အင်မော်တယ်တပါးက တောင်ကိုရွှေ့လိုက်ပြီ.......
Vol. 7 Ch. 91
အဝါရောင်ဝတ်အမျိုးသမီး၏ သံသယများကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်ရှန်းက အဖြေမပေးခဲ့ပေ။ သူသည် တောင်နံရံပေါ်တွင် လက်နှစ်ဖက် ဖိကာ ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်နေသည်။
ထို့နောက်မျက်လုံးများ မှေးကျဉ်းလာပြီး တောင်ကြီးကို ရွှေ့ရန် နတ်ဘုရားစွမ်းရည်ကို တိုက်ရိုက် အသုံးပြုခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအင်များ တောင်တလျှောက်လုံး လျင်မြန်စွာ ပျံ့နှံ့သွားသပြီး ဝတ်ရုံဖြူဂဝတ်အမျိုးသား၊ လင်းရှောင်နှင့် အဝါရောင်၀တ် အမျိုးသမီးတို့က သူ့ကို စိုက်ကြည့်နေကြသည်။
"မဖြစ်နိုင်ဘူး....…"
လင်းရှောင်၏နဖူးတွင် အေးစက်သော ချွေးများ စီးကျလာသည်။ သူ့ဆရာသခင်က သူ့ကိုလိမ်မှာမဟုတ်ကြောင်း ယုံကြည်သော်လည်း ကျန်းချန်ရှန်း တကယ်သာ သိုင်းတောင်ထွတ်ကို ရွှေ့ချင်ရင်........
ဝတ်ရုံဖြူဝတ်အမျိုးသားသည် ကျန်းချန်ရှန်း ၏ အော်ရာကို ခံစားလိုက်ရပြီး နှလုံးခုန်နှုန်းများမြန်ဆန်လာသည်။
ဤသည်မှာ တကျန်၏ တာအိုဘိုးဘေးပိုင်ဆိုင်သော ခွန်အားဖြစ်ပါသလား.....
ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူကို သတ်နိုင်သည့် အစွမ်းသတ္တိမျိုးဆိုတာ ဒါမျိုးလား...
ကျန်းချန်ရှန်းကတော့ ခပ်ပြုံးပြုံးပင်...
ကြွားလုံးထုတ်နည်းကို ဘယ်သူ သူ့လောက်သိနိုင်မှာလဲ.....
အဝါရောင်ဝတ်အမျိုးသမီးက လှောင်ပြောင်ဖို့ ပါးစပ်ကိုဖွင့်ခါနီးမှာ တောင်ကြီးတခုလုံး ရုတ်တရက် တုန်ခါသွားသည်။
ဝုန်းးးးးးးး
သူတို့ သုံးယောက်က တစ်ဖက်ကို လှည့်ကြည့်ပြီး အစစ်အမှန်ချီများကို အလျင်အမြန် ဖြန့်ကျက်ကာ လဲမကျအောင်ထိန်းနေရသည်။
ကျန်းချန်ရှန်း၏ ၀တ်ရုံမှ တောက်ပသော အလင်းရောင်များဖြာထွက်နေပြီး ထူးကဲသော အော်ရာများက အမတနတ်ဘုရားဟုပင်ထင်ရလောက်သည်။
ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အော်ရာတွေလဲ.....
အဖြူရောင်ဝတ်အမျိုးသားသည် ထိုကဲ့သို့ တန်ခိုးကြီးသော အရိပ်အယောင်ကို တစ်ခါမျှ မခံစားဖူးပေ။ သူ့အဖေတောင် ကျန်းချန်ရှန်းနှင့်ယှဉ်နိုင်မည်မထင်......
“သူ… သူ ဘယ်နယ်ပယ်လဲ...”
အဖြူရောင်ဝတ်အမျိုးသား အံ့သြနေပြီး ကျန်းချန်ရှန်းကို ပါးစပ်အဟောင်းသားနဲ့ ကြည့်ရင် အရင်ကလို ငြိမ်သက်မနေနိုင်တော့ပေ။
အဝါရောင်ဝတ်အမျိုးသမီး၏ ပါးစပ်မှာလည်း ကြက်ဥတစ်လုံးကို မျိုချနိုင်ရလောက်အောင် အကျယ်ကြီးပွင့်ဟနေသည်။ ကျန်းချန်ရှန်း၏တပည့် လင်းရှောင်သည်ပင် မယုံကြည်နိုင်သော အရိပ်အယောင်ကို ထုတ်ဖော်ခဲ့သည်။
သူတို့၏ ထိတ်လန့်တုန်လှုပ်သော အမူအရာများအောက်တွင် ကျန်းချန်ရှန်းက "ရွေ့စမ်း!"
