← Chapters

မပျက်သုန်းနိုင်သောမင်းဆက်....

Vol. 7 Ch. 95

မပျက်သုန်းနိုင်သောမင်းဆက်....

Vol. 7 Ch. 95

ကျန်းရှုသည်လည်း ကျန်းဂျန်၏ပြောင်းလဲမှုကို သတိပြုမိသည်။

ဒီကလေးတောင် လေးလံလွန်းတဲ့စစ်ပုဆိန်လှံရှည်ကို ကောင်းကောင်းသုံးနိုင်နေပြီပဲ....

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး ....

"ဘယ်လိုနေလဲ.... ပျော်ရဲ့လား? အနာဂတ်မှာ မင်း နန်းတက်ရင် အနည်းဆုံးတော့ အားကိုးလို့ရတဲ့သူတစ်ယောက် ရှိလာလိမ့်မယ်...."

သူ့စကားက ကျန်းရှုရဲ့ စိုးရိမ်စိတ်ကို ပြေပျောက်စေခဲ့သည်။

ထိုစကားကိုကြားသောအခါ ကျန်းရှု ၏ မျက်လုံးများ တောက်ပလာသည်။ ဟုတ်ပေသည်.... ပင်းအန်းသည် သူ့အဖေလက်ထက်တွင် နံပါတ်တစ် ဗိုလ်ချုပ်ကြီးဖြစ်သည်။ သူ နန်းတက်သောအခါ ပင်းအန်း အနားယူသင့်နေပြီ။ ထို့အပြင် မိမိအင်အားကို ပံ့ပိုးပေးရမည်။

ကျန်းချန်ရှန်း သူ့ကို အလင်းပြ

ပြီးနောက် ကျန်းရှုက ကျန်းဂျန်ကို ပူပြင်းတောက်ပသောမျှော်လင့်ချက်များဖြင့် ကြည့်လိုက်လေသည်။

အနာဂတ်တွင် တကျန်း၏ နံပါတ်တစ်ဗိုလ်ချုပ်ကြီးအား သေချာပုံဖော်မြင်ယောင်နေမိတော့သည်။

ထိုအချိန်မှစ၍ ကျန်းရှုသည် ကျန်းဂျန်ဆီသို့ လစဉ်သွားရောက်လည်ပတ်ရန် အချိန်ယူလာခဲ့သည်။ ကျန်းဂျန်ကလည်း သူ့ကို အရမ်းသဘောကျပြီး ညီအစ်ကိုနှစ်ယောက်ကြားက ဆက်ဆံရေး ပိုကောင်းလာခဲ့သည်။ ကျန်းရှုက ကျန်းဂျန်၏မိခင်ထံသို့လည်း သွားရောက်လည်ပတ်ခဲ့ပြန်သည်။ ကျန်းရှုဘက်က ကျန်းဂျန်နဲ့ ရင်းနှီးဖို့ ဆန္ဒရှိတာကြောင့် ကျန်းဂျန်ရဲ့မယ်တော် ပျော်ရွှင်နေရှာသည်။

ချန်းဝူခေတ်၏ 25 နှစ်၊ ဇန်နဝါရီလ၏အစတွင်........

မြို့တော်တစ်ခုလုံး စည်ကားသိုက်မြိုက်နေပြီး ကုန်သည်များနှင့် သိုင်းပညာရှင် အများအပြားက မြို့တံခါးလေးပေါက်မှ မြို့ထဲသို့ တဖွဲဖွဲဝင်ရောက်နေကြသည်။ သူတို့အားလုံးက တကျန်းကို ကောင်းချီးပေးခံရသောမင်းဆက် ဖြစ်လာမည်ကို မြင်ချင်ကြသည်။

