← Chapters

ဖုန်းဟိုင်ဒေသငယ်ရဲ့ ပြောင်းပြန်အကြေးခွံကို ထိပါးတဲ့လူက သေရမယ်(ဂ)

Vol. 54 Ch. 826

ဖုန်းဟိုင်ဒေသငယ်ရဲ့ ပြောင်းပြန်အကြေးခွံကို ထိပါးတဲ့လူက သေရမယ်(ဂ)

Vol. 54 Ch. 826

ဤသည်ကိုမြင်သောအခါ လော့ကျင်းစုန်သည် စိတ်ထဲမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ သူက ရွှီချင်းကို အေးတိအေးစက်မျက်လုံးဖြင့် ကြည့်လိုက်ပြီး အနောက်ဆုတ်သွားသည်။

ရွှီချင်းသည် သူ့ကို မတားချေ။ ကောင်းကင်မြေပြင်ဘူးသီးခြောက်ပေါ်သို့ ကျရောက်နေသော သူ၏ အကြည့်ကို လော့ကျင်းစုန်ထံသို့ ပြောင်းရွှေ့လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောသည်။

“ ငါ့အဆိပ်ကို မင်းမဖြေနိုင်ဘူး ”

လော့ကျင်းစုန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက နောက်ထပ်အဆိပ်ဖြေဆေးလုံးများကို ထုတ်ယူတော့မည့်အချိန် ခန္ဓာကိုယ်သည် အလိုအလျောက် တုန်ရီလာသည်။ ထို့နောက် သူ၏ တစ်ကိုယ်လုံးသည် စိမ်းပုပ်ရောင်သို့ နောက်တစ်ဖန် ပြောင်းလဲသွားသည်။

ကြီးစွာသော ကြောက်ရွံ့စိတ်သည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာပြီး အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက အဆိပ်ကို ဖိနှိပ်ရန် ကျင့်ကြံခြင်းအခြေခံကို စတင်လှည့်ပတ်လိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး အကူအညီတောင်းခံရန် သတ္တမမင်းသားနှင့် မင်းသမီးအန်းဟိုင်ကို ကြည့်လိုက်သည်။

သို့သော်လည်း သူစကားမပြောနိုင်ခင် အနက်ရောင်သွေးသည် သူ၏ ဒွရခုနစ်ပေါက်မှ စီးကျလာသည်။ သူ၏ လျှာနှင့် နားရွက်သည် ပထမဆုံး ပြုတ်ကျသွားကြပြီး အနက်ရောင်အရည်သို့ ပြောင်းလဲသွားကြသည်။ တအင့်အင့်ညည်းသံသည် သူ၏ လည်ချောင်းမှ မြည်ထွက်လာသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်သည် အလျှင်အမြန် ဆက်လက် ပုပ်သိုးဆွေးမြေ့နေဆဲဖြစ်သည်။

အသားများသည် တစ်စပြီးတစ်စ ပြုတ်ကျလာသည်။ အသက်ငါးခါရှူချိန်ကြာပြီးနောက် လော့ကျင်းစုန်၏ တစ်ကိုယ်လုံးသည် အနက်ရောင်အရည်သို့ ပျော်ကျသွားသည်။

သူက မပျောက်ကွယ်သွားခင် မင်းသမီးအန်းဟိုင်ကို နောက်ဆုံးအနေဖြင့် ကြည့်သွားသည်။ သူ၏ ကျန်ရှိနေသော မျက်ဆန်ထဲမှာ အသနားခံသော အကြည့်ပေါ်လွင်သည်။ သို့သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ သူမရခဲ့ပေ။

ထိုမြင်ကွင်းသည် နောက်ဆုံးမှာတော့ ဘေးပတ်ပတ်လည်မှ လူများ၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေသည်။

သူတို့သည် စောစောတုန်းက ဝိညာဉ်နတ်သူငယ်လုယက်သော ရွှီချင်း၏ နည်းလမ်းကို လုံးဝအထင်မကြီးချေ။ ထိုသို့တူညီသော အတတ်ပညာများကို ယခင်က သူတို့မမြင်ဖူးကြခြင်းမဟုတ်ပေ။ အဆိပ်ကို အသုံးပြုခဲ့စဉ်ကလည်း ထိုအတိုင်းပင်။

ရွှီချင်းက အောက်လမ်းတာအိုပုံစံသို့ ပြောင်းလဲသွားသည့်အခါမှသာ သူတို့ကို အနည်းငယ် အံ့ဩသွားစေသည်။

သို့သော်လည်း သူတို့၏ အမူအရာပေါ်မှာ မည်သည့်အပြောင်းအလဲမှ မရှိပေ။ ယင်းက လော့ကျင်းစုန်၏ ဦးခေါင်းကို ရွှီချင်းက လှီးဖြတ်လိုက်သည့်အခါမှာပင် ဖြစ်၏။

