ကံကြမ္မာတိုက်ပွဲ...တလောကလုံး၏ရန်သူ.....
Vol. 7 Ch. 105
ထိုနေ့၌ပင် ဝမ်ချန်းကို သင်္ဂြိုဟ်ခဲ့သည်။ ကျန်းဂျန် ကိုယ်တိုင်လုပ်ပေးထားသော အုတ်ဂူသည် ကျောက်စိမ်းအရိုးဝါးတောအနီးတွင် တည်ရှိသည်။
ဟွာဂျန်ရှင်းနဲ့ ပိုင်ချီတို့ဟာ ဒီလိုနေ့မျိုး ရောက်လာဖို့ကို မျှော်လင့်ထားပြီးသားမို့ သိပ်ဝမ်းနည်းမနေခဲ့ပေ။ သို့သော် ကျန်းဂျန်ကတော့ သူ့ပတ်ဝန်းကျင်မှာတစ်စုံတစ်ယောက် သေဆုံးမှုကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ရတာမို့ စိတ်မကောင်းဖြစ်နေရှာသည်။
ငယ်ငယ်ကတည်းက ဝမ်ချန်း သူ့ဘေးနားရှိခဲ့သည်။ ဝမ်ချန်ကို နေ့တိုင်းတွေ့မြင်နေရတာမို့ သူ့စိတ်ထဲတွင် ဝမ်ချန်သည် အခြားဆွေမျိုးများထက် သူနှင့် ပိုရင်းနှီးသည်။
ကျန်းချန်ရှန်းက သင်္ချိုင်းဂူကို ခဏလောက် တိတ်တဆိတ် ကြည့်ပြီး "ခြံထဲကို ပြန်ကြရအောင်" ဟု ပြောလိုက်သည်။
ပိုင်ချီက "ခြံဝင်းကိုသန့်ရှင်းရေးလုပ်ဖို့ တပည့်တစ်ယောက် ခေါ်ယူချင်သလား..."
“မလိုအပ်ဘူး...ဒါတွေကို မင်းပဲလုပ်ရမှာ...."
ခြံဝင်းသို့ပြန်လာပြီးနောက်၊ ကျန်းချန်ရှန်း သည် ကောင်းချီးပေးသည့်လုပ်ဆောင်ချက်ကို လုပ်ဆောင်ခဲ့သည်။
[အမွှေးတိုင်အရေအတွက်ဖြင့်ကောင်းချီးပေးခြင်း.... ပြန်လည်ဝင်စားမည့်သူကို အမွှေးတိုင်အရေအတွက်သုံး၍ ကောင်းချီးပေးနိုင်သည်။ထိုသူ မမွေးဖွားသေးလျှင်နောက်ဘဝတွေမှာ သူတို့ရဲ့ အရည်အချင်းတွေ တိုးလာနိုင်သည်။ထိုသူက မွေးဖွားပြီးသူဖြစ်ပါက ကံကောင်းခြင်းများကို သယ်ဆောင်လာနိုင်သည်။ အရည်အချင်း တိုးမြှင့်ခြင်းနှင့် ကံကောင်းခြင်း အတိုင်းအတာသည် သုံးစွဲနိူင်သည့် အမွှေးတိုင်အရေအတွက် ပမာဏပေါ်တွင် မူတည်ပါသည်။]
ချန်းလီကိုလည်း ကောင်းချီးပေးခဲ့ဖူးသည်။ သို့သော် ထိုအချိန်တွင် ချန်းလီ ပြန်လည်မွေးဖွားခဲ့ပြီဖြစ်သောကြောင့် ကံကောင်းခြင်းများကို သယ်ဆောင်လာနိုင်သည်။
ထုံးစံအတိုင်း၊ ကျန်းချန်ရှန်းသည် နှစ်ပေါင်းများစွာ သူ့နှင့်အတူ လိုက်ပါလာခဲ့သည့် ဝမ်ချန်းအတွက် တွန့်တိုနေမည်မဟုတ်ပေ။ လူပြန်မဝင်စားသေးသည့်အချက်ကို အခွင့်ကောင်းယူ၍ သူ့အား ကောင်းချီးပေးကာ နောက်ဘဝတွင် သိုင်းပညာပါရမီရှင်တစ်ဦး ဖြစ်လာစေခဲ့သည်။
