← Chapters

အမွှေးတိုင်အရေအတွက် တစ်သန်းတန်သော တစ်သန်းနယ်ပယ်....

Vol. 7 Ch. 104

အမွှေးတိုင်အရေအတွက် တစ်သန်းတန်သော တစ်သန်းနယ်ပယ်....

Vol. 7 Ch. 104

ဟွမ်းချွမ်ကို ပေးခဲ့သော ဘရိုကိတ်အိတ်ထဲတွင် ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်ပါသွားသည်။၎င်းသည် ပဲစေ့စစ်သားများနှင့် ကွဲပြားသည်။ ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်သည် ကျန်းချန်ရှန်း ထိန်းချုပ်နိုင်သည့် မှော်လက်နက်ဖြစ်သည်။ အဝေးမှနေ၍ ရန်သူများကို သတ်ခြင်းအတွက် ရှင်သန်ခြင်းဆုလာဘ်များ ရနိုင်မလားဟု စမ်းသပ်ချင်သည်။

တာအိုကျင့်စဉ်၏ သတ္တမအဆင့်သို့ ဖြတ်ကျော်ပြီးနောက်၊ သူ၏ နတ်ဘုရားအာရုံ ပြောင်းလဲသွားခဲ့သည်။ သူသည် ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်ပေါ်တွင် နတ်ဘုရားအာရုံ အပိုင်းအစအချို့ကို ချန်ထားခဲ့ပြီး ၎င်းကို အသက်သွင်းပြီးသည်နှင့် အမွှေးတိုင်တစ်တိုင်စာခန့် တည်ရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဟွမ်းချွမ်ကို ကြိုပြီး အသုံးမပြုရန် အမိန့်ပေးခဲ့ခြင်းပင်....

နတ်ဘုရားအာရုံ၏ အကျိုးသက်ရောက်မှုသည် ကျန်းချန်ရှန်းအတွက်တော့ အမြင်အာရုံအပိုရလိုက်သလိုပင်.... သူသည် မိုင်ထောင်ပေါင်းများစွာအဝေးမှ ရန်သူကို တိုက်ခိုက်ရန် ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်ကို ထိန်းချုပ်နိုင်သည်။ သူ၏ နတ်ဘုရားအာရုံ ပျောက်ကွယ်သွားလျှင်ပင်၊ သူသည် အတွေးတစ်ခုဖြင့် ကျောက်စိမ်းသစ်ရွက်ကို ပျံသန်းနိုင်အောင် ထိန်းချုပ်နိုင်သည်။ ဤသည်မှာ မှော်လက်နက်တစ်ခု၏ စွမ်းအားဖြစ်သည်။

အမွှေးတိုင်တစ်တိုင်စာခန့်အချိန်သည် ရွှေရောင်ကျောက်စိမ်းသစ်ရွက်ကို အားကိုးပြီး ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူကို သတ်ပစ်ရန် လုံလောက်ပါသည်။

ဤသည်မှာ ကျင့်ကြံခြင်းနှင့်သိုင်းပညာ၏ ကွာခြားချက်ဖြစ်သည်။ အင်မော်တယ်ကျင့်စဉ်သည် ရုပ်ခန္ဓာအတွက်သာမက စိတ်ဝိညာဉ်ကိုပါ အားကောင်းစေပါသည်။ သိုင်းပညာကတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုပဲ အာရုံစိုက်ကြသည်။ ဤကမ္ဘာမှသိုင်းပညာရှင်များသည် ဤကမ္ဘာ၏စည်းမျဉ်းများကြောင့် ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို နားမလည်နိုင်ကြပေ။

ကျန်းချန်ရှန်းက လေ့ကျင့်နေသည့် ကျန်းဂျန် ကို ကြည့်ပြီး.... “စကြဝဠာနယ်ပယ်ကျွမ်းကျင်သူ ဘယ်အချိန်က ပေါ်လာနိုင်မလဲ... ဒီနယ်ပယ် ဘယ်လောက် အစွမ်းထက်လဲဆိုတာ ကြည့်ရအောင်....”