အခုဆို ထိုအကြောင်း ကောလဟာလတွေ သိုင်းလောကတစ်ခုလုံး ပြန့်နှံ့နေခဲ့ချေပြီ။ ယခင်က မဟာယာနနဂါးမျှော်စင်သည် ၎င်းတို့၏ သိုင်းပညာကို မြှင့်တင်ရန် မင်းဆက်တစ်ခု၏ ကံကြမ္မာကို မှီခိုအားထားကာ သိုင်းလောကသားများကိုဖိနှိပ်ခဲ့သည်။ ယခု ဧကရာဇ်သည် ဤကံတရားကို စုဆောင်းပြီး ကမ္ဘာပေါ်ရှိ သိုင်းပညာရှင်အားလုံးကို ခံစားခွင့်ပြုလိုက်သောကြောင့် သိုင်းလောကသားများ ပျော်ရွှင်ပြီး စူးစမ်းလိုစိတ်ရှိခဲ့သည်။

တည်းခိုခန်းတစ်ခုရဲ့ ဧည့်ခန်းထဲတွင်.....

ရဟန်းငယ်တပါးက ရုတ်တရက်တံခါးတွန်းဖွင့်လိုက်ပြီး အေးအေးလူလူ ရေနွေးကြမ်းသောက်နေသော ရဟန်အိုတပါးရှေ့သို့ ရောက်လာခဲ့သည်။

“ဆရာ.... ကျွန်တော် စုံစမ်းပြီးပြီ...အခုချိန် မြို့တော်မှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်နဲ့ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပဲရှိတယ်...အဲ့နှစ်ယောက်ကလည်း လုံချီဘုရားကျောင်းက ဟွမ်းချွမ်နဲ့ တာအိုဘိုးဘေးတို့ပဲ......တာအိုဘိုးဘေးက ရွှေခန္ဓာနယ်ပယ်ကိုတောင်သတ်ဖြတ်နိုင်တဲ့သူ....."

ရဟန်းပျိုက စုံစမ်းခဲ့သမျှကိုတင်ပြနေသည်။

ဆရာတော်က လက်ဖက်ရည်ခွက်ကို အေးအေးဆေးဆေး လှုပ်ယမ်းပြီး.... “ကောင်းကင်ဗျူဟာစစ်တပ်က ဘယ်မှာလဲ...အခုထိ ဒီကိုမရောက်သေးဘူးလား..."

ရဟန်းပျိုက မျက်မှောင်ကြုတ်လိုက်ပြီး

“မရောက်သေးဘူး.... သူတို့တွေ တခြားမြို့မှာ လေ့ကျင့်နေတုန်းပဲ...ဒီအတိုင်းသာဆို တကျန်းဧကရာဇ်က တာအိုဘိုးဘေးကိုပဲ အားကိုးနေတဲ့ပုံပဲ..... ဒီခရီးက အရမ်းအန္တရာယ်များတယ်....ကျွန်တော်တို့ တကယ်ပါဝင်ရမှာလား......"

ရဟန်းအိုကြီးက သူ့အား စိုက်ကြည့်ကာ....

“ ကောင်းချီးပေးခံရတဲ့မင်းဆက်ဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့မင်းဆက်မျိုး ဒီကမ္ဘာမှာ ဘယ်လောက်ရှိလို့လဲ.... အနှစ်ငါးဆယ်မှာ တစ်ခုတွေ့ရခဲတယ်....”

ရဟန်းပျိုက... “ဖြစ်ပါ့မလား...တာအိုဘိုးဘေးက ချောင်ဂိုဏ်းနှစ်ခုကိုဖျက်စီးခဲ့တယ်....အခုဆို သတင်းအစအနတောင်မကြားရတော့ဘူး....ပြီးတော့တာအိုဘိုးဘေးရဲ့အကူအညီနဲ့ တကျန်းက မင်းဆက်သုံးခုကိုဝါးမြိုခဲ့တာ....."

ရဟန်းအိုကြီးက.... “ငါတို့တွေတိုက်ခိုက်မယ်လို့ မင်းကိုဘယ်သူပြောလဲ..... ပျက်စီးသွားတဲ့ချောင်ဂိုဏ်းနှစ်ခုနဲ့ မင်းဆက်သုံးခုက ကောင်းချီးပေးခံရတဲ့မင်းဆက်နဲ့ဘယ်ယှဉ်နိုင်မှာလဲ.... တစ်လအတွင်း လူသားဧကရာဇ်ကျောက်စာက ကံကောင်းခြင်းများစွာကို စုဆောင်းလိမ့်မယ်.... အဲဒါကို ငါတို့ရရင် ငါတို့ရဲ့နယ်ပယ်တွေအဆင့်မြင့်လာလိမ့်မယ်... ငါ့အသက်ကို နောက်ထပ် အနှစ်ငါးဆယ် သက်တမ်းတိုးပြီး မင်းလည်း မင်းရဲ့နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ ထောက်ပံ့ပေးနိုင််ပြီ......”

