← Chapters

ကျိုးကျွင်း

Vol. 5 Ch. 50

ကျိုးကျွင်း

Vol. 5 Ch. 50

" ကျေးဇူးတင်ပါတယ် ဆရာတူ အစ်ကို "

လီဟမ်ရှန်းသည် သူ၏ ရှေ့ရှိ လူငယ်လေးအားကြည့်ရင်း သူသည် မူဟိုင်ဖုန်းတောင်၏ တပည့်ဖြစ်မည်ကို သိလေသည်။

သို့သော် ထိုသူသည် မူဟိုင်ဖုန်းတောင်၏ အတွင်းတပည့်လား၊ အပြင်တပည့်လားဆိုသည်ကို သူမသိပေ။

သို့သော် ထိုသူ့ဆီမှ လီဟမ်ရှန်းခံစားရသော အရှိန်အဝါသည် သူတွေ့ဆုံဖူးခဲ့သော အခြားစီနီယာများထက် အားကောင်းလေသည်။

အပြင်စည်းအကြီးအကဲ လင်ဖန်း ထက်ပင် ပို၍ အရှိန်အဝါ ကြီးလေသည်။

ထိုသို့ အသက်ငယ်ငယ်နှင့် ထိုကဲ့သို့‌သော ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသော ထိုလူသည် အမှန်တစ်ကယ် သာမန်ထက် ထူးကဲနေလေသည်။

ရှေး‌ဟောင်းတာအိုဂိုဏ်းသည် မယုံနိုင်လောက်အောင် ကျယ်ပြန့်လေသည်။ သတ်ဖြတ်သူတသောင်းတောင်ထိပ်မှလွဲ၍ လီဟမ်ရှန်းသည် ပင်မတောင်ထွတ်ကိုသာလျှင် ရောက်ဖူးပြီး အခြား တောင်ထွတ်များကို မရောက်ဖူးပေ။

သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ မူဟိုင်ဖုန်းအထိ အကွာအဝေးသည် မတိုတောင်းပေ။ ထို့ကြောင့် လူငယ်လေးသည် အဖိုးတန်မြင်းကို တိုက်ရိုက်စီးလာပြီး လီဟမ်ရှန်းအား ပြောလေသည်။

" အပေါ်ကိုတက်ပါ။ သတ်ဖြတ်သူတသောင်းတောင်ထိပ်နဲ့ မူဟိုင်ဖုန်းက တော်တော် ဝေးတယ် "

" ဟုတ်ကဲ့"

လီဟမ်ရှန်းသည်လည်း အဖိုးတန်မြင်းပေါ်သို့ တက်လိုက်လေသည်။

မြင်း၏ တစ်ကိုယ်လုံးသည် ခရမ်းရောင်ဖြစ်ပြီး သာမန်မြင်းများ၏ အရွယ်အစားထက် များစွာ ကြီးမားလေသည်။

ထိုမြင်း၏ ကြံ့ခိုင်သော ကြွက်သားများနှင့် ပြင်းထန်သော အသက်ရှူသံသည် သာမန်ထက် သာလွန်‌နေလေသည်။

ထိုမြင်း စ၍ပြေးသည့် အရှိန်သည် မယုံနိုင်လောက်အောင် လျင်မြန်ပြီး ထိုမြင်း၏ ကြံ့ခိုင်သော နောက်ခြေများရှိ ကြွက်သားများသည် စွမ်းအားများဖြင့် ပြည့်နှက်နေလေသည်။ လီဟမ်ရှန်းသည် အကယ်၍ ထိုအဖိုးတန်မြင်းသည် သူ့အား ကန်လိုက်လျှင် သူသေသွားနိုင်သည်ဟု ထင်မြင်‌မိလေသည်။

" ဒါက ခရမ်းမိုးကြိူးလေ " လူငယ်လေးသည် အပြုံးလေးနှင့်ပြောလေသည်။ " ဒါက ငါငယ်ငယ်တုန်းက ငါ့မိသားစုက မွေးနေ့လက်ဆောင် ပေးထားတာလေ။ အဲ့တုန်းက မြင်းပေါက်စလေးပဲ ရှိသေးတာ။ ငါ့ရဲ့ စွမ်းအားတွေ များပြားလာတော့ သူ့ကို ယဉ်ပါးအောင်လုပ်ပြီး စီးတော်မြင်း ဖြစ်စေခဲ့တာ။ အခု ခရမ်းမိုးကြိုးရဲ့ သွေးမျိုးဆက်က ဝိဉာဉ်သားရဲနဲ့ နီးစပ်နေပြီ "