ဤကမ္ဘာ၏ သိုင်းပညာအဆင့်အတန်းက မနိမ့်ကျပေ။ စိတ်ကူးယဉ်ဆန်သော သိုင်းကမ္ဘာမှန်း သိသာပေသည်။

အနည်းဆုံးတော့၊ ဤမြေပေါ်တွင်၊ စကြဝဠာနယ်ပယ်သည် လူအနည်းငယ်သာသိသော ဒဏ္ဍာရီတစ်ခုဖြစ်သည်။

သူ့တွင် ရှင်သန်မှုစနစ်မရှိလျှင် ကျင့်ကြံနိုင်မည်မဟုတ်ပေ။ မကျင့်ကြံနိုင်လျှင် ရှန်းရှန်တုံးထျန်းသို့ သွားရမည်ဖြစ်သည်။ရှန်းရှန်တုံးထျန်းက သူ့ကို မကျေနပ်စေနိုင်လျှင် လောကတခွင်လှည့်လည်၍ သူ့ပတ်ဝန်းကျင်ကို အဆက်မပြတ် ပြောင်းလဲနေရမည်ဖြစ်သည်။ ထိုအချိန်တွင် သူနှင့်ထိတွေ့နိုင်သော သိုင်းပညာနယ်ပယ်များလည်း များပြားလာပေမည်။

တွေးရုံနဲ့တင် ပင်ပန်းနေပြီ......

ကံကောင်းထောက်မစွာ၊ သူသည် အင်မော်တယ်လမ်းစဉ်ကိုလျှောက်လှမ်းနေပြီဖြစ်သည်။

သူ့မှာ ဘာမှလုပ်စရာမရှိလို့ အမွှေးတိုင်အရေအတွက်ကိုစစ်ဆေးကြည့်ခဲ့သည်။

“လက်ရှိ အမွှေးတိုင်အရေအတွက်... ၄၆၃၀၀၃၂”

"စကြာဝဠာနယ်ပယ်က ဘယ်လောက်တောင် သန်မာလဲ သိချင်တယ်။"

[အမွှေးတိုင် 10,000 လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား။]

စကြဝဠာနယ်ပယ်သည် အမွှေးတိုင်အရေအတွက် ၁၀,၀၀၀ တန်သည်။

အမွှေးတိုင်အရေအတွက်တွေက တိုက်ခိုက်ရေး ခွန်အားတန်ဖိုးကို ကိုယ်စားမပြုပေ။ ဒါဟာ နယ်ပယ်တစ်ခုရဲ့ တန်ဖိုးသက်သက်ပင်....

ကျန်းချန်ရှန်းတွင် နောက်ထပ် အတွေးတစ်ခု ရှိနေသည်။

"ကောင်းကင်သုံးခုနယ်ပယ် ဘယ်လောက်တောင် အစွမ်းထက်လဲ သိချင်တယ်။"

[အမွှေးတိုင် 1,000,000 လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား။]

အမွှေးတိုင်အရေအတွက် တစ်သန်း?????

သူမှလွဲ၍ ဤတိုက်ကြီးတွင် အသန်မာဆုံး သိုင်းပညာရှင်သည် အမွှေးတိုင်အရေအတွက် 90,000 သာရှိသည်။ ကွာခြားချက်က သိိသိသာသာကြီးမားလွန်းသည်။

အဆင်ပြေတယ်!

ကျန်းချန်ရှန်းက သမုဒ္ဒရာလေးစင်းပဏ္ဍိတ ပြန်လည်မွေးဖွားခဲ့သော ထျန်းဟိုင်အကြောင်း တွေးတောနေမိခဲ့သည်။

"ထျန်းဟိုင်ရဲ့အသန်မာဆုံး သိုင်းပညာက ဘယ်လောက် အစွမ်းထက်လဲ သိချင်တယ်။"

[အမွှေးတိုင် 150,000 လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား။]

မလုပ်ဘူး!