ဤကြွေးကြော်သံသည် ကမ္ဘာကြီးကို တုန်လှုပ်စေကာ သူတို့သုံးယောက်ကိုပင် နားအူသွားစေသည်။
ဝုန်းးးးးးး
ကြီးမားပြီး ခံ့ညားထည်ဝါသော သိုင်းတောင်ထိပ် လေထဲသို့ မြောက်တက်လာသောအခါ မဟာပထဝီမြေပြင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သိုင်းတောင်ထွတ် ၏ဗဟိုချက်ကမြေသားများ ကွဲထွက်သွားပြီး အက်ကွဲကြောင်းများက ပတ်ဝန်းကျင်တောင်များအထိ ကျယ်ပြန့်လာပြီး မိုင်ဒါဇင်ပေါင်းများစွာသော ဧရိယာအထိ ထိခိုက်ခဲ့သည်။ တုန်ခါမှုတွေက မိုင်ရာနဲ့ချီပြီး ပျံနှံ့နေသည်။
လင်းရှောင်နှင့် အခြားနှစ်ယောက်က ကျန်းချန်ရှန်း၏နောက်တွင် ရပ်နေခဲ့သည်။ ၎င်းတို့၏ခြေဖဝါးအောက်ရှိ မြေပြင် အက်ကွဲခြင်းမရှိသော်လည်း အနီးဆုံးအက်ကွဲကြောင်းသည် ၎င်းတို့နှင့် ပေငါးဆယ်ခန့်သာ ကွာသောကြောင့် အလွန်ထိတ်လန့်နေကြသည်။
မရေမတွက်နိုင်သော ကျောက်တုံးများ ပြိုကျလာသဖြင့် လင်းရှောင်နှင့် ဝတ်ရုံဖြူဝတ်အမျိုးသားတို့က ပြိုကျလာသော ကျောက်တုံးများကို ဖယ်ရှားရန် ဓားများကို လွှဲယမ်းရုံမှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။
“သိုင်း..တောင်..ထွတ်..ကို တကယ်ကြီး..ရွှေ့တော့..မှာလား...…”
အဝါရောင်ဝတ် အမျိုးသမီး အံ့အားသင့်နေပြီး သူ့အသံတုန်နေတာကြောင့် စကားတောင် ဖြောင့်အောင်မပြောနိုင်တော့ပေ။
ပေတစ်သောင်းမြင့်သော သိုင်းတောင်ထိပ်သည် မြေပြင်မြောက်တက်လာကာ ကောင်းကင်ကို ဖုံးလွှမ်းနေသဖြင့် မှောင်စပြုနေပြီဟု သုံးယောက်သား ခံစားနေရသည်။
ကျန်းချန်ရှန်းသည် ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကိုချီပိုးနေသလို လက်နှစ်ဘက် မြှောက်ကာ တောင်နံရံကို ပင့်တင်နေသည်။ ထိုမြင်ကွင်းက လက်တွေ့မဆန်လွန်းတာကြောင့် လင်းရှောင်တို့သုံးယောက်စလုံး မှင်သက်နေကြသည်။
ယခုအချိန်တွင် ကျန်းချန်ရှန်း၏ နဖူးပေါ်မှ ချွေးစက်များစီးကျနေသည်။
သိုင်းတောင်ထွတ်က သူထင်ထားသည်ထက် ပိုလေးသည်။ထို့ကြောင့် ဝိညာဉ်စွမ်းအင် တစ်ခုတည်းဖြင့် လှုံ့ဆော်ရန် ခက်ခဲသည်။ သူ့ထံတွင် နတ်ဘုရားစွမ်းအင်ရှိနေသည်ကို ကံကောင်းသည်ဟုဆိုရမည်။
တောင်တစ်လုံးကို ပေါက်ကွဲအောင်လုပ်ဖို့ လွယ်ပေမယ့် ရွှေ့ဖို့ခက်ခဲသည်။
ကျန်းချန်ရှန်းက သိုင်းတောင်ထွတ်ကို သူ့ခန္ဓာကိုယ်ထဲ ဒါမှမဟုတ် သူ့လက်ဖဝါးထဲကိုထည့်ထားဖို့မရည်ရွယ်ဘဲ ဒီအတိုင်းပင့်မြှောက်ပြီး မြို့တော်ကို ပြန်ဖို့ ပြင်ဆင်နေသည်။
သူသည် လေထဲသို့ ခုန်တက်သွားပြီး သိုင်းတောင်ထွတ်လည်း အလားတူပင် မြှောက်တက်လာသည်။
သူသည် တောင်ခြေရင်းသို့ လျှောဆင်းလာပြီး တောင်ကြီးက်ို လက်ဖဝါးတစ်ဖက်တည်းဖြင့် ပင့်မြှောက်ထားကာ လင်းရှောင်ကို ငုံ့ကြည့်၍.... "မင်းဘာလို့ တောင်ပေါ်မတက်လာသေးတာလဲ....မင်းဘာသာပြန်လာမလို့လား...."
