ငါ့အဖေက ဝင်ပူးခံထားရတာလား။
Vol. 7 Ch. 67
ချင်ကျုးတောင်။
အရုဏ်တက်လာသည်နှင့်အမျှ ချင်ကျူးတောင်အနောက်ရှိ ဝါးရုံတောကိုဖြတ်၍ တစ်ဟုန်ထိုးပြေးလွှားနေသည့် ပုံရိပ်တစ်ခုက နဂါးတစ်ကောင် ပင်လယ်ကိုဖြတ်၍ ကူးခတ်နေသကဲ့သို့ ဝါးရုံတောကိုဖြတ်၍ ကွေ့ပတ်သွားနေခဲ့သည်။
ဤပုံရိပ်က လီဟမ်ရှန်း က လွဲပြီး တစ်ခြားသူမဟုတ်ပေ။
နေလအင်မော်တယ်နတ်ဆိုး ခန္ဓာကို ကျင်ကြံနေတဲ့နောက်ပိုင်းမှာ သူ့ရဲ့ ရုပ်ခွန်အားတိုးတက်လာရုံသာမကဘဲနဲ့ သူ့ရဲ့ ခန္ဓာကိုယ်အပေါ်မှာ သူ့ရဲ့ထိန်ချုပ်နိုင်စွမ်းကလည်း အရမ်းတိကျလာတာကို လီဟမ်ရှန်း က ရှာတွေ့ခဲ့သည်။
သူက မည်သည့် ရွေ့လျားခြင်း ကျင့်စဉ်ကိုမှ နားလည်သဘောမပေါက်သေးသော်လည်း သူ့ခန္ဓာကိုယ်၏ ပေါက်ကွဲစေတတ်သည့် စွမ်းအားအပေါ် မှီခိုပြီး သာမန် ရွေ့လျားခြင်း ကျင့်စဉ်အချို့ကို တုပနိုင်ပေသည်။
လျင်မြန်သည့်အရှိန် ၊ အားကောင်းသည့် ပေါက်ကွဲစေနိုင်သည့် အစွမ်း သည် လက်ရှိ လီဟမ်ရှန်း၏ ခန္ဓာကိုယ်အခြေအနေ ဖြစ်သည်။
တစ်ချိန်တည်းမှာ၏ လီဟမ်ရှန်း၏ လက်ထဲ၌ လှံရှည်တစ်ချောင်းကို လွှဲယမ်းနေခဲ့သည်။
လီဟမ်ရှန်းသည် လှံသိုင်းကို အသုံးပြုရသည့် ခံစားချက်ကို ခံစားနေရပြီဖြစ်သည်။
"လှိုင်း အဆင့်ဆင့်ထပ်တင်ခြင်း ! "
ညင်သာသည့် အော်သံနှင့်အတူ လီဟမ်ရှန်း ၏ သွေးချီစွမ်းအားကို လှည့်ပတ်လိုက်ကာ ပေါက်ကွဲစေသည့် စွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှတစ်ဆင့် လှံရှည်ဆီသို့ ပို့ဆောင်လိုက်သည်။
" ဝုန်း ! "
ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ လီဟမ်ရှန်း၏ လက်ထဲမှ လှံရှည်က ရုတ်တရက် ကွေးသွားခဲ့သည်။ လှံကကြီးမားသည့် ကျောက်တုံးတစ်တုံးကို ထိုးဖောက်ပြီး အတွင်း၌ တွင်းနက်တစ်ခုကို ဖန်တီးနေခဲ့သည်
ချက်ချင်းပင် ကြီးမားသည့် ကျောက်တုံးကြီးကနေရာအနှံ့သို့ ပျံ့နှံ့နေသည့် မရေမတွက်နိုင်သည့် အက်ကြောင်းများဖြင့် အက်ကွဲလာခဲ့သည်။
စွမ်းအားက အံ့ဩဖွယ်ကောင်းလှသည်။
အကယ်၍ တစ်ယောက်ယောက်သာမြင်သွားခဲ့ပါက ဤလှံက ပြန်လည်မွေးဖွားခြင်းအဆင့် တစ်ယောက်ကြောင့် စွမ်းအားပေါက်ကွဲသည်လားဟုပင် သံသယဖြစ်ပေလိမ့်သည်။