ထျန်းဟိုင်မှာရှိတဲ့ အသန်မာဆုံးပညာရှင်က ဒီတိုက်ကြီးရဲ့ အသန်မာဆုံး ပညာရှင်ထက် ပိုအားကောင်းနေသည်။ဤအတိုင်းသာဆို သမုဒ္ဒရာတစ်ဖက်ခြမ်းရှိ သိုင်းလောကက ပိုမိုအားကောင်းနေပုံပင်.....

ကျန်းချန်ရှန်း ဝမ်းသာသွားသည်။ ကံကောင်းထောက်မစွာ၊ သူရှိနေသည့် တိုက်ကြီးသည် မသန်မာဆုံးသူမရှိသေးပေ။ မဟုတ်ရင် အရမ်းအန္တရာယ်များလိမ့်မည်။

ယခုအချိန်အထိ အဆိုပါစနစ်သည် သိုင်းလောကတစ်ခုလုံးကို လွှမ်းမိုးနိုင်ခြင်းမရှိသေးပေ။ ကောင်းကင်သုံးခုနယ်ပယ် တည်ရှိနေသည်ဆိုကတည်းက တစ်နေရာရာမှာ ပုန်းအောင်းနေတဲ့ ကျွမ်းကျင်သူတွေ ရှိနေပေလိမ့်မည်။

"တကျန်းမှာနေဖို့က အန္တရာယ်အကင်းဆုံးဖြစ်ပြီး ပိုသန်မာတဲ့နယ်ပယ်ကို အဆက်မပြတ်ဖြတ်ကျော်ရမယ်...."

ကျန်းချန်ရှန်း ထိုသို့ တွေးနေမိသည်။ သူသည် နောက်ထပ်မေးခွန်းအချို့ကို မေးသော်လည်း အတည်ပြုချက်ကို အမြဲငြင်းပယ်ခဲ့သည်။ ရှင်းရှင်းလင်းလင်း အဖြေမရရှိခဲ့သော်လည်း သူလိုချင်သော အဖြေကို အနည်းနှင့်အများ ခန့်မှန်းနိုင်သည်။

သာယာဝပြောသောမြို့တစ်ခုတွင်.....

ကျန်းလော့သည် တည်းခိုခန်း၏ ဒုတိယထပ် ပြတင်းပေါက်တွင် ထိုင်ကာ အရက်သောက်နေသည်။ သူက လမ်းမပေါ်ကို တိတ်တဆိတ်ငေးကြည့်နေသည်။

နှစ်များစွာကြာပြီးနောက် သူသည် များစွာပြောင်းလဲနေခဲ့ပြီ.... သူသည် အန္တရာယ်ရှိသော အော်ရာကို ဦးခေါင်းမှ ခြေဖျားအထိ ဖြန့်ကျက်ထားကာ သူ၏ မျက်ခုံးနှစ်ခုကြားရှိ သွေးနီရောင်အမှတ်အသားက သူ့ကို ပို၍ပင် ကြောက်စရာကောင်းစေသည်။

သူ့ဘေးမှာ ထိုင်နေတဲ့သူက သူ့အတွေးတွေကို နှောက်ယှက်လိုက်လေသည်။

ကျန်းလော့က ခေါင်းလှည့်ပြီး.... "ဆရာ.... အခြေအနေ ဘယ်လိုလဲ"

သူ့ဘေးမှာထိုင်နေသူက အသက်ကြီးပုံမပေါ်ဘဲ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ခန့်သာရှိသော်လည်း တခေါင်းလုံး ဖြူဖွေးနေသည်။

သူတို့နှစ်ဦးမှလွဲ၍ ဒုတိယထပ်တွင် အခြားဧည့်သည်များမရှိသဖြင့် ကျန်းလော့က တိုက်ရိုက်မေးမြန်းလိုက်သည်။