လော့ကျင်းစုန် သေလိမ့်မည့်မဟုတ်ကြောင်း သူတို့သိထားသည်။

သို့သော်လည်း ယခုတော့ ခြားနားသွားချေ၏။

လော့ကျင်းစုန်သည် အဆိပ်ဖြေဆေးလုံးများကို စားသုံးခဲ့သော်လည်း အဆိပ်သည် ဆက်လက်တည်ရှိနေသည်။ ယင်းက စက္ကန့်ပိုင်းအတွင်း ကြောက်မက်ဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။ သို့ဖြစ်၍ အကြည့်များစွာသည် ရွှီချင်းအပေါ်သို့ ကျရောက်လာကြသည်။

အထူးသဖြင့် မုန့်ယွင်ပိုင်ဖြစ်သည်။ ရွှီချင်းကို ကြည့်သော သူ၏ အကြည့်ထဲမှာ စိတ်ရှုပ်ထွေးခြင်းနှင့် သတိတရားဖြင့် ပြည့်နှက်နေသည်။

သူ၏ ဘေးရှိ ဖန်တီးရှင်စံအိမ်မှ နတ်သမီးလျှိုလန်သည် တစ်ခါမှမဖြစ်စဖူး မျက်နှာတည်ကြည်သွားသည်။ သူက အနက်ရောင်အရည်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ နတ်ဘုရားကျိန်စာအဆိပ် ”

သူ့စကားဆုံးသည်နှင့် လူတိုင်း၏ နှလုံးသည် တုန်ယင်လာသည်။

ထူးဆန်းသော အလင်းရောင်သည် သတ္တမမင်းသား၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ ပထမဆုံးအကြိမ်အဖြစ် မင်းသမီးအန်းဟိုင်သည် ရွှီချင်းကို တည့်တည့်စိုက်ကြည့်လာသည်။

ရွှီချင်းသည် တည်ငြိမ်သော အမူအရာဖြင့် လော့ကျင်းစုန် အနက်ရောင်အရည်သို့ ပြောင်းလဲသွားသော နေရာဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက သွေးပုပ်ကို စိတ်ထဲမထားဘဲ သွေးကွက်ပေါ်မှ ကောင်းကင်မြေပြင်ဘူးသီးခြောက်ကို ကောက်ယူလိုက်သည်။ ယင်းကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းပြီးနောက် သူက သတ္တမမင်းသားနှင့် မင်းသမီးအန်းဟိုင်ထံသို့ အရိုအသေပေးလိုက်သည်။

“ သတ္တမအရှင့်သားနဲ့ မင်းသမီးခင်ဗျာ… ဒီလူက ကျုပ်တို့လူသားမျိုးနွယ်ရဲ့ သူရဲကောင်းဝိညာဉ်ကို စော်ကားပြောဆိုတာကြောင့် ကျွန်တော် သတ်ပစ်လိုက်ပါတယ်… အရင်ဓားကိုင်ရုံးတော်သခင်က လူသားမျိုးနွယ်အတွက်နဲ့ ဖုန်းဟိုင်ဒေသငယ်အတွက် သူ့တစ်ဘဝလုံး အမှုထမ်းခဲ့ပါတယ်… သူရဲ့ စွန့်လွှတ်စတေးခံမှုက ဧကရာဇ်အရှင်ကိုတောင် လေးလေးနက်နက် ဝမ်းနည်းပူဆွေးစေပါတယ်… သူ့ကို ဘိုးဘေးဘုရားကျောင်းမှာ ထာဝရ ပူဇော်ခံရစေဖို့ ဧကရာဇ်အရှင်က သဘောတူခဲ့ပါတယ် ”

“ ဒါပေမဲ့ ဒီလူက ကောင်းကင်ဘုံအမတ်ရဲ့ နောင်သားမျိုးဆက်တစ်ယောက်ဖြစ်ပါလျက်နဲ့ ကျုပ်တို့လူသားမျိုးနွယ်ရဲ့ သူရဲကောင်းကို စော်ကားပုတ်ခတ်ပြီး ဖုန်းဟိုင်ဒေသငယ်ကို ဖရိုဖရဲဖြစ်စေဖို့ ကြံရွယ်နေပါတယ်… သူ့ရဲ့ ရည်ရွယ်ချက်က သံသယဖြစ်ဖွယ်ကောင်းလှပါတယ်… သူက အလင်းရောင်အဖွဲ့အစည်းက အကြွင်းအကျန်တွေနဲ့ ဆက်နွယ်နေတာဖြစ်နိုင်ပါတယ် ”

