← Chapters

ကံကောင်းခြင်းမင်းဆက်..... တာအိုဘုရားကျောင်း တည်ထောင်ခြင်း.....

Vol. 7 Ch. 93

ကံကောင်းခြင်းမင်းဆက်..... တာအိုဘုရားကျောင်း တည်ထောင်ခြင်း.....

Vol. 7 Ch. 93

"စကားမစပ် မင်း တကျန်းကို ပြန်ချင်လား"

သမုဒ္ဒရာလေးစင်းပဏ္ဍိတက အကြောင်းအရာပြောင်းပြီး မေးလိုက်သည်။ ကျန်းလော့၏စကားကြောင့် ကျေနပ်မိသော်လည်း ကျန်းလော့ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေမိသည်။

ရှန်းရှန်တုံးထျန်းတွင် တပည့်တိုင်းကို ကာကွယ်နိုင်သည့် တင်းကျပ်သော စည်းမျဉ်းများ ရှိပုံရသော်လည်း အဆင့်အတန်းမြင့်သူတစ်ဦးကို စော်ကားလို့တော့မရပေ။

ကျန်းလော့က အေးဆေးတည်ငြိမ်စွာဖြင့်....

"မပြန်ချင်ဘူး.... လောလောဆယ်ပိုသန်မာချင်သေးတယ်... တကျန်းကို ပြန်သွားရင် ဒုက္ခတွေနဲ့ကြုံရမှာ သေချာတယ်...ကျွန်တော်ဒီမှာရှိနေမှသာ အမွှာညီတော် ထီးနန်းရနိုင်မှာ...."

ပဏ္ဍိတက သူ့နောက်ခံဇာတ်ကြောင်းကို မဖုံးကွယ်ထားပေမယ့် ကျန်းမင်းဆက်ရဲ့ အာဏာကို စိတ်မဝင်စားခဲ့ပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က ပဏ္ဍတိတက သူ့ကို အနီးနားရှိ မင်းဆက်များဆီ ခေါ်သွားဖူးခဲ့သော်လည်း ပြင်ပကမ္ဘာကို မကြိုက်ပေ။

လူသားများသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရပြီး သိုင်းပညာ အားနည်းကြသည်။

သမုဒ္ဒရာလေးစင်းပဏ္ဍိတက စိတ်မကောင်းဖြစ်မိသော်လည်း သဘောတူရုံသာ တတ်နိုင်ခဲ့သည်။

ကျန်းလော့က ဝိုင်ပုလင်းကို သူ့ဆီပြန်ပေး

လိုက်ပြီး လက်ကို ဝှေ့ယမ်း၍ ပျဉ်ထောင်အိမ်ဆီသို့ လျှောက်သွားကာ သူ၏ လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေသည်။

သမုဒ္ဒရာလေးစင်းပဏ္ဍိတက ကျန်းလော့ကို စိုးရိမ်စိတ်ဖြင့် လှည့်ကြည့်လိုက်သည်။

ကျန်းလော့သည် ပြိုင်ဆိုင်မှုပြင်းထန်သောကြောင့် အနာဂတ်တွင် သေချာပေါက် ဒုက္ခပေးလိမ့်မည်။

သူ့ကို ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မလဲ......

သူ၏ သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ပြီး သူ အသက်ရှင်ရန် နှစ်ပေါင်းများစွာ မကျန်တော့ကြောင်း ခံစားနေရသည်။ ဒီကလေးလေးကို သူမသေခင် ပိုသန်မာလာအောင် ကူညီဖို့သာ မျှော်လင့်ရပေတော့မည်။

ပဏ္ဍိတက ထိုသို့တွေးရင်း သက်ပြင်းချလိုက်သည်။

ကျန်းယွမ်ကိုလည်း ရုတ်တရက် သတိရနေမိသည်။ တမလွန်သို့ရောက်သည့်အခါ ငါမင်းမြေးကိုကောင်းကောင်းသွန်သင်စောင့်ရှောက်ခဲ့တယ်...လို့ပြောပြနိုင်တော့မည်.......

