← Chapters

ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ပြိုင်ပွဲမှာ အလဲအလှယ်လုပ်ဖို့ နေ့မရှိဘူး(ခ)

Vol. 54 Ch. 835

ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ပြိုင်ပွဲမှာ အလဲအလှယ်လုပ်ဖို့ နေ့မရှိဘူး(ခ)

Vol. 54 Ch. 835

သူတို့သည် လူသားမျိုးနွယ်မှာ ရှေးဘုရင်အသစ်တစ်ပါး ပေါ်ထွန်းလာမည့်နေရက်ကိုသာ စောင့်မျှော်နိုင်ကြသည်။ သို့မှသာ သူတို့သည် ပြည်တော်ပြန်နိုင်ကြလိမ့်မည်။

နှစ်ထောင်သောင်းများစွာကြာအောင် စောင့်မျှော်ခြင်းသည် လွန်ကဲသော မျှော်လင့်ချက်ထားမှု ဖြစ်လာသည်။

လင်းအာသည် ထိုအရာအားလုံးကို မြင်တွေ့ပြီးနောက် နူးညံ့စွာ သက်ပြင်းချလိုက်လေသည်။

အဘယ့်ကြောင့်ဆိုသော် ဤအဖြစ်အပျက်သည် သူတို့၏ ရှေးဟောင်းဝိညာဉ်မျိုးနွယ်တွင်လည်း အတူတူဖြစ်သောကြောင့်ဖြစ်၏။ သူတို့သည် ထိုလူသားများထက်ပင် ပို၍ကြာရှည်စွာ စောင့်မျှော်ခဲ့သော်လည်း မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။

ရှေးဟောင်းဝိညာဉ်အင်ပါယာက အသက်ရှင်နေဆဲဟု ထင်ရသော်လည်း ဝိညာဉ်ချောက်နက်ထဲမှ အတွေ့အကြုံက လင်းအာကို ရှေးဟောင်းဝိညာဉ်အင်ပါယာနှင့်ပတ်သက်ပြီး သံသယဝင်မိစေသည်။ တစ်ဖက်လူက တစ်ချိန်က ရှေးဟောင်းဝိညာဉ်မျိုးနွယ်ကို ဦးဆောင်ခဲ့ပြီး ဝမ်ကူးကုန်းမြေကို တစ်စုတစ်စည်းတည်းဖြစ်စေခဲ့သော ရှေးဟောင်းဝိညာဉ်အင်ပါယာဖြစ်နေသေးကြောင်း သူမသေချာပေ။

ရွှီချင်းသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။

သူက ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ ပိုက်နက်ကို ဖြတ်ကျော်သွားပြီးနောက် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်၏ ပိုက်နက်ထဲသို့ ခြေချလိုက်သည်။

ထိုမျိုးနွယ်၏ ပိုက်နက်ထဲတွင် တောင်တန်းဒေသများဖြင့် ပြည့်နှက်နေပြီး လွင်ပြင်အနည်းငယ်သာ ရှိသည်။

သူတို့သည်လည်း ဆန်းကြယ်မျိုးနွယ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း သူတို့မှာ အသွေးအသားခန္ဓာကိုယ်ရှိသည်။ ထူးခြားချက်အနေဖြင့် ထိုမျိုးနွယ်ဝင်အားလုံးသည် သူတို့၏ မျက်နှာပေါ်မှာ မျက်နှာဖုံးဝတ်ထားကြသည်။ သို့မဟုတ် ထိုမျက်နှာဖုံးက သူတို့၏ မျက်နှာပင်ဖြစ်နိုင်သည်။

သူတို့၏ အသွင်သဏ္ဍာန်သည်တော့ လူသားမျိုးနွယ်နှင့် ဆင်တူသော်လည်း အရပ်ပိုရှည်သည်။

မျိုးနွယ်ဝင်အများစုသည် ဆယ်ပေကျော် ရှည်လျားကြသည်။ သူတို့၏ မျက်နှာပေါ်မှ မျက်နှာဖုံးပေါ်မှာ သာမန်မျက်နှာအသွင်ပုံစံမရှိပေ။ မျက်နှာဖုံးတစ်ခုလုံးကို ထူးဆန်းသော အစီအရင်များဖြင့် ဖုံးလွှမ်းထားသည်။