ကျန်းချန်ရှန်းသည် အမွှေးတိုင်အရေအတွက် 20,000ကို တိတ်တဆိတ် ပေးပို့ခဲ့သည်။ ထိုပမာဏက ချန်းလီထက် နှစ်ဆပိုများသည်။
ဤအရာအားလုံးကိုလုပ်ဆောင်ပြီးနောက် ကျန်းချန်ရှန်း ဆက်လက်လေ့ကျင့်နေခဲ့သည်။
သန်မာလာမှသာလျှင် သူ အလေးထားသောသူများနှင့် တွေ့ဆုံနိုင်မည်ဖြစ်သည်။
ဝမ်ချန်သေဆုံးမှုသည် တပည့်အများစုက သူ့ကို တစ်ခါမှမမြင်ဖူးသောကြောင့် လုံချီ ဘုရားကျောင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်မလာပေ။
ချင်ကူ၊ဝမ်လီ၊မင်ယွဲ့၊လင်းရှောင်တို့ ဒီအကြောင်း သိရှိပြီးနောက် အလွန်ဝမ်းနည်းခဲ့ကြသည်။ သို့သော် သူတို့သည် နှစ်များတစ်လျှောက် လူဟောင်းများကို မကြာခဏ လက်လွှတ်လိုက်ခြင်းကို ကျင့်သားရလာခဲ့သည်။
အထူးသဖြင့် ချင်ကူပင်.... သူ့မှာ အသက်ရှင်ဖို့ နှစ်ပေါင်းများစွာ မရှိကျန်တော့မှန်း နားလည်ခဲ့သည်။
အဟောင်းတွေနေရာမှာ အသစ်တွေရောက်လာစမြဲပင်.... လုံချီ ဘုရားကျောင်းသည် အဟောင်းနှင့် အသစ်ကြားတွင် လှည့်ပတ်ကာ တကျန်း မင်းဆက်လည်း ထိုနည်းတူပင်....
လူတွေပြောင်းလဲသွားပေမယ့် စိမ်းလန်းတဲ့တောင်တန်းကြီးကတော့ ရှိနေဆဲပင်....
ရက်အနည်းငယ်အကြာတွင် ကျန်းဇီယု နှင့် ကျန်းရှုသည် ဝမ်ချန်း သေဆုံးသည့်သတင်းကို ဟွာဂျန်ရှင်းမှတဆင့် သိလိုက်ရသည်။ ၎င်းတို့သည် ဝမ်ချန်း၏ သင်္ချိုင်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂါရဝပြုခဲ့ကြသည်။
ဝမ်ချန်းသည် သူတို့ ကြီးပြင်းလာစဉ် ၎င်းတို့နှင့်အတူ လိုက်ပါခဲ့ပြီး ၎င်းတို့၏ နှလုံးသားထဲတွင် မိသားစုဝင်အဖြစ်သတ်မှတ်ထားသူပင်......
သားအဖနှစ်ယောက် သင်္ချိုင်းဂူရှေ့တွင် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြသည်။
ကျန်းဇီယုက ရုတ်တရက် ....."ငါ မကြာခင် သေတော့မှယ... ဒါပေမယ့် တကျန်းကတော့ ထာဝရ ခိုင်မြဲနေမယ်လို့ မျှော်လင့်တယ်.... တကျန်း တည်မြဲနေသရွေ့ ငါ့ဆန္ဒက ဒီမှာပဲ အမြဲရှိနေမှာပါ"
ကျန်းရှုက ဖခင်ဖြစ်သူကို တိတ်တဆိတ်ငေးကြည့်နေ၏။
ကျန်းဇီယု က အသက်ပြင်းပြင်းရှူပြီး....
“ဘယ်နှစ်နှစ်နေနိုင်မလဲမသိဘူး.... မင်း နန်းတက်တဲ့အခါ ပျော်ရွှင်မှုကိုသာ ဂရုစိုက်တဲ့ အရင်ဧကရာဇ်တွေလို ဖြစ်မလာဖို့ပဲမျှော်လင့်တယ်..."