ထိုသို့တွေးမိသောအခါ သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ လျော့ပါးသွားသည်။

ဒါကလည်း ဘာကိုမှဂရုမစိုက်ဘဲသက်တောင့်သက်သာနေတတ်သော သူ့ရဲ့ ပင်ကိုယ်စရိုက်ပင်....လူတိုင်းမှာ ကံကြမ္မာကိုယ်စီရှိကြသည်ဟုသာ အခိုင်အမာယုံကြည်ထားသည်။

....................................

ယခုချိန်တွင် တကျန်းသည် အေးချမ်းပြီး ချမ်းသာဝပြောနေပြီး ဧကရာဇ်၏ ကြေငြာချက်က တစ်နှစ်အတွင်း တကျန်း၏ နေရာတိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။ လူတော်တော်များများက တာအိုဘိုးဘေရဲ့ တန်ခိုးကို အံ့ဩပြီး တကယ့်နတ်ဘုရားအဖြစ် မှတ်ယူနေကြပြီဖြစ်သည်။ သို့သော် ဧကရာဇ်က တာအိုဘိုးဘေးကို မျက်ကန်းတစ္ဆေယုံကြည်နေသည်ဟု ခံစားရသူများလည်း ရှိခဲ့သည်။ လူတစ်ယောက်က တောင်တစ်လုံးကို ဘယ်လိုရွှေ့နိုင်မလဲ.....

မည်သို့ပင်ဆိုစေ၊ ကျန်းချန်ရှန်း၏ အမွှေးတိုင်အရေအတွက်များ တိုးလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ အချိန်နှစ်နှစ်တာ ကုန်လွန်သွားခဲ့ပြန်သည်။

ချန်းဝူခေတ်၏ 22 နှစ်တွင် ကျန်းချန်ရှန်း၏အသက် 72 နှစ်ရှိပြီဖြစ်သည်။

ထိုနှစ်တွင် အသက်ဆယ့်ရှစ်နှစ်အရွယ် အိမ်ရှေ့မင်းသားကျန်းရှုက တိုင်းပြည်ကို စတင်ကြီးကြပ်ခဲ့ပြီး တိုင်းရေးပြည်ရာများကို

တာဝန်ယူခဲ့သည်။ ကျန်းဇီယုကတော့ လုံချီ ဘုရားကျောင်းမှာသာ နေ့စဉ်နေထိုင်ခဲ့သည်။

လုံချီဘုရားကျောင်း၏တပည့်များအားလုံး သိုင်းတောင်ထွတ် သို့ပြောင်းရွှေ့ခဲ့ကြပြီး လုံချီတောင်ပေါ်တွင် ကျန်းချန်ရှန်း၊ဝမ်ချန်း၊ ဟွာဂျန်ရှင်းနှင့်ကျန်းဂျန်တို့သာကျန်ရစ်ခဲ့သည်။

ယခုအခါမှသာ ပိုင်ချီနှင့်ပိုင်လုံတို့လည်း လွတ်လွတ်လပ်လပ် နေခွင့်ရရှာတော့သည်။အထူးသဖြင့် ပိုင်လုံသည် အရင်လို တောင်ထိပ်ပေါ်မှာ နေ့တိုင်းနေစရာ မလိုတော့ပေ။ အရင်တုန်းကဆို တစ်စုံတစ်ယောက်ကို မတော်တဆ ထိခိုက်မိမှာ ဒါမှမဟုတ် တောင်ပေါ်က ပန်းပင်တွေနဲ့ သစ်ပင်တွေကို ဖျက်ဆီးပစ်မိမည်ကို အမြဲတမ်း စိုးရိမ်နေခဲ့ရသည်။

ခြံဝင်းထဲတွင်...........

ကျန်းချန်ရှန်းနှင့်ကျန်းဇီယုတို့က ငါးနှစ်သားအရွယ် ကျန်းဂျန် သိုင်းပညာလေ့ကျင့်နေသည်ကို ကြည့်ရှုနေကြသည်။ ဒီကလေးရဲ့ လက်သီးနဲ့ ကန်ချက်တွေက လေလိုညှင်သာပြီး သူ့လှုပ်ရှားမှုတွေက အရွယ်ရောက်သူတစ်ယောက်လို ချောမွေ့နေသည်။

