← Chapters

လီချန်ချင်း၏ သက်သေပြခြင်း

Vol. 7 Ch. 63

လီချန်ချင်း၏ သက်သေပြခြင်း

Vol. 7 Ch. 63

လီချန်ချင်း၏ လက်များက ညစ်ပတ်မနေသော်လည်း သူက စာကိုလှမ်းမယူခင် သူ့လက်များအား ဝတ်ရုံနှင့် ပွတ်သပ်နေဆဲဖြစ်သည်။

သူက ဝမ်ရှုမျှော်စင်ရှေ့ရှိ လှေကားထစ်များပေါ်၌ ထိုင်ချခဲ့သည်။

"မဟာ အကြီးအကဲ ဒီမှာ ထိုင်ခုံတွေရှိပါတယ် " ယန်ပါးထောင်က ထိုင်ခုံတစ်လုံးကို အမြန်ရွေ့ခိင်ခဲ့သော်လည်း လီချန်ချင်းက သူ၏ လက်ကိုဝှေ့ယမ်းကာ ကိစ္စမရှိဘူးဟု ပြသခဲ့ပြီး စိတ်အားထက်သန်စွာဖြင့် စာကို ဖွင့်လိုက်သည်။

သူ၏ မွေးစားသားလေးက ယခုလတ်တလော ဘာတွေလုပ်နေလဲဆိုသည်ကို သူသိချင်‌ခဲ့သည်။

လီချန်ချင်းသည် စာကို အေးအေးဆေးဆေးဖတ်နေခဲ့ပြီး ဝမ်ရှုမျှော်စင်၌ စာဖတ်ခြင်းထက် ပို၍ လေးနက်နေခဲ့သည်။

စာထဲ၌ လီဟမ်ရှန်း၏ တိုက်ရိုက်တပည့်အဖြစ် နားလည်ရခက်ခဲသည့် ဝင်ခွင့်ပြုခြင်း အပါအဝင် ရှေးဟောင်းတာအိုတောင်နယ်မြေရှိ လတ်တ‌လော အဖြစ်အပျက်များအား အသေးစိတ်ရေးထားခဲ့သည်။ ‌

ထို့အပြင် သူက သိုင်းကျင့်စဉ်အသစ်တစ်ခုကိုပင် ဖမ်းဆုပ်နိုင်ခဲ့ပြီး အလွန်အစွမ်းထက်သည့် ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်တစ်ခုကို ရရှိခဲ့သည်။

သူက တိုက်ရိုက်တပည့်ဖြစ်လာခြင်းကြောင့် ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များ သူအရင်ကရရှိခဲ့သည်ထက် များစွာသာလွန်ပေသည်။

သူက စာထဲ၌ လီချန်းချင်းပေးပို့ခဲ့သည့် ငွေလက်မှတ်များအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောထားခဲ့သည်။

သူက လီချန်ချင်းအား ကျန်းမာရေးဂရုစိုက်ရန် တိုက်တွန်းခဲ့ပြီး လီချန်ချင်း လတ်တလောသုံးရန်အတွက် ငွေစ 400 ကို ပြန်လည်ပေးပို့ခဲ့ပြီး

တိုက်ရိုက်တပည့်များအတွက် အရင်းအမြစ်များ ပေးဝေသည့်အချိန်၌ ပို၍များများပို့ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

သူက ရှေးဟောင်းတာအိုတောင်နယ်မြေ၌ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေတာမို့ သူ့အဖေအား စိတ်ချ‌လက်ချနေရန်နှင့် သေချာသည့် ရလာဒ်များရရှိပြီးပါက သေချာပေါက် တစ်ခေါက်ပြန်လာမည်ဖြစ်ကြောင်း ပြောထားခဲ့သည်။

စာထဲမှာပါသည့် ခံစားချက်များက အလွန် စစ်မှန်ပေသည်။

လီချန်ချင်းက စာကို အစမှအဆုံး သုံးခေါက်တိုင်တိုင်ဖတ်ပြီး သူ့မျက်နှာပေါ်၌ အပြုံးမပျက်ရှိနေခဲ့သည်။

ဤကဲ့သို့ လိမ္မာရေးခြားရှိသည့် သားတစ်ယောက်ရှိခြင်းက သူ့အား အမှန်တကယ် ပျော်ရွှင်စေပါသည်။

