← Chapters

ဤကမ္ဘာတွင် လူဝင်စားခြင်း မည်သို့ရှိနိုင်မည်နည်း....

Vol. 7 Ch. 98

ဤကမ္ဘာတွင် လူဝင်စားခြင်း မည်သို့ရှိနိုင်မည်နည်း....

Vol. 7 Ch. 98

"အဘိုးက လုံချီ ဘုရားကျောင်းရဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် ငယ်ငယ်တုန်းက မိုက်မဲစွာနဲ့ တောင်ပေါ်ကနေ ဆင်းလာခဲ့တယ်...."ဟု မန်ချွဲ့ဟေးက ညည်းတွားလိုက်သည်။

အသက်ကြီးလာတဲ့အခါ အတိတ်ကို ပြန်သတိရဖို့ လွယ်ကူသည်။ဤသို့ဖြင့် ငယ်ငယ်က သူ့အတွေ့အကြုံတွေအကြောင်း စတင်ပြောပြခဲ့သည်။

ပထမတော့ ချင်းအာက သူ့ကို ပေါ့ပေါ့ပါးပါးပဲ ဆက်ဆံခဲ့သည်။ သို့သော် ဆရာတော်ချန်ရှန်း အကြောင်းကို ကြားလိုက်သောအခါ သူမ စိတ်ဝင်စားလာသည်။

သူမသည် လုံချီ ဘုရားကျောင်းသို့ဝင်ရောက်ပြီး စီနီယာများ၏စောင့်ရှောက်မှုကိုရယူရသည့်အကြောင်းရင်းမှာ တာအိုဘိုးဘေး၏

စောင့်ရှောက်မှုကြောင့်ဖြစ်ကြောင်း သူမသိထားပြီးဖြစ်သည်။ တာအိုဘိုးဘေး သူ့ကို ဘာကြောင့် ကူညီမှန်းမသိပေမယ့် အင်မတနိကျေးဇူးတင်နေမိသည်။ ထို့ကြောင့် သူမသည် တာအိုဘိုးဘေးနှင့် ပတ်သက်သည့် မည်သည့်အရာကိုမဆို အလွန်စိတ်ဝင်စားခဲ့သည်။

သူတို့နှစ်ယောက် လမ်းလျှောက်ရင်း စကားစမြည်ပြောခဲ့ကြသည်။

မန်ချွဲ့ဟေး၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နေ၏။

ဒီလို စိတ်ချမ်းသာမှုမျိုး မခံစားခဲ့ရတာ ဘယ်နှစ်နှစ်ရှိပြီလဲ.....

ချင်းအာကလည်း မန်ချွဲ့ဟေးပြောသမျှကို ဂရုတစိုက် နားထောင်ခဲ့သည်။မန်ချွဲ့ဟေးက တာအိုဘိုးဘေး၏စီနီယာအစ်ကိုဖြစ်နေမည်ဟု ထင်မထားမိခဲ့ပေ။ ထိုစကားကို ကြားသောအခါ အဘိုးအို ကြွားလုံးထုတ်နေသည်ဟုပင် သံသယဖြစ်မိသည်။

သို့သော် သူမ နားထောင်ရင်း မှန်ကန်သည်ဟု ခံစားမိသည်။ မန်ချွဲ့ဟေးသည် လုံချီ ဘုရားကျောင်းရှိ လေးစားထိုက်သော စီနီယာများအကြောင်းကိုလည်း ပြောပြခဲ့သည်။

အချိန်အတော်ကြာသောအခါ မန်ချွဲ့ဟေး ပင်ပန်နေမှာစိုးသောကြောင့် သူတို့နှစ်ယောက်သည် သေးငယ်သော လသာဆောင်တွင် အနားယူဖို့ ထိုင်နေကြသည်။

မန်ချွဲ့ဟေးက ချင်းအာကိုကြည့်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့...

"မင်းက ချွဲ့ဆောင်ငယ်ငယ်ကနဲ့အတော်တူတယ်...မသိရင် လူဝင်စားလို့တောင် သံသယဖြစ်မိတယ်"

ချင်းအာက ခေါင်းခါပြီး “ဒီကမ္ဘာမှာ လူဝင်စားရယ်လို့ မရှိပါဘူး....ဒါဟာ လူသားတွေရဲ့ စိတ်စွဲသက်သက်ပါ....”

