တောင်ပိုင်းတွင် တာအိုဘိုးဘေး....မြောက်ပိုင်းတွင် နတ်ဆိုးအရှင်......
Vol. 7 Ch. 102
ကျန်းဂျန်နှင့်ဟွမ်းချွမ်တို့သည် တပည့်များနှင့်အတူ တံခါးဝသို့ ပြေးသွားကြသည်။ ဝေ့ရှုန်ကိုတွေ့လိုက်သောအခါ ဟွမ်းချွမ် ၏အမူအရာ ချက်ချင်းပင် လေးနက်လာသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီပြိုင်ဘက်ဟာ နားမလည်နိုင်အောင်သန်မာမှန်း သိလိုက်ရသည်။
ဆရာကြီး ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားချင်သည်မှာ အံ့သြစရာ မရှိတော့ပေ။
ဟွမ်းချွမ်က အသက်ပြင်းပြင်းရှူပြီး.....
“ဆရာကြီး ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ မင်းမြင်လိမ့်မယ်.... ”
ကျန်းဂျန်က သူ့ကို မျက်လုံးပြူးပြီး "ဒီအကြောင်းကို သိပြီးပြီ.... တကယ်တော့ ခင်ဗျားထက် ကျူပ်ကပိုသိတယ်"
သူတို့သည် အသက်အရွယ်ကွာခြားသော်လည်း ညီအကိုများကဲ့သို့ အပြန်အလှန်ဆက်ဆံကြသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်းချွမ်သည် စိတ်ထားနုပျိုသောကြောင့်ဖြစ်သည်။
တပည့်များနှင့် ကိုးကွယ်ဆည်းကပ်သူများက ဝေရွှန်းကိုကြည့်ကာ အချင်းချင်း ဆွေးနွေးနေကြသည်။ သူတို့၏ နှလုံးသားထဲတွင် တာအိုဘိုးဘေးသည် တုနှိုင်းမဲ့အစွမ်းထက်သူပင်.... ဤစိန်ခေါ်သူအသစ် မည်မျှခံနိုင်ရည်ရှိမည်ကိုသာ သိချင်နေကြပါသည်။
"တိုက်ကွက်ဘယ်နှကွက်လဲ????? မင်းနောက်နေတာလား? တာအိုဘိုးဘေးက ရန်သူကို ဒုတိယအကြိမ် တွန်းလှန်တာ တစ်ခါမှ မတွေ့ဖူးဘူး....”
"ဒီမယ် လူငယ်လေး...လွန်ခဲ့တဲ့နှစ်တွေတုန်းက တာအိုဘိုးဘေး သိုင်းလောကဒဏ္ဍာရီဖြစ်ခါစအချိန်က သိုင်းပညာရှင်အတော်များများကိုတပြိုက်နက်နှိမ်နင်းဖို့ တိုက်ကွက်နှစ်ခုထက်ပိုပြီးသုံးခဲ့ဖူးတယ်...."
" အံ့ဖွယ်ဂိုဏ်းရဲ့ဓမ္မရုပ်ထုကို ရည်ညွှန်းနေတာ မဟုတ်လား....အခုအချိန်အထိ ဉီးလေးဟွမ်းချွမ်ကသာ ဒီပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်တာ...."
“အခု ဉီးလေးဟွမ်းချွမ်ကိုမတိုက်ခိုက်ခိုင်းဘဲ တာအိုဘိုးဘေးကိုယ်တိုင်လှုပ်ရှားတော့မယ်ထင်တယ်....”
“သေခြင်းတရားကို ရှာတဲ့လူတွေ အမြဲရှိတယ်.... သူတို့ကို တားလို့မရဘူး...."
လူအုပ်ကြီးက သူ့ကို လက်ညိုးထိုးဝေဖန်နေသော်လည်း ဝေ့ရှုန်မတုန်လှုပ်ပေ။ သူက လုံချီ တောင်ရဲ့ ဦးတည်ရာကိုသာ လှမ်းကြည့်နေသည်။
ထိုအချိန်တွင် ဝေ့ရှုန်၏ အမူအရာ ပြောင်းသွားသည်။ တာအိုဘိုးဘေးသ တိမ်ပေါ်တွင် လမ်းလျှောက်နေသည်ကို သူမြင်လိုက်ရသည်။ တာအိုဘိုးဘေး၏ဝတ်ရုံက အလွန်လှပပြီး တောက်ပနေသည်။သူ့အသွင်အပြင်မှာလည်း နုပျိုချောမောသည်။
ဝေ့ရှုန် ဤမျှ ထူးကဲသော လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်...