"ဝိဉာဉ်သားရဲ... " ထိုအရာသည် လီဟမ်ရှန်းအား အလွန် မနာလို ဖြစ်စေသည်။

ကြီးမားသော မိသားစု နောက်ခံ ရှိခြင်းသည် အမှန်တစ်ကယ် အားကျစရာကောင်းလေသည်။ သူတို့သည် ဝိဉာဉ်သားရဲ၏ သွေးမျိုးရိုးအထိ နီးစပ်သော အဖိုးတန်မြင်းပင် ရှိလေသည်။

လီဟမ်ရှန်း၏ မနာလို အားကျသော အကြည့်ကို အာရုံခံမိ၍ ဖြစ်မည် လူငယ်လေးသည် တစ်ခစ်ခစ် ရယ်မောလေသည်။ " မင်းရဲ့ ကျင့်ကြံရေး အားကောင်းလာတာနဲ့ မင်းမှာလည်း ဒါမျိုးတွေ ရှိလာပါလိမ့်မယ် "

" ကျွန်တော်လည်း အဲ့လို ‌မျှော်လင့်ပါတယ် " လီဟမ်ရှန်း သည် ထိုအရာများ ဖြစ်ပျက်လာမည့် အချိန်ကို မသိ၍ ခါးသက်သော အပြုံးနှင့် ပြောလေသည်။

" ဒါနဲ့ ငါ့ကိုယ်ငါ မိတ်မဆက်ရသေးဘူးပဲ " ဟု လူငယ်လေးသည် ပြောလေသည်။ " ငါ့နာမည်က ကျိုးကျွင်းဖြစ်ပြီးတော့ မူဟိုင်ဖုန်းတောင် ရဲ့ တိုက်ရိုက် တပည့်ပဲ "

" တိုက်ရိုက် တပည့်လား " လီဟမ်ရှန်းသည် အနည်းငယ် အံ့အားသင့်သွားလေသည်။

ထိုသူက အလွန်အားကောင်းနေသည်မှာ အံ့ဩစရာ မရှိပေ။

သူသည် အမှန်တစ်ကယ် ရှမူဟိုင်၏ တိုက်ရိုက် တပည့်ဖြစ်လေသည်။

သို့သော် မူဟိုင်ဖုန်းတောင်သခင် ရှမူဟိုင်က သူ့အားလည်း တိုက်ရိုက်တပည့်အဖြစ် ခေါ်ချင်သည်ဟု ပြောခဲ့လေသည်။ အကယ်၍ အရာရာတိုင်းသာ ချောမွေ့လျှင် ထိုသူသည် သူ၏ ဆရာတူ အစ်ကို ဖြစ်လာလိမ့်မည် ဖြစ်လေသည်။

" ဟုတ်တယ် ငါက ဆရာ့ရဲ့ တတိယမြောက် တပည့်လေ " ဟု ကျိုးကျွင်းက ပြောလိုက်လေသည်။

" ငါ့အထက်မှာ ဆရာတူ အစ်ကို တစ်ယောက်နဲ့ ဒုတိယမြောက် ဆရာတူ အမတစ်ယောက်တို့ ရှိသေးတယ် " ကျိုးကျွင်းသည် ရုတ်တရက် မေးလိုက်လေသည်။ " ဒါနဲ့ ဆရာက မင်းကို ဘာကြောင့် ခေါ်တာလဲ သိလား။ များသောအားဖြင့်တော့ ဆရာက တစ်ယောက်ယောက်ကို တွေ့ချင်ရင် သူက စာတစ်စောင်ကို ပို့လိုက်ရုံပဲ။ ဒီနေ့ သူက ငါ့ကို မင်းကို ခေါ်ဖို့ ခရမ်းမိုးကြိုးကို စီးသွားခိုင်းတယ်။ ဒါက တော်တော် ထူးခြားနေတယ် "

" အင်း "

လီဟမ်ရှန်းက မျက်မှောင်ကြုတ်၍ ခဏ တွေးပြီးနောက်ပြောလိုက်လေသည်။

" တစ်ကယ်လို့ မမျှော်လင့်ထားတာတွေ ဘာမှ မဖြစ်ဘူးဆိုရင် တောင်ထိပ်သခင်က တပည့်လက်ခံတဲ့ ကိစ္စ ဆွေးနွေးဖို့ ကျွန်တော့်ကို ခေါ်တာ ဖြစ်လိမ့်မယ်။ အရင်အချိန်တွေတုန်းက တောင်ထိပ်သခင်က ကျွန်တော့်ကို တိုက်ရိုက်တပည့်အဖြစ် ခေါ်ချင်ခဲ့တယ်။ ဒီကိစ္စ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ် "