ကျန်းယွီသည် ၎င်း၏အမည်ခံဖခင်ဖြစ်သည်ဟူသောအချက်ကြောင့်မဟုတ်ပါက ကျန်းဇီယုသည် သူ့အား ခေတ်လွန်ဘွဲ့တံဆိပ်ပေးမည်မဟုတ်ပေ။ သို့သော်လည်း ကျန်းယွီ အုပ်ချုပ်စဉ်အတွင်း၊ တကျန်းသည် အကျပ်အတည်းများနှင့်ရင်ဆိုင်ခဲ့ရသည်။ အကယ်၍ သူသည် ကျန်းယွီကို အသိအမှတ်မပြုပါက၊ ကျန်းမိသားစုသည် ထီးနန်းအတွက် ဖခင်ကိုသတ်ဖြတ်သည့် မျိုးရိုးအပြစ်ရာဇဝင်တွင်နေပေလိမ့််မည်။
ကျန်းရှုက အံကြိတ်လိုက်ပြီး “အဖေ့ဆန္ဒကို လိုက်နာပါ့မယ်” ဟု ကတိပေးခဲ့သည်။
ချန်းဝူခေတ် ၃၈ နှစ်တွင်.....
ဟွမ်းချွမ်သည် အရှေ့သစ်တော၏ ရှေ့တန်းသို့ ရောက်ရှိခဲ့သည်။ ကင်းထောက်များက ရှီခရိုင်သို့ သတင်းအချက်အလက်များ ပေးပို့ထားသော်လည်း မဟာကန္တရမင်းဆက်ရှိ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူများကို ရှာမတွေ့ခဲ့ပေ။
မဟာကန္တရမင်းဆက်သည် တကျန်းနှင့် ကွဲပြားသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ကတည်းက ကောင်းချီးပေးခံရသောမင်းဆက်ဖြစ်နေခဲ့သည်။မင်းဆက်အာဏာ ကျဆင်းသွားသော်လည်း သိုင်းပညာထွန်းကားဆဲပင်... သိုင်းပညာရှင်အားလုံးက ရွှေခန္ဓာနယ်ပယ်အကြောင်းကို သိကြပြီး ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်ပညာရှင်ကြောင့် ဖြစ်ပေါ်လာသော ကံကောင်းခြင်းဖြစ်စဉ်မှာလည်း ၎င်းတို့ကို အလွန်အမင်း တုန်လှုပ်စေခဲ့သည်။ မဟာကန္တရမင်းဆက်မှလူတစ်ဦးသာ ရွှေခန္ဓာနယ်ပယ်ကို အမှန်တကယ်အောင်မြင်ခဲ့ပါက ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားလာမည်မှာ သေချာပါသည်။
ကျန်းဇီယု ဤအကြောင်းကိုသိသောအခါ ရှုထျန်းကျိကို စစ်ဦးစီးချုပ်အဖြစ် အမိန့်ပေးကာ မဟာကန္တရမင်းဆက်နှင့်စစ်ပွဲဆင်နွှဲခဲ့သည်။ မြို့တော်မပျက်စီးမချင်း ရပ်တန့်မည်မဟုတ်ပေ။
တရားရုံးတွင်......
ကျန်းဇီယု၏ အသံသည် ဖိနှိပ်မှုများနှင့် ပြည့်နေသည်။
“ဒီရွှေခန္ဓာနယ်ပယ်ပညာရှင်ရှိနေရင်တောင် မဟာကန္တရမင်းဆက်ကိုကြောက်နေစရာမလိုဘူး...မဟာကန္တရမင်းဆက်ကို သေချာပေါက်နင်းချေရမယ်!!!"
