← Chapters

အင်မော်တယ် အရှင်သခင် လှံသိုင်း

Vol. 7 Ch. 61

အင်မော်တယ် အရှင်သခင် လှံသိုင်း

Vol. 7 Ch. 61

မျောလွင့်ပုံရိပ်ခန်းမသို့ရောက်ရှိခြင်းက သူအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ သူက ဒီနေရာနှင့် ရင်းနီးကျွမ်းဝင်ပြီးသားဖြစ်သည်။

သို့သော်လည်း လီဟမ်ရှန်း က မျောလွင့်ပုံရိပ်ခန်းမ၏ ထိပ်ဆုံးတွင် ရောက်လာသောအခါ သူက များပြားသည့် အာရုံများအား ဆွဲဆောင်နေဆဲဖြစ်သည်။

ဒီ တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူက အတော်လေး သာမန်ဖြစ်လွန်းတယ်။

သူက မူဟိုင်ဖုန်း ရဲ့ တိုက်ရိုက်တပည့် လား။

သူ့ရဲ့ ပထမဆုံး မျောလွင့်ပုံရိပ် ခန်းမ ကို လာရောက်တဲ့ အခါမှာ သူက စွမ်းအားကြီးတဲ့ ပန်းချီသူတော်စင် ရဲ့ သိုင်းကျင့်စဉ် ကို ဖမ်းဆုပ်နိုင်ခဲ့သည့် တစ်ယောက်ဖြစ်သည်။

ထို့ကြောင့် လီဟမ်ရှန်း၏ ရောက်ရှိလာမှုက အတော်လေး ပွက်လောရိုက်သွားခဲ့ပြီး အမျိုးသမီး တပည့်များစွာက သူ့အား ကြင်နာ၊ချစ်ခင်သည့် မျက်လုံးများဖြင့် ကြည့်နေကြသည်ကို သူပင် သတိထားမိခဲ့သည်။

" စီနီယာ အကို ! "

ခပ်လှမ်းလှမ်းမှ ကျယ်လောင်သည့် အော်ခေါ်သံကို ကြားလိုက်ရသည်။ သူ့ဆီသို့‌ ပြေးလာနေသည့် တစ်ယောက်ကို လီဟမ်ရှန်း တွေ့လိုက်သည်။

သူက ဝူစန်းထုံ ပင်။

ဝူစန်းထုံက လီဟမ်ရှန်းဆီသို့ စိတ်လှုပ်ရှားစွာ ပြေးလာခဲ့ပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည် " စီနီယာ အကို က ဒီမှာပဲ။ အရင်တစ်ခါက စီနီယာ အကိုမှန်း မသိလိုက်လို့ ကျွန်တော်က ရိုင်းပျမိသွားပါတယ် "

" အဆင်ပြေပါတယ် " လီဟမ်ရှန်း က ပြုံးကာပြောလိုက်သည် " ကျွန်တော်က မူဟိုင်ဖုန်း ကို နောက်ကျမှရောက်လာခဲ့တာပဲ။ ကျွန်တော့်ကို မသိတာက ပုံမှန်ပါပဲ။ ကျွန်တော့်နာမည်ဆို ပြောမနေနဲ့တော့ "

" ဒီနေ့ရော သိုင်းကျင့်စဉ် ကို ဖမ်းဆုပ်နိုင်ဖို့ ထပ်ရောက်လာခဲ့တာလား စီနီယာ အကို " ဝူစန်းထုံ က သူ့ရှေ့မှ လီဟမ်ရှန်း ကို ကြည့်လိုက်သည်။ ဘာကြောင်းမှန်းမသိ လီဟမ်ရှန်း က တက်လှမ်းခြင်း အဆင့် ခြောက် ကျင့်ကြံသူဖြစ်သော်လည်း သူ့အား အလွန်လေးလံသည့် ဖိအားတစ်ခုကို ခံစားရစေခဲ့သည်။

" ဟုတ်တယ် " လီဟမ်ရှန်းက ခေါင်းညိမ့်လိုက်သည်။

ဒါဆို အရင် သွားနှင့်ပါ စီနီယာ အကို ။ နောက်တစ်ခါမှ စကားပြောကြတာပေါ့" ဝူစန်းထုံက လျင်မြန်စွာပြောလိုက်သည်။

" ကောင်းပါပြီ ။ နောက်တစ်ခါမှ ပြောကြတာပေါ့ " ဝူစန်းထုံက သူ၏ အဆင့်အတန်းကြောင့် ယဉ်ကျေးနေသည်ကို လီဟမ်ရှန်း က သဘာဝကျကျ နားလည်ပေသည်။

