← Chapters

ကောင်းကင်မိုးကြိုးနတ်ဘုရားခန္ဓာ..... လူသားဧကရာဇ်၏ကျောက်စာ.....

Vol. 7 Ch. 94

ကောင်းကင်မိုးကြိုးနတ်ဘုရားခန္ဓာ..... လူသားဧကရာဇ်၏ကျောက်စာ.....

Vol. 7 Ch. 94

ချီယွမ် တောင်ပေါ်မှ ထွက်ခွာပြီး နောက်တစ်နေ့တွင် ကျန်းဇီယုက ညီလာခံတက်ရောက်ခဲ့ပြီး ရဲရင့်ပြတ်သားသေယ အမိန့်များစွာထုတ်ပြန်ကာ ကံတရားဌာန၏ လူအင်အားကို တိုးချဲ့ခဲ့သည်။ သူသည် အားကောင်းသည့် သိုင်းပညာဖြင့် အထူးစစ်တပ်ကို ဖွဲ့စည်းရန် ပြင်ဆင်ထားသည်။ စစ်တပ်၏အမည်မှာ ကောင်းကင်ဗျူဟာစစ်တပ်ဖြစ်သည်။

ဤအမိန့်ကို တစ်ကမ္ဘာလုံးသိအောင် ထုတ်ပြန်ခဲ့သည်။ တော်ဝင်တရားရုံးက အလိုရှိခဲ့သော ကြိုးတိုက်ရှိ အကျဉ်းသားများအပြင် နောက်ခံသမိုင်းကြောင်း မည်သို့ပင်ရှိစေကာမူ ၎င်းတို့အားလုံးသည် ကောင်းကင်ဗျူဟာစစ်တပ်၏ စမ်းသပ်မှုအတွက် စာရင်းသွင်းနိုင်သည်။

တကျန်း၏ နယ်မြေက အင်မတန် ကြီးမားလွန်းသည်။ ဒီစမ်းသပ်မှုအကြောင်းကို တကမ္ဘာလုံး သိဖို့ တစ်နှစ်တာ အချိန်ယူခဲ့ရသည်။ မကြာမီ၊ မြေအောက်သိုင်းပညာအမြားအပြား ရှီပြည်နယ်သို့ နေ့စဉ် အပြေးအလွှား ရောက်ရှိလာသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။

ကောင်းကင်ဗျူဟာစစ်တပ် အတွက် စမ်းသပ်မည့်နေရာသည် မြို့တော်တွင်မဟုတ်ဘဲ ရှီပြည်နယ်ရှိ အခြားမြို့တစ်ခုတွင်ဖြစ်သည်။ ရှူထျန်းကျိနှင့် ပင်းအန်းတို့က ၎င်းကို စောင့်ရှောက်ရန် တာဝန်ယူထားသည်။ တစ်နှစ်တာအချိန်တိုအတွင်း၊ ကောင်းကင်ဗျူဟာစစ်တပ်တွင် မှတ်တမ်းတင်ထားသော စစ်သားအရေအတွက် 50,000 ကျော်သွားခဲ့သည်။

ဝိဉာဉ်နယ်ပယ် စစ်သည် 50,000သည် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။

ဒါက အစပဲရှိသေးသည်ဟုဆိုနိုင်သည်။

ချန်းဝူ ခေတ်၂၃ နှစ်၊ ဇူလိုင်လ.....

ကျန်းချန်ရှန်းက ခုနစ်နှစ်သား ကျန်းဂျန်ကို တိုင်ချင်းဓားသိုင်း သင်ကြားပေးနေပါသည်။ ဒီအရွယ်မှာ ကျန်းဂျန်အတွက် တိုင်ဟန်ဓားကို ကိုင်တွယ်ဖို့ မခက်ခဲခဲ့ပေ။

ခဏကြာ စကားစမြည်ပြောပြီးနောက် ကျန်းဂျန်က ရုတ်တရက် ရပ်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ဆရာကြီး...ကျွန်တော် ဓားသိုင်းမလေ့ကျင့်ချင်ဘူး!"

"ဒါဆို မင်းဘာသင်ချင်လဲ"

ကျန်းဂျန်က ခေါင်းကုတ်လိုက်ပြီး "ပိုလေးတဲ့ လက်နက်တွေနဲ့ လေ့ကျင့်ချင်တယ်" လို့ပြောလိုက်တယ်။

ပိုလေးတဲ့ လက်နက်???????

