← Chapters

တာအိုဘိုးဘေး လှုပ်ရှားဖို့ ပြင်ဆင်နေပြီ.....

Vol. 7 Ch. 101

တာအိုဘိုးဘေး လှုပ်ရှားဖို့ ပြင်ဆင်နေပြီ.....

Vol. 7 Ch. 101

ဝမ်ရှု စကားကိုကြားတော့ အရာရှိမျာ ရယ်မောကြသည်။

ပုံမှန်အားဖြင့် လေးနက်သော ကျန်းရှုပင် မရယ်ဘဲမနေနိုင်ပေ။

ဝမ်ရှု၏ အစွမ်းထက်သော အော်ရာကြောင့် သူသည် တကျန်းကို ခြိမ်းခြောက်ရန် ဤနေရာ၌ ရှိနေသည်ဟု ထင်ခဲ့ကြသည်။

ကျန်းဇီယုက ဝမ်ရှုကို စိုက်ကြည့်ရင်း

"အမှန်ပဲလား...?"

ဝမ်ရှုက “မြောက်ဘက်မှာရှိတဲ့ မင်းဆက်ကို ဟုန်ရွှမ်းမင်းဆက် လို့ခေါ်တယ် လွန်ခဲ့သောနှစ်အနည်းငယ်က တုံးဝူတောင်ကြားနှင့်ကြယ်စင်စုဝေးခြင်းမျှော်စင်က သိုင်းပညာရှင်တွေကို လက်ခံခဲ့တာမို့... အခုအချိန်မှာ ပညာရှင်တွေ အများကြီးရှိနေလောက်ပြီ...နှစ်သုံးဆယ်လောက် တပ်သားမစုဆောင်းတာတောင် ဟုန်ရွှမ်းမင်းဆက်ရဲ့စစ်တပ်က ဖွံဖြိုနေဆဲပဲ..... တုံးဝူတောင်ကြားနဲ့ကြယ်စင်စုဝေးခြင်းမျှော်စင်တို့ ဖျက်ဆီးရတဲ့အကြောင်းရင်းက တကျန်းကြောင့်မို့ သူတို့ဂိုဏ်းရဲ့အကြွင်းအကျန်တွေက တကျန်းကိုမုန်းမေးနကြမှာပဲလေ... ”

“တကျန်းက အစွမ်းထက်ပေမယ့် အခြေခံအုတ်မြစ်က လုံလောက်အောင်မခိုင်မာသေးဘူး... တာအိုဘိုးဘေးက မင်းဆက်ကိုးခုတပ်တွေကို နှိမ်နင်းခဲ့ပြီး ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးကို သတ်ဖြတ်ကာ မိုင်သုံးထောင်အကွာက တောင်တန်းတစ်ခုကို ပြောင်းရွှေ့ခဲ့တယ်... ဒီဒဏ္ဍာရီတွေဟာ တကယ့်ကို ကြောက်စရာကောင်းပါတယ်...ဒါပေမယ့် တာအိုဘိုးဘေးကလည်း လူသားတစ်ဦးပါပဲ.. အလွန်အစွမ်းထက်တဲ့ သိုင်းပညာရှင်ဖြစ်ပေမယ့် တစ်နေ့ သေရမှာပဲလေ....ဒါပေမယ့် သ တုံးဝူတောင်ကြားနဲ့ကြယ်စင်စုဝေးခြင်းမျှော်စင်တို့က အမုန်းတရားကိူ မျိုးဆက်တစ်ခုကနေတစ်ခုဆီ လက်ဆင့်ကမ်းသွားကြမယ်... ပြဿနာရဲ့ အရင်းမြစ်ကို ဖယ်ရှားပြီး ဟုန်ရွှမ်းမင်းဆက်ကို ဝါးမြိုဖို့ အတူပူးပေါင်းသင့်ပြီ...ဟုန်ရွှမ်းမင်းဆက်က ကြီးမားတာမို့ ကျွန်ုပ်တို့မင်းဆက်နှစ်ခုအတွက် နှစ်ပေါင်းရာနှင့်ချီ၍ ချေဖျက်ဖို့ လုံလောက်ပါတယ်...”