လင်းရှောင် သတိပြန်ဝင်လာပြီး တောင်ပေါ်ကို အလျင်အမြန် ခုန်တက်လိုက်သည်။ယခုအချိန်ထိ တုန်လှုပ်နေသဖြင့် စကားတစ်ခွန်းမှ မပြောနိုင်ပေ။
သိုင်းတောင်ထွတ်သည် ကောင်းကင်သို့ပျံတက်ပြီး သေးငယ်သောတောင်တန်းများမှ ခွဲထွက်သွားကာ ကျန်းချန်ရှန်းနှင့်အတူ ရှီပြည်နယ်ဆီသို့ ပျံသန်းနေသည်။ ဦးတည်ချက်သိရန် ဟွာဂျန်ရှင်း၏ လူဝင်စားခြင်း၏အမှတ်အသားကို အာရုံခံဖို့သာ လိုအပ်သည်။
သိုင်းတောင်ထွတ် ဝေးကွာသွားပြီးနောက် မိုင်ပေါင်းများစွာ ကျယ်သော ဧရိယာကို ဖုံးလွှမ်းထားသည့် တွင်းကြီးတစ်ခု တောင်များကြားတွင် ပေါ်လာသည်။ထိုတွင်းနက်ကြီးသည် ဥက္ကာခဲတစ်ခု မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် အက်ကွဲကြောင်းများဖြစ်ပေါ်စေခဲ့သလိုပင်.....
ဝတ်ရုံဖြူဝတ်အမျိုးသားနှင့်အဝါရောင်ဝတ်အမျိုးသမီးတို့ ထိုနေရာတွင် အမြစ်တွယ်နေကြဆဲပင်.... သိုင်းတောင်ထွတ် သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်တိုင်အောင် သတိမဝင်လာကြသေးပေ။
အဝါရောင်ဝတ်အမျိုးသမီးက “အစ်ကို.... တကျန်းက တကယ်ပဲ သိုင်းပညာမထွန်းကားတဲ့နေရာဟုတ်သေးရဲ့လား...တကျန်းက တိုက်ကြီးရဲ့အလယ်ဗဟိုမှာရှိတဲ့ သိုင်းပညာမင်းဆက်ထက် ပိုကြောက်စရာကောင်းတယ်လို့ ငါဘာလို့ခံစားနေရတာလဲ....."
အစ်ကိုဖြစ်သူက ဘာမှပြန်မဖြေဘဲ တိတ်ဆိတ်နေသည်။
ပေတစ်သောင်းမြင့်တဲ့သိုင်းတောင်ထွတ်ကို ဘယ်လိုသိုင်းပညာရှင်မျိုးကရွှေ့နိုင်မှာလဲ.....
ဒါကြီးက အိမ်မက်ဆန်လွန်းတယ်.....
အဖြူရောင်ဝတ်အမျိုးသားက သူ့ခံစားချက်တွေကို ထိန်းထားသော်လည်း လွှတ်ကနဲ ဆဲလိုက်မိသည်။
“လခွမ်းလိုပဲ... …”
ကျန်းချန်ရှန်းကို လှောင်ပြောင်ခဲ့သည့် အဝါရောင်၀တ်အမျိုးသမီးကလည်း အခုမှသာရှက်ရကောင်းမှန်းနားလည်တော့သည်။
တစ်ချိန်တည်းမှာပင်၊ သူမသည် ကျန်းချန်ရှန်း အကြောင်း သိချင်လာမိသည်။
ဒီလူ ဘယ်နယ်ပယ်ရောက်နေပြီလဲ..... လူတွေပြောနေကြသလို တကျန်းရဲ့သိုင်းဘိုးဘေးက တကယ်ပဲနတ်ဘုရားတပါး ဝင်စားသူလား.......