လုံချီဘုရားကျောင်း၏ တပည့်များနှင့် ဘုရားဝတ်ပြုသူများလည်း အံ့သြကြသည်။ ဒီလိုအသွင်အပြင်ကြောင့် သူတို့ ဘယ်လိုမှ မအံ့သြဘဲမနေနိုင်တော့ပေ။
ချင်းအာက ကျန်းချန်ရှန်းကို ခံစားချက်များရောထွေးနေသောအကြည့်နှင့်ကြည့်နေသည်။
တာအိုဘိုးဘေးသည် သူမ ငယ်ငယ်တုန်းကလို နုပျိုနေဆဲပင်....
ကျန်းချန်ရှန်းက ချောက်ကမ်းပါးစွန်းမှာ ရပ်လိုက်ပြီး ဝေ့ရှုန်ကိုငုံ့ကြည့်ကာ....
" သိုင်းတောင်ထွတ် မပျက်စီးအောင် လေထဲမှာ တိုက်ကြရအောင်....."
ဝေ့ရှုန်က ခေါင်းညိတ်လိုက်သည်။ သူသည် ဓားကို ကိုင်လိုက်ပြီး ချောက်ကမ်းပါးမှ ကောင်းကင်သို့ ခုန်တက်လိုက်တော့သည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်.......
ကျန်းဂျန် မျက်မှောင်ကြုံ့နေသော်လည်း ဟွမ်းချွမ်၏ အမူအရာက လေးနက်နေသေးသည်။
လူတိုင်း၏အကြည့်အောက်တွင် ကျန်းချန်ရှန်းနှင့် ဝေ့ရှုန်တို့သည် တစ်ခုနှင့်တစ်ခု ပေတစ်ရာခန့်အကွာရှိ တောင်တန်းနှစ်ခုကြားပေါ်က ကောင်းကင်ယံသို့ရောက်ရှိလာသည်။
ကျန်းချန်ရှန်းက... "လာပါ....ချောင်ဂိုဏ်းတစ်ခုရဲ့ သိုင်းပညာကို ကြည့်ပါရစေ"
ဝေ့ရှုန်သည် ဆေဘာကို လက်နှစ်ဘက်ဖြင့် ကိုင်ကာ မြှောက်လိုက်သည်။ထိုအခါ အစစ်အမှန်ချီများပေါက်ကွဲကာ သူ့ခန္ဓာကိုယ်ကို ဝိုင်းရံနေသော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ အော်ရာ တဖြည်းဖြည်း မြင့်တက်လာပြီး သိုင်းတောင်ထွတ် အဝင်ပေါက်နားရှိ ပရိသတ်များကို တိတ်တဆိတ် တုန်လှုပ်သွားစေခဲ့သည်။
သိုင်းပညာမလေ့ကျင့်ဖူးသည့် သာမန်လူများပင်လျှင် ထိုအော်ရာ ခံစားနိုင်သည်။
ဝေ့ရှုန်က လေးနက်သော အသံဖြင့်... “ဒါက နတ်မီးတောက်ဓားသိုင်းပဲ.... တာအို ဘိုးဘေး ကျုပ်ကို အလင်းပြပေးပါဉီး.. !"
