တတိယမျက်လုံး..မန်ချွဲ့ဆောင်ကဘယ်သူလဲ.....
Vol. 7 Ch. 97
ကျန်းချန်ရှန်းက သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ကျန်းဂျန်ဆီကိုပို့လွှတ်ပေးပြီး သွေးထွက်တာကို ရပ်တန့်စေခဲ့သည်။ သို့သော်၊ ကလေး၏ခန္ဓာကိုယ်တွင် ကံကောင်းခြင်းများ ပျံ့နှံ့လာသောကြောင့် ပို၍ပြင်းထန်လာသည်။ ဤနှုန်းဖြင့်သာဆို ကျန်းဂျန်၏ ကြွက်သားများနှင့် အရိုးများ ပျက်စီးပြီးသေဆုံးရလိမ့်မည်။
ကျန်းချန်ရှန်း မျက်မှောင်ကြုတ်ပြီး ကျန်းဂျန် ဒုက္ခရောက်နေမှန်း နားလည်လိုက်သည်။
ဤကမ္ဘာ၏ စွမ်းအားသည် တာအိုအမှတ်အသားကို ငြင်းပယ်ခဲ့သည်။ ဤကမ္ဘာကြီးအတွက် ကျန်းဂျန်သည် ကွဲလွဲချက်တစ်ခုဖြစ်သည်။
ကျန်းဂျန် စုပ်ယူထားသောကံကြမ္မာကို ထုတ်ယူချင်လျှင်တောင်မှ များလွန်းတာကြောင့် နောက်ကျသွားချေပြီ....
ကျန်းချန်ရှန်း ရုတ်တရက် တစ်ခုခုကို တွေးပြီး သူ့ရဲ့ တာအိုအမှတ်အသားကို ချက်ချင်း ထုတ်ဖော်လိုက်ပါတယ်။ တာအိုအမှတ်အသားသည် မဟာတာအို မျက်လုံးများကိုဖွင့်ကာ ကျန်းဂျန်၏ မွေးရာပါအမှတ်အသားပေါ်သို့ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်သည်။
မျှော်လင့်ထားသည့်အတိုင်း ဤမွေးရာပါအမှတ်အသားသည် တာအိုပုံစံအမှတ်အသားဖြစ်သည်။ တာအိုအမှတ်အသား၏ စွမ်းအားသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကူညီပေးနိုင်သည်။ ကျန်းချန်ရှန်းသည် ကျန်းဂျန်၏ တာအိုအမှတ်အသား၏စွမ်းအားကို မြှင့်တင်ရန်အတွက် မဟာတာအိုမျက်လုံးများ၏ စွမ်းအားကို အသုံးပြုကာ ကံကြမ္မာကို စတင်စုပ်ယူစေခဲ့သည်။
ကျန်းချန်ရှန်းအနေဖြင့် ကံကြမ္မာကိုမစုပ်နိုင်သော်လည်း ကျန်းဂျန်ကတော့ လုပ်နိုင်ခဲ့သည်။အဘယ့်ကြောင့်ဆိုသော် ကျန်းဂျန်သည် သိုင်းပညာရှင်တစ်ဦးဖြစ်သည်။
သို့သော် သိုင်းပညာသည် လူတစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်နှင့် စစ်မှန်သောချီကိုသာ လှုံ့ဆော်ပေးနိုင်သည်။ ထို့ကြောင့် ကျန်းဂျန်သာ ကံကြမ္မာကို အလွန်အကျွံ စုပ်ယူမိပါက၊ သူစုပ်ယူလိုက်သော ကံတရားပမာဏသည် အစစ်အမှန်ချီကို လှုံ့ဆော်ပေးသည့်ပမာဏထက်ကျော်လွန်သွားပါက သေဆုံးရပေလိမ့်မည်။
ကျန်းချန်ရှန်း ရုတ်တရက် ရဲတင်းသောအကြံတခုကိုတွေးလိုက်မိသည်။
သူသည် ဤမျှကြီးမားသောကံကြမ္မာကို တာအိုအမှတ်အသားထဲသို့ ချုံ့ထည့်လိုက်သည်။ ကျန်းဂျန် ကြီးပြင်းလာသည်နှင့်အမျှ ၎င်း၏အောင်မြင်မှုများကို တိုးပွားစေရန် တာအိုအမှတ်အသားအတွင်း ပိတ်မိနေသော ကံကြမ္မာများကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်မည်ဖြစ်သည်။
ကျန်းဂျန်၏ မျက်ခုံးနှစ်ခုကြားတွင် ကံကောင်းခြင်းများစွာ ရောက်ရှိလာသည်။ ထိုအခါ တာအိုအမှတ်အသား အက်ကွဲသွားပြီး သွေးများ ပြည့်လျှံလာသည်။ ခဏကြာတော့ မျက်လုံးတစ်လုံးပုံသဏ္ဍာန် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။တာအိုအမှတ်အသားနှင့် ကံကောင်းခြင်းတို့ပေါင်းစပ်မှုသည် အရည်အသွေးနိမ့်သော တာအိုမျက်လုံးနှင့် ညီမျှသော အရာတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"သူတကယ်ကို အာ့လန်ရှန်းဖြစ်လာခဲ့ပြီပဲ...."