.............................
တရားဝင်လမ်းမကြီးဘေးရှိ တည်းခိုခန်းတစ်ခုတွင် သက်တော်စောင့်အဖွဲ့တစ်ဖွဲ့ အရက်သောက်ကာ အသားကင်များစားသောက်နေကြသည်။
ထိုအချိန်တွင် စားပွဲထိုးတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် “တောင်ကြီးတစ်လုံး လေပေါ် ပျံနေတယ်…” လို့ အော်ဟစ်လိုက်သည်။
အားလုံးက ထူးဆန်းသောအမူအရာဖြင့် သူ့ကိုကြည့်ကြသည်။
ဆိုင်ရှင်က.... “ပေါက်ကရတွေအော်မနေနဲ့....မင်း အရက်ခိုးသောက်ထားပြန်ပြီလား...."
စားပွဲထိုးက “တကယ်! တကယ်! ငါလိမ်နေတာမဟုတ်ဘူး! အရက်မသောက်ထားဘူး!"
ရုတ်တရက်!
တည်းခိုခန်းအပြင်ဘက်မှာ ချက်ချင်း မှောင်ကျသွားသဖြင့် ဤပြောင်းလဲမှုကြောင့် လူတိုင်း အံ့အားသင့်ခဲ့ကြသည်။
သူတို့အားလုံး ပြတင်းပေါက်နှင့် တံခါးဝများဆီသို့ အလျင်အမြန် ပြေးသွားကြသည်။ မကြာခင်မှာပဲ သူတို့အားလုံး အံသြကုန်ကြ၏။ ဧရာမတောင်ကြီးတစ်လုံး တည်းခိုခန်း၏အထက်ကောင်းကင်ပေါ်ကနေ ဖြတ်သန်းနေသည်။
“တောင်ကြီးတစ်လုံး… တကယ်ပျံနေတယ်…”
“မြတ်စွာဘုရား....!!!”
"မြန်မြန်ကြည့်၊ တောင်အောက်မှာ တစ်ယောက်ယောက်ရှိတယ်!"
" တောင်ကို ရွှေ့နေတဲ့သူရှိတာလား"
“လေထဲမှာ ပျံနိုင်တယ်ဆိုတော့ အစစ်အမှန်နတ်ဘုရားနယ်ပယ်များလား....ဒါပေမယ့် အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ယောက်က တောင်ကို ရွှေ့နိုင်ပါ့မလား.....”
"နေ့ခင်းကြောင်တောင် တစ္ဆေခြောက်ခံရတာများလားကွာ...."
သိုင်းတောင်ထွတ် အောက်ဘက်တွင် ကျန်းချန်ရှန်း၏ ၀တ်ရုံမှ စူးရှသော အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။ မှောင်မိုက်သော တောင်တန်းကြီးအောက်တွင် သူသည် ညကောင်းကင်တွင် တောက်ပနေသော လရောင်ကဲ့သို့ အလွန်ပင် မျက်စိကျစရာ ကောင်းလှသည်။
ကျန်းချန်ရှန်း၏ ပျံသန်းမှုအမြန်နှုန်းမှာ နှေးကွေးခြင်းမရှိပေ။ များမကြာမီပင် သိုင်းတောင်ထွတ်သည် လူတိုင်း၏အကြည့်အောက်တွင် မိုးကုတ်စက်ဝိုင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
ကျန်းချန်ရှန်းသည် သိုင်းတောင်ထွတ်ကို သယ်ဆောင်ပြီး ရှီပြည်နယ်ဆီသို့ ပျံသန်းသွားခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအင်များလည်း အလွန်လျင်မြန်စွာ ကုန်ဆုံးနေသည်။ အကယ်၍ အဆင့်မတက်ခဲ့လျှင် သိုင်းတောင်ထွတ်ကို ရှီပြည်နယ်သို့ပြောင်းရွှေ့ရန် သူ့အတွက် ခက်ခဲပေမည်။ ကံကောင်းထောက်မစွာ၊ သူသည် ယခင်နှင့်မတူတော့ပေ။