သူက ရုတ်တရက် သူ့ဓားကို အလွန်မြန်တဲ့ အရှိန်နဲ့ လွှဲယမ်းလိုက်သည့်အခါ မရေတွက်နိုင်သော ဆေဘာချီများ ပစ်လွှတ်လိုက်ပြီး ချက်ချင်းပင် မီးတောက်များ လောင်ကျွမ်းသွားသည်။ ၎င်းတို့သည် ကျန်းချန်ရှန်းဆီသို့ အရှိန်ပြင်းပြင်းနှင့် အဆက်မပြတ် တောက်လောင်နေသော မီးလှိုင်းများကဲ့သို့ ဉီးတည်နေသည်။
ဝုန်းးးဝုန်း
မီးတောက်နေသော ဆေဘာချီများ ကျန်းချန်ရှန်းနှင့် တိုက်မိသောအခါ မမြင်နိုင်သော အတားအဆီးတစ်ခုကြောင့် ပြန့်ကျဲကုန်သည်ယ သို့သော်၊ဆေဘာချီမီးတောက်များ ပေါက်ကွဲသွားသောအခါ ကျန်းချန်ရှန်း၏ရုပ်သွင်ကို နစ်မြှုပ်သွားခဲ့သည်။
ပူလောင်သောအပူရှိန်ကြောင့် ပရိသတ်များ ချွေးပျံနေသည်။
ဟွမ်းချွမ်က သူ့လက်သီးတွေကို တင်းတင်းဆုပ်ပြီး... “ဒီလောက် အစွမ်းထက်တဲ့ ခွန်အား” ဟု အသံတိုးတိုးနဲ့ ရေရွတ်လိုက်သည်။
ကျန်းဂျန်ကတော့ ဝေ့ရှုန်ကိုသာ စိုက်ကြည့်နေသည်။
ဝေ့ရှုန်သည် သူ၏ ခွန်အားကို စုစည်းထားပြီး လုံချီ တောင်နှင့်သိုင်းတောင်ထွတ်ကို မထိခိုက်စေဘဲ ကျန်းချန်ရှန်းကို တိုက်ခိုက်ခဲ့သည်။ သို့ပင်ငြားလည်း၊ ကြီးမားပြီး အဆုံးမရှိသော မီးတောက်များသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ မီးတောက်များ၏ အလင်းရောင်သည် တောင်တန်းနှစ်ခုကြားရှိ ဧရိယာကို လင်းထိန်စေပြီး တိမ်များကို ဖယ်ထုတ်ပစ်လိုက်သည်။ မြို့တော်ရှိ နိုင်ငံသား အများအပြားပင် ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။
"မြန်မြန်၊ လုံချီဘုရားကျောင်းကိုကြည့်!"
"ဘယ်လောက်တောင်ကြီးမားတဲ့မီးတောက်တွေလဲ! ဘာကြောင့် လေထဲမှာ ပေါ်လာတာလဲ.....”
" တာအိုဘိုးဘေးကို စိန်ခေါ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ရောက်လာပြန်ပြီလား..."
"ဒါက သိုင်းကျင့်စဉ်ရောဟုတ်သေးရဲ့လား.... ဘယ်လောက်ဝေးလဲ ကြည့်ပါဦး... ဒီကနေတောင်မြင်နေရတယ်...."
"သိုင်းတောင်ထွတ်ကိုသွားကြရအောင်..."
သတင်းကြားပြီးနောက် သိုင်းတောင်ထွတ်တွင် လူပိုများလာသည်။
ဝေ့ရှုန်၏ဓားသိုင်းသည် အမှန်ပင် လွှမ်းမိုးချုပ်ကိုင်ထားပြီး သာမန်အစစ်အမှန်နတ်ဘုရားနယ်ပယ်များအတွက် ထိုကဲ့သို့ ပြင်းထန်သောတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် ခက်ခဲသည်။ သို့သော်လည်း မီးတောက်များ အားနည်းသွားသည်နှင့်အမျှ ကျန်းချန်ရှန်း ၏ ရုပ်ပုံ ထင်ရှားလာသည်။ သူသည် ထိခိုက်ဒဏ်ရာမရှိခဲ့ဘဲ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များကို သီးခြားခွဲထုတ်နိုင်သောအကာအလွှာတစ်ခု ရှိနေသည်။
ဝေ့ရှုန် အံ့သြသွားသည်။ ဆယ်ကြိမ်လောက်ကြာအောင် အကြိမ်ပေါင်း ရာနဲ့ချီ ခုတ်ထစ်ပြီး သူ့ရဲ့အစစ်အမှန်ချီကို အငမ်းမရ ဖြုန်းတီးပစ်ခဲ့သော်လည်း တာအို ဘိုးဘေးတွေရဲ့ အဝတ်တွေကိုတောင် မထိနိုင်ဘူးလို့ ထင်မထားမိပေ။
ဤမြင်ကွင်းသည် လုံချီ ဘုရားကျောင်းမှ တပည့်များနှင့် ဝတ်ပြုသူများကို ရွှင်လန်းစေခဲ့သည်။
ကျန်းချန်ရှန်းက “မင်းရဲ့ စွမ်းဆောင်မှု ပြီးသွားပြီလား.....”
