← Chapters

ရွယ်မိသားစု ပူးပေါင်းကြံစည်မှု

Vol. 7 Ch. 66

ရွယ်မိသားစု ပူးပေါင်းကြံစည်မှု

Vol. 7 Ch. 66

ထိုအမျိုးသား၏ မျက်နှာသည် တည်ငြိမ်နေသည်။

သူဝတ်ဆင်ထားသော ရွှေရောင် ပိုးထည်သည် အလွန်ဈေးကြီးသည်မှာ သိသာပြီး သူ၏ခါးရှိ ကျောက်စိမ်း ဆွဲပြားသည် အလင်းမှိန်မှိန်ဖြင့် တောက်ပလျက်ရှိသည်။

ထိုအရာသည် ငြိမ်းချမ်းခြင်း ကျောက်စိမ်း ဖြစ်သည်။

ထိုအရာအား ပုံမှန် ဝတ်ဆင်ထားလျှင် စိတ်ကို တည်ငြိမ်စေပြီး စိတ်ဝိဉာဉ်ကို အားကောင်းစေသည်။

ထို‌ကဲ့သို့ ကျောက်စိမ်း အပိုင်းအစသေးသေးလေးကပင် အလွန် တန်ဖိုးရှိ၏။

သာမန်လူများ တတ်နိုင်သော အရာ မဟုတ်ပေ။

သူသည် လှည့်ပတ် ကြည့်လိုက်ပြီး စိတ်အား ထက်သန်စွာ ပုံပြောနေသော သူ၏ ရှေ့မှ လူအား ကြည့်လိုက်သည်။

" ဝမ်းကွဲ ယောက်ဖ ဒုတိယထပ်ကို သွားမယ်။ ကျုပ် သီးသန့်ခန်း ငှားထားတယ် " ဟု ရွှယ်ဟုန်သည် လျင်မြန်စွာ ပြောလိုက်သည်။

" အင်း " သူသည် ခေါင်းညိတ်ပြလိုက်သည်။

ဒုတိယထပ်ရှိ သီးသန့်ခန်းတွင် ရွှယ်ဟုန်သည် အထူး ဟင်းလျာများ အားလုံးကို မှာလိုက်သည်။

သူသည် ယန်ကျိုက်တွင် စားရသည်ကို နှစ်သက်လေ့ရှိသည်။ ဆန်မုန့်ခေါက်ဆွဲလိပ်ကို သူအနှစ်သက်ဆုံး ဖြစ်ည်။ အထူးသဖြင့် ကြက်ဥ နှင့် ပုစွန် ဆန်မုန့်ခေါက်ဆွဲလိပ်များ ဖြစ်သည်။

နုပ်နုပ်စင်းထားတဲ့ အသားတွေရယ် ကြက်ဥရယ် ပုစွန်ရယ် ပါတဲ့ စေးကပ်နေတဲ့ ဆန်မုန့်ခေါက်ဆွဲလိပ်လေးကို အသီးအရွက်လေး နည်းနည်းနဲ့ ယန်ကျိုက် ရဲ့လျှို့ဝှက် အချည်ရည်ဖြင့် တွဲဖက်ထားသည်။

တစ်ကိုက်ကိုက်လိုက်ရုံနဲ့ ချောမွေ့သော အသား၊ ကြက်ဥနှင့် ပုစွန်၏ ရနံ့၊ နုပ်နုပ်စင်းထားသော အသား၏ ချောမွေ့မှု နှင့် အသီးအရွက်၏ ကြွပ်ဆတ်မှုတို့ကို အချဉ်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ အမှန်တစ်ကယ်ပင် ချိုမွှေးပြီး အရသာရှိလှသည်။

မျိုချပြီးသောအခါတွင်မူ ပြိုင်ဘက်ကင်း ဆန်မုန့်ခေါက်ဆွဲလိပ်၏ ရနံ့အား ခံစားမိနိုင်သည်။