ထိုသူက... "တချီမှာရှိတဲ့ နဂါးသွေးကြောက ထိဖို့မလွယ်ဘူး.... နဂါးသွေးကြောထိပ်မှယ ဧကရာဇ်မြို့တော်ကို တည်ဆောက်ထားတယ်.... ဒါ့အပြင် သူတို့က ဥမင်လိုဏ်ခေါင်းကို ဖွင့်ထားတာကြောင့် ၎ နဂါးသွေးကြောရဲ့ ကံကြမ္မာကို ခိုးယူဖို့ ခက်ခဲလိမ့်မယ်....ဒီအတိုင်းဆို ပစ်မှတ်ပြောင်းရတော့မယ်ထင်တယ်...."

ကျန်းလော့က မျက်မှောင်ကြုတ်ကာ..... "ဆရာက ရွှေခန္ဓာနယ်ပယ်ရောက်နေပြီလေ...တချီက ဘယ်လောက်စွမ်းမှာမို့လို့လဲ"

“တချီမှာလည်း ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူ ရှိတယ်...အမှန်တိုင်းပြောရရင် သူက ငါ့ရဲ့စီနီယာဦးလေးပဲ....”

"သူက ရှန်းရှန်တုံးထျန်းကလား"

ကျန်းလော့သည် ရှန်းရှန်တုံးထျန်း အကြောင်းပြောသောအခါ သူ့မျက်လုံးများတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

ဆံပင်ဖြူနှင့်လူက ဝိုင်တစ်ခွက်လောင်းရင်း ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်..ဒီတိုက်ကြီးရဲ့ သိုင်းပညာမူလအစက ရှန်းရှန်တုံးထျန်းပဲ... ရွှေကိုယ်ခန္ဓာနယ်ပယ်ပညာရှင်တိုင်းလိိုလိုက ရှန်းရှန်တုံးထျန်းနဲ့ ဆက်ဆံရေးရှိကြတယ်....ဒါက ရှန်းရှန်တုံးထျန်းရဲ့အခြေခံအုတ်မြစ်ပဲလေ...ဒါ့ကြောင့် သူတို့က ချောင်ဂိုဏ်းတွေ ထွန်းကားလာမှာကို မကြောက်ဘဲ ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ မလိုအပ်ဘူး....”

ကျန်းလော့ ထိုစကားကိုကြားသောအခါ ဝိုင်တစ်ခွက် လောင်းချလိုက်ထည့်ပြီး တကျိုက်တည်းမော့သောက်လိုက်သည်။

ဆံပင်ဖြူနှင့်လူက ပြုံးလိုက်ပြီး....

“မင်းရဲ့ဆရာသခင်အတွက် လက်စားချေချင်တာကို ငါနားလည်ပါတယ်....ဒါပေမယ့် စိုးရွံ့နေစရာ မလိုဘူး.... ရှန်းရှန်တုံးထျန်းကိုငါလည်း လက်စားချေချင်နေတာ... စိတ်ချပါ.... အဲဒီနေ့က အနှေးနဲ့အမြန် ရောက်လာမှာပါ”

ကျန်းလော့က “ဆရာ ကျင့်ကြံနေတာ ဘယ်နှစ်နှစ်ရှိပြီလဲ”

"နှစ်တစ်ထောင်နီးပါးရှိပြီ....."

ဆံပင်ဖြူယောက်ျားက ယုံကြည်မှုအပြည့်နဲ့ ပြုံးပြနေသည်။

“ရွှေကိုယ်ခန္ဓာနယ်ပယ်က အလွန်ကြီးကျယ်တဲ့ မျှော်လင့်ချက် မဟုတ်တော့ဘူး....ကဲ..သောက်ပြီးရင် တောင်ပိုင်းကိုသွားကြမယ်...အဲ့ကိုရောက်ရင် အခြားသူတွေရဲ့ အစစ်အမှန်ချီကိုစုပ်ယူဖို့ကူညီပေးမယ်...ဒါဆို မင်း အစစ်အမှန်နတ်ဘုရားနယ်ပယ်တက်လှမ်းနိုင်ပြီ...."

