← Chapters

ထာဝရရှင်သန်ခြင်းဂိုဏ်း

Vol. 7 Ch. 68

ထာဝရရှင်သန်ခြင်းဂိုဏ်း

Vol. 7 Ch. 68

တစ္ဆေမျိုးနွယ်၏ တည်ရှိမှုက ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ခုမဟုတ်ပေ။

သို့သော်လည်း တစ္ဆေမျိုးနွယ်ဝင်များက လူအုပ်ကြားထဲ၌ ပုန်းကွယ်နေလျှင်ပင် သူတို့က သူတို့ကိုယ်တိုင် ကောင်းကောင်းပုန်းနိုင်ကြပေသည်။ သူတို့က လူသားများ၏ အသွင်အပြင်နှင့် အနီးစပ်ဆုံးတူကြသောကြောင့် သူတို့အား မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရန်မှာ အလွန် ခက်ခဲပေသည်။

တစ္ဆေမျိုးနွယ်က သဘောဆန္ဒအလျောက် အငွေ့အသက် ထုတ်လွှတ်ခြင်းက ကြုံတောင့်ကြုံခဲဖြစ်ရပ်တစ်ခုပင်။

တစ္ဆေအငွေ့အသက် က ဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့သည်။

ရှမူဟိုင်က အဆင်သင့်မဖြစ်ဘဲ ဘာမှ မလုပ်ခဲ့ပေ။

ကျင့်နန်ခရိုင်သည် ရှေးဟောင်းတာအိုတောင်နယ်မြေ၏ အပိုင်းလည်းဖြစ်သည်။ တစ္ဆေမျိုးနွယ်က ရှေးဟောင်းတာအိုတောင်နယ်မြေ၌ ထိုကဲ့သို့ သောင်းကျန်းနိုင်ပါ့မလား။

စားသောက်ဆိုင်အဝင်ဝမှ သူတောင်းစားသာသာ လူဝကြီး ပျောက်ကွယ်သွားသည်ကို လမ်းထဲရှိ မည်မူမျှ သတိမထားမိလိုက်ပေ။

တစ္ဆေအငွေ့အသက်နောက်လိုက်ရင်းဖြင့် သူက မြို့ထဲမှ ထွက်လာခဲ့သည်။

ဤတစ္ဆေအငွေ့အသက်က နောက်ဆုံး၌ ဘယ်ကိုဦးတည်နေသည်ကို သိချင်သဖြင့် ရှမူဟိုင်က နောက်မှ တိတ်ဆိတ်စွာ လိုက်လာခဲ့သည်။

နှင်းငှက်မွှေးကိုယ်ဖော့သိုင်း ကို သုံးနေသည့် ရှမူဟိုင်က အရမ်း လျင်မြန်စွာ မလိုက်ခဲ့ပေ။ သူက အမြဲတမ်း အကွာအဝေးတစ်ခု ခြားထားခဲ့သည်။

မြို့နှင့်အလှမ်းဝေးသည့် တောင်၏ အတွင်းပိုင်းသို့ ဝင်သွားသည့် ပုံရိပ်တစ်ခုကို တွေ့ခဲ့ရသည်။

" ဘယ်‌လိုတောင် ပြင်းထန်လိုက်တဲ့ သွေးနံ့လဲ"

ခပ်လှမ်းလှမ်းမှ ရှမူဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။ တောင်ထဲမှ သွေးနံ့က အတော်ပြင်းထန်ပြီး လူအများအပြား သေဆုံးထားသကဲ့သို့ပင်။

တဖြည်းဖြည်းနှင့် အဝေးမှ ဆူညံသံများ ပျံ့လွင့်လာခဲ့သည်။

ချောင်ကြသည့် တောင်ကြားထဲ၌ ချောက်ကမ်းပါးပေါ်၌ ထိုင်နေပြီး ငုံကြည့်နေခဲ့သည့် ရှမူဟိုင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