ဝေ့ရှုန် မျက်မှောင်ကြုံ့နေ၏။ အကြွင်းမီးလျှံများ ဝန်းရံထားဆဲဖြစ်သော ကျန်းချန်ရှန်း သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါတွင် သူ၏ အမြင်အာရုံကို သိမ်းပိုက်လိုက်သည်။
ခရက်....
ကျန်းချန်ရှန်းသည် ဝေ့ရှုန်၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ဖျစ်ညှစ်လိုက်လေသည်။ ဝေ့ရှုန်၏ ခန္ဓာကိုယ် တောင့်တင်းပြီး နာကျည်းစွာဖြင့် သေဆုံးသွားချေပြီ.....
လူတိုင်း တုန်လှုပ်သွားကြသည်။ သူတို့ရှေ့မှာတင် ကျန်းချန်ရှန်းက ဝေ့ရှုန်ရှေ့မှာ နေရာကူးပြောင်းလိုက်သလို ဖျတ်ကနဲပေါ်လာပြီး တုံ့ပြန်ရန် အချိန်ပင်မရှိခဲ့ပေ။
ဟွမ်းချွမ်နှင့် ကျန်းဂျန်တို့ပင် ကျန်းချန်ရှန်း ၏အရှိန်ကို မလိုက်နိုင်ပေ။
အရမ်းမြန်လွန်းတယ်....
ဝေ့ရှုန် သေဆုံးသည်နှင့် တပြိုင်နက် သူ၏ ညာလက်ကို ဖြည်ချလိုက်တော့ ဆေဘာ ပြုတ်ကျသွားသည်။ သို့သော်၊ ၎င်းသည် ချက်ချင်းပင် ပျံတက်သွားပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် သိုင်းတောင်ထွတ် သို့ ပျံသန်းသွားသည်။ တောင်တံခါးရှေ့မှာ ပြုတ်ကျပြီး မြေကြီးထဲတွင်စိုက်နေသည့်တိုင် တုန်ခါနေဆဲမို့ လူများစွာကို နောက်ပြန်ဆုတ်သွားစေခဲ့သည်။
ကျန်းချန်ရှန်းသည် ဝေ့ရှုန်၏ အလောင်းကို ဟွမ်းချွမ်ထံ လွှင့်ပစ်ကာ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းသာ ချန်ရစ်ခဲ့သည်။
"သူ့ကို သူရဲကောင်းသင်္ချိုင်းမှာ သင်္ဂြိုဟ်ပေးလိုက်...."