တစ်စောင်လျှင် ငွေစ တစ်ရာ နှင့် ညီမျှသည့် ငွေလက်မှတ် 4 စောင်ကို ကြည့်နေရင်းဖြင့် လီဟမ်ရှန်း ပေးနိုင်သမျှအားလုံးဖြစ်ကြောင်း နှင့် သူ့ဆီသို့ အားလုံးကို ပြန်ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း လီချန်ချင်းက သိခဲ့ပြီး ဖြစ်သည်။

သူက သူ့အဖေ နေမကောင်းဖြစ်မှာကို စိုးရိမ်နေပေသည်။

ဒီလို ကောင်းမွန်တဲ့ သားမျိုးကို ဘယ်မှာသွားရှာရမလဲ။

" ယန် မိသားစု ခေါင်းဆောင် " လီချန်ချင်းက ယန်ပါးထောင်ကို မော့ကြည့်ကာ မေးလိုက်သည် " ကျုပ်က ကျင့်ကြံခြင်းအကြောင်းအများကြီးမသိဘူး။ တက်လှမ်းခြင်းအဆင့်ကို ရောက်နေပြီး ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်ကို လေ့ကျင့်နေတဲ့ အခါမှာ အဲ့တာက အတော်လေး အစွမ်းထက်တဲ့ သိုင်းကျင့်စဉ်ဆိုရင် အရင်းအမြစ်အများကြီး လိုအပ်တာလား "

"အစွမ်းထက်တဲ့ သိုင်းကျင့်စဉ်လား" ယန်ပါးထောင်က လီချန်ချင်း၏ မသိနားမလည်ခြင်း ကို သံသယမဖြစ်ပေ။

တကယ်တော့ ပန်းချီဆရာများ နှင့် သိုင်းကျင့်ကြံသူများ၏ ကျင့်ကြံခြင်းနည်းလမ်းများက ကွာခြားကြပေသည်။ ထို့ကြောင့် နားမလည်ရန်မှာ ပုံမှန်ဖြစ်ပေသည်။

ယန်ပါးထောင်က တစ်ခဏမျှစဉ်းစားပြီး ပြောလိုက်သည်။ " ပုံမှန်အားဖြင့်တော့ ပိုပြီးအစွမ်းထက်တဲ့ သိုင်းကျင့်စဉ်ဖြစ်လေ ခန္ဓာကိုယ်ကို ပြီးပြည့်စုံဖို့ ဒါမှမဟုတ် သွေးချီစွမ်းအားကို တိုးတက်လာစေဖို့ အရင်းအမြစ်က ပိုပြီးတော့ လိုအပ်လေပါပဲ။ များပြားတဲ့ ရတနာတွေ ဒါမှမဟုတ် ဆေးလုံးတွေကို လိုအပ်တယ်။ မဟုတ်ရင် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှာမဟုတ်ဘူး"

" တကယ်လို့ သတ်မှတ်ချက်တွေကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် လေ့ကျင့်နေတာတွေက အချည်းနှီးလိုပဲ "

ယန်ပါးထောင်၏ ရှင်းပြချက်ကို ကြားပြီး လီချန်ချင်း က အံ့ဩနေခဲ့သည်။ ထို့နောက် သူက မေးလိုက်သည် " အကြမ်းဖျင်း ပိုက်ဆံ ဘယ်လောက်များများ လိုအပ်သလဲ "

" ဒါက ပြောဖို့ခက်တယ။ တက်လှမ်းခြင်း အဆင့် ၅ ကနေ တက်လှမ်းခြင်း အဆင့် ၉ အထိ ၊ တကယ်ကို အစွမ်းထက်တဲ့ ခန္ဓာသန့်စင်ခြင်း သိုင်းကျင့်စဉ်ကို လေ့ကျင့်မယ်ဆိုရင် လိုအပ်တဲ့ အရင်းအမြစ်တွေက အသူတစ်ရာနက်တဲ့ တွင်း တစ်တွင်းလိုပဲ"

" တစ်ယောက်ချင်းဆီရဲ့ ပင်ကိုယ်စွမ်းရည် အပေါ်မှာလည်း မူတည်သေးတယ် " ယန်ပါးထောင်က ထပ်ပြောခဲ့သည်။

" အသူတစ်ရာနက်တဲ့ တွင်း လား ဟက် " လီချန်ချင်းက ရေရွတ်ခဲ့သည်။

သို့သော်လည်း ထိုသည်က အသူတစ်ရာနက်သည့် တွင်းတစ်တွင်း ဖြစ်နေလျှင်ပင် သူက ပြည့်အောင်ဖြည့်မည်ဟု လီချန်ချင်းက ဆုံးဖြတ်ထားပြီးဖြစ်သည်။