သူ့အမူအရာက မပြောင်းလဲဘဲ အသံကသာ အားကောင်းလာပြီး ပဲ့တင်ထပ်ကာ အရာရှိများကို နက်နက်နဲနဲ တွေးတောစေခဲ့သည်။

တာအိုဘိုးဘေးသည် အင်အားကြီးမားသော်လည်း သူသည် စစ်သားမဟုတ်သဖြင့် တကျန်း အတွက် တိုက်ပွဲမ၀င်နိုင်ပေ။သက်တမ်းနုသော ကောင်းချီးပေးခံရသည့်မင်းဆက်တစ်ခု အနေဖြင့် သမိုင်းတွင် အနက်ရှိုင်းဆုံး အခြေခံအုတ်မြစ်ရှိသော မင်းဆက်ကို ဆန့်ကျင်တိုက်ခိုက်ခြင်းသည် နှစ်ဖက်စလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုများကို မလွဲမသွေ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဟုန်ရွှမ်း မင်းဆက်ကသာ တိုက်ခိုက်ဖို့ အခွင့်အရေးယူရင်...

ဝမ်ရှုက... “ ကျွန်တော်သိသလောက်ဆို တာအိုဘိုးဘေး တကျန်းအရေးကြုံနေချိန်မှာပဲ လှုပ်ရှားတတ်တယ်...ဒါက သာလွန်တဲ့ ပညာရှင်တစ်ဦးရဲ့ အပြုအမူနဲ့ ကိုက်ညီနေပေမယ့် သင်တို့အားလုံး ကောင်းချီးပေးခံရတဲ့

မင်းဆက်ဖြစ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားပြီးနောက်ပိုင်းမှာ ကန္တာရပြန်ဖြစ်သွားဖို့ ဆန္ဒရှိကြပါသလား....တကျန်းက လောင်းကစားလုပ်ဖို့ ဆန္ဒရှိလား....မဟာကန္တရမင်းဆက်တော့ လောင်းကစားမလုပ်ရဲဘူး.... ဒါပေမယ့် အတင်းအကျပ်ခိုင်းရင်၊ ဘာကြောင့် နှစ်ရာနဲ့ချီပြီး ခိုင်ခံ့အောင် ရပ်တည်နိုင်တယ်ဆိုတာကို ပြသရပါလိမ့်မယ်....."

အားလုံး တိတ်ဆိတ်နေ၏။

ဝမ်ရှု၏ စကားများကြောင့် အရာရှိများ၏ စိတ်ထဲတွင် တကျန်းရို တောရိုင်းအဖြစ် ပြောင်းလဲစေခဲ့သည်။

ကျန်းဇီယုက နဂါးပလ္လင်၏ လက်ရန်းကိုပုတ်ကာ လေးလေးနက်နက် တွေးတောလိုက်သည်။

ကျန်းရှုက ဘာမှ ဝင်မပြောပေ။

သူသည် အိမ်ရှေ့စံဖြစ်၍ ဆုံးဖြတ်ချက်မချနိုင်ပေ။

ဝမ်ရှုက ကျန်းဇီယု ကို မော့ကြည့်ပြီး "ကမ္ဘာကြီးက ကြီးမားလွန်းတယ်...ယခုအချိန်မှာ ကောင်းချီးပေးခံရတဲ့မင်းဆက် ခြောက်ဆက်ရှိတယ် အကယ်၍ တကျန်းသာ မဟာကန္တရနဲ့ပူးပေါင်းရင် ကမ္ဘာကြီးကိုတစ်ဝက်ဆီအညီအမျှပိုင်စိုးနိုင်မှာပါ.."

ကျန်းဇီယုက “ကောင်းပြီ.... ဒါပေမယ့် ငါတို့စဉ်းစားဖို့လိုတယ်...ကဲ.. သံတမန်ကိုပြန်ပို့ပြီး ဧည့်ဝတ်ကျေလိုက်ကြပါ....”

