← Chapters

ပန်းချီအင်မော်တယ်၏ အကြွင်းအကျန်များ

Vol. 4 Ch. 39

ပန်းချီအင်မော်တယ်၏ အကြွင်းအကျန်များ

Vol. 4 Ch. 39

" ဟမ် "

လီချန်ချန်းက ထိုကဲ့သို့ပြောလာလိမ့်မည်ဟု ယင်ချန်းလီ က မမျှော်လင့်ထားခဲ့ပေ။

ရှမူဟိုင် လည်း အတော်လေး အံ့ဩသွားခဲ့သည်။ လီချန်ချင်း က သူ့ကလေးကို အလိုလိုက်ခြင်းမှာ လွန်လွန်းလှပေသည်။

အနာဂါတ်မှာ သူ့သား ကို အကူအညီပေးဖို့ လူငယ်လေးတစ်ယောက်ဆီမှာ ရတနာတစ်ခုကို ရင်းနီးမြှုပ်‌နှံနေတာလား။

သို့သော်လည်း လီချန်ချင်း က ယင်ချန်းလီကိုသာ ရင်းနှီးမြုပ်နှံနေခြင်းမဟုတ်သည်ကို ရှမူဟိုင် သည်လည်း နားလည်လိုက်သည်။

သူက ယင်ချန်းလီ ၏ နောက်ခံ ကို ရင်းနှီးမြုပ်နှံနေခြင်း ဖြစ်ပေသည်။

ဆေးဘုရင်တောင်ကြား။

စန်းယွမ် နယ်မြေ ထဲမှ အများကလက်ခံထားသည့် ပထမဆုံး ဆေးပညာဂိုဏ်း။

ဆေးဘုရင်တောင်ကြား၏ နောက်ကွယ်က အင်အားက ကြီးမားလှပေသည်။

ယင်ချန်းလီ က ရွယ်မူ ခန္ဓာကိုယ် ရှိပြီး မူချင်းကော၏ ကိုယ်ပိုင်တပည့်တစ်ယောက်လည်းဖြစ်ပေသည်။ ဆေးဘုရင်တောင်ကြားရှိ သူ၏ အနာဂါတ် ရာထူးက သေချာပေါက် မြင့်မားပေသည်။ ထို့အပြင် မူချင်းကော က ဆေးဘုရင်တောင်ကြား ခေါင်းဆောင်၏ သမီးဖြစ်ပေသည်။ ဤဆက်ဆံရေး၏ ရည်ရွယ်ချက်မှာ ထုတ်ပြောစရာမလိုလောက်အောင်ကို သက်သေပြပြီး ဖြစ်လေသည်။

သို့သော်လည်း .... လီချန်ချင်း ၏ ခွန်အား နှင့် အံ့အားသင့်ဖွယ်ကောင်းသည့် စွမ်းရည်များက သာမန်ထက် ထူးခြားသည်ဟု ရှမူဟိုင် က ခံစားနေရဆဲဖြစ်ပေသည်။

အကယ်၍ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး လှုပ်ရှားမှု လုပ်လိုက်မယ်ဆိုရင် မရေမတွက်နိုင်အောင် သန်မာလှသည့် လူများက သူ့နောက်သို့ လိုက်ချင်နေကြပေလိမ့်မည်။

ထိုအချိန်၌ သူ့သားက ကောင်းကင်ဘုံ၏ အလေးထားခံရသော ကလေးတစ်ယောက် ဖြစ်နေပေလိမ့်မည်။ သူမလုပ်နိုင်တာ ဘာရှိဦးတော့မှာလဲ။

အဲ့လောက်စွမ်းအားကြီးတာတောင် လီချန်ချင်း က ဘာလို့ သိုသိုသိပ်သိပ် နေနေရတာလဲ။

ရှမူဟိုင် သည် သူ မသိသည့် အခြား‌အကြောင်းပြချက်များရှိသည့်အတွက် ခန့်မှန်းရန်သာ တတ်နိုင်ပေသည်။

" စီနီယာ ချန်ချင်း စိတ်ချလက်ချနေပါ။အနာဂတ်မှာ စီနီယာကြီးရဲ့ သားဖြစ်သူမှာ ဘာအခက်အခဲပဲရှိရှိ ကျွန်တော်၊ယင်ချန်းလီက မီးနဲ့ရေကို ဖြတ်ကျော်ပြီးတော့ လာခဲ့ပါ့မယ်"

