← Chapters

ဒဏ္ဍာရီများနှင့်…. နံ့သာတိုင်အရေအတွက်တိုးမြင့်လာခြင်း….

Vol. 7 Ch. 92

ဒဏ္ဍာရီများနှင့်…. နံ့သာတိုင်အရေအတွက်တိုးမြင့်လာခြင်း….

Vol. 7 Ch. 92

ကျန်းချန်ရှန်းက အာမေဋိတ်သံများကို လျစ်လျူရှုခဲ့ပြီး သိုင်းတောင်ထွတ်ကို လက်တစ်ဖက်ဖြင့် ပင့်မြှောက်ကာ မြောက်ဘက်မြို့တံခါးဆီသို့ ခရီးနှင်နေဆဲပင်....

ကျန်းဇီယုက မြောက်ဘက်မြို့တံခါးအပြင်ဘက်ရှိ စွန့်ပစ်မြေများကို လုံချီဘုရားကျောင်းသို့ ခွဲဝေပေးခဲ့သည်။ ကျန်းချန်ရှန်း က ထိုနေရာရာကိုသေချာခြံဝန်းခတ်၍ သစ်သားဆိုင်းဘုတ်ထည့်ခိုင်းဖို့တောင် ဝမ်လီကို အထူးတောင်းဆိုခဲ့သည်။

သိုင်းပညာရှင်အများအပြားက အနီးနားရှိ အဆောက်အအုံများ၏ တံစက်မြိတ်များပေါ်တွင်ရပ်ကာ သိုင်းတောင်ထွတ်ကို လှမ်းကြည့်လိုက်သည်။

ကောင်းကင်မှာ ပျံသန်းနေတဲ့ သိုင်းတောင်ထွတ်ဟာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှပေသည်။

မြောက်ဘက်မြို့တံခါး၏ မြို့ရိုးတွင် အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော ဝတ်ဖြူတော်အစောင့်များဖြင့် ပြည့်နေသည်။

သိုင်းတောင်ထွတ် ပိုမိုနီးကပ်လာသည်နှင့်အမျှ သိုင်းတောင်ထွတ် းအောက်တွင် တစ်စုံတစ်ဦးရှိနေသည်ကို လူများ ပိုမိုမြင်လာကြသည်။မည်သို့ပင်ဆိုစေသားမွေး ဝတ်လုံတော်၏ တောက်ပသော အလင်းရောင်ကို လျစ်လျူရှုဖို့မဖြစ်နိုင်ပေ။

တစ်စုံတစ်ယောက်က တောင်ကိုရွှေ့လာတယ်....တောင်ကြီးက သူ့အလိုလို ပျံနေတာ မဟုတ်ဘူး.....အမှန်တရားက ပိုလို့တောင် တုန်လှုပ်စေခဲ့တယ်.... တောင်ကို ဘယ်သူရွှေ့နိုင်မလဲ။

သူတို့ ပထမဆုံးတွေးမိတာက တာအိုဘိုးဘေး ဒါမှမဟုတ် သူ့ကိုစိန်ခေါ်ဖို့ ရောက်လာတဲ့ ဉာဏ်ရည်နိမ့်ပါးသော ကျွမ်းကျင်သူတွေဟုပင်.....

ကျန်းဇီယု၊ ကျန်းရှု၊ဟန်ထျန်းကျီ၊ချန်းလီ နဲ့ တခြားသူတွေက ဒီမြင်ကွင်းကို မှင်တက်စွာ ကြည့်နေကြသည်။

ကြီးကျယ်ခမ်းနားတဲ့ သိုင်းတောင်ထွတ်ကိုသယ်ဆောင်လာတဲ့ ကျန်းချန်ရှန်းက သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။

"မကြောက်ကြပါနဲ့...အခုချိန်ကစပြီး ဒီတောင်က လုံချီတောင်ရဲ့ ဒုတိယမြောက်တောင်ထွတ်ဖြစ်လာမှာပါ...."

ကျန်းချန်ရှန်း၏အသံက ကောင်းကင်ယံ၌ ပဲ့တင်ထပ်နေသည်။

မြို့သူမြို့သားတိုင်း သူ့အသံကို ကြားနိုင်ပြီး စိတ်သက်သာရာရကာ တုန်လှုပ်ခြောက်ခြားသွားကြသည်။

တာအိုဘိုးဘေးက တောင်ကြီးတစ်ခုကို ရွှေ့နိုင်တယ်တဲ့..ဒါကလည်းပေတစ်သောင်းမြင့်တဲ့ဧရာမတောင်ကြီး!!!!!