ရဟန်းပျိုက မျက်မှောင်ကြုတ်ကာ နက်နက်နဲနဲသည်။

“စောင့်ကြည့်ကြတာပေါ့....အခုချန်မှာ တကျန်းကို တခြားကျွမ်းကျင်သူတွေလည်းရောက်နေကြပြီ.... ချောင်ဂိုဏ်းကလူတွေတောင် ရှိနေနိုင်တယ်... ရှေးခေတ်ကတည်းက လုံလောက်တဲ့ အကျိုးမြတ်သာရမယ်ဆို လူတွေဟာ အကြောက်တရားကိုတောင် မေ့သွားနိုင်တယ်..... ” ဟု ရဟန်းအိုကြီးက တည်ငြိမ်စွာ မိန့်ကြားခဲ့သည်။

ရဟန်းပျိုက... “မြို့တော်အပြင်က တောင်ကြီးက တာအိုဘိုးဘေး ရွှေ့လာတယ်လို့ ကြားတယ်....မြို့တော်ကပြည်သူတွေ ဒါကိကိုယ်တိုင် မျက်မြင်တွေ့ခဲ့ကြတယ်တဲ့....တာအိုဘိုးဘေး ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ တွေးကြည့်ဖို့တောင်မလွယ်ဘူး....”

“နုံအလိုက်တာ.... လူတစ်ယောက်က ဒီတောင်ကို ဘယ်လိုရွှေ့နိုင်မလဲ။ ဒါ့အပြင် တောင်ကလည်း သေးသေးကွေးကွေးမဟုတတ်တဲ့ ဧရာမတောင်ကြီး.... ဒါကိုလူတစ်ယောက်တည်းက ရွှေ့နိုင်တယ်ဆိုတာ မင်းယုံလား....."

ရဟန်းပျို ဆိတ်ဆိတ်နေ၏။

ဟုတ်ပေသည်.... ဤမျှလောက်ကြီးမားသော တောင်ကြီးကို လူသားများ မည်သို့ရွှေ့နိုင်မည်နည်း။

သူတစ်ယောက်တည်းဝါ ထိုကဲ့သို့ သံသယရှိသူ မဟုတ်ခဲ့ပေ။ အခြားနေရာမှ သိုင်းပညာရှင်များသည်လည်း ထိုအကြောင်းကိုမယုံနိုင်ကြပေ။ မြို့တော်ကို အခုမှ ရောက်ဖူးသူများအနေနှင့် ပေတစ်ထောင်မြင့်တဲ့တောင်ကို တစ်စုံတစ်ယောက်က ရွေ့ပြောင်းနိုင်မယ်ဆိုတာ ဘယ်တော့မှ ယုံမှာမဟုတ်ပေ။

........................

ညအချိန်တွင်.....

ကျန်းချန်ရှန်းက သစ်ပင်အောက်တွင် ထိုင်ရင်း မြို့တော်အတွင်းရှိ ကျွမ်းကျင်သူများကို ရေတွက်နေသည်။

ပိုင်ချီသည်လည်း မြို့တော်ထဲရှိ သန်မာသောအော်ရာများကို အာရုံခံမိနေသည်။ထို့ကြောင့် ကျန်းချန်ရှန်းဆီသို့သွားကာ...

“မနက်ဖြန်က လူသားဧကရာဇ်ရဲ့ကျောက်စာတိုင်ဖွင့်ပွဲမဟုတ်လား... ဧကရာဇ်က ကောင်းကင်ဗျူဟာစစ်တပ်ကို ဘာလို့မခေါ်သေးတာလဲ...... အနည်းဆုံးတော့ ပင်းအန်း နဲ့ ရှုထျန်းကျီကိုပြန်ခေါ်သင့်တယ်မထင်ဘူးလား....”