ဒါက သူ့ရဲ့အရင်ဘဝက မိသားစုများကဲ့သို့ပင်။ ငွေကြေးမပြည့်စုံကြသော်လည်း သားသမီးက ပီကင်း တက္ကသိုလ် သို့မဟုတ် ပေကျင်းမြို့ရှိ ထရှင်းဟွာ တက္ကသိုလ်သို့ တက်ရောင်ခွင့်ရပါက မိဘများက သူတို့၏ သွေးများကိုပင် ဖောက်ရောင်းကာ သူတို့သားသမီးဆီသို့ ပို့ပေးကြမည်ဖြစ်သည်။

ဤသည်က ကလေး၏ ဘဝတစ်ခုလုံးသက်ရောက်စေနိုင်သည့် အရာဖြစ်သည်။

လီချန်ချင်းက ထိုကဲ့သို့ လူမျိုးဖြစ်သည်။

ကံမကောင်းစွာဖြင့် သူ၏ အရင်ဘဝ၌ လီချန်ချင်း၏ သားက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းတစ်ခုသို့ ရရှိရန်သာ တာဝန်ယူနေပြီး သူ့အား အခွင့်အရေးမပေးခဲ့ပေ။

" ခေါင်းဆောင် ယန် ဒီလ ကျုပ်ရဲ့ လစာကို ကြိုထုတ်လို့ရမလား" လီချန်ချင်း က မော့ကြည့်ကာ မေးလိုက်သည်။

" ရတာပေါ့" ယန်ပါးထောင်က လုံးဝတုန့်ဆိုင်းခြင်းမရှိပေ။ သူက လီချန်ချင်း၏ တောင်းဆိုမှုကို သေချာပေါက် ဖြည့်ဆည်းပေးမည်ဖြစ်သည်။ လီချန်ချင်းမရှိဘဲ သူ၏ ယန်မိသားစု စီးပွားရေးက ဘယ်လိုလုပ် ဒီလောက်များများ ရုတ်ချည်း တိုးပွားလာနိုင်မှာလဲ ။

မိုင်းတွင်းမဆိုထားနှင့်။ စားသောက်ဆိုင်နှင့် အဝတ်အထည်ဆိုင်၏ စီးပွားရေးလုပ်ငန်းများပင် ကြီးမားစွာ တိုးတက်လာခဲ့ပေသည်။

" တစ်ယောက်ယောက်ကို ချက်ချင်း ယူလာခိုင်းလိုက်ပါမယ်" ယန်ပါးထောင်က ‌ရိုသေစွာပြောလိုက်သည်။

" နောက်မှ တစ်ယောက်ယောက်ကို ငါ့ခြံဆီကို လာပို့ခိုင်းလိုက်ပါလား" လီချန်ချင်းက ပြောလိုက်သည်။ထို့နောက် သူ၏ စံအိမ်ကို ပြန်လာခဲ့ပြီး စာရွက်နှင့် ဘောပင် ကို ယူလိုက်ကာ လီဟမ်ရှန်း ဆီသို့ စာပြန်ရေးရန် ပြင်ဆင်ခဲ့သည်။

မင်းရဲ့အဖေက ကောင်းကောင်းမွန်မွန်ရှိနေပါတယ်။

လီချန်ချင်းသည် လီဟမ်ရှန်း အား စိတ်သက်သာစေရန် အတွက် ထိုစကားလုံး လေးလုံးကို ချရေးခဲ့သည်။ ( မြန်မာလိုဆိုတော့ လေးလုံးမကတော့ဘူး >< )

လတ်တလောမှာ အဖေ့ရဲ့ ပန်းချီတွေက ကျော်ဖြတ်မှုတစ်ချို့ကို လုပ်ဆောင်ထားတယ်။ ပြီးတော့ ချန်ချင်း ပန်းချီဆိုင်ရဲ့ စီးပွားရေးကလည်း ကောင်းကောင်းအဆင်ပြေနေတယ်။ အဖေ့ မှာ ငွေတွေအများကြီးရှိနေပြီ။