သို့သော်လည်း သူက ထိုကဲ့သို့လူများကို ဂရုမစိုက်ပေ။

ထိုကဲ့သို့ အောက်ခြေ၌နေထိုင်ရသည့် သူများက အခွင့်အလမ်းများကို ဆုပ်ကိုင်ခြင်းက ဘဝအောင်မြင်ဖို့ရာအတွက် သော့ချက်ဖြစ်သည်ကို သိကြလေသည်။

အတိတ်က သူကဲ့သို့ပင်။ မူဟိုင်ဖုန်း ကို ဝင်ရောက်နိုင်တယ်လို့ သိရတုန်းက သူလည်းပဲ အဲ့ဒီအခွင့်အရေးကို ဖမ်းဆုပ်ထားချင်ခဲ့တယ်မဟုတ်လား။

သူက လူတိုင်း၏ အားကျနေကြသည့် အကြည့်များကြားမှ ခြောက်ခုမြောက် ဝင်ပေါက်မှတစ်ဆင့် မျောလွင့်ပုံရိပ်ခန်းမ ထဲသို့ ဝင်လာခဲ့သည်။

" ခန်းမ သခင် " မျောလွင့်ပုံရိပ်ခန်းမ၏ ခန်းမသခင်အား တွေ့ရသည်နှင့် လီဟမ်ရှန်း က ရိုသေစွာ နှုတ်ဆက်လိုက်သည်။

သူ့၌ ထိုခန်းမသခင်အပေါ် ကောင်းမွန်သည့် အမြင် တစ်ခုရှိပေသည်။

မျောလွင့်ပုံရိပ် ခန်းမ သခင်က လီဟမ်ရှန်းကို တစ်ခဏမျှ ကြည့်နေခဲ့ပြီး သူက အနည်းငယ်အံ့အားသင့်စွာဖြင့် ပြောလိုက်သည် " တက်လှမ်းခြင်း အ‌ဆင့်ခြောက်ရဲ့ အစွမ်းက တကယ်ကို သာမန်ထက် လွန်ကဲ‌တာပဲ "

ထိုအခိုက်အတန့်၌ မျောလွင့်ပုံရိပ် ခန်းမသခင်က လီဟမ်ရှန်း၌ရှိသည့် ပြောင်းလဲမှုများကို မြင်နိုင်ပေသည်။

ဒါက အတော်လေး အံ့အားသင့်ဖွယ်ကောင်းသည်ဟု ဆိုနိုင်ပေသည်။

" ဒီနေ့ သင့်တော်တဲ့ သိုင်းကျင့်စဉ် ရွေးချယ်ဖို့ရောက်လာခဲ့တာလား" ခန်းမသခင်ကမေးလိုက်သည်။

" ဟုတ်ပါတယ် " လီဟမ်ရှန်းက ခေါင်းညိမ့်ကာပြောလိုက်သည်။ " ပန်းချီသူတော်စင် ဆီကနေ ကျွန်တော် နားလည်ခဲ့တဲ့ သိုင်းကျင့်စဉ်က အစွမ်းထက်ပေမယ့်လည်း ကျွမ်းကျင့်ဖို့ရာ အရမ်းခက်ခဲတယ်။ ကျွန်တော့်မှာ တိုက်ခိုက်ဖို့အတွက် ဘာကျင့်စဉ်မှ မရှိသေးဘူး”

" ဟားဟား " ခန်းမသခင်က ရယ်လျက် ပြောလိုက်သည် " စွမ်းအားကြီးတဲ့ သိုင်းကျင့်စဉ်တွေက ဒီလိုပါပဲ။ ဘယ်လို သိုင်းကျင့်စဉ်မျိုးကို ရွေးချယ်ချင်လဲ။ အရင် စည်းမျဉ်းအတိုင်းပဲ ရွေးလိုက် "

ဤသို့နှင့် ခန်းမသခင်က လီဟမ်ရှန်းထံသို့ စာရင်းစာအုပ်ကို တစ်ဖန်ပြန်ပေးလိုက်သည်။

" ခန်းမသခင် ကျွန်တော် လှံကျင်စဉ်ကို ရွေးချယ်ချင်ပါတယ် " လီဟမ်ရှန်းက ရိုးသားစွာပြောလိုက်သည်။

" လှံ ကျင့်စဉ်လား " ခန်းမသခင်က မျက်ခုံးပင့်လိုက်ပြီးနောက် လက်ခံစွာ ခေါင်းညိမ့်လိုက်သည်။

