော်လည်း ထိုအရာအားလုံးကို တစ်ဦးတည်း မောင်ပိုင်စီးခြင်းမလုပ်နိုင်ပေ။
" နတ်မိမယ် စုန့် ၊ တကယ်လို့ မင်း ဒီက တစ်ခုခုကို ခူးချင်တယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် ခူးလိုက်လို့ရပါတယ်။ မင်း ကို ပေးလိုက်တာက ဘာများမှားစရာရှိလို့လဲ " လီချန်ချင်း က ပြောလိုက်သည် " ဒါပေမယ့် ကျုပ်ရဲ့ သားက သူ့ရဲ့ကျင့်ကြံခြင်းကိုစတင်နေပြီး သူက စိတ်ဝိဉာဉ်ဆေးတွေ ချို့တဲ့ နေတယ်။ ဆေးဘုရင်တောင်ကြားက သူ့ရဲ့ ကျင့်ကြံခြင်းအတွက် ဆေးလုံးအချို့ကို ထောက်ပံ့ပေးဖို့ပဲ ကျုပ်မျှော်လင့်ပါတယ်။ အဲ့လိုဆိုရင် ဘယ်လိုသဘောရသလဲ "
" ရတာပေါ့ ! " မူချင်းကော ကလျင်မြန်စွာ ဖြေလိုက်သည် " သေချာပေါက်ရတယ် "
မူချင်းကော ၏ စိတ်ထဲ၌ အလွန်ပျော်ရွှင်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမက များပြားသည့် ရတနာများအား ရရှိရုံသာမက ပို၍ အရေးကြီးသည်က ထိုသို့ လုပ်ပေးပြီးသည်နှင့် ဆေးဘုရင်တောင်ကြားက လီချန်ချင်းလို အဆင့်မြင့်သည့် ကျွမ်းကျင်သူတစ်ယောက်နှင့်လည်း မိတ်ဆွေ ဖွဲ့နိုင်ပေသည်။
ဆေးသခင်တောင်ကြားအတွက်ရော ၊ သူမကိုယ်တိုင်အတွက်ပါ ကောင်းမွန်သည့် အပေးအယူဖြစ်ပေသည်။
မူချင်းကောက အလွန်အမင်းပျော်ရွှင်နေသည်ကို ကြည့်ပြီး လီချန်ချင်း က တစ်ခဏမျှ မင်သက်သွားခဲ့သည်။ မူချင်းကော၏ အပြုံးက အမှန်တကယ် ဆွဲဆောင်မှုရှိသည်ဟု ပြောနိုင်ပေသည်။
သာမန်လူတစ်ယောက်အနေဖြင့် လီချန်ချင်းသည် ထိုအပြုံးအား မခုခံနိုင်ခဲ့ပေ။
" အဟမ်း အဟမ်း " လီချန်ချင်းသည် ဆေးပညာအားနားမလည်သောကြောင့် ထိုနေရာရှိ စိတ်ဝိဉာဉ်ဆေးများအား စိတ်မဝင်စားချေ။ သို့သော်လည်း မလှမ်းမကမ်းသို့ တစ်ချက်ကြည့်လိုက်သည့်အချိန်တွင် တစ်ခုခုက သူ၏ အာရုံအား ဖမ်းစားသွားခဲ့သည်။
ထိုဟာက သစ်သားအဝိုင်းပြား အပိုင်းအစတစ်ခုဖြစ်သည်။
သစ်သားအဝိုင်းပြား၏ တစ်ဝက်က မြေကြီးထဲ၌ နစ်မြုပ်နေခဲ့၏။
၎င်းက ပါးလွှာပြီး ပန်းကန်လုံးတစ်လုံးအရွယ်အစားရှိသော်လည်း သစ်သား၏ အကြောက အလွန် ကြည့်ကောင်းလေသည်။
အစိမ်းရောင်အလင်းများလည တစ်လက်လက်တောက်ပနေခဲ့သည်။ လီချန်ချင်း၏ မျက်လုံးထဲ၌ သစ်သားအဝိုင်းပြားက အသက်သွေးကြောများဖြင့် ပြည့်နှက်နေပေသည်။
