← Chapters

-

Vol. 5 Ch. 47

-

Vol. 5 Ch. 47

" စီနီယာ လီချန်ချင်း ကျွန်တော်လည်းတစ်ခုလိုချင်တယ် " ယင်ချန်းလီက လီချန်ချင်း ကို စိတ်အားထက်သန်သည့် မျက်လုံးများနှင့် ကြည့်နေခဲ့သည်။

ဒီတစ်ခေါက်တွင် ယင်ချန်းလီသာမက မူချင်းကောသည်လည်း လီချန်ချင်းအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေခဲ့သည်။

ယခုပင်သူတို့အားလုံးက ရှမူဟိုင်၏ မျက်နှာထက်ရှိ နာကျင်နေသည့် အမူအရာကို တွေ့လိုက်ရပေသည်။

တကယ်လို့ သူတို့၌ ဖြစ်လာပါက တောင့်ခံထားရန် မဖြစ်နိုင်ပေ။ ကလေးတစ်ယောက်နှင့် မိန်းမသား တစ်ယောက်မဆိုထားနှင့် ရှမူဟိုင်ကဲ့သို့ သန်မာသည့် သူပင် နံရံနှင့်ဝင်တိုက်ကာ သေချင်နေခဲ့ပေသည်

" ဟမ် " လီချန်ချင်း သည်လည်း ရှမူဟိုင် ၏ ယခု အပြုအမူကြောင့် ထိတ်လန့်နေခဲ့ပေသည်။

ထို့ကြောင့် ယင်ချန်းလီနှင့်မူချင်းကောတို့က ထိုခံစားချက်နှင့် မကြုံတွေ့ခင်မှာပင် သူတို့အတွက် တစ်ခုစီ ထုလုပ်ဖို့ လျင်မြန်စွာ စီစဉ်ခဲ့ပေသည်။

သူတို့နှစ်ယောက်က လီချန်ချင်း ထုလုပ်တာ ပြီးစီးဖို့ရန်အတွက် စိုးရိမ်တကြီးစောင့်မျှော်နေခဲ့ကြသည်။

သူတို့အားလုံး စိုးရိမ်နေခဲ့ကြပေသည်။ တကယ်လို့ လီချန်ချင်း ထုလုပ်နေတုန်းမှာ သူတို့ရဲ့ခန္ဓာကိုယ်ပါ်က မကျေခမ်းဝိဉာဉ်ကျိန်စာက ချိုးဖျက်လာရင် ဘယ်လိုလုပ်မလဲ။

အရင်ဆုံး အဲ့ဒါကို ဖိနှိပ်ထားပြီး ဆေးဘုရင်တောင်ကြားကို ပြန်ရောက်တဲ့အခါကျမှ အဲ့ဒီ မကျေချမ်းဝိဉာဉ်ကျိန်စာကို ဖြေရှင်းဖို့ နည်းလမ်းရှာရပေမည်။

ထိုသို့မဟုတ်လျှင် ဖိနှိပ်ထားရန်အတွက် ဤသစ်သားပန်းပု‌အပေါ်၌သာ လုံးဝဉဿုံမှီခိုထားခြင်းက ရေရှည် ဖြေရှင်းချက်မဟုတ်ပေ။

လီချန်ချင်း က အလွန်အမင်း ပြင်းပြင်းထန်ထန် ထုလုပ်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လီချန်ချင်းက မြေကမ္ဘာစောင့်ဗောဓိသတ္တနှစ်ဆူ ထုလုပ်ပြီးသည့် တိုင်အောင် သူတို့ထဲက မည်သူမျှ မကျေခမ်းဝိဉာဉ်ကျိန်စာ ဖြစ်ပွားခြင်းမရှိခဲ့ပေ။

ထိုအရာကို သူတို့၏ လည်ပင်း၌ ကြိုးတပ်ပြီး ဆွဲပြီးမှသာ သူတိူ့နှစ်ယောက်လုံး စိတ်သက်သာရာ ရကြပေသည်။

