← Chapters

ရွှေခန္ဓာဖြစ်စဉ်....တာအိုဘိုးဘေး၏ဘရိုကိတ်အိတ်.......

Vol. 7 Ch. 103

ရွှေခန္ဓာဖြစ်စဉ်....တာအိုဘိုးဘေး၏ဘရိုကိတ်အိတ်.......

Vol. 7 Ch. 103

ချန်းဝူ ခေတ် ၃၆နှစ်အစတွင် ရှေ့တန်းမှ သတင်းကောင်းများ ထွက်ပေါ်လာခဲ့သည်။ ပင်းအန်းသည် သူ၏စွမ်းအားကို ပြသခဲ့ပြီး နောက်ဆုံးတွင် တုံလင်းမင်းဆက်၏ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို သတ်ပစ်ခဲ့သည်။ ထိုသို့ဖြစ်ချိန်မှစ၍၊ ကောင်းကင်ဗျူဟာတပ်ဖွဲ့သည် ရပ်တန့်မသွားနိုင်ဘဲ မြို့များကို အရူးအမူးတိုက်ခိုက်လေတော့သည်။

ထိုသတင်းကြောင့် ဧကရာဇ် ပျော်ရွှင်နေပြီး ပင်းအန်းကို ကောင်းကင်ဗျူဟာ၏ ဗိုလ်ချုပ်အဖြစ် အပ်နှင်းမည်ဟု ကြေညာခဲ့သည်။

စစ်ပွဲသတင်းကို စောင့်နေစဉ်တွင် ဧကရာဇ်သည် ဘာမှမလုပ်ဘဲနေခဲ့သည်။ သူသည် တကျန်းကို 49 ပြည်နယ်အဖြစ်ပြောင်းလဲခဲ့သည်။ ပြည်နယ်တစ်ခုစီ၏ အရွယ်အစားများ ကွဲပြားကြပြီး အချို့ပြည်နယ်များသည် ပြည်နယ်အများအပြားနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ နယ်စပ်က ပြည်နယ်အားလုံးကို ဘုရင်ခံများက စောင့်ကြပ်ထားသည်။ ဘုရင်ခံများသည် စစ်သားများကို မိမိဘာသာ စုဆောင်းနိုင်ပြီး ၎င်းတို့အားလုံးသည် နှစ်နှစ်အတွင်း စစ်သည် ၅၀၀,၀၀၀ကို စုဆောင်းပြီး ဧကရာဇ်၏ အမိန့်ကို စောင့်မျှော်ရမည်ဖြစ်သည်။ တကျန်းသည် ၎င်း၏ စွမ်းအားကို ပြသသောအခါ မင်းဆက်အတော်များများက မဟာမိတ်ဖွဲ့ဖို့ကမ်းလှမ်းလာကြသည်။ မြို့တော်တွင် လှုပ်ရှားမှုများဖြင့် စည်ကားနေပြီး မင်းဆက်အသီးသီးမှ လူများကို အမြဲတွေ့နိုင်သည်။ သူတို့ရဲ့ ဝတ်စားဆင်ယင်ပုံက ကွဲပြားတဲ့အတွက် နိုင်ငံသားတွေအတွက် မျက်စိကျစရာဖြစ်ခဲ့ပေသည်။

တကျန်း၏မြို့တော်သည် ကမ္ဘာ၏ အဓိကမြို့ကြီးအဖြစ် ကျော်ကြားနေပြီဖြစ်သည်။

စာကြည့်ဆောင်တွင်.....

ဝမ်ရှုသည် ကျန်းဇီယုနှင့်တွေ့ဆုံရန်ရောက်လာပြီး ဟန်ထျန်းကျီနှင့်ကျန်းရှုတို့လည်း အခန်းထဲတွင် ရှိနေသည်။

ဝမ်ရှုက ကျန်းဇီယုကို ဦးညွှတ်ပြီး " တုံလင်း မင်းဆက်ကို သိမ်းပိုက်ပြီးရင် မဟာကန္တရမင်းဆက်နဲ့ မဟာမိတ်ဖွဲ့မှာလား?"