အရာရှိများ အချင်းချင်းကြည့်ကာ
.... “မှန်လှပါ” ဟုသာ တညီတညွတ်တည်း ထောက်ခံနိုင်ကြတော့သည်။
ဘုရင်မင်းမြတ်သည် ယုံကြည်စိတ်ချမှုရရှိရန် လုချီဘုရားကျောင်းသို့ သွားရောက်ခဲ့သည်ကို အရာရှိအချို့ နားလည်ခဲ့ကြသည်။
တာအိုဘိုးဘေးသည် တကျန်း၏ ပင်မထောက်တိုင်ဖြစ်သည်။
တော်ဝင်အမိန့်ကို အရှိန်မြှင့်ပြီး သုံးလအကြာတွင် ရှေ့တန်းသို့ ပေးပို့ခဲ့သည်။ အချိန်အတော်ကြာစောင့်ဆိုင်းနေသော ရှုထျန်းကျိ သည် ကောင်းကင်ဘုံဗျူဟာတပ်သား 100,000ကို မဟာကန္တရမင်းဆက်၏နယ်စပ်သို့ ချက်ချင်းပို့ဆောင်ခဲ့သည်။
ထို့အပြင် ထောက်ပံ့ပို့ဆောင်ရေးနှင့်အခြားသောတပ်သားများကိုပါထည့်ပေါင်းလိုက်လျှင် စစ်တပ်တစ်ခုလုံးသည် ၁.၅ သန်းကျော်ရှိပြီး အများစုမှာ တုံလင်းမင်းဆက်မှဖြစ်သည်။
မဟာကန္တရမင်းဆက်၏ အိမ်နီးချင်းမင်းဆက်အနေဖြင့် တုံလင်းမင်းဆက်သည် တစ်နှစ်ပတ်လုံး ဂုဏ်ပြုလက်ဆောင်များ ပေးဆောင်ခဲ့ရပြီး ၎င်းတို့ကိုမုန်းတီးနေခဲ့သည်။
ကောင်းချီးပေးခံရသောမင်းဆက်နှစ်ခုကြား စစ်ပွဲ ဖြစ်ပွားချေပြီ........
စစ်တပ်ချီလာသည်ကို မဟာကန္တရမင်းဆက် စစ်တပ်က တွေ့ရှိသောအခါ ချက်ချင်းပင် တိုက်ခိုက်ခဲ့ကြသည်။ တောင်တန်းများနှင့် လွင်ပြင်ကြား ပထမဆုံးစစ်ပွဲသည် မိုင်ရာနှင့်ချီ၍ ရှည်လျားခဲ့သည်။
ပထမတိုက်ပွဲသည် တကျန်း၏အောင်ပွဲဖြင့်ပြီးဆုံးခဲ့သည်။ ပင်းအန်းတစ်ယောက်တည်းက အစစ်အမှန်နတ်ဘုရားနယ်ပယ်နှစ်ပါးကို တွန်းလှန်ပြီး မဟာကန္တရမင်းဆက်၏ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ကာ သူ၏တူဖြင့် တောင်ငယ်တစ်ခုကို ဖြိုခွင်းခဲ့သည်။ ဤတိုက်ပွဲသည် ပင်းအန်း၏အမည်ကို မဟာကန္တရမင်းဆက်တခွင် ပျံ့နှံ့သွားစေခဲ့သည်။
လအနည်းငယ်အတွင်းမှာ မဟာကန္တရမင်းဆက်နဲ့ တကျန်းတို့ရဲ့ တိုက်ပွဲအကြောင်း ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားလေသည်။
ကောင်းချီးပေးခံရသောမင်းဆက်တွေကြာ စစ်ပွဲဖြစ်ခဲ့တာ ဘယ်နှနှစ်ကြာခဲ့ပြီလဲ.... သာမာန်အားဖြင့်ပြောရလျှင် ထိုမင်းဆက်များသည် သာမာန်မင်းဆက်များကို ပေါင်းစည်းခဲ့သော ကံကောင်းမင်းဆက်များဖြစ်သည်။ ကံကြမ္မာမင်းဆက်များသည် အချင်းချင်း လက်ရှောင်ကြပြီး အလွယ်တကူ မတိုက်ဝံ့ကြပေ။
[ ကောင်းချီးပေးခံရသောမင်းဆက်ကို ကံကြမ္မာမင်းဆက်ဟု ပြောင်းလဲရေးသားပါမည်.....]