သူတို့ထံမှ ကောက်ကျစ်စဉ်းလဲသော စိတ်ဆန္ဒသည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ် ထုတ်ဖော်ပြခဲ့သည်ထက် အများကြီး ပိုပြင်းထန်သည်။ ရွှီချင်းကို ကြည့်နေသော မည်သူမဆို လောဘရမ္မက်နှင့် မကောင်းသောစိတ်ဆန္ဒကို ဘွင်းဘွင်းရှင်းရှင်း ထုတ်ဖော်ပြထားကြသည်။

သို့သော်လည်း ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်များကို သူတို့၏ မကောင်းသောစိတ်ဆန္ဒအား ချုပ်ထိန်းထားစေသည်။ သို့သော် အသိဉာဏ်မဲ့သော မျိုးနွယ်ဝင်တချို့လည်း ရှိသေး၏။

ရွှီချင်းက တောင်တန်းဒေသဆီသို့ ရွေ့လျားသွားနေစဉ် ချုံခိုတိုက်ခိုက်မှုအတော်များများကို တွေ့ကြုံခဲ့ရသည်။

ရလဒ်သည်တော့ ခန့်မှန်းကြည့်ရန် မခက်ခဲပေ။

ကောင်းကင်မျက်နှာဖုံးမျိုးနွယ်၏ ပိုင်နက်ထဲမှ အဆောက်အအုံများသည် ရှည်လျားကြပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အနံ့ဆိုးရှိသည်။

သို့သော်လည်း ထိုမျိုးနွယ်ဝင်များသည် တစ်နှစ်ပတ်လုံး ဤဒေသမှ လေကို ရှူသွင်းရှူထုတ်နေကြသဖြင့် ဆိုးရွားသော အနံ့အသက်ကို မည်သို့မှမခံစားကြရဟန် တူသည်။ သူတို့သည် ဤနေရာမှ အရာအားလုံးနှင့် လုံးဝကျင့်သားရနေပြီ ဖြစ်သည်။

ရွှီချင်းသည် ဤနေရာတွင် လူသားတစ်ဦးတစ်ယောက်မှ မမြင်မိချေ။

ကောင်းကင်မျက်နှာဖုံးမျိုးနွယ်၏ မြို့တော်ထဲမှ စားသောက်ဆိုင်တစ်ဆိုင်ကို သူမြင်သွားသည်။

ဆိုင်ပိုင်ရှင်သည် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်မှ အဖိုးအိုနှင့် သူ့ဇနီးသည် ဖြစ်သည်။ သူတို့၏ မျက်နှာပေါ်မှ မျက်နှာဖုံးများသည် သနားကြင်နာသော အငွေ့အသက်ကို ပေးစွမ်းသော်လည်း တံခါးဝတွင် အသွေးအသားများပါရှိသော အရိုးများကို တွဲလောင်းချိတ်ဆွဲထားသည်။ ထိုအရိုးများထဲတွင် လူသားအရိုးများနှင့် သူတို့မျိုးနွယ်၏ အရိုးများလည်း ရှိသည်။

အားနည်းသူသည် အစားခံရလိမ့်မည်။ ဤသည်မှာ တောတွင်းဥပဒေဖြစ်သည်။

ထိုတောတွင်းဥပဒေသည် မည်သည့်နေရာတွင်မဆို မှန်ကန်သည်။

နန်းဟွမ်ကုန်းမြေထဲမှာပင် ဇတ်တူသားစားသူများကို မြင်တွေ့ရန် အတော်လေး ရှားပါးလှသည်။

“ ပရမ်းပတာ လောကကြီးပဲ… ”