မြို့တော်သို့ရောက်သောအခါ သတင်းပို့ဖို့ လွယ်ကူစေရန် အခြားသံတမန်များကိုပါ ခေါ်ဆောင်လာခဲ့သည်။ ထို့အပြင် သူသည် မြို့တော်တွင်ရှိစဉ်၊ ကျန်းဇီယုက သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ ပထမတော့ ဝမ်ရှုက တကျန်းဟာ သဘောထား ဖော်ရွေတယ်လို့ ခံစားရပြီး မင်းဆက်နှစ်ဆက် လက်တွဲဖို့ အခွင့်အလမ်းရှိမည်ဟုမျှော်လင့်ခဲ့သည်။ သို့သော် သူကြာကြာစောင့်ရလေလေ၊ စိတ်မသက်မသာဖြစ်လေလေပင်....

တကျန်း၏ဧကရာဇ်သည် အချိန်အတော်ကြာအောင် အဖြေမပေးသေးသည်မှာ သူ့ကို တမင်တကာ ညှင်းဆဲနေသလိုပင်....

ကျန်းဇီယုက အေးဆေးတည်ငြိမ်စွာဖြင့်

"ကိုယ်တော်စဉ်းစားပြီးပြီ....ကမ္ဘာကြီးက ကြီးမားပေမယ့် တခြားသူတွေနဲ့ တန်းတူမခွဲဝေချင်ဘူး....”

သူ့စကားဆုံးတာနဲ့.. ဝမ်ရှုဒေါသထွက်သွားပြီး....

"မင်းတို့က မဟာကန္တရမင်းဆက်ရဲ့သတိထားမှုကို လျှော့ချဖို့ ငါ့ကို တမင်တကာလှည့်စားနေကြတာလား....ဒါဆို ခင်ဗျားတို့ တော်တော်မှားသွားပြီ.....ကျုပ်ပြန်မလာသရွေ့ မဟာကန္တရမင်းဆက်က စစ်သားစုဆောင်းနေလိမ့်မယ်.... စစ်တိုက်ချင်တယ်ဆိုလည်း တိုက်ကြတာပေါ့.... မဟာကန္တရမင်းဆက်က ကောင်းချီးပေးခံရသောမင်းဆက်ဆိုတာဘာမှန်း သေချာသိအောင် ပြသပေးမယ်...."

ကျန်းဇီယုက ပြုံးလိုက်ပြီး.... "ပြန်တော့.... မင်းဆက်နှစ်ဆက် ဆက်နွယ်နေတာကြောင့် မင်းကို ငါသတ်မှာမဟုတ်ဘူး....ခေါင်းမပြတ်ချင်ရင်ပြန်တော့....”

ဝမ်ရှု ဒေါသတကြီးထွက်နေပေမယ့် အတော်

အံ့သြသွားသည်။ ကျန်းဇီယု၏ စကားကို ကြားသောအခါတွင် သူ သေမင်းတံခါးဝ ရောက်နေပြီဟု ထင်ခဲ့သည်။ ကျန်းဇီယုက သူ့ကို လွှတ်ပေးမည်ဟုထင်မထားပေ။

ကျန်းဇီယုက သဝဏ်လွှာတစ်ခုကို ကောက်ကိုင်လိုက်ပြီး..... "မဟာကန္တရမင်းဆက်ကို တိုက်မယ်ဆိုရင်တောင် ငါကိုယ်တော်က ဗြောင်ကျကျ တိုက်ခိုက်မှာ.....ပြန်လိုက်ပါ...

မဟာကန္တရမင်းဆက်ကို ငါကိုယ်တော်သိမ်းပိုက်ပြီးချိန်ကျရင် မောင်မင်း ငါ့အတွက် အလုပ်လုပ်ချင်စိတ်ရှိရင် ကြိုဆိုနေမှာပါ....”