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က မဟာကန္တရမင်းဆက်သည် ကံကြမ္မာမင်းဆက်တစ်ခုနှင့် စစ်ပွဲဆင်နွှဲခဲ့ပြီး နှစ်ဖက်စလုံး ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်။ သူတို့မရပ်တန့်မီ ချောင် ဂိုဏ်းများကိုပင် တွန်းအားပေးတိုက်ခိုက်ခဲ့ကြသည်။ မမျှော်လင့်ဘဲ မဟာကန္တရမင်းဆက်သည် နောက်ထပ်စစ်ပွဲတစ်ခုနှင့်ကြုံရပြန်ပြီ.....
ရှေ့တန်းမှ သတင်းကောင်းသည် တကျန်း၏ပြည်နယ် (၄၉) ခုသို့ အဆက်မပြတ် ပျံ့နှံ့သွားခဲ့သည်။
အောက်တိုဘာလတွင်....
ဖူယွဲ့ မိသားစုမှ ယုယန်ရိသည် ကျန်းချန်ရှန်း ဆီသို့ လာရောက်လည်ပတ်ခဲ့သည်။
သူမသည် ကမြေဝိညာဉ်သစ်ပင်ဆီသို့ ရောက်လာပြီး ရိုသေစွာ ဦးညွှတ်ကာ....
"စီနီယာ....စီနီယာက တကျန်းနဲ့ မဟာကန္တရမင်းဆက်စစ်ပွဲကို လှုံ့ဆော်ခဲ့သူလား...."
ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်ပြီး... "ဘာလို့မေးတာလဲ.... ဖူယွဲ့ မိသားစုက ဝင်စွက်ဖက်ချင်နေတာလား.."
ယုယန်ရိ အလျင်စလို ခေါင်းခါလိုက်ပြီး...
“ မဟုတ်ပါဘူး... ကံကြမ္မာမင်းဆက်တွေ စစ်ဖြစ်ရင် လွယ်လွယ်ကူကူ ပျက်စီးနိုင်တယ်လို့ သတိပေးချင်တာပါ....ကံကြမ္မာမင်းဆက်တွေက ကံကောင်းခြင်းတွေကိုရရှိထားကြတာမို့ မင်းဆက်နှစ်ခု စစ်ဖြစ်ရင် အနိုင်ရတဒ့မင်းဆက်က ကံကောင်းခြင်းတွေ တိုးလာမယ်... ရိုးရှင်းတယ်ထင်ရပေမယ့် တိုက်ကြီးတစ်လုံးအတွက်တွေးကြည့်မယ်ဆို ကံကြမ္မာမင်းဆက်တွေ စစ်ဖြစ်ရင် မရေမတွက်နိုင်သောလူများ ကျိန်းသေ သေရလိမ့်မယ်...နောက်ဆုံးကျရင် တိုက်ကြီးတစ်ခုလုံးရဲ့ ကံတရားအမြောက်အမြားဆုံးရှုံးပြီး သိုင်းလောကကို ထိခိုက်စေနိုင်တယ်...စစ်ပွဲမှာ အသေအပျောက်များလာတာနဲ့ ချောင်ဂိုဏ်းတွေက စစ်ပွဲရပ်တန့်အောင် ကျိန်းသေပေါက်ပူးပေါင်းကြလိမ့်မယ်... ချောင်ဂိုဏ်းတွေက စီနီယာရဲ့ပြိုင်ဘက်မဟုတ်လောက်ပေမယ့် ရှန်းရှန်တုံးထျန်းကသာ ဝင်ပါလာရင် ဘယ်လိူလုပ်မလဲ....."
“လွန်ခဲ့တဲ့ နှစ်တစ်ရာက မဟာကန္တရမင်းဆက် အနိုင်ရခဲ့ပေမယ့် ချောင်ဂိုဏ်းတွေက သူတို့ကို အပြစ်ပေးခဲ့တယ်...မဟာကန္တရမင်းဆက်က လူများစွာကို သတ်ဖြတ်ခဲ့တယကြောင့် အဲ့အချိန်ကတည်းက မဟာကန္တရမင်းဆက် အုပ်စိုးရှင်တွေက စစ်မတိုက်ဝံ့တော့ဘဲ အေးအေးဆေးအေး နေခဲ့ကြတာ.... ဒါက လျှို့ဝှက်ချက်ပဲ၊ ကျွန်မတောင်
အဖေဆီက ကြားခဲ့တ....."
