← Chapters

ကံကောင်းခြင်းများကိုဝါးမြိုခြင်း .....ကျောက်စိမ်းအရိုးဝါးတော....

Vol. 7 Ch. 96

ကံကောင်းခြင်းများကိုဝါးမြိုခြင်း .....ကျောက်စိမ်းအရိုးဝါးတော....

Vol. 7 Ch. 96

ဝုန်းးးးဝုန်းးးးးဝုန်းးးးးး

လူသားဧကရာဇ်ကျောက်စာတိုင်ကို လျှပ်စီးကြောင်းများ ဆက်တိုက် ထိမှန်သော်လည်း ပျက်စီးခြင်း မရှိပေ။ မျက်နှာပြင်ပေါ်တွင် လျှပ်စီးတန်းများယှက်သန်းနေပြီး ပြင်းထန်သောလေပြင်းများ ကျောက်စာတိုင်ဆီသို့ တိုးဝင်လာစဉ် ကောင်းကင်နှင့်မြေကြီး ပြင်းထန်စွာတုန်ခါနေ၏။

ကျန်းဇီယုသည် ထူးဆန်းသော စွမ်းအားကို သိသိသာသာ ခံစားလိုက်ရပြီး မျက်လုံးများကို မှိတ်ထားသည်။

ကံကြမ္မာဆိုတာဒါလား....

အနောက်မှာ ဒူးထောက်နေတဲ့ ကျန်းဂျန် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်လေသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် လျှပ်စီးကြောင်းများ ရောယှက်နေသည့် အရိပ်အယောင်များလည်း ရှိခဲ့သည်။ သို့သော်၊ လူတိုင်း၏အာရုံစိုက်မှုသည် ကျန်းဇီယုနှင့် လူသားဧကရာဇ်ကျောက်စာတိုင်အပေါ်တွင်ရှိနေသောကြောင့် သူ၏မူမမှန်မှုကို မည်သူမျှသတိမထားမိပေ။

သိပ်မကြာခင်မှာပဲ လူသားဧကရာဇ်ကျောက်စာတိုင်တစ်ဝိုက်မှာ သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ လေပွေတစ်ခု ဖြစ်ပေါ်လာသည့်အခါ ဟန်ထျန်းကျီနှင့် အခြားသူများ ဆုတ်ခွာသွားကြသည်။ လူသားဧကရာဇ်ကျောက်စာတိုင်သည် သူတို့၏ လမ်းညွှန်မှုကို မလိုအပ်တော့ပေ။ ကံကြမ္မာရဲ့ ထိန်းချုပ်မှုကို တိတ်တဆိတ် စောင့်ဆိုင်းနေရုံသာလိုတော့သည်။

ကျန်းဇီယုက အမွှေးတိုင်အိုးရှေ့တွင် ရပ်လိုက်ပြီး ကျောက်စာတိုင်ကို မော့ကြည့်လိုက်သည့်အခါ ကျောက်စာတိုင်ထိပ်တွင် လေနှင့် လှိုင်းများ စုစည်းနေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင်.....

နန်းတော်အပြင်ဘက်မှ မီးတောက်များသည် ကောင်းကင်သို့ ပျံတက်သွားသည်။ထိုအရာကို တာဝန်ရှိသူများ သတိမထားမိကြသော်လည်း ကျန်းဇီယုသည် ထိုမီးတောက်ကို ရင်ဆိုင်နေရပြီး ပထမဆုံး သတိပြုမိခဲ့သည်။ သို့သော်လည်း ထိတ်လန့်မနေခဲ့ပေ။ ယင်းအစား၊ လှောင်ပြောင်ဟန်ဖြင့် ခပ်တထ့ထေ့ပြုံးလိုက်လေသည်။

များမကြာမီတွင် နန်းတော်နံရံနောက်ကွယ်မှ လူရိပ်များစွာ ခုန်တက်လာပြီး လူသားဧကရာဇ်ကျောက်စာတိုင်ဆီသို့ ပြေးသွားကြသည်။