ယင်ချန်းလီ က အလေးအနက်ပြောကြားလိုက်သည်။

" ကောင်းတယ် " လီချန်ချင်း က ခေါင်းညိမ့်လိုက်သည်။

ထိုအခိုက်အတန့်၌ ရွှယ်ယွမ်ဓားက လေထဲ၌ လွင့်မျောနေဆဲဖြစ်သည်။ ယင်ချန်းလီ က လွင့်မျောနေသည့် သစ်သားဓားကို စိုက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း လက်လှမ်းလိုက်သည်။

သူက ဓားရိုး ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။

ဓားကို ဆုပ်ကိုင်လိုက်သည့် ခဏ၌ ယင်ချန်းလီ သည် သူ့ခန္ဓာကိုယ်အနှံကို လျှပ်စီးကြောင်းတစ်ခုက တစ်လိပ်လိပ်တက်လာတာကို ခံစားခဲ့ရသည်။ သူက စကြဝဠာကြီး၏ ကျယ်ပြောမှုကို ခံစားလိုက်ရပေသည်။

သူ့ရှေ့၌ ထာဝရရှင်သန်ခြင်း သစ်ပင်ကို မြင်လိုက်ရသကဲ့သို့ ထင်ခဲ့ပေ၏။

သူ၏ ရွှယ်မူ ခန္ဓာကိုယ်၏ သွေးကြောများပင် စတင် တုန်ခါလာခဲ့ကြသည်။

ယင်ချန်းလီ သည် စည်းမျဉ်း အချို့ အစပျိုးနေသကဲ့သို့ ကြယ်တွေရဲ့ ကမ္ဘာနှင့် မြက်ခင်းပြင် နှင့် ဓားပေါ်က သစ်ပင်များကို မြင်တွေ့ခဲ့သည်။

ဤစည်းမျဉ်းက ယင်ချန်းလီအတွက် အလွန်လျှို့ဝှက်ဆန်းကြယ်သော်လည်း ၎င်းက သူ့အား ရင်းရင်းနှီးနှီး ခံစားရစေခဲ့သည်။

ဤဓားက လက်နက်တစ်ခု မဟုတ်၍ ၎င်းအား လက်နက်တစ်ခုကဲ့သို့ အမှန်တကယ် အသုံးမပြု‌နိုင်ပေ။ သို့သော်လည်း ဤဓားအား လေ့လာကာ နားလည်သဘောပေါက်ခြင်းဖြင့် ယင်ချန်းလီ က တစ်ခုခု ကိုသေချာပေါက်ရရှိမည်ဖြစ်ပေသည်။

" ကျေးဇူးတင်ပါတယ် တာအိုကျင့်ကြံသူ ချန်ချင်း " မူချင်းကော ကလည်း လက်သီးဆုပ်ကာ ဦးညွှတ်လိုက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မူချင်းကော ၏ စိတ်အခြေအနေက တည်ငြိမ်မနေခဲ့ပေ။ရွှယ်ယွမ်ဓားသည် ထိုဓားမှ ထွက်လာနေသည့် စွမ်းအင်များက ဘယ်လောက်သန်မာသည်ကို သူမ ခံစားနေရနိုင်သည့် ရတနာမျိုးဖြစ်ပေသည်။

ဒါက ဘယ်လိုရတနာမျိုးလဲဆိုတာ သူမလည်း သိပေသည်။

သူမလည်းပဲ လိုချင်ပေသည်။

သို့ပေမယ့်လည်း မူချင်းကော ၌ ထိုသို့တောင်းဆိုရဲသည့် သတ္တိမျိုး ဘယ်မှာ ရှိနေလိမ့်မလဲ။

သူမ မရနိုင်သည့် ရတနာတစ်ခုကို လက်ခံနေသည့် သူမ၏ တပည့်ကို ရှုပ်ထွေးစွာ ကြည့်နေရန်သာ တတ်နိုင်‌ခဲ့ပေသည်။

ရှမူဟိုင် က အဆင်ပြေပေသည်။ သူသည်လည်း ဓားရှည် ကို အားကျနေပေမယ့်လည်း သူသည် အရင်က ဒယ်စောက်ပန်းပုရုပ် တစ်ခုကို လက်ခံရရှိပြီးဖြစ်ကာ ၎င်းက သူ့အား ပျော်ရွှင်စေခဲ့ပြီးဖြစ်သည်။