ကျန်းချန်ရှန်းက “ငါရှိနေရုံနဲ့တင်

အဆင်ပြေတယ်....."

ပိုင်ချီက "ဆရာတော်ရဲ့အဆင့်အတန်းနဲ့ ဘာလို့ကိုယ်တိုင်လှုပ်ရှားမှာလဲ?"

ကျန်းချန်ရှန်းက.... "သူတို့လာမယ်ဆိုရင် တိုက်ပွဲကြာရှည်လာမှာဖြစ်သလို အပြစ်မဲ့သူတွေကို ဒဏ်ရာစေနိုင်တယ်...ဒါ့အပြင် သူခိုးတွေတောင် လွတ်သွားနိုင်တယ်....

တကျန်းသာ ကောင်းချီးပေးခံရတဲ့ မင်းဆက်ဖြစ်လာရင် လူပေါင်းသန်း 200 ကို အကျိုးပြုမည့် ကုသိုလ်ကောင်းမှုတစ်ခုပဲလေ....."

ကျန်းချန်ရှန်း အပေါ် သူမ၏ အထင်အမြင်များ ရုတ်တရက် ပြောင်းလဲသွားသည်။ ဤဘုန်းတော်ကြီးသည် လျစ်လျူရှုပုံပေါက်သော်လည်း သူ့တွင် မြင့်မြတ်သောနှလုံးသားရှိသည်။

ခြံဝင်းအပြင်ဘက်က တံတားငယ်တစ်ခု၏ဘေးတွင်.....

ကျန်းဂျန်၏မွေးရာပါအမှတ်အသားတောက်ပနေပြီး လှံရှည်ကိုပေါ့ပါးစွာဝှေ့ယမ်း၍ သိုင်းကွက်များလေ့ကျင့်နေသည်။

ဟွာဂျန်ရှင်းကတော် ကျေနပ်တဲ့ အမူအရာနဲ့ ဘေးနားမှာ ရပ်နေခဲ့သည်။

ဤကလေးသည် ပင်းအန်း၏ကိုယ်ပွားနှင့်တူသည်။အင်မတနိသန်မာပြီး သူ့လှုပ်ရှားမှုတွေက အရွယ်ရောက်ပြီးသူတစ်ယောက်လို အဆင်ပြေချောမွေ့နေသည်။

သူမသည်လည်း ကျန်းဂျန်၏အနာဂတ်ကို စတင်မျှော်လင့်နေမိတော့သည်။

............................

နောက်တနေ့ နေထွက်ချိန်တွင်......

နန်းတော်ကို အစောင့်တပ်သားများစွာက စောင့်ကြပ်နေပြီး အရာရှိများသည် နန်းတော်ထဲသို့ ဝင်ကြကာ သာမန်လူများက လမ်းပါ်တွင် စုရုံးနေကြသည်။

နန်းတော်ထဲတွင်စိုက်ထူထားသော လူသားဧကရာဇ်၏ကျောက်စာတိုင်သည် ပေ ၅၀၀ မြင့် နန်းတော်အပြင်ဘက်ကနေတောင် မြင်နိုင်သည်။

ဧကရာဇ်၏အဆောင်တော်တွင်....

အပျိုတော်မိန်းကလေးများက ကျန်းဇီယုကို ဝတ်လဲတော်ဆင်မြန်းပေးနေသည်။ကျန်းဇီယုသည် နန်းတက်ပွဲခံယူစဉ်ကလို နဂါးဝတ်ရုံနှင့် တော်ဝင်သရဖူကိုဆင်မြန်းထားသည်။

ကြေးဝါမှန်ထဲက ပုံရိပ်ကိုကြည့်ပြီး....

