သူကတကယ်တော့ တိုက်ရိုက်တပည့်ပါ
Vol. 6 Ch. 55
“အရင်တုန်းက ငါကြားထားတာရှိတယ်။ သူက အရင်က သတ်ဖြတ်သူတသောင်းတောင်ထိပ်က တပည့်တဲ့”
“သူက သတ်ဖြတ်သူတသောင်းတောင်ထိပ်က အစေခံတပည့် မဟုတ်ဘူးလား။ အဲ့ဒါဆိုရင် ဘယ်လိုဖြစ်ပြီး တိုက်ရိုက်တပည့် ဖြစ်လာခဲ့ရတာလဲ”
“သူ့ရဲ့ ပါရမီကလည်း အရမ်းကို ဆိုးရွားလွန်းတယ်လို့လဲ ငါကြားသေးတယ်။ “
ထိုစကားဝိုင်းကို နားထောင်ရင်းနှင့် သူတိုက်ရိုက်တပည့်ဖြစ်လာသည့် သတင်းမှာ ပျံ့နှံ့နေပြီဖြစ်ကြောင်းကို လီဟမ်ရှန်း သိသွားတော့လေသည်။
သူ့အား စိန်ခေါ်လိုသူများသည် မိမိတို့၏ လက်များကို အားရပါးရပွတ်သပ်ရင်း စောင့်စားနေကြတော့လေသည်။
အချိန်ဖြုန်းလို့မဖြစ်ဘူး
သူ့ကိုယ်သူ တိုးတက်အောင် အမြန်လုပ်မှ ဖြစ်လိမ့်မည်။
အနည်းဆုံးတော့ နှစ်ဝက်ကြာရင် သူက ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်နေမှပဲ ဖြစ်မယ်
လီဟမ်ရှန်းသည် မျောလွင့်ပုံရိပ်ခန်းမသို့ လာကြသော လူအုပ်ကြီးကြားထဲမှ တွန်းတိုက်ကာ ဖြတ်လာခဲ့ရတော့သည်။
အဝေးကတည်းကပင် လီဟမ်ရှန်းက မျောလွင့်ပုံရိပ်ခန်းမကို မြင်တွေ့နေခဲ့ရတော့သည်။
ယခုအကြိမ်သည် မျောလွင့်ပုံရိပ်ခန်းမကို ပထမဦးဆုံးအကြိမ် သူမြင်ဖူးခြင်းဖြစ်သောကြောင့် အတော်လေး အံ့ဩနေခဲ့ရသည်။
မျောလွင့်ပုံရိပ်ခန်းမ၏ အရွယ်အစားမှာ သူစိတ်ကူးထားသည်ထက်များစွာ သာလွန်နေခဲ့လေ၏။
သူက ထိုခန်းမကို သာမန်ရိုးရိုး အဆောက်အဦးဟုသာ ထင်ထားသော်လည်း အထင်နှင့် မတူညီစွာ တောင်တလုံးအရွယ်အစားခန့်ရှိသော ဧရာမ အဆောက်အဦးကြီး ဖြစ်နေခဲ့ပေ၏။
ထိုကဲ့သို့သော အဆောက်အဦးကို တည်ဆောက်ရန်အတွက် လူအင်အား၊ငွေအင်အား များစွာပင် ကုန်ကျပေလိမ့်မည်။
ကြီးမားလှသော မျောလွင့်ပုံရိပ်ခန်းမသည် အုပ်မိုးနေသော တောင်ကြီးအလား ကြီးကျယ်လှသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ မျောလွင့်ပုံရိပ်ခန်းမ၏ အရှေ့ဘက် ကွင်းပြင်တွင်တော့ မရေမတွက်နိုင်အောင် များပြားလှသော တပည့်များသည် အထဲသို့ ဝင်ရောက်ရန်အတွက် တန်းစီကာ စောင့်ဆိုင်းနေကြသည်။
မျောလွင့်ပုံရိပ်ခန်းမသည် ကြီးမားလှသော်လည်း အတွင်းရှိနေရာကိုမူ ကန့်သက်ထားပေသေးသည်။ ထို့ကြောင့် သူတို့က တန်းစီကာ စောင့်ဆိုင်းရန် လိုအပ်နေ၏။