" အဲ့ဒါက ဘာလဲ " လီချန်ချင်း က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် လီချန်ချင်း သည် သူ၏ ဘေးပတ်ပတ်လည်မှ ရှုခင်းက ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
ကမ္ဘာကြီးက ဝေဝါးသွားခဲ့သည်။
ရှမူဟိုင် ၊ ယင်ချန်းလီ ၊ မူချင်းကော နှင့် ဖေးတို့ပင် ပျောက်ကွယ်သွားကြသည်။
သူက သူ၏ ကိုယ်ပိုင် နတ်ဘုရားစိတ်ဝိဉာဉ်အတွင်းသို့ ဝင်လိုက်သလို လှိုဏ်ဂူထဲမှ အရာအားလုံးက ပျောက်ကွယ်သွားကြသည်။
ဤသည်က လီချန်ချင်းက အနည်းငယ် ထိတ်လန့်စေခဲ့သည်။
ဘာဖြစ်တာလဲ ။
" ဝုန်း ! "
ကျယ်လောင်သည့် အသံတစ်ခုက လီချန်ချင်း အား လန့်ဖျပ်သွားစေခဲ့သည်။ သူက မော့ကြည့်လိုက်ပြီး သူ့ခေါင်းပေါ်ရှိ ကောင်းကင်ယံ၌ ပေါ်ပေါက်နေသည့် ကြီးမားသည့် မြစ်ကြီးတစ်စင်း ကို မြင်လိုက်ရသည် !
မြစ်က အလွန်ကျယ်ပြောကာ ကောင်းကင်ဘုံအားဖြတ်၍ တံတားခင်းထားခဲ့သည်။
ရှည်လျားသည့် မြစ်ကြီးပေါ်၌ ပုံရိပ်များ ထင်ဟပ်နေခဲ့သည်။
ထိုပုံရိပ်များထဲမှ တစ်ချို့အား သူ ယခင်က တွေ့ဖူးခဲ့ပြီး တစ်ချို့ကတော့ မတွေ့ဖူးပေ။ မြစ်ရေစက်တစ်ခုစီက မရေမတွက်နိုင်သည့် အပိုင်းအစများဖြင့် ပြည့်နှက်နေပေသည်။
ရုပ်ရှင်ကြည့်နေရသကဲ့သို့ပင်။
လီချန်ချင်း က အဲ့သြနေပေ၏။
" ဒါက ဒါက အချိန်မြစ်လား " လီချန်ချင်း သည် ဤကမ္ဘာ၌ ထိုကဲ့သို့ အရာမျိုး ရှိသည်ဟု မသိသော်လည်း သူအရင်က ဖတ်ခဲ့ဖူးသည့် ဝတ္ထုများနှင့် နှိုင်းယှဉ်ကြည့်ပါက ဝတ္ထုများထဲ၌ အချိန်မြစ် ကို ထိုကဲ့သို့ အလားတူ ဖော်ပြထားပေသည်။
သူတို့တစ်ခုချင်းစီက အချိန်စီးဆင်းနေမှုနှင့် တူပေသည်။
ဒါပေမယ့်လည်း သူက ဘာလို့ ဒီနေရာမှာ အချိန်မြစ်ကို တွေ့နေရတာလဲ။
လီချန်ချင်း နားမလည်နိုင်ပေ။
ထို့နောက်တွင် လီချန်ချင်း ရုတ်တရက် တစ်ခုခုကို သတိပြုမိလိုက်သည်။
သူက အချိန်မြစ်ထဲမှာ ရပ်နေသည့် ပုံရိပ် ကိုမြင်ရပေသည်။
ပုံရိပ်က အရပ်ပုပြီး သူ၏ မျက်နှာကို အချိန်စွမ်းအားဖြင့် ဖုံးကွယ်ထားကာ သူ၏ မျက်နှာ အသွင်အပြင်မှာ လုံးဝကို မရှင်းလင်းနေခဲ့ပေ။
သူက ဆာလောင်နေသည့် ဝံပုလွေကဲ့သို့ သွေးနီရောင်မျက်လုံးတစ်စုံသာရှိပြီး လီချန်ချင်း အား ငုံ့ကာ စိုက်ကြည့်နေပေသည်။ သူ့အပေါ်ရှိ ထိုလူ၏ အကြည့်အား ခံစားရခြင်းက လီချန်ချင်း ၏ နှလုံးကို အခုန်မြန်စေပြီး သက်တောင့်သက်သာမဖြစ်သည့် ခံစားမှုကို ဖြစ်ပေါ်နေစေခဲ့သည်။