ကျန်းချန်ရှန်းသည် မြောက်ဘက်မြို့တံခါးများအပြင်တွင် မည်သူမျှမရှိကြောင်း အတည်ပြုပြီးနောက် မြေပြင်သို့ ဖြည်းညှင်းစွာဆင်းသက်လာခဲ့သည်။ သိုင်းတောင်ထွတ်ကို မြောက်ဘက်မြို့တံခါးနှင့် လုံချီတောင်တို့နှင့် ထိမိခြင်းမှ ကာကွယ်ရန် နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ထားသည်။

ကြီးမားသော သိုင်းတောင်ထွတ် မြေပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသဖြင့် မြောက်ဘက်မြို့တံခါးရှိ စစ်သားများနှင့် သိုင်းပညာရှင်အားလုံး တုန်လှုပ်ချောက်ချားနေကြပြီး လုံချီ ဘုရားကျောင်း၏တပည့်များသည်လည်း ထိတ်လန့်တကြားကြည့်ရှုနေကြသည်။ သိုင်းတောင်ထွတ် သူတို့အနီးအနားကို ရောက်တဲ့အခါ ကျန်းချန်ရှန်းရဲ့ စွမ်းအားကို နားလည်သွားကြပြီဖြစ်သည်။

ဤမျှကြီးမားသော တောင်ကြီးကို လူသားတစ်ယောက် ရွှေ့ရန် မဖြစ်နိုင်ပေ။

ဟွမ်းချွမ်သည် တောင်တက်လမ်းပေါ်တွင် လင်းရှောင် လျှောက်လှမ်းနေသည်ကို ရုတ်တရက်မြင်လိုက်ရပြီး အယောင်ယောင်အမှားမှားနဲ့ တံတွေးမျိုချလိုက်မိလေသည်။

ဒါဟာ လွဲမှားမှုတစ်ခုမဟုတ်တာ သေချာနေပြီပဲ.....

ဝုန်းးးးးးးးး

သိုင်းတောင်ထွတ် မြေပြင်ပေါ်သို့ ဆင်းသက်ကာ မြေကြီးကို လှုပ်ခါစေပြီး မြောက်ဘက်တံခါးများအနီးရှိ လမ်းများပေါ်တွင် ပြည့်လျှံနေသော ဖုန်မှုန့်များကို လှုံ့ဆော်ပေးသည်။

လုံချီတောင်ထက်တောင် ပိုကြီးတဲ့ တောင်ကြီးတစ်ခုဟာ မြောက်ဘက်မြို့တံခါးတွေရဲ့ အပြင်ဘက်မှာ ဆင်းသက်လာခဲ့ပြီဖြစ်သည်။ ထိုတောင်ကြီးသည် မြို့တံခါးနှင့် ပေနှစ်ဆယ်သယ ကွာဝေးပြီး သစ်တောများစွာလည်း ပြိုကျပျက်စီးခဲ့သည်။

သိုင်းတောင်ထွတ် မြေပြင်ပေါ်သို့ ဆင်းသက်သည်နှင့် မြို့တော်တွင် ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ နိုင်ငံသားအားလုံးက တာအို ဘိုးဘေးအမည်ကို ကြွေးကြော်ခဲ့ကြသည်။

ကျန်းဇီယု မှင်သက်စွာရပ်နေပြီး သူ့ဘဝတလျှောက်လုံးလိုက်ရှာနေသည့်အရာသည် အဓိပ္ပါယ်မရှိဟု ရုတ်တရက် ခံစားလိုက်ရသည်။

မင်းဆက်ရဲ့ရည်မှန်းချက်တွေနဲ့ အောင်မြင်မှုတွေကို ဒီလိုအံ့ဖွယ်အမှုတွေနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်မလဲ.....

“အင်မော်တယ်... အင်မော်တယ်နတ်ဘုရား......"