အဖေက ဩဇာအရှိန်အဝါရှိတဲ့ လူအများကြီးနဲ့လည်း တွေ့ဆုံပြီးပြီ။ အခုဆိုရင် ယန်မိသားစုရဲ့ ခေါင်းဆောင်က အဖေ့ကို သူတို့ရဲ့ အကြီးအကဲအဖြစ် ကြည်ညိုနေကြပြီး အဖေ့ကို လတိုင်း ဝင်ငွေအများကြီးပေးတယ်။ ဒါကြောင့် ငါ့သား ပိုက်ဆံအတွက် စိတ်မပူပါနဲ့။

ရှေးဟောင်းတာအိုတောင်နယ်မြေမှာ ကောင်းကောင်းလေ့ကျင့် ၊ ဆရာ့စကားကို နားထောင် ၊ အရမ်းမကြိုးစားနဲ့ ထမင်းကိုအချိန်မှန် စားဖို့ သတိရပါ။

တကယ်လို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မရဲတင်းနဲ့။ ပြေးနိုင်သလောက်ဝေးဝေးကိုပြေး ၊ နောက်မှာပုန်းနေ ၊ ဒါက ရှက်စရာမဟုတ်ဘူး။

ဘာလို့လဲဆိုတော့ မင်းက အသက်ရှင်နေမှသာ မင်းလုပ်ချင်တာတွေကို လုပ်နိုင်မှာ။ ဟုတ်တယ်မလား။

မင်းရဲ့ သူငယ်ချင်း တပည့်တွေနဲ့လည်း အဆင်ပြေပြေနေ။ အနာဂါတ်မှာ မင်းကမ္ဘာကြီးထဲကို လျောက်လှမ်းတဲ့အခါကျရင် မင်းရဲ့ ကိုယ်ပိုင်ခွန်အားအပြင် လူမှုဆက်ဆံရေးကလည်း အရေးကြီးတယ်ဆိုတာကို နားလည်လာလိမ့်မယ်။

အနာဂါတ်မှာ မင်းရဲ့ ကျင့်ကြံခြင်းအတွက်အရင်းအမြစ်တွေ မလုံလောက်ရင်လည်း အဖေ့ဆီကို စာရေး။ အဖေက မင်းအတွက် နည်းလမ်းတစ်ခုရှာပေးမယ်။ မေးဖို့ရာ ရှက်မနေနဲ့။ မင်းရဲ့အဖေက အခုဆိုရင် အတော်လေး လုပ်နိုင်ကိုင်နိုင်တဲ့ လူတစ်ယောက်ဖြစ်နေပြီ။

အချိန်တွေကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်း ချန်ထင်မြို့ကနေ ထွက်သွားခဲ့တာ သုံးနှစ်ကျော်ခဲ့ပြီ။

အဖေတို့ကြားက အတိတ်‌ကို ပြန်စဉ်းသားကြည့်ရင်း အဖေ့မှာ ရုတ်တရက် သိလာရတာတွေရှိတယ်။ မင်းတစ်ယောက်တည်း အပြင်မှာနေတဲ့နှစ်တွေမှာ မင်းအတွက် ခက်ခဲမှာပဲ။ မင်း အဖေ့ ကို မနာကျည်းနေဖို့ မျှော်လင့်ပါတယ်။

မှောင်မိုက်တဲ့ညတွေက အမြဲတမ်းကုန်ဆုံးသွားမှာဖြစ်ပြီးတော့ အနာဂါတ်မှာငါတို့သားအဖ အတွက် နေ့ရက်ကောင်းတွေ ရှိလာမှာပါ။

ဤစာကြောင်းအားရေးရင်းဖြင့် လီချန်ချင်း သည် ခေတ္တမျှစဉ်းစားနေခဲ့ပြီးနောက် သူ၏စိတ်ထဲမှ မေးခွန်းအား ကွဲပြားသည့်နည်းလမ်းဖြင့် ချရေးလိုက်သည်။

အခုဆိုရင် ဘဝကပိုပြီးကောင်းမွန်လာလို့ မင်းအဖေက မင်းအမေကိုတောင် သတိရလွမ်းဆွတ်နေခဲ့ပြီ

မင်းရဲ့အမေက သေသွားတာလား ဒါမှမဟုတ် ထွက်သွားတာလား ?