ထိုလူက သူ့အားသတ်ရန် အချိန်မြစ်မှ ဆင်းသက်လာတော့လိမ့်မည်ဟု တွေးနေချိန်တွင် ထိုလူ ကရုတ်တရက် လှည့်ထွက်သွားခဲ့သည်။
အရိပ်အယောင်ပင်မရှိ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှာပင် အချိန်မြစ်က တဖြည်းဖြည်းချင်း အပိုင်းအစများအဖြစ်သို့ တစ်စစီဖြစ်သွားပြီး ကျလာခဲ့သည်။
အစိုင်အခဲအပိုင်းအစများက လေထုထဲမှာပင် ဆီးနှင်းပွင့် များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အေးမြသည့် လေက တိုက်ခတ်နေသည့် အတွက်ကြောင့် ဆီးနှင်းပွင့်များက လေထဲ၌ ကခုန်နေကြသည်။
လီချန်ချင်း က နှင်းများအကြား၌ ရပ်နေခဲ့ပြီး သူ့ကိုယ်ကို ပတ်ကာ ဝိုင်းပတ် ကခုန်နေသည့် ဆီးနှင့်ပွင့်များကို
အချိန်အတော်ကြာအောင် အကြည့်မလွှဲနိုင်ခဲ့ပေ။သူ့ဆံပင်များမှာ လေအဝှေ့အတိုင်း ယိမ်းနွဲ့နေခဲ့၏။
ထို့နောက်တွင် တိတ်ဆိတ်သော တီးတိုးသံတခု...
“ရှင် ဘယ်သူလဲ...”
" အကို ချန်ချင်း " ထိုအခိုက်အတန့်၌ ရှမူဟိုင်၏ အသံက လီချန်ချင်း၏ ဘေးမှ ထွက်လာခဲ့သည်။ ထိုမှသာလျှင် လီချန်ချင်းက အသိဝင်လာကာ ခုနက သူမြင်ခဲ့သည့် နှင်းကျနေသည့် မြင်ကွင်းက ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။
လီချန်ချင်း က ထိုနေရာ၌ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။
" အကို ချန်ချင်း ဘာတွေကြည့်နေတာလဲ " ရှမူဟိုင် က မှိုင်မှိုင်တွေတွေရပ်နေသည့် လီချန်ချင်းအား စူးစမ်းကာ မေးလိုက်သည်။
" အဲ့ဒီ သစ်သား အပိုင်းအစ ကို ကြည့်နေတာ " လီချန်ချင်းက ရေရွတ်လိုက်သည်။
" သစ်သား လား " မူချင်းကော ကလည်း သူ့အကြည့်အတိုင်း မြေကြီးထဲမြုပ်နေသည့် သစ်သားအပိုင်းအစကို ကြည့်လာခဲ့သည်။
သို့သော်လည်း ထိုသစ်သားအပိုင်းအစ၌ ဘာမှ စိတ်ဝင်စားစရာမရှိပေ။
လီချန်ချင်းက ထို သစ်တုံးဆီသို့ လျောက်သွားလိုက်ပြီး ၎င်း၏ သစ်ကြောကို ဂရုတစိုက် စစ်ဆေးနေခဲ့သည်။ ၎င်းအား အတိအကျ မသတ်မှတ်နိုင်ပေမယ့် အလွန်ကောင်းသည့် သစ်တုံးတစ်တုံးဆိုသည်ကို သူ သိပေသည်။
" ထွက်လာခဲ့ "
လီချန်ချင်း က ညင်သာစွာ အမိန့်ပေးလိုက်ပြီး