ဝမ်ရှု ချက်ချင်း ဦးညွှတ်ကာ ခန်းမထဲမှ ထွက်သွားခဲ့သည်။

သူထွက်သွားပြီးနောက် ကျန်းဇီယုက... “မဟာကန္တရမင်းဆက်ကို လျှော့တွက်လို့မရဘူး...သူတို့တွေက ထင်သလောက် ပျော့ညံ့နေမှာမဟုတ်ဘူး...”

အရာရှိအများစုသည် ကျိုးကြောင်းဆင်ခြင်ရန် သဘောတူကြသည်။ တကယ်တော့ သူတို့ကလည်း စစ်ပွဲကို ရှေ့ဆက်ဖို့ မထောက်ခံချင်ကြပေ။ အဓိကအကြောင်းအရင်းကတော့ မင်းဆက်ဟာ ကြီးကျယ်ခမ်းနားပြီး တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတယ်လို့ ခံစားလာရလို့ပင်....

ဟန်ထျန်းကျီ ရုတ်တရက်မတ်တပ်ထရပ်ပြီး ......"ကျွန်တော်တို့ မတိုက်ရင်တောင် တုံလင်းမင်းဆက်ကို အရင်ဝါးမျိုရမယ်....တုံလင်းမှာ တောတောင်ပေယများမို့ဒါက မဟာကန္တရနဲ့တကျန်း ကြားမှာ တည်ရှိနေတဲ့ နတ်ဘုရားတွေရဲ့နယ်နမိတ်စည်းမျဉ်းလိုပဲ.... ဝမ်ရှုက လျှာစောင်းထက်ပေမယ့် ကျွန်တော်တို့ဘက်က လက်ဉီးမှုရယူနိုင်မှဖြစ်မယ်... မင်းဆက်နှစ်ဆက် ဆက်ဆံရေး ကောင်းနေရင်တောင်မှ တကျန်းက ခြေတစ်လှမ်းသာနေရမယ်.... လုံးဝ တန်းတူညီမျှမှု မရှိနိုင်ဘူး... ဒီအချိန်မှာ တုံလင်း မင်းဆက်ကို စွန့်လွှတ်လိုက်ရင် မဟာကန္တရမင်းဆက်က တကျန်းကို ဘယ်လိုမြင်မလဲ... တကျန်း ရဲ့ လူတွေကလည်း မဟာကန္တရမင်းဆက်ကို ဘယ်လိုမြင်ကြမလဲ.....ဒါတွေကိုသေချာဂရုမစိုက်ရင် အမြဲတမ်း ပြောင်းလဲနေလိမ့်မယ်....ကျွန်တော်တို့ရဲ့သဘောထားက မင်းဆက်နှစ်ခုရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို အဆုံးအဖြတ်ပေးလိမ့်မယ်.....”

ကျန်းဇီယုက နားလည်သဘောပေါက်ပြီး ခေါင်းညိတ် သဘောတူလိုက်သည်။

မဟာကန္တရမင်းဆက်နှင့် လက်တွဲခြင်းသည် ပိုကောင်းကြောင်းကိုလည်း သူသိသည်။ တကျန်းသည် ၎င်း၏ အင်အားများကို ချေဖျက်ရန် အချိန်လိုအပ်သည်။ သို့သော် သူ့ဘဝ၏ သက်တမ်းတဝက်လောက်အချိန်ကုန်ဆုံးခဲ့ပြီမို့ အချိန်များစွာမကျန်တော့ဟု ခံစားမိသည်။ သူ့အရှိန်ကို အရှိန်မြှင့်တင်ချင်ရုံပင်....