ဝေ့ရှုန်သည် သူ၏ ခွန်အားနှင့် ခမ်းနားမှုကြောင့် သူရဲကောင်းသင်္ချိုင်းသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီခဲ့သည်။ တိုက်ပွဲတွင် သူသည် တောင်နှစ်လုံးကို မထိခိုက်စေရန်အတွက် သူ၏အစစ်အမှန်နတ်ဘုရားနယ်ပယ်ခွန်အားကို တမင်ထိန်းချုပ်ထားသည်။ ဘာပဲဖြစ်ဖြစ် သေရမည်ပင်... သူ့မှာ မကောင်းသော ရည်ရွယ်ချက် တစ်ခုခုရှိလျှင် သူသည် သိုင်းတောင်ထွတ်ကို မီးရှို့ပစ်နိုင်သည်။
ဝုန်းးး
ဝေ့ရှုန်ရဲ့ အလောင်း တောင်တံခါးရှေ့သို့ပြုတ်ကျလာသည်ကို ကြည့်ရင်း အားလုံး ထိတ်လန့်နေသည်။ ယနေ့ တာအိုဘိုးဘေးများ၏ လှုပ်ရှားမှုကို မြင်တွေ့နိုင်ရခြင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်သည်။
တာအိုဘိုးဘေးသည် အစွမ်းထက်သောသိုင်းပညာကို အသုံးမပြုခဲ့သော်လည်း ၎င်း၏ အရှိန်အဟုန်နှင့် မောက်မာသော အစစ်အမှန်နတ်ဘုရားနယ်ပယ်ဝေ့ရှုန် ကို ရှောင်တခင် ချေမှုန်းခြင်းဖြင့် ကြည့်ရှုသူတိုင်း၏စိတ်ထဲတွင် အမှတ်ရစရာများကို ထာဝရ ထွင်းထုထားသည်။
ကျန်းဂျန်သည် သုံးခွချန်လှံရှည်ကို ကိုင်ဆောင်ကာ တိတ်တဆိတ် ထွက်လာခဲ့လိုက်သည်။
ဟွမ်းချွမ်က ဝေ့ရှုန် ကို သင်္ဂြိုလ်ဖို့ သူ့တပည့်တွေကို ညွှန်ကြားနေသည်။
ခြံဝင်းထဲသို့ ပြန်ရောက်ပြီးနောက်၊ ကျန်းချန်ရှန်းသည် မြေဝိညာဉ်သစ်ပင်အောက်တွင် တစ်ဖန်ထိုင်ကာ ရှင်သန်ခြင်းဆုလာဘ်ကို စောင့်ဆိုင်းနေခဲ့သည်။
မကြာခင်မှာပဲ ဟွာဂျန်ရှင်း၊ပိုင်ချီနှင့်ဝမ်ချန်းတို့ ပြန်ရောက်လာသည်။
ဝေ့ရှုန် မည်မျှ သန်မာသည်ကို သိုင်းပညာ ရှင်များသာ နားလည်နိုင်သည်။ ရာနှင့်ချီသော ဆေဘာချီများကို ထုတ်ဖော်နိုင်သည်မှာ ချီးကျူးစရာပင်။
နောက်ဆုံးတွင် ကျန်းချန်ရှန်း၏ မျက်လုံးရှေ့တွင် သတိပေးချက်တစ်ခု ပေါ်လာသည်။
“ချန်းဝူခေတ် ၃၅ နှစ်တွင်၊ ကောင်းကင်ဓားသွားဝေ့ရှုန်သည် ချီသွေဖည်မှုကြောင့် ကြာရှည်စွာအသက်မရှင်နိုင်ဘဲ သင့်ကို စိန်ခေါ်ရန် လာခဲ့သည်။ သင်သည် သူ၏စိန်ခေါ်မှုကို ကျော်ဖြတ်ပြီး ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်အဖြစ် မှော်လက်နက်တစ်ခုဖြစ်သော 'ရွှေအကြေးခွံ ကျောက်စိမ်းသစ်ရွက်' ကို ရရှိခဲ့သည်..."
ကျန်းချန်ရှန်း အံ့အားသင့်သွားသည်။ဘယ်လိုဖြစ်ပြီး ရွှေအကြေးခွံ ကျောက်စိမ်းသစ်ရွက် ထပ်ပေးတာလဲ......
ဒါပေမယ့် မဆိုးလှပေ။ရွှေအကြေးခွံ ကျောက်စိမ်းသစ်ရွက်သည် အမှန်တကယ်ပင် အစွမ်းထက်ပြီးကောင်းစွာ အသုံးပြုနိုင်သည်။ရွှေအကြေးခွံ ကျောက်စိမ်းသစ်ရွက် နှစ်ခုသည် ရန်သူများကို သတ်ရာတွင် သူ၏ စွမ်းဆောင်ရည်ကို တိုးမြင့်စေနိုင်သည်။
ဒါဇင်နဲ့ချီတဲ့ ရွှေအကြေးခွံ ကျောက်စိမ်းသစ်ရွက်တွေသာ ပိုင်ဆိုင်နိုင်ရင်...