ရွှီချင်းသည် နူးညံ့စွာ သက်ပြင်းချလိုက်ပြီး ထွက်ခွာသွားသည်။ ကောင်းကင်မျက်နှာဖုံးမျိုးနွယ်၏ နယ်စပ်သို့ ရောက်သွားသည့်အခါ သူသွားချင်သော ဤခရီး၏ ပန်းတိုင်သို့ ရောက်ရှိသွားသည်။

ကောင်းကင်ဘုံမီးတောက်ပင်လယ်…

ရွှီချင်း၏ မျက်လုံးထဲတွင် ပုံရိပ်ထင်ဟပ်လာသည်မှာ အဆုံးမဲ့သော အနီရောင်ချော်ရည်ကန် ဖြစ်သည်။ မီးတောက်များသည် ချော်ရည်ကန်ထဲမှ မြင့်တတ်လာနေကြသည်။ ယင်းက အဆုံးမဲ့ပြီး မဖျက်ဆီးနိုင်သော တည်ရှိမှုဖြစ်ဟန် တူသည်။ ထို့အပြင် သူ၏ အမြင်အာရုံကို ပိတ်ဆို့ထားသည်။

ဤဧရိယာသည် အလွန်ကျယ်ပြောသည်။ ရွှီချင်းသည် လေပေါ်သို့ ပျံသန်းသွားပြီး ကြည့်ရှုသည့်တိုင် အဆုံးကို မမြင်နိုင်သေးချေ။

မီးတောက်ပင်လယ်၏ အလင်းရောင်ထွန်းလင်းမှုကြောင့် ကောင်းကင်သည်လည်း လင်းထိန်နေသည်။ မီးတောက်များက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်နှင့် အလွန်အမင်း ပြင်းထန်သော အပူဓာတ်သည် ချော်ရည်ကန်ထဲမှ ပျံ့နှံ့ထွက်လာသည်။

မီးတောင်ပင်လယ်ထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေသော ချော်ရည်လှိုင်းလုံးရိုက်ခတ်မှုလည်း ရှိသည်။ ရံဖန်ရံခါ ပူဖောင်းများသည် ချော်ရည်မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြပြီး ပေါက်ကွဲထွက်သွားကြလေရာ ပမာဏများပြားသော မြေမီးတောက်ကို ဘေးပတ်ဝန်းကျင်သို့ ဖျန်းပက်သွားစေသည်။

ဤသည်မှာ ကမ္ဘာဖျက်ပန်းတစ်ပွင့် ဖူးပွင့်လာသည့်အလားပင်။

တစ်ခဏကြာစိုက်ကြည့်ပြီးနောက် ရွှီချင်းသည် အရှေ့သို့ ခရီးဆက်သွားသည်။ ကမ္ဘာဖျက်ပန်းပွင့်များက ပေါက်ကွဲထွက်သွားသည်နှင့် သူက အရှေ့သို့ ပျံသန်းသွားသည်။

သူသည် ဤနေရာမှ မီးတောက်များကို ချက်ချင်းလက်ငင်း စုပ်ယူရန် အစီအစဉ်မရှိပေ။ ယင်းအစား ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုပြီး ကျင့်ကြံရန် အသင့်တော်ဆုံး နေရာတစ်နေရာကို ဦးစွာရှာဖွေချင်သည်။

မည်သို့ဖြစ်ပါစေ သက်စောင့်မီးအိမ်များကို သူသန့်စင်နေစဉ် ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ဖြစ်ပေါ်လာမည်လောဟု ရွှီချင်း မသေချာပေ။ ယင်းက သူ့ကို မလိုအပ်သော ဒုက္ခများ ဖြစ်ပေါ်စေနိုင်သည်။

ဤနေရာတွင် လှည့်လည်သွားလာနေကြသော ကျင့်ကြံသူများလည်း ရှိသည်။

မည်သို့ဖြစ်ပါစေ ကောင်းကင်ဘုံမီးတောက်သည် ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းတွင် အတော်လေး အသုံးဝင်သည်။ ထို့အပြင် ဤမီးတောက်ကို အချိန်ကာလတစ်ခုထိ သိုလှောင်ထားရန် နည်းလမ်းများစွာ ရှိသည်။