“သိုင်းဘိုးဘေးဧကရာဇ်ဝမ်....မြေးတော်က ဘိုးတော်ထက်သာလွန်ပြီး တကျန်းကိုညစစ်မှန်တဲ့ကြီးပွားချမ်းသာမှုတွေဆီခေါ်ဆောင်သွားတော့မယ်...."ဟု တီးတိုးရေရွတ်နေသည်။

တခဏအကြာတွင် ကျန်းဇီယု အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။

သူသည် ရာဇပလ္လင်တော်အခန်းရှေ့သို့ ရောက်လာပြီး သူ့ရှေ့တွင် လူသားဧကရာဇ်၏ ကျောက်စာတည်ရှိရာ မြေကွက်လပ်ရှိနေသည်။ အရာရှိများက ကျောက်စာတိုင်ပတ်ပတ်လည်တွင် နေရာချထားပေးသည့်အတိုင်း ရပ်နေကြသည်။အားလုံးပေါင်း လူဉီးရေ တသောင်းခန့်ရှိနိုင်သည်။

ကျောက်စာတိုင်ရှေ့တွင် ဧရာမအမွှေးတိုင်အိုးကြီးတလုံးရှိပြီး ၎င်းဆီသို့တက်လှမ်းရန် မဟော်ဂနီသစ်သားလှေကားကို ခင်းကျင်း ထားသည်။ အမွှေးတိုင်အိုးကြီးထဲတွင် အင်မတန်ရှည်လျားသော အမွှေးတိုင်တစ်ချောင်းကိုစိုက်ထူထားသည်။

ကျန်းဇီယုသည် ရာဇပလ္လင်တော်အခန်းရှေ့ လှေကားထစ်များပေါ်တွင် ရပ်နေသည်။ ဧကရီ၊ မိဖုရား၊ မောင်းမမိဿံများ၊ မှူးမတ်များနှင့် သားတော်၊သမီးတော်များ ကြိုတင်ရောက်နှင့်နေပြီး ကျန်းဇီယုကို ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေကြ၏။ ကျန်းဂျန် လည်း ရောက်နေပြီး ဒီကလေးက အတက်ကြွဆုံးဟုဆိုရပေမည်။

ကျန်းဇီယုတွင် သားတော်

ဆယ့်လေးပါးနှင့်သမီးတော်

နှစ်ဆယ့်ခုနစ်ပါးရှိပြီး ၎င်းတို့အနက် ငါးဦးမှာ နို့စို့အရွယ်တွင်သာ ရှိသေးသည်။

ချင်ဝမ် (ခေါ်)ကျန်းယုလည်း ရောက်ရှိနေသည်။ သူသည် အရာရှိများကြားတွင် ရပ်နေပြီး ကျန်းဇီယုကို ခံစားချက်တွေ ပြည့်နှက်နေသောအကြည့်ဖြင့်ကြည့်နေသည်။ တကျန်း ဤမျှအထိ တိုးတက်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ခမည်းတော်....ခမည်းတော် အသက်ရှင်နေချိန်က တကျန်းမှာဒီနေ့မျိုးရှိလာမယ်လို့ တွေးခဲ့ဖူးလား...."

ကျန်းယု ထိုသို့တွေးနေရင်း ကျန်းချန်ရှန်းကိုရှာကြည့်တော့ သူဒီမှာမရှိမှန်း သိလိုက်ရသည်။သို့သော် ထိတ်လန့်ခြင်းမရှိခဲ့ပေ။

ကျန်းချန်ရှန်း လုံချီဘုရားကျောင်းမှ စောင့်ကြည့်နေပြီး သူတို့ကို ကာကွယ်ပေးနေမည်ကို အကြွင်းမဲ့ယုံကြည်နေပါသည်။

ကျန်းချန်ရှန်း၊ဟွာဂျန်ရှင်း၊ဝမ်ချန်းနှင့် ပိုင်ချီ တို့သည် ချောက်ကမ်းပါးစွန်းတွင် ထိုင်ကာ မြို့တော်ကို အဝေးမှ ကြည့်နေကြသည်။ ဧရာမကျောက်စာတိုင်ကို လုံချီတောင်မှပင်အမြင်နိုင်သည်။

ပိုင်လုံလည်း ထိုနေရာတွင်ရှိနေပြီး အပျော်သဘောဖြင့် ပါဝင်ဆင်နွှဲနေ၏။သူ့ ဦးခေါင်းကို မြှောက်လိုက်ရုံဖြင့်၊ ၎င်းသည် ကျန်းချန်ရှန်းတို့ကို အုပ်မိုးထားနိုင်သည်။

ဝမ်ချန်းက.... " ကောင်းချီးပေးခံရတဲ့ မင်းဆက်ဖြစ်လာတာနဲ့ တစ်ပြိုင်နက် တကျန်းရဲ့ အရှိန်မြင့်လာလိမ့်မယ်... နောင်နှစ်ပေါင်းရာနဲ့ချီပြီးကြာရင် ဘယ်လောက်ထိ အစွမ်းထက်လာမယ်ဆိုတာ တွေးကြည့်လို့တောင်မရဘူး....”

