← Chapters

ပြိုင်ဘက်ကင်းသောဧကရာဇ်.....

Vol. 7 Ch. 99

ပြိုင်ဘက်ကင်းသောဧကရာဇ်.....

Vol. 7 Ch. 99

ကျန်းချန်ရှန်း၏ စကားကိုကြားတော့ ကျန်းရှု ခေါင်းညိတ်ရုံသာတတ်နိုင်ခဲ့သည်။ သူသည် ဆရာတော်ဘိုးဘိုးကို မျက်စိစုံမှိတ်ယုံပြီး ပိုမိုလေးလံသော သတ္တုများကိုရှာဖွေပေးရပေမည်။

ကျန်းရှု ထွက်သွားပြီးနောက် ကျန်းဂျန်က စိတ်လှုပ်ရှားစွာနှင့် တောင်းဆိုမှုများကို အဆက်မပြတ် ပြုလုပ်ခဲ့သည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး.... “ငါ့မှာ အကြံတစ်ခုရှိပြီးသား...မင်း စောင့်နေရုံပဲ...."

ထိုအချိန်မှာ...ဟွမ်းချွမ်၏အသံ အဝေးမှ ထွက်ပေါ်လာသည်။

"ကျန်းဂျန် လာခဲ့ တိုက်ကြမယ်...!"

ဒါကိုကြားတော့ ကျန်းဂျန်က ချက်ချင်းလှည့်ပြီး ကီလိုဂရမ် 5,000 လေးတဲ့ လှံရှည်ကို ညာခြေနဲ့ ဆတ်ခနဲ ပင့်ကာပေါ့ပါးစွာ လက်တစ်ဖက်ဖြင့် ဖမ်းယူကာ ခြံဝင်းထဲမှ အလျင်အမြန် ပြေးထွက်သွားသည်။

လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ဟွမ်းချွမ် သည် ကျန်းဂျန်၏ ခွန်အားက ပင်းအန်းနှင့်ယှဉ်နိုင်ပြီကို တွေ့ရှိခဲ့သည်။ ထို့ကြောင့်၊ သူသည် ကျန်းဂျန် နှင့်လက်ရည်စမ်းဖို့ အစပြုကာ နှိပ်စက်ခဲ့သည်။ ကျန်းဂျန် မယုံမကြည်ဖြစ်ပြီး အကြိမ်အနည်းငယ် ဖလှယ်ပြီးနောက် သူတို့နှစ်ဦး မကြာခဏ လက်ရည်စမ်းဖြစ်ခဲ့ကြသည်။

ကျန်းဂျန်သည် သိုင်းတောင်ထွတ် သို့သွားခဲသောကြောင့် ၎င်းတို့နှစ်ဦး လုံချီ တောင်တွင်သာ လေ့ကျင့်လေ့ရှိသည်။

မင်းဆက်အခမ်းအနားကျင်းပသည်မှာ ငါးနှစ်ရှိပြီဖြစ်သည်။ ကျန်းဂျန် ပျောက်ဆုံးသွားခြင်းကြောင့် ကျန်းဂျန် ပြသခဲ့သည် အံ့ဖွယ်ဖြစ်ရပ်သည်လည်း ယခုအခါ ပျောက်ကွယ်သွားပြီး နိုင်ငံတော်၏ တည်ငြိမ်မှုကို ပြန်လည်ရရှိလာခဲ့သည်။ ယုတ်မာသော ရည်ရွယ်ချက်ရှိသော အရာရှိများသည်လည်း ကျန်းဂျန်ကို ရှာမတွေ့ခဲ့ပေ။ အခြားတစ်ဖက်တွင်မူ ကျန်းဂျန်၏မိခင်သည် အပေါ်ယံတွင် အပြစ်ကင်းပုံပေါက်သော်လည်း ဉာဏ်ရည်ထက်မြက်သူဖြစ်သည်။ သူမသည် တရားရုံးအရာရှိများ၏ အတွေးအမြင်များကို တဖြည်းဖြည်းဖြတ်တောက်ခဲ့သည်။

အိမ်ရှေ့မင်းသားအဖြစ် ကျန်းရှု၏ရပ်တည်ချက်ကတော့ တည်ငြိမ်ဆဲဖြစ်သည်။ မင်းသားများ အချင်းချင်း ခင်မင်ရင်းနှီးသည်ဟု ယူဆနိုင်သည်။