"ဟုတ်တယ်....လူသားတွေရဲ့စိတ်စွဲသက်သက်ပဲ....သိုင်းပညာကို တစ်သက်လုံး လိုက်စားပြီး သူများထက် သာလွန်ချင်ခဲ့တယ်.... ဒါပေမယ့် နောက်ဆုံးမှသာ ခါးသီးစွာ ရုန်းကန်နေရတယ်ဆိုတာ သိလိုက်ရတယ်......”

မန်ချွဲ့ဟေး သက်ပြင်းချလိုက်သည်။

ချင်းအာက အကြောင်းအရာပြောင်းလိုက်ပြီး....

" အရင်ဘုရားကျောင်းဟောင်းကိုကြည့်ဖို့ လာခဲ့တာလား...."

သူမသည် သံသယနှင့်သတိရှိနေသောကြောင့် မန်ချွဲ့ဟေးကို ဘုရားကျောင်းတွင်နေထိုင်ရန် မဖိတ်ခဲ့ပေ။ ထို့အပြင် သူမအနေဖြင့် ဤကိစ္စအတွက် ဆုံးဖြတ်ချက်မချနိုင်ခဲ့ပေ။

မန်ချွဲ့ဟေးက ပြုံးလိုက်ပြီး " တခြားအရာတွေ ရှိသေးတယ်" ....

"ဘာများလဲ?"

ချင်အာ စိတ်ဝင်တစား မေးနေစဉ် မနီးမဝေးမှ လူတစ်ယောက်လာနေသည်ကိုမြင်နေရသည်။

ထိုသူကတော့ ချင်ကူပင်

ချင်ကူသည် မရင်းနှီးသော အဘိုးကြီးတစ်ယောက်နှင့် ချင်းအာကို အတူမြင်သောအခါ စိုးရိမ်သောကြောင့် လာကြည့်ခြင်းပင်...

မန်ချွဲ့ဟေးက ချင်ကူကိုကြည့်ပြီး အသံတိုးတိုးဖြင့်....

"ငါက အသက်ကြီးပြီ.... အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူး... မသေခင်မှာ လက်ရှိတာအိုဘိုးဘေးကို စိန်ခေါ်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းချင်လို့......”

ချင်းအာ ထိုစကားကိုကြားသောအခါတွင် မျက်လုံးပြူးသွားပြီး အသိစိတ်ကြောင့် မတ်တတ်ထပြီး မန်ချွဲ့ဟေးနဲ့ ခပ်ခွာခွာနေလိုက်သည်။

သူမရဲ့တုံ့ပြန်မှုကိုမြင်တော့ ချင်ကူ ချက်ချင်းအပြေးလာပြီး သူမရှေ့မှာရပ်ကာ မန်ချွဲ့ဟေး ကို သတိထားပြီးစိုက်ကြည့်နေသည်ယ သိပ်မကြာခင်မှာပဲ သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး အံကြိတ်ကာ...

"မန်ချွဲ့ဟေး?"

ချင်းအာက....."ဦးလေးချင်ကူ...သူ့ကို သိလား"

ချင်ကူက...“သိပ်သိတာပေါ့...ဒီလူက လုံချီဘုရားကျောင်းရဲ့သစ္စာဖောက်ပေါ့.... တစ်ချိန်က ငါ့ရဲ့ဆရာတော်ချန်ရှန်းရဲ့စီနီယာအစ်ကိုဖြစ်ခဲ့ဖူးတယ်...မဟုတ်သေးဘူး...အကြီးဆုံးတပည့်တောင်ဖြစ်ခဲ့ဖူးတဲ့သူ....ဘုရားကျောင်းကထွက်သွားပြီး အပြင်လူတွေနဲ့အတူ ဆရာတော်ချန်ရှန်ုးကိုစိန်ခေါ်ဖို့ပြန်လာဖူးတယ်...ရှုံးသွားပြီးကတည်းက ဇာတ်မြှုပ်နေနေခဲ့တာ...အခုမှဘာလုပ်ဖို့ပြန်လာတာလဲ...."