သူ့အကြည့်တွေ ကျန်းရှု ပေါ်ရောက်သွားခဲ့သည်။ ကျန်းရှု၏ နောက်ကျောသည် ယခင်လို မဖြောင့်တော့ဘဲ ပင်ပန်းနွမ်းနယ်နေပုံရသည်။

သူ့နှလုံးသား ပျော့ပျောင်းလာပြီး ..." တုံလင်း မင်းဆက်ကို အရင် ဖြိုခွင်းလိုက်ရအောင် " ဟုမိန့်ကြားခဲ့သည်။

ဧကရာဇ်မင်း၏ သဘောထား မခိုင်မာတော့သည်ကို တွေ့လိုက်ရသဖြင့် အရာရှိများသည် ဘုရင်မင်းမြတ်၏ ဉာဏ်ပညာရှိမှုကိုဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြသည်။

ခြံဝင်းထဲတွင်....

ကျန်းချန်ရှန်းနှင့် ကျန်းဇီယု လက်ဖက်ရည်သောက်နေစဉ် အခြားသူများ ခြံဝင်းထဲမှ ထွက်သွားကြပြီး ၎င်းတို့ကို သီးသန့်ချန် ထားခဲ့သည်။

ကျန်းချန်ရှန်းက လက်ဖက်ရည်တစ်ခွက်သောက်ပြီး “ကောင်းလိုက်တဲ့ လက်ဖက်ခြောက်...မဟာကန္တာရမင်းဆက်က နာမည်နဲ့မလိုက်အောင် လက်ဖက်ခြောက်ကောင်းတွေထွက်သားပဲ... "

ကျန်းဇီယုက သက်ပြင်းချလိုက်ပြီး "အဖေ.... အဖြေတခုခုတော့ပေးပါဉီး...."

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး.... "မင်း လိုချင်ရင် တိုက်ပေါ့...."

ကျန်းဇီယု တွေးနေတာတွေကို သူသိတယ်။ သူသည် မဟာကန္တရမင်းဆက် ကို လုံးဝမယုံကြည်ပေ။

“ဒါပေမယ့် ကျန်းရှု းရဲ့ ကျန်းမာရေးက…”

ကျန်းဇီယု တုံ့ဆိုင်းသွားသည်။

ကျန်းချန်ရှန်းက.... "မင်းမှာ ဘာလို့ ကလေးတွေအများကြီးရှိတာလဲ...မင်းဘာကြောင့် သူတို့ကို ပြုစုပျိုးထောင်နေတာလဲ... လိုအပ်ရင် တာဝန်ခွဲပေးလိုက်ပေါ့... စစ်တပ်ထဲဝင်ရုံနဲ့ မရဘူး...နယ်မြေကျယ်ပြန့်လာတဲ့အခါ တာဝန်အသီးသီးခွဲဝေကြရမှာပဲ... ”

ကျန်းဇီယုက သက်ပြင်းချလိုက်ပြီး "ဒါကိုစဉ်းစားပြီးပြီ၊ ဒါပေမယ့် အနှစ်တစ်ရာကျော်ရင် ဘုရင်ခံတွေ ပုန်ကန်ဖို့ ရည်ရွယ်ချက်ရှိမှာကိုစိုးရိမ်တယ်...."

ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်... "ပြီးပြည့်စုံတဲ့အစီအစဥ်တစ်ခု ဘယ်လိုရှိနိုင်မလဲ...အချိန်အခါအလိုက် ပြောင်းလဲသင့်ရင်ပြောင်းလဲရမယ်...စီရင်စုဆယ်သုံးခုမှာ အမာခံ သိုင်းပညာရှင်တွေကိုစုစည်းထားရင် လးဘုရင်ခံတွေ ပုန်ကန်ချင်ရင်တောင် သဘာဝအတိုင်း ဖြေရှင်းပြီး တော်ဝင်မိသားစုကို စစ်ဆေးနိူင်မယ်... အများကြီးမတွေးနဲ့ လက်ရှိပြသာနာကိုအရင်ဖြေရှင်းဖို့ပဲစဉ်းစား..."