" အမှန်ပဲ၊ မင်းရဲ့ လက်ရှိခန္ဓာကိုယ်နဲ့ဆိုရင် အ‌ရမ်း အားကောင်းတဲ့ ခွန်အား ကို ထုတ်ဖော်နိုင်တဲ့ လေးတဲ့ လက်နက်တွေနဲ့ ရှည်တဲ့ လက်နက်တွေကို ရွေးချယ်တာက တကယ် သင့်တော်ပါတယ်"

"ဒါပေမယ့် ငါ့မှာ မင်းကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးဖို့လည်း ရှိတယ် " ခန်းမသခင်၏ အသံက လေးလေးနက်နက်ရှိလာခဲ့သည်။ " လက်နက်တွေက လူနဲ့ တစ်သက်လုံး အတူရှိနေမှာ။ စန်းယွမ်နယ်မြေ တစ်ခုလုံးမှာ လက်နက်တိုတွေကို အဓိကကျပြီးတော့ ဓားတွေကို လေးစားကြတယ်။ မရေမတွက်နိုင်တဲ့ အင်အားကြီးတဲ့ လူတွေလည်း ပေါ်ထွက်ခဲ့တယ် "

" ရှေ့လူတွေက ခင်းထားခဲ့တဲ့ ပိုပြီးလွယ်ကူတဲ့ လမ်းကြောင်းတွေလည်း ရှိတယ်။ လေးတဲ့လက်နက်တွေနဲ့ ရှည်တဲ့လက်နက်တွေလိုမျိုး သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို အောင်မြင်အောင်ကြိုးစားလုပ်နိုင်တဲ့ အားကြီးတဲ့သူတွေက ပိုပြီးနည်းပါး‌တာကြောင့် ကိုးကားချက်တွေက ပိုပြီးတော့ နည်းပါးတယ်"

" ငါ ဘာကိုဆိုလိုတယ်ဆိုတာ မင်း နားလည်တယ်မို့လား "

"ကျွန်တော် နားလည်ပါတယ် " လီဟမ်ရှန်းက ခေါင်းညိမ့်လိုက်သော်လည်း သူက ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။

" ကောင်းတယ်။ မင်း က နားလည်တယ်ဆိုတော့ ငါက အများကြီးမပြောတော့ပါဘူး။ ငါတို့ ရှေးဟောင်းတာအိုနယ်မြေရဲ့ သိုင်းကျင့်စဉ်တွေထဲက နားလည်ထားခဲ့ပြီးဖြစ်တဲ့ လှံကျင့်စဉ် ၆၂ ခုရှိတယ်။ အဲ့တာတွေအားလုံးက ဒီမှာပဲ "

ပြောပြီးသည့် နောက်တွင် ခန်းမသခင်က စာရင်းစာအုပ်ပေါ်မှ အမည်များကို လီဟမ်ရှန်း တွေ့ရန်အတွက် ညွှန်ပြလိုက်သည်။

လီဟမ်ရှန်း က သေချာကြည့်ခဲ့ပြီး‌ အရမ်းအသေးစိတ်ကျသည်ကို တွေ့ရှိခဲ့သည်။ ခန်းမသခင်က ထိုလှံကျင့်စဉ်များကို အဆင့်သတ်မှတ်ချက်များပင် ခွဲထားခဲ့သည်။

ပထမတစ်ခုက နတ်ဘုရားလေဟာနယ် လှံသိုင်း ။

ဒုတိယတစ်ခုက ကျား 19 ကောင် လှံသိုင်း ။

လီဟမ်ရှန်းက နည်းနည်းချင်းဆီ အောက်ဆင်းလာခဲ့သည်။

သူက လှံကျင့်စဉ်အားလုံး ကို ကြည့်လိုက်ပြီး အားလုံးက ဤလှံကျင့်စဉ်၏ အားနည်းချက် ၊ အားသာချက်များ ကို ရှင်းပြထားပြီး အားလုံးကို မှတ်သားထားခဲ့သည်။

လီဟမ်ရှန်းက နာရီဝက်ခန့် ကြာအောင်ကြည့်ရှုနေခဲ့သည်။

သို့သော်လည်း ခန်းမသခင် က အလွန်စိတ်ရှည်ပေသည်။ သူက ဘေးမှ တိတ်ဆိတ်စွာ လက်ဖက်ရည်သောက်နေရင်း လီဟမ်ရှန်းအား အေးအေးဆေးဆေးကြည့်ရန် ခွင့်ပြုထားလေသည်။