သို့ပေမယ့်လည်း ရှမူဟိုင် သည်လည်း စိတ်ထဲ၌ အောင့်သက်သက်ဖြင့် ပြုံးနေခဲ့ပေသည်။

လီချန်ချင်း က သူ့သားကို အမှန်တကယ် အများအပြားကို အလိုလိုက်ထားပေသည်။

သူ၏ သားက တက်လှမ်းခြင်းအဆင့် စစ်သည်တော် တစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး သူကတော့ သူ့သား၏ အနာဂတ်လမ်းကြောင်းအတွက် နောက်ကွယ်၌ တိတ်တိတ်လေး လမ်းကြောင်းခင်းကာ ကြိုစီစဉ်ထားပေးပြီးသား ဖြစ်လေသည်။

ဘယ်လိုတောင် ကလေးကို အလိုလိုက်လွန်းတဲ့ ဖအေလဲဟ။

သူ၏သားက သူ၏ တပည့်ဖြစ်နေပြန်သည်ကို ပြန်သတိရသွားသောအခါတွင် ရှမူဟိုင်တယောက် ခံစားချက်များ ပြည့်လျှံလာခဲ့ပြန်တော့သည်။

ဒါက အိမ်ရှေ့စံမင်းသား ကို သင်ကြားနေခြင်းနဲ့ ဘာများ ကွာခြားတော့မှာလဲ။

တကယ်လို့ သူ့ရဲ့သားက သူ့ရဲ့ စောင့်ကြည့်မှုအောက်မှာ ဒဏ်ရာရသွားခဲ့မယ်ဆိုရင် လီချန်ချင်းရဲ့ ဒေါသက သူ့ကို တစ်စစီစုတ်ဖြဲလိုက်မှာမဟုတ်လား ။

ထိုအကြောင်းကိုတွေးရင်း ရှမူဟိုင်က ကူကယ်ရာမဲ့စွာဖြင့် တံတွေးမြိုချလိုက်ပြီး ချွေးစေးများဖြင့် ပြည့်သွားခဲ့သည်။

" ဝေါင်း "

ထိုအခိုက်အတန့်၌ ရွှေလင်းလန်သားရဲ၏ အသံက ခပ်ဝေးဝေးမှ ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက ခေါင်းလှည့်ကြည့်လိုက်ကြပြီး ရွှေလင်းလန်သားရဲက ဂူ၏ အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်လာသည်ကို တွေ့လိုက်ကြရသည်။

ထို့အတူ ရွှေလင်းလန်သားရဲက သူ၏ ပါးစပ်ထဲ၌ စာလိပ်တစ်ခုကို ကိုက်ထားခဲ့သည်။

"ပန်းချီကားလား"

ရှမူဟိုင်က အတော်လေး စိတ်လှုပ်ရှားသွားသည်။

ဒီနေရာ၌ သေချာပေါက် ရတနာများ ရှိနေပေသည်။

ရွှေလင်းလန်သားရဲက လီချန်ချင်း ၏ဘေးသို့ ပြေးလာခဲ့ပြီး လီချန်ချင်း အား စိတ်အားထက်သန်စွာ ကြည့်ရင်း ပန်းချီကားကို မြေပြင်ပေါ်သို့ ချပေးလာခဲ့သည်

လီချန်ချင်း က သိလိုစိတ်ဖြင့် လက်လှမ်းယူလိုက်ရာ နွေးထွေးသော ခံစားချက်ကို ခံစားလိုက်ရသည်

စာရွက်၏ ခံစားချက်က သူ့အိမ်၌ ထိတွေ့ရသည့် စာရွက်နှင့် မတူဘဲ ထိုစာရွက်က အလွန် အဖိုးတန်ရမည်ဟု ညွှန်ပြနေခဲ့သည်။

စာလိပ်ကို ဖွင့်လိုက်သည်နှင့် အထဲမှာ မြင်ရသည့် မြင်ကွင်းက တောအုပ်တစ်ခုဖြစ်ပြီး အိပ်ပျော်နေသည့် ရွှေလင်းလန်သားရဲနှင့် တောအုပ်တစ်ခုဖြစ်သည်။

ဤပန်းချီကားကို တွေ့သည့် တစ်ခဏ၌ ပန်းချီကားထဲ၌ ကမ္ဘာတစ်ခု ပါဝင်နေသည်ဟု မသိစိတ်အရ တွေးမိလုနီးနီးပင် !