ကျန်းချန်ရှန်း ထိုသို့ ရေရွတ်ရင်း သူ့မျက်လုံးထဲမှာ သနားစိတ်တွေပြည့်နှက်နေသည်။
ဒီကလေး ဒုက္ခတွေအများကြီးကြုံတွေ့ရတော့မယ်....
သူသည် ကျန်းဂျန်၏နဖူးမှသွေးများကို ကိုယ်တိုင်ကိုယ်ကျသုတ်ပေးခဲ့ပြီး စောင့်ကြည့်နေခဲ့သည်။
ယခုချိန်မှစ၍ သိုင်းလောကတွင် မွန်းစတားတစ်ကောင် မွေးဖွားလာတော့မည်ဖြစ်သည်။
ဤအသွင်ပြောင်းမှုပြီးဆုံးသည်နှင့် ကျန်းဂျန်'တာအိုမျက်လုံးသည် အနာဂတ်တွင် ကံကောင်းခြင်းများကို စုပ်ယူရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းဖြင့် သူသည် သိုင်းပညာကိုသာ လေ့ကျင့်နိုင်မည်ဖြစ်ပြီး ဤကမ္ဘာ၏ သိုင်းလောက၏ စည်းမျဥ်းများမှလွတ်မြောက်နိုင်မည်မဟုတ်တော့ပေ။
ကျန်းချန်ရှန်း သူ့အား ခဏတာ စိုက်ကြည့်ကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။
ဟွာဂျန်ရှင်း ချက်ချင်းရောက်လာပြီး ...."ဂျန်အာ အဆင်ပြေရဲ့လား... "
သူမသည် ဤမြေးကို ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့သူမို့ အလွန်တန်ဖိုးထားသည်။
ကျန်းချန်ရှန်းက "တစ်ညတာ အနားယူပြီးရင် သက်သာလာပါလိမ့်မယ်.... ဒါပေမယ့် သူပြောင်းလဲသွားပြီ...."
ပြောင်းလဲသွားပြီလား?
ဟွာဂျန်ရှင်း ပိုလို့တောင် တုန်လှုပ်သွားပေမယ့် အခန်းထဲသို့ ရုတ်တရတ် ဝင်မဝံ့ဘဲ အပြင်ကနေသာ စောင့်နေခဲ့သည်။
နောက်တစ်နေ့ နေ့လယ်တွင်.....
ကျန်းဂျန် နိုးလာသောအခါ တံခါးကိုတွန်းဖွင့်ပြီး မျက်လုံးများကို ပွတ်သပ်လိုက်သည်။
“အဘွား.."
ဟွာဂျန်ရှင်း၊ ပိုင်ချီနှင့် ဝမ်ချန်းတို့လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် အံ့အားသင့်သွားသည်။
ကျန်းဂျန်၏မျက်ခုံးနှစ်ခုကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံးပေါ်လာပြီး တစ်ဝက်ခန့်သာပွင့်နေသည်။ နောက်ထပ်မျက်လုံးတစ်ခုတိုးလာသောလည်း ကျန်းဂျန်ကတော့ ချောမောနေဆဲပင်... သူသည် ငယ်ရွယ်သေးသော်လည်း ဖော်မပြနိုင်သော လွှမ်းမိုးကြီးစိုးမှုကိုထုတ်လွှတ်နေသည်။
ဟွာဂျန်ရှင်းက ကျန်းချန်ရှန်း ဘက်လှည့်ပြီး... "ဘာဖြစ်တာလဲ?"