အစေခံတစ်ဦး၏အကူအညီဖြင့် ချန်းလီ သည် သိုင်းတောင်ထွတ်ဆီသို့ မျှော်ကြည့်ရင်း စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးတွေ ပြူးကျယ်နေသည်။

ထိုအချိန်တွင် သူ့နှလုံးသားထဲက အကြီးမားဆုံးသော သံသယကို ဖြေရှင်းနိုင်ခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင် သူသည် ကျန်းချန်ရှန်း၏နောက်ခံအကြောင်းနှင့် သိုင်းပညာသင်ယူခဲ့သည့်နေရာကို သိချင်နေခဲ့သည်။ ကျန်းချန်ရှန်းက အိမ်မက်ထဲမှာ သင်ယူခဲ့တယ်လို့ ပြောခဲ့ပေမယ့် မယုံခဲ့ပေ။ ကျန်းချန်ရှန်းရဲ့နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရှိနေတယ်လို့သာ ခံစားခဲ့ရသည်။

ဤနှစ်များအတွင်း ကျန်းချန်ရှန်းသည် အံ့ဩစရာများ တစ်ခုပြီးတစ်ခု ဖန်တီးနေသည်ကို တွေ့မြင်ရပြီး တကျန်း၏ ရန်သူများကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစေကာ အဆုံးစီရင်ပစ်ခဲ့သည်။ ဒါတောင်မှ ကျန်းချန်ရှန်း ဘာလို့ ဒီလောက်တောင် သန်မာနေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးပေ......

အခုချိန်အထိ ကျန်းချန်ရှန်းကို ကောင်းကင်မှဆင်းသက်လာသော အမတနတ်ဘုရား ဟု ယုံကြည်ခဲ့သည်။

ချန်းလီ စိတ်လှုပ်ရှားလွန်းလို့ ရုတ်တရက်မျက်ဖြူလန်ပြီး မေ့လဲသွားလေတော့သည်။

သိုင်းတောင်ထွတ်ကို နေရာချပြီးနောက် ကျန်းချန်ရှန်းသည် သိုင်းတောင်ထွတ် အောက်ခြေရှိ သစ်တောများထူထပ်လာစေရန် မူလသစ်တောမန္တာန်ကို အသုံးပြုခဲ့သည်။ မြေငလျင်ရုတ်တရက်မဖြစ်ပွားစေရန်နှင့် သိုင်းတောင်ထွတ်ကို မြို့တော်နှင့် မထိစေရန် သစ်ပင်အမြစ်များက သိုင်းတောင်ထွတ်ကို တည်ငြိမ်စေရန် မြေကြီးထဲသို့ နစ်မြုပ်သွားခဲ့သည်။

အမွှေးတိုင်တစ်တိုင်စာခန့်အကြာတွင် တောင်ခြေရင်း၌ သစ်တောကြီးတစ်ခုဖြစ်ပေါ်လာသည်။ နိုင်ငံသားများနှင့် သိုင်းပညာရှင်တို့က ဤအံ့ဖွယ်အမှုကို ကျန်းချန်ရှန်းလုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆကြသည်။

ဤအရာအားလုံးကိုလုပ်ဆောင်ပြီးနောက် ကျန်းချန်ရှန်းသည် လုံချီဘုရားကျောင်းသို့ပြန်လာပြီး ဟွမ်းချွမ်နှင့် ဝမ်လီတို့ထံ အသံပို့လွှတ်ကာ တံတား၊ မဏ္ဍပ်နှင့်ခြံဝင်းတစ်ခုတို့ကို သိုင်းတောင်ထွတ်ပေါ်တွင်တည်ဆောက်ခိုင်းခဲ့သည်။

ပိုင်ချီ သည် ကျန်းချန်ရှန်းကို မှင်သက်စွာ ကြည့်ပြီး စကားမပြောရဲပေ။

ဟွာဂျန်ရှင်းနှင့် ကျန်းဂျန်တို့ ခြံဝင်းထဲသို့ ရောက်ရှိလာပြီး ကျန်းချန်ရှန်းကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

ကျန်းချန်ရှန်းက စကားတစ်ခွန်းမှ မပြောဘဲ သစ်ပင်အောက်တွင် ထိုင်ကာ ကျင့်ကြံနေခဲ့သည်။

သူ၏ဝိညာဉ်ရေးစွမ်းအင်ကို ပြန်လည်ဖြည့်တင်းရပေဉီးမည်။

ဤခရီးစဉ်တွင် သူ၏ဝိညာဉ်ရေးစွမ်းအင်၏ ထက်ဝက်ကျော်ကို သုံးစွဲခဲ့ရသည်။ မင်းဆက်ကိုးပါးနဲ့ ချောင်ဂိုဏ်းနှစ်ခု လက်တွဲပြီးတိုက်ခိုက်ချိန်မှာတောင် သူ ဒီလောက်မပင်ပန်းခဲ့ဖူးပေ။