၎င်းတို့ထဲတွင် ရဟန်အိုကြီးတပါးနှင့်ရဟန်းပျိုတပါးလည်း ပါဝင်နေသည်။

ရဟန်းပျိုသည် ဆရာသခင်နောက်သို့ လိုက်ပါလျက် ....“အရှင်ဘုရား...တပည့်တော်တို့စောင့်ဖို့သဘောမတူဘူးလား” ဟု စိုးရိမ်တကြီး မေးလိုက်သည်။

ရဟန်းအိုကြီးက... “ငါတို့ စောင့်နေတာ ကြာနေပြီ” ဟု ပြန်ဖြေခဲ့သည်။

သိုင်းပညာရှင် ပိုများလာကာ နန်းတော်ထဲသို့ အပြေးဝင်လာသည်။ သို့သော်လည်း အစောင့်များသည် လျစ်လျူရှုကာ ၎င်းတို့၏တာဝန်ကိုသာ ဆက်လက် ထိန်းသိမ်းထားသည်။

ရဟန်းပျို လှည့်ကြည့်၍ မည်သူမျှ မတားကြသည်ကိုမြင်တော့ မကောင်းတဲ့ ခံစားချက်တွေ ခံစားလာရပြဖိး သူ့နှလုံးသား တဒုတ်ဒိန်းခုန်နေလေ၏။

"အရှင်ဘုရား.... တစ်ခုခုတော့မှားနေပြီ!"

ရဟန်းအိုကြီးက စိတ်မရှည်ဟန်ဖြင့်.... “ဒီလိုအချိန်မျိုးမှာ ဘာတွေပြောနေတာလဲ၊ မင်းကြောက်ရင် လှည့်ပြန်လိုက်တော့....!”

ရဟန်းပျိုက ထိုစကားကိုကြားသောအခါ အံကိုကြိတ်၍ ချက်ချင်းနောက်ပြန်လှည့်ပြေးလေတော့သည်။

ရာနှင့်ချီသော သိုင်းပညာသည် လူသားဧကရာဇ်ကျောက်စာတိုင်ဆီသို့ ပြေးလွှားနေသော်လည်း နန်းတော်မှ ပြေးထွက်လာသူ တစ်ဦးတည်းသာ ရှိသည်။

ဤသိုင်းပညာရှင်အားလုံးသည် ကျွမ်းကျင်သူများဖြစ်သည်။ သူတို့သည် တံစက်မြိတ်ပေါ်မှခုန်ဆင်းကာလူသားဧကရာဇ်ကျောက်စာတိုင်ဆီသို့ အမြန်ချဉ်းကပ်ခဲ့ကြသည်။

"ငါ ကံတရားကို စုပ်ယူနေချိန်မှာ တခြားသူတွေကို မင်းတို့တားထားကြ!"

စိမ်းပြာရောင်ဝတ်ရုံဝတ် အဘိုးကြီးတစ်ယောက်က ပျံသန်းနေစဉ်အော်ဟစ်လိုက်သည်။ သူ၏ အော်ရာက အခြားသူများထက် အလွန်အစွမ်းထက်သည်။

ကျောက်စာတိုင် ပတ်လည်ရှိ အရာရှိများ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ မောင်းမမိဿံများနှင့် မင်းသမီးလေးများ မျက်နှာများ ဖြူဖျော့လာပြီး ပို၍ပင် ထိတ်လန့်သွားကြသည်။

"မကြောက်ကြနဲ့...!"

ကျန်းဇီယုက အသံနက်ကြီးဖြင့် အော်လိုက်သည်။ သူ၏အသံသည် လူတိုင်း၏နားထဲသို့ ဝင်ရောက်လာပြီး ပူပန်မှုကို ငြိမ်သက်စေခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် ကျန်းဇီယု အခုလိုသတိပေးခြင်းဖြစ်ပေလိမ့်မည်.....