" စီနီယာ လီချန်ချင်း ကျွန်မ ဘယ်လို ကျေးဇူးတင်ရမလဲကို မသိတော့ပါဘူး။ ရှင်က ကျွန်မတို့ကို အကြိမ်ပေါင်းမြောက်များစွာ ကာကွယ်ပေးခဲ့ပြီး အခုတစ်ကြိမ်မှာလည်း အဖိုးတန်တဲ့ ကာကွယ်ရေးပစ္စည်းတွေကို ပေးပြန်ပြီ" ထိုအခိုက်အတန့်တွင် မူချင်းကော၏ မျက်လုံးများက နူးညံ့ကြင်နာနေကာကျေးဇူးတင်မှုအတွက် သူမ၏ ခန္ဓာကိုယ်နှင့် နှလုံးသားကို ကမ်းလှမ်းချင်နေသကဲ့သို့ပင်။

(အဟေးဟေးဟေး)

သို့သော်လည်း အဆုံးမှာတော့ မူချင်းကော က ပြောလိုက်သည် " တကယ်လို့ အနာဂါတ်မှာ ဆေးဘုရင်တောင်ကြားရဲ့ အကူအညီလိုအပ်လာမယ်ဆိုရင် ဘာပဲဖြစ်နေပါစေ စီနီယာ လီချန်ချင်းရဲ့ အကြောင်းကြားစာကိုရတာနဲ့ ဆေးဘုရင်တောင်ကြားက သေချာပေါက် ကူညီပေးပါလိမ့်မယ် "

" အဲ့လောက်လေးက ကိစ္စမရှိပါဘူး" လီချန်ချင်းက သူ့ကိုယ်ပေါ်က သစ်သားမှုန်တွေကို ခါချလိုက်ပြီး မတ်တပ်ထရပ်ကာပြောလိုက်သည် " တကယ်လို့ အနာဂါတ်မှာ ငါ့သား လီဟန်ရှန်းက အခက်အခဲတစ်ခုခုကြုံခဲ့ရင် ဆေးဘုရင်တောင်ကြားက သူ့ကို ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်။တကယ်လို့ သူက သန်မာတဲ့ ရန်သူနဲ့ ကြုံတွေ့ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်ဆိုရင် ဆေးဘုရင်တောင်ကြားက သူ့ကိုကယ်တင်ပြီး အသက်ရှင်အောင်ကုသပေးဖို့ အစွမ်းကုန် ကြိုးစားပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ် "

ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လောကကြီးထဲမှာ လူတိုင်းက ချော‌မွေ့တဲ့ ခရီးလမ်းရှိဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။

လီချန်ချန်းက ဤအမှန်တရားကို နားလည်ပေသည်။ဒဏ်ရာမရဖူးတဲ့သူ ဘယ်သူရှိမှာလဲ။ တရားဝင် ဆေးပညာဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် ဆေးဘုရင်တောင်ကြားနှင့်ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုတည်ဆောက်ထားတာက သဘာဝကျပေသည်။

အရင်ဘဝက ဝတ္ထုတွေဖတ်တဲ့အခါတုန်းကအဓိကဇတ်ကောင်၌ ဇာတ်ကောင်အရှိန်အဝါရှိပြီး သူအန္တရာယ်ကျရောက် သည့် အခါ၌ သူ့အား ကယ်ဆယ်ရန် တစ်ယောက်ယောက်ကရောင်လာပေလိမ့်မည်။

ဒါပေမယ့် လက်တွေ့နဲ့ဝတ္ထုက သေချာပေါက်ကွာခြကြပေသည်။ သူ့သားက ဘယ်နေရာကနေ ‌ဇာတ်လိုက်အရှိန်အဝါတွေရလာမှာလဲ။ အန္တရာယ်နဲ့တွေ့မယ်ဆိုရင် သူက သေဆုံးမှာဖြစ်‌သည်။

နောက်ဆုံးတော့ သူ့၌ သာမန်သားတစ်ယောက်ရှိခြင်းရဲ့ ခံစားချက်ကို တွေ့ကြုံခဲ့ပြီး ဖြစ်ကာ သူ့ကို မဆုံးရှုံးချင်ပေ။

ထို့ကြောင့် သူ့၌ ဇာတ်‌လိုက်ရောင်ဝါ မရှိပါက အဖေက သူ့ကို ကူညီပြီး ဖန်တီးပေးမည် ဖြစ်သည်။

လီချန်ချင်းက သူ့သားအကြောင်းပြောတာကို ကြားမှ လီချန်ချင်း၌ သားတစ်ယောက်ရှိတာကို မူချင်းကောက သတိရသွားသည်။သို့သော်လည်း သူ့၌မိန်းမရှိသည်ကို မသိရပေ။