" အိုး၊ သူက မင်းကို တိုက်ရိုက်အဖြစ် ခေါ်ချင်တာကြောင့် ....." ကျိုးကျွင်းသည် ထိုနေရာသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွားလေသည်။

သူ၏ အမူအရာသည် ဗလာဖြစ်သွားလေသည်။

ကျိုးကျွင်း၏ ခန္ဓာကိုယ်သည် ဓာတ်လိုက် ခံလိုက်ရသကဲ့သို့ တွန့်သွားကာ ခရမ်းမိုးကြိုးပေါ်တွင် တိုက်ရိုက် မတ်တပ်ထရပ်လေသည်။

ခရမ်းမိုးကြိုး၏ အရှိန်သည် လျင်မြန်သော်လည်း ကျိုးကျွင်း၏ ခန္ဓာကိုယ်သည် အလွန်တည်ငြိမ်နေလေသည်။ သူသည် လီဟမ်ရှန်းအား မယုံသင်္ကာ အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။

သူ၏ အမူအရာသည် တစ္ဆေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ဖြစ်နေလေသည်။

" ဂျူနီယာညီလေး၊ မင်းနောက်နေတာ မဟုတ်ဘူးလား " ကျိုးကျွင်းသည် လီဟမ်ရှန်းအား မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ သူသည် အရင်က အကြိမ်ပေါင်းများစွာ လီဟမ်ရှန်းအား ကြည့်ခဲ့သော်လည်း ပထမဦးဆုံးအကြိမ် တွေ့ရသကဲ့သို့ ကြည့်နေဆဲ ဖြစ်လေသည်။

သူသည် လီဟမ်ရှန်းအား အဝတ်များကို ချွတ်၍ ကြည့်ချင်နေသကဲ့သို့ ခြေဆုံးခေါင်းဆုံး ကြည့်နေလေသည်။

" မူဟိုင်ဖုန်းတောင်သခင်က အဲလို ပြောခဲ့တာပဲ " လီဟမ်ရှန်းသည် ကျိုးကျွင်းမှ စိုက်ကြည့်နေ၍ မသက်မသာဖြစ်မှု အနည်းငယ် ခံစားနေရလေသည်။

သူသည် ထိုသူ၏ရှေ့တွင်လျှို့ဝှက်ချက်များ မရှိတော့သကဲ့သို့ ဖြစ်နေလေသည်။

" ဒါဘယ်လို ဖြစ်နိုင်မှာလဲ! "

ကျိုးကျွင်း သည် ထိုအရာအား မယုံကြည်နိုင်ဆဲ ဖြစ်နေလေသည်။

အကယ်၍ သင်သည် ရှေး‌ဟောင်းတာအိုဂိုဏ်း၏ တောင်ထွတ် သခင် သုံးဆယ့်ခြောက်ယောက် ထဲတွင် တပည့်လက်ခံသည့်နေရာမှာ အတင်းကျပ်ဆုံး စံနှုန်းရှိသောသူကို မေးခဲ့လျှင် ရှမူဟိုင်အပြင် နှစ်ယောက် ရှိလိမ့်မည် မဟုတ်ပေ။

ရှမူဟိုင်မှ လွဲ၍ အခြား တောင်ထွတ် သခင် သုံးဆယ့်ငါးယောက်သည် အနည်းဆုံး တိုက်ရိုက် တပည့် ငါးယောက်စီ အသီးသီး ရှိကြလေသည်။

ရှမူဟိုင်တွင် သုံးယောက်သာ ရှိလေသည်။

ရှမူဟိုင်သည် တပည့်ရွေးချယ်သည့်နေရာတွင် အလွန်တင်းကြပ်သောကြောင့်ဖြစ်လေသည်။ ဤအချိန်တွင် သူသည် လီဟမ်ရှန်းအား စတုတ္ထမြောက် တပည့်အဖြစ် အမှန်တစ်ကယ် ရွေးချယ်ခဲ့သည်လား။

ကျိုးကျွင်းသည် လီဟမ်ရှန်းအား မည်သို့ပင် ကြည့်ကြည့် မူဟိုင်ဖုန်း၏ တိုက်ရိုက် တပည့် ဖြစ်ရန် အရည်အချင်း ပြည့်မှီသည်ဟု မထင်ပေ။