ရဟန်းပျိုသည် နန်းတော်တံတိုင်းသို့ ရောက်ရှိသည်နှင့် ဆန့်ကျင်ဘက် အဆောက်အဦး၏ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်စဉ်တွင် လုံချီတောင်၏ ဦးတည်ရာမှ ရွှေရောင်အလင်းတန်းများ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

"အဲ့ဒါဘာလဲ…"

ရဟန်းပျို မျက်လုံးပြူးသွား၏။ အခုဆို ပိုလို့တောင် ကြောက်လန့်သွားပြီး ချက်ချင်း ပြေးဖို့ အရှိန်မြှင့်လိုက်တော့သည်။

ရွှေရောင်အလင်းတန်းများ နန်းတော်ထဲသို့ အရှိန်ပြင်းပြင်းနှင့် ဝင်လာပြီး သိုင်းပညာရှင်တို့၏ နဖူးများကို လျင်မြန်စွာ ထိုးဖောက်သွားသည်မှယ သာမန်မျက်စိနဲ့ လိုက်မမှီနိုင်လောက်အောင် မြန်ဆန်ပေသည်။

ဖောက်...ဖောက်...ဖောက်......

သိုင်းပညာရှင်တို့၏ ဦးခေါင်းများကို ရွှေရောင်အလင်းတန်းများ ထိုးဖောက်သွားကာ သူတို့၏ ခန္ဓာကိုယ်များ လဲကျသွားသည်။ ဤအချင်းအရာကြောင့် ကျူးကျော်သိုင်းသမားများအပါအဝင် လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။

"အဲ့ဒါဘာလဲ?"

"သတိထားကြ!"

"ဘယ်လိုသိုင်းပညာလဲ.....ဒါမှမဟုတ် လက်နက်တစ်ခုလား”

"လာနေပြီ!"

သိုင်းပညာရှင်များက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

လေထဲတွင် ပျံဝဲနေသော စိမ်းပြာရောင်ဝတ် အဘိုးအိုလည်း တုန်လှုပ်သွားသည်။ သူသည် အစစ်အမှန်ချီကို ချက်ချင်းအသက်သွင်းလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ရွှေရောင်ပြောင်းသွားသည်။ မီးတောက်များ လျင်မြန်စွာ ဝိုင်းရံလာပြီး အော်ရာများ ရုတ်တရက် တိုးလာသည်။

ထို့နောက် လက်ဖဝါးကို ဝှေ့ယမ်းကာ ရွှေရောင်အလင်းတန်းကို တုံ့ပြန်လိုက်သည်။

ရွှေရောင်အလင်းတန်းက သူ့လက်နဲ့ နဖူးကို ဖောက်ထွက်သွားတာကြောင့် မျက်လုံးပြူးပြီး လဲကျသွားလေတော့သည်။

ရွှေရောင်အလင်းတန်းက အရှိန်အဟုန်ဖြင့် ဆက်လက် ရွေ့လျားနေဆဲပင်.... အခြားသော သိုင်းပညာသည်များလည်း မလွတ်မြောက်နိုင်ဘဲ တယောက်ပြီးတယောက် သတ်ဖြတ်ခံခဲ့ရသည်။

ချောက်ကမ်းပါးပေါ်ရှိ ဟွာဂျန်ရှင်းက ကျန်းချန်ရှန်း ကိုကြည့်ကာ "သစ်ရွက်တစ်ရွက်လောက်နဲ့ လုံလောက်ပြီလား" ဟုမေးလိုက်သည်။

နန်းတော်၌ ဖြစ်ပျက်ခဲ့သမျှကို သူမ မမြင်နိုင်သဖြင့် ကျန်းချန်ရှန်းကိုသာ မေးမြန်းနေရသည်။ ကျန်းဇီယုက သူမ၏သားဖြစ်သောကြောင့် တခုခုဖြစ်မည်ကိုမလိုလားပေ။

ဝမ်ချန်းလည်း အခြေနေကို သိချင်နေသည်။

ကျန်းချန်ရှန်းက “လုံလောက်ပြီ” ဟုသာပြန်ဖြေခဲ့သည်။

နန်းတော်ရှိ ရန်သူများအားလုံး သေဆုံးပြီး နောက်ဆုံးမိနစ်တွင် လှည့်ပြေးခဲ့သော ရဟန်းပျိုတစ်ပါးသာ လွတ်မြောက်ခဲ့သည်။ သူ့ကိုအသက်ရှင်စေခြင်းဖြင့်၊ သူသည် ကျန်းချန်ရှန်း၏ခွန်အားကို အများသိအောင်ပြောပြပေးနိုင်သည်။

ဝှစ်.....