တကယ်လို့ သူ့မှာ မိန်းမရှိတယ်ဆိုရင် နောင်ကျရင် သူမက ကိုယ်လုပ်တော်၊ ဒုတိယသခင်မပဲ ဖြစ်လာနိုင်မှာမဟုတ်လား။

နေပါဦး ။ ငါဘာတွေ တွေးနေတာလဲ။

" သေချာတာပေါ့" မူချင်းကောက ပြုံး၍ ပြောလိုက်သည် " ဒီလိုအဖေတစ်ယောက်ရှိတာ ရှင့်သားက တကယ်ကံကောင်းတာပဲ။ ရှင့်မိန်းမကတော့ အတော်လေး စိတ်အေးနေရမယ်ထင်တယ် "

" ငါ့မှာ မိန်းမ မရှိပါဘူး " လီချန်ချင်းက ခေါင်းယမ်းလိုက်သည်။

" မရှိဘူးလား " မူချင်းကော၏ မျက်လုံးများက အရောင်တောက်ပသွားခဲ့သည်။

" ရှင့်မိန်းမအကြောင်း မေးလို့ရမလား..." ထိုအခိုက်အတန့်၌ မူချင်းကောသည် လီချန်ချင်း၌ ကွာရှင်းထားသည့် မိန်းမရှိတာလား ၊ သူ့မိန်းမက သေဆုံးသွားသလား ဆိုသည်ကို သိချင်နေခဲ့သည်။

ဒီအဖြေနှစ်ခုက မတူညီသည့် အဓိပ္ပါယ်များကို ကိုယ်စားပြုနေပေသည်။

သို့သော်လည်း ထိုမေးခွန်းက လီချန်ချင်းအား ကြောင်အနေစေခဲ့သည်။

ဟုတ်တယ်၊ သူ့မိန်းမက ဘယ်မှာလဲ ။

သူ့မိန်းမနဲ့ ပတ်သက်သည့် အချက်အလက်များမဆိုထားနှင့် ဒီကမ္ဘာကိုရောက်ပြီးကတည်းက သူ့မိန်းမကို မတွေ့ဖူးပေ။ သူက မိန်းမမရှိတဲ့ တစ်ကိုယ်တည်းသမားလားလို့ တွေးလိုက်မိသည်။

ဒါပေမယ့် သူ့မှာမိန်းမမရှိဘူးဆိုရင် လီဟန်ရှန်းက ဘယ်နေရာကနေ ရောက်လာတာလဲ။

ဒါပေမယ့် သူ့မှာ မိန်းမရှိတယ်ဆိုရင် သူမက ဘယ်မှာလဲ။

သူတို့က ကွဲနေကြတာလား ဒါမှမဟုတ်ရင် သူမက သေသွားတာလား ။

တကယ်လို့ သူမကသေသွားတာဆိုရင် တော်သေးတယ်။ ဒါပေမယ့် သူတို့က ကွဲနေတာဆိုရင် အနာဂါတ်မှာထပ်ပြီးတွေ့ရဦးမယ် ပြီးတော့ သူက သူမကို မမှတ်မိတာကြောင့် အတော်လေး အဆင်မပြေဖြစ်နေမလား။

သူက အရင်လီချန်ချင်း မဟုတ်တော့တာ အရမ်းသိသာနေမလား။

လီချန်ချင်းက အတွေးနက်နေသည်ကိုမြင်တော့ မူချင်းကောက လျင်မြန်စွာပြောလိုက်သည် " စီနီယာ လီချန်ချင်း ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ မမေးလိုက်သင့်ဘူး "

" အဆင်ပြေပါတယ် " လီချန်ချင်းက ခေါင်းယမ်းလိုက်ပြီး

အဓိကအချက်က သူ့အမေက ဘယ်သွားနေတာလဲဆိုတာကို ငါမသိတာပဲ။

သူ့မှာအခွင့်အရေးရှိမယ်ဆိုရင် လီဟန်ရှန်းနဲ့ ပတ်သက်တဲ့အချက်အလက်တွေရဖို့လိုအပ်မယ်ထင်တယ်။

ပြန်လည်မွေးဖွားလာသည့် လီချန်ချင်းက သူ၏ လက်ရှိဘဝကို အမှန်တကယ် ကာကွယ်ပေးချင်နေခဲ့သည်။