ကျန်းလော့သည် အစစ်အမှန်နတ်ဘုရားနယ်ပယ်အကြောင်း ကြားသောအခါ၊ သူသည် ၎င်းကို မျှော်လင့်နေမိတော့သည်။

............................

တကျန်းနှင့် မဟာကန္တရမင်းဆက် စစ်ပွဲ မစတင်သေးပေ။ သာမာန်လူများသည် ရွှေကိုယ်ခန္ဓာဖြစ်စဉ်ကို မသိသောကြောင့် ဧကရာဇ်မင်း စိတ်ပြောင်းသွားပြီဟု သာမန်လူများက ထင်ကြသည်။

မဟာကန္တရမင်းဆက်ကလည်း ချက်ချင်း တိုက်ခိုက်ခြင်းမပြုခဲ့ပေ။

မင်းဆက်နှစ်ပါးဟာ အချင်းချင်း ကာကွယ်ဖို့ နယ်စပ်ကို တပ်ဖွဲ့တွေ အများအပြား စေလွှတ်ခဲ့ကြသည်။

ရာသီစက်ဝန်းတပတ်လည်ခဲ့ပြန်ပြီ.....

ချန်းဝူခေါတ်၏ ၃၇ နှစ်မြောက်....

ဇွန်လ၏ နေသာသောနေ့တစ်နေ့တွင်....

ကျန်းချန်ရှန်းတစ်ယောက် ကျောက်စိမ်းအရိုးဝါးတောတွင်လမ်းလျှောက်နေသည်။ ဆယ့်နှစ်နှစ်ကြာ ကြီးထွားလာပြီးနောက်၊ ဝါးပင်များအတော်ကြီးထွားနေပြီဖြစ်သည်။ ဆိုလိုသည်မှာ တကျန်းသည် ကောင်းချီးပေးခံရသော မင်းဆက်ဖြစ်လာခဲ့သည်မှာ ဆယ့်နှစ်နှစ်ရှိပြီဖြစ်သည်။

ထိုဝါးတောသည် သာမန်ဝါးတောများနှင့် များစွာကွာခြားပုံမပေါ်သော်လည်း ကျန်းချန်ရှန်းကသာ သူ့အား စိတ်အေးလက်အေး ပျော်ရွှင်စေသည့် ဝိညာဉ်စွမ်းအင်ကို ခံစားသိရှိနိုင်သည်။

ကျောက်စိမ်းဝါးတောနှင့် မြေဝိဉာဉ်သစ်ပင်တို့မှ ထုတ်လုပ်သော ဝိညာဉ်စွမ်းအင်များသည် လုံချီ တောင်ကို ဝန်းရံထားပြီး ၎င်းအား လေ့ကျင့်ရေးကွင်းအဖြစ် ပြောင်းလဲပေးသည်။

ဝါးတောကိုစောင့်ရှောက်နေသော ဝမ်ချန်းက ကျန်းချန်ရှန်း လျှောက်လာတာကိုမြင်တော့ ချက်ချင်းမတ်ထရပ်လိုက်သည်။ သို့သော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပေ။

ရုတ်တရက်၊ ကျန်းချန်ရှန်း သူ့ရှေ့သို့ ပေါ်လာပြီး သူ့ဒဏ်ရာများကို ကုသရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ကူညီပေးခဲ့သည်။

ဝမ်ချန်းက မချိတင်ကဲပြုံးကာ.... "အသက်ကြီးရင် ခါးနာလွယ်တယ်"

ယခင်က မင်းသားအတုတစ်ဦးအနေဖြင့် ကျန်းချန်ရှန်းနှင့် တစ်နှစ်တည်းတွင် မွေးဖွားခဲ့သော ဝမ်ချန်းသည် ယခုအခါ အသက် ၈၇ နှစ်ရှိပြီဖြစ်သည်။ သူ၏ အလယ်အလတ် သိုင်းပညာစွမ်းရည်ကြောင့် သိုင်းပညာလေ့ကျင့်ရန် အကောင်းဆုံးအသက်အရွယ်ကို လွတ်သွားခဲ့ပြီ။ သူ့နယ်ပယ်က မမြင့်မားတဲ့အတွက် သူ့ရဲ့သက်တမ်းဟာ သာမန်လူတစ်ယောက်နှင့်အတူတူလောက်ပင်.....