ကျန်းချန်ရှန်း ရုတ်တရက် နားလည်လာသည်။ ကံကြမ္မာမင်းဆက်များ စစ်ပွဲကို လွယ်လွယ်ကူကူ မစတင်ဝံ့သည်မှာ အံ့သြစရာမရှိပေ။
ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်.....
"ဒါက တကျန်းဧကရာဇ်ရဲ့ ဆန္ဒပါ....သူက ကျုပ်တပည့်ဆိုတော့ ထုံံးစံအတိုင်း သူ့ကို အစွမ်းကုန် ပံ့ပိုးပေးမှာပါ... ဖူယွဲ့ မိသားစုက ဒုက္ခရောက်မှာကြောက်ရင် ငါနဲ့ အဆက်အသွယ်ဖြတ်နိုင်တယ်...ဒီအတွက်လည်း ဘယ်လိုမှသဘောမထားပါဘူး....နားလည်နိုင်ပါတယ်...."
သူသည် ဖူယွဲ့ မိသားစုအပေါ် ကောင်းမွန်သောထင်မြင်ချက်ရှိသည်။
သို့သော်!ကမ္ဘာကြီးက တကျန်း အပိုင်ပဲဖြစ်စေရမည်။
ယုယန်ရိ အံ့သြသွားသည်။ ကျန်းချန်ရှန်း ဤအကြောင်းကိုသိပြီးနောက်တွင် ဤမျှသည်းခံနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူမ အံကြိတ်ကာ “ဖူယွဲ့ မိသားစုက စီနီယာနဲ့အတူရှိနေမှာပါ....ဖူယွဲ့ မိသားစုက ကြောက်နေရင်တောင်မှ စီနီယာကို သေသည်အထိ ပံ့ပိုးကူညီဖို့ ဆန္ဒရှိပါတယ်”
ပိုင်ချီ က သူမကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်နေသည်။
ဟွာဂျန်ရှင်းက လျှို့ဝှက်ဆန်းကြယ်သော အပြုံးမျိုး ပြုံးနေသော်လည်း စိတ်မဆိုးခဲ့ပေ။
ကျန်းချန်ရှန်းနှင့်သူမ၏ဆက်ဆံရေးအကြောင်းကို ပြင်ပလူများ မသိခဲ့ကြပေ။ သူမသည် အသက် 90 ကျော်နေပြီဖြစ်သောကြောင့် ကျန်းချန်ရှန်းသာ အခြားအမျိုးသမီးတစ်ဦးကို ရှာဖွေမည်ဆိုပါက ကန့်ကွက်မည်မဟုတ်ပေ။သူမသေဆုံးပြီးနောက် ကျန်းချန်ရှန်း အထီးကျန်မနေဖို့သာမျှော်လင့်ထားသည်။
သူမ မသေသေးဘဲ ကျန်းချန်ရှန်းက အမျိုးသမီးအများအပြားကို လက်ခံခဲ့မယ်ဆိုရင်တောင် သူမအနေနဲ့ ကန့်ကွက်စရာမရှိပေ။ သူမ၏ဘဝကို ကျန်းချန်ရှန်းက ပေးအပ်ထားသောကြောင့် ကျန်းချန်ရှန်း ၏ရွေးချယ်မှုကို သူမမည်သို့ လွှမ်းမိုးနိုင်မည်နည်း။
ကျန်းချန်ရှန်းသည် ယုယန်ရိ၏ ရည်ရွယ်ချက်ကို သိသော်လည်း မတုန်လှုပ်ပေ။
“ဒါဆို ပြန်လိုက်တော့... မင်းစကားက လုံလောက်တယ်။ တကျန်းက ဖူယွဲ့မိသားစုရဲ့အကူအညီမလိုသေးဘူး....”
ယုယန်ရိ ခေါင်းညိတ်ပြကာ ဦးညွှတ်ပြီး ထွက်သွားခဲ့သည်။
ခြံဝင်းထဲက ထွက်လာတော့ သူမ အံ့ဩသွားသည်။ အဘယ့်ကြောင့်ဆိုသော် မျက်မှန်းတန်းမိနေသော မျက်နှာတွင်အမာရွတ်ရှိသော ဘုန်းကြီးတပါးပျောက်ဆုံးနေသောကြောင့်ပင်....