နည်းဗျူဟာတိုင်းတွင် အားသာချက်များနှင့် အားနည်းချက်များရှိသည်။ ထို့ကြောင့် မင်းဆက်များ ပြောင်းလဲခြင်းသည် ကောင်းကင်ဘုံ၏ အလိုတော်ဖြစ်သည်။

အခြားမင်းဆက်များနှင့် နှိုင်းယှဉ်ပါက တကျန်း၏ အကြီးမားဆုံးအားသာချက်မှာ သူဖြစ်သည်။

သူသည် မသေနိုင်သောလမ်းစဉ်ကိုလျှောင်လှမ်းနေသူပင်...တကျန်း ကမောက်ကမ ဖြစ်နေတဲ့အခါ သူ ထွက်လာပြီး ဖြေရှင်းပေးနိုင်သည်။သို့သော်လည်း ကျန်းဇီယုကို ဒါတွေ မပြောနိုင်ပေ။

အသက်ရှည်ခြင်းကိစ္စ ပေါက်ကြား၍ မရပေ။ ပြန့်နှံ့သွားသည်နှင့် တကမ္ဘာလုံးက သူ့ကို မူမမှန်သူအဖြစ် သဘောထားကာ အတူတူ တိုက်ခိုက်ကြလိမ့်မည်။

ကျန်းဇီယုသည် အချိန်အတော်ကြာအောင် တွေးပြီး နောက်ဆုံးတွင် သူအတွေးများကို ထုတ်ဖော်ခဲ့သည်။

သူသည် အနာဂတ်အတွက် အလွန်စိုးရိမ်နေခဲ့သည်။ ပြတ်ပြတ်သားသားပြောရရင် သူ့သားစဉ်မြေးဆက်တွေကို မယုံကြည်နိုင်ပေ။

သားအဖနှစ်ယောက် စကားအကြာကြီး ပြောဖြစ်ခဲ့ကြသည်။ သူတို့၏ စကားဝိုင်း၏ နောက်ဆုံးအပိုင်းသည် တော်ဝင်မိသားစုနှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်အကြောင်းအရာများဖြစ်သည်။

ကျန်းချန်ရှန်းသည် ကျန်းဇီယုတွင် ဟိုးရှေးရှေးကတည်းက ဤအကြံအစည်ရှိနေသည်ဟု ရုတ်တရက် သံသယဝင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မင်းသားများ၏ ဘွဲ့အမည်များကိုပင် တွေးတောနေသောကြောင့်ပင်။

နိုဝင်ဘာလတွင် ဧကရာဇ်မင်းမြတ်သည် မင်းသားများကို ဘုရင်ခံဘွဲ့များ အပ်နှင်းပြီး ပြည်နယ်အသီးသီး၏ စီရင်ပိုင်ခွင့်ကို ချုပ်ကိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဧကရာဇ်၏စစ်တပ်တံဆိပ်ဖြင့်သာ စစ်သည်များကို စုဆောင်းနိုင်မည်ဖြစ်သည်။ အရွယ်ရောက်ပြီးသော မင်းသားမှန်သမျှ အမိန့်ရပြီးနောက် ပြည်နယ်အသီးသီးသို့ ချက်ချင်းထွက်ခွာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်သည် ဧကရာဇ်၏အမိန့်တခုတည်းကိုသ. နားထောင်သော ဌာနတစ်ခုကို တည်ထောင်ခဲ့သည်။ထိုဌာနသည် ပြည်နယ်အသီးသီး၏ ပြည်သူ့ဆက်ဆံရေးကို စုံစမ်းစစ်ဆေးရန်သာ တာဝန်ရှိပြီး ပြည်နယ်အသီးသီးရှိ အရာရှိများနှင့် မင်းသားများအကြောင်း မေးမြန်းရန် မလိုအပ်ပေ။

ဤလုပ်ရပ်သည် သာမန်လူများနှင့် အဆင့်မြင့်အရာရှိများအကြား ဆွေးနွေးမှုကို နှိုးဆွခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွားမှုများ ဖြစ်စေခဲ့သည်။

စီရင်စုဆယ်သုံးခု၏သမိုင်းတွင် ပုန်ကန်ခြင်းက အဆန်းမဟုတ်ပေ။ မင်းဆက်တိုင်းလိုလိုမှာ ပုန်ကန်သူတွေ ရှိစမြဲပင်...