ယခင်ရှင်သန်မှုဆုလာဘ်များသည် တခုနှင့်တခုမတူခဲ့ပေါ ရွှေအကြေးခွံ ကျောက်စိမ်းသစ်ရွက်အရေအတွက်သာ သတ်မှတ်ထားတဲ့ အရေအတွက်ထိ ရောက်တဲ့အခါ ပိုအားကောင်းတဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်ပေမည်။
ကျန်းချန်ရှန်းသည် ရွှေအကြေးခွံ ကျောက်စိမ်းသစ်ရွက်ကို ချက်ချင်း မထုတ်ယူခဲ့ပေ။ ထိုအစား ကျင့်ကြံဖို့သာ မျက်စိမှိတ်ပြီး ညဘက်တွင် သန့်စင်ရန် သူ့အခန်းသို့ ပြန်လာခဲ့သည်။
ကျန်းဂျန်လည်း ပြန်လာပြီး ကျန်းချန်ရှန်း ထံသို့လာကာ.... “ဘိုးဘိုး... ဝေ့ရှုန်က အစစ်အမှန်နတ်ဘုရားနယ်ပယ်လား...."
ကျန်းချန်ရှန်းက မျက်လုံးမှိတ်ထားရင်...
“သူက အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေထဲမှာ အထွတ်အထိပ်လို့ သတ်မှတ်ခံရနိုင်တယ်...” ဟု ဖြေလိုက်သည်။
ကျန်းဂျန်က " အထွတ်အထိပ်ပညာရှင်ကို ဘိုးဘိုးလို ဘယ်အချိန် သတ်နိုင်မှာလဲ....."
"ရွှေခန္ဓာနယ်ပယ်ရောက်ရင်..."
"ရွှေခန္ဓာနယ်ပယ်ဆို လုံလောက်ပြီလား"
“နယ်ပယ်တစ်ခုရဲ့ ခြားနားချက်က ကောင်းကင်နဲ့မြေကြီးလို ကွာခြားတယ်...အစစ်အမှန်နတ်ဘုရားနယ်ပယ်နဲ့ ရွှေခန္ဓာနယ်ပယ်ကြားမှာ ကြီးမားတဲ့ကွာဟချက်ရှိတယ်....."
“ကောင်းပြီ!”
ကျန်းဂျန် မတ်တပ်ထရပ်ကာ ဆက်လက်ကျင့်ကြံရန် ပြင်ဆင်နေသည်။
ဝေ့ရှုန်က သူ့ကို လှုံ့ဆော်ပေးခဲ့သည်။ ကျန်းဂျန် ၏ လက်ရှိ ခွန်အားသည် သူ၏ ပြင်းထန်သော ရုပ်ခန္ဓာခွန်အားပေါ် မူတည်သည်။ နှစ်တွေကြာလာတာနဲ့အမျှ သူဟာ qi အစစ်အမှန်ချီ လေ့ကျင့်ဖို့ လျစ်လျူရှုခဲ့မိသည်။ ယနေ့တိုက်ပွဲသည် ချီဓာတ်ကို အရေးကြီးဆုံးအရာဖြစ်သည်ကို ရုတ်တရက် နားလည်သွားစေသည်။ တစ်ချိန်တည်းမှာပင် အတွင်းအားနှင့် ကိုယ်ခန္ဓာကို လေ့ကျင့်ပျိုးထောင်ရန် လိုအပ်သည်။
ကျန်းချန်ရှန်းက ကျန်းဂျန်၏ အတွေးကို ခန့်မှန်းနိုင်သော်လည်း ဂရုမစိုက်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ကျန်းဂျန်သည် လာမည့်ဆယ်စုနှစ်အနည်းငယ်အထိ သူ့ဘေးနားတွင် ရှိနေရမည်ဖြစ်သည်။
ကျန်းဂျန်ကို ရွှေခန္ဓာနယ်ပယ်ရောက်မှ တောင်ပေါ်မှ ထွက်ခွာခွင့်ပေးမည်ဆိုခြင်းသည် ဟာသမဟုတ်ပေ။ သူသည် ကောင်းချီးပေးခံရသောမင်းဆက်တွင်နေထိုင်ပြီး ကံကောင်းခြင်းများစွာကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူသည် တာအိုအမှတ်အသားဖြင့် မွေးဖွားလာခဲ့ပြီး ရှန်းရှန်တုံးထျန်း၏ အဆုံးစွန်သော နည်းပညာများကို အမွေဆက်ခံခဲ့သည်။ ဤအကျိုးတရားများရှိနေသည့်တိုင် ရွှေခန္ဓာနယ်ပယ်သို့ မရောက်ရှိနိုင်ပါက တောင်ပေါ်၌ပင် အသက်ကြီး၍ သေရမည်။