သို့သော်လည်း ဤသည်က အားလုံးမဟုတ်ပေ။ ပထမ လှံသိုင်း ပြီးသည့်နောက်တွင် အုံကြွနေသည့် လီဟမ်ရှန်း၏ သွေးချီစွမ်းအားက မငြိမ်သက်သေးသော်လည်း တလိပ်လိပ်တက်နေသည့် လှိုင်းလုံးများကဲ့သို့ပင်။ထို့နောက် ပို၍ အားကောင်းသည့် သတ်ဖြတ်ခြင်း အဟုန်က သံမဏိလှံတံမှ ထွက်ပေါ်လာခဲ့သည်။
ဤလှံက လေထုကို စုတ်ဖြဲနိုင်သည်ဟုထင်ရပြီး စူးရှသည့် အသံထွက်ပေါ်လာခဲ့သည်။ ကြီးမားသည့် ကျောက်တုံးကြီးက ဤအစွမ်းကြောင့် ကြေမွသွားခဲ့ခြင်းပင် !
၎င်းက တစ်ခါတည်း အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့သည်။
ထိုကဲ့သို့ ကြီးမားသည့် ကျောက်တုံးကြီးက လီဟမ်ရှန်း၏ လှံသိုင်း နှစ်ခုဖြင့် အစိတ်စိတ်အမွှာမွှာကွဲသွားသည့် အရာမျိုးကို ယခင် လီဟမ်ရှန်းက စိတ်ကူးမယဉ်ဝံ့ခဲ့ပေ။
လီဟမ်ရှန်းက သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ သွေးချီစွမ်းအားများ လှည့်ပတ်နေသည်ကို ခံစားနေခဲ့ရသည်။
သူက သူ၏ သွေးချီစွမ်းအားများကို ဖြည်းဖြည်းချင်း ဖိနှိပ်ခဲ့သည်။
ဖြစ်နိုင်လျှင် လီဟမ်ရှန်းက တတိယ လှံသိုင်း ကိုပင် ပစ်လွှတ်နိုင်ပေသည်။
တတိယလှံသိုင်း၏ အစွမ်း က ဒုတိယလှံသိုင်း ထက်ပင် ပို၍ ကြီးမားပေသည်။ သို့သော်လည်း အင်မော်တယ်အရှင်သခင် လှံသိုင်းအား ဖော်ထုတ်ရန်အတွက် သူ့ခန္ဓာကိုယ်၏ သွေးချီစွမ်းအားကို တစ်ခဏမျှ ဖိနှိပ်ထားရန်လိုအပ်ပေသည်။
" နောက်ထပ် ဖြုန်းတီးမှုတစ်ခုပဲ"
သူ၏ လက်ထဲမှ ကွေးနေသည့် လှံကိုကြည့်လိုက်ရင်း လီဟမ်ရှန်းက အောင့်သက်သက်ပြုံးလိုက်သည်။
အင်မော်တယ်အရှင်သခင် လှံသိုင်းက အရမ်း အစွမ်းထက်တာမှန်ပေမယ့် သာမန်လက်နက်ကို ချက်ချင်းပေါက်ကွဲစေနိုင်သည့် အစွမ်းဖြစ်စေခြင်းအား တောင့်ခံရန်မဖြစ်နိုင်ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လီဟမ်ရှန်းက သာမန်လှံတံ လေးချောင်း ကို ဖြုန်းတီးခဲ့ပြီးဖြစ်သည်။
ကြယ်အလင်းသတ္ထုနှင့် ကနဦးရေရဲ့စိတ်ဝိဉာဉ် အား လှံတံ သွန်းလုပ်ရန်အတွက် ရှေးဟောင်းတာအိုတောင်နယ်မြေရှိ အစွမ်းအထက်ဆုံး ပန်းပဲဆရာထံသို့ ပို့ဆောင်ထားပြီးဖြစ်သည်။
လက်နက် မထုလုပ်ရသေးပေ။
ထို့ကြောင့် လီဟမ်ရှန်းက ကျင့်ကြံခြင်းအတွက် သာမန် လှံများကို အသုံးပြုရပေသည်။
သူက ကွေးနေပြီဖြစ်သည့် လှံကိုအဝေးသို့ ပစ်ထုတ်ခဲ့လိုက်သည်။