လင်းရှောင်က တောင်ထိပ်ကနေပြီး ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။
ယခုအချိန်မှစ၍ သူသည် သိုင်းလောကတွင် ကျင်လည်နေတော့မည်မဟုတ်ပေ။ ဒီလိုသိုင်းပညာနယ်ပယ်ကို ရောက်ဖို့ သူ့ဆရာသခင်ကို သူ့ရဲ့ပန်းတိုင်အဖြစ်သတ်မှတ်ထားလိုက်ပြီဖြစ်သည်။
ဆရာသခင် သိုင်းတောင်ထွတ်ကို မြို့တော်ဆီသယ်ဆောင်သွားမည့် မြင်ကွင်းကို ရုတ်တရက် ပုံဖော်ကြည့်လိုက်မိသည်။ အကြီးဆုံးအစ်ကိုဟွမ်းချွမ်တစ်ယောက် ကြောက်လန့်တကြား သေးဖြန်းဖြန်းထွက်ကျနေပေလိမ့်မည်။
လယ်ကွင်းထဲမှာ လယ်ထွန်နေတဲ့ လယ်သမားအိုကြီးက ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်တော့ သူ့လက်ထဲက ပေါက်ပြား ပြုတ်ကျသွားလေသည်။
မြို့တွင်း သွားလာ လည်ပတ်နေကြသော ပြည်သူများ တယောက်ပြီး တယောက် ကောင်းကင်ပေါ် မော့ကြည့်နေကြပြီး အားလုံး အံ့ဩသွားကြသည်။
“… အဲဒါ ဘာလဲကြီးလဲ…”
“တောင်...တောင်ကြီးတစ်လုံး …”
“တောင်ခြေမှာ တစ်ယောက်ယောက်ရှိနေတယ်.... သူက အမတနတ်ဘုရားလား....?"
"နတ်ဆိုးမဟုတ်ဘူးလား"
“ အမတနတ်ဘုရားတပါး တောင်ကြီးကိုသယ်လာတယ်... မြန်မြန် ဒူးထောက်ကြ!!!"..
သိုင်းပညာသည်များ၏ ထိတ်လန့်တုန်လှုပ်မှုနှင့် နှိုင်းယှဉ်လျှင် သာမာန်ပြည်သူများက ပို၍ စိတ်လှုပ်ရှားနေကြသည်။ သိုင်းတောင်ထွတ်သည် သူတို့ကို မထိခိုက်စေကြောင်း သေချာသိနေသော်လည်း ကောင်းမြတ်သောကံကြမ္မာကို လက်လွတ်သွားမည်ကို စိုးရိမ်သဖြင့် တယောက်ပြီးတယောက် ဒူးထောက်လိုက်ကြသည်။
ကျန်းချန်ရှန်း ပျံသန်းသွားရာလမ်းတစ်လျှောက်၌ လူတိုင်းက ဤမြင်ကွင်းကိုမြင်လျှင် အံ့သြထိတ်လန့်ကာ အော်ဟစ်နေကြသည်။
တောင်ပေါ်ရှိ တောရိုင်းတိရစ္ဆာန်များနှင့် နတ်ဆိုး သားရဲများပင် အံ့အားသင့်ခဲ့ကြသည်။
မြို့ပေါင်းများစွာကို ဖြတ်ကျော်ပျံသန်းပြီးနောက် ရှီပြည်နယ်နှင့် နီးကပ်လာပြီဖြစ်သည်။
.......................
ချန်းမိသားစု၏ခြံဝင်းထဲတွင် ချန်းလီက သူ၏မြေးဖြစ်သူနှင့် ကစားနေသည်။
ရုတ်တရက်ဆိုသလို သိုင်းပညာရှင်အများအပြား ချန်မိသားစု၏ အိမ်ကြီးပေါ်သို့ ခုန်တက်ကာ မြောက်ဘက်တံခါးဆီသို့ ပြေးနေကြသည်ကိုတွေ့လိုက်ရသည်။
"ရိုင်းစိုင်းလိုက်တဲ့ကောင်တွေ!"