ထိုစဉ် ကျန်းဂျန် ရောက်လာပြီး စိတ်လှုပ်ရှားစွာနဲ့... “ဘိုးဘိုး...တကျန်းက တကမ္ဘာလုံးနဲ့ရင်ဆိုင်နေရတာလား... ”
ကျန်းချန်ရှန်းက..."ဒါလည်း တမျိူးကောင်းတာပဲ....ရှုံးတဲ့သူတွေခေါင်းဖော်နိုင်မှာမဟုတ်ဘူး...."
....................
ချောက်ကမ်းပါးပေါ်၌ မီးခိုးရောင်၀တ်စုံဝတ် အဘိုးအိုနှင့် ဘရိုကိတ်ဝတ်စုံဝတ်ထားသော အမျိုးသားတို့သည် ဝေးကွာသော အရပ်နှ တိုက်ပွဲကို ကြည့်ရင်း ဘေးချင်းကပ် ရပ်နေကြသည်။ ထိုနေရာ၌ စစ်တပ်များ ထူထပ်စွာ ရှိနေပြီး လူမည်မျှရှိသည်ကို မရေတွက်နိုင်ပေ။ သူတို့သည် လေထဲတွင် တိုက်ခိုက်နေသည့် သိုင်းပညာရှင်များကိုလည်း မြင်တွေ့နိုင်သည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေတောင်တိုက်ခိုက်နေကြသည်။
ဘရိုကိတ်ဝတ်စုံဝတ်ထားသူက သက်ပြင်းချပြီး.... “သူတို့ တိုက်နေတုန်းပဲ... တကျန်းရဲ့ တာအိုဘိုးဘေးက တကယ်ကိုမာနကြီးတယ်.... သူ့တပည့်ကိုပံ့ပိုးဖို့ ချောင်ဂိုဏ်းတွေနဲ့ ရှန်းရှန်တုံးထျန်းကိုတောင် ဂရုမစိုက်တော့ဘူး....."
မီးခိုးရောင်၀တ်ဆင်ထားသော အဘိုးအိုသည် သူ့မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာ ရှိသည်။ သူက မျက်လုံးမှိတ်ထားပြီး “သူ့မှာ အရည်အချင်းရှိတယ်” လို့ ပြောလိုက်သည်။
ဘရိုကိတ်ဝတ်စုံဝတ်ထားသူက...“တကျန်းနဲ့မဟာကန္တရမင်းဆက်ရဲ့စစ်ပွဲကြောင့် လူတွေ ဆင်းရဲဒုက္ခ ကျိန်းသေပေါက်ကြုံရလိမ့်မယ်... ဒီအတိုင်းသာဆို ကံတရားကသေချာပေါက် အရေးယူတော့မှာ... ဒီတစ်ကြိမ်မှာ တကျန်းက စစ်ပွဲတစ်ခု စတင်နေပြီ.... စစ်ပွဲကို ရပ်တန့်ချင်ရင် တာအိုဘိုးဘေးကို ရင်ဆိုင်ရမယ်.... ရိုးရိုးသားသားပြောရရင် ကျုပ် သူနဲ့ရင်မတိုင်ရဲဘူး....တောင်ကိုရွှေ့တယ်ဆိုတာ ကိုယ်တိုင်မမြင်ဖူးပေမယ့် ရွှေခန္ဓာနယ်ပယ်ကို သတ်လိုက်တာတော့ ကိုယ်တိုင်မြင်ဖူးတယ်..."
မီးခိုးရောင်၀တ်စုံဝတ်အဘိုးအိုက.... “အရင်တုန်းကနဲ့မတူတော့ဘူး... ကံတရားကို လွှမ်းမိုးချုပ်ကိုင်လို့ မရတော့ဘူး....အခုဆို ကမ္ဘာပေါ်မှာ ကံကြမ္မာမင်းဆက် ခြောက်ဆက်ရှိပြီး.သူတို့ရဲ့ ကံကောင်းခြင်းတွေ အလွန်တိုးပွားလာပြီး ပါရမီရှင်တွေ အများကြီးပေါ်လာဖို့ အချိန်တန်ပြီ....."