သို့သော်၊ လျင်မြန်စွာ ပြန့်နှံ့သွားသော သတင်းတစ်ခု ထွက်ပေါ်လာပြီး ယင်းမှာ ယခုအခါ ကမ္ဘာကြီးက ခြားနားသွားပြီ ဖြစ်ကြောင်း သဘောပေါက်စေခဲ့သည်။

ဤသည်မှာ သိုင်းလောကအကြောင်းဖြစ်သည်။ ဧကရာဇ်သာလျှင် တကျန်း၏ အမာခံ သိုင်းစာကြည့်တိုက်ကို ထိန်းချုပ်နိုင်ပြီး ဘုရင်ခံကို သိုင်းပညာဖြင့် နှိမ်နင်းနိုင်ပေလိမ့်မည်။

အတိတ်တွင်၊ တကျန်း၏ တာအိုဘိုးဘေးသည် သိုင်းပညာသည် ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များနှင့် ယှဉ်နိုင်သည်ဟု ကမ္ဘာကို သက်သေပြခဲ့သည်။

ဧကရာဇ်သည် လုံချီ ဘုရားကျောင်းနှင့် စစ်မှန်သော သိုင်းစံအိမ်ကို ထိန်းချုပ်ထားသရွေ့ ကမ္ဘာကြီး ပရမ်းပတာဖြစ်မည်မဟုတ်ပေ။

အကယ်၍ တာအိုဘိုးဘေး ကွယ်လွန်ခဲ့လျှင် နှစ်တစ်ရာကြာသည့်အခါ လုံချီ ဘုရားကျောင်းကို ဘုရင်ခံများ ပုန်ကန်နိုင်သည်ဟ လူအချို့က စိုးရိမ်ခဲ့ကြသည်။ သို့သော်လည်း ဧကရာဇ်က အမိန့်ထုတ်ပြန်ထားပြီးဖြစ်၍ စိုးရိမ်နေစရာမလိုတော့ပေ။

ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်နေသော်လည်း ကျန်းရှုသည် ပို၍ စိတ်အေးလက်အေးဖြစ်နေခဲ့သည်။အနယ်နယ် အရပ်ရပ်ရှိ အုပ်ချုပ်မှုရေးရာ အများစုကို သူ့ညီငယ်များက တာဝန်ယူထားသဖြင့် နေ့တိုင်း အနားယူရန် အချိန်ပိုရခဲ့သည်။ဘုရင်ခံ များ အားကောင်းလာကာ နောင်လာနောက်သားများ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာမည်ကိုလည်း စိုးရိမ်ခဲ့ဖူးသည်။ သို့သော် တွေးတောပြီးနောက်တွင် မေ့ပစ်ရန် ဆုံးဖြတ်လိုက်သည်။

ဆရာတော်ဘိုးဘိုးပြောစကားအရ သားစဉ်မြေးဆက်တွေမှာလဲ ကိုယ်ပိုင်လမ်းကြောင်းရှိနေနိုင်သည်။

လကုန်ပိုင်းတွင်....

လုံချီ ဘုရားကျောင်းသည် တာအိုဘိုးဘေးကိုစိန်ခေါ်ရန်ရောက်လာသောအမျိုးသားတစ်ဦးကို ကြိုဆိုခဲ့သည်။ ကျန်းချန်ရှန်း ထိုသူကို တစ်ချက်ကြည့်လိုက်တော့ ဤလူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ပင်မရောက်သေးဘဲ ဟန်ဆောင်နေခဲ့သည်။ သူသည် သူရဲကောင်းသချိုင်းသို့ဝင်ချင်ပြီး သူ့နာမည်ကို သမိုင်းစာအုပ်များတွင် ထားခဲ့ချင်သည်။

ထို့ကြောင့် ကျန်းဂျန်ကို တိုက်ခိုက်ရန် စေလွှတ်လိုက်ပြီး ဟွမ်းချွမ်ကို ထိန်းထားရသည်။