လွန်ခဲ့သည့်နှစ်နှစ်တွင် ဝမ်ချန်းက သေခြင်းတရားကိုရင်ဆိုင်ရန် ပြင်ဆင်ခဲ့သည်။ ကျန်းချန်ရှန်း၏ဆေးဖက်ဝင်ဆေးပြားများကြောင့် အချိန်အတော်ကြာအောင် ရှင်သန်နေခဲ့ကြောင်း သူကောင်းကောင်းနားလည်ခဲ့ပါသည်။

လူတိုင်းမှာ ကိုယ်ပိုင်ကန့်သတ်ချက်ရှိကြစမြဲပင်.... အချို့လူများသည် အသက်တစ်ရာအထိ အသက်ရှည်နိုင်သော်လည်း သာမန်လူအများစုမှာ အသက် ခုနစ်ဆယ်မှ ရှစ်ဆယ်အထိသာ နေထိုင်နိုင်သည်။

ကျန်းချန်ရှန်းက သူ့ဘေးမှာထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုခဲ့ကြသည်။

ဟိုတုန်းက အိမ်ရှေ့မင်းသားအဖြစ် သူ့အတွေ့အကြုံကို ပြောတဲ့အခါ ဝမ်ချန်းရဲ့ အမူအရာက ပိုကောင်းမွန်လာသည်။

“ကျုပ်ဘဝမှယ အိမ်ရှေ့စံမင်းသားတစ်ဦးဖြစ်ခဲ့ပြီး အာဏာလွန်ဆွဲပွဲတွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားခဲ့ရတယ်... မင်းနောက်လိုက်ပြီး လေ့ကျင့်နိုင်တာ ငါ့အတွက်ဂုဏ်ယူစရာပါပဲ.... ရိုးရှင်းပေမယ့် ငြီးငွေ့စရာမရှိခဲ့ဘူး... မနက်ဖြန်သေရမယ်ဆိုရင်တောင် နောင်တရစရာမရှိဘူး......"

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး.... "မင်းဒီလိုတွေးတာ ကောင်းပါတယ်.... လူတွေ လာတဲ့အခါ ဘာမှ မပါလာဘူး။ သူတို့ထွက်သွားရင်လည်း ဘာမှစိတ်ပူစရာမလိုဘူး”

ဝမ်ချန်းက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက်.....

" ဆရာတော်.... တကယ်တော့ မင်းက တကျန်းရဲ ပထမဆုံး အိမ်ရှေ့စံပါ...အဲဒါကို ထုတ်မပြောပေမယ့် မယ်တော် ဒီကိုပြောင်းလာပြီး ယန်မိသားစုက မင်းရဲ့တပည့်တွေကို ပံ့ပိုးပေးတဲ့အတွက် အဖြေက ရှင်းနေတာပဲ....”

ကျန်းချန်ရှန်း၏အမူအရာမ မပြောင်းလဲသော်လည်း ငြင်းဆိုခြင်းမရှိပေ။

“လက်ရှိဧကရာဇ် ငယ်စဉ်က မင်းနဲ့ တော်တော်ဆင်တူတယ်...ငါမမှားရင် မင်းအရင်က အိမ်ရှေ့မင်းသားအစစ်မဖြစ်နိုင်ခဲ့ပေမယ့် မင်းမျက်နှာသာပြန်ရဖို့အတွက် တူညီတဲ့နည်းလမ်းကို အသုံးပြုခဲ့တယ်.... လက်ရှိဧကရာဇ်က မင်းရဲ့သားတော်ပဲ”