ချင်ကူသည် မန်ချွဲ့ဟေးကို အထင်မကြီးသည့်အပြင် မုန်းတီးနေသည်။

အထူးသဖြင့် မန်ချွဲ့ဆောင် ကွယ်လွန်ပြီးနောက် မန်ချွဲ့ဟေးကို ပို၍ပင်မုန်းတီးခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် သူ့ညီမဆီ ပြန်မလာခဲ့သူကို မုန်းသင့်ပေသည်။

မန်ချွဲ့ဟေးက စိတ်မဆိုးဘဲ ချင်ကူကို သေချာကြည့်ကာ...."မင်းတောင်အတော်သက်ကြီးနေပြီပဲ....အချိန်တွေကုန်တာမြန်လိုက်တာ...."

ချင်ကူသည် ယခုချိန်တွင် အသက် ခုနစ်ဆယ်ကျော်နေပြီဖြစ်သည်။ ဆံပင်ဖြူပေမယ့် မန်ချွဲ့ဟေးထက် ပိုသန်မာပုံရသည်။

“လုံချီဘုရားကျောင်းက ခင်ဗျားကို မကြိုဆိုဘူး....အခုချက်ချင်းထွက်သွား....”

"ညီလေး... ငါကသေတော့မယ့်သူပါ... ညီအစ်ကိုတွေဖြစ်ခဲ့ဖူးတာကိုထောက်ထားပြီး တာအိုဘိုးဘေးနဲ့တွေ့ခွင့်ရဖို့စီစဉ်ပေးနိုင်မလား...."

ဒါကိုကြားတော့ ချင်ကူရဲ့နှလုံးသား ပျော့ပြောင်းသွားသည်။ အသက်ကြီးလာသည်နှင့် သေခြင်းတရားနှင့် ရင်ဆိုင်ရဖို့နီးလာချေပြီ။ တစ်ခါတရံတွင် ချင်ကူးသည်လည်း သူဘယ်အချိန်သေမည်ကို စိုးရိမ်နေမိသည်။

“အစ်ကိုချန်ရှန်းနဲ့ဘာလို့တွေ့ချင်တာလဲ..."

ချင်းအာက သူ့နောက်ကနေ... "သူက ဆရာတော်ကိုစိန်ခေါ်ချင်တယ်တဲ့...!"

ချင်ကူ မျက်မှောင်ကြုတ်လိုက်သည်။

မန်ချွဲ့ဟေးက......

“သေဖို့ဆုံးဖြတ်ထားပြီးပါပြီ.... ငါတို့လို သိုင်းပညာသမားတွေ တိုက်ပွဲမှာ သေသွားရင် နောင်တရစရာ မရှိဘူး.... ငါ့မှာ အစီအစဥ်တွေရှိလို့ မင်း စိတ်ပူနေစရာ မလိုဘူး... သူက တောင်ကိုရွှေ့နိုင်တဲ့အင်မော်တယ်မို့ ငါသေချာပေါက်ရှုံးလိမ့်မယ်.... မသေခင် ကမ္ဘာပေါ်မှာ နံပါတ်တစ် သိုင်းပညာရှင်ကို ရင်ဆိုင်ဖူးခဲ့ကြောင်း သက်သေပြချင်ရုံပါ...."

ချင်ကူသည် မန်ချွဲ့ဟေး လှည့်စားမည်ကို စိုးရိမ်သဖြင့် ချီတုံချတုံ ဖြစ်နေသေးသည်။

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။

"လာခိုင်းလိုက်...."

ဒါကိုကြားတော့ မန်ချွဲ့ဟေး ပြုံးပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

ချင်းအာ လှည့်ကြည့်သော်လည်း အခြားမည်သူမျှ မတွေ့ပေ။ သို့သော်လည်း အဝေးက ဖြတ်သွားသော ကိုးကွယ်ဆည်းကပ်သူတစ်ဦးက “အဲ့တာ တာအိုဘိုးဘေးရဲ့ အသံမလား” ဟု မေးလိုက်သည်။

သူမ၏ လေသံထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ရှိနေသည်။

ချင်ကူက ခေါင်းညိတ်ပြီး လှည့်ကြည့်လိုက်ကာ...

"နောက်ကလိုက်ခဲ့...."

ချင်ကူ ရှေ့ကနေထွက်သွားသည်နှင့် မန်ချွဲ့ဟေးက လျှို့ဝှက်စာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး ချင်းအာကိုပေးလိုက်သည်။

"တွေ့ဆုံမှုတိုင်းက ကံကြမ္မာအတိုင်းပါ...ဒီလျှို့ဝှက်စာအုပ်က ငါ့ ဘဝတစ်လျှောက်လုံး ရှာဖွေနေခဲ့တဲ့ အရာပါ...အရင်ကတော့ ချွဲ့ဆောင်ကို သင်ပေးချင်ပေမယ့် သူ ဒီမှာ မရှိတော့ဘူးဆိုတော့ မင်းကိုပဲ ပေးလိုက်တော့မယ်.... မင်းမလေ့လာချင်ရင် မီးရှို့လိုက်ပါ....”