မြို့တော်တွင် အော်ဟစ်သံများသည် အချိန်အတော်ကြာအောင် ဆက်တိုက်ဖြစ်ပွားခဲ့သည်။ယခုချိန်တွင် နှစ်သစ်ကူးထက် ပိုအသက်ဝင်လာခဲ့သည်။ သိုင်းပညာရှင် အများအပြားနှင့် သာမန်လူများက မြို့ပြင်ရှိ တောင်တန်းများကို ကြည့်ရှုရန် မြို့တံခါးများမှ ထွက်လာကြသည်။ မြေဆီလွှာကို ထိပြီး တောင်တက်လမ်းကို လျှောက်လှမ်းမှသာလျှင် အမှန်ဖြစ်ကြောင်းကို ယုံဝံ့ကြသည်။

“ဒါ… ဒါက သိုင်းတောင်ထွတ်ပဲ.... ဒါက တကယ့် သိုင်းတောင်ထွတ်ပဲ.... ဘယ်လိုဖြစ်နိုင်မလဲ.....သိုင်းတောင်ထွတ်က မြို့တော်ကနေ

မိုင်သုံးထောင်ကျော် ဝေးတယ်လေ...."

အဘိုးအိုတစ်ယောက် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး သူ့စကားကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဒါက သိုင်းတောင်ထွတ်လား.....

တံစက်မြိတ်ပေါ်တွင်ရပ်နေသော ဧကရာဇ်ယန်ကျောက်လည်း ထိုစကားကြောင့် တုန်လှုပ်သွားခဲ့သည်။

သူအရင်က သိုင်းတောင်ထွတ်ကိုရောက်ဖူးတာမို့ သူနဲ့တော်တော်ရင်းနှီးသည်ဟုဆိုနိုင်သည်။

အတိအကျပြောရသော် ဤရင်းနှီးကျွမ်းဝင်မှုကြောင့် သူ အလွန်တုန်လှုပ်သွားခဲ့သည်။

ကျန်းဇီယု ထိုအကြောင်းကိုကြားသောအခါတွင် ဝတ်ဖြူတော်အစောင့်တပ်များကို သိုင်းတောင်ထွတ် ၏ယခင်နေရာသို့ ချက်ခြင်းစေ

လွှတ်လိုက်သည်။

တစ်လခွဲအကြာတွင် မြောက်ဘက်မြို့တံခါးဘေး၌ရှိနေသာတောင်ကြီးသည် အမှန်တကယ်ပင် သိုင်းတောင်ထွတ် ဖြစ်ကြောင်း ကျန်းဇီယု သတင်းရရှိခဲ့သည်။

လမ်းတလျှောက်ရှိ မြို့သူမြို့သားများအားလုံး တာအိုဘိုးဘေးက တောင်အသစ်ပေါ်ကို ရွေ့လျားသွားသည်ကို မြင်တွေ့ခဲ့ရသည်။ နိုင်ငံသားများ အထိတ်တလန့်မဖြစ်စေရန်အတွက် ကျန်းဇီယုက ဤအရာကို ကမ္ဘာသိအောင်ကြေညာရန်မှတပါး ရွေးချယ်စရာမရှိပေ။

တာအိုဘိုးဘေးသည် သိုင်းတောင်ထွတ်ကို မိုင် 3,000 အကွာအဝေးတစ်နေရာသို့ တနေ့တည်း ပြောင်းရွှေ့ခဲ့သည်။

ထိုသတင်းသည် တကျန်းတတိုင်းပြည်လုံးကို ပြန့်နှံ့သွားကာ စီရင်စုနှစ်ဆယ့်နှစ်ခုကိုသာမက သိမ်းပိုက်ခံခဲ့ရသော အခြားမင်းဆက်များအထိပါ ပျံ့နှံ့သွားခဲ့သည်။

မေလတွင်........

မြို့တော်တွင်းက မငြိမ်မသက်မှုများ နောက်ဆုံးတွင် ပြီးဆုံးသွားသော်လည်း သိုင်းတောင်ထွတ်သို့ နေ့စဉ်လာရောက်သူများ ဆက်တိုက်ဆိုသလို ရှိနေသေးသည်။ ယခုအချိန်တွင်၊ သိုင်းတောင်ထွတ်သည် တာအိုဘိုးဘေး၏တန်ခိုးပြယုဂ်ဖြစ်လာခဲ့သည်။

ကျန်းချန်ရှန်းက အမွှေးတိုင်အရေအတွက်ကို နေ့တိုင်းစစ်ဆေးကြည့်ခဲ့သည်။ တောင်ကိုပြောင်းရွှေ့ပြီး ဒုတိယနေ့တွင် အမွှေးတိုင်အရေအတွက်စတင် တိုးပွားလာသည်။