ကျန်းဂျန် သင်ယူခဲ့သောကျင့်စဉ်မှာ ရှန်းရှန်တုံးထျန်းမှ နတ်ဘုရားကျင့်စဉ်ဖြစ်ပြီး ၎င်းသည် ဟန်ဖုန်း ကျင့်ကြံနေသည့် ကောင်းကင်သံသရာကျင့်စဉ်ပင်ဖြစ်သည်။

မဟာယာနနဂါးမျှော်စင်၏ မဟာ ကောင်းကင်သံသရာကျင့်စဉ်သည် ဤကျင့်စဉ်၏ မပြည့်စုံသော ဗားရှင်းဖြစ်သည်ဟု ဆိုနိုင်သည်။ မပြည့်စုံသော ဗားရှင်းဖြစ်သောကြောင့် အတိအကျ ခွဲခြား၍မရပေ။ ကောင်းကင်သံသရာကျင့်စဉ်သည် တိုက်ပွဲတွင် ရန်သူ၏ ခွန်အားကို စုပ်ယူနိုင်ပြီး အချိန်တိုအတွင်း ၎င်းတို့ထံ ပြန်လည်ရောက်ရှိနိုင်သည်။ ဤသည်မှာ ငါးကြင်းဆီနှင့်ငါးကြင်းကြော်ခြင်း ဆိုသလိုပင်....

ကောင်းကင်သံသရာကျင့်စဉ်သည် ကိုယ်ပိုင်အသုံးပြုမှုအတွက် တဖက်လူ၏ခွန်အားကို မစုပ်ယူနိုင်သော်လည်း၊ ၎င်းသည် လူတစ်ဦး၏စစ်မှန်သောချီကို အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ဓာတ်ပြုနိုင်သည်။ ထို့ကြောင့် ကိုယ်ပိုင်စွမ်းအားအဖြစ်အသုံးပြုဖို့ မသင့်တော့ပေ။ ထို့အပြင် ဤကျင့်စဉ်ကို ကျင့်ကြံခြင်းသည် လူတစ်ဦး၏ ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ အသက်ကိုပင် ရှည်စေနိုင်သည်။

ကျန်းဇီယုက ဂုဏ်ယူစွာပြုံးလိုက်ပြီး "ဘယ်လိုနေလဲ....ဂျန်အာက ကျွန်တော်နဲ့တူတယ်မလား..."

ကျန်းချန်ရှန်းက "မင်းထက်အများကြီးပိုတော်တယ်....."

ကျန်းဇီယုက ကျယ်လောင်စွာ ရယ်မောသော်လည်း စိတ်မဆိုးခဲ့ပေ။ထိုအစား ကျန်းဂျန်ကို ဂုဏ်ယူစွာဖြင့် ကြည့်လိုက်သည်။

ကျန်းချန်ရှန်းက “မင်းကော ဘယ်လိုလဲ....ရှေ့လျှောက် ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ..... "

ကျန်းဇီယုသည် လုံချီ ဘုရားကျောင်းတွင် တစ်နှစ်ခွဲကျော် နေထိုင်ခဲ့သည်။ လွန်ခဲ့သည့်လကတည်းက နန်းတော်သို့ပင် မပြန်တော့ပေ။ သူက ကျန်းချန်ရှန်းရဲ့ ခြံဝင်းထဲမှာပဲ နေထိုင်ခဲ့သည်။ ဟွာဂျန်ရှင်းကလာည်း ဤကိစ္စအတွက် အလွန်ပျော်ရွှင်ခဲ့သည်။ မိသားစု သုံးယောက် အတူတကွ နေထိုင်ခွင့်ရသည်မှာ ပျော်ရွှင်ဖွယ်ဘဝပင်ဖြစ်ချေသည်။

"ဘာအစီအစဉ်လဲ..... တကျန်း အတွက် ကြီးမားတဲ့ အခြေခံအုတ်မြစ်ကို ကျွန်တော် ချထားပြီးသားပါ....ရှုအာ အရွယ်ရောက်လာရင် ထီးနန်းစွန့်ပြီး သူ့ကိုအားလုံးလွှဲထားလိုက်တော့မယ်....."