အဘယ်ကြောင့်ဆိုသော် ပန်းချီကားက အရမ်းအသက်ဝင်လှပေသည်။

တောင်တန်းများ နှင့် တောအုပ်များ ဖြစ်စေ ၊ ကောင်းကင်ထက်မှ တိမ်များ ဖြစ်စေ ၎င်းတို့အားလုံးက လူအများကို နစ်မြောစေသည့် ခံစားချက်ကို ပေးစွမ်းလေသည်။

အမြင်အရ သာမက လေထုသည်လည်း တောအုပ်ထဲမှ အသီးအနှံအရိုင်းများ၏ ရနံ့ဖြင့် ပြည့်နှက်နေခဲ့သည်။

သူ၏ပါးပြင်ပေါ်၌လေပြည်လေညှင်းများ တိုက်ခတ်နေသည်ဟု ထင်ရပေသည်။

ပန်းချီကားထဲမှ အိပ်ပျော်နေသည့် ရွှေလင်းလန်သားရဲကမူ အချိန်မရွေး နိုးလာနိုင်သကဲ့သို့ အသက်ပင်ရှူနေခဲ့သည်။

ထိုကဲ့သို့သော ပန်းချီကား ကို လီချန်ချင်း ရှာတွေ့ခြင်းက အလွန် အံ့အားသင့်ဖွယ်ကောင်းလှပေသည်။

ရှမူဟိုင်နှင့်မူချင်းကောသည်လည်း ထိုပန်းချီကားက သူတို့မြင်ဖူးခဲ့သည့် မည်သည့် ပန်းချီကားထက်မဆို အဆများစွာ ပို၍ ထူးဆန်းကြောင်း ခံစားကြရပေသည်။

" ဒီလို အပြောင်မြောက်ဆုံး ပန်းချီလက်ရာ ၊ ဒါက ပန်းချီ အင်မော်တယ် တစ်ယောက်က ဆွဲထားခဲ့တာ ဖြစ်မှာကို စိုးရိမ်မိတယ် " မူချင်းကော က ခေါင်းညိမ့်လိုက်သည်။

ယင်ချန်းလီတစ်ယောက်သာလျှင် လုံးဝ ဂရုမစိုက်ဘဲ သူ၏ လက်ထဲမှ ရွှယ်ယွမ်ဓားအား စိတ်ဝင်စားမှုအပြည့်ဖြင့် ဆော့ကစားနေခဲ့ပေသည်။ သူ၏ အမြင်၌ ဘယ်ပန်းချီကားကမှ သူ့လက်ထဲက ဓားနှင့် မယှဉ်နိုင်သောကြောင့် ဖြစ်ပေသည်။

" ဒီပန်းချီကားက မင်းဟာ မဟုတ်ဘူးလား " လီချန်ချင်း က ရွှေလင်းလန်သားရဲကို ကြည့်ပြီး ပြောလိုက်သည် " ဒီပန်းချီကား ထဲမှာပါတဲ့ စိတ်စွမ်းအင်တွေက ကုန်ခမ်းလုနီးနီးဖြစ်နေတာကို ငါခံစားရတယ်။ တကယ်လို့ ဒီပန်းချီကားက သူ့ရဲ့ စိတ်စွမ်းအင်တွေ ကုန်ဆုံးသွားရင် မင်းရဲ့ စိတ်ဝိဉာဉ်က ဒီပန်းချီကားထဲမှာ ရှိနေမှာမဟုတ်တော့ဘူး "

" ဝု " ရွှေလင်းလန်သားရဲက သနားစရာကောင်းအောင် တအီအီ အသံပြုနေပြီး သူ၏ခေါင်းဖြင့် လီချန်ချင်း၏ ခြေထောက်ကို ပွတ်နေခဲ့သည်။

" စိတ်မပူပါနဲ့ " လီချန်ချင်း က ရွှေလင်းလန်သားရဲ၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး ပြောလိုက်သည် " ငါတို့ ချန်ထင် မြို့ ကို ပြန်ရောက်တဲ့အခါကျရင် မင်းအတွက် ခန္ဓာကိုယ်တစ်ခု ပြန်ပြီးဖန်တီးပေးမယ် "