သူက ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ပေသည်။

တောင်ကြားထဲ၌ အလွန်ကြီးမားသည့် ယဇ်ပလ္လင်တစ်ခုရှိနေသည်။

ယဇ်ပလ္လင်၏ ပတ်ပတ်လည်၌ တစ်ဒါဇင်ကျော်သည့် ပုံရိပ်များရှိနေခဲ့သည်။ သူတို့က ထိုနေရာ၌ ထိုင်နေကြပြီး လျှို့ဝှက်ကျင့်စဉ်တစ်ခုကို လုပ်ဆောင်နေခဲ့ကြသည်။

သူတို့၏ လက်သင်္ကေတများက ချက်ချင်း ပြောင်းလဲနေခဲ့ကြပြီး ယဇ်ပလ္လင်အနီး အလောင်းများက မြင်ရသူကို စိတ်ခြောက်ခြားစေသည်။

ရာနဲ့ချီပြီးရှိပေသည်။

ထိုအလောင်းများက ရိုးရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ပတ်ပတ်လည်၌ သွေးချင်းချင်းနီနေခဲ့သည်။ သူတို့၏ နုပျိုမှုများက ကုန်ခမ်းနေခဲ့ကြပြီး သူတို့၏ သေဆုံးခြင်းက အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှပေသည်။

ထိုမြင်ကွင်းအား မြင်တွေ့ပြီး ရှမူဟိုင်၏ စိတ်ထဲ၌ တဖြည်းဖြည်းချင်း ဒေါသထွက်လာခဲ့သည်။

တစ္ဆေမျိုးနွယ်က လူအများအပြားအား အမှန်တကယ် သတ်ခဲ့ပေသည်။

ဒီလူတွေအားလုံးက ဒီတောင်တန်းတွေမှာ နေထိုင်ကြတဲ့‌ တောင်ပေါ်သားတွေ ဟုတ်တယ်မလား။

ထိုအချိန်၌ ရှမူဟိုင် လိုက်လာခဲ့သည့် ပုံရိပ်က ထိုနေရာသို့ ပြန်ရောက်လာခဲ့သည်။ အနက်ရောင်ဝတ်ရုံနှင့် လူက အခြားပုံရိပ်များရှေ့၌ ချက်ချင်း ဒူးထောက်လာခဲ့သည်။

" သခင်ကြီး ၊ ကျွန်တော် ပြန်ရောက်ပါပြီ " အနက်ရောင်ဝတ်ရုံနှင့် လူက ပြောခဲ့သည်။

ပုံရိပ်က လှည့်လာခဲ့ပြီး အနည်းငယ်အသက်ကြီးသည့် မျက်နှာကို ဖော်ပြလာခဲ့သည်။

သူ၏ နားထင်က ဖြူဆွတ်နေပြီး သူငယ်အိမ်က အနက်ရောင်ရှိကာ ဝါးလုံး တစ်လုံးကဲ့သို့ ပိန်ပါးသော သူ၏ ခန္ဓာကိုယ်က ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်ကို ပေးစွမ်းနေခဲ့သည်။

အဘိုးအိုက အနည်းငယ်ခေါင်းညိမ့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ကာ ကျယ်လောင်စွာပြောခဲ့သည်။ " တောင်သခင် ရှ ၊ ခင်ဗျားရောက်နေပြီကို ဘာလို့ ကိုယ်တိုင် ထွက်မလာသေးတာလဲ"

သူ၏ အသံက အဝေးသို့ ပျံ့နှံ့သွားခဲ့သည်။

ချောက်ကမ်းပါးအနီး၌ ရှိနေသည့် ရှမူဟိုင်က အနည်းငယ်မျက်မှောင်ကြုတ်ခဲ့သည်။ သူက သိပ်မအံ့ဩခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အရင်ကတည်းက တစ္ဆေမျိုးနွယ်ဝင်က သူ့အား ဒီနေရာသို့ ဦးဆောင်ခေါ်လာပုံပေါက်နေသောကြောင့် ဖြစ်ပေသည်။

သူ့ရှေ့၌ ရှိနေသည့် ထိုလူများက သာမန်လူတစ်စုပင်။ မူလအဆင့် တစ်ယောက်သာ ရှိသည်ကို ရှမူဟိုင်က ပြောနိုင်ပေသည်။