ကျန်းချန်ရှန်းက သူဘာတွေတွေးနေလဲဆိုတာ သိနေသည။ ဒီကလေးက အင်မော််တယ်ဘဝကိုလျှောက်လှမ်းချင်သော်လည်း မဖြစ်နိုင်ပေ။ ကျန်းဇီယုတွင် ရှင်သန်မှုစနစ်မရှိသည့်အပြင် ကျန်းချန်ရှန်းတွင်လည်း စည်းမျဉ်းများကိုချိုးဖျက်ရန် လုံလောက်သော အစွမ်းမျိုးမရှိပေ။ရှိခဲ့လျှင်တောင် သိုင်းလောက၏ စည်းမျဉ်းများက ကန့်သတ်ထားမည်ဖြစ်သည်။

ကျန်းချန်ရှန်းက ကူကယ်ရာမဲ့စွာဖြင့်... " မင်း ကောင်းကင်သံသရာကျင့်စဉ်ကို လေ့ကျင့်ချင်လား.... ဒါမှမဟုတ် ကောင်းကင်ကိုသိမ်းပိုက်ထားတဲ့နဂါးကျင့်စဉ်ကိုလေ့ကျင့်မလား.... အနည်းဆုံးတော့၊ ဒါတွေက ငါ့ရဲ့ကောင်းကင်ဘုံကျမ်းစာထက် ပိုအားကောင်းတယ်....ငါ ကျင့်တဲ့ကျင့်စဉ်ကိုလေ့ကျင့်ချင်ရင် ကောင်းကင်ကျမ်းဂန်ရဲ့ အမြင့်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ရမယ်... ဟွမ်းချွမ်တော့ အစောကြီးကတည်းက စွန့်လွှတ်ပြီးပြီ..... မင်းအနေနဲ့ စမ်းကြည့်သင့်တယ်မဟုတ်လား"

ကျန်းဇီယုက ခေါင်းယမ်းပြီး ရယ်လိုက်ကာ....

“ကျွန်တော်က ခေါင်းမာတဲ့သူမဟုတ်ပါဘူး.

.... တကယ်တော့၊ ကျွန်တော့်အရည်အချင်းတွေနဲ့သာဆို လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရနိုင်တယ်ဆိုတာ နားလည်တယ်...ဒါပေမယ့် အခုချိန်မှာ ဘာမှမဟုတ်တော့ဘူး....ကျွန်တော်က ပင်းအန်းနဲ့ဟွမ်းချွမ် လောက် မတော်ဘူး။ သိုင်းပညာကို ကြိုးကြိုးစားစား လေ့ကျင့်ရင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်နိုင်ပေမယ့် ကျွန်တော့်ဘဝရဲ့ အချိန်အများစုကို ဖြုန်းတီးပစ်ရင် အဲဒါက ထိုက်တန်မှာလား.....”

“ငါသာ ကောင်းကင်သံသရာကျင့်စဉ်ကိုမလေ့ကျင့်နိုင်ရန် ကောင်းကင်ကိုသိမ်းပိုက်တဲ့နဂါးကျင့်စဉ်ကိုလည်း လေ့ကျင့်နိုင်မယ် မဟုတ်ဘူး.... မဟာယာနနဂါးမျှော်စင်ကနေ ဘာကိုမှ မသင်ယူချင်တော့တဲ့အပြင် တကျန်း သိုင်းလောကရဲ့ ကံကြမ္မာ ဖိနှိပ်ချုပ်ချယ်မှု အားကောင်းလာစေဖို့ပဲ အားကိုးချင်တယ်...”

“ကျွန်တော့်ဘဝရဲ့ တစ်ဝက်လောက်အထိ တိုက်ပွဲဝင်ခဲ့တယ်...အခုချိန်မှာကိုယ့်ကိုကိုယ် ပျော်အောင်နေတာ ဘာများမှားနေလို့လဲ.... ဆေးလုံးတွေ သန့်စင်မယ်...စစ်တုရင်ကစားမယ်... ပုရစ်တိုက်မယ်...ပြီးရင် အဖေ့နောက်ို တစ်သက်လုံးလိုက်မယ်...ဘယ်လောက်များပျော်စရာကောင်းလိုက်သလဲ...အဖေကလွဲရင် ဒီကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တဲ့ တခြားသူရှိသေးလို့လား...."