ဝမ်ရှုက အသက်ပြင်းပြင်းရှူပြီး သူ့ကို လေးလေးနက်နက်ကြည့်ကာ.... "တကျန်း ဧကရာဇ်ရဲ့ရည်မှန်းချက်က တကယ်ကို အထင်ကြီးစရာပဲ၊ ဒါပေမယ့် ခင်ဗျားက သေမျိုးဖြစ်တဲ့အတွက် ကျယ်ပြောလှတဲ့ ကမ္ဘာကြီးကို တစ်ယောက်တည်း အပိုင်စီးဖို့မဖြစ်နိုင်ဘူး.... နောင်တမရဖို့ မျှော်လင့်ပါတယ်...."

ထိုစကားများကိုပြောပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ဟန်ထျန်းကျီက သူထွက်သွားတာကိုကြည့်ပြီး အံ့သြနေဟန်ဖြင့်....

“တကယ်တော့ သူ့ကို သတ်လိုက်တာ ပိုကောင်းတယ်...ဒီလိုဆို ကျွန်တော်တို့ အချိန်ပိုရနိုင်တယ်....”

ကျန်းဇီယုက.... "မလိုအပ်ဘူး....သူပြန်ရောက်ဖို့ အနည်းဆုံး တစ်နှစ်ခွဲလောက် အချိန်ယူရလိမ့်မယ်..... နယ်စပ်က ကိစ္စတွေ ထပ်ပြီး ခက်ခဲလာရင်တောင် နှစ်အနည်းငယ် နှောင့်နှေးလို့လဲရပါသေးတယ်....”

ဟန်ထျန်းကျီက ပြုံးပြီး "အရှင့်ရဲ့ရွှေဉာဏ်တော်ကို ချီးကျူးမိပါတယ်...."

ကျန်းရှုက စူးစမ်းလိုစိတ်ဖြင့်.....

"ခမည်းတော်.... တုံလင်းမင်းဆက်နဲ့စတင်နေပြီဆိုတော့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖောက်လုပ်လို့အဆင်ပြေပါ့မလား...ကောင်းချီးပေးခံရတဲ့မင်းဆက်တစ်ခုကအင်မတန်ကျယ်ပြောပါတယ်... မဟာကန္တရမင်းဆက် အနီးတစ်ဝိုက်က မင်းဆက်တွေကို အရင်ဆုံး သိမ်းပိုက်သင့်လား... မဟာကန္တရမင်းဆက်က နှစ်ရာနဲ့ချီပြီး ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြပြီးမှ ကျားနဲ့တူတဲ့ တကျန်း ကို တိုက်ခိုက်ဖို့ သူတို့ ဘယ်လို ရည်မှန်းချက်ရှိနိုင်မှာလဲ"

ကျန်းဇီယုသည် သဲစားပွဲကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက....

“မဟာကန္တရမင်းဆက်ကို တိုက်ရိုက်အနိုင်ယူဖို့ မလိုဘူး။ အနီးနားက မင်းဆက်တွေကလည်း သဘာဝအတိုင်း လက်နက်ချလိမ့်မယ်... တခြားမင်းဆက်တွေကို အရင်တိုက်ခိုက်ရင် အချိန်ကုန်တယ်....”

ကျန်းရှုက သူ့ခမည်းတော် ဆိုလိုချင်တာကို နားလည်သဖြင့် ဘာမှထပ်မပြောတော့ပေ။

ဟန်ထျန်းကျီက သားအဖနှစ်ယောက်ကို မနှောင့်ယှက်ဘဲ သဲစားပွဲကိုသာ လှမ်းကြည့်နေသည်။

ဇွန်လတွင် တကျန်းသည် တုံလင်းမင်းဆက်ကို လုံးလုံးလျားလျား သိမ်းပိုက်ခဲ့သည်။

ဧကရာဇ်မင်းသည် ကျန်းယုကို တုံလင်း မင်းဆက်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ သိမ်းပိုက်ရန် စေလွှတ်ခဲ့သည်။ တကျန်းသည် တုံလင်းမင်းဆက်သာမက တုံလင်းမင်းဆက်၏ ဂိုဏ်းခွဲများစွာကိုပါ သိမ်းပိုက်ခဲ့သည်။