ကောင်းကင်ဘုံမီးတောက်သည် တန်ဖိုးကြီးမားသော ပစ္စည်းဖြစ်သည်။

မီးတာအိုကို အထူးပြုသော ကျင့်ကြံသူတချို့သည်လည်း ဤနေရာသို့ ရောက်လာကြလေ့ရှိသည်။

သို့ဖြစ်၍ ရွှီချင်းသည် ပျံသန်းသွားနေစဉ်တစ်လျှောက် အပြင်လူများကိုသော်လည်းကောင်း ဒေသခံကျင့်ကြံသူများကိုသော်လည်းကောင်း မြင်မိသည်။

သူတို့ထဲမှ တချို့သည် တစ်ကိုယ်တည်းဖြစ်ပြီး တချို့သည် အဖွဲ့ဝင်သုံးလေးယောက်ဖြင့် ဖွဲ့စည်းထားသော အုပ်စုငယ်များ ဖြစ်သည်။

သူတို့သည် မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

အများစုသည် တစ်ယောက်နှင့်တစ်ယောက် သတိကြီးစွာ ထားရှိကြသည်။ အပြင်လူများက သူတို့အနားသို့ ချဉ်းကပ်လာသည့်အခါ သူတို့သည် အလျှင်အမြန် အဝေးသို့ ရှောင်ဖယ်သွားကြသည်။

အလုံးစုံခြုံငုံကြည့်လျှင် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်နှင့် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်မှ ကျင့်ကြံသူများ၏ အရေအတွက်သည် ပိုများပြားသည်။

မီးတောက်ပင်လယ်အနားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သောကြောင့် ထုံးစံအားဖြင့် သူတို့ဆီမှာ ပြင်းထန်သော အပူဒဏ်ကို လျော့ပါးစေနိုင်မည့် နည်းလမ်းများစွာ ရှိသည်။ သူတို့သည် ဤပတ်ဝန်းကျင်တွင် တခြားမျိုးနွယ်စုများထက် ပိုမိုကောင်းမွန်စွာ ကျက်စားနိုင်ကြသည်။

ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် ထူးဆန်းသော တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ဤနေရာမှ ကျင့်ကြံသူတချို့သည် သံလိုက်အိမ်မြှောင်နှင့်တူညီသော တစ်စုံတစ်ခုကို လက်ထဲမှာ ကိုင်ဆောင်ထားကြသည်။ သူတို့သည် ဟိုဟိုသည်သည် လှည့်ပတ်သွားလာနေရင်း တစ်စုံတစ်ခုကို ရှာဖွေနေကြဟန် ရသည်။

ရွှီချင်းသည် အားလုံးကို အဝေးမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ မီးတောက်ပင်လယ်နှင့်ပတ်သက်ပြီး သူ၏ နားလည်မှုသည် အနည်းအကျဉ်းမျှသာ ရှိသော်လည်း ဤနေရာသည် တခြားလူများထံမှ သတင်းမေးမြန်းစုံစမ်းရန် ကောင်းမွန်သောနေရာ မဟုတ်ကြောင်းတော့ သူသိသည်။

သို့ဖြစ်၍ သူက လုပ်ရိုးလုပ်စဉ်အတိုင်း လေ့လာစောင့်ကြည့်နေခြင်း ဖြစ်သည်။

ရွှီချင်းသည် မီးတောက်ပင်လယ်ကို ဖြတ်သန်းသွားရန် အရှိန်တိုးမြှင့်လိုက်သည်။ သူက အလျင်ကို ထိန်းချုပ်ထားသော်လည်း သူ၏ အလျင်သည် မနှေးကွေးပေ။ သို့သော်လည်း သုံးရက်ကြာပြီးသည့်တိုင် မီးတောက်ပင်လယ်၏ အဆုံးသတ်ကို သူမမြင်နိုင်သေးပေ။