ရွှီချင်း၏ လေသံတွင် မည်သည့်အတတ်အကျမှ မရှိပေ။ သူ၏ အမူအရာသည် လုံးဝမပြောင်းလဲချေ။ သူက စကားဆုံးအောင်ပြောပြီးနောက် ခေါင်းမော့လိုက်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ ထို့နောက် အနောက်ဘက်လှည့်လိုက်ပြီး ခုန်းရှန်းလုံဆီသို့ လျှောက်သွားသည်။

ခုန်းရှန်းလုံ၏ ဘေးတွင် ရှိနေသော ကျန်းချီဖန်းအတွက်တော့ ရွှီချင်းသည် သူ့ကို တစ်ချက်လေးမှ လှည့်မကြည့်ချေ။

သူသည် ယနေ့အဖြစ်အပျက်၏ အသေးစိတ်ကို အတိအလင်း မဖော်ပြခဲ့သော်လည်း သူ၏ လုပ်ဆောင်မှုများမှတဆင့် သူနှင့် ခုန်းရှန်းလုံသည် တခြားလူများ၏ လက်ထဲမှ ကစားစရာအရုပ်မဟုတ်ကြောင်း အများသိအောင် ကြေညာခဲ့သည်။

သူတို့ကြားမှာ မည်သည့်ပဋိပက္ခရှိပါစေ ယင်းသည် သူတို့၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်သည်။ သူတို့နှင့် ဘာမှမပတ်သက်ပေ။

တစ်ချိန်တည်းမှာ ဖုန်းဟိုင်ဒေသငယ်၏ ပြောင်းပြန်အကြေးခွံကို ထိပါးစော်ကားလာသည့်မည်သူမဆို တန်ကြေးတစ်ခုပြန်ပေးရမည်ဖြစ်ကြောင်း အားလုံးသိအောင် ပြောပြခဲ့သည်။

သတ္တမမင်းသား၏ ပါးစပ်ထောင့်သည် အပေါ်သို့ အနည်းငယ် ပင့်တတ်သွားပြီး အပြုံးတစ်ခု ထွက်ပေါ်လာသည်။ မင်းသမီးအန်းဟိုင်၏ အကြည့်သည် မသိမသာ ငိုက်စိုက်ကျသွားသည်။

ဘေးပတ်ဝန်းကျင်မှ လူတိုင်းသည် တည်ကြည်လေးနက်သွားကြသည်။ ရွှီချင်းအပေါ် သူတို့၏ နားလည်မှုသည် ပိုပြီးရှင်းလင်းလာသည်။

“ ဒီလူက သာမန်မဟုတ်ဘူး ”

ဤသည်မှာ သူတို့အားလုံး၏ တူညီသောအတွေးဖြစ်သည်။ လော့ကျင်းစုန်၏ သေဆုံးမှုကိုတော့ သူတို့က လျစ်လျူရှုထားသည်။ တခြားလူများ၏ ပြဿနာသည် သူတို့နှင့် ဘာမှမဆိုင်ပေ။

အားလုံး၏ အကြည့်က အပေါက်ဝနားသို့ လျှောက်သွားသော ရွှီချင်းထံသို့ ကျရောက်နေစဉ် ရွှီချင်းသည် ရုတ်တရက် ခြေလှမ်းရပ်လိုက်သည်။ သူက သတ္တမမင်းသားကို လှည့်ကြည့်လိုက်သည်။ တစ်ခဏတွေးတောပြီးနောက် သူက ပြောသည်။

“ သတ္တမအရှင့်သား ဖုန်းဟိုင်ဒေသငယ်က ပြည်နယ်သုံးခုကို အရှင့်သား ပြန်ပေးနိုင်မလား ”

ရွှီချင်းက ထိုသို့ပြောသည့်အခါ သတ္တမမင်းသားသည် နှုတ်ဆိတ်သွားသည်။ နားလည်ရခက်သော အပြုံးသည် မင်းသမီးအန်းဟိုင်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သတ္တမမင်းသားသည် ပြုံးလိုက်ပြီး ညင်သာစွာ ပြောသည်။

“ ပြည်နယ်သုံးခုထဲမှာ သူပုန်တချို့ရှိသေးတယ်… သူပုန်တွေအားလုံးကို ရှင်းလင်းပြီးတဲ့အခါ ဖုန်းဟိုင်ဒေသငယ်က ပြန်လည်အုပ်ချုပ်နိုင်မယ် ”

ဤသည်မှာ သူ၏ မူလအတွေးမဟုတ်ပေ။

သို့သော်လည်း ရွှီချင်း၏ မေးခွန်းသည် သူ့အား တိုက်ရိုက်ငြင်းပယ်ရန် အခက်တွေ့စေသည်။ မည်သို့ဖြစ်ပါစေ ရွှီချင်းသည် လော့ကျင်းစုန်၏ သွေးထိုးလှုံ့ဆော်မှုကို ငြင်းဆန်ခဲ့သည်။ ဤသည်မှာ သူမျှော်လင့်နေသောအရာ ဖြစ်သည်။