အသားပေါင်း ကဲ့သို့ စားစရာများပါသော မနက်စာ ခြင်းတောင်းကိုမူ စောစောကတည်းက တည်ခင်းထားလေသည်။

" ရွှယ်ဟုန်၊ ငါ့ကို ညစာဖိတ်ကျွေးတဲ့လူတွေ အများကြီး ရှိပေမယ့် မနက်စာ ဖိတ်ကျွေးတဲ့လူကတော့ ရှားရှားပါးပါးပဲ " ထိုအမျိုးသားသည် စားပွဲပေါ်ရှိ အစားအစာများကိုကြည့်၍ ပြောလိုက်သည်။

‌ဒါပေမယ့် ဒီလို အရာတွေကို အရင်က သူမမြင်ဖူးခဲ့ဘူး။

ကျန့်ဟယ် ဌာန မှာတောင် မနက်စာ အမျိုးမျိုး ရှိပေမယ့် ဒီမှာနဲ့ တခြားစီပဲ။

" သူတို့ရဲ့မနက်စာက တစ်ကယ် အရသာ ရှိလို့လေ " ရွှယ်ဟုန်သည် ပုစွန် ဖက်ထုပ် တစ်လုံးအား လူကြီး၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပြီး ‌ရယ်မောရင်း ပြောလိုက်လေသည်။ " ဝမ်းကွဲ ယောက်ဖ ဒီ ပုစွန် ဖက်ထုပ်ကို စားကြည့်။ ဒါက သူတို့ရဲ့ အထူး ဟင်းလျာတွေထဲက တစ်ခုပဲဗျ အရမ်းကောင်းတာနော် "

ထိုသူသည် ပုစွန် ဖက်ထုပ်အား တိတ်တဆိတ် ကောက်ယူလိုက်သည်။

လူကြီးသည် ဖက်ထုပ်၏ အပေါ်ယံအလွှာသည် ကြည်လင်ပြီး အရည်လဲ့နေသောကြောင့် အံ့အားသင့်သွားရသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူသည် တစ်ကိုက် ကိုက်ကြည့်လိုက်သည်။

အရည်လဲ့နေသော အပေါ်ယံအလွှာသည် စေးကပ်ကပ်လေးနဲ့ ရွဲပြဲမနေဘဲ တောင့်တောင့်လေး ဖြစ်နေပြီး အခြား သာမန် အပေါ်ယံအလွှာများနှင့် မတူပေ။

ကြွပ်ရွရွလေးနှင့် ပုစွန်၏ အရသာသည် လတ်ဆတ်ချိုမြနေသည်။

စားရတာ စိုစွတ် ချောမွေ့နေ၏။ သေချာ အရသာခံကြည့်လိုက်လျှင် အတွင်းတွင် နုပ်နုပ်စင်းထားတဲ့ ဝက်သား အရသာလေးကိုပါ ခံစားနိုင်လေသည်။

ဝက်သားအဆီလေး ဖက်ထုပ်မှာ စမ့်ဝင်နေတဲ့ရနံ့ဟာ ပုစွန်ကို ပိုလို့ပင် ချောမွတ်သွားစေ‌သည်။

ထိုသူသည် ခေါင်းညိတ်ပြလိုက်လေသည်။ ဒီက မနက်စာက တစ်ကယ့်ကို ထူးခြားတာပဲ။

" မင်း ငါ့ဆီကို ဒီကို လာဖို့ စာပို့လိုက်တာ ဘာကိစ္စလဲ။ ပြောလေ " လူကြီးသည် လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။

"

" ဝမ်းကွဲယောက်ဖ ဒီလိုပါ... " ရွှယ်ဟုန်သည် မကြာသေးမီက အဖြစ်အပျက်များအား ပြန်ပြောပြလိုက်သည်။