ထိုအချိန်တွင် အစေခံတစ်ဉီး ပြေးဝင်လာပြီး "မိသားစု အကြီးအကဲ၊ ကြီးကြီးမားမား ကိစ္စတစ်ခု ဖြစ်နေပြီ....!"
ချန်းလီက စိတ်ဆိုးနေပြီမို့ ချက်ချင်း ကျိန်ဆဲလိုက်သည်။ "ဘာဖြစ်တာလဲ? ကောင်းကင်ပြိုကျလာလို့လား.."
" တောင်ကြီးတစ်လုံး မြို့တော်ကို ဦးတည်ပျံသန်းလာနေတယ်... မြို့တွင်းက အစောင့်တပ်တွေနဲ့ ၀တ်ဖြူတော် အစောင့်တပ်သားတွေအားလုံး စုစည်းပြီး မြောက်ဘက်မြို့တံခါးဆီကို အပြေးအလွှား သွားနေကြပြီ....!”
ချန်းလီ အံ့အားသင့်သွားပြီး "တောင်ကြီးတစ်လုံး.. ?"
"ဟုတ်ပါတယ်...တောင်ကြီးတစ်လုံးပါ!"
ချန်းလီ ရုတ်တရက် တစ်ခုခုကို တွေးပြီး အလျင်စလို ထရပ်လိုက်သည်။
"မြန်မြန်... သွားကြည့်ရအောင်..."
သူ့မြေးဖြစ်သူက ချန်းလီ ထွက်ပြေးသွားသည်ကို မြင်သောအခါ ချက်ချင်းပင် အော်ငိုလေတော့သည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ချန်းလီ သူ့ကို ဂရုမစိုက်နိုင်တော့ပေ။
နန်းတော်အတွင်းတွင်.....
ကျန်းဇီယုက ကျန်းရှုကို သဝဏ်လွှာများဖတ်ခိုင်းထားပြီး သူကိုယ်တိုင်ကတော့ တရားထိုင်ကာ ကြိုးစားကျင့်ကြံနေသည်။
ထိုစဉ် ဝတ်ဖြူတော် အစောင့်တစ်ယောက် ရုတ်တရက် ဝင်လာပြီး ...“အရှင်မင်းကြီး၊ မြို့တော်ကို အရှိန်ပြင်းပြင်းနဲ့ ချဉ်းကပ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တောင်တန်းကြီးတစ်ခုရှိတယ်”
ကျန်းဇီယု မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ " ထပ်ပြောစမ်း?"
"လျှို့ဝှက်ဆန်းကြယ်တဲ့ တောင်ကြီးတစ်လုံး......
သူစကားမဆုံးခင်မှာ ကျန်းဇီယု မတ်တပ်ထရပ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။
တော်ဝင်စာကြည့်ဆောင်ရှေ့တွင် ရပ်နေကြစဉ် အဝေးမှ ဖြည်းညှင်းစွာ ရွေ့လျားလာသော ဧရာမတောင်ကြီး၏ ပုံသဏ္ဍာန်ကို မြင်နိုင်သည်။
သားအဖနှစ်ယောက်စလုံး အံ့ဩသွားကြသည်။
မကြာသေးမီက ဟွာဂျန်ရှင်းသည် ၎င်းတို့ထံ မြေကွက်တောင်းရန် ရောက်ရှိလာသည်ကို သတိရမိသည်။ ဖြစ်နိုင်ပါ့မလား…
သားအဖနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ထိတ်လန့်သွားကြသည်။
လုံချီဘုရားကျောင်းတွင်၊ အရေးပေါ် ခေါင်းလောင်းသံ မြည်ဟီးနေပြီး ထောင်ပေါင်းများစွာသော တပည့်များက တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေကြသည်။ အချို့က တံစက်မြိတ်ပေါ်၌ ရပ်နေ
ကြပြီး အချို့က တောင်အဝင်ပေါက်သို့ ရောက်နေကြကာ အချို့မှာ ကမ်းပါးစွန်းတွင် ရပ်နေကြသည်။
မိုးကုပ်စက်ဝိုင်း၏အဆုံးတွင်၊ ဓားတစ်လက်နှင့်တူသော ကြီးမားသည့်တောင်တန်းကြီးတစ်ခု သူတို့ဆီသို့ ပျံသန်းလာနေသည်။
"အဲ့ဒါဘာလဲ?"