လျှို့ဝှက်စာအုပ်ကို ချင်းအာ လက်ထဲထည့်ပြီးနောက်၊ ချင်ကူ နောက်သို့ လိုက်သွားခဲ့သည်။

ချင်းအာသည် လျှို့ဝှက်စာအုပ်ကို ကိုင်ရင်း မန်ချွဲ့ဟေး၏ နောက်ကျောကို ကြည့်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူ့နှလုံးသား နာကျင်လာသည်။

မန်ချွဲ့ဟေး ငယ်စဉ်က ဘယ်လိုလူလဲဆိုတာ သူမ မသိခဲ့ပေမယ့် တခဏကြာစကားပြောဆိုကြည့်တော့ သူမအပေါ်ထားတဲ့ မန်ချွဲ့ဟေး ရဲ့ သဘောထားက တကယ်ကို ကောင်းမွန်ခဲ့သည်။ သူသေတော့မယ်လို့ တွေးမိတော့ အလိိုလို ဝမ်းနည်းနေမိသည်။

သို့သော် တာအိုဘိုးဘေးအကြောင်းကို တွေးလိုက်သောအခါတွင် သူမ၏စိတ်ထဲတွင် မသက်မသာမှုများ ပျောက်ကွယ်သွားသည်။

" ဆရာတော်ကို ဒုက္ခဖြစ်စေတဲ့ အတွက် ရှင့်ကိုရှင်ပဲအပြစ်တင်သင့်တယ်.... "

ထို့နောက် ခေါင်းယမ်းကာ တောင်တံခါးဆီသို့ လျှောက်သွားခဲ့သည်။

မိနစ်အနည်းငယ်ကြာသောအခါ

ချင်ကူက မန်ချွဲ့ဟေးကို ကျန်းချန်ရှန်း၏ ခြံဝင်းသို့ ခေါ်ဆောင်သွားသည်။ ကျန်းချန်ရှန်း သည် သစ်ပင်တစ်ပင်အောက်တွင် တရားထိုင်နေပြီး ဟွာဂျန်ရှင်းနှင့် ဝမ်ချန်းတို့က ကျန်းဂျန် သိုင်းလေ့ကျင့်နေသည်ကို ကြည့်ရှုနေကြသည်။ပိုင်လုံက တောင်စောင်းပေါ်တွင် လဲလျောင်းနေပြီး ပိုင်ချီကတော့ အိပ်ပျော်နေသည်။

ဟွာဂျန်ရှင်းနဲ့ ဝမ်ချန်း လှည့်ကြည့်လိုက်တော့ ချင်ကူရဲ့နောက်မှာ တစ်ယောက်ယောက်ပါလာတာကိုမြင်လိုက်ကြသည်။

မန်ချွဲ့ဟေးကိုတွေ့တော့ သူတို့ မသိချင်ယောင်ဆောင်နေမိသည်။

မန်ချွဲ့ဟေးသည် ကျန်းချန်ရှန်းကို နောက်တစ်ကြိမ်တွေ့သောအခါ၊ လွန်ခဲ့သော အနှစ်ခြောက်ဆယ်ကကဲ့သို့ပင် နုပျိုနေသေးသည်ကို မြင်လိုက်ရသောအခါ ချက်ချင်း အံ့သြထိတ်လန့်သွားသည်။

ကျန်းချန်ရှန်းသည် အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် နုပျိုဆေးကို သောက်သုံးခဲ့ပြီးဖြစ်သည်။ထို့ကြောင့် လက်ရှိရုပ်ရည်သည် ဆယ့်ရှစ်နှစ်သား၏အသွင်အပြင်အတိုင်း အမြဲရှိနေခဲ့သည်။ ဒါက မန်ချွဲ့ဟေးရဲ့ အတိတ်အပိုင်းအစတွေကို ပြန်အမှတ်ရစေခဲ့သည်။

ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်ပြီး...

"အစ်ကိုနှစ်... မတွေ့တာကြာပြီနော်...."