" မင်းက ပါရမီရှင် ကျွမ်းကျင်သူ တစ်ယောက်ကို ငှားချင်တာလား " အမျိုးသား၏ မျက်နှာသည် ထိုတောင်းဆိုမှုအား ဂရုမစိုက်သကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။

" ဟုတ်တယ် " ရွှယ်ဟုန်သည် ခေါင်းညိတ်ပြလိုက်သည်။ " အဓိက ကတော့ ယန်မိသားစုကို တားဖို့ပဲ။ သူတို့ တအားလွန်မလာဖို့ မျှော်လင့်ရတာပဲ "

" ဟုတ်ပြီ " အမျိုးသားသည် နောက်ထပ် ဆန်မုန့်ခေါက်ဆွဲလိပ်အား ယူပြီး တစ်ကိုက်ကိုက်လိုက်သည်။ မင်းသာ တတ်နိုင်ရင် ငါ တစ်ယောက် ငှားပေးမယ်။ ဒါပေမယ့် ငါ့အတွက် ဝေစုကိုတော့ မနည်းစေနဲ့နော် "

" ဒါပေါ့‌ဗျာ ဒါပေါ့ " ရွှယ်ဟုန်သည် လျင်မြန်စွာပြောလိုက်သည်။

" ဒါပေမယ့် ဝမ်းကွဲယောက်ဖ ကျုပ်တို့ ပါရမီရှင် ကျွမ်းကျင်သူကို တစ်ကယ်ပဲ ငှားလို့ရပါ့မလား " ရွှယ်ဟုန်သည် မယုံကြည်နိုင်သေးပေ။

" ဟက် " ထိုအမျိုးသားသည် လှောင်ရယ် ရယ်လိုက်သည်။ " ငါ ကျိုးရွှင်း ကျန့်ဟယ် ဌာန မှာ နှစ်ပေါင်းများစွာကြာ အလဟဿ နေခဲ့တာမဟုတ်ဘူး။ ပါရမီရှင် ကျွမ်းကျင်သူကို ကျန့်ဟယ် ဌာန ကနေ ငှားဖို့ မလွယ်ပေမယ့် တခြား ပါရမီရှင် ကျွမ်းကျင်သူတွေကို ငါမသိတာ မဟုတ်ဘူးလေ "

" ဝမ်းကွဲယောက်ဖက တစ်ကယ့်ကို တော်တာပဲ " ကျိုးရွှင်း ထိုသို့ ပြောသောကြောင့် ရွယ်ဟုန်သည် စိတ်သက်သာရာ ရသွားလေသည်။

" ဒါဆို ဝမ်းကွဲယောက်ဖ ကုန်ကျစရိတ်ကရော " ရွှယ်ဟုန်သည် လျင်မြန်စွာ မေးလိုက်သည်။

" ပါရမီရှင် ကျွမ်းကျင်သူကို တစ်ခါ လှုပ်ရှားခိုင်းရင် ငွေတုံး သုံးသိန်း နဲ့ ငှားလို့ရတယ် " ကျိုးရွှင်း သည် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

" ငွေတုံး သုံးသိန်း ! "

ထိုပမာဏသည် ရွယ်ဟုန့်အား ကြက်သီးထစေလေသည်။

တအား ဈေးကြီးတာပဲ။

ယန်မိသားစုရဲ့ လစဉ် ဝင်ငွေဟာ ငွေတုံး ငါးသိန်းမှ ခြောက်သိန်းအထိ ရှိပေမယ့် ယန်မိသားစု၏ လုပ်ငန်းလည်ပတ်ရန် အဲဒီငွေတုံးများကို လိုအပ်ပြီး မိသားစုထဲမှ ကလေးများ၏ ကျင့်ကြံရေးအတွက် သုံးရသေး၏။

လီချန်ချင်းကိုလည်း တစ်ဝက်ခွဲပေးထားရပြီး ယခုအခါ ယန်မိသားစုသည် အရင်က စုဆောင်းထားတာလေးတွေပေါ်မှာသာ မှိခိုနေရသည်။