တကျန်းသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဘုရားများ မချို့တဲ့သော်လည်း ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးမျှမရှိခဲ့ပေ။ သို့သော်လည်း ရွှေခန္ဓာနယ်ပယ်သည် ကြီးမားသောကြိုးစားအားထုတ်မှုနှင့် အရင်းအမြစ်များကို အသုံးပြုသော်လည်း အောင်မြင်ရန်ခက်ခဲသော နယ်ပယ်တစ်ခုဖြစ်သည်။ လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ကံပေါ်မှာလည်း မူတည်နေသေးသည်။
ကျန်းဂျန် ရွှေခန္ဓာနယ်ပယ်သို့ရောက်ရှိသောအခါ၊ တကျန်းသည် ကမ္ဘာအနှံ့ ပျံ့လွင့်သွားမည့်အချိန်ဖြစ်သည်။
.................................
ထူထပ်သောတိမ်ပင်လယ်အောက်က ပင်လယ်ထဲတွင် ကျွန်းတစ်ကျွန်းနဲ့ ဆင်တူတဲ့ တောင်ထိပ်တွေရှိနေသည်။
တောင်ထိပ်တစ်ခုပေါ်တွင်ရှေးဟောင်းနန်းတော်တစ်ခု တည်ရှိသည်။ နန်းတော်ဝင်ပေါက်က အနည်းငယ် ယိုယွင်းနေ၏။ နန်းတော်ထဲမှာ လူနှစ်ယောက်ရှိနေပြီး မီးခိုးရောင် ၀တ်စုံနှင့် အဖိုးအိုတစ်ဦးသည် အ နန်းတော်ထိပ်ပိုင်းတွင် ထိုင်နေပါသည်။ အဖိုးအိုသည် အိပ်ပျော်နေသလိုခါးကုန်းထားသည်။
ကျန်တစ်ယောက်က ခရမ်းရောင်ဘရိုကိတ်ဝတ်ရုံဝတ်ဆင်ထားပြီး ခါးတွင် ဓားနှစ်လက်ချိတ်ကာ ခေါင်းတွင် ကောက်ရိုးဦးထုပ် ဆောင်းထားသည်။ သူ့ရုပ်သွင်အမှန်ကို ထုတ်မပြထားပေ။
"ကောင်းကင်ဓားသွား ဝေ့ရှုန်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်ရောက်နေပြီ.... ရူးသွပ်သွားပေမယ့် သူ့ရဲ့ ခွန်အားကို လျှော့တွက်လို့မရဘူး...ဒါပေမယ့် တာအိုဘိူးဘေးက လွယ်လွယ်သတ်လိုက်တယ်ဆိုတော့ ရွှေခန္ဓာနယ်ပယ်မဟုတ်တာသေချာနေပြီ.... ဒီ့ထက်မြင့်တဲ့နယ်ပယ်ဆီရောက်နေလောက်ပြီ...."
အဘိုးအိုက သူ့ကို မော့မကြည့်ဘဲ ....
“ တာအိုဘိုးဘေးက တုန်းဖန်းကျောက်ကို လူထောင်ပေါင်းများစွာရှေ့မှာ သတ်ပစ်လိုက်တာ...ထုံးစံအတိုင်း၊ သူက ရွှေကိုယ်ထည်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်လို မရိုးရှင်းဘူး....ဒါ့အပြင် ပေတစ်ထောင်မြင့်တဲ့ တောင်ကြီးကို ရွှေ့လိုက်သေးတယ်... အမှန်ဆိုလျှင် သူ့နယ်ပယ်က စိတ်ကူးကြည့်လို့တောင်မရဘူး.... သူက ကမ္ဘာ့နံပါတ်တစ် ဖြစ်နေပြီ....ရှန်းရှန်တုံးထျန်းကစီနီယာတွေသာပေါ်မလာရင် ကမ္ဘာပေါ်မှာ ဘယ်သူမှ တာအိုဘိုးဘေးကို မယှဉ်နိုင်ဘူး...."