တပ်ဖွဲ့ဝင်အများအပြားသည် အရှေ့သစ်တောတွင် စတင်စုရုံးလာပြီး မရေမတွက်နိုင်သော အလုပ်သမားများက လမ်းများဖောက်လုပ်ခဲ့ကြသည်။ နှစ်များတစ်လျှောက် အရင်းအမြစ်များ ပေါများသဖြင့်၊ တကျန်း၏ စီးပွားရေး မြင့်တက်လာခဲ့သည်။ လမ်းတွေဖောက်မယ်ဆို ပိုလို့တောင်စီးပွားရေးအဆင်ပြေနိုင်တာမို့ နိုင်ငံသားများက ကန့်ကွက်ခြင်းမပြုကြပေ။

ကောင်းချီးပေးခံရသောမင်းဆက်များကြား တိုက်ပွဲက စတင်တော့မည်ဖြစ်ပြီး တကျနမင်းဆက်ရှိ ပြည်နယ် လေးဆယ့်ကိုးခုစလုံးတွင် ထိုသတင်းများပျံ့နှံ့နေသည်။

စစ်ပွဲစတင်ရန် မလိုအပ်ဟု လူများစွာက ခံစားခဲ့ကြသော်လည်း တိုက်ပွဲဝင်ချိန်ရောက်ပြီဟု လူအများက ယူဆကြသည်။ စစ်ပွဲများကို ဖြတ်သန်းခြင်းဖြင့်သာ တကျန်း ဆက်လက် ကြီးပွားနိုင်မည်ဖြစ်သည်။

မွန်းတည့်ချိန်တွင်.......

ကျန်းဂျန်သည် ခန္ဓာကိုယ်ကြံ့ခိုင်အောင် တစ်နာရီကြာအောင် လေ့ကျင့်ပြီးနောက် ရေမိုးချိုးကာ အစစ်အမှန်ချီကို တိုးပွားစေရန် တရားထိုင်နေသည်။

ထိုစဉ် လီကျွင်း ခြံဝင်းထဲသို့ ဝင်သွားပြီး ကျန်းချန်ရှန်းနှင့်တွေ့ဆုံကာ ကမ္ဘာပေါ်တွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအကြောင်းကို ပြောပြခဲ့ပြီး ကျန်းချန်ရှန်းက ဂရုတစိုက် နားထောင်ခဲ့သည်။

ကျန်းချန်ရှန်း စကားပြောနေရင်း ရုတ်တရက်

မော့ကြည့်လိုက်သည်။

လီကျွင်း၊ ပိုင်ချီနှင့်ဟွာဂျန်ရှင်းတို့လည်း မော့ကြည့်ကာ တုန်လှုပ်သွားကြသည်။

တိမ်တိုက်တွေ ကောင်းကင်မှာ ပေါ်လာပြီး ၎င်း၏ခန္ဓာကိုယ်ကို ယိမ်းနွဲ့နေသည့် နဂါးရှည်ကြီးကဲ့သို့ အဆုံးမရှိပေ။ဤသည်မှာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်ခဲ့သည်။

ကျန်းချန်ရှန်းသည် တကျန်း၏ ကံကြမ္မာအတက်အကျကို ရှင်းရှင်းလင်းလင်း သိမြင်ပြီး အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဖြစ်နိုင်ပါ့မလား......

ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက် မွေးဖွားလာပြီလား.....

နှစ်များတစ်လျှောက်တွင်၊ ဟန်ထျန်းကျီ သည် ရံဖန်ရံခါ လာရောက်လည်ပတ်ပြီး ရွှေခန္ဓာနယ်ပယ်အကြောင်း ပြောပြလေ့ရှိသည်။

ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး မွေးဖွားလာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီး၏ ပံ့ပိုးမှုများ သေချာပေါက် ပြောင်းလဲသွားမည်ဖြစ်သည်။ တကျန်း သည် ကောင်းချီးပေးခံရသောမင်းဆက်ဖြစ်နေပြီဖြစ်သောကြောင့်၊ ရွှေခန္ဓာနယ်ပယ်ပေါ်ထွက်လာလျှင် ဖြစ်ပေါ်လာမည့် ဖြစ်စဉ်သည် ပို၍ပင် အံ့မခန်းဖွယ်ဖြစ်နေလိမ့်မည်။ဤသည်မှာ ကောင်းချီးပေးခံရသောမင်းဆက်တွင်နေထိုင်သောလူတိုင်းအတွက် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ကမ္ဘာပေါ်တွင်မွေးဖွားလာကြောင်း သတိပေးချက်လည်းဖြစ်သည်။

လီကျွင်းက.... "ဒီတိမ်တိုက်ရဲ့ ဦးတည်ရာက မဟာကန္တရမင်းဆက်ရှိတဲ့ဘက်မလား..?"

ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူပေါ်ထွက်လာတာက မဟာကန္တရမင်းဆက်မှာလား....

ကျန်းချန်ရှန်းသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။ နောက်ဆုံးတွင်၊ မဟာကန္တရမင်းဆက် သည် အရှည်ကြာဆုံးသမိုင်းရှိခဲ့ပြီး ကောင်းချီးပေးခံရသော မင်းဆက်တစ်ခုလည်းဖြစ်သည်။

တစ်ခြားဘက်တွင်.....

ဟန်ထျန်းကျီသည် တော်ဝင်စာကြည့်ဆောင်သို့ အပြေးအလွှားသွားပြီး ကျန်းဇီယုကို ဤကိစ္စနှင့် ပတ်သက်၍ အကြောင်းကြားခဲ့သည်။

ကျန်းဇီယု ထိုစကားကိုကြားသောအခါ သူ့အမူအရာ ချက်ချင်း မည်းမှောင်သွားသည်။

တကျန်းမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေရှိပေမယ့် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူမရှိခဲ့ပေ။ အထက်တန်းအဆင့်ချောင်ဂိုဏ်းသုံးခုမှလွဲ၍ အခြားဂိုဏ်းများတွင် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူမရှိပေ။ မဟာကန္တရမင်းဆက်သည် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူကို မည်သို့ မွေးဖွားနိုင်မည်နည်း။

"မဟာကန္တရမင်းဆက်ကလာတာ သေချာလား" ကျန်းဇီယု ကအသံနက်ကြီးဖြင့် မေးလိုက်သည်။

ဟန်ထျန်းကျီက “ကျွန်တော် မသေချာပေမယ့် ဦးတည်ချက်ကတော့ မဟာကန္တရမင်းဆက်နဲ့ အတူတူပါပဲ....မဟာကန္တရမင်းဆက်ရဲ့နောက်ကွယ်က လာတာဖြစ်နိုင်ပေမယ့် မဟာကန္တရမင်းဆက်က ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူကို မွေးထုတ်ပေးလိုက်တဲ့ ဖြစ်နိုင်ချေကို မေ့ထားလို့မရဘူး... ”

ကျန်းဇီယု မတ်တပ်ထရပ်ပြီး တံခါးဆီသို့ လျှောက်သွားကာ ဖြစ်စဉ်ကို လှမ်းကြည့်နေသည်။

ကောင်းကင်မှာဖြစ်ပေါ်နေသော ကံကောင်းခြင်းဖြစ်စဉ်က တကယ့်ကို ခမ်းနားပေသည်။

ဟန်ထျန်းကျီ သူ့နောက်သို့ လိုက်လာပြီး မည်းမှောင်သော အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။

ကျန်းဇီယု ရုတ်တရက်မေးလိုက်သည်က.... " တာအိုဘိုးဘေးတုန်းက ဘာလို့ ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ခဲ့တာလဲ "

ဟန်ထျန်းကျီက ခဏလောက်

စဉ်းစားပြီးမှ... “သူအရင်က ကြုံဖူးတာဖြစ်နိုင်ပေမယ့် အဲ့ဒါက တော်တော်ကြာပြီ...အဲ့ဒီတုန်းက ရွှေခန္ဓာနယ်ပယ်အကြောင်းကို ဘယ်သူမှ မသိကြဘူး....”