ရွှေရောင်အကြေးခဲံ ကျောက်စိမ်းသစ်ရွက်သည် နောက်သို့ ပျံသန်းလာပြီး ကျန်းချန်ရှန်း ၏ အင်္ကျီလက်ထဲသို့ ဝင်လာသည်။

ဟွာဂျန်ရှင်းက ကျန်းချန်ရှန်းကို ယုံကြည်ဖို့ ရွေးချယ်ပြီး နန်းတော်ကို ပြန်ကြည့်နေသည်။

တစ်ချိန်တည်းမှာပင်.....

နန်းတော်ရှေ့တွင် လူအားလုံး တိတ်ဆိတ်နေကြသည်။ အများစုမှာ မယုံကြည်နိုင်စွာ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ကြသည်။ ကံကြမ္မာကို ခိုးယူဖို့လာသော သိုင်းပညာရှင် အားလုံး လူသားဧကရာဇ်ကျောက်စာတိုင်ကို မထိမီ သေဆုံးသွားကြသည်။

လူသားဧကရာဇ်ကျောက်စာတိုင်ကို ဆက်လက်စိုက်ကြည့်ရင်း ကျန်းဇီယု ၏အမူအရာမှာ မပြောင်းလဲပေ။

ဟန်ထျန်းကျီသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး.... “တောင်ကို ပြောင်းရွှေ့ခဲ့တဲ့ အင်မော််တယ်တပါးက မျှော်လင့်ထားသလိုပါပဲ.....လူလုံးထွက်ပြစရာမလိုဘဲ ရန်သူအားလုံးကို သတ်ပစ်ခဲ့တယ်...”

ဤသိုင်းပညာရှင်အုပ်စုသည် အလွန်အားကောင်းပြီး ၎င်းတို့ထဲတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်များပင်ပါနေကြောင်းခံစားနိုင်သည်။ ထိုအစိမ်းရောင်ဝတ်ရုံဝတ်အဖိုးအို၏ အော်ရာသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်များထက် ပို၍ကြောက်စရာကောင်းသည်။ သို့သော် တာအိုဘိုးဘေ နည်းလမ်းများနှင့်ရင်ဆိုင်ရာတွင် သူသည် စွမ်းအားမရှိခဲ့ပေ။

ဤသို့ဖြင့် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

ဝုန်းးးးးးး

မိုးခြိမ်းသံ ဆက်၍ မြည်ဟီးနေပြီး လေပြင်းများလည်း ဆက်လက်တိုက်ခိုက်နေဆဲပင်.... တဖြည်းဖြည်းနှင့် ကျန်းဇီယု သာမက အခြားမင်းသားများနှင့် မင်းသမီးများသည် ကံကောင်းခြင်း၏ အသွင်အပြင်ကို ခံစားခဲ့ရသည်။ဒီမမြင်နိုင်တဲ့စွမ်းအားက သူတို့ကို နားလည်မှုအသစ်တစ်ခုပေးစွမ်းနေသလိုပင်....