သူ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေနဲ့ ပြည့်နေသည်။ ကံကြမ္မာက တရားမျှတမှု မရှိသော်လည်း သူသည် အိမ်ရှေ့စံမင်းသားအဖြစ် နှစ်ပေါင်းများစွာကြာအောင် ထမ်းဆောင်ခဲ့ပြီး တကျန်းအပေါ် သံယောဇဉ်ရှိနေစမြဲပင်.......

ဟွာဂျန်ရှင်းကလည်း ပြုံးလိုက်ပြီး... "ဒါက တာအိုဘိုးဘေး သက်တမ်း ဘယ်လောက်ရှည်မလဲဆိုတာပေါ်မူတည်တယ်......"

ဝမ်ချန်း ကျန်းချန်ရှန်းကိုလှည့်ကြည့်လိုက်တော့ ကျန်းချန်ရှန်း၏ အမူအရာ ငြိမ်သက်နေပြီး သူ့အတွေးများကို မမြင်နိုင်တော့ပေ။

သူ ရုတ်တရက် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

တာအိုဘိုးဘေးက မသေမျိုးနတ်ဘုရားပင်.... သို့သော် လူသားတွေကတော့ သက်တမ်းကုန်ဆုံးသည်နှင့် သေဆုံးရပေမည်။

"မှန်တယ်.... မသေနိုင်သောပုဂ္ဂိုလ်၊ မပျက်သုန်းတဲ့မင်းဆက်ဆိုတာမရှိဘူး...."

ဝမ်ချန်း ဝမ်းနည်းသောလေသံဖြင့် တီးတိုး ရေရွတ်လိုက်သည်။

ကျန်းချန်ရှန်းက... "ဒီကမ္ဘာကြီးမှာ ငါတို့က နေ့ရောညပါ ကြိုးစား းအားထုတ်နေကြတာ နောင်လာနောက်သားမျိုးဆက်တွေ

ကောင်းချီးပေးခံရဖို့ပဲလေ.... ဒီကမ္ဘာကြီးမှာ ကံကြမ္မာကိုယ်စီရှိကြပေမယ့် ဂုဏ်ကျက်သရေထွန်းတောက်နေသ၍ ဘယ်တော့မှမေ့ဖျောက်ခံရမှာမဟုတ်ဘူး...."

ထိုစကားက ကျိုးကြောင်းဆီလျော်သည်ဟု ဝမ်ချန်း ခံစားမိသည်။ ဤလောကရှိလူများသည် အနာဂတ်အတွက် အဘယ်ကြောင့် စိုးရိမ်နေရသနည်း။

အချိန်တွေတဖြည်းဖြည်းကုန်သွားပြီးနောက် နေမင်းကြီး အရှေ့ရပ်ကနေ ထွက်ပေါ်လာခဲ့ချေပြီ.....

လူသားဧကရာဇ်၏ ကျောက်စာဘေးတွင် ဟန်ထျန်းကျီနှင့် ကံကြမ္မာဝန်ကြီးဌာနမှ အရာရှိများက နတ်ဆရာများကဲ့သို့ ခမ်းနားစွာ ၀တ်ဆင်ထားပြီး စီတန်းနေကြသည်။

ဟန်ထျန်းကျီက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အချိန်အခါကောင်းရောက်သည်နှင့်....

“အရှင်မင်းကြီး၊ တော်ဝင်မိသားစုကိုဉီးဆောင်ပြီး ကြွချီတော်မူပါ...."