[လက်ရှိ အမွှေးတိုင်အရေအတွက်.. ၉၁၀,၉၈၃]

သုံးလတာတိုအတွင်း၊ ယခင်နှစ်ပေါင်းဒါဇင်ချီသောစုဆောင်းမှုများထက် ပိုများလာခဲ့သည်။

ထို့အပြင် တိုးတက်မှုနှုန်းသည် အလွန်လျင်မြန်ဆဲဖြစ်ပြီး နှေးကွေးရန် အလားအလာမရှိပေ။

သူ့အတွက် အမွှေးတိုင်ထွန်းညှိပူဇော်ပေးနိုင်သူများသည် အကြွင်းမဲ့ ယုံကြည်သူများဖြစ်သည်။ အမှန်မှာ၊ လူအများစုသည် တစ်စုံတစ်ဦးကို စိတ်နှလုံးထဲ၌သာ ကိုးကွယ်ကြသည်။

မျှော်လင့်ထားသည့်အတိုင်း သတင်းအချက်အလက်ရှားပါးသော ဤကမ္ဘာတွင်၊ အစွမ်းထက်သောစွမ်းဆောင်မှုကို ပြသခြင်းဖြင့်သာ လူအများက သူ့ကို ကိုးကွယ်နိုင်မည်ဖြစ်သည်။

ကျန်းချန်ရှန်းစိတ်ထဲသို့ ရုတ်တရက် အတွေးများစွာဝင်လာသည်။

တရုတ်နိုင်ငံအကြောင်း သူသိထားသမျှ ဒဏ္ဍာရီတွေကိုသာ အပြင်မှာလုပ်ဆောင်နိုင်ခဲ့လျှင် အမွှေးတိုင်အရေအတွက် ဘယ်လောက်များရရှိနိုင်မလဲ......

နေမင်းကိုမျှားဖြင့်ပစ်ခွင်းသော ဟောင်ရိ...

ကောင်းကင်ကိုပြုပြင်ခဲ့သည့် နွီဟွား....

ပင်လယ်ထဲကိုရေအပြည့်ဖြည့်ပေးခဲ့သော ကျင်းဝေ့..... အပြင်းအထန်ပေါက်ကွဲသွားသော ဟွာတောင်.......

ကျန်းချန်ရှန်းတစ်ယောက် အရင်ဘဝက ကြားဖူးသမျှသောဒဏ္ဍာရီများကို စိတ်ကူးယဉ်နေမိသည်။

တစ်ချိန်တည်းမှာပင် တကျန်းအင်ပါယာကို ချဲ့ထွင်ခြင်းသည်လည်း သူ့အတွက် အကျိုးရှိကြောင်း သဘောပေါက်ခဲ့သည်။ နိုင်ငံသားတွေ များလေလေ အမွှေးတိုင်အရေအတွက် များများရလေပင်.....

ထိုအချိန်တွင်၊ ကျန်းချန်ရှန်းသည် ကျန်းဇီယု ကို ချက်ချင်းစစ်တိုက်ဖို့တောင် သွားပြောချင်နေသည်။

သို့သော် သူသည် ဤအယူအဆကို မျိုသိပ်ထားဆဲဖြစ်သည်။ သိပ်မကြာခင်က အတိဒုက္ခဖြတ်ကျော်ခဲ့ပြီး အောင်မြင်မှုတစ်ခုစီရဲ့ကြားကာလဟာ ပိုရှည်ကြာလာပေမည်။နောက်ထပ် အတိဒုက္ခဖြတ်ကျော်ဖို့ အနည်းဆုံး နှစ်ပေါင်းလေးဆယ်မဟုတ် နှစ်ရာနဲ့ချီပြီး ကြာမည်ဖြစ်သောကြောင့် စိတ်ပူနေစရာမလိုပေ။

သူသည်သားစဉ်မြေးဆက်များနှင့်အတူ အတိ ဒုက္ခကို အဆက်မပြတ်ကျော်ဖြတ်ရင်း အရာအားလုံးနှင့် ကင်းကွာနေသော အင်မော်တယ်နတ်ဘုရားတပါးဖြစ်လာမည်သာ.... သူ၏သားစဉ်မြေးဆက်များကသာ ကမ္ဘာကြီးကို ပေါင်းစည်းနိုင်ခဲ့လျှင်.....