ကျန်းချန်ရှန်းက ကျန်းဂျန်ကို ဂရုတစိုက် အကဲခတ်နေမိသည်။ ကျန်းဂျန်၏ မွေးရာပါအမှတ်အသားသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို အလိုအလျောက်စုပ်ယူနိုင်ပြီး၊ သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး စစ်မှန်သောချီကို လှုံ့ဆော်ပေးနိုင်သည်။ ထို့အပြင်၊ သူသည် မြေဝိညာဉ်သစ်ပင်အောက်တွင် တစ်နှစ်ပတ်လုံး နေခဲ့သောကြောင့် သူ၏ခန္ဓာကိုယ်ရှိ စစ်မှန်သောချီသည် ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။ ဤကလေးသည်လည်း ပင်းအန်းလို ပါရမီရှင်တစ်ဦးဖြစ်သည်။ ကျန်းဂျန်၏ ပင်ကိုယ်စွမ်းရည်သည် သူ၏စစ်မှန်သောချီကို လှုံ့ဆော်ပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုတိုးမြင့်ပေးနိုင်သည်။ ပင်းအန်း၏ ပင်ကိုယ်စွမ်းရည်သည် သူ၏ရုပ်ခန္ဓာ၏လွှမ်းမိုးမှုတွင်သာမူတည်နေသည်။

ကျန်းဂျန်၏ ခွန်အားသည် ပင်းအန်းထက် အဆပေါင်းများစွာ ယုတ်ညံ့သော်လည်း၊ ပိုလေးသော လက်နက်ကို ကိုင်ဆောင်ရန် စစ်မှန်သောချီ အလုံအလောက်ရှိနေပြီဖြစ်သည်။

ကျန်းချန်ရှန်းက သူ့မြေးကို ကြည့်နေရင်း ဟွာဂျန်ရှင်းကို ချက်ချင်း အသံပို့လွှတ်လွှင့်ကာ ကျန်းဇီယု သို့မဟုတ် ကျန်းရှုကို ရှာခိုင်းလိုက်သည်။

"ဂျန်အာ.... ထူးခြား ပြောင်မြောက်တဲ့ စွမ်းရည်တွေထက် ပြင်းထန်ပြီးလွှမ်းမိုးနိုင်စွမ်းရှိတဲ့ သိုင်းပညာကို နှစ်သက်တာလား" ဝု ကျန်းချန်ရှန်းက မေးသည်။

ကျန်းဂျန်က ခေါင်းညိတ်ပြီး လက်သီးဆုပ်ထားကာ....

“ကျွန်တော်က မသန်မာဘူး... ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ဖို့ ခမ်းနားတဲ့ သိုင်းပညာတွေမလိုချင်ဘူး.... ခန္ဓာကိုယ်ကို တိုက်ရိုက် ကြံ့ခိုင်စေချင်ရုံပဲ.....”

သူသည် အရွယ်ရောက်ပြီးသူ လူငယ်တစ်ဦးလို လိုချင်သည့်အချက်ကိုရေရေရာရာပြောဆိုနိုင်ပြီဖြစ်သည်။

ပိုင်ချီက လှောင်ပြောင်သလို ပြုံးလိုက်ပြီး....

"အပြောကတော့ကောင်းပါ့.... မင်းရဲ့ခန္ဓာကိုယ်က မင်းရဲ့စီနီယာဉီးလေးပင်းအန်း ရဲ့ခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်လို့ရလား....မင်းသူနဲ့တွေ့ရင် မင်းရဲ့လက်ရှိအတွေးတွေကို မင်းသေချာပေါက် စွန့်လွှတ်လိမ့်မယ်....."

ကျန်းဂျန်က ပိုင်ချီကို စိုက်ကြည့်ရင်း..... “ကျွန်တော် သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး.... တစ်နေ့တော့ သူ့ကို စိန်ခေါ်ပြီး သူ့ရဲ့ ခွန်အားကို စမ်းသပ်မယ်”

ပင်းအန်းကို စိန်ခေါ်မယ်????မင်း သေချင်နေပြီလား.....

ပင်းအန်း ဒီကလေးကို မတော်တဆ သတ်ပစ်မှာကို ကျန်းချန်ရှန်းလည်း စိုးရိမ်နေသည်။

ထားလိုက်တော့ နောင်ခါလာနောက်စျေးပေါ့ကွာ..........