မန်ချွဲ့ဟေး၏စကားများကို ကျန်းချန်ရှန်း အကုန်ကြားခဲ့သည်။ ထို့ကြောင့် သူသည် မန်ချွဲ့ဟေး၏ နှစ်ရှည်လများ မြတ်နိုးသော ဆန္ဒကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်ခဲ့သည်။

သူ နှစ်နှစ်သားအရွယ်တွင် အကြီးဆုံးအစ်ကို လီချန်ချင်သည် လေ့ကျင့်နေရင်း သူ့ကို မတော်တဆ သတ်မိတော့မလိုဖြစ်ခဲ့သည်။ မန်ချွဲ့ဟေးက သူ့ကို ကယ်ခဲ့လိုသာအသက်ရှင်နိုင်ခဲသည်။ ဒီကြင်နာမှုကို သူ ဘယ်တုန်းကမှမမေ့ခဲ့ပေ။

မန်ချွဲ့ဟေးက... “မတွေ့တာကြာပြီ....မင်းငါ့ကို အစ်ကိုလို့ ထပ်ခေါ်မယ် ထင်မထားဘူး..."

ကျန်းချန်ရှန်း ငယ်စဉ်ကတည်းက သူ့ကို အမြဲလေးစားကြောင်း ရုတ်တရက် သတိရလိုက်သည်။ သူ့ရဲ့ သိုင်းပညာနယ်ပယ်က အရမ်းတိုးတက်နေပေမယ့် ခေါ်ဝေါ်ပြောဆိုမှုကတော့ အရင်အတိုင်းပင်... သူကသာ ကျန်းချန်ရှန်းကို မနာလိုဖြစ်နေခဲ့သူပင်....

ကျန်းချန်ရှန်းက မတ်တပ်ထရပ်ပြီး ...“စလိုက်ကြစို့....အတိတ်ကအကြောင်းတွေ အမှတ်ရစရာ မလိုဘူး...အစ်ကိုသေရင် အစ်မချွဲ့ဆောင်နဲ့အတူ သင်္ဂြိုလ်ပေးမယ်...အစ်ကိုက လုံချီဘုရားကျောင်းကို စွန့်ပစ်ခဲ့ပေမယ့အစ်မချွဲ့ဆောင်က အစ်ကို့ကို အမြဲလွမ်းနေခဲ့တာ....."

မန်ချွဲ့ဟေး ထိုစကားကိုကြားသောအခါ နာပကျင်စွာ ပြုံးလိုက်သည်။

နှစ်ယောက်သား ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ ကျန်းဂျန် လေ့ကျင်နေတာကို ရပ်လိုက်ပြီး ဟွာဂျန်ရှင်းဘေးသို့ ရောက်လာသည်။

“အဘွား...သူက ဘယ်သူလဲ....ဆရာတော်ဘိုးဘိုးရဲ့ စီနီယာအစ်ကိုလား? သူက အရမ်းသန်မာနေသလား....."

ကျန်းဂျန် အရမ်းစိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် ဆရာတော်ဘိုးဘိုးကို စိန်ခေါ်နေသည့် တစ်စုံတစ်ဦးကို တွေ့နိုင်ခဲ့သည်။

ဟွာဂျန်ရှင်းက သက်ပြင်းချလိုက်ပြီး "ဟုတ်တယ်" ဟုသာပြန်ဖြေခဲ့သည်။

ကောင်းကင်ယံတွင်...

မန်ချွဲ့ဟေးသည် သူ၏ စွမ်းအင်များကို စတင် လည်ပတ်နေပြီး အော်ရာများ ရေလွှမ်းမိုးသလို ပေါက်ကွဲထွက်လာသည်။

မန်ချွဲ့ဟေး အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်နေသည်ကို ကျန်းချန်ရှန်း မအံ့သြခဲ့ပေ။ လွန်ခဲ့သောနှစ်များစွာက မန်ချွဲ့ဟေးကိုတွက်ချက်ရန် အမွှေးတိုင်အရေအတွက် ၅၀၀၀ လိုအပ်သောကြောင့် သူ၏ခွန်အားမှာ မပျော့ညံ့ပေ။

မန်ချွဲ့ဟေးသည် အေးစက်သောအမူအရာဖြင့် ညာဖက်လက်ဖဝါးကို မြှောက်လိုက်ပြီး

"ညီလေးချန်ရှန်း... ငါ့အပေါ်ဂရုဏာထားနေစရာမလိုဘူး.... မင်းရဲ့ အပြင်းထန်ဆုံး သိုင်းပညာနဲ့ ငါ့ကိုသတ်ပါ...ဒါဆို နောင်တမရှိဘဲ သေနိုင်ပြီ.....!"