မင်းသားတစ်ပါး နန်းတော်အပြင်ဘက်တွင် အနိုင်ကျင့်ခံရပါက အခြားသောမင်းသားများအားလုံး အတူတကွ ပူးပေါင်းပြီး လက်စားချေပေလိမ့်မည်။

မင်းသားတွေ အနိုင်ကျင့်ခံရမည်ကိုစိုးရိမ်နေစရာမလိုပေ။

မင်းသားတွေက သာမန်လူတွေလို ဟန်ဆောင်ရတာကို သဘောကျကြသည်။ ဒါက ပိုစိတ်ဝင်စားဖို့ကောင်းပြီး အရာရှိတွေအားလုံးက ကျင့်ဝတ်မပျက်စေဘဲ စောင့်ကြည့်ခံနေရသည်။ဘယ်မင်းသား ဘယ်အချိန်ပေါ်လာမလဲကြောက်နေရသည်မို့ မဟုတ်တာမလုပ်ရဲကြပေ။

နန်းတော်အတွင်းရှိ တော်ဝင်စာကြည့်ဆောင်တွင်.......

ကျန်းဇီယုက ဟန်ထျန်းကျီကို ဆင့်ခေါ်ထားပြီးနှစ်ယောက်သား သဲစားပွဲဘေးမှာ ရပ်နေကြသည်။

တကျန်းသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက ကောင်းစွာ ကြီးပွားတိုးတက်ခဲ့

သော်လည်း ကျန်းဇီယုမှယ ရည်မှန်းချက်အမြဲရှိနေခဲ့သည်။ သူသည် အနီးနားရှိ မင်းဆက်များ၏ အခြေအနေကို စုဆောင်းကာ ရိုးရှင်းသော မြေပုံတစ်ခုကို ရေးဆွဲရန် ကင်းထောက်များစွာကို စေလွှတ်ခဲ့သည်။

“ကိုယ်တော့် အသက်ငါးဆယ့်တစ်နှစ်ရှိပြီ.... နောက်ထပ်မစောင့်ချင်တော့ဘူး....အခု တပ်တွေ စေလွှတ်မယ်ဆို မောင်မင်း ဘယ်လိုထင်လဲ....."

ကျန်းဇီယုက သဲစားပွဲပေါ်က နယ်မြေများကို

မက်မောစွာ ကြည့်လိုက်သည်။

ဟန်ထျန်းကျီက ..."အခုအချိန်မှာ တကျန်းရဲ့ ကံကောင်းခြင်းတွေ တည်ငြိမ်သွားပြီ။း.... တိုင်းပြည်အင်အား တိုးလာတာနဲ့အမျှ ကံကောင်းမှုတွေ တိုးလာပြီး တိုင်းပြည်လည်း ပိုကောင်းလာမယ်...ဒါဟာ အကျိုးရှိတဲ့သံသရာလည်ပတ်မှုပါ.... အင်ပါယာမိသားစု ရုတ်ချည်းပြောင်းလဲတာမျိုး ဒါမှမဟုတ် အကြိတ်အနယ်ရှုံးနိမ့်ခြင်းမျိုးကြုံတွေရင် လူဦးရေနည်းသွားတာနဲ့ ကံကောင်းမှုတွေ ကျဆင်းသွားပါလိမ့်မယ်....အရှင်မင်းကြီးအနေနဲ့ အနီးနားကမင်းဆက်တွေကိုသာ သိမ်းပိုက်ချင်ရင် အချိန်မရွေး တိုက်ခိုက်နိုင်ပါတယ်...ဒါပေမယ့် တုံလင်းမင်းဆက်ရဲ့နောက်မှာ ကောင်းချီးပေးခံရတဲ့မင်းဆက်ဖြစ်တဲ့ မဟာကန္တာရမင်းဆက်ရှိနေတယ်... သူတို့နဲ့ နီးကပ်လွန်းရင် ရန်သူတွေ အလွယ်တကူ ဖြစ်သွားလိမ့်မယ်.... မဟာကန္တာရမင်းဆက်က တချီမင်းဆက်လောက် မကောင်းမွန်ပေမယ့် အရှည်ကြာဆုံး သမိုင်းကြောင်းရှိတဲ့ကောင်းချီးပေးခံရတဲ့မင်းဆက်ပဲ.....ဒါပေမယ့် သူတို့တွေ လွန်ခဲ့တဲ့ နှစ်တစ်ရာက ကြီးမားတဲ့ ရှုံးနိမ့်မှုကို ခံစားခဲ့ရတယ်...အဲ့အချိန်ကစပြီး အုပ်ချုပ်သူတွေက စစ်မတိုက်တော့ဘဲ ခပ်အေးအေးနေထိုင်နေကြတာ....”