ထိုစဉ် ကျန်းဂျန် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။ ရုတ်တရက် လေနှင့် လှိုင်းများက သူ့ဆီသို့ တိုးဝင်လာပြီး မျက်ခုံးနှစ်ကြားက မွေးရာပါ အမှတ်အသားဆီသို့စိမ့် ဝင်လာသည်။

“ဂျန်အာ...…”

ကျန်းဂျန်၏မိခင်က ကျန်းဂျန်ကို ပြန်ဆွဲချလိုက်သော်လည်းပုံမှန်မဟုတ်တာကို သတိထားမိလိုက်သည်။ ကျန်းဂျန်၏ မွေးရာပါ အမှတ်အသားသည် လျှပ်စီးကြောင်းနှင့် ရောယှက်နေသဖြင့် သူ၏ အမူအရာ လေးနက်လာသည်။ ဤအချက်ကြောင့် သူမ အလွန်ထိတ်လန့်သွားသဖြင့် လက်ကိုရုတ်လိုက်သည်။

ကျန်းဂျန်၏ မူမမှန်မှုကို လူများ ပိုမိုသတိပြုမိလာသည်။

ကျန်းရှုကတော့ ကျန်းဂျန်ကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်သည်။

သူ့ရဲ့ ကိုးယောက်မြောက်ညီငယ်က တကယ့်ကို ထူးထူးခြားခြား မွေးဖွားလာခဲ့သူပင်....

ကျန်းဇီယု လှည့်ကြည့်လိုက်တော့ ကျန်းဂျန် ဖြစ်ပျက်နေသည်ကိုမြင်ပြီး မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

“ဒီမွေးရာပါအမှတ်အသားက တကယ့်ကို ထူးခြားတယ်...…”

ကျန်းဇီယု အံ့သြသွားသည်။ အရင်တုန်းကတော့ အန္တရာယ်ရှိလာပြီဆို သူ့မွေးရာပါအမှတ်အသား နာကျင်လာတတ်သည်။ ထိုအချိန်တွင် ဤမွေးရာပါ အမှတ်အသားက ထူးခြားကြောင်း သူသိသော်လည်း ၎င်းကို ရှင်းမပြနိုင်ပေ။ ကျန်းချန်ရှန်းကိုမေးသောအခါ မသိကြောင်းသာပြောခဲ့သည်။

ဒီနေ့ ကျန်းဂျန်ကိုတွေ့လိုက်တဲ့အခါ သူ့မှာ သူ့အဖေရဲ့သွေးသားကို အမွေဆက်ခံတာမဟုတ်ဘူးဆိုတာကို နောက်ဆုံးနားလည်သွားခဲ့ပြီး ကျန်းဂျန်ကတော့သူနှင့် မတူဘဲ စစ်မှန်သော သွေးရင်းကို အမွေဆက်ခံခဲ့သည်မှာ ထင်ရှားသည်။

ကျန်းဇီယု အသက်ပြင်းပြင်းရှူလိုက်ပြီး "ဂျန်အာ... ဒီကိုလာ....."

ကျန်းဂျန် ထိုစကားကိုကြားသောအခါ ချက်ခြင်းပင် ရှေ့သို့ တိုးလာသည်။

လူတိုင်း၏အကြည့်အောက်တွင် ကျန်းဂျန် သည် မဟော်ဂနီလှေကားထစ်အတိုင်းတက်လှမ်းပြီး ကျန်းဇီယု၏နံဘေးသို့ရောက်လာသည်။ သားအဖနှစ်ဦးက လူသားဧကရာဇ်ကျောက်စာတိုင်ရှေ့တွင် အတူတကွ ရပ်နေကြသည်။

ကျန်းဂျန်ရှေ့မှာ လှိုင်းလုံးတွေက ပိုပြင်းထန်လာပြီး သူ၏ မွေးရာပါ အမှတ်အသားက ကံတရားကို လောဘကြီးစွာ စုပ်ယူနေပြီး မျက်ခုံးနှစ်ခုကြားတွင် လျှပ်စီးများ တိုးလာသည်။ သူသည် ကျန်းဇီယုထက်ပင် ပို၍ အာရုံစိုက်ခံနေရသည်။