သူက ပခုံးတွန့်ပြပြီး မြေပဲပန်းကန်တစ်ချပ်ကို ကောက်ကိုင်လိုက်ပြီး ကျန်းဂျန်ဆီသို့ လျှောက်သွားလိုက်တော့သည်။

ကျန်းချန်ရှန်း၏နှလုံးသည် ရုတ်တရက် နူးညံ့ပျော့ပျောင်းလာခဲ့သည်။

ဟုတ်ပေသည်....ကျန်းဇီယု ဘဝတစ်ဝက်လုံးလုံး တိုက်ပွဲဝင်ခဲ့တာမို့ ရပ်တန့်ဖို့အချိန်တန်ပြီ.....

ကျန်းချန်ရှန်းက ကျန်းမင်းဆက်ကို ချဲ့ထွင်ပြီး အမွှေးတိုင်အရေအတွက် များများရချင်ပေမယ့်လည်း သူ့သားကို တစ်သက်လုံး အလုပ်မကြိုးစားစေချင်ပေ။

အခုသူ့သား ပင်ပန်းနေပြီမို့ သူ့မြေးတွေကိုသာ မျှော်လင့်ရပေတော့မည်။

ဒီမြေကို လိုချင်တဲ့သူတွေ အမြဲရှိနေမည်မှာသေချာသည်။ဧကရာဇ်အသစ်အများစုသည် ၎င်းတို့၏ဘိုးဘေးများထက် သာလွန်လိုကြလိမ့်မည်။

သို့သော်လည်း ကျန်းရှုသည် ယခုနှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး ကလေးမွေးဖွားရန် နှစ်အနည်းငယ် စောင့်ရဦးမည်ဖြစ်သည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး တရားထိုင်ဖို့ မျက်လုံးမှိတ်လိုက်တော့သည်။

တစ်နာရီအကြာတွင် စစ်မှန်သောချီများ တဟုန်ထိုး ပေါက်ကွဲနေသော အသံကို သိုင်းတောင်ထွတ်ဆီမှ ကြားရသည်။ ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး ကြည့်လိုက်တော့ ဟွမ်းချွမ်နဲ့တိုက်ခိုက်နေသူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူသည် တောင်ကိုရွှေ့တုန်းက သူတွေ့ခဲ့တဲ့ ၀တ်ရုံဖြူဝတ်အမျိုးသားပင်.....

ဝတ်ရုံဖြူဝတ်အမျိုးသားက အစစ်အမှန်နတ်ဘုရားနယ်ပယ်မဟုတ်သဖြင့် ဟွမ်းချွမ်က အခြားသူများကို အနိုင်ကျင့်ရန် လေထဲတွင် မပျံသန်းခဲ့ပေ။ နှစ်ယောက်သား မြေပြင်မှာသာ တိုက်ခိုက်နေကြသည်။

ဝတ်ရုံဖြူဝတ်အမျိုးသား၏ဓားသိုင်းက အလွန်ပြောင်မြောက်သောကြောင့် ဟွမ်းချွမ်တောင် အသားစီးမရနိုင်ခဲ့ပေ။

တပည့်များစွာ ကြည့်နေသဖြင့် ဟွမ်းချွမ် ပို၍ပင် စိတ်လှုပ်ရှားလာသည်။ နောက်ဆုံးတွင် သူသည် နတ်ဘုရားစွမ်းရည်များကို ပြသရန် အခွင့်အရေးရခဲ့ချေပြီ။

သူသည် ဝတ်ရုံဖြူဝတ်အမျိုးသားကို တမင်တကာ အနိုင်မယူဘဲ သူ့အစွမ်းကို ပြသနိုင်စေရန် တမင်ဟန်ဆောင်ခဲ့သည်။

ကျန်းချန်ရှန်းက ခေါင်းခါလိုက်ပြီး 'ငတုံးကောင်.... မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က စုတ်ပဲ့လွန်းတယ်... သူ့ကို မနှိမ်နှင်းခင်မှာ သူ့ရဲ့ ခွန်အားကို အရင်ပြခိုင်းသင့်ပါတယ်...ဒါမှဟိုကောင်အကျပိုနာမှာ.......