ကျန်းဂျန်၏နဖူးကို အဝတ်တစ်ထည်ဖြင့် ချည်နှောင်ထားသောကြောင့် သူ၏တတိယမျက်လုံးကို မမြင်နိုင်ပေ။ ယခုအချိန်တွင် သူ၏ ကျင့်ကြံမှုသည် နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားကာ ကာယခွန်အားက ပို၍ပင် ကြောက်စရာကောင်းသည်။ ဒါဟာ သူ့ရဲ့ ပထမဆုံး စစ်မှန်တဲ့ တိုက်ပွဲဖြစ်ပြီး သူ အရမ်း စိတ်လှုပ်ရှားနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ဟွမ်းချွမ်နှင့်လင်းရှောင်တို့နှင့်အတူ ခဏခဏ လက်ရည်စမ်းတိုက်ခိုက်ခဲ့ကြသဖြင့် အမှန်တကယ် တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝခဲ့သည်။

ဤတိုက်ပွဲသည် ကျန်းဂျန်ကို တပည့်များကြားတွင် ကျော်ကြားလာစေခဲ့သည်။ ကန့်သတ်နယ်မြေတွင် ပုန်းအောင်းနေသည့် မင်းသားတစ်ပါးရှိနေပြီး ၎င်းကို တာအိုဘိုးဘေး ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးခဲ့သည်။

“ကောင်းလိုက်တာ! ကောင်းတယ်!”

ကျန်းဂျန်သည် သုံးခွချွန်လှံရည်ကိုကိုင်ဆောင်ကာ ခြံဝင်းထဲသို့ ပြန်လာခဲ့သည်။ သူက ကျယ်လောင်စွာ ရယ်မောပြီး စိတ်အားထက်သန်နေခဲ့သည်။

ဟွာဂျန်ရှင်း ရောက်လာပြီး အထည်တစ်ထည် ပေးလိုက်ကာ...."ပျော်ရဲ့လား..."

“ကျွန်တော် အရမ်းပျော်တယ်...ဦးလေးဟွမ်းချွမ်ကတော့ မတိုက်ခိုက်ရလို့ဒေါသထွက်နေလောက်ပြီ.... ဟားဟား...နောက်တစ်ခါ တိုက်ချင်သေးတယ်!"

.............................

ချန်းဝူ ခေတ်၏ ၃၅ နှစ်မြောက် နွေရာသီတွင်....

တုံလင်းမင်းဆက်၏ စစ်မြေပြင်သည် ပြင်းထန်သော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ တုံလင်းမင်းဆက်ကို ပံ့ပိုးပေးတဲ့ ကျွမ်းကျင်သူ အများအပြားရှိခဲ့ပြီး ကောင်းကင်ဗျူဟာတပ်က ဖြိုခွင်းလို့မရနိုင်ပေ။ ထို့ကြောင့် ဧကရာဇ်သည် ၎င်းတို့အား ထောက်ပံ့ရန် ကျွမ်းကျင်သူများကို စေလွှတ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

သိုင်းပညာထွန်းကားသောခေတ်ဖြစ်သောကြောင့် စစ်မြေပြင်တွင် သိုင်းပညာရှင်များ လိုအပ်သည်။

တနေ့သ၌....

ကျန်းဂျန်နှင့် ဟွမ်းချွမ်တို့ သိုင်းတောင်ထွတ် တွင် လေ့ကျင့်နေကြသည်။ တပည့်များနှင့် ကိုးကွယ်သူ အများအပြားသည် အခါအားလျော်စွာ ကြည့်ရှုအားပေးကြသည်။

“ကောင်းကင်ဓားသွားဝေ့ရှုန်က တာအို ဘိုးဘေးကို စိန်ခေါ်ချင်ပါတယ်...သေဆုံးခဲ့ရင် သူရဲကောင်းသင်္ချိုင်းထဲကို ဝင်ဖို့ ဆန္ဒရှိတယ်!”