ဘာကြောက်စရာရှိမှာလဲ။

ထို့ကြောင့် ရှမူဟိုင်က ချောက်ကမ်းပါးမှ ခုန်ဆင်းလိုက်ပြီး ယဇ်ပလ္လင်ပေါ်သို့ ရပ်လိုက်သည်။

ရှမူဟိုင် ပေါ်ပေါက်လာသည်နှင့် လျှို့ဝှက်ကျင့်စဉ်ကို လုပ်ဆောင်နေကြသည့် ယဇ်ပလ္လင်အနီးမှ လူများက သူတို့၏ လှုပ်ရှားမှုများကို ရပ်လိုက်ကြပြီး ရှမူဟိုင်အား စိုက်ကြည့်နေခဲ့ကြသည်။

သူတိူ့အားလုံးက ပြန်လည်မွေးဖွားခြင်းအဆင့်၌သာရှိကြသော်လည်း ရှမူဟိုင်နှင့် ရင်ဆိုင်ရသည့် အခါ၌ သူတို့၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုအနည်းငယ်မျှ မရှိကြပေ။

ရှမူဟိုင်က သူတို့အား ဒု‌က္ခပေးနိုင်သည့် အနေအထားမရှိသကဲ့သို့ပင်။

" ကြိုဆိုပါတယ် တောင်သခင် ရှ "

ရှမူဟိုင် ရောက်လာသည်ကို မြင်သည်နှင့် အဘိုးအိုက လက်ခုပ်ကိုညင်သာစွာတီးလိုက်ပြီးအပြုံးနှင့် ပြောခဲ့သည် " ရှေးဟောင်းတာအိုတောင်နယ်မြေရဲ့ မူဟိုင်ဖုန်း တောင်သခင် ၊ ဒီနေ့ ခင်ဗျားနဲ့ ‌တွေ့ရတာ တကယ်ကို ဂုဏ်ယူစရာပါပဲ"

" ခင်ဗျားက တစ္ဆေမျိုးနွယ်ကမဟုတ်ဘူး" ရှမူဟိုင်က သူ့ရှေ့မှ အဘိုးအိုကို ကြည့်လိုက်ပြီး သူ့ဆီ မှ မည်သည့်တစ္ဆေအငွေ့အသက်ကိုမှ မခံစားရပေ။

သူက ဒီတိုင်း သာမန်လူတစ်ယောက်ပဲ။

သို့သော်လည်း ထိုစကားအားပြောပြီးနောက်တွင် ရှမူဟိုင်က ရပ်သွားခဲ့ပြီး သူ့ရှေ့မှလူ၏ မျက်နှာက အတော်လေးရင်းနီးနေတာကို တွေ့ရှိခဲ့သည်။

" ကျုပ်မမှားဘူးဆိုရင် ခင်ဗျားက ကျန့်ဟယ် ဌာနက ရှကျင့် မဟုတ်လား" ရှမူဟိုင်က မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ " ကျန့်ဟယ် ဌာနက ခေါင်းဆောင် တစ်ယောက်က တစ္ဆေမျိုးနွယ်နဲ့ ပူးပေါင်းနေမယ်လို့ ကျုပ်မထင်ထားခဲ့ဘူး။ ခင်ဗျားနဲ့ကျုပ်နဲ့ မျိုးရိုးနာမည်အတူတူ ပိုင်ဆိုင်ထားရတာက ရှက်စရာပဲ "

" ကျော်ကြားတဲ့ ရှမူဟိုင် က ကျုပ်ကို မှတ်မိမယ်လို့ မထင်ထားခဲ့ဘူး။ တကယ်ကို ဂုဏ်ယူစရာပါပဲ" ရှကျင့်က ရယ်၍ ပြောလိုက်သည် " ခင်ဗျားအဲ့လိုပြောလို့မရဘူး ဘာလို့လဲဆိုတော့ ခင်ဗျားက မကြာခင်မှာ ကျုပ်တို့ထဲက တစ်ယောက်ဖြစ်လာတော့မှာမို့လို့ပဲ"

" ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း က ဘယ်လိုလုပ်တူနိုင်မှာလဲ" ရှမူဟိုင်က ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည် " မင်းက ငါ့ရဲ့ ရှေးဟောင်းတာအိုတောင်နယ်မြေမှာ ဒီလိုမျိုး ကောက်ကျစ်ယုတ်မာတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တာ။ ဒီနေ့ မင်းတို့ထဲက ဘယ်သူမှ ဒီကနေ အသက်ရှင်လျက် ထွက်သွားလို့ရမှာမဟုတ်ဘူး"

" ဟီးဟီးဟီး" ရှမူဟိုင် ၏ အံ့အားသင့်မှုကို ရှကျင့်က ရယ်လိုက်ပြီး " တောင်သခင် ရှ ဒေါသမထွက်ပါနဲ့"

" ကျုပ်တို့ကို မိတ်မဆက်ရသေးဘူးပဲ" ရှကျင့်၏ မျက်လုံးစိမ်းများက အေးစက်စက်အလင်းရောင် တစ်ချက်လက်သွားကာ သူက ပြုံးစိစိဖြင့် " ကျုပ်တို့က ထာဝရရှင်သန်ခြင်းဂိုဏ်းပါ။ တောင်သခင် ရှ ရဲ့ ရောက်ရှိလာခြင်းကို ကြိုဆိုပါတယ်။ အနာဂတ်မှာ ကျုပ်တို့အဆင်ပြေပြေရှိသင့်တယ်"

" ထာဝရရှင်သန်ခြင်းဂိုဏ်းလား" ရှမူဟိုင် က ချင်ချင်းပင် အေးခဲရှေးဟောင်းဘုရားကျောင်းကို တွေးမိခဲ့သည်။

ရှေးဟောင်း ပန်းချီကား !

ရှေးဟောင်း ပန်းချီကားထဲက တစ္ဆေကလေးငယ်ကလည်း ထာဝရရှင်သန်ခြင်းဂိုဏ်းဆိုတာကို ပြောခဲ့သည်။ မထင်မှတ်ထားစွာဖြင့် ၎င်းက အဆောတလျင် ပေါ်ပေါက်လာခဲ့သည်။

အရင်တုန်းက ထာဝရရှင်သန်ခြင်းဂိုဏ်းဆိုသည်မှာ တစ္ဆေမျိုးနွယ်၏ မကြာသေးခင်က ပေါ်ထွက်လာသည့် စွမ်းအားတစ်ခုဟု ရှမူဟိုင်က ထင်ခဲ့သည်။ သို့သော်လည်း ယခုမူ ထိုသို့ ရိုးရှင်းပုံမရချေ။

ထာဝရရှင်သန်ခြင်းဂိုဏ်းထဲ၌ အမှန်တကယ်ပင် လူသားများရှိနေကြသည်။

လူသားများနှင့် တစ္ဆေမျိုးနွယ်များက အတူတကွယှဉ်တွဲနေထိုင်နေကြသည်။

အခြားမျိုးနွယ်စုများ ပါဝင်နေခဲ့လျှင် ဟုပင် သူက စဉ်းစားနေခဲ့သည်။

" ဘာကို ထာဝရရှင်သန်ခြင်းဂိုဏ်းလဲ " ရှမူဟိုင်က အလျင်စလို မပြုမူခဲ့သော်လည်း အရင်ဆုံးသူက ရှင်းရှင်းလင်းလင်း နားလည်ချင်ခဲ့ပေသည်။

ရှကျင့် က လက်နောက်ပစ်ကာရပ်နေခဲ့ပြီး သူ့ကိုယ်သူ ဟုတ်လှပြီထင်နေသည့်ပုံဖြင့် " ထာဝရရှင်သန်ခြင်းဂိုဏ်းဆိုတာက နာမည်အတိုင်း ထာဝရရှင်သန်ခြင်းကို ရှာဖွေတာပဲ။ ကျုပ်တို့ရဲ့ ဘိုးဘေးတွေ ပြန်လည်အသက်ဝင်လာတာနဲ့ ချက်ချင်း သူတို့က ကျုပ်တို့ကို အင်မော်တယ်ဖြစ်အောင် ခွင့်ပြုပေးလိမ့်မယ်။ ဒီလိုနဲ့ ကျုပ်တို့က စန်းယွမ်နယ်မြေရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ အာဏာအမြင့်ဆုံးဖြစ်တည်မှု တွေ ဖြစ်လာပြီး ထာဝရရှင်သန်ခြင်းကို ရရှိပြီး မိုးနဲ့မြေတည်ရှိနေသရွေ့ ရှင်သန်နေလိမ့်မယ်"