စာလိပ်များကို နားလည်သဘောပေါက်သည့် လုပ်ငန်းစဉ်မှာ အချို့လူများအတွက် တကြိမ်တည်းနှင့် မအောင်မြင်သောကြောင့် အကြိမ်ကြိမ်လာရောက်ရန် လိုအပ်နေခဲ့သည်။
သူတို့က ပထမအကြိမ်မှာပင် နားလည်သဘောပေါက်နိုင်ခဲ့ရင်တောင် တကကြိမ်ထဲနှင့် ကျေညက်အောင် မဖမ်းဆုတ်နိုင်ကြပေ။ စာလိပ်ကို နားလည်သဘောပေါက်ရန် လိုအပ်သည့်အချိန်ကာလမှာ ရှည်ကြာလှပေသည်။
ဒါပေမယ့်လည်း လူတယောက်နှင့် တယောက်ကွာခြားလှပေသည်။
အချို့လူများအတွက် စာလိပ်ကို နားလည်သဘောပေါက်ဖို့အတွက် အကြိမ်ကြိမ် ဖမ်းဆုတ်ရန်လိုအပ်သည်။
သို့သော် အချို့သော ပါရမီရှင်များသည် ပထမအကြိမ်မှာပင် မိုးမြေစွမ်းအား၏ ထောက်ပံ့မှုများနှင့်အတူ တကြိမ်ထဲနှင့် ပြည့်စုံစွာ နားလည်သွားနိုင်ကြပေသည်။
မျောလွင့်ပုံရိပ်ခန်းမတွင် ဝင်ပေါက်ခြောက်ပေါက်ရှိလေသည်။ ဝင်ပေါက်တိုင်းလိုလိုတွင် လူတန်းရှည်ကြီးမှာ တန်းစီနေခဲ့ပြီး ဖြစ်သည်။
ဒါပေမယ့် ခြောက်ခုမြောက်အပေါက်ဝတွင်တော့ တန်းစီနေသည့်လူ လုံးဝကို မရှိနေပေ။
လီဟမ်ရှန်းမှာ ထိုအဖြစ်ကို သိချင်ပေသည်။ထိုသို့ဖြစ်ရခြင်းမှာ အကြောင်းပြချက်တခုခုတော့ရှိရမည်ကို သူသဘောပေါက်၏။ ထို့ကြောင့် အနောက်မှနေ၍ သူ တန်းစီလိုက်ခဲ့သည်။
သူ့အရှေ့တွင်တော့ ရာချီသော တပည့်များ တန်းစီနေဆဲပင်။
သူ့အလှည့်က ဘယ်တော့ ရောက်လာမလဲဆိုတာကို သူမသိပေ။
“ဟင် မင်းကို ငါအရင်က မမြင်ဘူးပါလား”
ထိုအခိုက်တွင် သူ့အရှေ့၌ တန်းစီနေသည့် တပည့်မှာ အနောက်သို့ လှည့်လာပြီး သူ့ကို မြင်သွားတော့သည်။
ထိုသူသည် ဓားတလက်ကို ခါးထက်တွင် ချိတ်ဆွဲထားပြီး ကောက်ရိုးတမျှင်ကို ပါးစပ်တွင် ကိုက်ထားပြန်လေသည်။သူ၏ ပုံစံမှာ ဘယ်အရာမှ အလေးအနက်မထားသည့်ပုံစံပေါက်နေလေတော့သည်။
“ကျွန်တော်က တပည့်အသစ်ပါ” လီဟမ်ရှန်းက ပြန်ဖြေလိုက်၏။
“ဘယ်တောင်ထိပ်က တပည့်လဲ”
“မူဟိုင်ဖုန်း” လီဟမ်ရှန်းက အမှန်အတိုင်းသာ ဖြေလိုက်သည်။
ထိုစကားကိုကြားသော် ထိုတပည့်၏ မျက်လုံးများမှာ အရောင်တောက်ပသွားခဲ့လေတော့သည်။သူက စိတ်အားတက်ကြွစွာနှင့် ပြောလိုက်လေသည်။
“တိုက်ဆိုင်လိုက်တာ။ ငါလည်းပဲ မူဟိုင်ဖုန်းကပဲလေ။ မူဟိုင်ဖုန်းမှာ တပည့်အသစ်ရောက်နေတာတောင် မသိလိုက်ရပါလား”
“ငါ့နာမည်က ဝူစန်းထုံ လို့ခေါ်တယ်။ ငါကလဲ မင်းလိုပဲ မူဟိုင်ဖုန်းရဲ့ အပြင်စည်းတပည့်လေ။ မင်းရဲ့ စီနီယာအကိုကြီးပေါ့ “ထိုတပည့်မှာ ဂုဏ်ယူစွာနှင့် ပြောလိုက်သည်။