ကျန်းချန်ရှန်းသည် မျက်လုံးများကို မှိတ်ထားပြီး ခန္ဓာကိုယ်ကို ကြံခိုင်စေမည့်ကျင့်စဉ် ဖန်တီးရန် ပြင်ဆင်နေသည်။

ကျင့်ကြံခြင်းနှင့် သိုင်းပညာသည် မတူညီသောစနစ်နှစ်ခုဖြစ်သော်လည်း၊ အချို့သော ကျင့်ကြံမှုနည်းစနစ်များ၏ မြင့်မြတ်သောစွမ်းအားများက သိုင်းပညာနှင့် ဆက်စပ်နေနိုင်သည်။

ကျန်းချန်ရှန်းသည် ကောင်းကင်မိုးကြိုးနှလုံးသားကျင့်စဉ်ကို စဉ်းစားမိခဲ့သည်။ ထိုကျင့်စဉ်သည် မိုးကြိုးကိုအသုံးပြု၍ ခန္ဓာကိုယ်ကိုသန်မာအောင်လုပ်နိုင်သည်။ အကယ်၍ ဤကျင့်စဉ်ကို အခြားသော သိုင်းပညာများနှင့် ပေါင်းစပ်နိုင်လျှင် ထူးခြားသော နည်းစနစ်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။

ကျန်းချန်ရှန်းသည် စကြဝဠာကောင်းကင်ဘုံကျမ်းဂန်ကို ဖန်တီးပြီးကတည်းက အခြားနည်းပညာများကို မဖန်တီးခဲ့ပေ။ အထူးသဖြင့် စကြဝဠာကောင်းကင်ဘုံကျမ်းဂန်ကို ကျင့်ကြံသောအခါတွင် သူ၏ တပည့်များသည် မည်သည့်ဝိညာဉ်စွမ်းအင်ကိုမျှ မမွေးမြူနိုင်တော့ဘဲ လမ်းကြောင်းတစ်ခုကို ဖန်တီးရန် စွန့်လွှတ်ခဲ့ရသည်။ ထိုအချိန်ကတည်းက အခြားသောနည်းစနစ်များကိုဖန်တီးဖို့စိတ်ကူးမရှိတော့ပေ။

ယနေ့တွင် မြေးဖြစ်သူအတွက် ကတိကဝတ်ကို ချိုးဖျက်ရပေတော့မည်။

သူက ကျန်းဂျန်ကို ကျန်းရှုထက်တောင် ပိုသဘောကျသည်။

ဒါဟာလည်း ကျန်းရှု ကြီးပြင်းလာခဲ့ပြီး ကျန်းဂျန်က ငယ်သေးတာကြောင့် ဖြစ်နိုင်ပေသည်။

သုံးရက်အကြာတွင် ကျန်းရှုသည် ဝတ်ဖြူတော်အစောင့်အဖွဲ့နှင့်အတူ ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာသည်။ ဝတ်ဖြူတော် အစောင့်များသည် ဓားများ၊ လှံများနှင့် တူများကိုသယ်ဆောင်လာခဲ့ကြသည်။ ။

ကျန်းရှုက လက်နက်တွေကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးခဲ့သည်။ထိပ်ပိုင်းတွင်စစ်ပုဆိန်တပ်ဆင်ထားသောလှံရှည်ကိုတွေ့လိုက်သည်နှင့် ကျန်းဂျန် က အရမ်းစိတ်လှုပ်ရှားသွားပြီး....

“အစ်ကို၊ ကျွန်တော် ဒီလက်နက်မျိုးကို ကြိုက်တယ်၊ ဒါပေမယ့် ပိုလေးတဲ့ဟာမျိုးပးအသစ်လုပ်ပေးနိုင်မလား...”

ပိုလေးတဲ့ဟာ??????

ကျန်းရှု အံ့သြသွားသည်။ သူ ငယ်ငယ်က သူ့ရဲ့ သိုင်းပညာစွမ်းရည်ကို သာမာန်ဟု ကျန်းချန်ရှန်း မှတ်ချက်ပေးခဲ့ဖူးတာကို ရုတ်တရက် သတိရမိသွားတယ်။ ထိုအချိန်တွင် သူသည် ထိုမှတ်ချင်ကို လက်မခံနိုင်ခဲ့ပေ။ ယခု ကျန်းဂျန်ကို ပြန်ကြည့်လိုက်တော့ ရုတ်တရက် သဘောပေါက်သွားသည်။

သူ့ရဲ့ သိုင်းပညာစွမ်းရည်က တကယ့်ကို အလယ်အလတ်အဆင့်ပဲ......