ထိုအချိန်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်နေသည့် သွေးချီစွမ်းအားများက တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။
အင်မော်တယ်အရှင်သခင် လှံသိုင်း ၏ သိသာသည့် အစွမ်းကြောင့် လှည့်ပတ်နေသည့် သွေးချီစွမ်းအားများက အလွန် လျင်မြန်စွာ တည်ငြိမ်မည်မဟုတ်ပေ။ သို့သော်လည်း လီဟမ်ရှန်း၏ နေလအင်မော်တယ်နတ်ဆိုးခန္ဓာ ကလည်း တစ်မူထူးခြားသည့် အရာတစ်ခုဖြစ်သည်။
၎င်းနှစ်ခုက အမှန်တကယ်ကို ကောင်းကောင်း လိုက်ဖက်နေခဲ့သည်။
" သခင်လေး"
ထိုအချိန်၌ ဝါးရုံတော၏ အပြင်ဘက်မှ ရှုခွေ၏ အသံ ထွက်ပေါ်လာခဲ့သည်။
" ဦးလေးရှု ဒီကိုဘာလို့ရောက်လာတာလဲ" ရှုခွေက ဝင်လာနေသည်ကို တွေ့ပြီး လီဟမ်ရှန်းက မေးခဲ့သည်။
" သခင်လေးရဲ့ စာပါ " ရှုခွေက စာကို လီဟမ်ရှန်း ဆီသိူ့ လက်လွှဲပေးလိုက်ပြီး ပြောခဲ့သည် " သခင်လေးဆီက စာရှိမရှိကို နေ့တိုင်းစစ်ဆေးဖို့ စံအိမ်မှာလူတစ်ယောက်ရှိပါတယ်။ ဒီနေ့ ကျွန်တော်က တစ်စောင်တွေ့ခဲ့လို့ သခင်လေး ဆီကို ယူလာခဲ့တာပါ"
" ကျေးဇူးတင်ပါတယ် ဦးလေးရှု " လီဟမ်ရှန်းက စာကို ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ ထိုစာက လီချန်ချင်း ဆီက ဖြစ်သည်။
" အဖေ့ဆီကစာပဲ" လီဟမ်ရှန်း က ပြုံးဖြီးဖြီးလုပ်ခဲ့သည်။
နောက်ဆုံးစာရပြီးကတည်းက လီဟန်ရှန်းက နှစ်ပေါင်းများစွာက မခံစားခဲ့ရသည့် သူ့အဖေ၏ ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရသည်။ လီချန်ချင်း ဆီမှ နောက်ထပ်စာတစ်စောင်ကို တွေ့ရပြီး လီဟမ်ရှန်း က အမှန်တကယ်ပင် ပျော်ရွှင်နေခဲ့သည်။
" ကောင်းပါပြီ သခင်လေး ၊ ဒါကို ဖတ်ဖို့ရာအတွက် အချိန်ယူလိုက်ပါဦး။ ကျွန်တော်အရင်ဆုံးပြန်နှင့်လိုက်ပါမယ်" ရှုခွေက စကားဆုံးသည်နှင့် ခပ်လှမ်းလှမ်းမှ အစိတ်စိတ်အမွှာမွှာကွဲနေသည့် ဧရာမကျောက်တုံးကြီးကို တစ်ချက်ကြည့်လိုက်ပြီး သူက မျက်လုံး ပြူးသွားခဲ့သည်။
သို့သော်လည်း သူက ဘာမှမပြောခဲ့ပေ။
သူက လှည့်ပြီး ထွက်လာခဲ့သည်။
လီဟမ်ရှန်းက သူထိုင်ပြီး အနားယူရင်း စာဖတ်နေကြ အစိမ်းရောင်ကျောက်တုံးကြီးကို ရှာရန် လှည့်လိုက်သည်။ သို့သော်လည်း အချိန်အတော်ကြာ ပြန်တွေးကြည့်ပြီးနောက်တွင်။
ကျောက်တုံးက ဘယ်မှာလဲ?