“ ဒီဧရိယာက အတော်ကျယ်ပြောတာပဲ… ဧရိယာတစ်ခုလုံးကို စူးစမ်းလေ့လာမယ်ဆိုရင် အချိန်အတော်ကြာသွားလိမ့်မယ်… ”

သို့သော်လည်း ထိုသုံးရက်အတွင်းမှာ သံလိုက်အိမ်မြှောင်ကိုင်၍ လှည့်ပတ်သွားလာနေကြသော ကျင့်ကြံသူများ၏ ရည်ရွယ်ချက်ကို ရွှီချင်း နားလည်သွားခဲ့သည်။

သူတို့က အဖြူရောင်ကျောက်တုံးကို ရှာဖွေနေကြခြင်း ဖြစ်သည်။

ထိုကျောက်တုံးသည် ဤမီးတောက်ပင်လယ်ထဲမှာ သဘာဝအလျောက်ဖြစ်ပေါ်လာသော သယံဇာတပစ္စည်းတစ်ခု ဖြစ်သည်။ ယင်းက ဝိညာဉ်ကျောက်တုံးနှင့် ဆင်တူသော်လည်း ပို၍တန်ဖိုးကြီးမားသည်မှာ ထင်ရှားသည်။ ထို့အပြင် အဖြူရောင်ကျောက်တုံးသည် အရေအတွက်အများအပြား မရှိပေ။ ရံဖန်ရံခါ ချော်ရည်အောက်ခြေတွင် ပုန်းအောင်းနေလေ့ ရှိသည်။

ယင်းတို့ကို အာရုံခံပြီး လိုက်လံစုဆောင်းရန် သံလိုက်အိမ်မြှောင်တစ်ခု လိုအပ်သည်။

ရွှီချင်းသည် ထိုအချင်းအရာကို အဝေးမှ မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူသည် အလွန်အမင်း သတိကြီးပြီး ရန်လိုသော အမူအကျင့်ရှိသည်။ ရွှီချင်းသည် သူ၏ အကန့်အသတ်ကို သိထားသောကြောင့် အနားကပ်မသွားခဲ့ပေ။ သူ၏ စိတ်ထဲမှ သံသယများကို ရှင်းလင်းပြီးနောက် အမြန်ထွက်ခွာသွားသည်။

နောက်ထပ်ရက်အနည်းငယ်ကြာ ပျံသန်းပြီးနောက် သူသည် မီးတောက်ပင်လယ်ထဲသို့ လုံးလုံးဝင်ရောက်သွားသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် ကျင့်ကြံသူအနည်းငယ်မျှသာ ရှိ၏။ ရွှီချင်းသည် သူ၏ မူလအတွေးကို ပယ်ဖျောက်လိုက်သည်။

“ ဒီနေရာမှာ အရင်စမ်းသပ်ကြည့်တာ ကောင်းမယ် ”

ရွှီချင်းသည် တစ်ခဏကြာ နှုတ်ဆိတ်သွားပြီး မီးတောက်ပင်လယ်၏ မျက်နှာပြင်ကို ငုံ့ကြည့်လိုက်သည်။

ထို့နောက် သူက လက်မြှောက်လိုက်ပြီး အကာအကွယ်အလွှာစည်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ လင်းအာအပေါ်သို့ ကျရောက်သွားစေသည်။

ရွှီချင်းက ကျင့်ကြံချင်နေကြောင်း လင်းအာသိသည်။ သို့ဖြစ်၍ သူက မနှောင့်ယှက်တော့ချေ။ သူက သိမ်မွေ့သော အသံဖြင့်သာ ပြောသည်။

“ အကိုရွှီချင်း… အကိုသေချာပေါက် အောင်မြင်ရမယ်… ညီမရဲ့စွမ်းရည်က အခု နည်းနည်းပဲ ထုတ်ပြနိုင်သေးတယ်… ဘေးပတ်ဝန်းကျင်မှာ လူဆိုးတွေရှိမရှိ အကိုရွှီချင်း အာရုံခံနိုင်အောင် ညီမကူညီပေးနိုင်တယ် ”

All Chapters