ကျန်းချန်ရှန်း၏အမူအရာက တည်ငြိမ်အေးဆေးနေပြီ.... “ကောင်းပြီ....."

ညာလက်ကို မြှောက်လိုက်တော့ ရွှေရောင်သစ်ရွက်တစ်ရွက် ပေါ်လာသည်။

မန်ချွဲ့ဟေး မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းချန်ရှန်း ဘာကိုဆိုလိုသည်ကို သူနားမလည်ပေ။ သူဘာကြောင့် ရွှေသစ်ရွက်ကိုထုတ်လိုက်တာလဲ....

ထိုအချိန်တွင်၊ ကျန်းချန်ရှန်းသည် ရွှေရောင်သစ်ရွက်ကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။

ဝှစ်......

ဖောက်....

မန်ချွဲ့ဟေး၏နဖူးကို တစ်စုံတစ်ခုဖောက်ထွင်းသွားသောကြောင့် မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားလေသည်။

မန်ချွဲ့ဟေး၏အသက်ဓာတ်များ ပျောက်ကွယ်သွားပြီး ဒီအတိုင်း လဲကျသွာလေသည်။

ကျန်းချန်ရှန်းက အမြန်ပျံသန်းပြီး သူ့အလောင်းကို ဖမ်းထားလိုက်သည်။ ထို့နောက် ချင်ကူထံ ပျံသန်းကာ သူ့ကို လွှဲပြောင်းပေးခဲ့သည်။

"စီနီယာအစ်မချွဲ့ဆောင်ရဲ့အုတ်ဂူဘေးမှာ သူ့ကို သင်္ဂြိုဟ်လိုက်ပါ....."

ချင်ကူ အံ့အားသင့်သွားသည်။ သူ့စကားကြားတော့ အာရုံပြန်ဝင်လာပြီး မန်ချွဲ့ဟေး ရဲ့အလောင်းကို အမြန်ယူလိုက်သည်။ မန်ချွဲ့ဟေးသည် သေဆုံးချိန်ထိတွင် အံ့အားသင့်မှုမပျောက်ကွယ်သေးပေ။

ကျန်းချန်ရှန်း အောက်သို့ပြန်ဆင်းလာပြီး မြေဝိညာဉ်သစ်ပင်ဆီသို့ လျှောက်သွားသည်။ ကျန်းဂျန်က စိတ်လှုပ်ရှားစွာ ပြေးလာပြီး ...."ဆရာတော်ဘိုးဘိုး... ခုနက သုံးလိုက်တာ ဘယ်လိုသိုင်းပညာလဲ....ရွှေရောင်အလင်းတန်းတစ်ခုပဲ မြင်လိုက်ရတယ်... ရှင်းရှင်းလင်းလင်း မမြင်ရဘူး”

“ဒီသိုင်းပညာအကြောင်း မပြောပြနိုင်သေးဘူး....မင်း ရွှေခန္ဓာနယ်ပယ်ရောက်ရင်ပြောပြမယ်...."

"ဟမ်.... ဆရာတော်ဘိုးဘိုးကလွဲရင် တကျန်းမှာ ဒုတိယမြောက် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူ မရှိဘူးလေ...ကျွန်တော်ဘယ်လောက်ကြာကြာစောင့်ရမှာလဲ"

"မင်းမှာ ယုံကြည်မှုမရှိဘူးလား"

"ယုံကြည်မှုရှိတာပေါ့...စောင့်ကြည့်နေလိုက်...ကျွန်တော် သေချာပေါက် ရွှေခန္ဓာနယ်ပယ် ရောက်စေရမယ်..!”

ကျန်းဂျန် ဒေါသထွက်ပြီး ချက်ချင်းပဲ လေ့ကျင့်လေတော့သည်။

ကျန်းချန်ရှန်းကတော့ သစ်ပင်အောက်တွင် ထိုင်ကာ ဆက်လက် ကျင့်ကြံနေခဲ့သည်။

ခဏအကြာတွင်.....