ကျန်းဇီယုက"အနှစ်တစ်ရာကြာပြီဆိုတော့ ပျော်ရွှင်မှုကို ရပ်တန့်ဖို့ အချိန်တန်ပြီ"

မဟာကန္တရမင်းဆက်ကို ကျန်းဇီယု လုံးဝမကြောက်ပေ။ထိုအစား ၎င်းတို့ကို ဆန့်ကျင်ရန် မျှော်လင့်ထားသည်။

ဟန်ထျန်းကျီက ပြုံးလိုက်ပြီး “ဒါဆို ကောင်းကင်ဗျူဟာစစ်တပ် ပထမအသုတ်ရဲ့စွမ်းအားကိုစမ်းသပ်ကြည့်ကြတာပေါ့...."

ကျန်းဇီယုက... "ကောင်းကင်ဗျူဟာတပ်သား 100,000 က မင်းဆက်တစ်ခုကို ဝါးမျိုချဖို့ မခက်လောက်ဘူးမလား..."

"လက်ဖဝါးလှန်လိုက်ရတာထက် လွယ်ပါတယ်"

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။

ကျန်းဇီယု နောက်သို့လိုက်ရသည်မှာ မိုင်တစ်ထောင်ခရီးနှင်နိုင်သော မြင်းတစ်ကောင်နောက်လိုက်နေရသလို ခံစားခဲ့ရသည်။ ကျန်းဇီယုသည် အမြဲတမ်း တိုက်ပွဲဝင်လိုသော စိတ်ဓာတ်အပြည့်ရှိသည်။ ကောင်းချီပေးခံရသောမင်းဆက်ဖြစ်လာပြီးနောက် ကျန်းဇီယု သည် ဘဝကိုပျော်မွေ့မည်ဟု ထင်ခဲ့မိသည်။ ဧကရာဇ်အများစုကဲ့သို့ပင်၊ သူသည် ခေါင်းရှုပ်ခံပြီး ဘဝကိုပျော်မွေ့နေမည် သို့မဟုတ် သဘာဝလွန်အရာများကို ရှာဖွေနေမည်ဟုထင်ခဲ့သော်လည်း ကျန်းဇီယုကတော့ ထိုသို့မဟုတ်ခဲ့ပေ။ သူသည် ငယ်ငယ်ကလို ရည်မှန်းချက် ကြီးမားနေဆဲပင်....

ဟန်ထျန်းကျီက ... "ရှေးခေတ်ကတည်းက ဒီတိုက်ကြီးကို ဘယ်မင်းဆက်မှ မပေါင်းစည်းနိူင်ခဲ့ဘူး...အရှင့်မှာ ဒီလို ရည်မှန်းချက်တွေ ရှိလား"

ဒီတိုက်ကြီး ဘယ်လောက်ကြီးသလဲဆို မင်းဆက်သုံးဆယ်ကျော်ရှိနေသေးသည်။ တကျန်းအပါအဝင် ကောင်းချီးပေးခံရသောမင်းဆက် စုစုပေါင်း ခြောက်ခုသာရှိသည်။ ဤတိုက်ကြီးကို ပေါင်းစည်းရန် လက်တွေ့ မဖြစ်နိုင်ပေ။

အရင်တုန်းကတော့ ဟန်ထျန်းကျီ မဖြစ်နိုင်ဘူးလို့ ခံစားခဲ့ရပေမယ့် အခုချိန်မှာတော့ သူ ဒါကို မျှော်လင့်နေမိတော့သည်။

ကျန်းဇီယုသည် မဟာကန္တရမင်းဆက်၏ တည်နေရာကို ညွှန်ပြပြီး

"ကိုယ်တော် ပြိုင်ဘက်ကင်းတဲ့ ဧကရာဇ်ဖြစ်ချင်တယ်...!"

ကျန်းဇီယုကို ဟန်ထျန်းကျီ ကြည့်တဲ့အကြည့်တွေ ပြောင်းလဲသွားသည်။

နှစ်တွေကြာလာတာနဲ့အမျှ ကျန်းဇီယုရဲ့ ရဲစွမ်းသတ္တိက ပိုမိုအားကောင်းလာသည်။ကျန်းဇီယုသည် သိုင်းပညာနယ်ပယ် မမြင့်မားသော်လည်း၊ ရှန်းရှန်တုံးထျန်း၏ သက်ကြီးရွယ်အိုများနှင့် ရင်ဆိုင်ရသကဲ့သို့ ခံစားရစေသည်။

ထိုအချိန်တွင်၊ ဟန်ထျန်းကျီသည် သူငယ်ချင်းအတွက် ရုတ်တရက် အသက်ပင်စွန့်ဝံ့သည်ဟုခံစားနေမိတော့သည်ယ

အောက်တိုဘာလတွင်.....

ဆောင်းဦးရာသီသည် လုံချီ တောင်၏ရှုခင်း အလှဆုံးဖြစ်ချိန်ဖြစ်သည်။ သို့သော်၊ လုံချီ တောင်သည် ကန့်သတ်နယ်မြေဖြစ်လာပြီး တောင်တက်လမ်းကို ပိတ်ထားကာ သာမာန်လူတွေ ခြေချခွင့်မရှိပေ။

မနေ့က ကျန်းရှု ပစ္စည်းတချို့နဲ့ ရောက်လာပြီး ကျန်းချန်ရှန်း စိတ်ပူစရာမလိုအောင် ပန်းပဲဖိုတစ်ခုပင်ဆောက်လုပ်ပေးခဲ့သည်။

ဒီနေ့တော့ ကျန်းဂျန်အတွက် လက်နက်တစ်ခု ပြုလုပ်ပေးတော့မည်။

ကျန်းဂျန်ဆိုသည့် နာမည်ပေးထားသည့်အပြင် တတိယမျက်လုံးပါရှိနေသည့်အတွက် ကျန်းဂျန်ကို အာ့လန်ရှန်းအဖြစ် အမှန်တကယ် ဖန်တီးပေးလိုက်တော့မည်.....

ကျန်းချန်ရှန်းသည် ထိပ်ပိုင်းတွင်အသွားသုံးတပ်ဆင်ထားသောလှံရှည်တစ်လက်ကိုပြုလုပ်ရန် ပြင်ဆင်ခဲ့သည်။ ဒီလိုလက်နက်မျိုး ကမ္ဘာမှာ ပေါ်မလာသေးပေ။ အချိန်တန်သောအခါ ကျန်းဂျန်သည် ဤနတ်ဘုရားလက်နက်ဖြင့် တန်ခိုးကြီးမည်မှာ သေချာသည်။

[TN/three-pointed double-edged sword နတ်ဘုရားအာ့လန်၏လက်နက်...မျက်လုံးထဲပုံဖော်မရရင် Googleမှာသာရှာကြည့်ကြပါ....]

ကျန်းဂျန်က စိုးရိမ်တကြီးနှင့် မျှော်လင့်ထားသော အမူအရာဖြင့် သူ့နောက်တွင် ရပ်နေသည်။

ဟွာဂျန်ရှင်း၊ ဝမ်ချန်းနှင့် ပိုင်ချီ တို့လည်း လာလာရောက်ကြည့်ရှုကြသည်။ သူတို့၏အကြည့်များအောက်တွင် ကျန်းချန်ရှန်းသည် မီးဖိုထဲသို့ ရေနက်ပိုင်းသံစတစ်ပိုင်းကို ပစ်ချလိုက်သည်။ လက်ဖဝါးကို မြှောက်ပြီး ရိုက်ချလိုက်သည်နှင့် စိမ်းပြာရောင် ဝိညာဉ်မီးတောက် ဖြစ်ပေါ်လာသည်။ ဒီမြင်ကွင်းက သူတို့ကို အံ့အားသင့်စေခဲ့သည်။

ဒါ ဘယ်လိုမီးတောက်လဲ....

ကျန်းချန်ရှန်းသည် ပန်းပဲပညာကို ကျွမ်းကျင်နေပြီဖြစ်သော်လည်း လက်တွေ့အတွေ့အကြုံမရှိခဲ့ပေ။ သို့သော်လည်း စိတ်မပူပေ။

ဒါက မှော်လက်နက်ကို သန့်စင်သလိုမျိုးမှ မဟုတ်တယ...ကျန်းဂျန် လိုချင်တာက အလေးချိန်ပဲလေ.... ရေနက်ပိုင်းသံကို သန့်စင်ပုံသွင်းရတာကသူ့အတွက် လွယ်လွယ်ပင်.....

ကျန်းချန်ရှန်း လက်နက်များ သန့်စင်နေစဉ် မြို့တော်အတွင်းရှိ အိမ်တော်တစ်ခုတွင်.....

ချောင်ဂိုဏ်းဝင် ဖူယွဲ့ မိသားစုမှ ယုယန်ရိ သည် ကျောက်စားပွဲတစ်ခုတွင် ထိုင်နေကာ....

“တကျန်း...တကျန်း... ဒီကျားက နောက်ဆုံးတော့ သူ့ရဲ့အစွယ်ကို ထုတ်ပြပြီး စစ်ပွဲတွေစတင်တော့မယ်ပေါ့.... ဆယ်နှစ်မပြည့်မီ ကံချီပေးခံရတဲ့မင်းဆက်တွေကြားမှာ စစ်ပွဲကြီးတစ်ခုဖြစ်လာတော့မယ်.... ဒီလို စစ်ပွဲတွေ ဖြစ်ခဲ့တာ နှစ်ပေါင်း ရာနဲ့ချီ ကြာခဲ့ပြီ....”

အစေခံက စိတ်လှုပ်ရှားစွာနဲ့.... “ကောင်းကင်ဗျူဟာတပ်က တောင်ဘက်မြို့တံခါးကို ဖြတ်သွားခဲ့တယ်.... သွားကြည့်လိုက်တော့... သူတို့အားလုံးသည် တောက်ပတဲ့ ချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ထားပြီး မြင်းကောင်းမြင်းသန့်တွေ စီးလာကြတာ....ဒီစစ်တပ်က သာမန်စစ်တပ်နဲ့ လုံးဝမတူဘူး.... ကောင်းကင်ဗျူဟာစစ်တပ်က မယုံကြည်နိုင်လောက်အောင် စွမ်းမယ့်ပုံပဲ.....”

အစစ်အမှန်နတ်ဘုရားနယ်ပယ် ဦးဆောင်သည့် ကောင်းကင်ဘုံဗျူဟာတပ်သား 100,000.....

ဝိညာဉ်နယ်ပယ်ကျွမ်းကျင်သူ 100,000....

ဒီစစ်တပ်က တကယ်ပဲ အင်အားကြီးမားတယ်.......

ယုယန်ရိ ၏ထင်မြင်ချက်အရ သာမန်ချောင်ဂိုဏ်းတစ်ခုက ထိုစစ်တပ်အား အစွမ်းကုန်တိုက်ခိုက်လျှင်တောင် အနိုင်ယူနိုင်မည်မဟုတ်ပေ။

ဘယ်နှစ်နှစ်ရှိသေးလို့လဲ...တကျန်းက မဟာယာန နဂါးမျှော်စင်ထက်တောင် အားကောင်းနေပြီ.....

မဟာယာနနဂါးမျှော်စင်သည် သိုင်းပညာလောကကို ဖြိုခွင်းခဲ့ပြီး ကံတရားတစ်ခုတည်းကို စုပ်ယူခဲ့သော်လည်း အများစုကိုလည်း ဖြုန်းတီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သူတို့ကိုယ်တိုင်လည်း များများစားစား မစုပ်ယူနိုင်ဘဲ မည်သည့် အင်အားစုကိုမျှ ပေါ်လာခွင့်မပြုသောကြောင့် ဖြစ်သည်။

အခြားအကြောင်းပြချက်တစ်ခုလည်းရှိနေသေးသည်။ တကျန်း၏ လက်ရှိနယ်မြေသည် ယခင်က မဟာယာနနဂါးမျှော်စင် ထိန်းချုပ်ထားသော နယ်မြေထက် ပိုမိုကြီးမားသောကြောင့် သဘာဝအတိုင်း ပညာရှင်များ ပိုမိုစုရုံးလာကြသည်။

ယုရန်ယီသည် တံစက်မြိတ်ပေါ်တွင် လူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ကာ အစေခံကို “ထွက်သွားနိုင်ပြီ” ဟု ချက်ချင်းပြောလိုက်သည်။

အစေခံထွက်သွားပြီးနောက် တံစက်မြိတ်ပေါ်မှ လူတစ်ယောက် ဆင်းသက်လာသည်။ထိုသူသည် ခရမ်းရောင် ၀တ်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမသည် ယုယန်ရိ ဘေးတွင် ထိုင်လိုက်ကာ စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချလိုက်ပြီး....