အိုး ဟုတ်သားပဲ။ အဲ့တာကို သူ သတိမထားမိဘဲ အစိတ်စိတ်အမွှာမွှာခွဲလိုက်မိသွားပြီ။
သူက နောက်ထပ် ပိုနိမ့်သည့် ကျောက်တုံးတစ်တုံးကိုသာ ရှာနိုင်ခဲ့ပြီး ထိုင်ကာ စာအိတ်ကို ဖွင့်ခဲ့သည်။
သူက စာကို မဖတ်နိုင်ခင်မှာ ငွေလက်မှတ် ငါးစောင်က ထွက်ကျလာခဲ့သည်။
" အဖေက ဘာလို့ ငါ့ဆီကို ပိုက်ဆံတွေထပ်ပို့ရပြန်တာလဲ" လီဟမ်ရှန်းက ငွေလက်မှတ်များကို ကောက်ယူလိုက်သည်။
အစတုန်းကတော့ သူက အများဆုံးမှ ငွေတုံး 1000 စီသာရှိလိမ့်မည် သို့မဟုတ် လီချန်ချင်းက ငွေတစ်ချို့ ရှာနိုင်တာကြောင့် သူ့အားငွေမလုံလောက်မည်စိုးကာ ငွေတစ်ချို့ ပို့ပေးလိုက်သည်ဟု ထင်နေခဲ့သည်။
သို့သော်လည်း လီဟမ်ရှန်းသညါ ငွေလက်မှတ်ပေါ်မှ ဂဏန်းများကို မြင်ပြီး သူ့ရဲ့မျက်လုံးက ပြူးထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
ငွေတုံး 100,000 !
လီဟမ်ရှန်း က အခြားလက်မှတ်များကို လျင်မြန်စွာဆွဲယူလိုက်ပြီး ကြည့်လိုက်သည်။
ငွေတုံး 100,000 ပင် !
ထပ်ပြီးတော့ ငွေတုံး 100,000 ပင် !