ကျန်းရှု ခါးသီးခြင်းကို ခံစားလိုက်ရသော်လည်း အပြုံးဖြင့် သဘောတူလိုက်သည်။

အနားမှာတော့ ကျန်းချန်ရှန်းက မျက်လုံးတွေမှိတ်ထားရင်း စဉ်းစားနေတုန်းမို့ ကျန်းရှုက သူ့ကို ဦးညွှတ်ပြီး ထွက်သွားခဲ့သည်။

တစ်လကြာပြီးနောက် ကျန်းရှုက လူအချို့ကို ထပ်မံခေါ်ဆောင်လာခဲ့သည်။ ၀တ်ဖြူတော်

အစောင့်လေးယောက်သည် ဆယ်ပေရှည်သော လှံရှည်တစ်ချောင်းကို သယ်ဆောင်လာသည်။ ကျန်းရှုက.... “ဒါဟာ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ အနက်ရောင်သံနဲ့ ပြုလုပ်ထားပြီး အလေးချိန် 5700 ကီလိုဂရမ် ရှိတယ်..... ကောင်းကင်ဗျူဟာစစ်တပ် မှာတောင် ဒီလောက်လေးလံတဲ့ လက်နက်မရှိဘူး”

ကျန်းဂျန်က လှံရှည်ကို ရုတ်တရက်ကောက်ကိုက်လိုက်သော်လည်း မမြှောက်နိုင်ဘူးဆိုတာ သိလိုက်ရတော့ ချက်ချင်း ဝမ်းသာသွားပြီး.... “.ကောင်းတယ် ...ကောင်းတယ်....ဒါကို လိုချင်တယ်....”

မမြှောက်နိုင်တာတောင် ကြိုက်တယ်ပေါ့...?

ကျန်းရှု နားမလည်နိုင်ပေမယ့် သူ့ညီတော် သဘောကျနေသည်ကိုမြင်ရတော့ စိတ်ချမ်းသာနေခဲ့သည်။

ကျန်းရှုနှင့် အခြားလူများ ထွက်ခွာသွားပြီးနောက် ကျန်းဂျန်သည် လှံရှည်ကို ကိုင်မြှောက်ရန် ဆက်လက်ကြိုးစားသော်လည်း သူမည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားနေပါစေ

မမြှောက်နိူင်ခဲ့ပေ။

ကူကယ်ရာမဲ့နေသော ကျန်းဂျန်သည် ကောင်းကင်သံသရာနတ်ဘုရားကျင့်စဉ်ကို ဆက်လက် ကျင့်ကြံခဲ့သည်။

ကျန်းချန်ရှန်းသည် ကျန်းဂျန် အတွက် ခန္ဓာကိုယ်ကို ကြံခိုင်စေသောကျင့်စဉ်တစ်ခု ဖန်တီးခဲ့သည်မှာ နှစ်ကုန်ခါနီးအထိပင်။ထိုကျင့်စဉ်ကို ကောင်းကင်မိုးကြိုးနတ်ဘုရားခန္ဓာဟု အမည် ပေးခဲ့သည်။ ဤကျင့်စဉ်သည် ကိုယ်ခန္ဓါကို ကြံခိုင်စေသော နည်းလမ်းများစွာကို ပေါင်းစပ်ထားပြီး ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် ထူးခြားသောနည်းလမ်းတစ်ခုလည်း ပါရှိသည်။ ကောင်းကင်လျှပ်စီးသည် ခန္ဓာကိုယ်ကို သန်မာစေပြီး ဝိညာဉ်စွမ်းအင်သည် ထိခိုက်ပျက်စီးမှုများကို ထေမိရန် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးသည်။ ရလဒ်အနေနဲ့ ဒီကျင့်စဉ်ကို လေ့ကျင့်တဲ့အခါမှာ ဘာဆိုးကျိုးဆက်မှ ခံစားရမည်မဟုတ်ပေ။

ကောင်းကင်မိုးကြိုးနတ်ဘုရားခန္ဓာ.....

ဒါကိုကြားတော့ ကျန်းဂျန် အင်မတန် သဘောကျသွားပြီး စိတ်လှုပ်ရှားနေသည်။

ပိုင်ချီကတော့ မနာလိုဖြစ်နေရုံသာတတ်နိုင်တော့သည်။

ကျန်းချန်ရှန်း ထိုကျင့်စဉ်အကြောင်း ကျန်းဂျန်ကိုရှင်းပြနေစဉ် ပိုင်ချီကလည်း နားစွင့်နေသေးသည်။

ကျန်းဂျန်သည် ထိုကျင့်စဉ်ကို အလွတ်ကျက်ပြီးနောက် စတင်ကျင့်ကြံလေတော့သည်။ ဦးစွာ သူသည် စိတ်ပိုင်းဆိုင်ရာ ကြံခိုင်အောင်လေ့ကျင့်ရပေမည်။ ထို့နောက်တွင်မှ သူ့ခန္ဓာကိုယ်ကို ကြံခိုင်စေရန် မိုးကြိုးများကိုအသုံးပြုရမည်။ ကျန်းချန်ရှန်သည် ကောင်းကင်မိုးကြိုးဟူသော စိတ်စွမ်းအားကျင့်စဉ်ကို ကျွမ်းကျင်ပြီးဖြစ်သော်လည်း မိုးကြိုးများကို မထုတ်လွှတ်နိုင်သေးပေ။