“မင်းက ဂျူနီယာညီလေးအသစ်ဆိုမှတော့။ မင်းကို ငါက ဂရုစိုက်ပေးရမှာပေါ့။ မင်းကို အနိုင်ကျင့်တဲ့လူရှိရင် ငါ့နာမည်ကို ပြောလိုက်။ သူတို့မင်းကို အများကြီး မရိုက်စေရဘူး”
လီဟမ်ရှန်းသည် အနည်းငယ်လေး အံ့အားသင့်သွားကာ ဝူစန်းထုံကို ကြည့်လိုက်သည်။
“မင်းကလဲ တက်လှမ်းခြင်းအဆင့်ပဲ ရှိနေသေးတာလေ။ အပြင်စည်းက တက်လှမ်းခြင်းတပည့်တွေကို လက်ခံလို့လား”
“အပြင်စည်းမှာ တက်လှမ်းခြင်းအဆင့်တပည့် မရှိရဘူးလို့ ဘယ်သူက ပြောလဲ။ မင်းလည်း တက်လှမ်းခြင်းအဆင့်ပဲလေ။”
ဝူစန်းထုံမှာ ဘာပြောရမှန်းပင် မသိဖြစ်သွားခဲ့သည်။
“ကိုယ့်ရဲ့ ပါရမီက အရမ်းကို မြင့်မားနေရင် တက်လှမ်းခြင်းအဆင့်ကို ရောက်နေရင်တောင်မှ အပြင်စည်းကို ဝင်နိုင်တယ်လေ။မင်းလည်း အပြင်စည်းကို တိုက်ရိုက်ဝင်လာတာ မဟုတ်လား”
“ကျွန်တော်က အရင်တုန်းက သတ်ဖြတ်သူတသောင်းတောင်ထိပ်ကပါ” လီဟမ်ရှန်းက ဖြေလိုက်သည်။
“သတ်ဖြတ်သူတသောင်းတောင်ထိပ်ကလား? ဒါပေါ့ ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်မှ အပြင်စည်းကို ဝင်လို့ရမယ့် စည်းကမ်းချက် ရှိနေတာပဲ။ မင်းက အဲ့ဒါတောင်မှ အပြင်စည်းကို ဝင်နိုင်တယ်ဆိုမှတော့ မင်းမှာ အဆက်အသွယ်တွေရှိလို့ မဟုတ်လား”
ဝူစန်းထုံမှာ လီဟမ်ရှန်းကို သိသိသာသာ စိတ်ဝင်စားနေသည့်ပုံရှိလေသည်။
“ဒါနဲ့လေ စီနီယာအကို ဝူ ကျွန်တော်တို့ ဘယ်လောက် ကြာကြာ စောင့်နေရဦးမှာလဲ” လီဟမ်ရှန်းက စကားလမ်းကြောင်းလွှဲလိုက်သည်။
“နောက်ထပ် ခုနစ်နာရီ၊ရှစ်နာရီလောက်တော့ စောင့်ရဦးမှာပေါ့” ဝူစန်းထုံက ခါးသက်စွာ ပြုံးရင်း ဖြေလိုက်သည်။
“ကိုယ့်အလှည့်ကို လွယ်လွယ်နဲ့ မရောက်နိုင်ဘူးလေ။ နောက်ပိုင်းကျရင် ဒီဘဝကြီးကို မင်းအသားကျသွားပါလိမ့်မယ်”
“အဲ့လောက်တောင်ပဲလား” လီဟမ်ရှန်းက မျက်မှောင်ကြုံ့လိုက်လေသည်။
ထိုအခိုက်တွင် ကွင်းပြင်တခုလုံးကို လေအေးတချက်ဖြတ်တိုက်သွားခဲ့သည်။
ပုံရိပ်တခုမှာ ဆန်းကြယ်သော ခြေလှမ်းသိုင်းကွက်နှင့်အတူ ကွင်းပြင်ထဲသို့ ရောက်ရှိလာခဲ့လေ၏။
ထိုပုံရိပ်မှာ အမျိုးသမီးတယောက်ဖြစ်ပါသည်။
ထိုမိန်းမပျိုသည် မီးတောက်ကဲ့သို့ ရဲရဲနီနေသော အနီရောင်အဝတ်အစားနှင့်ဖြစ်ပြီး လူတိုင်း၏ စိတ်အာရုံကို ဖမ်းစားသွားခဲ့လေတော့သည်။