" အရင်ဆုံး ဒီနေရာက ထွက်ရမယ် " လီချန်ချင်းက ပတ်ဝန်းကျင်ကိုကြည့်ပြီး ရုတ်တရက် သိလိုစိတ်ဖြင့်ပြောလိုက်သည်။ " ထူးဆန်းတယ် ဖေး က ဘယ်မှာလဲ "

သူတို့ထွက်လာကတည်းက ဖေးကို မတွေ့ခဲ့ပေ။

ခုနက လီချန်ချင်းနှင့် အခြားသူများက မကျေချမ်းဝိဉာဉ်ကျိန်စာကိုသာ အာရုံစိုက်နေကြသောကြောင့် သတိမထားမိခဲ့ကြပေ။

" ဝေါင်း"

မာန်ဖီသံနှင့်အတူ ရွှေလင်းလန်သားရဲက မြေပြင်ပေါ်ရှိ စာလိပ်ထဲမှ ပြေးထွက်လာခဲ့သည်။ သူ့ကိုယ်ပေါ်ရှိ အရှိန်အဝါက မှိန်ဖျော့နေခဲ့သည်။ တကယ်လို့ သူ့အားကူညီမယ့်သူမရှိပါက ‌၎င်း၏ စိတ်ဝိဉာဉ်စွမ်းအားကို ဆုံးရှုံးလိုက်ရပြီး လအနည်းငယ်အတွင်း ပျောက်ကွယ်သွားပေလိမ့်မည်။

" ဖေး ၊ ရှမူဟိုင်ကို သယ်ခဲ့။ ငါတို့သွားဖို့ အဆင်သင့်ဖြစ်ပြီ။ ငါပြန်ရောက်တဲ့အခါကျရင် မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီးတည်ဆောက်ဖို့ ကူညီပေးမယ်" လီချန်ချင်းက အမိန့်ပေးလိုက်သည်။

ဖေးက ရှေ့တိုးလာပြီး သတိလစ်နေသည့် ရှမူဟိုင်ကို သူ့ကျောပေါ်၌ နေရာချလိုက်သည်။ ထို့နောက် လူအချို့ကိုဦးဆောင်ကာ ဂူထဲမှ မတူညီသည့် အရပ်မျက်နှာဘက်သို့ ထွက်ခွာလာခဲ့သည်။

အံ့အားသင့်စရာကောင်းလောက်အောင်ပင် ထိုလမ်းကြောင်းက ရေတစ်စက်မှမရှိဘဲ ခြောက်သွေ့နေခဲ့သည်။

သို့သော်လည်း သူတိူ့ထွက်လာပြီးသည်နှင့် သူတို့က နမ့်ရှန်တောင်တန်း၏ ဘယ်အပိုင်းကို ရောက်နေကြတာလဲဆိုတာကို မဝေခွဲနိုင်ကြတော့ချေ။

သို့သော်လည်း ဤသည်က သူတို့အတွက် ပြသနာမဟုတ်ပေ။

" နတ်မိမယ် စုန့် " လီချန်ချင်းက မူချင်းကောဘက်လှည့်၍ ပြောလိုက်သည်။ " ကျုပ်တောင်ထိပ်သခင်ရှကို အရင်ပြန်ပို့လိုက်ပါဦးမယ်”

" ကောင်းပါပြီ " မူချင်းကောက လီချန်ချင်းနှင့် မကြာခင် ခွဲခွာရတော့မည်ကို အတော်လေး တုံ့ဆိုင်းနေသော်လည်း သူမ၌ ဆက်နေရန် အကြောင်းပြချက်မရှိတာကို သူမ သိထားပေသည်။

" မကျေချမ်းဝိဉာဉ်ကျိန်စာကို ချေ‌ဖျက်ဖို့နည်းလမ်းရှာပြီးတဲ့အခါကျရင် ရှေးဟောင်းတာအိုနယ်မြေကိုလာပြီး တောင်ထိပ်သခင်ရှကို လာရှာလိုက်ပါ့မယ်”

သူမကထိုကဲ့သို့ ပြောလိုက်သည့်တိုင် သူမအမှန်တကယ်‌ လည်ပတ်ချင်သည်က လီချန်ချင်းထံသို့ပင် ဖြစ်ပါသည်။

" ကောင်းပါပြီ " လီချန်ချင်းက တစ်ခုခုကို သတိရသွားသည့်ပုံဖြင့် မူချင်းကောကို ပြောလိုက်သည် " ဖြစ်နိုင်ရင် ကျေးဇူးပြုပြီး သစ်သားပန်းပုအကြောင်း အပြင်ကို မပြန့်ပါစေနဲ့ နတ်မိမယ် စုန့် "