ကျန်းချန်ရှန်းသည် ကျန်းဂျန် ကို မျှော်တလင့်လင့်ဖြင့် ကြည့်ရင်း သူ့စွမ်းအင်များကို ဖြန့်ကျက်လိုက်သည်။

သိုင်းလောကတွင် မယုံကြည်နိုင်လောက်သောသန်မာကြံ့ခိုင်သော ကျွမ်းကျင်သူတစ်ဦးကို မွေးထုတ်နိုင်လျှင် အင်မတန် စိတ်ဝင်စားဖွယ်ကောင်းပေလိမ့်မည်။

ကျန်းဂျန်သည် ရှန်းရှန်တုံးထျန်းနှင့်တာအိုဘိုးဘေးတို့၏ အဆုံးစွန်သော နည်းစနစ်များကို ရရှိခြင်းနှင့် ညီမျှသော ကောင်းကင်သံသရာကျင့်စဉ်နှင့် ကောင်းကင်မိုးကြိုးနတ်ဘုရားခန္ဓာကျင့်စဉ်ကို စတင်ကျင့်ကြံနေပြီဖြစ်သည်။ သူသည် သိုင်းပညာကို လေ့ကျင့်စဉ်တွင် စကြဝဠာနယ်ပယ်ကို ကျော်လွန်သော ကျွမ်းကျင်သူ ကျန်းချန်ရှန်း ထံမှ လမ်းညွှန်မှုကိုပင် ရယူနိုင်ခဲ့သည်။ထို့ကြောင့် သူ၏အနာဂတ်သည် မှန်းဆ၍မရပေ။

အနာဂတ်တွင် ကျန်းလော့ ပြန်လာပါက နှစ်ယောက်သား အဆင့်တူနေပေလောက်မည်..ဟု ကျန်းချန်ရှန်း ဂုဏ်ယူစွာတွေးလိုက်သည်။

ကောင်းကင်မိုးကြိုးနတ်ဘုရားခန္ဓာသည် ဟန်ဖန်း ရေးပေးခဲ့သော အဆုံးစွန်သောနည်းပညာများထက် မနိမ့်ကျကြောင်းခံစားခဲ့ရသည်။ ရှန်းရှန်တုံးထျန်းမှာ ပိုအားကောင်းတဲ့ အဆုံးစွန်သော နည်းစနစ်တွေ ရှိကောင်းရှိနိုင်ပေမယ့် လတ်တလောတွင်မသိနိုင်သေးပေ။

ပိုင်ချီကလည်း ကျင့်စဉ်ကိုမှတ်သားပြီး ကောင်းကင်မိုးကြိုးနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံခဲ့သည်။ကျန်းချန်ရှန်းကလည်း မတားခဲ့ပေ။ဤဝံပုလွေသည် နတ်ဘုရားနယ်ပယ်၍ ပိတ်မိနေပြီး အောင်မြင်မှု လက္ခဏာ မပြသေးပေ။ ထိုကျင့်စဉ်ကသာ သူ့ကိုအဆင့်တက်နိုင်ဖို့ကူညီပေးလိမ့်မည်။

တကျန်း၏ယွီပြည်နယ်ရှိ မြို့တစ်မြို့တွင်..

တောင်များပေါ်တွင်၊ ချီယွမ်သည် လူငါးဦးဖြင့် တာအိုဘုရားကျောင်းကို တည်ဆောက်နေသည်။ ဆောက်လုပ်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လုပ်ကိုင်နေသည့်အတွက် သူ့အဝတ်ဖြူတွေကို ဖုန်မှုန့်တွေနဲ့ ညစ်ပတ်စေခဲ့ပေမဲ့ လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူတို့နောက်က သစ်ပင်အောက်မှာ ချီယွမ်ရဲ့ညီမ ချီရှီရှီက ပျင်းရိငြီးငွေ့စွာ သမ်းနေဝေနေရင်း မတ်တပ်ထရပ်ကာ....

“အစ်ကို...ညီမလေးတို့ရဲ့ ရည်ရွယ်ချက်ကိုမေ့နေပြီလား... တာအိုဘုရားကျောင်းတွေအားလုံးဆောက်လုပ်ဖို့ အနှစ်နှစ်ဆယ်ကျော် အချိန်ယူရမှာလေ.... ဘာကြောင့်စိတ်ရှုပ်ခံနေမှာလဲ..?"