သူ၏ အရည်အချင်းများသည် အနာဂတ်တွင် အပြင်စည်းကိုသာ ဝင်ရောက်နိုင်ရုံမျှသာ ရှိလေသည်။

ငါ့ ဆရာက ရူးသွားတာလား။

" ကောင်းပြီ... တစ်ကယ်လို့ ဆရာက မင်းကို တိုက်ရိုက် တပည့်အဖြစ် အမှန်တစ်ကယ် ခေါ်တယ်ဆိုရင် မင်းက ငါ့ရဲ့ စတုတ္ထမြောက် ဆရာတူညီလေး ဖြစ်လာလိမ့်မယ်။ ဟီးဟီး၊ ငါက အငယ်ဆုံး တပည့် မဟုတ်တော့ဘူး ဟားဟား!

ကျိုးကျွင်း သည် ရုတ်တရက် ရယ်မောလိုက်လေသည်။

" အနာဂတ်မှာ ဆရာတူ အစ်ကိုကြီးနဲ့ ဒုတိယမြောက် ဆရာတူ အစ်မတို့က ငါ့ကိုပဲ ခိုင်းလို့မရတော့ဘူး။ ဟားဟားဟား! "

ကျိုးကျွင်းသည် ရုတ်တရက် ပျော်ရွှင်လာလေသည်။

သူသည် လီဟမ်ရှန်း အား ကြည့်လေလေ ပို၍သဘောကျလေ ဖြစ်နေလေသည်။

ထိုအရာကိုကြည့်၍ လီဟမ်ရှန်းသည်လည်း ပြုံးနေလေသည်။ ဆရာတူ အစ်ကိုနှင့် ဒုတိယမြောက် ဆရာတူအစ်မတို့၏ တာဝန်များကို ပြုလုပ်ရသည်မှာ အလွန် စိတ်ညစ်စရာ ကောင်းသည်လား။ ထိုသူသည် အမှန်တစ်ကယ် ဆင်းရဲ ဒုက္ခ မခံနိုင်သော လူငယ်လေးဖြစ်လေသည်။ သူအတွက်တော့ မူဟိုင်ဖုန်းတောင်၏ တိုက်ရိုက်တပည့် ဖြစ်နိုင်သရွေ့ ထိုအရာများသည် ပြဿနာ မဟုတ်ပေ။

အမှန်တစ်ကယ်တွင် သတ်ဖြတ်သူတသောင်းတောင်ထိပ်တွင် လုပ်ရသည့် အလုပ်များစွာ ရှိလေသည်။ ထိုအလုပ်များမှာ ပို၍ပင် ပင်ပန်းပါသေးသည်။

လက်ဖက်ရည် နှစ်ခွက်သောက်မျှ ကြာသော အချိန်တွင် ခရမ်းမိုးကြိုးသည် သူတို့နှစ်ဦးအား မူဟိုင်ဖုန်း‌တောင်သို့ ပို့ဆောင်ခဲ့သည်။

မူဟိုင်ဖုန်းတောင်၏ ကြီးမားသော ဂိတ်တံခါးအောက်တွင် အပြင်တပည့် အချို့သည် ကင်းလှည့်နေကြလေသည်။

" ဆရာတူ အစ်ကို ကျိုး "

ကျိုးကျွင်း ပြန်လာသည်ကို ကြည့်၍ လူတိုင်းသည် လေးစားမှုအပြည့်ဖြင့် လျင်မြန်စွာ နှုတ်ဆက်ကြလေသည်။

" အေး " ကျိုးကျွင်း သည် “အင်း” တစ်ခုဖြင့်သာ တုံ့ပြန်လိုက်ပြီး လီဟမ်ရှန်းအား တောင်တန်းဆီသို့ ခေါ်ဆောင်သွားလေသည်။

မူဟိုင်ဖုန်းတွင် ကောင်းကင်နှင့် မြေကြီး၏ ဝိဉာဉ်စွမ်းအားများ ပေါများပြီး သတ်ဖြတ်သူတသောင်းတောင်ထိပ်ထက် အဆပေါင်း ဒါဇင် အားကောင်းလေသည်။

လမ်းတစ်လျှောက်တွင် လီဟမ်ရှန်းသည် မူဟိုင်ဖုန်းတောင်တွင် အပြင်စည်းတပည့်ရော အတွင်းတပည့်ရော တပည့်များစွာ ရှိသည်ကို မြင်ရလေသည်။ လူတိုင်းသည် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြပြီး လေထု တစ်ရပ်လုံးသည် အလွန် ကောင်းမွန်နေလေသည်။