"ရန်သူတွေ တိုက်ခိုက်တာလား"
"ဘယ်ကသာ.... ပျံသန်းနေတဲ့ တောင်ကြီးတစ်လုံးကွ!”
"ထင်ယောင်ထင်မှားဖြစ်နေတာများလား..."
တပည့်များက အံ့အားသင့်စွာ အော်ဟစ်နေကြပြီး ဟွမ်းချွမ်သည်လည်း အံ့အားသင့်သွားခဲ့သည်။
လင်းရှောင် ထွက်မသွားခင် ပြောခဲ့တာကို ရုတ်တရက် သတိရမိလိုက်သည်။
လင်းရှောင်က အဲဒါကို စစ်ဆေးဖို့သွားပြီး ဆရာသခင်က တောင်ကို တကယ်ရွှေ့ခဲ့တာလား.....
ကျန်းချန်ရှန်းရဲ့ ခြံဝင်းကို လှည့်ကြည့်လိုက်တော့ ပိုင်ချီ၊ ဝမ်ချန်း၊ ဟွာဂျန်ရှင်းနှင့်ကျန်းဂျန်တို့သည် တံစက်မြိတ်ပေါ်သို့ ရောက်နေကြသည်ကို သတိပြုမိသည်။ တောင်ထိပ်မှာရှိနေတဲ့ ပိုင်လုံတောင် ခေါင်းထောင်ကြည့်နေပေမယ့် သူ့သခင်ကို ဘယ်မှာမှ မတွေ့ရသေးပေ။
ဟွမ်းချွမ်၏ နှလုံးသား တဆတ်ဆတ် တုန်ခါသွားသည်။
ဟွမ်းချွမ် အံ့သြလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘဲ စိတ်ထဲတွင် ဗလာကျင်းနေသည်။
ဟွာဂျန်ရှင်းလည်း ထိတ်လန့်တုန်လှုပ်သွားသည်။ ကျန်းချန်ရှန်းကို ယုံကြည်ခဲ့သော်လည်း တောင်ကို တိုက်ရိုက်ရွှေ့နိုင်မည်ဟု ထင်မထားခဲ့ပေ။
ပိုင်ချီကတော့ မြေပြင်ပေါ်ဝပ်ပြီး ဆုတောင်းနေဟန်ရှိသည်။
ထိုအချိန်တွင်၊ ကျန်းချန်ရှန်းသည် သူမ၏ နှလုံးသားထဲတွင် လုံးဝကို နတ်ဘုရားတပါး ဖြစ်သွားခဲ့သည်။
သူသည် နတ်ဆိုးဘုန်းကြီးမဟုတ်ဘဲ စစ်မှန်သော အမတနတ်ဘုရားဆိုတာသေချာနေခဲ့ပြီ.....
အဝေးက မြို့တော်ရဲ့ အသွင်အပြင်ကို ကြည့်ရင်း ကျန်းချန်ရှန်း ပြုံးလိုက်မိသည်။
အောက်ဘက် တောအုပ်ထဲတွင် သိုင်းပညာ လေ့ကျင့်နေကြသော သိုင်းသမားအချို့ရှိနေသည်။ သူတို့အားလုံး သစ်ပင်ထိပ်ပေါ်သို့ ပြေးတက်ပြီး သိုင်းတောင်ထွတ်ကို မျှော်ကြည့်ရင်းကနေ ကျန်းချန်ရှန်းကိုပါတွေ့လိုက်ရသည်။
"လူတစ်ယောက်ရှိနေတယ်..!"
"တစ်ယောက်ယောက်က တောင်ကြီးကိုရွှေ့နေတာပဲ..!"
“အဲဒီအလင်းက… တာအိုဘိုးဘေး အတိဒုက္ခကျော်ဖြတ်တုန်းက ကောင်းကင်ပေါ်မှာတောက်ပနေတဲ့အလင်းမျိူးပဲ..."
" တာအိုဘိုးဘေးတွေက တောင်ကိုသယ်လာတာလား... ? အိုးးးး သူက သိုင်းပညာရှင်ရောဟုတ်သေးရဲ့လား...."
"သိုင်းပညာနယ်ပယ်က အရမ်းအစွမ်းထက်တယ်... ရှေးခေတ်က ဒဏ္ဍာရီလာသိုင်းပညာရှင်တွေတောင် ဒါမျိုးလုပ်နိုင်ပါ့မလား....."