ကောက်ရိုးဉီးထုပ်ဆောင်းထားသူက.. "တာအိုဘိုးဘေးရဲ့ အစွမ်းသတ္တိကို သံသယမရှိပေမယ့် ကျူပ်တို့ရဲ့အစီအစဥ်ကရော ဘယ်လိုလဲ......."
မီးခိုးရောင်၀တ်စုံနဲ့ အဘိုးအိုက ခဏလောက် နှုတ်ဆိတ်နေပြီး..... "တကျန်းဧကရာဇ် နတ်ရွာစံမှပဲ တကျန်းအကြောင်းဆက်ပြောကြမယ်.... အဲ့အချိန်ကျရင် တာအိုဘိုးဘေးရဲ့ သဘောထားကို ကြည့်ကြတာပေါ့..သူ တကျန်းကို ထောက်ခံရတဲ့ အကြောင်းရင်းက သူ့တပည့်တွေကြောင့်ပဲဖြစ်လိမ့်မယ်....သူက တကျန်းကနေ ကံကောင်းခြင်းတွေရော အရင်းမြစ်တွေရော ဘာတခုမှမတောင်းခံခဲ့ဘူး....လုံချီဘုရားကျောင်းကိုတောင် သိပ်ဂရုစိုက်တာမဟုတ်ဘူး....."
ကောက်ရိုးဉီးထုပ်ဆောင်းထားသူက.... “ခင်ဗျားက လောကီလောကနဲ့ ကင်းကွာနေပုံရပေမဲ့ တကျန်းမှာ သူလျှိုတွေ ထည့်ထားတာပဲ.....”
“ဘယ်နိုင်ငံမှာမဆို ပုန်းအောင်းနေတဲ့ သူလျှိုတွေ ရှိတယ်လေကွာ.... ”
“တောင်ဘက်မှာ တာအိုဘိုးဘေးရှိနေသဘိူ မြောက်ဘက်မှာ နောက်ထပ် နတ်ဆိုးဘုရင်တစ်ပါးရှိတယ်...ကျုပ်ရဲ့အမြင်အရဆို အချုပ်အခြာအာဏာရဲ့ ခြိမ်းခြောက်မှုက ပိုကြီးတယ်....ဒီလူက ရှန်းရှန်တုံးထျန်းကပဲဖြစ်ရမယ်... ရှန်းရှန်တုံးထျန်းကလည်း သူ့နောက်ကို လိုက်နေကြတယ်.... သူက မဟာယာနနဂါးမျှော်စင်ကနေ အတွေ့အကြုံရယူပြီး ကောင်းကင်သံသရာကျင့်စဉ်ကိုအဆင့်မြှင့်တင်နိုင်ခဲ့တယ်....ဒီကျင့်စဉ်ကိုသုံးပြီး သူတပါးရဲ့ခွန်အားကို အငမ်းမရစုပ်ယူနိုင်တယ်...အပြည့်အဝ မစုပ်ယူနိုင်ပေမယ့် သူ့ရဲ့ ကြွက်သားနဲ့အရိုးတွေကို မထိခိုက်စေဘဲ သိမ်းဆည်းထားနိုင်တယ်....အခုဆိုသူ့ခွန်အားက အနှစ်ရှစ်ရာ လေ့ကျင့်ထားတာနဲ့ ညီမျှနေပြီ.... သူကအခြားသူတွေရဲ့ ခွန်အားကို စုပ်ယူချင်ရုံသာမက နဂါးသွေးကြောတွေရဲ့ ကံကြမ္မာကိုလည်း စုပ်ယူချင်နေတယ်....သူ့ကို မတားဆီးနိုင်ရင် ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်နေမှာ သေချာတယ်.."