သူလည်း ဒီမေးခွန်းကို တွေးနေတာ ကြာခဲ့ပြီ.... ဒါက တစ်ခုတည်းသော ဖြစ်နိုင်ချေပင်....

ကျန်းဇီယုသည် တကျန်းသည် ဟိုယခင်က ကောင်းချီးပေးခံရသော မင်းဆက်မဟုတ်ကြောင်း သတိရမိသည်။ သာမန်လူတွေက ဒီဖြစ်စဉ်ကို မမြင်နိုင်သလို သမိုင်းပညာရှင်တွေကလည်း ဒါကို မှတ်တမ်းတင်မထားကြပေ။

“အရှင်မင်းကြီး....မဟာကန္တရကိုစစ်ချီဉီးမှာလား... သတင်းအချက်အလတ်များကိုအရင်စုဆောင်းဖို့အကြံပေးပါရစေ... မဟာကန္တရမင်းဆက်က တကယ်ဖြစ်လာရင် ဒီကိစ္စသယတကယ်မှန်ရင် မဟာကန္တရမင်းဆက်က ကောင်းချီးပေးခံရသောမင်းဆက် ဖြစ်တာကြောင့် အမှန်တရားကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး....”

"အင်း.... အရင်စုံစမ်းကြရအောင်"

သူသည် ကမ္ဘာကြီးကို ပေါင်းစည်းလိုသော်လည်း မဟာကန္တရမင်းဆက်တစ်ခုတည်းက သူ့ကို ခေါင်းကိုက်စေခဲ့သည်။ သူ့ဘဝတစ်သက်တာတွင် ကမ္ဘာကြီးကို မည်သို့ ပေါင်းစည်းနိုင်မည်နည်း။

ဒီအိပ်မက်က တကယ်ကို ကြီးမားလွန်းတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်နိုင်ပေသည်။

ညဘက်တွင် ကျန်းဇီယုသည် ကျန်းချန်ရှန်းဆီသို့ ဝိုင်သောက်ရန် လာခဲ့သည်။

ကျန်သူများသည် အခြားသော ခြံဝင်းများသို့ သွားကြပြီဖြစ်သောကြောင့် ကျန်းဂျန် အပါအဝင် သူတို့ကို မည်သူမျှ မနှောင့်ယှက်ကြပေ။

ကျန်းဇီယု တစ်ယောက်တည်း ဝိုင်ခွက်ပေါင်းများစွာ သောက်ခဲ့ပြီး အရက်မူးလာသောအခါ သက်ပြင်းချလိုက်ပြီး.... “အဖေ၊ ကျွန်တော် ခွန်အားတွေ ပိုတိုးလာတယ်.... တကျန်းက အင်အားကြီးမားပေမယ့် အခြားမင်းဆက်တွေနဲ့ ယှဉ်ရင် သေးငယ်နေတုန်းပဲ.... ကမ္ဘာကြီးတစ်ခုလုံးကို ဝါးမြိုဖို့က ကောင်းကင်ဘုံကို တက်ရတာထက် ခက်တယ်.....”

ကျန်းချန်ရှန်းက.... " မင်းရဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ကို ရုတ်တရက် ဘာကြောင့် ဆုံးရှုံးခဲ့ရတာလဲ.... ရွှေခန္ဓာနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက် မဟာကန္တရမင်းဆက်မှာ ပေါ်လာလို့လား...."

ကျန်းဇီယု၏ ကိုယ်ဟန်အနေအထားကို ကြည့်ရင်း ကျန်းချန်ရှန်း သဘောပေါက်သွားသည်။

ဒီကောင် ထပ်ပြီး သရုပ်ဆောင်နေပြန်ပြီ...