တာဝန်ရှိသူများက ထိုမြင်ကွင်းကို

တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။

ကျန်းချန်ရှန်းလည်း မျက်ခုံးပင့်လိုက်မိသည်။

ကျန်းဂျန်ရဲ့ တာအိုပုံစံ မွေးရာပါအမှတ်အသားက တကယ့်ကို မှော်ဆန်ပေမယ့် ကံကောင်းခြင်းတွေကို ဆွဲဆောင်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်ရှန်း၏ တာအိုပုံစံသည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်သော်လည်း ကံတရားကို မစုပ်ယူနိုင်ပေ။ ကံတရားတွေသာ သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားပြီဆိုရင် ထင်မထားလောက်အောင်ဒုက္ခဖြစ်လိမ့်မယ်ဆိုတာ သူ ရိပ်မိခဲ့သည်။ ကံတရားဆိုသည်မှာ တကယ်တော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတစ်မျိုးပင်... သူသည် ဤကမ္ဘာ၏ သိုင်းစနစ်ထဲတွင် မရှိခဲ့ပေ။ ကံတရားကို အရူးအမူး စုပ်ယူလိုက်လျှင် နာကျင်စရာ အဖိုးအခကို ပေးချေရပေလိမ့်မည်။ ထို့အပြင်၊ သူ့ခန္ဓာကိုယ်ကို ကြံခိုင်စေရန် ပြင်ပအင်အား မလိုအပ်ခဲ့ပေ။

"ဒီကလေး...''

ကျန်းချန်ရှန်းအနေနှင့် ကျန်းဂျန်ကို ပြန်လည်အကဲဖြတ်ရမည်ဖြစ်သည်။

ဤကလေး၏ အနာဂတ်အပေါ်ကန့်သတ်ချက်ကို လျှော့တွက်၍မရတော့ပေ။

ကျန်းဂျန် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူသည် သိုင်းသမားတစ်ယောက်ဖြစ်နေဆဲပင် သူ့ရဲ့ တာအိုပုံစံ မွေးရာပါအမှတ်အသားက ကျန်းချန်ရှန်းလောက် မပြင်းထန်ပေ။

သူစိတ်လှုပ်ရှားနေတာကိုတွေ့တော့ ဟွာဂျန်ရှင်းက “ဘာဖြစ်နေတာလဲ?တစ်ခုခုဖြစ်သွားတာလား?" ဟု မေးလိုက်သည်။

ကျန်းချန်ရှန်းက "ဘာမှမဟုတ်ပါဘူး....ကျန်းဂျန်က ကံကောင်းခြင်းတွေကို စုပ်ယူနေတယ်...ဒါပေမယ့် ထင်သာမြင်သာရှိလွန်းတာမို့ နောက်ဆို ဘေးကင်းအောင် ငါ့နားမှာပဲနေခိုင်းရတော့မယ်....”

သူစိုးရိမ်နေသည့်အရာသည် ရန်သူမဟုတ်ဘဲ သားစဉ်မြေးဆက်များ၏အတွင်းရေးပဋိပက္ခဖြစ်သည်။

ဟွာဂျန်ရှင်း ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဝမ်ချန်းက "ကောင်းကင်ကြီးက တကယ်ကို ကောင်းချီးပေးနေတာပဲ" ဟု မြည်တမ်းခဲ့သည်။

အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး တစ်နာရီကျော်အကြာတွင်.....

မိုးခြိမ်းသံ ရုတ်တရက် ရပ်သွားသဖြင့် လူတိုင်းက ကျောက်စာတိုင်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။

လူသားဧကရာဇ်ကျောက်စာတိုင်ပေါ်တွင် နဂါးအစစ်တစ်ကောင် တည်ရှိနေသည်။ ၎င်းသည် ကြည်လင်ပြီး သေချာကြည့်မှသာ ခွဲခြားသိမြင်နိုင်သည်။ ၎င်းသည် ကျောက်စာတိုင်ထက်ပင် ကြီးမားသည်။ ဒီမြင်ကွင်းကို မြို့သူမြို့သား တော်တော်များများ မြင်ကြပေလိမ့်မည်။

ကျန်းဂျန်၏ မျက်ခုံးနှစ်ခုကြားမှ လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားပြီး ရုတ်တရက်ပင် မူးဝေလာကာ ထိန်းမရတော့ဘဲ လဲကျသွားသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းဇီယုက သူ့ကို တွဲထူပေးခဲ့သည်။