သိုင်းကွက်ထုတ်လိုက်၏။
“နဂါးနိုင်လက်ဝါးသိုင်း ၁၃ကွက်မြောက် - လှိုဏ်ဂူထဲက နဂါးကိုရှောင်”
ကောင်းကင်ကို ဖြတ်သန်းနေသည့် နဂါးစိတ်ဝိဉာဉ်တစ်ခုကဲ့သို့ နဂါး ၏ အရှိန်အဝါက အရပ်မျက်နှာအနှံ့သို့ ရောက်ရှိသွားပြီး ရှမူဟိုင် ပင် ထိတ်လန့်သွားပြီး နောက်သို့ အလျင်အမြန်ဆုတ်လိုက်ရသည်။
နဂါးပုံရိပ်ကြီးသည် လီချန်ချင်း၏ ကိုယ်ထဲမှ ထွက်လာပြီး ကောင်းကင်၌ တပတ်ပတ်ကာ တချက်ဟိန်းလိုက်၏။ထို့နောက် လီချန်ချင်း၏ ကိုယ်ပေါ်သို့ ဒိုင်ဗင်ပစ်ချပြီး လီချန်ချင်းနှင့် ပေါင်းစပ်သွားခဲ့တော့လေသည်။
လူပုံစံ နဂါး တစ်ကောင် ဖြစ်သွားသည့် လီချန်ချင်း က နဂါးလက်သည်း ကို ထုတ်လိုက်ပြီး ရွံ့ထဲမှ သစ်တုံးကို အတင်းအကြပ်ဆွဲထုတ်ခဲ့သည်။
မြေကြီးထဲက ဆွဲထုတ်လိုက်သည်နှင့် အသက်စွမ်းအားတစ်ခုက လေထဲသို့ စတင် ပျံ့နှံ့လာခဲ့ပေသည်။
ထို အရှိန်အဝါက လူတိုင်းအား မယုံကြည်နိုင်လောက်အောင် သက်တောင့်သက်သာဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ ဆဲလ်များ နိုးထလာသကဲ့သို့ ခံစားရစေခဲ့သည်။
" သက်ရှည်သစ်သား ! " မူချင်းကော က သစ်တုံးကိုကြည့်ပြီး ရေရွတ်လိုက်သည်။
ဒီနေရာ၌ ထိုကဲ့သို့ ရတနာမျိုးကို ရှာတွေ့လိမ့်မည်ဟု သူမ ထင်မထားသည်မှာ သိသာလှပေသည်။
" ဒါက သက်ရှည်သစ်သားလား " မူချင်းကော က အံ့အားသင့်သွားပြီးနောက် " သက်ရှည်သစ်သားဆိုတာက ရှေးဟောင်း သက်ရှည်သစ်ပင်ရဲ့ အပိုင်းအစတစ်ခုလို့ ဒဏ္ဍာရီရှိပြီး ဒဏ္ဍာရီတွေထဲမှာပဲ တည်ရှိတဲ့အရာပဲ။ ဒါကို ဒီနေရာမှာ တွေ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး "
လီချန်ချင်း သည် သက်ရှည်သစ်သားက အကောင်းဆုံး သစ် ဖြစ်ရမည်ဟု တွေးနေခဲ့သည်။
" ထူးဆန်းတယ် ။ ရွှေလင်းလန်သားရဲက ဘယ်မှာလဲ " ထိုအချိန်တွင် ယင်ချန်းလီ က စပ်စပ်စုစုဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေခဲ့သည်။
ရွှေလင်းလန်သားရဲကို ဘယ်နေရာမှ ရှာလို့မတွေ့ခဲ့ပေ။
" အခုက အဲ့ဒါကို စိတ်ပူနေရမယ့်အချိန်မဟုတ်ဘူး "ထိုအချိန်၌ မူချင်းကော က လျောက်လာခဲ့ပြီး သက်ရှည်သစ်သား ကို ဝမ်းနည်းနေသည့်အကြည့်ဖြင့် စိုက်ကြည့်နေပြီး " နှမြောစရာပဲ၊သက်ရှည်သစ်ရွက်လေး တရွက်လောက်သာ ရှိလိုက်ရင်တော့လား "