ထိုအတွေးကြောင့် ကျန်းချန်ရှန်း စိတ်လှုပ်ရှားသွားသည်။

ထိုအချိန်တွင် အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

"ချန်းဝူခေတ်ရဲ့ နှစ်နှစ်ဆယ်တွင် သင် အမှတ်အသားပြုထားခဲ့သည် ချန်းလီ အောင်မြင်စွာ လူပြန်ဝင်စားပြီး ဝေ့မင်းဆက်ပြည်တွင် မွေးဖွားခဲ့သည်"

ထိုသတိပေးချက်ကြောင့်ကျန်းချန်ရှန်း အံ့အားသင့်သွားသည်။ ချန်းလီ လူဝင်စားဖြစ်နေပြီလား......

သူ ချက်ချင်း မျက်လုံးဖွင့်ပြီး သိုင်းတောင်ထွတ်ရှိ ဟွာဂျန်ရှင်းဆီသို့ အသံပို့လွှတ်ပြီး ချန်းလီအကြောင်း မေးမြန်းရန် တောင်းဆိုလိုက်သည်။

ချန်းလီသည် အသက် 90 နီးပါးရှိပြီဖြစ်ပြီး သက်တမ်းရှည်သည်ဟု ယူဆနိုင်သည်။

ကျန်းချန်ရှန်း ဒီအတွက် စိတ်မကောင်းမဖြစ်ခဲ့ပေ။ လူဝင်စားခြင်းသံသရာ၏အစကို သူမြင်ပြီးဖြစ်သည်။ သို့သော် အဖြစ်အပျက်များက အနည်းငယ်ရုတ်တရက်ဆန်လွန်းသဖြင့် အခြေအနေကို နားလည်ရန်လိုသည်။

အမွှေးတိုင်တိုင်စာခန့်အကြာတွင် ဟွာဂျန်ရှင်း ခြံဝင်းသို့ ရောက်ရှိလာသည်။ ဟွမ်းချွမ် ၏အကူအညီဖြင့် တောင်နှစ်လုံးကြားတွင် သစ်သားတံတားသုံးစင်းကို တည်ဆောက်ခဲ့ပြီး ဟွာဂျန်ရှင်းက တံတားများထဲမှ တစ်ခုကို တိုက်ရိုက်ဖြတ်ကူးခဲ့သည်။

" ချန်းလီ ဆုံးသွားတာ သုံးလရှိပြီ....ရှင် သိုင်းတောင်ထွတ်ကိုရွှေ့တဲ့နေ့က သူ အရမ်းစိတ်လှုပ်ရှားပြီး မေ့လဲသွားတယ်.... ဒီအချိန်တုန်းက ရှင့်ကို ဘယ်သူမှ မနှောင့်ယှက်ဖို့ ပြောတာမို့ မပြောဖြစ်ခဲ့တာ....ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ရဲ့လက်ရှိအထောက်အထားနဲ့ဆို ချန်းမိသားစုရဲ့ဈာပနကို တက်ရောက်ဖို့ မသင့်တော်ဘူး"

ကျန်းချန်ရှန်းက ထူးဆန်းသောအမူအရာဖြင့် ငြိမ်နေသဖြင့် ဟွာဂျန်ရှင်းက နှစ်သိမ့်ပေးဲ့သည်။

“အများကြီး စဉ်းစားနေဖို့ မလိုပါဘူး.....အစောပိုင်းနှစ်တွေက သူ့ကို ဆေးတွေ

အများကြီး ပေးခဲ့ပြီးပြီပဲ..... လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာကိုယ်စီရှိကြတယ်....ရှင် သိုင်းတောင်ထွတ်ကို ရွှေ့လာတာကို သူမြင်လိုက်ရတာ ဂုဏ်ယူနေမှာသေချာတယ်...ရှင့်လိုသူငယ်ချင်းကောင်းတစ်ယောက်နဲ့မိတ်ဆွေဖြစ်ခဲ့ရတဲ့အတွက် တစ်သက်လုံး နောင်တရစရာ မရှိဘူး....သူ့နောက်ဘဝမှာ ဒီလိုဂုဏ်တက်စရာမျိုးရှိနိုင်ပါ့မလား..."

သိုင်းတောင်ထွတ် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက်၊ ပတ်ဝန်းကျင်ရှိလူများ၏ နှလုံးသားထဲတွင် ကျန်းချန်ရှန်း၏ ပုံရိပ် ကြီးမားစွာ ပြောင်းလဲသွားသည်။

ကျန်းချန်ရှန်း သက်ပြင်းချလိုက်ပြီး .....