ကျန်းဇီယုက... "မင်းသားကိုးကို လုံချီဘုရားကျောင်းကို ပို့လိုက်" ဟု အမိန့်ပေးလိုက်သည်။

ဝတ်ဖြူတော်အစောင့်မျာစ ပြေးလာပြီး ကျန်းဂျန်ကို သယ်ဆောင်သွားခဲ့သည်။

ထို့နောက် ကျန်းဇီယုက လူသားဧကရာဇ်ကျောက်စာတိုင်ပေါ်ရှိ နဂါးအစစ်ကို အပြုံးဖြင့် ကြည့်လိုက်သည်။

တကျန်းကို ကောင်းချီးပေးခံရသောမင်းဆက်ဖြစ်အောင် လုပ်ဆောင်ခြင်း အောင်မြင်ခဲ့ချေပြီ.....

ကံကြမ္မာနဂါးအစစ်က ကောင်းကင်ကို မော့ကြည့်ပြီး ဟိန်းဟောက်လိုက်သည့်အခါ တကျန်းရှိ ပြည်နယ်နှင့် ခရိုင်များအားလုံးမှ ထိုအသံကို ယောင်ဝါးဝါးကြားလိုက်ရသည်။

သိုင်းပညာကျွမ်းကျင်သူများသည် ကောင်းကင်နှင့် မြေကြီးကြား ခြားနားချက်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်သော်လည်း ယင်းကို အတိအကျ မဖော်ပြနိုင်ပေ။

ထိုနေ့တွင်၊ ဧကရာဇ်မင်းမြတ်သည် ကောင်းကင်ဘုံ၏ခွင့်ပြုချက်ရရှိပြီး တကျန်းသည် ကောင်းချီးပေးခံရသောမင်းဆက်ဖြစ်လာကြောင်း သတင်းများ လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။

မြို့တော်ရှိ သာမန်လူများနှင့် သိုင်းပညာရှင်များကတော့ နန်းတော်၌ သေဆုံးသွားသော သိုင်းပညာရှင်များအကြောင်း ဆွေးနွေးနေကြသည်။

" ဒီနေ့ နန်းတော်ကို တိုက်ခိုက်တဲ့ ကျွမ်းကျင်သူတွေထဲမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတွေတောင်ပါတယ်လို့

ကြားတယ်....တိုက်ခိုက်ကြတဲ့ အသံလေးတချက်တောင် မကြားရဘူး....သူတို့ နန်းတော်ထဲရောက်တာနဲ့အကုန် သေဆုံးသွားတယ်.....”

"အဲ့လောက်တောင်ကြောက်စရာကောင်းတာလား...?"

“တာအိုဘိုးဘေးက အရေးယူခဲ့ပေမယ့် သူကိုယ်တိုင် ပေါ်မလာခဲ့ဘူး....အသက်ရှုကြိမ် သုံးရှိုက်စာအတွင်း ရာနဲ့ချီတဲ့ ကျွမ်းကျင်သူတွေ အားလုံး အသတ်ခံခဲ့ရတယ်....”

" တာအိုဘိုးဘေး အရမ်းအစွမ်းထက်တယ်..... တောင်ကို ရွှေ့နိုင်တဲ့ အင်မော်တယ်ဆိုတော့လည်း စွမ်းပေမပေါ့.....”

“သူတို့အားလုံးက တခြားမင်းဆက်တွေက သိုင်းပညာတွေဆိုတော့ တာအိုဘိုးဘေးရဲ့ အစွမ်းကို မယုံကြဘူး.... လွန်ခဲ့တဲ့ရက်အနည်းငယ်က တာအိုဘိုးဘေး တောင်ကိုရွှေ့ခဲ့တဲ့အကြောင်းပြောကြတာ ကျွန်တော့်ကိုတောင် ကြိမ်းမောင်းသွားကြသေးတယ်...."

.....................