ဆယ့်ငါးမိနစ်ခန့်အကြာတွင် ဟွမ်းချွမ်က ဝတ်ရုံဖြူဝတ်အမျိုးသားကို အနိုင်ယူခဲ့သည်။

ဝတ်ရုံဖြူဝတ်အမျိုးသားသည် ချက်ချင်းပင် တောင်တံခါးရှေ့တွင် ဒူးထောက်ချလိုက်သည်။

တာအိုဘိုးဘေးမှလွဲ၍ လုံချီ ဘုရားကျောင်းတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ရှိမည်ဟု မမျှော်လင့်ထားပေ။ သူသည် တကျန်း၏ သိုင်းလောကကို လျှော့တွက်မိခဲ့သည်။

ဟွမ်းချွမ်က တောင်တံခါးဝတွင် ရပ်ကာ သူ့ကိုငုံ့ကြည့်လိုက်ပြီး..... “သွားတော့.... ငါ့ဆရာသခင်က တပည့်သစ် လက်မခံဘူး....”

ဝတ်ရုံဖြူဝတ်အမျိုးသားက အံကြိတ်ကာ “ဒါဆို ဘိုးဘေး သဘောတူတဲ့အထိ ဒီမှာ ဒူးထောက်မယ်” ဟု ပြတ်သားစွာ ကြေငြာလိုက်သည်။

ဟွမ်းချွမ် မျက်လုံးပြူးသွားပြီး “ဒါဆို ဒူးထောက်နေလိုက်တော့ ဘုရားကျောင်းထဲကိုခြေတလှမ်းကျူးတာနဲ့ မင်းကို ငါကိုယ်တိုင်သတ်မယ်...."

၀တ်စုံဖြူဝတ်ထားသူသည် ချက်ချင်းလှည့်၍ချောက်ကမ်းပါးစွန်းသို့ တက်သွားကာ ဒူးထောက်နေတော့သည်။

တောင်ပေါ်သို့ တက်လာကြသူတိုင်းက သူ့ကို ထူးဆန်းစွာ ကြည့်နေကြသော်လည်း မကြားချင်ယောင်ဆောင်ကာ ဆက်လက် ဒူးထောက်နေဆဲပင်...

ကျန်းချန်ရှန်း ထိုလူအကြောင်း သိချင်နေခဲ့သည်။ အဝါရောင်ဝတ် အမျိုးသမီး ဘယ်မှာလဲ... ဘာလို့အတူ မလာတာလဲ... တစ်ခုခုဖြစ်ခဲ့တာလား.....

ဧကန်စင်စစ် သူလည်းတပည့်အသစ်မလိုသေးပေ။

ယခုဆို လုံချီဘုရားကျောင်း ကျယ်ပြန့်လာပြီး တကျန်း၏တော်ဝင်မိသားစု တည်ငြိမ်နေပြီဖြစ်သောကြောင့် ကျင့်ကြံဖို့ကိုသာအာရုံစိုက်ထားချင်သည်။

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကြာသွားခဲ့သည်။

ဝတ်ရုံဖြူဝတ်အမျိုးသားကတော့ ဒူးထောက်လျက်ပင် ရှိသေးသည်။ သူသည် ဆယ်ရက်လုံးလုံး မစားမသောက်ဘဲ ဒူးထောက်နေသောကြောင့် အချိန်မရွေး မေ့လဲတော့မလိုဖြစ်နေချေပြီ.....

ဟွမ်းချွမ် သည်းမခံနိုင်တော့ဘဲ ကျန်းချန်ရှန်းကို ပြောပြဖို့ကလွဲ၍ ရွေးချယ်စရာမရှိတော့ပါ။

ကျန်းချန်ရှန်း ခဏလောက်စဉ်းစားပြီး ထိုလူကို သက်သာလာသည်အထိ ပြုစုစောင့်ရှောက်ပေးဖို့ ဟွမ်းချွမ်ကို တောင်းဆိုလိုက်သည်။

ဒီကောင် တော်တော်စိတ်ရှည်သားပဲ....

ကျန်းချန်ရှန်း ရုတ်တရက် အကြံတစ်ခုရလာသည်။

ကျန်းဇီယုက ဝမ်းသာအားရနဲ့ ..." သူ့ကိုဖမ်းဖို့ပြီးတစ်သက်လုံး ထောင်ထဲမှာ ပိတ်လှောင်ထားဖို့ ဝတ်ဖြူတော်အစောင့်တွေကို အမိန့်ပေးလိုက်ရမလား.."