ကျန်းချန်ရှန်းက "အဆင်ပြေပါတယ်...စိတ်မပူနဲ့.. "
ထိုသို့ပြောပြီးနောက် ခြံဝင်းထဲမှ ထွက်လာကာ ကျောက်စိမ်းအရိုးဝါးတောကို စိုက်ပျိုးဖို့နေရာရှာရန် ပြင်ဆင်နေလေသည်။
ကျောက်စိမ်းအရိုးဝါးတောဆုလာဘ်တွင် အစေ့ဆယ်စေ့ပါရှိပြီး သစ်တောတစ်ခုဖြစ်လာရန် နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်သည်။ ထို့ကြောင့် အစကတည်းက မျှစ်များကို အသုံးပြုရန် မရည်ရွယ်ခဲ့ပေ။
ယခုအချိန်တွင်တောင်ပေါ်၌ ၎င်းတို့၏ ခြံဝင်းတစ်ခုတည်းသာ နေရာယူထားသောကြောင့် မျိုးစေ့ချရန် နေရာများစွာရှိနေသည်။ ကျောက်စိမ်းအရိုးဝါးတောက ဝိညာဉ်စွမ်းအင်ကို ထုတ်ပေးနိုင်သောကြောင့် သူ့ခြံဝင်းနဲ့ သိပ်မဝေးစေချင်ပေ။
စိုက်ပျိုးမှုအောင်မြင်ပြီးနောက် ကျန်းချန်ရှန်းက ဝါးဥယျာဉ်ကို စောင့်ရှောက်ရန် ဝမ်ချန်းကို ညွှန်ကြားခဲ့သည်။ ဝမ်ချန်းသည် မည်သည့်အရာကိုမျှ မမြင်ခဲ့ရသည့်အပြင် ဝါးဥယျာဉ် မည်သည့်အရပ်က လာသည်ကို နားမလည်သော်လည်း အမိန့်ကို လက်ခံရန် ရွေးချယ်ခဲ့သည်။
ရက်အတော်ကြာပြီးနောက်...
ကျန်းဇီယုနှင့် ကျန်းရှုတို့ ကျန်းဂျန်ကိုတွေ့ဖို့ရောက်လာကြသည်။
ကျန်းဂျန်မှာ မျက်လုံးအပိုတစ်လုံးရှိနေတာကို သားအဖနှစ်ယောက်တွေ့လိုက်တဲ့အခါ နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။
ကျန်းဂျန်သည် သူ၏တတိယမျက်လုံးကို ကျင့်သားရနေပြီဖြစ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြသနေလေသည်။
ကျန်းဇီယုသည် ကျန်းချန်ရှန်း၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များကို တွေးတောရင်း လျှင်မြန်စွာနားလည်သဘောပေါက်ခဲ့သည်။တကယ်တော့ ဒါဟာ မွေးရာပါအမှတ်အသားရဲ့ တကယ့်ရုပ်သွင်ဖြစ်ပေသည်။ ဤမွေးရာပါ အမှတ်အသားများသည် တတိယမျက်လုံးအဖြစ်သို့ အပြည့်အဝ မကြီးထွားနိုင်သောကြောင့် ၎င်းတို့၏ သွေးအသားများနှင့်ရောနှောကာ သာမာန်အမှတ်အသားတစ်ခုလိုဖြစ်နေခဲ့ခြင်းပင်...
ကျန်းရှုသည် ကျန်းဂျန်ကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်သည်။ မင်းဆက်အခမ်းအနားအပြီးတွင် ကျန်းဂျန်ရဲ့ဖြစ်ရပ်သည် မြို့တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့ခဲ့သည်။ ကျန်းဇီယု မွေးဖွားချိန်က ရွှေတောင်ပံဂဠုန် လူပြန်ဝင်စားသည်ဟု လူသိများခဲ့သည်။ ထိုအချိန်တွင် ဘိုးတော်ကျန်းယွမ်က ကျန်းဇီယု၏ဒဏ္ဍာရီကို ပြန့်ပွားစေရန် စီစဉ်ပေးသူဖြစ်သော်လည်း ကျန်းဂျန်ကတော့ ထိုသို့မဟုတ်ခဲ့ပေ။
သေမျိုးတစ်ယောက်မှာ မျက်လုံးသုံးလုံးမည်သို့ရှိနိုင်မည်နည်း......