သူမသည် မျော့လွင်ပုံရိပ်ခန်းမထဲသို့ ခြောက်ခုမြောက် ဝင်ပေါက်မှ ဝင်ရောက်သွားခဲ့တော့လေသည်။
“သူက ဘယ်သူလဲ။ ဘာလို့ သူကျတော့ တန်းစီစရာမလိုပဲ ဝင်လို့ရနေတာလဲ” လီဟမ်ရှန်းက အနည်းငယ်နားမလည်သောကြောင့် မေးလိုက်သည်။
ဝူစန်းထုံမှာ ထိုကဲ့သို့သော အခြေအနေနှင့် ရင်းနှီးနေပြီဖြစ်သောကြောင့် အေးအေးဆေးဆေးပင် လီဟမ်ရှန်းကို ရှင်းပြလိုက်လေသည်။
“ခြောက်ခုမြောက်ဝင်ပေါက်က တိုက်ရိုက်တပည့်တွေအတွက် သီးသန့်နေရာလေ။ အဲ့ဒီ့ ကောင်မလေးနာမည်က လင်းထုံလို့ခေါ်တယ်။ သူက အဆုံးမဲ့တောင်ထိပ်က တိုက်ရိုက်တပည့်လေ။အဲ့ဒါကြောင့်မို့လို့ သူက ဝင်လို့ရတာပေါ့”
“ဪ ဒီလိုကိုး “ လီဟမ်ရှန်းက ရေရွတ်လိုက်ပြီးနောက် တန်းစီနေသော လူအုပ်ထဲမှ ထွက်ကာ ခြောက်ခုမြောက်ဝင်ပေါက်သို့ ဦးတည်လိုက်သည်။
“ဟေ့ မင်းဘယ်ကိုသွားနေတာလဲ။ကောင်လေး အဲ့ဒီ့ကို မသွားနဲ့။ မင်းအဆူခံရလိမ့်မယ်ကွ”
ဝူစန်းထုံမှာ အလျင်အမြန်ပင် သတိပေးလိုက်တော့သည်။
“မင်းပြောတော့ တိုက်ရိုက်တပည့်တွေက အဲ့ဒီ့ကနေ ဝင်လို့ရတယ်ဆို”
လီဟမ်ရှန်းက တချက်ပြုံးပြလိုက်သည်။
“ကျွန်တော်ကလည်း တိုက်ရိုက်တပည့်ပဲလေ။အဲ့ဒါကြောင့်မို့လို့ တန်းစီစရာမလိုပဲ ဝင်လို့ရတယ်လေ။ ပြောပြလို့ ကျေးဇူးပါ စီနီယာအကိုဝူ”
ထိုသို့ပြောပြီးနောက်တွင် လီဟမ်ရှန်းမှာ နောက်သို့ ပြန်မကြည့်တော့ပဲ ဝင်ပေါက်ထဲသို့ လျှောက်သွားခဲ့သည်။
“သူ ရူးများရူးသွားတာလား” ဝူစန်းထုံ၏ ပါးစပ်တွင်ကိုက်ထားသည့် ကောက်ရိုးမျှင်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေတော့သည်။
“ဒီကောင်လေးက စိတ်ကယောင်ခြောက်ခြားများဖြစ်နေရောလား”
တန်းစီနေသော လူအချို့မှာ လီဟမ်ရှန်း၏ လုပ်ရပ်ကို မြင်ပြီးနောက် ကျိတ်ရယ်လိုက်ကြသည်။
ထိုနေရာရှိအစောင့်များမှာ ဒေါသအလွန်ကြီးသည့် ဂုဏ်သတင်းရှိပေသည်။
ယခင်အချိန်များတုန်းကလည်း တပည့်အသစ်များသည် ရှင်းပြသည်ကို နားမထောင်ပဲ ထိုဝင်ပေါက်မှ ဝင်ရန် ကြိုးပမ်းခဲ့ဖူးကြလေသည်။ အကြိမ်တိုင်းသူတို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အစောင့်များ၏ ဒေါသနှင့် ကြုံတွေ့ခဲ့ကြရလေသည်။
တန်းစီနေရသည်မှာ အချိန်ကြာမြင့်ကာ ပျင်းရိဖွယ်ကောင်းလှသောကြောင့် သူတို့သည် ထိုသို့ ဖြစ်ရပ်များကို ဖျော်ဖြေမှုတခုအနေနဲ့သာ သတ်မှတ်ထားကြလေ၏။