ထို့ကြောင့် ယန်မိသားစုသည် ထိုအခွင့်အရေးကိုယူပြီး လီချန်ချင်းနှင့်အတူ ပိုက်ဆံပိုပြီး ရှာရခြင်း ဖြစ်သည်။

ပိုင်မိသားစုနှင့် ကျောက်မိသားစုတို့သည် ယန်မိသားစုလောက် ဝင်ငွေမကောင်းပေ။ ပို၍ပင် ဆိုးသေးသည်။ လုပ်ငန်း လည်ပတ် ကုန်ကျစရိတ်ကို ဖယ်လိုက်လျှင် သူတို့တွင် ဝင်ငွေကောင်းသည်ဟု ယူဆနိုင်သောလ လျှင်ပင် ငွေတုံး ခုနစ်သောင်း ရှစ်သောင်းသာ ကျန်လေသည်။

ရွှယ်မိသားစုကဲ့သို့ မိသားစု အသေးလေး အတွက်မူတစ်လ နှစ်သောင်း သုံးသောင်းရခြင်းကပင် ချမ်းသာလှပြီ ဖြစ်၏။

ပါရမီရှင် ကျွမ်းကျင်သူ တစ်ယောက်အား လှုပ်ရှားမှု တစ်ခါ ပြုလုပ်ခိုင်းရန် ငှားရမ်းခမှာ ငွေတုံး သုံးသိန်းဟု ကြားလိုက်ရသော အခါတွင်မူ ရွယ်ဟုန် အမှန်တကယ် ထိတ်လန့်သွားလေသည်။

ပြီးတော့ အဲဒီငွေတုံး သုံးသိန်းက ကျိုးရွှင်း အတွက် ငှားရမ်းပေးခ မပါသေးပေ။

ဒါပေမယ့် ပိုင်ကျင့်ဖေ ရဲ့ အမိန့်ဖြစ်တာကြောင့် ဘယ်လောက် ဈေးကြီးကြီး ငှားရမည် ဖြစ်သည်။

အမှန်‌တွင် ပိုင်မိသားစုနှင့် ကျောက်မိသားစုက အများဆုံး ပေးကြသည် ။

ထို့ကြောင့် ရွှယ်ဟုန်လည်း သဘောတူလိုက်သည်။

" ပါရမီရှင် ကျွမ်းကျင်သူကို ယန်မိသားစု ခေါင်းဆောင်ကို သတ်ခိုင်းချင်သေးလား " ကျိုးရွှင်းသည် မေးလိုက်သည်။ " ငွေတုံး သုံးသိန်းနဲ့ဆိုရင် လူတစ်ယောက်တောင် သတ်ခိုင်းလို့ရတယ် "

" သတ်ဖို့ကတော့ အဆင်မပြေဘူးထင်တယ်နော် " ရွှယ်ဟုန်သည် လျင်မြန်စွာ ပြောလိုက်သည်။ " ယန်ပါးထောင်ရဲ့သမီးက ရှေးဟောင်း တာအို ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ "

" အိုး "

ကျိုးရွှင်း သည် မျက်ခုံးပင့်၍ မေးလိုက်သည်။ " ယန်မိသားစုရဲ့သမီးက ရှေးဟောင်း တာအို ဂိုဏ်းရဲ့ တပည့်လား။ သူမက အတွင်းစည်း တပည့်လား "

" မဟုတ်ဘူး အပြင်စည်းတပည့်ပဲ " ရွှယ်ဟုန်သည် ပြန်ပြောလိုက်သည်။

" ဟက် အပြင်စည်းတပည့်လောက်များ ကြောက်နေစရာလား " ကျိုးရွှင်းသည် စိတ်သက်သာရာ ရသွားလေသည်။ " ယန်ပါးထောင်ကို သတ်လိုက်ရင်တောင် သူ့သမီးက ပါရမီရှင် ကျွမ်းကျင်သူကို လက်စားချေနိုင်မှာ မဟုတ်ဘူး "