ကျန်းချန်ရှန်းက ခေါင်းခါလိုက်သည်။

နောက်တစ်နေ့ မွန်းတည့်ချိန်ရောက်ခါနီးတွင် ဝတ်ရုံဖြူဝတ်အမျိုးသားက ဟွမ်းချွမ်၏ ဦးဆောင်မှုအောက်တွင် လမ်းလျှောက်လာသည်။ သူသည် အထူးလန်းဆန်းနေပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို ပြန်လည်ရရှိခဲ့သည်။

ကျန်းချန်ရှန်းကိုမြင်လိုက်သောအခါ ဝတ်ရုံဖြူဝတ်အမျိုးသားက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ဒူးထောက်လိုက်သည်။

“အမတဆရာသခင်...ကျေးဇူးပြုပြီး ကျွန်တော့်ကိုတပည့်အဖြစ်လက်ခံပေးပါ....."

ဝတ်ရုံဖြူဝတ်အမျိုးသားသည် လေးနက်သောအသံဖြင့် ပြောသောအခါတွင် သူ၏စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားရသည်။

ကျန်းချန်ရှန်းက "မင်းဘယ်ကလာတာလဲ.... မင်းကို ငါ့တပည့်အဖြစ် ဘာကြောင့် အသိအမှတ်ပြုရမှာလဲ"

ဝတ်ရုံဖြူဝတ်အမျိုးသားက... “ကျွန်တော့်နာမည်က ချီယွမ်ပါ....တချီမင်းဆက်က လာခဲ့တာပါ....တချီ မင်းဆက်က လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်က အစောင့်ရှောက်ခံမင်းဆက်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရတယ်...ကျွန်တော်က တချီရဲ့ မင်းညီမင်းသားတစ်ပါးပါ...ခမည်းတော်က မင်းသားတွေကို သူ့အတွက် တိုက်ပွဲဝင်နိုင်မယ်လို့ မျှော်လင့်နေတယ်... ဒါပေမယ့် ကျွန်တော်က စစ်ပွဲတွေကို ငြီးငွေ့နေတော့ ညီမငယ်နဲ့အတူ အရမ်းဝေးတဲ့ တကျန်းကို ထွက်လာခဲ့တာပါ...အစတုန်းက ဂိုဏ်းတစ်ခုကို တည်ထောင်ပြီး သိုင်းပညာနဲ့ စစ်ပွဲတွေကိုဆန့်ကျင်ဖို့ စိတ်ကူးကို ဖြန့်ကျက်ချင်ပေမယ့် အမတဆရာသခင်ရဲ့ ဘုန်းတန်ခိုးကိုမြင်ခဲ့ရတာမို့ တပည့်ခံချင်တာပါ...."

“မင်းတို့လို အာဏာရှိပြီးသား လူတွေက အရာရာကိုလွှမ်းမိုးချုပ်ကိုင်နိုင်တာပဲမဟုတ်လား...."

တချီမင်းဆက်ကို ကျန်းချန်ရှန်း တစ်ခါမှ မကြားဖူးသော်လည်းချီယွမ်ကို ထိုသို့သောလူစားမျိုးဖြစ်နေမည်ဟု မမျှော်လင့်ထားပေ။

ကျန်းဇီယုက... "တကျန်းနဲ့ ယှဉ်ရင် ဘယ်မင်းဆက်က ပိုအားကောင်းပြီး နယ်မြေပိုကြီးလဲ" ဟု မေးလိုက်သည်။

ချီယွမ်က ကျန်းဇီယုကို မော့ကြည့်ပြီး ...."တချီက ပိုအားကောင်းတယ်... တချီမင်းဆက်ကိုတည်ထောင်ခဲ့တာ နှစ်ပေါင်း 300 ကြာခဲ့ပြီ.... အနှစ် 300လုံး တိုက်ပွဲဝင်ခဲ့တာမို့ တချီရဲ့နယ်မြေတွေက လက်ရှိ တကျန်းထက် ငါးဆပိုများတယ်.... တချီက မင်းဆက်များစွာကို သိမ်းပိုက်ထားတယ် အထက်တန်းချောင်ဂိုဏ်းသုံးခုအနက်ကတစ်ခုဖြစ်တဲ့ တိမ်ပင်လယ်မြူခိုးတောင်ဂိုဏ်းရဲ့ ပံ့ပိုးမှုကြောင့် တချီရဲ့ သိုင်းလောကက တကျန်းထက် ပိုအားကောင်းတယ်...."