ကျန်းရှုသည် ကျန်းဂျန် အပေါ် ကြောက်ရွံ့မှု အရိပ်အယောင်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ကျန်းဂျန်သာ အနာဂတ်တွင် နန်းတက်ရန် ကြံရွယ်နေမည်ကို သူစိုးရိမ်နေမိသည်။
ကျန်းမင်းဆက်တည်ထောင်ပြီးကတည်းက အိမ်ရှေ့မင်းသားတွေအားလုံး ဇာတ်သိမ်းမကောင်းခဲ့ကြပေ.....
ကျန်းချန်ရှန်းက.... "ဂျန်အာက အနာဂတ်မှာ ငါနဲ့ပဲအတူနေလိမ့်မယ်.... ဂျန်အာ.... မင်းသားဖြစ်ချင်တာလား ဒါမှမဟုတ် သိုင်းပညာကို အာရုံစိုက်လေ့ကျင့်ချင်တာလား...."
ကျန်းဂျန်က ခေါင်းမော့ပြီး မောက်မာစွာနဲ့.... "သိုင်းပညာကိုပဲ လေ့ကျင့်ချင်တယ်... မင်းသားဖြစ်ရတာ ဘာကောင်းလို့လဲ ...ကျွန်တော် ပိုသန်မာချင်တယ်....ပထမဆုံး ဉီးလေးဟွမ်းချွမ်ကိုအနိုင်ယူရမယ်၊ ပြီးရင် စီနီယာဦးလေး ပင်းအန်းကိုအနိုင်ယူမယ်...ဒါတွေပြီးရင် ဆရာတော်ဘိုးဘိုးရဲ့နောက်ကိုလိုက်မယ်.."
ဒါကိုကြားတော့ ကျန်းဇီယု ရယ်လိုက်ပြီး ကျန်းဂျန်ရဲ့ခေါင်းကိုပုတ်ပေးလိုက်သည်။
ကျန်းရှု၏အမူအရာက ပိုကောင်းလာသည်။ သူစိုးရိမ်နေမိတာတွေကို တိတ်တိတ်လေး ရှက်နေမိတော့သည်။
တကျန်းက အရင်ကနဲ့ မတူတော့ပေ။ဆရာတော်ဘိုးဘိုး ဒီမှာရှိနေသရွေ့ သူ့အတွက် တရားမျှတမှုကို သေချာပေါက် ပံ့ပိုးပေးလိမ့်မည်သာ....
ခဏလောက်ကြာတော့ ခြံတွင်းက လေထုက ပို၍သက်ဝင်တက်ကြွလာသည်။ ကျန်းဂျန် သည် လက်စွဲတော်စစ်ပုဆိန်လှံရှည်ကို ကောက်ကိုင်လိုက်ပြီး သူ့အဖေနှင့် အစ်ကိုဖြစ်သူ၏ တတ်ကျွမ်းထားသမျှသိုင်းပညာများကိုသရုပ်ပြနေသည်။
ကျန်းချန်ရှန်းကတော့ ဆက်လက် ကျင့်ကြံနေခဲ့သည်။
ကျန်းဂျန်သည် သူ့ဘဝအတွက် အဆင်တန်ဆာတစ်ခုမျှသာဖြစ်သည်။ကျန်းဂျန် မည်မျှပင် ခက်ခဲစွာ လေ့ကျင့်ခဲ့ပါစေ သူ့အား အမီလိုက်ရန် မဖြစ်နိုင်ပေ။ သူ့ကို ကာကွယ်ဖို့ ဘယ်သူ့ကိုမှလည်း မလိုအပ်ပေ။
သူ့ကိုယ်သူသာ ယုံကြည်သည်။ သူသည် အသန်မာဆုံးအထိ ဆက်လက် အားကောင်းနေချင်သည်။ ထို့နောက် သူနှင့် သက်ရှိအားလုံးကြား ကွာဟချက်ကို ဆက်လက်ချဲ့ထွင်ကာ မယုံကြည်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့််မည်။
တကျန်းကို ကောင်းချီးပေးခံရသော မင်းဆက်အဖြစ် တည်ထောင်ခြင်းသည် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။ အခြားမင်းဆက်များနှင့် ချောင်ဂိုဏ်းများက တကျန်း ပိုမိုတိုးတက်လာပြီဖြစ်ကြောင်း သဘောပေါက်ကြသည်။
သိုင်းလောကရှိမင်းဆက်များနှင့် ကြီးမားသောဂိုဏ်းခွဲများသည် မြို့တော်သို့ သံတမန်များ စေလွှတ်ကာ တကျန်းနှင့် ကောင်းမွန်သောဆက်ဆံရေးတခုကို ထူထောင်ချင်နေကြသည်။
ချောင်ဂိုဏ်းများက ဧကရာဇ်ထံသို့ ယုံကြည်ရသူများ စေလွှတ်ကာ မင်းသားများကို တပည့်များအဖြစ် လက်ခံလိုကြောင်း ကမ်းလှမ်းခဲ့သည်။
ကျန်းဇီယုက ခေါင်းမာမာနှင့်ငြင်းဆန်လိုသော်လည်း ဟန်ထျန်းကျီက ...