ခြောက်ခုမြောက်ဝင်ပေါက်၌ အစောင့်တယောက်ရပ်ကာ စောင့်ကြပ်နေခဲ့သည်။ သူက တက်လှမ်းခြင်းအဆင့် ပုရွက်ဆိတ်လေး လီဟမ်ရှန်းကို စိုက်ကြည့်လိုက်လေသည်။
“လာပြန်ပြီ နောက်ထပ် အကောင်းအဆိုးနားမလည်တဲ့ တပည့်အသစ်တယောက်”
သူက ဆူပူရန် ဟန်ပြင်လိုက်စဉ်မှာပင် လီဟမ်ရှန်းက တိုက်ရိုက်တပည့်တိုကင်ပြားကို ထုတ်ယူလိုက်သည်။
အစောင့်မှာ တံဆိပ်ပြားကို သေချာကြည့်ရှုကာ စစ်ဆေးလိုက်သည်။ တိုက်ရိုက်တပည့်တံဆိပ်ပြားအစစ်ဖြစ်ကြောင်းကို စစ်ဆေးပြီးသော် သိလိုက်ရလေ၏။
သူက အနည်းငယ်တော့ အံ့အားသင့်နေသည့်တိုင် လီဟမ်ရှန်းကို ခက်ခဲအောင်တော့ မလုပ်ခဲ့ပါချေ။
ထို့ကြောင့် လီဟမ်ရှန်းအား အထဲသို့ ဝင်ခွင့်ပြုလိုက်ခဲ့လေသည်။
လီဟမ်ရှန်း အထဲသို့ ဝင်သွားသောကြောင့် အားလုံးမှာ အံ့အားသင့်နေခဲ့ချေပြီ။
တက်လှမ်းခြင်းအဆင့်ကိုပဲ ရောက်သေးတဲ့ တိုက်ရိုက်တပည့်တဲ့
“ငါ လီး... သူက လီဟမ်ရှန်းဟ”
ဝူစန်းထုံသည် တစုံတခုကို သဘောပေါက်သွားကာ အော်ဟစ်လိုက်သည်။
“ဘာ သူက လီဟမ်ရှန်းလား၊ သတ်ဖြတ်သူတသောင်းတောင်ထိပ်က အစေခံတပည့်လေ။ တက်လှမ်းခြင်းအဆင့်လေးနဲ့ တိုက်ရိုက်တပည့်ဖြစ်လာတဲ့လူမဟုတ်လား”
လီဟမ်ရှန်းမှာ သူ့ကြောင့် မျောလွင့်ပုံရိပ်ခန်းမအရှေ့တွင် အုပ်အော်သောင်းနင်း ဖြစ်နေခဲ့လိမ့်မည်ဟု လုံးဝကို မထင်ထားခဲ့မိပါချေ။
မှောင်မဲနေသော စင်္ကြံလမ်းကို ဖြတ်ကျော်ပြီးသည့်နောက်တွင် လီဟမ်ရှန်းသည် မျောလွင့်ပုံရိပ်ခန်းမကြီးးအတွင်းသို့ ရောက်ရှိလာခဲ့လေပြီ။
သို့သော် အထဲသို့ရောက်မှသာ ပတ်ပတ်လည်၌ လျို့ဝှက်အခန်းပေါင်းများစွာ ရှိနေခဲ့ပြီး အလွန်အမင်းကို တိတ်ဆိတ်နေမှန်း လီဟမ်ရှန်း သိလိုက်ရလေတော့သည်။
သူ့ အရှေ့တွင်တော့ အနီရောင်ဝတ်စုံနှင့် လင်းထုံမှာ တစုံတယောက်နှင့် စကားပြောဆိုနေခဲ့တော့သည်။
လီဟမ်ရှန်း၏ ရောက်ရှိလာမှုကို ခံစားမိသောကြောင့် သူတို့နှစ်ယောက်စလုံးမှာ လီဟမ်ရှန်းကို လှည့်ကြည့်လိုက်ကြလေ၏။
“တက်လှမ်းခြင်းအဆင့်?”
လင်းထုံမှာ သူမ၏ အပြုအမူကို မထိန်းသိမ်းနိုင်ခဲ့ပါချေ။
“နင်က မူဟိုင်ဖုန်းက အသစ်လက်ခံလိုက်တဲ့ တိုက်ရိုက်တပည့်အသစ်ပဲ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား”