← Chapters

မဟာကန္တရမင်းဆက်နှင့်တကျန်း..... မြောက်ပိုင်း လေ့လာရေးခရီး......

Vol. 7 Ch. 100

မဟာကန္တရမင်းဆက်နှင့်တကျန်း..... မြောက်ပိုင်း လေ့လာရေးခရီး......

Vol. 7 Ch. 100

[လက်ရှိ အမွှေးတိုင်အရေအတွက် : 3,809,762]

လက်ရှိ အမွှေးတိုင်အရေအတွက်ကို ကြည့်လိုက်တော့ ကျန်းချန်ရှန်း က ကျေနပ်စွာ ပြုံးလိုက်တယ်။ သူတကယ်ချမ်းသာခဲ့တယ်။

သူက အမွှေးတိုင်စနစ်ကို အသုံးပြုပြီး... "ကျန်းလော့ အဆင်ပြေရဲ့လား... သိချင်ပါတယ်" ဟု မေးခဲ့သည်။

[အမွှေးတိုင် ၄၀၀ လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား...]

အမွှေးတိုင်အရေအတွက် ၄၀၀ သာဆို အနည်းဆုံး နတ်ဘုရားနယ်ပယ်သို့ ရောက်သင့်သည် သို့မဟုတ် အစစ်အမှန်နတ်ဘုရားနယ်ပယ်နှင့်ပင် နီးကပ်နေသင့်သည်။

လွန်ခဲ့သော နှစ်များစွာက မန်ချွဲ့ဟေး၏ ကျင့်ကြံမှု ခုန်ပျံကျော်လွှားပြီး တိုးတက်ခဲ့သော်လည်း သူသည် အရေအတွက် 500 သာ တန်ဖိုးရှိခဲ့သည်။ ထို့အပြင် သူသည် မသေဆုံးမီ အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ရောက်နေခဲ့သည်။

ကျန်းလော့ ဘေးကင်းကြောင်း ကျန်းချန်ရှန်း မြင်သောအခါ၊ ဆက်လက်လုပ်ဆောင်ဖို့မရွေးချင်တော့ပေ။ သို့သော် ခွန်အားရှိခြင်းသည် အဆင်ပြေနေခြင်း မဟုတ်ပေ။

ထားလိုက်တော့... ဒီနေ့ သူ့မြေးအတွက် ခြွင်းချက်တစ်ခု လုပ်မယ်....

ကျန်းချန်ရှန်း ဆက်လက်လုပ်ဆောင်ဖို့ ရွေးလိုက်သည်။

“လောလောဆယ် အဆင်ပြေနေပါသည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာရှင်နဲ့အတူ လေ့ကျင့်နေပါသည်”

"ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင်ရဲ့ နယ်ပယ်ကို သိချင်တယ်။"

[အမွှေးတိုင် 5,000 လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား]

ဒီလောက် အစွမ်းထက်သလား?

ကျန်းချန်ရှန်း ချက်ချင်းစိတ်သက်သာရာရသွားသည်။ အမွှေးတိုင်အရေအတွက် 5,000 သည် အနည်းဆုံး ရွှေခန္ဓာနယ်ပယ်တွင် ရှိနေသည်ဟု ဆိုလိုသည်။ ကျန်းလော့ ဤကဲ့သို့သော ကျွမ်းကျင်ပညာရှင်နောက်သို့ လိုက်ခဲ့လျှင် ထိုလူက သူ့ကို ထိခိုက်စေလိုခြင်းမရှိပါက သေချာပေါက် ဘေးကင်းမည်ဖြစ်သည်။

အန္တရာယ်ရှိရင်တောင် ကျန်းချန်ရှန်း မကူညီနိုင်သေးပေ။ထို့ကြောင့် အကောင်းဘက်ကသာ တွေးရပေတော့မည်။

ကျန်းချန်ရှန်းက ကျန်းဂျန်ကို လှည့်ကြည့်လိုက်သည်။ သူ့တွင် မြေးများစွာရှိသော်လည်း ၎င်းတို့အနက်မှ နှစ်ဦးသာ အထူးသဖြင့် ကျန်းဂျန်ကိုသာ အမှန်တကယ် သဘောကျသည်။ ကျန်းဂျန်သည် သူနှင့်အတူပုန်းရှောင်ရင်း ကြီးပြင်းလာသည်နှင့်အမျှ သူ့အတွက် သိုင်းပညာများကို အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးကာ၊ နတ်လက်နက် ဖန်တီးပေးပြီး တတိယမျက်လုံးကိုပင် ဖွင့်ပေးခဲ့သည်။ ကျန်းဂျန်သည် အနာဂတ်တွင် ကျန်းမိသားစု၏ ခေါင်းဆောင်ဖြစ်လာနိုင်မည်ဟု သူမျှော်လင့်ခဲ့သည်။

အနာဂတ်တွင် ကျန်းဂျန်က နယ်မြေချဲ့ထွင်ဖို့ တာဝန်ယူပြီး ကျန်ချန်ရှန်းက ကျန်းမိသားစုကို စောင့်ရှောက်ရန် တာဝန်ယူပေမည်။ဤအတိုင်းသာဆို ရှင်သန်ခြင်းဆုလာဘ်များ ရယူနိုင်ရုံသာမက အမွှေးတိုင်အရေအတွက်ပါ တိုးမြှင့်ပေးနိုင်သည်။

“ မင်းရဲ့ တခြားညီအစ်ကိုတွေထက် ကောင်းမွန်တဲ့ဆက်ဆံရေးနဲ့ ပတ်ဝန်းကျင်ကို ရခဲ့ပြီးပြီ..... ငါ့ကိုစိတ်မပျက်စေနဲ့....."

ကျန်းချန်ရှန်းသည် မျက်လုံးများကို တိတ်တဆိတ်မှိတ်ထားပြီး ကျင့်ကြံဖို့ အာရုံစိုက်လိုက်သည်။

နှစ်ကုန်တွင် ယုယန်ရိက ကျန်းချန်ရှန်းဆီသို့လာရောက်လည်ပတ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သောကျွမ်းကျင်ပညာရှင်တစ်ဦးက နဂါးသွေးကြောများကိုခိုးယူလိုကြောင်း သတင်းပေးခဲ့သည်။

ကျန်းချန်ရှန်း တွက်ချက်မှုအချို့ပြုလုပ်ခဲ့ပြီး ထိုသူသည် အမွှေးတိုင်အရေအတွက် 5,000 သာတန်ဖိုးရှိကြောင်း တွေ့ရှိသောကြောင့် စိတ်ပူစရာမရှိတော့ပေ။

ကျန်းချန်ရှန်းသည် ယုယန်ရိပြောသော လျှို့ဝှက်ဆန်းကြယ်သည့်ကျွမ်းကျင်ပညာရှင်သည် ကျန်းလော့နှင့်အတူရှိနေသူများဖြစ်နေမလားဟုပင် သံသယရှိခဲ့သော်လည်း တွက်ချက်ရန် အလွန်ပျင်းရိခဲ့သည်။ သူတို့တကယ်ရန်သူဖြစ်ခဲ့ရင် သတ်ပစ်ရမည်သာ.... သူကြိုသိထားရင်တောင် ကျန်းလော့ကိုရှာဖို့ ကမ္ဘာကြီးရဲ့အဆုံးထိ မသွားနိုင်သေးပေ။

ခဏကြာ စကားစမြည်ပြောပြီးနောက် ယုယန်ရိ စိတ်ပျက်သွားပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

နှစ်များတစ်လျှောက် သူမသည် သိုင်းကျင့်စဉ်များ၊ ရှားပါးရတနာများ၊ နတ်ဘုရားလက်နက်များနှင့် အခြားလက်ဆောင်များစွာကို ပေးပို့ခဲ့သည်။ ဖူယွဲ့မိသားစုသည် လုံချီ ဘုရားကျောင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားပုံရသော်လည်း သိသိသာသာ အောင်မြင်မှု မရှိသည်ကို သူမ သိသည်။

ကျန်းချန်ရှန်းက သူမ၏အမူအရာကို သတိပြုမိပြီး ယုယန်ရိအတွက် နုပျိုဆေးအချို့ ထုတ်ယူလိုက်သည်။

လူတွေကို ပေးဆပ်ဖို့ အမြဲတမ်း မစွမ်းဆောင်နိုင်ပေ။ အမျိုးသမီးတစ်ယောက်အတွက် အကောင်းဆုံးလက်ဆောင်ကတော့ ငယ်ရွယ်လှပနေစေဖို့ပင်....

ယုယန်ရိ တစ်ယောက်တည်းမဟုတ်ဘဲ ချင်းအာသည်လည်ယ နုပျိုဆေးကိုလည်း ရရှိခဲ့သည်။ သူမသည် လုံချီဘုရားကျောင်းတွင် တစ်သက်လုံးနေရန်နှင့် အိမ်ထောင်မပြုရန် စိတ်ပိုင်းဖြတ်ထားကြောင်း ဝမ်လီကိုပြောခဲ့ဖူးသည်။ သူ့အဖေကလည်း ဒါကို သဘောတူခဲ့သည်။ ထိုအခြေအနေတွင်၊ ကျန်းချန်ရှန်း သည် နုပျိုဆေးများကို သူမအတွက်ကြိုတင်လစာငွေအဖြစ် သတ်မှတ်ပြီးပေးခဲ့သည်။ထိုမှသာ ချင်းအာသည် လုံချီဘုရားကျောင်း အတွက် ဘဝတစ်သက်တာလုံး အလုပ်လုပ်ပေးမည်ဖြစ်သည်။

ယုယန်ရိသည် ဆေးပြားအချို့ကို လက်ခံရရှိပြီးနောက် အလွန်ပျော်ရွှင်နေသည်။

ဤကာလများတွင် လုံချီ ဘုရားကျောင်းတွင် မည်သည့်အရေးကြီးကိစ္စမျှ မဖြစ်ခဲ့ပေ။ ဤမြင့်မြတ်သောနယ်မြေသည် အခြားဂိုဏ်းများနှင့် တိုက်ခိုက်ခဲသည်။ ဤကဲ့သို့ဖြစ်လေလေ၊ မြင့်မြတ်သောနယ်မြေ၏ ပုံရိပ်သ ပို၍တည်ငြိမ်လေပင်....

ချန်းဝူ ခေတ် ၃၁ နှစ်တွင်.....

ကောင်းကင်ဗျူဟာတပ်သား 100,000

သည် တကျန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ယုဂေါင်မင်းဆက်ကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။ သူတို့ရဲ့ အစွမ်းအစကို ပြသပြီး မရပ်မနား ကြိုးစားခဲ့ကြရာ ထိုမင်းဆက်၏ မြို့တော်သို့ ချီတက်တိုက်ခိုက်နိုင်ခဲ့ကြသည်။ ထိုနှစ်အကုန်တွင် ယုဂေါင်

မင်းဆက်ကို တကျန်းက သိမ်းပိုက်ခဲ့သည်။

ထိုသတင်းသည် တကျန်း၏နယ်မြေ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပြီး သာမန်ပြည်သူများကို စိတ်လှုပ်ရှားစေခဲ့သည်။ သူတို့သည် တစ်နှစ်အတွင်း မင်းဆက်တစ်ခုကို သိမ်းပိုက်ခဲ့ပြီး ကောင်းကင်ဘုံဗျူဟာ၏ စွမ်းအားကို သာမန်လူများက လေးစားခဲ့ကြသည်။

ချန်းဝူ ခေတ် ၃၂ နှစ်တွင် တကျန်းသည် ယုဂေါင်မင်းဆက်ကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်။ ယခင် ဝေ့မင်းဆက်ရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိအများအပြားကို စေလွှတ်ကာ အရေးပေါ်သယ်ယူပို့ဆောင်ရေးများစီစဉ်ခဲသည်။ ၁၃ စီရင်စုသည် ယခင်ဝေ့မင်းဆက်သို့ အရပ်ဘက်နှင့် စစ်ဘက်အရာရှိအများအပြားကိုလည်း စေလွှတ်ခဲ့သည်။ အခြေချပြီးနောက်တွင် တော်ဝင်တရားရုံးက ရိက္ခာများစုဆောင်းခဲ့သည်။

ယုဂေါင် မင်းဆက်သည် ကောင်းကင်ဗျူဟာစစ်တပ်နှင့် အမှီလိုက်နိုင်ရန် ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုနှစ်၏ဒုတိယနှစ်ဝက်တွင်၊ ၎င်းတို့၏ခွန်အားကိုထိန်းသိမ်းပြီးသော ကောင်းကင်ဗျူဟာစစ်တပ်သည် တုံလင်းမင်းဆက်ကိုစတင်တိုက်ခိုက်ခဲ့သည်။

တုံလင်းမင်းဆက်သည် ယုဂေါင်မင်းဆက်နှင့် ကွဲပြားသည်။ ထိုနေရာတွင် စောင့်ကြပ်နေသော အစစ်အမှန်နတ်ဘုရားနယ်ပယ်များ ရှိသော်လည်း ကောင်းကင်ဗျူဟာတပ်တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ပင်းအန်းရှိနေသည်။

ချန်းဝူခေတ်၏၃၃နှစ်တွင်....

လုံချီ တောင်ပေါ်တွင်...

ကျန်းရှုသည် တကျန်း၏ အောင်မြင်မှုများကို အစီရင်ခံနေသည်။

ပိုင်ချီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး..... "နောက်ဆုံးတော့ တကျန်းစစ်တပ်က ငါတို့ တုံလင်း မင်းဆက်ကိုရောက်နေပြီပေါ့.... တုံလင်း မင်းဆက်ကို ပြားချပ်အောင်နင်းချေနိုင်ရင် အကောင်းဆုံးပဲ.... ပင်းအန်း က တုံလင်းရဲ့အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေကို သေတဲ့အထိ ရိုက်နှက်ဖို့ မျှော်လင့်မိတယ်...!"

ပိုင်ချီ ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ပင်းအန်းကို ပထမဆုံးမြင်ခဲ့စဉ်က မိုက်မဲသောကလေးဟုသာ ထင်ခဲ့သည်။ ဒီမိုက်မဲတဲ့ကလေးက သူ့အတွက် လက်စားချေပေနိူင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ခေတ်တွေ တကယ်ပြောင်းသွားပြီပဲ.....

သူမသည် ဒဏ္ဍာရီတစ်ခု မွေးဖွားခြင်းကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ရသည်။

ကျန်းရှုက " ဦးလေးပင်းအန်းက တကယ်ကို အစွမ်းထက်တယ်။ အနောက်ဘက်ကိုသွားရာလမ်းတစ်လျှောက်မှာ ကောင်းကင်ဗျူဟာစစ်တပ်က ကျွမ်းကျင်သူများစွာရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပေမယ့် အားလုံးကို သတ်ပစ်နိုင်ခဲ့တယ်... တစ်ယောက်တောင်မလွတ်ဘူး....”

အသက် 54 နှစ်အရွယ် ပင်းအန်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်ခွန်အားနှင့် အတူ သူ့လမ်းကြောင်းတွင် နယ်ပယ်တူသူများကို သတ်နိုင်ခဲ့ပြီး မည်သည့်အခါမျှ ရှုံးနိမ့်မှုကို မမြည်းစမ်းခဲ့ဖူးပေ။

ထိုစကားကိုကြားသောအခါ ကျန်းဂျန် ၏လက်များ ယားယံလာသည်။ သူသည် အသက်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်ပြီး ငယ်ရွယ်တက်ကြွသူဖြစ်သည်။ သူက ကျန်းချန်ရှန်း ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာနဲ့....

"ဘိုးဘိုး... ကျွန်တော် စစ်တပ်ထဲဝင်လို့ရမလား"

သစ်ပင်အောက်ရှိ ကျန်းချန်ရှန်းက မျက်လုံးများကို မဖွင့်ဘဲ.... “မင်း ရွှေခန္ဓာနယ်ပယ်ကို ရောက်ရင် သွားလို့ရပြီ” ဟု အေးအေးဆေးဆေး ဖြေလိုက်သည်။

ကျန်းဂျန်က ခါးသီးတဲ့အမူအရာကို ထုတ်ပြပြီး.... "ရွှေခန္ဓာနယ်ပယ်ကို ရောက်တဲ့အခါ အသက်ကြီးနေပြီ မဟုတ်ဘူးလား...."

ကျန်းချန်ရှန်းက "မင်းအသက်နှစ်ဆယ့်ငါးနှစ်ရောက်ရင် မင်းရဲ့နုပျိုတဲ့အသွင်အပြင်ကို ထာဝရထိန်းသိမ်းထားနိုင်ဖို့ နုပျိုဆေး ပေးမယ်...."

ကျန်းဂျန်ကို အာ့လန်ရှန်း အဖြစ်ဖန်တီးလိုသောကြောင့် နုပျိုနေအောင်ထိန်းသိမ်းပေးရမည်။

ဒါကိုကြားတော့ ကျန်းဂျန် စိတ်သက်သာရာ ရသွားခဲ့သည်။

ကျန်းရှု ဤမြင်ကွင်းကိုကြည့်ရင်း တခစ်ခစ်ရယ်လိုက်သည်။ နုပျိုဆေးနဲ့ ပတ်သက်ပြီး သိပ်ပြီး တွေးတောမနေခဲ့ပေ။ သူသည် အိမ်ရှေ့စံမင်းသားဖြစ်သောကြောင့် အခြားသူများ၏ထင်မြင်ချက်ကို ဂရုစိုက်စရာမလိုပေါ ထို့အပြင်၊ လူတစ်ဦးသည် ၎င်းတို့၏အခြေခံအုတ်မြစ်ကို မဖော်ထုတ်မီတွင် ဘဝ၏ဆိုးရွားမှုများကို တွေ့ကြုံရပေမည်။

ကျန်းချန်ရှန်းသာ မသေဆေးကို ထုတ်လုပ်နိုင်လျှင် သူ လိုချင်မှာ သေချာပါသည်။

ဒါကလည်း သူတစ်ယောက်တည်းတော့ မဟုတ်ပေ။ ကျန်းဇီယုသည်လည်း ကျန်းချန်ရှန်းသာ မသေဆေးဖော်နိုင်လျှင် ထိပ်ဆုံးကနေလာတောင်းပေလိမ့်မည်။

“ညီကိုး... သိပ်မစိုးရိမ်နဲ့....မင်းရဲ့ရုပ်သွင်က အရမ်းအရေးကြီးတယ်လို့ ခမည်းတော် တစ်ခါပြောဖူးတယ်...လိုအပ်မှသာလှုပ်ရှားပါ.... မင်းရဲ့တန်ဖိုးက အကြီးကျယ်ဆုံးဖြစ်မှာပါ” လို့ ကျန်းရှုက ပြုံးပြီးပြောခဲ့သည်။

ကျန်းဂျန်ကတော့ ရှေ့တန်းက အခြေအနေအကြောင်း ဆက်မေးနေသည်။

ကျန်းရှုက သူသိသမျှကို ပြောပြပေမယ့် သူပြောပြီးတာနဲ့ ရုတ်တရက် ချောင်းဆိုးပြီး မျက်နှာက ဖြူဖျော့သွားသည်။

ဟွာဂျန်ရှင်း ချက်ချင်း စိတ်ပူသွားပြီး ....

"ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား?"

ကျန်းရှုက ကူကယ်ရာမဲ့စွာဖြင့်.... “ခမည်းတော်ရဲ့ အာရုံစိုက်မှုက စစ်ပွဲဆီပဲရောက်နေတာမို့ ထုံးစံအတိုင်း ကျွန်တော်ကပဲ တိုင်းပြည်ကို ကြီးကြပ်ပြီး သူ့အတွက် တခြားပြည်နယ်တွေရဲ့ အရေးကို စီမံခန့်ခွဲရမယ်လေ.... ဒါပေမယ့် ဒီမင်းဆက်က ကြီးမားလွန်းတယ်......”

ဟွာဂျန်ရှင်းက ကျန်းချန်ရှန်းကို ကြည့်လိုက်သည်။ ကျန်းချန်ရှန်း ချက်ခြင်းလျှောက်လာပြီး ကျန်းရှု၏သွေးကြောများကို စစ်ဆေးကြည့်လိုက်သည်။

ဒီကလေး အလွန်အကျွံ အားထုတ်ခဲ့တာပဲ....

ကျန်းချန်ရှန်းက သူ့အား ပြန်လည်ကျန်းမာလာစေရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး

“အနားယူဖို့ ပိုအာရုံစိုက်သင့်တယ်... အလုပ်တွေ အလွန်အကျွံ မလုပ်သင့်ဘူး....အုပ်ချုပ်ရေးကို ပြန်လည်သုံးသပ်ရာမှာ ကူညီဖို့ ဝန်ကြီးတွေကိုပြောလေ....မင်းအဖေက ဝန်ကြီးချုပ်အရေအတွက်ကို မတိုးဘူးလား"

ကျန်းရှုက.... "ပြည်နယ်သုံးခုကို ထားလိုက်ပါ....သူတို့နဲ့သာဆိုအနှေးနဲ့အမြန်ဆိုသလို ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်....စိတ်မပူပါနဲ့၊ နောက်ပိုင်းအချိန်တွေကို ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်...."

ကျန်းချန်ရှန်းက သူ့ကို အတင်းမတိုက်တွန်းခဲ့ပေ။ ဟွာဂျန်ရှင်းကို ကျန်းရှု အတွက် ဆေးသုံးပုလင်းယူခိုင်းလိုက်သည်။

ကျန်းရှု ကျေးဇူးတင်သွားပြီး သူ့နှလုံးသားထဲနွေးထွေးသွားသည်။

ကျန်းရှု ထွက်သွားပြီးနောက် ကျန်းဂျန်က....

"ကျွန်တော် နန်းတော်ထဲမှာ မနေခဲ့ရတာ ကံကောင်းတယ် သူ့နေရာမှာ ကျွန်တော်သာဆိုတွေးကြည့်ရုံနဲ့တင်စိတ်ညစ်တယ်...သိုင်းပညာ လေ့ကျင့်တာ ပိုကောင်းတယ်.... အခက်အခဲတွေ အများကြီး မရှိဘူး....”

ကျန်းဂျန်သည် ကြီးပြင်းလာခဲ့ပြီး သူ၏အားသာချက်များကို ကောင်းစွာသိရှိခဲ့သည်။ ရာဇပလ္လင်အတွက် ကျန်းရှုနှင့် ယှဉ်ပြိုင်မည်ဆိုလျှင် အောင်မြင်နိုင်သော်လည်း စိတ်ရှုပ်မခံချင်ပေ။

ပထမအချက်အနေနဲ့ ဆရာတော်ဘိုးဘိုးက သူ့အပေါ် ပို၍ အလေးပေးခဲ့သည်။ ဒုတိယအချက်မှာ သိုင်းပညာကို ထောက်ခံအားပေးသော တကျန်းတွင် အလယ်အလတ်အဆင့်သာ အရည်အချင်းပြည့်မီသော ကျန်းရှုကတော့ အမြဲတမ်း ဝေဖန်ခံနေရသည်။

သို့သော် ထီးနန်းကို သူ စိတ်မဝင်စားပေ။ သူသည် ဆရာတော်ဘိုးဘိုးလိုလူမျိုးသာ ဖြစ်ချင်ခဲ့သည်။

သူ ငယ်ငယ်က မြင်ခဲ့ဖူးသောမြင်ကွင်းကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ဘူးပေ။ သူ့ရဲ့ ဆရာတော်ဘိုးဘိုးက တိမ်တိုက်တွေစီးနင်းသွားသည့်မြင်ကွင်းက သူ့အပေါ် မမေ့နိုင်တဲ့ ခံစားချက်တွေ ချန်ထားခဲ့ပေသည်။

ဟွာဂျန်ရှင်းက သူ့ကို မျက်စောင်းထိုးလိုက်သည်။ ကျန်းရှု ထွက်သွားသော လမ်းကြောင်းကို လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

ကျန်းချန်ရှန်းက.... “လူတိုင်းမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်... ဧကရာဇ်တွေအတက် အချို့သောအရာတွေက သူတို့သက်တမ်းထက် ပိုအရေးကြီးတယ်.... အချို့သော ဧကရာဇ်တွေကျတော့ အသက်ရှည်ပြီး အောင်မြင်မှုမရှိဘဲ ကျန်းမာရေးနှင့် အသက်ရှည်ခြင်းကိုသာ ရှာဖွေကြတယ်...သူတို့တွေကို သမိုင်းစာအုပ်တွေထဲမှာ အတိုချုံးပဲရေးထားကြမှာ.... အချို့သော ဧကရာဇ်တွေကျတော့ အသက်တိုပေမယ့် သမိုင်းကို တုန်လှုပ်စေနိုင်တယ်... သူ့ရဲ့ လုပ်ဆောင်ချက်တွေက သူ့မှာ ရည်မှန်းချက်တွေ ရှိတယ်ဆိုတာ ပြသနေတာပဲလေ.... တကယ်တော့ သူကိုယ်တိုင်သိနေတဲ့ သူ့ရွေးချယ်မှုပဲ.... သူ့ကိုကူညီဖို့ ငါတို့ အကောင်းဆုံးကြိုးစားပေးမှာပါ....”

ကျန်းချန်ရှန်းသည် ကျန်းရှု ပြန်လည်သက်သာလာစေရန် တတ်နိုင်သမျှ ကူညီပေးခဲ့သည်။ သို့သော် ကျန်းရှုသာ အလွန်အကျွံ အားထုတ်နေလျှင် သူဘာမှ မလုပ်ပေးနိုင်ပေ။ နောက်ဆုံးတော့ ဒါက ကျန်းရှု ရဲ့ ရွေးချယ်မှုပင်.... အိမ်ရှေ့စံရာထူးကို စွန့်လွှတ်ရန် သူ့ကို မည်သူမျှ မတောင်းဆိုနိုင်ပေ။

ဟွာဂျန်ရှင်း သက်ပြင်းချလိုက်မိသည်။ အကြောင်းပြချက်ကို သူမနားလည်သော်လည်း သူ့မြေးလေး အရွယ်မတိုင်ခင်သေဆုံးမည်ကိုမမြင်ချင်ပေ။

ကျန်းဂျန်က ခေါင်းကုတ်လိုက်ပြီး လက်ဆွဲတော်လက်နက်ကို ကိုင်လိုက်ကာ ပိုင်ချီနှင့် ဝမ်ချန်းကို.... " ဦးလေး ဟွမ်းချွမ်ကို အနိုင်ယူမလို့....ပွဲကြည့်ဖို့လိုက်ကြဉီးမလား...."

ပိုင်ချီက သူ့ကို မျက်လုံးပြူးပြီး.......

“နေစမ်းပါ... အချိန်တိုင်း အရိုက်ခံရတာကို လေကျယ်မနေနဲ့"

ဝမ်ချန်းက တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။

ကျန်းဂျန် စိတ်ဆိုးသွားပြီး ချက်ချင်း ထွက်သွားလေတော့သည်။

ချန်းဝူခေတ် ၃၄ နှစ်တွင် သံတမန်အဖွဲ့တစ်ဖွဲ့ မြို့တော်သို့ ရောက်လာခဲ့သည်။ လီကျွင်း သည် ဝတ်ဖြူတော်အစောင့်တပ်များကို ဦးဆောင်ကာ ၎င်းတို့နှင့်တွေ့ဆုံခဲ့သည်။

လီကျွင်းသည် မင်းဆက်ကိုးပါးကို ပြတ်ပြတ်သားသားတိုက်ခိုက်ရာမှာ သတ်ဖြတ်ခြင်းနတ်ဘုရားဓားသွားဖြင့် နာမည်ကျော်ကြားခဲ့ပြီး ကျန်းချန်ရှန်းက သူ့ကို ဝတ်ဖြူတော်အစောင့်တပ်မှာ ပါဝင်ဖို့ အကြံပြုခဲ့သည်။

သူသည် ကျန်းချန်ရှန်း၏လူဖြစ်ပြီး သိုင်းပညာ အားကောင်းလာသည်နှင့်အမျှ သူ၏အဆင့်အတန်းသည်လည်း ဆက်လက်မြင့်တက်လာခဲ့သည်။ ယခုဆိုလျှင် သူသည်အစောင့်တပ်၏ ဒုတိယတပ်မှူးဖြစ်နေပြီဖြစ်သည်။

လီကျွင်းသည် ကိုယ်စားလှယ်အဖွဲ့အား အနားယူရန် နေအိမ်သို့ ပို့ဆောင်ခဲ့သည်။

နောက်နေ့မနက်မှာ သံတမန်ကို နန်းတော်ထဲကို ပို့ဆောင်ပေးခဲ့သည်။ နံနက်ခင်းညီလာခံတက်ရောက်ချိန်ဖြစ်သောကြောင့် ကျန်းဇီယု က နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။ အောက်ဘက်တွင် နဂါးလှေကားထစ်တစ်ခုရှိ၍ ကျန်းရှု ထိုင်ရန် အဖိုးတန်ပလ္လင်တစ်ခုရှိသည်။

တရားရုံးမှာ သားအဖနှစ်ယောက်ပဲ ထိုင်နေကြသည်။ ယခုအချိန်တွင် ကျန်းရှုကို ဒုတိယဧကရာဇ်အဖြစ် သတ်မှတ်ထားကြသည်။ မနက်ခင်းတရားရုံးမှာ သားအဖနှစ်ယောက်အတူထိုင်နေတာမျိုးတွေ့ရခဲသည်။ ဒီကိစ္စက လူတွေကြားထဲမှာလည်း ပျံ့နှံ့နေပြီး ကျန်းမိသားစုရဲ့ တော်ဝင်မိသားစုဟာ တစ်ယောက်နဲ့တစ်ယောက် မသတ်ဖြတ်ဘဲချစ်ခင်ကြသည်ဟုသတင်းမွှေးနေသည်။

လီကျွင်းသည် ပလ္လင်တော်အခန်းရှေ့တွင် ရပ်လိုက်ပြီး သံတမန်ကို ဝင်ခွင့်ပြုလိုက်သည်။

သံတမန်သည် သာမန်ထက်သာလွန်ကောင်းမွန်ပြီး ဂုဏ်သိက္ခာရှိသော အသွင်အပြင်ရှိသည့် လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ ပလ္လင်တော် အခန်းထဲသို့ တစ်ယောက်တည်း လျှောက်လာသောလည်း အရာရှိများ၏ အကြည့်များကြောင့် စိတ်ရှုပ်မနေပေ။

သူသည် နဂါးပုလ္လင်ရှေ့တွင် ဦးညွှတ်လိုက်ပြီး....

"ကျွန်ုပ်က မဟာကန္တရမင်းဆက်ရဲ့ သံတမာန် ဝမ်ရှုပါ....တကျန်းဧကရာဇ်ကို အရိုအသေပြုပါတယ်...."

ကျန်းဇီယုက ရှေ့ကို တိုးလာပြီး "ဘာလို့ မဟာကန္တရမင်းဆက်က မောင်မင်းကို ဒီကို စေလွှတ်လိုက်တာလဲ ...."

ဝမ်ရှုက "ဘုရင်မင်းမြတ်က တကျန်းရဲ့ ပျက်စီးခြင်းကို ရပ်တန့်ဖို့ ကျွန်တော်မျိုးကို ဒီကို စေလွှတ်လိုက်တာပါ!"

သူပြောပြီးသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အရာရှိဟောင်းတစ်ယောက်က သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး....

“အတင့်ရဲ့လှချည်လား..!…”

သူ့စကားမဆုံးခင် ကျန်းဇီယုက လက်ကို မြှောက်လိုက်ပြီး ပါးစပ် ပိတ်ထားဖို့အချက်ပြလိုက်သည်။

ကျန်းဇီယုက ပြုံးလိုက်ပြီး “ ပြောပြစမ်းပါဦး....”

ဝမ်ရှုက အေးဆေးတည်ငြိမ်စွာဖြင့် ....

"တကျန်းရဲ့ကျူးကျော်မှုက မကြာခင်မှာ မဟာကန္တရမင်းဆက်နဲ့ နယ်နိမိတ်ချင်းထိစပ်လာတော့မယ်... ဒါ့ကြောင့်မို့ ကျွန်တော်မျိုးတို့တွေ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး...သို့ပေမယ့်လည်း မြောက်ဘက်မှာ ကျွန်ုပ်တို့ကို လောဘကြီးစွာ မျက်စိကျနေတဲ့ နောက်ထပ် မင်းဆက်တစ်ခုရှိနေပါတယ်... အနည်းငယ်အားစိုက်ထုတ်ရုံနဲ့ ဒီမင်းဆက်မဟာကန္တရနှင့် တကျန်းကြားမှာ သဘောထားကွဲလွဲတွေဖြစ်အောင်လှုံ့ဆောင်လိမ့်မယ်.... ဘယ်သူနိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ မင်းဆက်နှစ်ခုလုံး ဒုက္ခရောက်မှာ သေချာပါတယ်။ အကယ်၍ ဒီမင်းဆက်သာ တောင်ဘက်ကိုကျူးကျော်လာမယ်ဆို မဟာကန္တရနှင့်တကျန်းတို့ ဘယ်လိုခုခံကြမလဲ...."

ကျန်းဇီယု တိတ်ဆိတ်သွားသည်။

ကျန်းရှုက "ဒါဆို ဘာကိုဆိုလိုတာလဲ.... ငြိမ်းချမ်းရေးအတွက် အချင်းချင်း မကျူးကျော်ရဘူးလို့ပြောချင်တာလား....”

ဝမ်ရှုက “မဟာကန္တရနဲ့ တကျန်းတိူ့ မြောက်ပိုင်းကို တိုက်ခိုက်ဖို့ ပူးပေါင်းမယ်” ဟု ပြန်ဖြေခဲ့လေသည်။

All Chapters