"မင်းဟာ အိမ်ရှေ့စ့အဖြစ်ကို စွန့်လွှတ်ပြီး တာအိုဘုရားကျောင်းမှာ နေထိုင်ခဲ့ပေမယ့် တကျန်းရဲ့ လေနဲ့ တိမ်တွေကို လွှမ်းမိုးနိုင်ခဲ့တယ်....ကျုပ် ဝမ်ချန်း မင်းကို သဘောကျပြီး အရမ်းကျေးဇူးတင်တယ်....ကယ်တင်ရှင်တစ်ယောက်လိုကျေးဇူးတင်မိပေမယ့် အပြစ်ရှိသလိုလဲခံစားနေရတယ်... ဒါ့ကြောင့် ဒီလျှို့ဝှက်ချက်ကို သိမ်းဆည်းထားတာပါ.... အခုလို ဒီလောကကနေ ထွက်ခွာတော့မယ့်အချိန်မှာ အများကြီးပြောဖို့ အခွင့်မသာနိုင်တော့ဘူး.....”

ကျန်းချန်ရှန်းက ဝမ်ချန်း ပြောတာကို တိတ်တဆိတ် နားထောင်နေခဲ့သည်။

ဝမ်ချန်း၏ အသံ.တဖြည်းဖြည ပျော့ပျောင်း ပျော့ပျောင်းလာသည်နှင့် သူ့ခေါင်း နိမ့်ဆင်းသွားသည်။

တကယ်တော့ သူက ကျန်းချန်ရှန်းနဲ့ စကားပြောဖို့ အခွင့်အရေးကို ရှာချင်ခဲ့တာ ကြာပါပြီ။ သို့သော် သူသည် ကျန်းချန်ရှန်း လေ့ကျင့်နေသည်ကို မြင်တိုင်း မနှောင့်ယှက်ချင်တော့ပေ။ ဤအတွေးဖြင့် သူသည် နောက်ထပ်နှစ်အနည်းငယ်ကြာအောင် ဆေးဖက်ဝင်ဆေးများကို မှီခိုအားထားခဲ့သည်။

ဝမ်ချန်း စကားကို နားထောင်ရင်း ကျန်းချန်ရှန်းက သူ့ဘဝရဲ့ ပထမနှစ်ဝက်ကို ပြန်တွေးနေမိသည်။

ငယ်ငယ်တုန်းကတော့ မင်းသားအတုကို မုန်းတီးပြီး သတ်ဖို့ အခွင့်အရေးရှာဖို့တောင် စိတ်ကူးခဲ့ဖူးသည်။ သို့သော် ဝမ်ချန်းကို တကယ်တွေ့သောအခါတွင် သူ(ကျန်ချန်ရှန်း)တစ်ယောက်တည်းသာ သနားစရာကောင်းသူမဟုတ်ကြောင်း သိလိုက်ရသည်။ ဝမ်ချန်းက သူ့ထက်ပင် ပိုသနားစရာကောင်းနေသည်။

ကျန်းယွမ်က သူ့ကို စွန့်ပစ်ခဲ့ပေမဲ့ အသက်ရှင်ဖို့ နည်းလမ်းတွေရှိနေဆဲပင်.... သူ့အား အန္တရာယ်ပြုရန် အခြေအနေကို အခွင့်ကောင်းယူခဲ့သော မင်းမျိုးမင်းနွယ်များသည် နတ်ဆိုးဂိုဏ်း၏ဘေးဆိုးပြီးနောက် ကျန်းယွမ်ကအားလုံးကို ဖယ်ရှားခဲ့ရသည်။ ဒါက သူ့အတွက် ကလဲ့စားချေမှုလို့ ယူဆနိုင်သည်။

ဝမ်ချန်းကတော့ တကယ့်ကို မိဘမဲ့တစ်ယောက်ပင်...