ချီယွမ်က ညီမဖြစ်သူကို လှည့်မကြည့်ဘဲ....

“စိတ်ရင်း ရိုးသားရင် ဘယ်အရာမဆိုအမှန်ဖြစ်လာလိမ့်မယ်....ဒါက ကျင့်ကြံခြင်းတမျိုးဖြစ်သလို သင်ကြားနည်းတစ်ခုဆိုလည်းမမှားဘူး....”

ချီရှီရှီက နားမလည်နိုင်ဟန်ဖြင့် ခေါင်းခါလိုက်သည်။

ချီယွမ်က ပြုံးလိုက်ပြီး... " မင်းငါ့ကို ဂရုစိုက်စရာ မလိုဘူး...အရင်ပြန်နှင့်.. မင်းရဲ့ဂိုဏ်းကို သာ ဂရုစိုက်စမ်းပါ... မကြာသေးမီက ဂိုဏ်းတစ်ခုက ပြဿနာရှာနေတယ်လို့ ငါကြားတယ်....."

ချီရှီရှီက... “ဒီဂိုဏ်းမှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတောင် မရှိဘူး....ဒီလိုပါမွှားလေးတွေကို အာရုံစိုက်ဖို့ပျင်းတယ်....."

ချီရှီရှီ မပြန်ခင် မောင်နှမနှစ်ယောက် ခဏတာ စကားစမြည်ပြောခဲ့ကြသည်။

ချီယွမ် အလုပ်ရှုပ်နေသော်လည်း ပင်ပန်းသည်ဟုမခံစားရပေ။ ယင်းအစား သူသည် မထင်မှတ်ဘဲ ပြည့်စုံသွားသည်ဟု ခံစားမိသည်။ အနည်းဆုံးတော့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေစရာမလိုတော့ပေ။

သုံးရက်အကြာတွင် ချီယွမ် ဆောက်လုပ်ခဲ့သော တာအိုဘုရားကျောင်း ပြီးစီးခဲ့သည်။ ၎င်းသည် သာမာန် တာအိုကျောင်းနှင့် မတူပေ။၎င်းသည် ကြီးကြီးမားမားမဟုတ်ဘဲ အိမ်တစ်လုံးခန့်သာကြီးမားသည်။အတွင်း၌ ကျန်းချန်ရှန်း၏ပုံတု ကျောက်ဆင်းတုတော်ကို တည်ထားပြီး ထိုရုပ်တုကိုအထူးတလည် တည်ဆောက်ရန် တစ်စုံတစ်ဦးကို တောင်းဆိုခဲ့ရသည်။

ကျောက်ဆင်းတုတော်၏ ဘေးနှစ်ဖက်တွင်ရှည်လျားသော သစ်သားကမ္ပည်းပြားနှစ်ချပ်ရှိနေသည်။

တာအိုဘိုးဘေးသည် တစ်ရက်လျှင် မိုင် 3,000 ခရီးနှင်ပြီး သိုင်းတောင်ထွတ်ကိုနေရာပြောင်းရွေ့ခဲ့သည်။

လူသားတို့၏ ဒုက္ခဆင်းရဲကို ကယ်တင်သည်သာမက ဘေးရန်မှကာကွယ်ရန် သေမျိုးလောကသို့ဆင်းသက်လာခြင်းဖြစ်သည်.....

ချီယွမ်သည် ဆောက်လုပ်ရေးအခကြေးငွေကို ခွဲဝေပေးပြီးနောက် ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။

ထိုညတွင် သူသည် တာအိုဘုရားကျောင်း၌ တစ်ညတာ ကုန်ဆုံးခဲ့သည်။တာအိုဘိုးဘေး၏ ကျောက်ဆင်းတုတော်ရှေ့တွင် ထိုင်ရင်း ထူးထူးခြားခြား စိတ်သက်သာရာရသွားသလိုခံစားနေရသည်။

သူ့အိမ်မက်ထဲမှာတော့ ကမ္ဘာကြီးက ငြိမ်းချမ်းပြီး သူနဲ့သူ့ညီမတို့ တချီကို ပြန်သွားတယ်လို့ အိပ်မက်မက်ခဲ့သည်။ သူ့ခမည်းတော်က သူတို့ကို စစ်တိုက်ဖို့ရော အိမ်ထောင်ပြုဖို့ပါဖိအားမပေးတော့ပေ။ တော်ဝင်မိသားစုပဲ ဖြစ်ဖြစ် သာမာန်ပြည်သူတွေပဲ ဖြစ်ဖြစ်၊ သူတို့ ကြိုက်တာကို လွတ်လပ်စွာ တန်းတူ ခံစားခွင့်ရှိနေသည်။