“ကောင်းကင်ဗျူဟာတပ်က တကယ်ကို အားကောင်းတယ်...ငါလည်းမြင်ခဲ့တယ်....တကျန်းဧကရာဇ်က ဒီလို စစ်တပ်ကို လေ့ကျင့်ပေးနိုင်တယ်တဲ့.... သိုင်းပညာရှင် 100,000စုပေါင်းထားတာတောင် စည်းကမ်းတင်းကျပ်လွန်းတယ်...”

ယုယန်ရိက.... " ကောင်းကင်ဗျူဟာတပ်ကြောင့် ဒီကိုလာတာတော့မဟုတ်လောက်ဘူးမလား....."

ခရမ်းရောင်ဝတ်အမျိုးသမီး၏ အမူအရာမှာ လေးနက်သွားသည် ....“တိုက်ကြီးရဲ မြောက်ဘက်ပိုင်းမှယတစ်ခုခုဖြစ်ခဲ့တယ်... လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦး ပေါ်လာပြီး မင်းဆက်တစ်ခုရဲ့ နဂါးသွေးကြောကို လုယူသွားတာကြောင့် အဲ့ဒီ့မင်းဆက်ရဲ့ကံကြမ္မာသည် အားနည်းလာပြီး သဘာဝဘေးအန္တာရာယ်တွေဖြစ်ပွားနေပြီ.... လူတိုင်း ရှင်သန်ဖို့ရုန်းကန်နေကြရတာမို့ ချောင်ဂိုဏ်းတွေပူးပေါင်းပြီး အဲ့ဒီ့ပညာရှင်ကိုလိုက်ဖမ်းခဲ့ကြတယ်... ဒါပေမယ့် လွတ်သွားတယ်....”

ယုယန်ရိ မျက်မှောင်ကြုတ်ပြီး... "အထက်ဂိုဏ်းသုံးဂိုဏ်း လှုပ်ရှားခဲ့တာလား" ဟု မေးလိုက်သည်။

“ အဆုံးသတ်တောင်တန်းကလည်း လှုပ်ရှားခဲ့တယ်..သူတို့တွေ ရွှေခန္ဓာနယ်ပယ်မွန်းစတားအိုကြီးတစ်ယောက်ကိုလွှတ်လိုက်တာတောင် အဲ့ဒီ့လူရဲ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး...."

ယုယန်ရိက နှုတ်ဆိတ်နေခဲ့သည်။

ခရမ်းရောင်ဝတ် အမျိုးသမီးက... “ဒီကိစ္စကိုတာအိုဘိုးဘေးဆီကိုလည်း သတိပေးရမယ်...တကျန်းမှာလည်း နဂါးသွေးကြောရှိတယ်မဟုတ်လား.."

ယုယန်ရိ ခေါင်းညိတ်လိုက်သည်။ သူမသည် ရှုပ်ထွေးသောအမူအရာဖြင့် လုံချီဘုရားကျောင်း၏ ဦးတည်ရာကို လှမ်းကြည့်လိုက်သည်။

နှစ်များစွာကြာအောင် ကျန်းချန်ရှန်းဆီသို့ လစဉ်သွားရောက်လည်ပတ်ခဲ့သော်လည်း မရင်းနှီးနိုင်ခဲ့ပေ။ နောက်ဆုံးအကြိမ်သွားတုန်းကဆို ဘာပြောရမှန်းတောင် မသိခဲ့ပေ။

....................