မင်းသားအတုဖြစ်နေသော်လည်း၊ ဝမ်ချန်း သည် ကျန်းမိသားစု၏ တော်ဝင်မိသားစုတာဝန်ကို ကျန်းချန်ရှန်းကိုယ်စား ထမ်းပိုးခဲ့ရရှာသည်။

ဝမ်ချန်း ဘုရားကျောင်းသို့ ရောက်လာချိန်မှစ၍ နေ့စဉ်နေ့တိုင်း ကျန်းချန်ရှန်းကို ဝတ်ကြီးဝတ်ငယ်ပြုစုခဲ့သည်။ဤသို့ဖြင့်

မသိလိုက်ဘဲ၊ သူတို့နှစ်ဉီးသည် သွေးသားမတော်စပ်သော မိသားစုဖြစ်လာခဲ့သည်။

ကျန်းချန်ရှန်းသည် ဧကရီမသေဆုံးမီ ဝမ်ချန်းကို ပြုစုစောင့်ရှောက်ရန် တောင်းဆိုခဲ့ကြောင်း သတိရမိသည်။ ခြံဝင်းအတွင်းရှိ ရုပ်ဆိုးသော တာအိုဘုန်းတော်ကြီးက ဝမ်ချန်း ဖြစ်သည်ကို သူမ မသိသော်လည်း ကျန်းချန်ရှန်းက အိမ်ရှေ့မင်းသားအတုကို ကယ်တင်ခဲ့ကြောင်း သိနေခဲ့သည်။ သူသည် ဆင်းရဲသားတစ်ဦးဖြစ်ပြီး မုန်းတီးမှုကို မခံယူသင့်ကြောင်း သူမက ပြောကြားခဲ့သည်။

ဝမ်ချန်းအတွက် အချိန်က နှေးကွေးပေမယ့် ကျန်းချန်ရှန်းအတွက်ကတော့ အရမ်းမြန်ဆန်နေသည်။

သူငယ်ချင်းဟောင်းတွေ တယောက်ပြီး တယောက် ထားခဲ့ပြီး အချိန်ကာလကသာ သူနှင့်အတူရှိနေပေလိမ့်မည်......

ဝမ်ချန်း၏ဉီးခေါင်း ကျန်းချန်ရှန်း၏ပခုံးပေါ်မှ ရုတ်တရက် ကျဆင်းလာပြီး သူ့အသံက အလွန်အားနည်းသွားသည်။

"တကယ်လို့ နောက်ဘဝသာရှိခဲ့ရင်....ဒီဘဝလိုပဲ မင်းနောက်လိုက်မယ်.... မင်းရဲ့ခြံဝင်းလှည်းကျင်းပေးမယ်...... မင်းနဲ့အတူ သိုင်းပညာလေ့ကျင့်ချင်တယ်......."

ဝမ်ချန်၏လက်များ ပျော့ခွေကျသွားပြီး သူ့အသံက ရုတ်ခြည်းရပ်တန့်သွားသည်။ မသိလျှင် ကျန်းချန်ရှန်း၏ပခုံးကိုမှီပြီး အိပ်ပျော်နေသလိုပင်.........

ကျန်းချန်ရှန်း မော့ကြည့်လိုက်တော့ ဝါးတောအပြင်ဘက်က ကောင်းကင်ပြာကြီးကို မြင်လိုက်ရသည်။

“အခွင့်အရေးရှိမှာပါ”

သူသည် အတိတ်ကိုလွမ်းဆွတ်တတ်သူတစ်ယောက်ဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။ အရင်တုန်းကတော့ သူ့ပတ်ဝန်းကျင်က လူတွေဟာ ဘဝရဲ့ ဖြတ်သန်းသွားလာသူတွေချည်းပဲလို့ အမြဲခံစားခဲ့ရသည်။ သို့သော် အချိန်အကြာကြီး အတူနေခဲ့သူများနှင့် ခွဲခွာရန်ဝန်လေးနေပြီဖြစ်ကြောင်း နားလည်ခဲ့ချေပြီ.......

All Chapters