" ချန်းဝူ ခေါတ်၏ ၂၈ နှစ်မြောက်တွင်...သင့်ရဲ့စီနီယာအစ်ကို မန်ချွဲ့ဟေးက သေဖို့ ဆုံးဖြတ်ချက်ချဖို့ စိန်ခေါ်ခဲ့သည်။ သင်သည် သူ၏စိန်ခေါ်မှုကို ကျော်ဖြတ်ပြီး ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့သည်။ရှင်သန်ခြင်းဆုအဖြစ်...ပန်းပဲပညာစွယ်စုံကျမ်းကို ရရှိခဲ့သည်။”

ကျန်းချန်ရှန်း ပြုံးလိုက်ပြီး မန်ချွဲ့ဟေးကို တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။ သူ့ရင်ထဲက အမည်မသိ ဝမ်းနည်းပူဆွေးမှုများလည်း ပျောက်ကွယ်သွားသည်။

တပည့်ဟောင်းများမှလွဲ၍ မန်ချွဲ့ဟေး ကွယ်လွန်သည့်သတင်း ပြန့်နှံ့ခြင်းမရှိပေ။ ချင်းအာသည် တောင်တံခါးကို စောင့်ကြပ်နေပြီး မန်ချွဲ့ဟေ တောင်ပေါ်မှ ထွက်သွားသည်ကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် မန်ချွဲ့ဟေး သေဆုံးသွားပြီဖြစ်ကြောင်း သူမနားလည်ခဲ့သည်။

မန်ချွဲ့ဟေး ဘာ့ကြောင့် တာအိုဘိုးဘေးလက်တွင်သေချင်ခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ။

ချန်းဝူ ခေတ် နှစ်သုံးဆယ်တွင် ကျန်းဂျန် အသက် ဆယ့်လေးနှစ်ရှိနေပြီဖြစ်သည်။

ကျန်းချန်ရှန်း၏ ကောင်းကင်မိုးကြိုးနတ်ဘုရားခန္ဓာကျင့်စဉ်ကြောင့် ကျန်းဂျန်၏ ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းလာခဲ့သည်။ ယခုအချိန်တွင် သူ၏ခွန်အားသည် အလွန်ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ပင်းအန်းထက်ပင် မနိမ့်ကျခဲ့ပေ။

တနေ့သ၌....

ကျန်းချန်ရှန်းဆီသို့ ကျန်းရှု လာရောက်လည်ပတ်ခဲ့သည်။

ထိုစဉ် ကျန်းဂျန် ရောက်လာပြီး.... "အစ်ကို..ကျွန်တော့်ကို လက်နက် ပြောင်းပေးလို့ရမလား... ဒီလှံရှည်က ပေါ့နေပြီ.....”

ကျန်းရှု မျက်လုံးပြူးသွားပြီ..... "ကီလိုဂရမ် ၅၀၀၀က မလုံလောက်ဘူးလား..... မင်းနောက်နေတာလား?"

ကျန်းဂျန်က မဲ့ကာရွဲ့ကာဖြင့် "ပိုပြီး ကြံ့ခိုင်ဖို့ ပိုလေးတဲ့ လက်နက်တစ်ခုလိုတယ်"

ကျန်းရှုက တိတ်ဆိတ်နေပြီး သူ့ရဲ့ ကိုးယောက်မြောက်ညီငယ်ကို ဘီလူးတစ်ကောင်ကိုကြည့်နေသလို ကြည့်နေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျန်းရှုက ကူကယ်ရာမဲ့နေဟန်ဖြင့်....

“ ဒီလှံရှည်ကို တကျန်းမှာရှိတဲ့ အသန်မာဆုံး ပန်းပဲဆရာက ဖန်တီးခဲ့တာ.... ပိုလေးအောင်လုပ်လိုက်ရင် ပုံသဏ္ဍာန် ပြောင်းသွားလိမ့်မယ်။ ဒီလိုဖြစ်လာတာနဲ့ ဒါက လူသားလက်နက်အဖြစ်မသင့်တော်တော့ဘူး....”

ကျန်းဂျန် ထိုစကားကိုကြားသောအခါ စိတ်ပျက်သွားသည်။

ကျန်းချန်ရှန်းက ရုတ်တရက်..... "ဂျန်အာအတွက် ငါကိုယ်တိုင် လက်နက်တစ်ခု လုပ်ပေးမယ်....အလေးလံဆုံး သတ္တုတွေရှာလာခဲ့......."ဟု အမိန့်ပေးလိုက်လေသည်။

All Chapters