အားလုံးက ငွေတုံး 100,000 ဖြစ်သည်။
စုစုပေါင်း ငွေတုံး 500,000 ဖြစ်သည်။
" အဖေက ဘဏ်ကို ဓားပြတိုက်လာတာလား" လီဟမ်ရှန်း က မယုံကြည်နိုင်ခဲ့ပေ။ ထို့နောက် သူက စာရှိသေးသည်ကို သတိရလိုက်သည်။
ထို့နောက် သူက စာကို ထုတ်ကာ ဖတ်ခဲ့သည်။
ယခု လီချန်ချင်းက ယန်မိသားစု၏ မဟာအကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံထားရသည်ကို သိသည့်အခါ၌ လီဟမ်ရှန်း က နည်းနည်းလေးမှ မယုံကြည်ပေ။
သူ့အဖေရဲ့ အဆင့်ကို သူမသိဘဲနေပါ့မလား။
ယန် မိသားစုက အရူးတွေမို့လား။
ဒါမှမဟုတ် လတ်တလောမှာ သူ့အဖေက လူကောင်းပြန်ဖြစ်လာတာများလား
သူစာကို ပိုပြီး ဖတ်လေလေ ပိုပြီး မယုံကြည်နိုင်စရာ ခံစားရလေပင်။
သို့သော်လည်း စာထဲမှ အကြောင်းအရာများက လီဟမ်ရှန်းအား သဘောထားပြောင်းစေခဲ့ပြီး စာထဲမှ အကြောင်းအရာများအား မှန်ကန်သည်ဟု ခံစားနိုင်ခဲ့သည်။
လီချန်ချင်းရေးထားသည့် နောက်ဆုံးစာကြောင်းကို မတွေ့မချင်းပင်။
ဘဝက ပိုပြီး အဆင်ပြေနေတာမို့ အဖေက မင်း
အမေကိုတောင် လွမ်းဖို့ အစပျိုးနေပြီ။
လီဟမ်ရှန်း က တစ်ခုခုမှားနေသည်ကို ခံစားရပြီး မျက်မှောင်ကြုတ်လိုက်သည်။
အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်တွင်။
" ငါ့အဖေက ဝင်ပူးခံထားရတာလား"
လီဟမ်ရှန်းသည် အရင်က တစ္ဆေမျိုးနွယ်၏ လျှို့ဝှက်နည်းလမ်းများဖြစ်သည့် အခြားသူများကို ဝင်ပူးပြီး အဲ့ဒီလူ၏ ခန္ဓာကို ပိုင်ဆိုင်ကာ အခြားတစ်ယောက်အဖြစ် လုံးဝ အစားထိုးနိုင်သည့် နည်းလမ်းအချို့ကို ကြားဖူးပေသည်။
လတ်တလော လီချန်ချင်း၏ ပြောင်းလဲမှုများအတွက် ဤဖြေရှင်းချက်က သူတွေးနိုင်သည့် အရာပင်ဖြစ်သည်။
ထိုသို့မဟုတ်ပါက လီချန်ချင်း၏ လတ်တလောပြောင်းလဲမှုများက အမှန်တကယ် အရမ်းကြီးမားပေသည်။
" ငါက သံသယများနေတာဖြစ်နိုင်လား" ပြန်တွေးကြည့်ရင်း သူ၏ တွေးတောချက်က အတော်လေး မယုံကြည်နိုင်စရာကောင်းသည်ကို ခံစားခဲ့ရသည်။
သူ့ရဲ့ အဖေအိုကြီးက ဝယ်သူတောင် မရနိုင်တဲ့ အတော်လေးကို သာမန်ဆန်တဲ့ ပန်းချီဆရာတစ်ယောက်ပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ကို တစ်ယောက်ယောက်က ဘာလို့ ပိုင်ဆိုင်ချင်မှာလဲ။
သူ့ကို ဝင်ပူးတာလား။
ဘာအတွက်လဲ။
ရေမချိုးဖို့လား။
ဒါပေမယ့်လည်း နောက်ဆုံးစာကြောင်းက ဘာအဓိပ္ပါယ်လဲ။
မင်းအမေကို လွမ်းတာလား။