အဆောက်အဦးကြီးများသည် ထူးခြားစွာ လှ‌ပနေကြပြီး လီဟမ်ရှန်း စိတ်ကူးထားသည်နှင့် လုံးဝခြားနားနေလေသည်။

" ဒါက ငါတို့ မူဟိုင်ဖုန်းတောင်ရဲ့ အတွင်း တပည့်တွေ နေတဲ့နေရာပဲ " ကျိုးကျွင်းသည် လီဟမ်ရှန်းအား မိတ်ဆက်ပေးလေသည်။ " မူဟိုင်ဖုန်းမှာ အတွင်း တပည့် တစ်ရာနဲ့ အပြင်တပည့် နှစ်ထောင်ကျော်ရှိတယ်။ အတွင်းတပည့်တွေက ဒီမှာနေပြီး အပြင်တပည့်တွေက တောင်ရဲ့ နောက်ဘက် ဂူတွေမှာ နေထိုင်ကြတယ် "

" တိုက်ရိုက်တပည့်တွေက ဘယ်မှာ နေတာလဲ " လီဟမ်ရှန်းသည် စပ်စုစွာ မေးမြန်းလေသည်။

" တိုက်ရိုက်တပည့်တွေလား "

ကျိုးကျွင်းသည် ရယ်မောလေသည်။ " တိုက်ရိုက် တပည့်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် တောင်ထွတ်တွေ ရှိတယ်။ မင်း တပည့်တစ်ယောက် ဖြစ်လာရင် ငါ့ရဲ့တောင်ဆီ လာပျော်လှည့်ပါ။ အဲဒီအချိန်ကျရင် ဒုတိယမြောက် စီနီယာအစ်မရဲ့တောင်က ကြက်တွေ ခိုးဖို့ ခေါ်သွားမယ် "

" ကြက်တွေ ခိုးတာလား " လီဟမ်ရှန်းသည် အံ့အားသင့်သွားပြီး အဲဒါက စိတ်လှုပ်ရှားစရာ ကောင်းသလား။

တိုက်ရိုက်တပည့်များသည် ထိုသို့ ခိုးမှုများတွင် ပါဝင်သည်လား။

" ဒုတိယမြောက် ဆရာတူ အစ်မရဲ့ တောင်မှာ ဝိဉာဉ် စွမ်းအားဖြည့် အပင်တွေ စိုက်ထားပြီးတော့ စိတ်ဝိဉာ‌ဉ် ကြက်တွေ အများကြီးလည်း ရှိတယ်။ သူတို့က ဝိဉာဉ် စွမ်းအားဖြည့် အပင်တွေကို စားပြီးတော့ ကြီးပြင်းလာတော့ အသားကလည်း ကျစ် ကျစ် " ကျိုးကျွင်းသည် စကားပြောရင်း သွားရေကျလုနီးပါးဖြစ်ပြီး ရယ်မောလေသည်။ " မင်း အဲဒါကို စမ်းကြည့်ရမယ် "

" ဒါပေမယ့် ဒုတိယမြောက် ဆရာတူ အစ်မကို ငါတို့လုပ်တာတွေ သိသွားစေလို့ မဖြစ်ဘူးနော်! " ကျိုးကျွင်းသည် သတိပေးလိုက်လေသည်။

ကျိုးကျွင်း၏ အမူအရာကို ကြည့်၍ လီဟမ်ရှန်းသည် သူ့ဘာသာ တွေးနေလေသည်။ " ငါမသွားတော့ဘူး။ တစ်ကယ်လို့ ဒုတိယမြောက် ဆရာတူ အစ်မက တွေ့သွားရင် ခင်ဗျားက ပြေးသွားပြီး ကျုပ်ကတော့ ရှေ့ရောက်အောင် ပြေးနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ စီနီယာအစ်မက ပြသနာရှာရင် ခံရမှာက ကျုပ်ပဲလေ"

" ပထမဦးဆုံး ဆရာ့ကို သွားတွေ့ကြစို့ " ကျိုးကျွင်းသည် လီဟမ်ရှန်းအား ဦးဆောင်၍ လျင်မြန်သော အရှိန်ဖြင့် ခရမ်းမိုးကြိုးအား ဆက်လက် မောင်းနှင် လိုက်ပြီး မကြာမီ မူဟိုင်ဖုန်း၏ အမြင့်ဆုံး တောင်ထွတ်သို့ ရောက်ရှိသွားလေသည်။

All Chapters