" ပြီးတော့ ရှေးဟောင်း တာအို ဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေထဲမှာ ပါရမီရှင် ဖြစ်လာနိုင်တာဆိုလို့ တစ်သောင်းမှာ တစ်ယောက်ပဲရှိတယ် "

" မစိုးရိမ်ပါနဲ့။ ငါက မင်းကောင်းဖို့ လုပ်နေတာလေ။ ပါရမီရှင် ကျွမ်းကျင်သူကြီးကို ငှားပြီး တစ်ယောက်ယောက်ကိုမှ မသတ်ရင် ဖြုန်းရာ မကျဘူးလား။ မင်းသာ ယန်ပါးထောင်ကို သတ်လိုက်ရင် ယန်မိသားစုက ဗရမ်းဗတာ ဖြစ်သွားပြီးတော့ မင်းတို့ ရွှယ်မိသားစုက ဝေစုကို မရနိုင်တာမှ မဟုတ်တာ "

ကျိုးရွှင်းသည် လက်ဖက်ရည် ငှဲ့လိုက်ပြီး ရွှယ်ဟုန်၏ ရှေ့သို့ အသာအယာ တွန်းပို့လိုက်သည်။ " လူတိုင်း အတူတူပိုက်ဆံရှာနိုင်မယ် အကျိုးအမြတ်ကြီးပဲလေ ဟုတ်တယ်မလား "

" ဒါ... " ကျိုးရွှင်း၏ စကားများကို ကြားပြီး ရွယ်ဟုန်သည် သွေးဆောင်ခံလိုက်ရ‌၏။

အစက လူတိုင်း၏ ရည်ရွယ်ချက်သည် ယန်မိသားစုကို တားဖို့သာဖြစ်ပြီး ဆန့်ကျင်ဖို့ရန် မဟုတ်ခဲ့ပေ။ သို့သော် မူလအဆင့်တစ်ယောက်ကို ငွေတုံး သုံးသိန်းနဲ့ ငှားပြီး ခြိမ်းခြောက်ရုံသာဆိုရင် ဖြုန်းလွန်းတယ် မလား။

အဲ့လောက် ငွေ အများကြီးနဲ့ကို မသတ်လိုက်ရရင် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။

ပြီးတော့ ကျိုးရွှင်း ပြောတာကိုလည်း စဉ်းစားစရာပဲ။ အရင်တုန်းက မိသားစုအားလုံးက ယန်မိသားစုရဲ့ သမီးငယ်လေးက ဒုက္ခပေးလာမှာ စိုးရိမ်နေခဲ့ကြတယ်။ ဒါပေမယ့် ကျိုးရွှင်း ပြောတာကို စဉ်းစားကြည့်လိုက်တော့ ရှေးဟောင်း တာအိုဂိုဏ်းရဲ့ အပြင်စည်းတပည့်က ဘယ်လိုလုပ် မူလအဆင့်ကို ရောက်လာနိုင်ပါ့မလဲ။

မိုက်မဲမှုသပ်သပ်ပဲ။

" ကောင်းပြီလေ ! ဒါဆိုရင် ဆုံးဖြတ်ချက် ချလိုက်တော့မယ် " ရွှယ်ဟုန်သည် စိတ်ကို အခိုင်အမာ ထားလိုက်တော့သည်။

တစ်ကယ်လို့ သူသာ ဒီအခွင့်အရေးကို မဆုတ်ကိုင်ဘူးဆိုရင် ရွှယ်မိသားစုက ဘယ်လိုလုပ် ကြီးပွား တိုးတက်နိုင်ပါ့တော့မလဲ။