"ကောင်းချီးပေးခံရသောမင်းဆက် ကို တည်ထောင်ခဲ့ပြီဆိုတော့ တကျန်းရဲ ကံတရားက တော်ဝင်အာဏာအပေါ်အများကြီးသက်ရောက်နေပြီ.... ချောင်ဂိုဏ်းတွေက အရင်လို အင်အားသုံးလို့မရတော့ဘူး... တကျန်းရဲ့ တော်ဝင်မိသားစုတစ်ခုလုံးကို သတ်ပါက တကျန်းရဲ့ကံကြမ္မာ ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် စုပ်ယူဖို့လွယ်မှာမဟုတ်တော့ဘူး... အခုအချိန်မှာ ဂိုဏ်းပေါင်းစုံက မင်းညီမင်းသားတွေကို အသီးသီးချည်နှောင်ဖို့ကြိုးစားနေကြပြီ... မင်းသားတွေသာ ဂိုဏ်းတစ်ခုစီမှာ သိုင်းပညာကို လေ့ကျင့်ပြီး အားကောင်းလာရင် တကျန်းရဲ့တော်ဝင်မိသားစုလည်း အားကောင်းလာမှာ သေချာတယ်....မင်းသားတွေသာ ချောင်ဂိုဏ်းတွေမှာ မှာ ရာထူးတစ်ခုရနိုင်ရင် သူတို့က တကျန်းကို အချို့သော အင်အားစုတွေနဲ့ ချည်နှောင်နိူင်ဖို့ ကူညီပေးနိုင်ပါတယ်....”
ကျန်းဇီယုက... "ချောင်ဂိုဏ်းတွေရဲ့ တပည့်တွေသာ နောင်အခါ ဧကရာဇ်ဖြစ်လာရင် တကျန်းကို ချောင်ဂိုဏ်းတွေက ချုပ်ကိုင်မှာလား?"
ဟန်ထျန်းကျီက.. "ဒါမျိုးဖြစ်လာခဲ့ရင်တောင် ချောင်ဂိုဏ်းတွေက အရင်းအမြစ်တွေကို စုဆောင်းပြီး သူတို့ရဲ့ ခွန်အားကို တိုးလာအောင်ပဲလုပ်နိုင်လိမ့်မယ်....တကျန်းရဲ့ပံ့ပိုးမှုနဲ့ဆို အဆုံးမရှိသိုင်းပညာထူးချွန်သူတွေပေါ်ထွက်လာလိမ့်မယ်...မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်ပြောင်းလဲလာရင်တော့ ချောင်ဂိုဏ်းတွေ ပေါ်ပေါ်တင်တင်တိုက်ခိုက်ရဲကြလိမ့်မယ်...ဒါပေမယ့် တကျန်းမှာ လုံချီဘုရားကျောင်းရှိတယ်... အနာဂတ်မှာ အိမ်ရှေ့မင်းသားကို လုံချီ ဘုရားကျောင်းမှာ လေ့ကျင့်ခွင့်ပေးမယ်ဆိုရင် တော်ဝင်အာဏာကို အာမခံရုံသာမက ချောင်ဂိုဏ်းများကိုလည်းဟန့်တားနိုင်မှာပါ....”