ခုနစ်ရက်ကြာ ကြိုးစားပြီးနောက် ကီလိုဂရမ် တစ်သောင်းအလေးချိန်ရှိသော သုံးခွလှံရှာ်တစ်လက်ဖြစ်ပေါ်လာသည်။ထိုလှံရှည်သည် ဆယ်ပေရှည်ပြီး သုံးခွဓားသွားက အလျား၏လေးပုံတစ်ပုံကို သိမ်းပိုက်ထားသည်။ အလွန်လွှမ်းမိုးကြီးစိုးပြီး လက်ကိုင်တွင် နဂါးရုပ်များထွင်းထုပုံဖော်ထားသည်။

တချက်ကြည့်လိုက်ရုံနှင့် ကျန်းဂျန် အံ့သြသွားသည်။ သို့သော်၊ သူ့အတွက် ဤလှံရှည်ကို ကိုင်ဆောင်ရန် အတော်ပင် ပင်ပန်းခဲ့ရပြီး ဤသို့အားသွန်ခွန်စိုက်ကြိုးစားရခြင်းကြောင့် ၎င်းကို ပို၍ပို၍နှစ်သက်လာခဲ့သည်။

ကျန်းချန်ရှန်းကသူ့မြေးကိုကြည့်ရင်း ကျေနပ်နေသည်။

ဒီကလေးက အာ့လန်ရှန်းနဲ့တကယ်တူသားပဲ....

ဟွာဂျန်ရှင် ခြံဝင်းထဲသို့ ဝင်ပြီး တရားထိုင်ရန်ပြင်ဆင်နေသည့် ကျန်းချန်ရှန်း ၏ နံဘေးသို့ ရောက်လာသည်။

“ဇီယုက နောက်ထပ်စစ်ပွဲတစ်ခုစတော့မယ်.... အသက် ၅၁ နှစ်ရှိနေတာတောင် စစ်တိုက်ချင်နေတုန်းပဲ....”

ကျန်းချန်ရှန်းက... "သူ တခြားသူတွေကို မတိုက်ခိုက်ရင် တခြားသူတွေက တကျန်းကို အနှေးနဲ့အမြန်ဆိုသလို တိုက်ခိုက်လိမ့်မယ်... သူ့ကိုလွှတ်ထားလိုက်ပါ......"

ဟွာဂျန်ရှင်းက သက်ပြင်းချလိုက်ပြီး .." အလွန်အကျွံတွေဖြစ်ကုန်မှာကိုပဲစိတ်ပူတယ်... အနာဂတ်မှာ ရှုအာ နန်းတက်ဖို့ ခက်ခဲလိမ့်မယ်...."

ကျန်းရှုသည် အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး သားများစွာရှိသည်။ သူ့သားကြီးအား ကျန်းဇီယုက မြေးတော်ဘွဲ့ အပ်နှင်းပေးထားပြီး ကျန်းရှုကို နောက်ဧကရာဇ်ဖြစ်လာမည်ဖြစ်ကြောင်း အိမ်ရှေ့စံရာထူး လုံးဝတည်မြဲစေကြောင်း ကမ္ဘာသိအောင်ကြေငြာထားသည်။

သို့သော် ကျန်းရှု နန်းတက်ဖို့ အချိန်မည်မျှစောင့်ရမည်ကို မည်သူသိနိုင်မည်နည်း။

ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်..... "ဒါက သူ့ကိစ္စပဲလေ.... လက်ရှိဧကရာဇ်ရဲ့ အိပ်မက်တွေကိုလည်း မေ့ထားလို့မရဘူး....”

ဟွာဂျန်ရှင်းက ခေါင်းခါလိုက်ပြီး... " ရှုအာ ဇီယုကို မကျော်နိုင်တော့မှာကို မစိုးရိမ်ပါဘူး.... ဧရာမတောင်ကြီးကို မထိန်းနိုင်တော့မှာကိုပဲ စိုးရိမ်တာ”

လက်ရှိ တကျန်းသည် အလွန်ကျယ်ပြောလှသဖြင့် သာမန်လူများသည် တကျန်း ၏ ခရိုင်အသီးသီးသို့ သွားလာရန်ပင် မဖြစ်နိုင်ပေ။ဒီလောက်ကျယ်ပြောသောနယ်မြေများကို ဘယ်လို အုပ်ချုပ်နိုင်မလဲ.....