"နားလည်ပါတယ်"

ဟွာဂျန်ရှင်း မပြန်ခင် သူတို့နှစ်ယောက် ခဏလောက် စကားစမြည်ပြောဖြစ်ကြသည်။

ကျန်းချန်ရှန်းက အမွှေးတိုင်စနစ်ကို တိတ်တဆိတ် အသက်သွင်းပြီး ချန်းလီကို ကောင်းချီးပေးရန်အတွက် အမွှေးတိုင်အရေအတွက် 10,000ကို အသုံးပြုခဲ့သည်။

ဒါဟာလည်း မိတ်ဆွေဟောင်းတစ်ယောက်ကွယ်လွန်သည်ကို သုံးလကြာမှသာသိခဲ့ရခြင်းကြောင့် အပြစ်ရှိသလိုခံစားရခြင်းကြောင့်ပင်......

သူ့ဘဝတွင် ချန်းလီကိုသာ သူငယ်ချင်းကောင်းအဖြစ် သတ်မှတ်ခံရနိုင်သည်။ အခြားလူတိုင်းသည် သူနှင့်လက်ငယ်သား ဆက်ဆံရေးသာရှိခဲ့ကြသည်။

သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းက ချန်းလီဟာ စိတ်အားထက်သန်ပြီး သူတို့ နှစ်ယောက်ကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ဖူးသည်။ သို့သော် သူတို့နှစ်ယောင် တစ်သက်လုံး သူငယ်ချင်းနိုင်ဖြစ်မည်ကို မည်သို့သိနိုင်မည်နည်း။

ဒါဟာလည်း ချန်းလီ ရဲ့ဘဝအတွက်သာပင်....

ကျန်းချန်ရှန်းအတွက်တော့ သူ့ဘဝဟာအဆုံးသတ်မရှိသော ထာဝရရှင်သန်ခြင်းပင်......

“ငါ့သူငယ်ချင်းဟောင်းတစ်ယောက် ဆုံးပါးသွားပြီ..... နောက်ဘဝတွေမှာ ပြန်ဆုံနိုင်အောင် ပိုကြိုးစားပြီးကျင့်ကြံရမယ်......"

ယခုလအတွင်း ဝမ်လီသည် တပည့်များကို သိုင်းတောင်ထွတ်သို့ပြောင်းရွှေ့ရန် စတင်စီစဉ်နေပြီဖြစ်သောကြောင့် လုံချီဘုရားကျောင်းတွင် လူသူကင်းမဲ့သွားခဲ့သည်။ ချန်းလီ ကွယ်လွန်သည့်သတင်းကို ကြားလိုက်ရသောအခါတွင် ကျန်းချန်ရှန်း ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။

သို့သော်၊ ဤဝမ်းနည်းကြေကွဲမှုများက မကြာမီ လှုံ့ဆော်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျန်းချန်ရှန်း မျက်လုံးမှိတ်ထားသည်ကို ပိုင်ချီ မြင်သောအခါ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။

ကျန်းချန်ရှန်း သူမကို သိုင်းတောင်ထွတ်သို့ လိုက်ပို့မည်ကို ကြောက်သည်။ မြေဝိညာဉ်သစ်ပင်အောက်တွင်နေထိုင်ခြင်းက သက်တောင့်သက်သာရှိပြီး ကျန်းချန်ရှန်းနှင့် ပိုမိုနီးစပ်နိုင်သည်။

သူတို့နှစ်ယောက် နီးစပ်ပ်လာတာနဲ့အမျှ သူတို့ရဲ့ ဆက်ဆံရေးက ခွဲထားလို့မရအောင်ရင်းနှီးလာမည်ဖြစ်ပြီး ကျန်းချန်ရှန်း၏ပေါင်ကိုလည်း ပွေ့ဖက်ထားနိုင်ပေမည်။

...............................

ပြာလွင်သောကောင်းကင်အောက်မှာတွင်....