ကျန်းဇီယု၏ မျက်နှာတွင် နာကျင်ခြင်းများဖြင့် ပြည့်နှက်နေပြီး ..."ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူလား....ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူက ဘာကို ကိုယ်စားပြုတယ်ဆိုတာ အဖေ အသိဆုံးပါပဲ..... စစ်တပ်အင်အား ဘယ်လောက်ပဲရှိပါစေ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစွမ်းထက်တဲ့ အင်အားကို မခုခံနိုင်ဘူး....အဖေက တကျန်း ရဲ့တစ်ဦးတည်းသော ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူပါ.....အဖေ့ကို စစ်မြေပြင်မှာ ရန်သူတွေကို သတ်ဖို့ ခွင့်မပြုနိုင်ဘူး.... ဒါက သိပ်ကို သိက္ခာမဲ့နေလိမ့်မယ်....”

ကျန်းချန်ရှန်းက သူ့သားရဲ့ သရုပ်ဆောင်မှုကို ကြည့်ရင်း တခစ်ခစ်ရယ်နေသည်။

ကျန်းဇီယုသည် နှစ်များတစ်လျှောက် သူခံစားခဲ့ရသော ဝမ်းနည်းမှုများအကြောင်းကို စတင်ညည်းညူလာသည်။ အမှန်မှာ၊ အရာရှိများနှင့်တော်ဝင်မိသားစုကစစ်တိုက်မည်ကို မလိုလားခဲ့ပေ။

သို့သော် သူသည် သေမျိုးသာဖြစ်ပြီး သူ၏သက်တမ်းသည် အနှစ်တစ်ရာထက် မပိုပေ။ အခုသူ့အသက် ငါးဆယ့်ခုနစ်နှစ်ရှိနေပြီ။ သူဘယ်လိုစောင့်နေနိုင်မှာလဲ?

ကျန်းရှုဟာ ကမ္ဘာကြီးကို ဝါးမြိုဖို့ ရည်မှန်းချက်မရှိပေမယ့် လူတွေရဲ့ စားဝတ်နေရေးအတွက် စဉ်းစားပေးနိုင်သူတစ်ယောက်ပင်... သူ့မြေးကတော့ ငယ်သေးလို့ ဘယ်လိုစိတ်နေစိတ်ထားရှိမလဲမသိနိူင်သေးပေ။

အခုနေရပ်လိုက်လျှင် တကျန်းလည်း လုံးဝရပ်တန့်သွားလိမ့်မည်ဟု သူခံစားမိသည်။ နောက်ထပ် အနှစ်ငါးဆယ်၊ ဒါမှမဟုတ် အနှစ်တစ်ရာကြာရင်တောင် နယ်မြေ ချဲ့ထွင်နိုင်တော့မှာ မဟုတ်ပေ။

ကျန်းချန်ရှန်းက “ကောင်းပြီ...ကောင်းပြီ....ငါ မင်းကို ကူညီမယ် ..."

ဒါကိုကြားတော့ ကျန်းဇီယုက ချက်ချင်းပဲ စိတ်လှုပ်ရှားစွာနဲ့ ...."အဖေ စစ်မြေပြင်ကို သွားမလို့လား..."

ကျန်းချန်ရှန်းက မျက်လုံးပြူးပြီး ...."ဟွမ်းချွမ် ကို မနက်ဖြန်တွေ့ဖို့ ခေါ်လိုက်မယ်...သူ့ကိုစစ်မြေပြင်ဆီ ခေါ်သွားပါ....."

ကျန်းဇီယုက မျက်မှောင်ကြုတ်ပြီး “....ဟွမ်ချွမ်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်ပေမဲ့ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကို ဘယ်လိုယှဉ်နိုင်မှာလဲ... ”

“ငါ့မှာ နည်းလမ်းတွေရှိတယ်.... ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတွေ ပေါ်လာရင် ငါ သူ့ကို သတ်ပစ်မယ်.....”

ကျန်းဇီယု ထိုစကားကိုကြားသောအခါ ကျန်းချန်ရှန်းကို ယုံကြည်ရန်ရွေးချယ်ခဲ့သည်။ ၎င်းသည် ပဲစေ့စစ်သားများနှင့် ဆင်တူသော မှော်ဆန်သောအရာ ဖြစ်နိုင်သည်။

ကျန်းဇီယုက အခုမှ ရှက်နေဟန်ဖြင့်.... “ အသုံးမကျတဲ့ ဒီသားက အဖေ့ကို ထပ်ပြီး နှောင့်ယှက်မိပြန်ပြီ...."