ဒါကိုကြားတော့ ကျန်းဇီယုက တော်ဝင်မိသားစုနဲ့အတူ လှေကားကနေ ချက်ချင်းဆင်းပြီး ကျောက်စာတိုင်ဆီလျှောက်လှမ်းလာခဲ့သည်။

အရာရှိများက ဒူးထောက်ကာ လူသားဧကရာဇ် ကျောက်စာတိုင်ကို အရိုအသေပြုနေကြသည်။

ကျန်းဇီယု အမွှေးတိုင်အိုးရှေ့ရောက်သောအခါ သူ့နောက်မှတော်ဝင်မိသားစုဝင်များ တယောက်ပြီးတယောက် ဒူးထောက်လိုက်ကြသည်။

ကျန်းဂျန်သည် သူ့မိခင်၏ အတင်းဆွဲခေါ်ခြင်းကို ခံခဲ့ရပြီး မယုံနိုင်လောက်အောင် ခံစားခဲ့ရသည်။ သူသည် ကျန်းချန်ရှန်းနှင့် ကြီးပြင်းလာခဲ့ပြီး အဆိုပါ ဓလေ့ထုံးစံများနှင့်မရင်းနှီးသော်လည်း နာခံကာ လိုက်နာရန် ရွေးချယ်ခဲ့ရှာသည်။

“အရှင်မင်းကြီး၊ ကောင်းကင်စင်မြင့်ပေါတက်တော်မူပါ....”

ကျန်းဇီယုသည် သူ၏ နဂါးဝတ်ရုံကို မ လိုက်ပြီး မဟော်ဂနီလှေကားထစ်များပေါ်မှဆင့် အမွှေးတိုင်အိုးဆီသို့ လှမ်းတက်လိုက်သည်။

ဤနေရာတွင်ရပ်ပြီး အရာရှိများကို ငုံ့ကြည့်ရင်း ကျန်းဇီယု၏နှလုံးသားထဲတွင် မကြုံစဖူး ကျေနပ်မှုကို ခံစားခဲ့ရသည်။

တစ်နည်းအားဖြင့် ကောင်းကင်ဘုံ၏အလိုတော်ကို ခံစားမိပုံရသည်။

ဟန်ထျန်းကျီသည် ကံကြမ္မာဌာနမှ အရာရှိများနှင့်အတူ ကျောက်စာတိုင်ကို ဝိုင်းထားလိုက်သည်။ ကျောက်စာတိုင်ပေါ် အသီးသီးလက်တင်ပြီးနောက် ၎င်းတို့၏ အစစ်အမှန်ချီကို စုစည်းပြီး ကျောက်စာတိုင်ထဲသို့ ပို့လွှတ်လိုက်ကြသည်။ ဤအရာရှိအားလုံးကို ဟန်ထျန်းကျီမှ ဂရုတစိုက်ရွေးချယ်ထားခြင်းဖြစ်ပြီး သူတို့အားလုံး ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်များဖြစ်ကာ ကံကြမ္မာကို လမ်းညွှန်ပေးနိုင်သော အဆုံးစွန်သော ကံကောင်းခြင်းနည်းပညာကို ဆက်ခံခဲ့ကြသည်။

သိပ်မကြာခင်မှာပဲ လေပြင်းတွေတိုက်ခတ်လာချေတော့သည်။

ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာပြီး မိုးကြိုးတိမ်တိုက်များ ရုတ်တရက် စုစည်းလာ၏။

လူတိုင်း၏ ၀တ်စုံများသည် လေထဲတွင် လွင့်ပျံနေပြီး ကျန်းဇီယုကတော့ တောင်တစ်လုံးကဲ့သို့ တည်ငြိမ်စွာရပ်နေဆဲပင်....

ထိုသို့သော ဖြစ်စဉ်ကြောင့် တာဝန်ရှိသူများ ထိတ်လန့်ခဲ့ကသည်။ တကယ်တော့၊ သူတို့အများစုဟာ ကံကြမ္မာဌာနအပေါ်အမြင်မကြည်ကြပေ။သို့သော် ဒီနေ့တော့ ကံကြမ္မာဌာနရဲ့အရေးပါပုံကို သိရှိခဲ့ကြချေပြီ.....