အသက်ဆယ့်ခြောက်နှစ်အရွယ် ကျန်းလော့က ရေတံခွန်ကနေ ကမ်းပေါ်တက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေဓာတ်များခန်းခြောက်သွားသည်နှင့်အမျှ သူ့တစ်ကိုယ်လုံးကနေ အပူတွေ ဖြာထွက်နေသည်။

ကျန်းလော့က ငယ်ရွယ်သေးပေမယ့် ခန္ဓာကိုယ်က အင်မတန်သန်မာနေပြီဖြစ်သည်။ အသက်ဆယ့်ခြောက်နှစ်သာရှိသေးသော်လည်း ယောက်ျားပီသပြီး ခွန်အားဗလနှင့်ပြည့်စုံနေသည်။

ကျန်းလော့ရဲ့ရုပ်ရည်က ကျန်းရှုနဲ့တူပေမယ့် သူ့မျက်လုံးတွေက မောက်မာမှုတွေနဲ့ ပြည့်နေပြီး စိတ်နေစိတ်ထားကလည်း ကျန်းရှုနဲ့ လုံးဝကို မတူပေ။

သမုဒ္ဒရာလေးစင်းပဏ္ဍိတက ရေတံခွန်ဘေစသို့လျှောက်လာပြီး ကျန်းလော့ကို ပုလင်းတစ်လုံး ပေးလိုက်ကာ....

“ဒါက ငါ နောက်ဆုံးချက်ထားတဲ့ သစ်သီးဝိုင်..... အနှစ်တစ်ရာ သက်တမ်းရှိတဲ့ ပန်းပွင့်တွေနဲ့ချက်ထားတာမို့ မင်းရဲခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တဲ့အပြင် ကြွက်သားနဲ့ အရိုးတွေကို သန်မာစေနိုင်တယ်....”

ကျန်းလော့က ဝိုင်ပုလင်းကိုယူပြီး တစ်ကျိုက်တည်း သောက်လိုက်သည်။ ထို့နောက် ပါးစပ်ကို သုတ်လိုက်ပြီး....

“ဆရာ...ကျွန်တော့်ရဲ့လက်ရှိခွန်အားနဲ့ဆို ဘယ်အချိန်လောက် အဆင့်နိုင်မလဲ” ဟု မေးလိုက်သည်။

သမုဒ္ဒရာလေးစင်းပဏ္ဍိတက ကူကယ်ရာမဲ့စွာဖြင့်.... “မင်းက ငယ်သေးတယ်.... ဘာကြောင့် ကြိုပြီးအဆင့်တက်ချင်နေတာလဲ... နောက်ထပ် နှစ်အနည်းငယ်ကြာတဲ့အထိ လေ့ကျင့်ပါဉီးလားကွာ.... ဒီကောင်နဲ့ ရန်ဖြစ်စရာ မလိုဘူး....သူ့အဖေက မင်းရဲ့အဘိုးထက်တောင် အသက်ကြီးတယ်.....”

“ဟမ့် သူ တပည့်တွေကို အနိုင်ကျင့်တာကို ကျွန်တော် သည်းမခံနိုင်တော့ဘူး...အရင်းအမြစ်တွေသုံးပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်လာတဲ့ကောင်ကများ သူ့ကိုယ်သူ ပါရမီရှင်တဲ့.... နောက်ထပ်ငါးနှစ်လောက်သာအချိန်ပေးရင် ကျွန်တော် သူ့ကိုကျော်တက်သွားလိမ့်မယ်”

ကျန်းလော့ ဒေါသထွက်လာသည်နှင့် သူ၏မျက်ခုံးနှစ်ခုအကြားက မွေးရာပါအမှတ်အသားတောက်ပလာပြီး တတိယမျက်လုံးရှိသကဲ့သို့ထင်ရစေသည်။

ပဏ္ဍိတာက ပြုံးလိုက်ပြီး.....

“ဘယ်လိုပဲ ကြီးပြင်းလာပါစေ ပံ့ပိုးပေးမယ့်သူရှိခြင်းက ခွန်အားကို ထင်ရှားစေတယ်......ဒီဆရာက အရည်အချင်းမရှိလို့ မင်းကို ဒုက္ခပေးမိသလိုဖြစ်နေပြီ "

ကျန်းလော့က မျက်မှောင်ကြုတ်လိုက်ပြီး....

"ဆရာ ဘာတွေပြောနေတာလဲ....ဆရာသာ ကျွန်တော့်ကို ရှန်းရှန်တုံးထျန်းကိုခေါ်မလာခဲ့ရင် ကျွန်တော် ဘယ်လောက်ပဲအရည်အချင်းရှိပါစေ သေမျိုးသိုင်းပညာရှင်တစ်ယောက်ပဲဖြစ်လာနိူင်လိမ့်မယ်. ....အခုလိုစစ်မှန်တဲ့သိုင်းပညာတွေလည်း လေ့လာသင်ယူနိုင်မှာမဟုတ်ဘူး....."

All Chapters