ဤစာရင်းစာအုပ်က တိုက်ရိုက်တပည့်များက လွဲပြီး အတွင်းစည်း တပည့်များပင် ကြည့်ဖို့ရာ အရည်အချင်းမရှိပေ။

လီဟမ်ရှန်း က မျက်စိကျိန်းလုနီးပါး ဖြစ်နေစဉ်မှာပဲ ရုတ်တရက် သူက စာရင်းစာအုပ်၏ အောက်ခြေ၌ ရှိနေသည့် နောက်ထပ် အမျိုးအစား တစ်ခုကို တွေ့ခဲ့သည်။

တားမြစ်အမျိုးအစားများဟု ခေါ်ပေသည်။

အတွင်း၌ သိုင်းကျင့်စဉ်အချို့လည်း ပါရှိသည်။ လီဟမ်ရှန်းက တားမြစ်အမျိုးအစားထဲမှ လှံကျင့်စဉ်တစ်ခုကိုလည်း တွေ့ခဲ့သည်။

"အင်မော်တယ် အရှင်သခင် လှံသိုင်း"

နာမည်က အလွန် အထက်စီးဆန်လှပေသည်။

" ခန်းမ သခင် ၊ ဒီ အင်မော်တယ် အရှင်သခင် လှံသိုင်း က ဘယ်လို လှံသိုင်းမျိုးလဲ။ အဲ့တာကို ဘာလို့ တားမြစ် အမျိုးအစားထဲမှာ ထည့်ထားရတာလဲ။" လီဟမ်ရှန်းက သိချင်စွာဖြင့် မေးလိုက်သည်။

" ဘာလို့လဲဆိုတော့ အဲ့ဒီ လှံသိုင်း ကို ကျင့်တဲ့ လူအားလုံးက ခြွင်းချက်မရှိသေဆုံးသွားကြလို့ပဲ " ခန်းမသခင်က စာရင်းစာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ " အဲ့ဒီ လှံသိုင်းက တကယ်တော့ အရမ်း အစွမ်းထက်တယ်။ ငါတို့ ရှေးဟောင်းတာအိုတောင်ဂိုဏ်း က တပည့်လေးယောက်က အဲ့တာကိုလေ့ကျင့်ခဲ့ကြပေမယ့် ဘယ်သူမှ အဆုံးသတ်အောင် မလုပ်နိုင်ခဲ့ကြဘူး "

" သူတို့အားလုံး သေသွားကြတာလား " လီဟမ်ရှန်းက အတော်လေး အံ့အားသင့်သွားခဲ့သည်။

ဒါက ဘယ်လို သိုင်းကျင့်စဉ်မျိုးလဲ

ဒါက လေ့ကျင့်တဲ့သူတွေကို တကယ်ပဲသတ်ပစ်နိုင်တာလား။ "အင်မော်တယ် အရှင်သခင် လှသိုင်းက တကယ်ကို အရမ်း အစွမ်းထက်တယ်။ အဲ့ဒါက ကျင့်ကြံခြင်းတစ်လျောက်လုံးမှာ သူတို့ရဲ့ ကိုယ်ပိုင်ခွန်အားကို ပေါက်ကွဲစေနိုင်တဲ့ လှံသိုင်းပဲ။ သူ့ရဲ့ စွမ်းအားက ပြောစရာမလိုဘူး။ လှံသိုင်းတွေအားလုံးထဲမှာမှ အစွမ်းအထက်ဆုံး လို့တောင် ပြောနိုင်တယ် "

" သို့ပေမယ့်လည်း အဲ့တာက ပေါက်ကွဲတဲ့အကြိမ်တိုင်းမှာ ကျင့်ကြံသူရဲ့ အတွင်းအား ဒါမှမဟုတ် စစ်မှန်တဲ့ အနှစ်သာရ ပမာဏ အများအပြားကို လောင်မြိုက်စေပြီးတော့ ရုပ်ခန္ဓာမှာလည်း ပြင်းထန်တဲ့ ကုန်ခန်းမှု ဖြစ်ပေါ်စေတယ် "

" တပည့်လေးယောက်ထဲက တစ်ယောက်က ကျင့်စဉ်ကို ကြိမ်ဖန်များစွာ အသုံးပြုတာကြောင့် ပြန်မကောင်းနိုင်တော့တဲ့ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကြောင့် ဒုက္ခိတ ဖြစ်သွားခဲ့ရတယ်။ သူက ထိုးနှက်ချက် ကို လက်မခံနိုင်ခဲ့တာကြောင့် ချောက်ကမ်းပါးမှာ ကြိုးဆွဲချပြီး သေသွားခဲ့တယ် "