ကျန်းဇီယု မျက်မှောင်ကြုတ်လိုက်သည်။

ချီယွမ်က ကျန်းချန်ရှန်းဘက်သို့လှည့်ပြီ.... "စီနီယာ... ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ.... အကယ်၍ ကျွန်တော်သာ အနှိုင်းမဲ့သိုင်းပညာတွေသင်ခွင့်ရမယ်ဆို တကျန်းကိုဘယ်တော့မှ မထိခိုက်စေရပါဘူး.... ကျွန်တောိ သိုင်းသင်ယူချင်တဲ့ ရည်ရွယ်ချက်က ကမ္ဘာကို ငြိမ်းချမ်းစေချငိလို့ပါ....”

ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်.... "ဒါဆို... တကျန်း ရဲ့ ခရိုင်အသီးသီးကိုသွားပြီး ငါ့အတွက် တာအိုဘုရားကျောင်းတွေ ဆောက်ပေး... ရုပ်တုတွေထုလုပ်ပြီး ငါ့ကို အနီးနားက ပြည်သူများတွေ အမွှေးတိုင်ထွန်းညှိပူဇော်နိုင်အောင်လုပ်ပေ.....ဒီလိုနည်းနဲ့ တာအိုဘိုးဘေးရဲ့ ကောင်းချီးတွေကို ရရှိနိုင်မယ်လို့ သူတို့ကို ပြောပြလိုက်.... ပြီးရင် မင်းကို ငါ့တပည့်အဖြစ် လက်ခံမယ်....တခုတော့ပြောလိုက်မယ်...အချောင်ခိုမယ်တော့မကြံနဲ့...နေရာတိုင်းမှာဝတ်ဖြူတော်အစောင့်တပ်သားတွေရှိတာမို့ မင်းဘာလုပ်လုပ် ငါအကုန်သိနေမှာ....."

ချီယွမ် ပါးစပ်အဟောင်းသားဖြစ်နေရှာသည်။ တကျန်းတွင် ခရိုင်ပေါင်းတစ်ရာကျော်ရှိသည်။ ဤမျှလောက်သော ဘုရားကျောင်းများဆောက်ရန် အချိန်မည်မျှကြာမည်နည်း။

နေဉီး.....

သူ၏ စိတ်ကူးများကို မြှင့်တင်ရန်အတွက် တာအိုဘိုးဘေး၏ အမည်ကို အသုံးပြုနိုင်သည်။ တာအိုဘိုးဘေးကသာ ငြိမ်းချမ်းရေးအတွက် ထောက်ခံအားပေးကြောင်း ကြားသိရပါက ထိုသတင်းစကားကို ဖြန့်ကျက်ပြီး လူများကို ဆွဲဆောင်ရန် လွယ်ကူနေပေလိမ့်မည်။

ချီယွမ်က ချက်ချင်း သဘောတူပြီး "သဘောတူတယ်... အခုချက်ချင်းသွားမယ်....!"

စကားဆုံးသည်နှင့် မတ်တပ်ထရပ်ကာ ထွက်သွားလေသည်။ ချီယွမ်သည် ခြံဝင်းထဲမှ ထွက်သွားပြီးနောက် ကိုယ်ဖော့သိုင်းပညာကို တိုက်ရိုက်အသုံးပြုခဲ့သည်။

ဒီကောင် အတော်ခေါင်းမာတာပဲ....ဟူးးးတခါတလေ ခေါင်းမာတဲ့ကောင်တွေက ကြီးကျယ်တဲ့ အရာတွေကို လုပ်နိုင်တယ်......

ထိုအချိန်တွင် ကျန်းဇီယုလည်း မတ်တပ်ထရပ်ကာ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ ကျန်းချန်ရှန်းက "မင်းဘယ်သွားမလို့လဲ...."

ကျန်းဇီယုက လက်ကို ဝှေ့ယမ်းပြီး နောက်ပြန်မလှည့်ဘဲ... "ကမ္ဘာကြီးကို သိမ်းပိုက်ပြီး တချီကိုဖိနှိပ်မလို့...!"

All Chapters