“တခြားမင်းဆက်တွေမှာလည်း ဒီလိုပါပဲ.... သူတို့နောက်ကွယ်မှာ ချောင်ဂိုဏ်းတွေ အများကြီးရှိတယ်....ဘယ်ဖက်က သြဇာအကြီးဆုံးလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်.... သာမာန်မင်းဆက်တွေကို ချောင် ဂိုဏ်းတွေက နိုင်ထက်စီးနင်း ချုပ်ကိုင်ထားတာကြောင့် သိုင်းပညာအရည်အချင်းနိမ့်ပါးကြတယ်...ဒါက ကောင်းချီးပေးခံရတဲ့မင်းဆက်နဲ့ မတူဘူး....ချောင်ဂိုဏ်းတွေက အစွမ်းထက်သည့်တိုင် တကျန်းရဲ့ သိုင်းလောကက ကံကောင်းခြင်းတိုးလာသည်နှင့်အမျှ ပိုမိုအားကောင်းလာပါလိမ့်မယ်..."
“ဒါ့ပြင်..မင်းသားတွေ သိုင်းပညာ လေ့ကျင့်ဖို့ ချောင်ဂိုဏ်းတွေဆီ သွားခြင်းက တကျန်း တော်ဝင်မိသားစုရဲ့ သိုင်းပညာအခြေခံအုတ်မြစ်ကို ချဲ့ထွင်ဖို့ ကူညီပေးပါလိမ့်မယ်....”
ကျန်းဇီယုသည် ဤစကားများက အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသော်လည်း ကျန်းချန်ရှန်း ၏ထင်မြင်ချက်ကို မေးချင်နေသည်။
ကျန်းချန်ရှန်း သဘောတူလိုက်သောအခါ ကျန်းဇီယု စိတ်သက်သာရာရသွားသည်။
ကျန်းချန်ရှန်း၏အမြင်အရ၊ ဤဆုံးဖြတ်ချက်သည် မိုက်မဲသောဆုံးဖြတ်ချက်မဟုတ်သော်လည်း ဖုံးကွယ်ထားသောအန္တရာယ်များသည် သူ၏ရှင်သန်ခြင်းဆုလာဘ်များအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
တကျန်းသည်သူနှင့်အတူ၊ ချောင်ဂိုဏ်းများ၏ စွမ်းအားကို စုပ်ယူနိုင်ပြီး ၎င်းတို့၏ တော်ဝင်အဆင့်အတန်းကို ခိုင်မာစေလိမ့်မည်။
ကျန်းချန်ရှန်းတွင် ချောင်ဂိုဏ်းများကို နှိမ်နင်းရန် အချိန်အကန့်အသတ်မရှိ အချိန်များပေါများနေသည်။
တကျန်းက ကမ္ဘာကြီးကို ပေါင်းစည်းလိုက်သောအခါတွင် ချောင်ဂိုဏ်းများ တော်ဝင်အာဏာဖြင့် ဖိနှိပ်ခံရပြီး တကျန်း၏သိုင်းဂိုဏ်းများထဲမှ တစ်ခုဖြစ်လာမည်ဖြစ်သည်။
ကျန်းဇီယုသည် ပုလဲတစ်လုံးကို ထုတ်ယူ၍ ကျန်းချန်ရှန်းကိုပေးအပ်ခဲ့သည်။
မင်းဆက်အခမ်းအနားတွင် သိုင်းပညာရှင်များ အစုလိုက်အပြုံလိုက် အသတ်ခံရချိန်တွင် သူခိုးတစ်ယောက်က ၎င်းကို ကျန်ရစ်ခဲ့သည်။ထိုပုလဲက ကံကောင်းခြင်းတွေကို စုပ်ယူနိုင်သည်။ ဤပုလဲဖြင့် ကံကြမ္မာကို စုပ်ယူရာတွင် သိုင်းပညာရှင်တစ်ဦး၏ စွမ်းဆောင်ရည် မြင့်မားလာမည်ဖြစ်သည်။
သူက ထိုပုလဲကို ကျန်းချန်ရှန်းကို ပေးချင်ပေမယ့် ငြင်းပယ်ခံခဲ့ရသည်။
ကံကောင်းခြင်းတွေကို စုပ်ယူနိုင်တာလား?
ဒါဟာ သေးငယ်တဲ့ လမ်းကြောင်းတစ်ခုပဲ....