တစ်ချိန်တည်းမှာပင် မြို့တော်ရှိ လမ်းများပေါ်တွင် လူများ ပြည့်ကျပ်နေသည်။ သိုင်းပညာရှင် အများအပြားကတော့ တံစက်မြိတ်ပေါ်ကနေ ထိုဖြစ်စဉ်ကို ကြည့်ရှုခဲ့ကြသည်။

ဝုန်းးးးးးးးးးးးး

ကျောက်စာတိုင် တုန်ခါလာပြီး အထက်တွင်မိုးကြိုးများ ရေဝဲကဲ့သို့ လှည့်ပတ်လာသည်။ ရေဝဲ၏ဗဟိုသည် ကျောက်စာတိုင်ကို တိုက်ရိုက်မျက်နှာမူကာ လျှပ်စီးများ ထွက်ပေါ်လာသည်။

“အရှင်မင်းကြီး...အမွှေးတိုင်ထွန်းညှိပူဇော်ပြီး ကောင်းကင်နှင့်မြေကြီးဧကရာဇ်အဖြစ် ကြေငြာတော်မူပါ....”

ဟန်ထျန်းကျီ ရဲ့အသံ ထပ်မံထွက်ပေါ်လာသည

ကျန်းဇီယုသည် လက်ကို မြှောက်ကာ အမွှေးတိုင်ကိုကိုင်၍ " ချန်းဝူ ခေါတ်၏ 25 နှစ်တွင် ကျွန်ုပ် ကျန်းဇီယုသည် ကမ္ဘာကြီး၏ ကံကောင်းခြင်းများကို စုဆောင်းပြီး တကျန်းအင်ပါယာကို တည်ထောင်ခဲ့သည်။ သိုင်းဘိုးဘေးဧကရာဇ်ဝမ်နှင့်အတူ တော်ဝင်မိသားစုမှ ကျန်းမိသားစုဝင်များကို ကောင်းကင်နှင့်မြေကြီး၏ ကံကောင်းခြင်းများဖြင့် ကောင်းချီးပေးပါလော့..... ငါသည် ကောင်းကင်၏သားတော်ဖြစ်လို၍ လောကီသားတို့ကို အကျိုးပြုပြီး တိုင်းပြည်ကို ကောင်းချီးပေးလိုစိတ်ရှိသည်! ကျွန်ုပ်၏ရည်ရွယ်ချက်များကိုကြားလျှင် ကျေးဇူးပြု၍ တကျန်းအင်ပါယာတည်ထောင်ရာတွင် ကူညီကြပါကုန်လော့...."

ထိုအချိန်တွင်၊ ကျန်းမိသားစု၏တော်ဝက်အာဏာကို လုယူခြင်းမပြုဘဲ ကောင်းကင်မှ အသိအမှတ်ပြုခံရမည်ဖြစ်သည်။ ထိုအရာကို ကောင်းချီးပေးခံရသည်ဟုဆိုနိုင်သည်။

ကျန်းဇီယု က သူ့ရဲ့ အစစ်အမှန်ချီကို ဖြန့်ကျက်ပြီး အမွှေးတိုင်ကိုထွန်းညှိခဲ့သည်။

ဝုန်းးးးး

ကျောက်စာတိုင်ကို လျှပ်စီးကြောင်းတစ်ခု ထိမှန်သွားသည်။

ချောက်ကမ်းပါးစွန်းတွင်ရှိသော ကျန်းချန်ရှန်း၏မျက်နှာတွင် ထူးဆန်းသောအမူအရာရှိသည်။ ဤသည်မှာ အမှန်ပင် ကောင်းကင်အတိဒုက္ခဖြစ်သည်။

သို့ရာတွင်၊ ၎င်းသည် သူ၏ကောင်းကင်အတိဒုက္ခနှင့် ကွဲပြားသည်။ လက်ရှိဖြစ်ပေါ်နေသော အတိဒုက္ခသည် ကျန်းဇီယု ၏ကိုယ်ပိုင်ကံကြမ္မာအပါအဝင် ကောင်းကင်နှင့်မြေကြီး၏ကံကြမ္မာကို ကျောက်စာတိုင်ဆီ ပို့ဆောင်ရန်ဖြစ်သည်။

All Chapters