" တပည့် နှစ်ယောက်ကလည်း ကျင့်စဉ်ကို ကြိမ်ဖန်များစွာအသုံးပြုတာကြောင့် မောပန်းပြီး သေဆုံးသွားရတာ "

" နောက်ဆုံးတပည့်တစ်ယောက်ကတော့ တိုက်ပွဲအတွင်းမှာ သူရောက်နေတဲ့ အတိုင်းအတာကို ကျော်လွန်ပြီးတော့ ရန်သူ 6 ယောက်ကို အင်မော်တယ် အရှင်သခင်လှံသိုင်း နဲ့ သတ်ပစ်ခဲ့တယ်။ သူက မောပန်းပြီးတော့ စွမ်းအားတွေ ကုန်ခမ်းလာပြီး နောက်ဆုံးမှာတော့ နောက်ဆုံးရန်သူရဲ့ သတ်တာကို ခံခဲ့ရတယ် "

"ဒါကြောင့် အဲ့ဒီ အင်မော်တယ် အရှင်သခင် လှံသိုင်း က တားမြစ်အမျိုးအစား ထဲမှာ ရောက်လာတာပဲ" မျောလွင့်ပုံရိပ် ခန်းမသခင်က ခေါင်းခါပြီး " အဲ့တာကို ပေါ့ပေါ့တန်တန် မလေ့ကျင့်နဲ့ "

" ကျွန်တော် သိပြီ " သို့သော်လည်း လီဟမ်ရှန်း က ဤအင်မော်တယ် အရှင်သခင် လှံသိုင်း ကို စိတ်ဝင်စားလာခဲ့ပြီဖြစ်သည်။

သူ၏ နေလအင်မော်တယ်နတ်ဆိုးခန္ဓာက ဤအင်မော်တယ်အရှင်သခင်လှံသိုင်းအား ထိန်းချုပ်နိုင်မလားဆိုသည်ကို လီဟမ်ရှန်းက စူးစမ်းချင်နေခဲ့သည်။

" ကြိုးစားကြည့်ချင်လား " လီဟမ်ရှန်း ၏ အတွေးများကို မြင်နေရသည့် မျောလွင့်ပုံရိပ်ခန်းမသခင်က ပြုံးကာ ပြောလိုက်သည် " ဒုတိယထပ် အစွန်ဆုံး အခန်း "

" သွားပြီးတော့ ခံစားကြည့်လိုက် "

" ကျေးဇူးတင်ပါတယ် ခန်းမသခင် " လီဟမ်ရှန်း က အပေါ်ထပ်သို့ တက်သွားခဲ့ပြီး ဒုတိယထပ်ရှိ အစွန်ဆုံးအခန်းသို့ လျောက်လာခဲ့သည်။

တံခါးပေါ်၌ နာမည်တစ်ခုကိုလရေးထိုးထားခဲ့သည်။

" အင်မော်တယ် အရှင်သခင် လှံသိုင်း ပန်းချီကား "

လီဟမ်ရှန်းက တံခါးကိုတွန်းကာ အထဲသို့ ဝင်သွားခဲ့သည်။

အခန်းဖွဲ့စည်းပုံက အခြားအခန်းများကဲ့သို့ပင်။ သူဝင်လိုက်သည်နှင့် နံရံပေါ်၌ ချိတ်ဆွဲထားသည့် ပန်းချီကားကို တွေ့ခဲ့သည်။

ပန်းချီကားထဲ၌ လှံရှည်တစ်ချောင်းက ရှိနေခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် လီဟမ်ရှန်းသည် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလှံသိုင်း ပန်းချီကား ထံမှ ဘုရင်တစ်ပါး ကဲ့သို့ ကြီးစိုးခြယ်လှယ်သည့် အရှိန်အဝါတစ်ခုကို ခံစားရခြင်းကြောင့်ပင်။

ကြံကြံခံရန် ခက်ခဲသည့် ကြီးစိုးခြယ်လှယ်ခြင်းအရှိန်အဝါ !

မွန်းကျပ်စေသည့် ကြီးစိုးခြယ်လှယ်ခြင်းအရှိန်အဝါ !

လေလှိုင်းတစ်ခုကဲ့သို့ ကြီးစိုးခြယ်လှယ်ခြင်းအရှိန်အဝါ က သူ့အား လွမ်းမိုးခြယ်လှယ်ခြင်း ပင်လယ်ထဲ၌ နစ်မြုပ်နေစေခဲ့သည်။

All Chapters