သားအဖနှစ်ယောက် အတူ ဝိုင်သောက်ကြရင်း နှစ်နာရီကြာပြီးနောက် ကျန်းဇီယု မှောက်သွားလေပြီ.... မနီးမဝေးက ၀တ်ဖြူတော် အစောင့်တွေက ချက်ချင်းလာပြီး သူ့ကို ခေါ်ဆောင်သွားကြသည်။

သူ့နောက်ကျောကိုကြည့်ရင်း၊ ကျန်းချန်ရှန်း၏စိတ်ထဲတွင်....

"ငါ့သား.....မင်းရဲ့နယ်မြေချဲ့ထွင်ချင်တဲ့ဆန္ဒအတိုင်း အစွမ်းကုန်ကြိုးစားပါ... ငါ မင်းကို စိတ်ရင်းမှန်နဲ့ ထောက်ခံတယ်... အမွှေးတိုင်အရေအတွက်တွေ တိုးပွားဖို့ မင်းကို လိုအပ်နေသေးတယ်”

နောက်တစ်နေ့မနက်မှာတော့ ကျန်းချန်ရှန်း က ဟွမ်းချွမ်ကို ခေါ်ခိုင်းလိုက်သည်။ တာဝန်ပေးပြီးနောက်တွင် ဘရိုကိတ်အိတ်ကို ပေးကာ...

"ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူကို မတွေ့မချင်း ဒီအိတ်ကိုမဖွင့်နဲ့... မဟုတ်ရင် သာမန်သစ်ရွက်အဖြစ်သ ပြောင်းသွားပြီ သုံးလို့ရမှာမဟုတ်ဘူး....နားလည်လား...?"

ဟွမ်းချွမ် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် တုန်လှုပ်သွားပြီး ဘရိုကိတ်အိတ်ကို ဂရုတစိုက်ကိုင်လိုက်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ပဲစေ့စစ်သားများအကြောင်း သတိရပြီး စိတ်လှုပ်ရှားနေသည်။

“ဆရာ၊ စိတ်မပူပါနဲ့....ကိုယ်နဲ့မကွာသိမ်းထားပါ့မယ်.....”

ကျန်းချန်ရှန်းက ခေါင်းညိတ်လိုက်ပြီး ဟွမ်းချွမ် ချက်ချင်း ထွက်သွားလေသည်။

လုံချီ ဘုရားကျောင်းမှာ နေရတာ ငြီးငွေ့စရာကောင်းတာမို့ နောက်ဆုံးမှာ သူ့ရဲ့ အရည်အချင်းတွေကို ပြသနိုင်တဲ့အတွက် ပြောမပြတတ်အောင် စိတ်လှုပ်ရှားနေလေ၏။

သူထွက်မသွားခင်မှာ ကျန်းဂျန်ရဲ့ ဒေါသထွက်နေတဲ့အကြည့်ကို ရင်ဆိုင်ခဲ့ရသေးသည်။

"ကျန်းဂျန်...မကြာခင် ငါ့နာမည်ကျော်ကြားလာတော့မယ်... ဟားဟား!"

ကျန်းဂျန်သည် ဒေါသတကြီးဖြင့် အံကြိတ်နေသော်လညိး စစ်တိုက်ရန် ကျန်းချန်ရှန်းကို ခွင့်မတောင်းခဲ့ပေ။

သူ့ရဲ့ပန်းတိုင်က ရွှေခန္ဓာနယ်ပယ်ပင်.....

အများဆုံး နှစ်ဒါဇင်နဲ့ချီပြီး စောင့်ရလိမ့်မယ်.. ..သူအောင်မြင်တဲ့တနေ့.... ကောင်းချီးပေးခံရတဲ့မင်းဆက်တွေ သူ့ကို ကြောက်ရွံ့တုန်လှုပ်နေစေရမယ်....

All Chapters