ကျန်းချန်ရှန်းက ထိုပုလဲကိုယူဖို့ငြင်းဆန်လိုက်သည့်အတွက်ကျန်းဇီယု စိတ်ထဲတွင်အတော်လေးထိရှခံစားခဲ့ရသည်။ အစက ကျန်းချန်ရှန်း ထိုပုလဲကိုယူထားမည်ဟုထင်မိသောကြောင့်ပင်....
တကျန်းသည် ကံကောင်းမင်းဆက်အဖြစ် တည်ထောင်ပြီးနောက်၊ နဂါးသွေးကြော၏အကူအညီဖြင့် ၎င်း၏ကံကောင်းခြင်းများ ဆက်လက်တိုးပွားလာခဲ့သည်။ နေရာတိုင်းတွင် ရာသီဥတုကောင်းမွန်ပြီး ဘေးအန္တရာယ်များ နည်းပါးလာသည်။ တကျန်း၏ သိမ်းပိုက်ခြင်းကို ခံရမည်ကို စိုးရိမ်သဖြင့်ပတ်ပတ်လည်ရှိ သာမန်မင်းဆက်များသည်လည်း လက်ဆောင်များ ပေးပို့ကြသည်။
ကျန်းဇီယုသည် အမှန်တကယ်ပင် ရည်မှန်းချက်ကြီးသော်လည်း သင်ခန်းစာရပြီးနောက်တွင် နယ်မြေများကို ချက်ချင်း မချဲ့ထွင်ခဲ့ပေ။ ယင်းအစား သူသည် ကောင်းကင်ဗျူဟာစစ်တပ်ကို တိုးချဲ့ရန် အင်အားစုဆောင်းခဲ့သည်။
ထိုအချိန်တွင်၊ တကျန်း၏ တကယ့်ရွှေခေတ်သို့ ရောက်ရှိလာပြီဖြစ်သည်။ တိုင်းတစ်ပါးမင်းဆက်များက ဂုဏ်ပြုချီးမြှင့်ခြင်း၊ သိုင်းပညာထွန်းကားလာခြင်း၊ နယ်မြေကျယ်ပြောခြင်း၊ မြေသြဇာကောင်းပြီး သယံဇာတများ ပေါများလာသည်။ သယံဇာတသစ် အမျိုးမျိုးတို့သည် မြေပြင်မှ အဆက်မပြတ် ပေါ်ထွက်နေပြီး စီးပွားရေးအင်အားလည်း အဆက်မပြတ် မြင့်တက်နေသည်။
ဤအတိုင်းသာဆို ချန်းဝူခေါတ်သည် သမိုင်းစာအုပ်များတွင် ခိုင်မာသောအမှတ်အသားတစ်ခုအဖြစ် သမိုင်းတွင်မည်မှာသေချာပေသည်။
မျက်စိတစ်မှိတ်အတွင်း အချိန်သုံးနှစ်ကုန်လွန်ခဲ့ပြန်ပြီ....
ချန်းဝူခေတ် ၂၈ နှစ်တွင်....
သိုင်းတောင်ထွတ် တောင်ပေါ်လမ်းမှာ အဘိုးကြီးတစ်ယောက်က ဘုရားဝတ်ပြုသူတွေနဲ့အတူ တောင်ပေါ်တက်သွားခဲ့သည်။ ၎င်းမှာ မန်ချွဲ့ဟေး ဖြစ်သည်။
မြို့တော်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနေရာဖြစ်လာခဲ့ပြီး လုံချီဘုရားကျောင်းတွင် ကိုးကွယ်သူများနှင့် ပြည့်နှက်နေခဲ့သည်။ တိုတောင်းသောသုံးနှစ်အတွင်း လုံချီ
ဘုရားကျောင်းသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးဂိုဏ်းဖြစ်လာခဲ့သည်။ လုံချီ ဘုရားကျောင်း၏ တပည့် အရေအတွက်မှာလည်း နှစ်ထောင်ကျော် ရှိပြီး နေ့စဉ် လူပေါင်း သောင်းနှင့်ချီ၍ တောင်ပေါ်မှ ဆင်းလာကြသည်။
မန်ချွဲ့ဟေးသည် သိုင်းတောင်ထွတ်ပေါ်သို့တက်စဉ် ကန့်သတ်နယ်မြေဖြစ်လာသော ရှေးဟောင်းလုံချီတောင်ကြီးကို လှည့်ကြည့်လိုက်ကာ ခံစားချက်တွေ ပြည့်နှက်နေခဲ့သည်။
သူသာ လုံချီ ဘုရားကျောင်းကနေ ထွက်မလာခဲ့ရင် ဘာတွေဖြစ်လာမလဲ.....အနည်းဆုံးတော့ သူတစ်ယောက်တည်း အထီးကျန်နေမည်မဟုတ်ပေ....