နောက်နေ့မနက်မှာတော့ တာအိုဘိုးဘေး၏ကျောင်းဆောင်ကို လူသိရှင်ကြားကြေညာဖို့ အနီးနားမြို့တွေကို အပြေးအလွှားသွားခဲ့သည်။ တာအိုဘိုးဘေး၏ အမည်သည် တကျန်း၏ နေရာတိုင်းသို့ ပျံ့နှံ့နေခဲ့သည်။ ထို့ကြောင့် တာအိုဘိုးဘေးအတွက် ကျောင်းဆောက်ဖို့ လူသိရှင်ကြား ကြေညာသောအခါ နိုင်ငံသားများက မကန့်ကွက်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဘုရားကျောင်သို့ဝင်ရန် အလှူငွေ ပေးဆောင်ရန် မလိုအပ်ပေ။ သူသည် ကမ္ဘာပေါ်တွင် စစ်ဆန့်ကျင်ရေး သဘောတရားကို ထောက်ခံပြောဆိုရန် အခွင့်အရေးကို ရယူခဲ့ပြီး နိုင်ငံသားများ၏ ထောက်ခံမှုကို ရယူခဲ့သည်။

“အတော်လေး ချောမွေ့သွားပြီပဲ.... ဒီလမ်းက တကယ်မှန်တယ်!”

တာအိုဘိုးဘေးကို ဂါရဝပြုခြင်းသည် ပညာရှိလွန်းသည်ဟု ချီယွမ် ဝမ်းသာအားရ တွေးလိုက်သည်။

ချန်းဝူခေါတ်၏ 24 နှစ်တွင်၊ ဧကရာဇ်က အမိန့်တခုထုတ်ပြန်ခဲ့သည်။

တကျန်းသည် ကမ္ဘာကြီး၏ ကံကောင်းခြင်းများကို စုဆောင်းပြီး လာမည့်နွေဦးပေါက်တွင် ကောင်းချီးပေးခံရသောမင်းဆက်ဖြစ်လာတော့မည်ဖြစ်သည်။ သာမာန်လူများသည် ကောင်းချီးပေးခံရသောမင်းဆက် ဟူသည်ကို မသိကြသော်လည်း ပိုမိုကောင်းမွန်သောဘဝဖြင့် နေထိုင်နိုင်သရွေ့ ယင်းကို ထောက်ခံကြမည်ဖြစ်သည်။

စာကြည့်ဆောင်ထဲတွင်.....

ကျန်းဇီယုသည် ကျန်းရှုနှင့်အတူထိုင်နေပြီး ဟန်ထျန်းကျီကတော့ ပြည်နယ်အသီးသီးရှိ ကံတရားစုစည်းခြင်းမျှော်စင်များ၏အခြေအနေကို အစီရင်ခံနေပါသည်။

ကံကောင်းခြင်းဌာနသည် ၎င်းတို့၏ လူအင်အားကို တိုးချဲ့ပြီးနောက်၊ တကျန်း၏ ကမ္ဘာနေရာတိုင်းတွင် ကံတရားစုစည်းခြင်းမျှော်စင်များကို တည်ဆောက်ခဲ့သည်။ သူတို့သည် တကျန်း၏ ကံကြမ္မာကို ဖြည့်ဆည်းရန် ကောင်းသောနေ့ကို စောင့်မျှော်နေခဲ့သည်။ ထို့ကြောင့် ဟန်ထျန်းကျီသည် နန်းတော်၌ လူသားဧကရာဇ်၏ကျောက်စာကို တည်ဆောက်ခဲ့သည်။ထိုကျောက်စာကို အထူးပစ္စည်းဖြင့် ပြုလုပ်ထားပြီး နက်ရှိုင်းသော မြေအောက်မှ တူးဖော်ထားခြင်းဖြစ်သည်။

“အားလုံးအဆင်သင့်ဖြစ်နေပါပြီမို့ အချိန်ကောင်းကိုစောင့်ဖို့ပဲကျန်တော့တယ်....ဒါပေမယ့် ဒီကိစ္စက ကမ္ဘာပေါ်က မင်းဆက်အားလုံးဆီ ပျံ့နှံ့သွားမှာ သေချာတယ်...ဒါ့ကြောင့် ဒုက္ခပေးမယ့် သိုင်းပညာရှင်တွေ သေချာရောက်လာလိမ့်မယ်.... သူတို့က တကျန်းကို ကောင်းချီးပေးခံရတဲ့