ဘရိုကိတ်အင်္ကျီဝတ်ထားသူက ခေါင်းညိတ်လိုက်သည်။
၎င်းတို့နှစ်ဦးသည် စွက်ဖက်ရန် ရည်ရွယ်ချက်မရှိဘဲ တိုက်ပွဲကို ဆက်လက်ကြည့်ရှုခဲ့ကြသည်။
"ကျစ်..ကျစ်..ယ ပင်းအန်းဆိုတဲ့ကောင်လေးက တကယ်ကို ရက်စက်တယ်.... အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေထဲမှာ သူနဲ့ယှဉ်နိုင်မယ့်သူမရှိဘူး.... မဟာကန္တရမင်းဆက်ရှုံးတော့မယ်ထင်တယ်....ဒါဆို ကျုပ်တို့တွေ တာအို ဘိုးဘေးနဲ့ ရင်ဆိုင်စရာမလိုတော့ဘူး...” ဟု ဘရိုကိတ်ဝတ်စုံဝတ် အမျိုးသားက မှတ်ချက်ပြုလိုက်သည်။
“မဟုတ်သေးဘူး.... မကြာသေးမီက မွေးဖွားခဲ့တဲ့ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူက မဟာကန္တရမင်းဆက်က မဟုတ်ပေမယ့် မဟာကန္တရတော်ဝင်မိသားစုနဲ့ဆက်စပ်နေတယ်...."
"သူတို့ရဲ့ဆက်ဆံရေးကဘာလဲ"
“လောလောဆယ် မသေချာပေမယ့် အနည်းဆုံးတော့ ဆက်စပ်နေတာပဲသိရသေးတယ်.... အသေးစိတ် အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲပဲ....”
"အင်း၊ ဘယ်လောက်တောင် ဒုက္ခများလိုက်သလဲ...."
ဘရိုကိတ်အင်္ကျီဝတ်ထားသူက ခေါင်းယမ်းပြီး လှည့်ထွက်သွားသည်။
မီးခိုးရောင်၀တ်စုံဝတ် အဘိုးအိုက သူ့ကို လှမ်းကြည့်ကာ.... “ နတ်ဆိုးအရှင်က တောင်ဘက်ကို ဦးတည်နေတယ်....မင်း နတ်ဆိုးအရှင်ကို တကျန်းဆီ လမ်းညွှန်နိုင်တယ်.... နတ်ဆိုးအရှင်သာ တကျန်းက သိုင်းသမားတွေကို အမဲလိုက်မယ်ဆို စစ်ပွဲရပ်တန့်သွားနိုင်တယ်....."
ဘရိုကိတ်ဝတ်ထားသော အမျိုးသားက ပြုံးလိုက်ကာ “ခင်ဗျားက မြေခွေးအိုကြီးပဲ....ခင်ဗျားကိုဘာမှ ဖုံးကွယ်လို့ မရဘူး.... ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကိုသတ်တဲ့ ဒီအစီအစဉ်က တော်တော်ကောင်းပါတယ်....အခုပဲ နတ်ဆိုးအရှင်နဲ့သွားတွေ့လိုက်မယ်...."
ထိုသူသည် လေထဲသို့ခုန်တက်လိုက်ပြီး ခရမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မိုးကုပ်စက်ဝိုင်းဆီ ပျံသန်းပျောက်ကွယ်သွားလေသည်။
မီးခိုးရောင်၀တ်စုံဝတ်အဘိုးအိုက စစ်မြေပြင်ကို တစ်ချက်ကြည့်လိုက်ပြီး..... “လူသားဧကရာဇ် မင်း ဘယ်အချိန်မှ တံခါးပိတ်ကျင့်ကြံတာပြီးဆုံးမှာလဲ.... စကြဝဠာနယ်ပယ်ကျွမ်းကျင်ပညာရှင်အသစ်တစ်ယောက် ဒီကမ္ဘာကြီးမှာ မွေးဖွားလာပြီ.. ကမ္ဘာကြီးကို ကာကွယ်ဖို့ မင်းသာမရှိရင် ကံကြမ္မာက ခက်ခဲတွေ ကြုံလာရလိမ့်မယ်……”