မန်ချွဲ့ဟေး တောင်ပေါ်လမ်းတလျှောက် လမ်းလျှောက်ပြီး နောက်ဆုံးတော့ ဝင်ပေါက်ကို ရောက်လာခဲ့သည်။ အမွှေးတိုင်ဝယ်ရန် တန်းစီပြီး ဘုရားကျောင်းထဲသို့ ဝင်ရမည်ဖြစ်သောကြောင့် မန်ချွဲ့ဟေး နာခံစွာတန်းစီလိုက်သည်။ ဒီနေ့ ခရီးစဉ်အတွက် သူ့ကိုယ်ပိုင် ရည်ရွယ်ချက်ရှိတယ်ဆိုတော့ ဒုက္ခမရှာချင်ပေ.....
ရုတ်တရတ်....မန်ချွဲ့ဟေး၏အကြည့်ကို လှပသောမိန်းမပျိုတစ်ဉီးက စွဲဆောင်သွားသည်။
အဝင်ဝတွင် တပည့်များစွာ စောင့်ကြပ်နေသည်။ အမွှေးတိုင်ရောင်းတာအပြင် ဧည့်သည်တွေအတွက်လည်း လမ်းညွှန်ပေးနေသူတွေထဲမှာ ချင်းအာလည်း ပါဝင်နေသည်။
မန်ချွဲ့ဆောင်သည် ချန်းဝူခေါတ် ကိုးနှစ်တွင် လူဝင်စားပြန်ဖြစ်ခဲ့သည်ယ ထို့ကြောင့် ယခုချိန်တွင် အသက် ဆယ့်ကိုးနှစ်ရှိပြီဖြစ်သည်။ သူမ ကြီးပြင်းလာသည့်အခါ သွယ်လျပြေပြစ်ပြီး ထူးခြားပြောင်မြောက်သော စိတ်ထားရှိသူဖြစ်သည်။
အကြောင်းတစ်ခုခုကြောင့် မန်ချွဲ့ဟေးသည် ချင်းအာကို သူ့ညီမနှင့်တူသည်ဟု ခံစားမိသည်။ သို့သော်လည်း သူသည် လုံချီ ဘုရားကျောင်း၏ တပည့်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ထိုတပည့်ဆီကနေ မန်ချွဲ့ဆောင် ကွယ်လွန်ခဲ့သည်မှာ အနှစ်နှစ်ဆယ်နီးပါးရှိပြီဟု သိရှိခဲ့သည်။
အချိန်အကြာကြီးစောင့်ဆိုင်းပြီးနောက်၊ နောက်ဆုံးတွင် မန်ချွဲ့ဟေး၏အလှည့်ရောက်လာသည်။ မန်ချွဲ့ဟေးသည် အမွှေးတိုင်ဝယ်ပြီးနောက် ချင်းအာဆီသို့သွားပြီး....
"သမီးလေး...အဘိုးနဲ့ခဏလောက်စကားပြောပေးနိုင်မလား... အဘိုးပိုက်ဆံအားလုံးကို အလှူငွေထည့်ချင်လို့ပါ....”
ချင်းအာက ငြင်းချင်ပေမယ့် မန်ချွဲ့ဟေးက
အရမ်းအသက်ကြီးနေပြီမို့ ခေါင်းညိတ် သဘောတူလိုက်သည်ယ
"မင်းက မန်ချွဲ့ဆောင်နဲ့တူတယ်...."
ချင်းအာက... “မန်ချွဲ့ဆောင်က ဘယ်သူလဲ”
"လုံချီဘုရားကျောင်းရဲ့အကြီးဆုံးတပည့် မန်ချွဲ့ဆောင်အကြောင်း မကြားဘူးလား...."
ချင်းအာ ရုတ်တရက်နားလည်လာပြီး... "အော်...သိတာပေါ့... အရင်မျိုးဆက်ရဲ့အကြီးဆုံးတပည့်ကို အဘိုးသိနေမယ်ထင်မထားဘူး...အဘိုးကဘယ်သူများလဲ...."