ထို့ကြောင့် ပြည်နယ်သုံးခု၏ ပိုင်ရှင်အကြောင်းကို ပြောလာသည့်အခါ သူက နောက်တစ်လှမ်းဆုတ်ရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ သူက နောက်ဆုံးရက်အတိအကျကို မပြောခဲ့သော်လည်း သူ၏ သဘောထားကို ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည်။

ရွှီချင်းသည် လက်သီးပေါ် လက်ဝါးအုပ်၍ အရိုအသေပေးလိုက်သည်။ ထိုနောက် သူက ခုန်းရှန်းလုံနှင့်အတူ ထွက်သွားသည်။ အစမှအဆုံးအထိ သူနှင့် ခုန်းရှန်းလုံသည် ကျန်းချီဖန်းကို တစ်ချက်လေးမှ လှည့်မကြည့်ခဲ့ချေ။

ကျန်းချီဖန်းသည်တော့ သူ၏ အမူအရာသည် တည်ငြိမ်သည်။ သူက မည်သည့်အရာကို စဉ်းစားနေကြောင်းပြောရန် မဖြစ်နိုင်ပေ။ ဤအခိုက်အတန့်မှာ သူက ထိုင်ခုံဆီသို့ ပြန်ရောက်လာပြီး ဆက်လက် သေရည်သောက်နေလိုက်သည်။

မကြာမီ ပွဲအခမ်းအနားသည် ရယ်မောသံများဖြင့် ထပ်မံပြည့်နှက်သွားသည်။ နောက်ထပ်မည်သည့်အဖြစ်အပျက်မှ မရှိတော့ပေ။ ရံဖန်ရံခါ တစ်စုံတစ်ယောက်၏ အကြည့်က မြေပြင်ပေါ်မှ အနက်ရောင်သွေးကွက်ပေါ်သို့ ကျရောက်သွားသောအခါ သူတို့၏ နှလုံးသားထဲတွင် လှိုင်းဂယက်တချို့ ထွက်ပေါ်လာသည်။

ညဉ့်နက်အချိန်သို့ ကျရောက်လာသည့်အခါ မင်းသမီးအန်းဟိုင်သည် အနားယူရန် ထပြန်သွားပြီးနောက် ပွဲအခမ်းအနားသည် အဆုံးသတ်သွားသည်။

ဟာလာဟင်းလင်းဖြစ်နေသော ခန်းမဆောင်ထဲတွင် သတ္တမမင်းသားတစ်ယောက်တည်းသာ ထိုင်နေသည်။ သူ၏ အမူအရာသည် တည်ငြိမ်သည်။ သူက တစ်ယောက်တည်း သေရည်သောက်နေရင်း သူ့ဘာသာ ရယ်မောလိုက်လေသည်။

“ တော်ဝင်အမတော်… ငါက နင့်အတွက် ဒီစင်ကို ဆောက်ထားတာ… လက်စသတ်တော့ နင်က ငါ့ကို ဒီလှည့်ကွက်လေး ထုတ်ပြချင်တာပေါ့လေ ”

“ ဒါပေမဲ့ နင့်လောက် ဉာဏ်ကောင်းတဲ့လူက ဒီတစ်ကြိမ် ဘာဖြစ်လို့ အဲ့လောက်ညံ့ဖျင်းသွားရတာလဲ ”

သတ္တမမင်းသားသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ဝိုင်ခွက်ကို ကိုင်ထားသော သူ၏ လက်က ရုတ်တရက် ရပ်တန့်သွားစဉ် သူက နက်နဲစွာ တွေးတောလိုက်သည်။ မကြာမီ သူ၏ အမူအရာသည် မည်းမှောင်သွားပြီး အေးစက်စက်အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

“ အင်အားချိန်ညှိခြင်း ”

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ခုနစ်ရက်ကျော်လွန်သွားသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပြန်ရောက်လာမှုအတွက် ဂုဏ်ပြုပွဲကို ကျင်းပခဲ့သည်။

ထိုအတောအတွင်း ရွှီချင်းနှင့် ခုန်းရှန်းလုံသည် ဖုန်းဟိုင်ဒေသငယ်၏ စစ်စခန်းထဲမှ အပြင်မထွက်ခဲ့ပေ။ သူက လော့ကျင်းစုန်ထံမှ ရရှိခဲ့သော ကောင်းကင်မြေပြင်ဘူးသီးခြောက်ကို လေ့လာနေခြင်းဖြစ်သည်။ အထူးသဖြင့် ဘူးသီးခြောက်ထဲမှ မီးတောက်များ ဖြစ်သည်။

All Chapters