ယန်ပါးထောင် သေတာနဲ့ ယန်မိသားစုက ဗရမ်းဗတာ ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်မှာ ရွယ်မိသားစုက အကျိုးအမြတ်အတွက် တိုက်ခိုက်လိုက်ရုံပဲ။

" ဒါဆိုရင်တော့ ယောက်ဖကိုပဲ ဒုက္ခ ပေးရတော့မယ်။ ရွယ်မိသားစု အကျိုးအမြတ်ရလာတာနဲ့ မင်းကို သေချာပေါက် ကျေးဇူးတင်ပါ့မယ် ! " ရွယ်ဟုန်သည် လေးစားစွာ သူ၏ လက်ဖက်ရည်ခွက်အား မြှောက်လိုက်သည်။

" အင်း " ကျိုးရွှင်းသည်လည်း သူ၏ လက်ဖက်ရည်ခွက်အား ကောက်ယူလိုက်ပြီး ခွက်ချင်းတိုက်လိုက်သည်။

ခဏလောက် ဆွေးနွေးပြီးနောက် နှစ်ယောက်သားသည် အပေါ်ထက်မှ ဆင်းလာခဲ့ကြတော့သည်။ ကျိုးရွှင်းသည် ကျန့်ဟယ် ဌာနသို့ ပြန်ပြီး စီစဉ်စရာ ရှိတာ စီစဉ်ရမည် ဖြစ်၏။

ထိုအချိန်တွင် ပုံပြောနေသော လူကြီးသည်လည်း ပုံပြင်၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အပိုင်းကို ရောက်ရှိနေပြီဖြစ်၏။ လူတိုင်းသည် အာရုံစိုက် နားထောင်နေကြပြီး ပုံပြင်ထဲတွင် လုံးဝ နစ်မြောလျက် တစ်ချို့ဆို သူတို့၏ လက်ဖက်ရည်ခွက်များ လျှံနေသည်ကိုပင် သတိမထားကြချေ။

" နျန်ရှောင်းချမ့် ဟာ လုကျစ်ရှန်း ရဲ့ ရင်ဘက်ပေါ်ကိုတစ်ကိုယ်လုံးမှီပြီး သူမရဲ့ အဝတ်အစားတွေဟာ လျှောကျသွားရင်း အမောတကော ပြောလိုက်တယ် "

" သူမက မြှူစွယ်သလို ပြောလိုက်တာက ' လူကြီးမင်းရဲ့ ရင်ဘတ် ကြွက်သားတွေက အရမ်းတောင့်တာပဲ ' တဲ့လေ "

" ဒါပေမယ့် လုကျစ်ရှန်း က ငြင်းဆန်လိုက်ပြီး ပြောလိုက်တာက ' ငါက လူတစ်ယောက်ဖြစ်ပြီး မင်းက တစ္ဆေတစ်ကောင် ဖြစ်နေတာက စိတ်မကောင်းစရာပဲ ' တဲ့လေ "

" လူသားနဲ့ တစ္ဆေ ကွာခြားချက်က အရေးကြီးလို့လား နျန်ရှောင်းချမ့် က တွေးပြီး ပြောလိုက်တယ် ' ကျွန်မက လူပဲ ဖြစ်ဖြစ် တစ္ဆေပဲ ဖြစ်ဖြစ် ဘာအရေးလဲ ' "

" ဒါပေါ့ အရေးကြီးတာပေါ့။ မင်းသာ လူတစ်ယောက်ဆိုရင် ငါက သေချာပေါက် မင်းနဲ့ သွေးသောက် ‌ညီအကိုတွေ ဖြစ်ချင်မိမှာပဲ ! "

ကျိုးရွှင်းသည် ရယ်မောလိုက်သည် " ဒီနေရာက အတော် စိတ်ဝင်စားစရာ ကောင်းတာပဲ ပြီးတော့ အစားအစာတွေကလည်း အရသာ ရှိတယ် "

All Chapters