" စိတ်မပူပါနဲ့ အစ်ကို ချန်ချင်း " ထိုအရာက အပြင်သို့ ပြန့်သွားလျှင်ပြသနာဖြစ်လာမည်ကို မူချင်းကောက ကောင်းကောင်းသိပေသည်။

သူမက ထိုအကြောင်းကို ပြောမည်မဟုတ်ပေ။

အထူးသဖြင့် ယင်ချန်းလီ လက်ထဲက ရွှယ်ယွမ်ဓား ဖြစ်သည်။ ထိုအရာက သိသာသွားပါက လူအများ၏ လိုချင်စိတ်ကို ဆွဲဆောင်မိသွားကာ ဆေးဘုရင်တောင်ကြားသို့ အန္တရာယ်ကို ဖိတ်ခေါ်နေပေလိမ့်မည်။

" ဖေး သွားကြမယ်... နတ်မိမယ် စုန့် ၊ ထပ်တွေ့ကြတာပေါ့။ အပြန်လမ်းမှာ ဂရုစိုက်ပါ" လီချန်ချင်းက ပြောပြီးသည်နှင့် ဖေး ကို စီးကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။ မြင့်မားသည့် အမြင့်တစ်နေရာသို့ ရောက်သည်နှင့်ချက်ချင်း ချန်ထင်မြို့လေး ၏ တည်နေရာကို ယေဘုယျအားဖြင့် သိလိုက်ရပေသည်။

မူချင်းကော သည် လီချန်ချင်း၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ခပ်လှမ်းလှမ်းမှ ကြည့်နေခဲ့ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

" ဆရာ ၊ ကြည့်နေတာ တော်‌ပါတော့ သူတို့က အဝေးကြီးရောက်သွားပြီ " ယင်ချန်းလီ က ပြုံးစိစိဖြင့်ပြောလိုက်သည်။

" တိတ်စမ်း " မူချင်းကောက မျက်မှောင်ကြုတ်လိုက်ပြီး ကြိမ်းမောင်းလိုက်သည်။

မြေအောက်လှိုဏ်ဂူထဲ၌ ။

သွေးများစီးနေပြီး မခြောက်သေးသည့် ကြီးမားသည့် ယဇ်ပုလ္လင်တစ်ခုရှိသည်။

ယဇ်ပလ္လင်၏ ရှေ့၌ အနက်ရောင်ဝတ်ရုံနှင့်လူတစ်ယောက် ရပ်နေခဲ့သည်။ ပုံရိပ်က အနည်းငယ် ပုပြီး မျက်နှာကို မမြင်ရသော်လည်း ကျောချမ်းဖွယ်အရှိန်အဝါကို ထုတ်ဖော်နေခဲ့သည်။

သူ့အရှေ့၌ လူအချို့က ဒူးတစ်ဖက်ထောင်၍ ဒူးထောက်နေခဲ့ကြသည်။

အမိန့်ကို စောင့်ဆိုင်းနေကြသကဲ့သို့ပင်။

" ဆရာ့ရဲ့ အကြံအစည်က ရှုံးနိမ့်သွားပေမယ့်လည်း မကျေချမ်းဝိဉာဉ်ကျိန်စာကို စိုက်ပျိုး‌လိုက်နိုင်ပါတယ်။ အခုက ငါတို့ ထာဝရရှင်သန်ခြင်းဂိုဏ်းကိုယ်တိုင် လုပ်ရှားရမယ့်အချိန်ပဲ " အနက်ရောင်ဝတ်ရုံနှင့်လူက ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည် " မကျေချမ်းဝိဉာဉ်ကျိန်စာကို မိသွားတဲ့သူကို သွားရှာလာခဲ့ ပြီးရင် ငါတို့ ထာဝရရှင်သန်ခြင်း ဂိုဏ်းရဲ့ ရပ်တည်ချက်ကို ရှင်းလင်းအောင်လုပ်ခဲ့ "

" တကယ်လို့ သူတို့က ခုခံရင် သေတာထက်ဆိုးတဲ့ ကံကြမ္မာကို ခံစားခိုင်းလိုက် " အနက်ရောင်ဝတ်ရုံနှင့်လူက ခနဲ့လိုက်သည်။

All Chapters