လီချန်ချင်းက အမှန်တကယ် သိချင်ပေသည်။ အရင်က သူက တိုက်ရိုက်စုံစမ်းဖို့ ကြိုးစားခဲ့‌သည်။ သို့သော်လည်း ချန်ထင်မြို့ရှိ မည်သူကမျှ သိကြပုံမပေါ်ပေ။

လီချန်ချင်း ချန်ထင်မြို့သို့ ပထမဆုံး ရောက်လာသည့်အခါက သူ့၌ သူ့သားတစ်ယောက်တည်းသာ ရှိလေသည်။

လီချန်ချင်းက ဘယ်ကလာသည်ကိုပင် မည်သူမျှမသိကြဘဲ မည်သူကမျှ ဂရုမစိုက်ကြပေ။

ဤသည်က လီချန်ချင်းအား အနည်းငယ်ခေါင်းကိုက်စေခဲ့သည်။ ထို့ကြောင့် သူက လီဟမ်ရှန်း အား ဤနည်းဖြင့် မေးရန်သာ တတ်နိုင်တော့သည်။

မကြာခင်မှာပင် ယန်ဟန်ကျိုးက ငွေလက်မှတ်များနှင့် လီချန်ချင်းဆီသို့ ရောက်လာခဲ့သည်။

ယန် မိသားစု နှင့် လီချန်ချင်း၏ ဝင်ငွေကို 50-50 ခွဲထားခဲ့သည်။ ဤလအတွက် မိုင်းတွင်းက ပြန်လည် ကောင်းမွန်လာခဲ့ပြီး စားသောက်ဆိုင်နှင့် အဝတ်အထည် စီးပွားရေးလုပ်ငန်းကလည်း တိုးတက်လာခဲ့သည်။ ထို့ကြောင့် လီချန်ချင်းက ငွေစတုံး 500,000 ကျော်ကို လက်ခံရရှိခဲ့သည်။

ထိုကဲ့သို့ အကျိူရလာဒ် က လီချန်ချင်းအား အလွန် စိတ်ကျေနပ်စေခဲ့သည်။ လီဟမ်ရှန်းဆီသို့ ငွေတုံး 500,000 နှင့် စာတစ်စောင်ကို ပေးပို့ရန်အတွက် စန်းယွမ် ပို့ဆောင်ရေး ဌာန မှ လူများအား ဆင့်ခေါ်ခဲ့သည်။

လီချန်ချင်းသည်လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချခဲ့သည်။

စန်းယွမ်ပို့ဆောင်ရေးဌာနမှ လူများ ထွက်ခွာရုံရှိသေး လီချန်ချင်းက သူတို့အား ရပ်တန့်ခဲ့သည်။

" ခဏနေပါဦး။ ကျုပ်နောက်ထပ်စာတစ်စောင်ရေးဖို့ လိုသေးလို့" လီချန်ချင်းက စာရွက်အပိုင်းအစတစ်ခုကို လျင်မြန်စွာထုတ်လိုက်ပြီး တစ်ခဏမျှစဉ်းစားကာ ချရေးလိုက်ပြီးနောက် စန်းယွမ်ပို့ဆောင်ရေးဌာနမှ လူများဆီသို့ လှမ်းပေးလိုက်သည်။

"ဒီစာကလည်း ရှေးဟောင်းတာအိုတောင်နယ်မြေ အတွက်ပဲလား" ဟု ခရမ်းရောင်ဝတ်စုံနှင့်လူက မေးခဲ့သည်။

" မဟုတ်ဘူး။ ဒါက ဆေးဘုရင်တောင်ကြားက မူချင်းကော အတွက်ပါ" လီချန်ချင်းက မေးလိုက်သည် "ဒီကနေ ဆေးဘုရင်တောင်ကြားကို အဲ့ဒီစာပို့ဖို့ အချိန်ဘယ်လောက်ကြာမလဲ"

" တစ်လမကျော်လောက်ပါဘူး" ခရမ်းရောင်ဝတ်စုံနှင့် လူက ပြန်ဖြေလိုက်သည်။

" အရမ်းနှေးတာပဲ" လီချန်ချင်းက ခေါင်းခါလိုက်သည်။

" တကယ်လို့ ခင်ဗျားက ပိုပြီးပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ပိုမြန်နိုင်ပါတယ်။ ကျွန်တော်တို့က ကုန်းလမ်းပို့ဆောင်ရေးကို ရှောင်ရှားပြီးတော့ အဲ့ဒီအစား လေကြောင်း ပို့ဆောင်ရေးကို အသုံးပြု နိုင်ပါတယ် " ခရမ်းရောင်ဝတ်စုံနှင့်လူက ဆက်ပြောခဲ့သည် " နောက်ထပ် ငွေတုံး 20 ကုန်ကျပါမယ် "

All Chapters