ကျန်းချန်ရှန်းက ကျန်းဂျန်ကို အခန်းတစ်ခုထဲကို ခေါ်သွားပြီး ကုတင်ပေါ်တင်လိုက်ပြီးနောက် သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ကျန်းဂျန်၏ခန္ဓာကိုယ်တွင်းရှိ ကံကောင်းခြင်းများကို ထိန်းညှိပေးသည်။ ဒီကလေး မူးမေ့လဲရတဲ့ အကြောင်းရင်းက ကံကြမ္မာကို အလွန်အကျွံ စုပ်ယူထားပြီး သူ့ခန္ဓာကိုယ်က ခံနိုင်ရည်မရှိလို့ပင်....

" ချန်းဝူခေတ် 25 နှစ်တွင်၊ အနယ်နယ်အရပ်ရပ်မှသိုင်းပညာရှင်များက တကျန်း၏ကံကြမ္မာကိုသိမ်းပိုက်ပြီးဖျက်ဆီးလိုကြသည်။ ကံကောင်းထောက်မစွာဖြင့် သင်သည် ၎င်းတို့ကို တားဆီးခဲ့သည်။ထို့ကြောင့် တကျန်းသည် အောင်မြင်စွာဖြင့်ကောင်းချီးပေးခံရသောမင်းဆက်ဖြစ်လာသည်။ သင်သည် ဘေးဥပဒ်မှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ်

ဝိညာဉ်ရတနာတစ်ခုဖြစ်သော ကျောက်စိမ်းအရိုးဝါးတောကို ရရှိခဲ့သည်...”

သူ့ရှေ့က အသိပေးချက်ကို ကြည့်လိုက်တော့ ကျန်းချန်ရှန်း မျက်ခုံးပင့်မိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မည်သည့် အင်အားစုဖြစ်သည်ကို မဖော်ပြခဲ့ပေ။ သူတို့အားလုံးဟာ မတူညီတဲ့ စွမ်းအားတွေကြောင့်ပဲလား၊ ဒါမှမဟုတ် အင်အားမရှိလို့များလား....

ကျန်းချန်ရှန်းသည် ကျောက်စိမ်းအရိုးဝါးတောအကြောင်း အမွေဆက်ခံခြင်းမပြုမီ အနည်းငယ်မျှ ပဟေဠိဖြစ်ခဲ့သည်။

၎င်းသည် မြေကမ္ဘာဝိဉာဉ်သစ်ပင်နှင့် ဆင်တူသည်။ ၎င်းသည် ဝိညာဉ်စွမ်းအင်ကို ပေါက်ဖွားစေနိုင်ပြီး မျှစ်တွင် ကြွက်သားများနှင့် အရိုးများကို အာဟာရဖြစ်စေသည့် အံ့ဖွယ်အကျိုးသက်ရောက်မှုများပါရှိသည်။

ဝိညာဉ်စွမ်းအင်များ ကြွယ်ဝလေ၊ သူ၏ ကြီးထွားမှု အရှိန်မြန်လေဖြစ်သည်။

အခြားသောကျင့်ကြံသူများနှင့် နှိုင်းယှဥ်ရန် မစွမ်းသာသောကြောင့် ကျန်းချန်ရှန်းသည် သူ၏ ကျင့်ကြံမှုစွမ်းရည် ကောင်းသလား ဆိုးသလား မသိသေးပေ။ သို့သော်၊ ဝိညာဉ်စွမ်းအားများ ပိုရရှိခြင်းသည် ကောင်းသောအရာဖြစ်သည်။

ထိုအချိန်တွင်၊ ကျန်းဂျန်က မျက်မှောင်ကြုတ်ပြီး နာကျင်သောအမူအရာကို ထုတ်ဖော်လိုက်သည်။

ကျန်းဂျန်း၏ မွေးရာပါအမှတ်အသား သွေးထွက်နေသည်ကို ကျန်းချန်ရှန်း သတိပြုလိုက်မိသည်။

အခြေအနေမကောင်းတော့ဘူး!!!!!!

All Chapters