မင်းဆက် ဖြစ်လာခြင်းကနေ တားဆီးတာ ဒါမှမဟုတ် ကံကောင်းခြင်းတွေကို ခိုးယူတာမျိုးတွေလုပ်နိုင်တယ်... လက်ရှိ ကမ္ဘာပေါ်မှာ ကောင်းချီးပေးခံထားရတဲ့မင်းဆက် (၅)ခုပဲရှိတယ်.... မင်းဆက်တော်တော်များများက ကောင်းချီးပေးခံရတဲ့မင်းဆက်ဖြစ်လာအောင် ဖြတ်ကျော်ဖို့ ကြိုးစားတဲ့အခါ နှောင့်ယှက်ခံခဲ့ရပြီး ကံကောင်းခြင်းတွေခိုးယူခံခဲ့ရတယ်.....”ဟု ဟန်ထျန်းကျီက လေးနက်စွာရှင်းပြခဲ့သည်။

ကျန်းဇီယုက ....“ဘယ်သူတွေ နှောက်ယှက်မှာလဲ...?ချောင်ဂိုဏ်းတွေလား...ရှန်းရှန်တုံးထျန်းလား...."

ဟန်ထျန်းကျီက ခေါင်းခါလိုက်ပြီး..... "ထုံးစံအတိုင်း ရှန်းရှန်တုံးထျန်းကတော့ နှောက်ယှက်မှာမဟုတ်ဘူး... ဒါပေမယ့်ကမ္ဘာပေါ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်တွေနဲ့ ဂိုဏ်းခွဲတွေအများကြီးရှိနေသေးတယ်.... အများစုက သိုင်းပညာရဲ့ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်ဖို့ တတ်နိုင်သမျှ လုပ်ကြမှာပဲ.... မင်းဆက်တိုင်းက သူတို့ရဲ့ကံကြမ္မာကို ပေါင်းစည်းဖို့ အချိန်တန်ပြီ....”

ကျန်းဇီယုက ထိုစကားများကို လေးလေးနက်နက် တွေးနေမိသည်။

ကျန်းရှုက ပြုံးလိုက်ပြီး.... "အဆင်ပြေပါတယ်....တကျန်းမှာ ဆရာတော်ဘိုးဘိုးရှိနေတာပဲ.....”

ဟန်ထျန်းကျီက ခေါင်းညိတ်လိုက်ပြီး....

" တာအိုဘိုးဘေးက တကယ်ကို အစွမ်းထက်ပေမယ့် ငါတို့ သတိထားရမယ်..

သိုင်းပညာရှင်တွေ ကံကောင်းခြင်းတွေကို ခိုးယူတဲ့အခါ ကောင်းကင်နဲ့မြေကြီးအောက်က ရှားပါးရတနာတွေကို အားကိုးကြလိမ့်မယ်.... အဲ့ဒီ့ရတနာတွေကိုလူသားဧကရာဇ်ရဲ့ကျောက်စာနဲ့ ပေါင်းစည်းလိုက်တာနဲ့ ကံကြမ္မာကိုချက်ချင်းစုပ်ယူနိုင်ပြီ.... ကံကောင်းခြင်းတွေ ပျက်ပြားသွားတဲ့အခါ၊ တကျန်းဟာ ကောင်းချီးပေးခံရတဲ့ မင်းဆက်ဖြစ်ဖို့ အခွင့်အလမ်းမရှိနိုင်တော့ဘူး....”

ထိုစကားကြောင့် ကျန်းရှု မျက်မှောင်ကြုတ်လိုက်သည်။

အဲ့ဒီနေ့မှာတင် ကျန်းဇီယုက ကျန်းရှု ကို ကျန်းချန်ရှန်းဆီသို့ အလည်အပတ် စေလွှတ်ပြီး ထိုကိစ္စကို အကြောင်းကြားခဲ့သည်။

ကျန်းချန်ရှန်းက ခပ်ပြုံးပြုံးဖြင့်.. “မင်းတို့ဆန္ဒရှိတဲ့အတိုင်း လုပ်ပါ....ငါ ဒီမှာပဲရှိနေမယ်......"

ကျန်းချန်ရှန်းက ကျင့်ကြံနေရင်းနဲ့ ကျန်းဂျန် ကို စိုက်ကြည့်လိုက်သည်။ ဤကလေးသည် ကောင်းကင်မိုးကြိုးနတ်ဘုရားခန္ဓာကို တစ်နှစ်ခွဲသာ ကျင့်ကြံခဲ့သော်လည်း

ခဲ့သော်လည်း သူ၏ ကြွက်သားများနှင့် အရိုးများ ပြောင်းလဲနေပြီဖြစ်သည်။ သူသည် ဤကျင့်စဉ်နှင့် အမှန်တကယ် သင့်လျော်ပုံပေါ်သည်။

All Chapters