မည်သို့ပင်ဆိုစေ ဟွာဂျန်ရှင်း နားမလည်နိုင်ပေ။ သူ့မြေးအကြီးဆုံးသည် ကဏ္ဍပေါင်းစုံတွင် သူ့အဖေထက် အားနည်းသည်ကို သူမသာ သိသည်။

ကျန်းချန်ရှန်းက ဟွာဂျန်ရှင်း လက်ကိုဆွဲပြီး ပါးပြင်ကိုဖျစ်ညှစ်လိုက်သည်။

"မင်းသူတို့ကိုဘာလို့အရမ်းဂရုစိုက်တာလဲ... တကျန်းရဲ့ တောင်တွေနဲ့ မြစ်တွေ ကွဲသွားရင်တောင်မှ သူတို့ကို ငါကူညီမယ်..."

ဟွာဂျန်ရှင်းသည် ကျန်ချန်ရှန်း၏ ရင်းနှီးသော အပြုအမူကြောင့် ရှက်သွားပြီး အလျင်အမြန် ရှောင်လိုက်သည်။

"ဂျန်အာရှိနေတယ်...အနေအထိုင်ဆင်ခြင်ဉီး"

ကျန်းချန်ရှန်းက ပြုံးပြီး မျက်လုံးကိုမှိတ်ကာ ဆက်လက် ကျင့်ကြံနေခဲ့သည်။

ကျောက်စိမ်းအရိုးဝါးတော ကြီးထွားလာသည်နှင့်အမျှ လုံချီ တောင်ရှိ ဝိညာဉ်စွမ်းအင်များ ပိုမိုသိပ်သည်းလာကာ ကျင့်ကြံရလွယ်ကူစေသည်။

သို့သော်လည်း သူသည် တာအိုကျင့်စဉ်၏ အဆင့်ရှစ်နှင့် ဝေးနေသေးသည်။

ထိုအချိန်မှာပင်.....

[ ချန်းဝူ ခေတ်၏နှစ်သုံးဆယ်တွင်၊ သင်အမှတ်အသားပြုခဲ့သော သမုဒ္ဒရါလေးစင်းပဏ္ဍိတအောင်မြင်စွာ ပြန်လည်ဝင်စားပြီး ထျန်းဟိုင်တွင်မွေးဖွားခဲ့သည်....]

ကျန်းချန်ရှန်း ရှေ့မှာ အကြောင်းကြားချက်တစ်ခု ပေါ်လာခဲ့သည်။

သမုဒ္ဒရာလေးစင်းပဏ္ဍိတ လူဝင်စားဖြစ်နေပြီလား....ထျန်းဟိုင်က ဘယ်လိုနေရာမျိုးလဲ...

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ သေသေချာချာ အာရုံခံကြည့်တော့ သမုဒ္ဒရာလေးစင်းပဏ္ဍိတ၏ လူဝင်စားခြင်းအမှတ်အသားသည် တောင်ဘက်သို့ အလွန်အလှမ်းဝေးပြီး သမုဒ္ဒရာကို ဖြတ်ကျော်သွားသည်ဟု ညွှန်ပြနေသည်။

ထို့နောက် ကျန်းလော့ ယခု တစ်ယောက်တည်း ဖြစ်နေကြောင်း သတိရမိသည်။

သို့သော် ထိုကလေးသည် အသက် 26 နှစ်ရှိနေပြီ ဖြစ်သောကြောင့် လွတ်လပ်စွာ ရှင်သန်နေသင့်သည်။ ရှန်းရှန်တုံးထျန်းတွင်လည်း သူ့ကိုယ်ပိုင် ချိတ်ဆက်မှုများ ရှိသင့်သည်။

ကျန်းချန်ရှန်း သူ့မြေးအတွက် အနည်းငယ် စိတ်ပူနေခဲ့သည်။ သူသည် ကျန်းလော့ဆီမှာလည်း လူဝင်စားအမှတ်အသားကိုလည်းချန်ထားခဲ့သည်။ ကျန်းလော့သာ လူဝင်စားပြန်ဖြစ်လျှင် သိနိုင်ပေမည်။

ကျန်းလော့၏ လူဝင်စားခြင်း အမှတ်အသား ထိုနေရာတွင် ရှိနေကြောင်း သူ ခံစားသိရှိနိုင်သော်လည်း ၎င်းသည် လူသားလား ဝိညာဉ်လား မသေချာသေးပေ။

ထားလိုက်တော့...ဒါကိုစစ်ဆေးဖို့ အမွှေးတိုင်တွေသုံးလိုက်မယ်..

All Chapters