ဤသည်ကို ကြားပြီးသည့်နောက်တွင် ရွှေလင်းလန်သားရဲက သူ၏ ခေါင်းကိုလှည့်လိုက်ပြီး ဂူ၏ အဆုံးပိုင်းသို့ ထိုးဟောင်နေခဲ့လေသည်။

" အထဲမှာ တစ်ခုခုရှိနေလို့လား " ရှမူဟိုင် ကဂူရဲ့ အတွင်းပိုင်းကို ကြည့်လိုက်ပြီးမေးလိုက်သည်။

ရွှေလင်းလန်သားရဲက တစ်ခုခုကို ပြောချင်ပေမယ့်လည်း သူ့ရဲ့ပါးစပ်ကို ပိတ်ထားကာ တုံဆိုင်းနေပုံရသည်။

" ငါတို့က ဒီကို ရောက်နေပြီမို့ အထဲကိုတစ်ခါလောက်သွားကြည့်ရအောင်။ တကယ်လို့ ငါတို့က ရတနာတစ်ခုခုနဲ့ လွဲချော်သွားရင် အလဟဿဖြစ်သွားလိမ့်မယ်" ရှမူဟိုင်က အပြုံးဖြင့်ပြောလိုက်သည်။

ကျန်တဲ့သူတွေကလည်း ရှမူဟိုင်၏စကားက အဓိပ္ပါယ်ရှိတယ်လို့ထင်ကြသည်။

မူချင်းကော က ကောင်းကင်အဆင့်ရတနာအားလုံးကို သိမ်းဆည်းလိုက်သည်။ လီချန်ချင်းက သူ၏ လက်ကို ဝေ့ယမ်းလိုက်သောအခါတွင် ကျန်နေသေးသည့် သက်ရှည်သစ်သား ကလည်း လေထဲသို့ မြောက်တက်ကာ သူ့နောက်မှ လိုက်ပါလာခဲ့သည်။

ဒီလို သစ်သားကောင်းမျိုးကို လွှင့်ပစ်ထားခဲ့ရမယ်ဆိုရင် နှမျောစရာကောင်းတယ်မို့လား။

သို့သော်လည်း သူတို့ ရှေ့ဆက်လျောက်လာသည်နှင့်အမျှ လီချန်ချင်း၌ ခပ်‌ဖျော့ဖျော့ဖိနှိပ်မှုခံစားချက် တစ်ခုကို အာရုံခံနေမိခဲ့သည်။

ဂူအတွင်းပိုင်း၌ ရှိနေသည့် အမည်မသိသည့်အရာတခုက လီချန်ချင်း အား မသက်မသာ ခံစားရရန် ပြုလုပ်နေခဲ့သည်။

ဒါပေမယ့် ဘယ်လို အရာက သူ့ကို မသက်မသာခံစားရအောင် လုပ်နိုင်တာလဲ။

စမ်းချောင်းအချို့ကို ဖြတ်သန်းပြီးသည့်နောက်တွင် နောက်ဆုံး၌ သူတို့က ဂူ၏ အဆုံးသို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့ ဝင်လာပြီးသည့်နောက်တွင် သူတို့၏ မျက်လုံးများအား တစ်ခုခုက ပြင်းပြင်းထန်ထန် ဆွဲဆောင်သွားခဲ့သည်။

ဂူ၏ အလယ်၌ ကျောက်တုံးစင်မြင့်တစ်ခုပေါ်၌ တရားထိုင်နေသည့် လူတစ်ယောက် ရှိနေခဲ့သည်။

သို့သော်လည်း ထိုလူက အဖြူရောင်အရိုးစုပုံတစ်ခုအဖြစ်သို့ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။

" ဒါက ပန်းချီအင်မော်တယ် ဖြစ်နိုင်လား " မူချင်းကောက ခပ်လှမ်းလှမ်းမှ ကြည့်လိုက်ပြီးနောက် ဂူ၏ နောက်ဆုံးအပိုင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး ထိုနေရာ၌ ဘာမှ မရှိသလောက်နီးပါး ဖြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။

အစက သူမက ဒီနေရာ၌ ရတနာတစ်ချို့ရှိနေလိမ့်မည်ဟု ထင်ထားခဲ့လေသည်။

" ဆရာ သူ့လက်ထဲမှာ ..." ထိုအချိန်၌ ယင်ချန်းလီ က အံ့အားသင့်စွာဖြင့် အရိုးစုအား လက်ညှိုးထိုးပြခဲ့သည်။

All Chapters