လီဟမ်ရှန်း က ညင်သာစွာသက်ပြင်းချလိုက်ပြီး " ဒါပေမယ့် ငါ့အမေက ဘယ်သူလဲ။ ဒီနှစ်တွေအတွင်းမှာ ကျွန်တော်မေးတဲ့အကြိမ်တိုင်း အဖေက ကျွန်တော်ကို့ ရိုက်ခဲ့တယ်။ အခုတော့ မင်းအမေကို လွမ်းတယ်လို့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်လည်း သူမကို လွမ်းပါတယ် ဒါပေမယ့် သူမက ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော် လုံးဝမသိဘူး"
ထို့နောက် သူက စာကို သိမ်းလိုက်သည်။
ထို 500,000 တန် ငွေလက်မှတ်များကို ကြည့်ရင်း လီဟမ်ရှန်းသည်လည်း ပျော်ရွှင်နေခဲ့သည်။
အနာဂါတ်မှာ အင်အားကြီးတဲ့ လူတစ်ယောက်ဖြစ်လာအောင် ကျင့်ကြံဖို့ သူကြိုးစားရမယ်။ ဒါမှ သူ့အဖေကို ဂုဏ်ယူရအောင် ပိုက်ဆံရှာပေးနိုင်မယ့် အခွင့်အရေးတွေ အများကြီးရှိလာမှာ။
ယခု သူ၏ ဝင်ငွေက အတော်လေး နိမ့်ပါးပေသည်။
နေလအင်မော်တယ်နတ်ဆိုးခန္ဓာက မတင်းတမ်နိုင်သည့် နတ်ဆိုးအသေးစားတစ်ကောင်ကဲ့သို့ပင်။
သူ့အား အရင်းအမြစ်များ ကုန်ခမ်းစေပေသည်။
ဒီ ငွေလက်မှတ်များဖြင့် ဆိုရင်တော့ လုံလောက်သင့်ပေသည်။
လီဟမ်ရှန်းက ပစ္စည်းများဝယ်ရန်အတွက် ငွေလက်မှတ်များကို ယူလာခဲ့သည်။
အရင်ဆုံး အခုအချိန်၌ အလိုအပ်ဆုံးအရာက ရွှေနယ်ပယ်ဆေးလုံးဖြစ်သည်။
တစ်လုံးကို ငွေတုံး 1,000 ကျော်ပေသည်။
လီဟမ်ရှန်းက တစ်ခါတည်း အလုံး 200 ဝယ်လာခဲ့သည်။
သူ့အတွက် ဆေးလုံး 200 က တက်လှမ်းခြင်း အဆင့် 9 အထိ ကျင့်ကြံဖို့ရာအတွက် လုံလောက်သင့်သည်ဟု လီဟမ်ရှန်း က ခံစားခဲ့ရသည်။
ဆေးလုံးများ ဝယ်ပြီးနောက်တွင် လီဟမ်ရှန်းက တစ်ခါထပ်၍ တံခါးပိတ်ကျင့်ကြံခဲ့သည်။
သူက မြန်နိုင်သမျှမြန်အောင် တက်လှမ်းခြင်းအဆင့် 9 သို့ရောက်အောင် ကျင့်ကြံရန် ဆုံးဖြတ်ထားခဲ့သည်။
ကျင့်နန်ခရိုင်။
ဤနေရာက မင်ဟုန်ခရိုင်နှင့် ဆန့်ကျင်ဘက်အရပ်၌ ရှိသည်။
စားသောက်ဆိုင်တစ်ခု၏ အပြင်ဘက်၌ သူ၏လည်ပင်းတွင် သေးငယ်သည့် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဆွဲထားသည့် စုတ်ပြဲနေသည့် အဝတ်အစားများနှင့် လူဝကြီးတစ်ယောက်က မြေကြီးပေါ်၌ ထိုင်နေခဲ့သည်။
ထိုသူမှာ ရှမူဟိုင်ဖြစ်လေသည်။
ရှမူဟိုင်က သူတို့၏ ဂိုဏ်းချုပ်ကို အချိန်အတော်ကြာအောင်လိုက်ရှာနေခဲ့သည်။
သို့သော်လည်း ဘာသတင်းမှ မရသေးပေ။
ဒီနေ့ ဘာသတင်းမှမရပါက သူက ရှေးဟောင်းတာအိုတောင်ဂိုဏ်းသို့ ပြန်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။
သို့သော်လည်း ရှမူဟိုင်က ဗိုက်ပြည့်နေပြီး စားသောက်ဆိုင် ၏ ဝင်ပေါက်၌ ခဏ အနားယူရန်အဆင့်သင့်ဖြစ်နေခိုက် ရုတ်တရက် တစ္ဆေအရှိန်အဝါ၏ အရိပ်အယောင်ကို ခံစားခဲ့ရသည်။