ထိုအသံသည် သိုင်းတောင်ထွတ် တစ်လျှောက်လုံး ပဲ့တင်ထပ်ခဲ့သည်။

တောင်တံခါးရှေ့တွင် ဆံပင်ဖြူအပြည့်နှင့်အနက်ရောင်ဝတ် အမျိုးသားတစ်ဦး ချောက်ကမ်းပါးစွန်းတွင် ရပ်နေသည်။ သူသည် ဓားရှည်တစ်ချောင်းကို လက်နှစ်ဘက်နှင့် ကိုင်ထားပြီး ဓားရှည်၏နောက်ဘက်တွင် ရွှေကွင်းများ ချိတ်ဆွဲထားသည်။ သူ့မျက်နှာက အေးစက်နေပြီး သူ့မျက်ခုံးကြားမှာ လူသတ်ချင်စိတ်တွေ ပေါ်နေသည်။

ဒါကိုကြားတော့ ကျန်းဂျန်နဲ့ ဟွမ်းချွမ် လေ့ကျင့်နေသည်ကို ရပ်တန့်လိုက်သည်။

နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ "ငါသွားမယ်!"

နောက်တစ်စက္ကန့်တွင် သူတို့နှစ်ဦး တစ်ချိန်တည်း လှည့်၍ တောင်တံခါးဆီသို့ ပြေးသွားကြသည်။ သို့သော် သူတို့ထွက်ပြေးပြီး သိပ်မကြာခင်မှာပဲ အသံတစ်ခုကြားလိုက်ရသည်။

"ငါလုပ်မယ်...."

နှစ်ယောက်သား ချက်ချင်း အေးခဲသွားပြီး ရပ်တန့်သွားသည်။

အသံပိုင်ရှင်မှာ ကျန်းချန်ရှန်း ဖြစ်သည်။

ဆန့်ကျင်ဘက်တောင်ပေါ်တွင် ကျန်းချန်ရှန်း သည် ခြံဝင်းထဲတွင် အပျင်းပြေအညောင်းဆန့်နေသည်။

ဟွာဂျန်ရှင်းက သိချင်စိတ်ဖြင့်... "ရှင်ကိုယ်တိုင်ကိုယ်ကျ အရေးယူရလောက်အောင် အဲ့လူက သန်မာလို့လား..."

ကျန်းချန်ရှန်းက “သူက တကယ်ကို အစွမ်းထက်တယ်...ဟွမ်းချွမ်နဲလ ဂျန်အာ တို့က သူ့ပြိုင်ဘက်မဟုတ်ဘူး... ကောင်းကင်ဓားသွားက ချောင်ဂိုဏ်းတစ်ခုပဲလေ... ချောင် ဂိုဏ်းကလူတွေက သူရဲကောင်းသင်္ချိုင်းထဲကို ဝင်ချင်ကြမယ်လို့ ထင်မထားဘူး....”

ထိုသူသည် ချောင် ဂိုဏ်းမှဖြစ်သည်ကိုကြားသောအခါ ဟွာဂျန်ရှင်း ချက်ချင်းပင် ကြောက်ရွံ့သွားပြီး သိုင်းတောင်ထွတ်သို့ အမြန်သွားခဲ့သည်။ ကျန်းဂျန် မနာခံဘဲ သူ့သဘောအတိုင်း တိုက်ခိုက်မည်ကို သူမ စိုးရိမ်နေသည်။

ပိုင်ချီ နဲ့ ဝမ်ချန်း တို့လည်း စိတ်ဝင်စားပြီး တစ်ယောက်ပြီးတစ်ယောက် လိုက်သွားခဲ့ကြသည်။

ကျန်းချန်ရှန်းကတော့ အလျင်မလိုခဲ့ပေ။

သူ့ကို ဘယ်လိုသတ်ရမလဲ...ချန်းမိသားစုရဲ့ချီလက်ချောင်းသိုင်းနဲ့လား.....ဒါမှမဟုတ် လုံချီ ဘုရားကျောင်းရဲ့ တပည့်တွေအမြင်ကျယ်အောင် ထိုလူကို ဖျော်ဖြေခွင့်ပေးသင့်သလား။

All Chapters