"ဘိုးဘေးတွေလား ! "

" အဲ့ဒီ ဘိုးဘေးတွေက ဘာလဲ" ရှမူဟိုင် က ခပ်ဩဩအသံဖြင့်မေးလိုက်သည် " ခင်ဗျားတို့ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ခေါင်းဆောင် က ဘယ်သူလဲ။ ပြီးတော့ ပူးပေါင်းထားတဲ့ အင်အားစုတွေက ဘယ်လောက်များလဲ"

"အလျင်မလိုပါနဲ့" ရှကျင့်က ရှမူဟိုင်၏ မေးခွန်းအားမဖြေခဲ့ပေ။ သို့သော်လည်း ပြုံးကာ ပြောလိုက်သည် " ခင်ဗျား ထာဝရရှင်သန်ခြင်းဂိုဏ်းထဲကို ဝင်လိုက်တာနဲ့ အားလုံးကို နားလည်လာလိမ့်မယ်"

ဤသို့နှင့် ရှကျင့်က သူ၏ အင်္ကျီလက်အတွင်းမှ ပုလင်းအသေးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

ထို့နောက် သူက ပြောလိုက်သည် " ကျုပ်တို့က ခင်ဗျားအတွက် ယဇ်ပူဇော်ပွဲ အခမ်းအနား ပြင်ဆင်ထားပြီးပြီ။ ခင်ဗျားရဲ့ စိတ်ဝိဉာဉ်အမျှင်တစ်စ ကို ယဇ်ပူဇော်လိုက်တာနဲ့ ကျုပ်တို့ရဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းကို တရားဝင် ဝင်ရောက်နိုင်ပြီး ကျုပ်တို့ရဲ့အပိုင် ဖြစ်လာလိမ့်မယ်"

" ကျုပ်က ငြင်းမယ်ဆိုရင်ရော ဘယ်လိုလဲ " ထိုအခိုက်အတန့်၌ ‌မည်သည့်အချက်အလက်မှ ပို၍ ရနိုင်မည်မဟုတ်သည်ကို သိလိုက်သည်။သို့သော်လည်း အရူးကသာ သူ့ရဲ့ စိတ်ဝိဉာဉ်ကိုယဇ်ပူဇော်လိမ့်မည်။

" ခင်ဗျားတို့ရဲ့ သောက်ထာဝရရှင်သန်ခြင်းဂိုဏ်းကို မဝင်ရုံသာမကဘူး ကျုပ်က ဒီတောင်ပေါ်သားတွေအတွက် လက်စားချေပေးဖို့ ခင်ဗျားတို့ အယုတ်တမာကောင်တွေကို သတ်ပစ်ဦးမှာ " ရှမူဟိုင် ၏ သတ်ဖြတ်လိုစိတ်က တဖြည်းဖြည်းချင်း ဖိတ်လျှံလာခဲ့သည်။

" ဟားဟားဟား ! "

ရှကျင့်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး " တောင်သခင် ရှ ခင်ဗျားကိုယ်တိုင် ပြဿနာကို မဖိတ်ခေါ်ဖို့ ကျုပ် အကြံပေးလိုက်မယ် "

" အဆင့်မရှိတဲ့ ပုစွန်ဆိတ်တစ်သိုက်ကလား။ အဲ့လို တွေးဖို့ ထိုက်တန်လို့လား " ရှမူဟိုင်က မတုန်မလှုပ်မေးလိုက်သည်။

" ပင်ကိုယ်အရတော့ ကျုပ်ရဲ့ ခွန်အားနဲ့ ကျုပ်က တောင်သခင်ရှ ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ပါဘူး " သူနှင့် ရှမူဟိုင် နှစ်ယောက်လုံးက ပါရမီရှင်များ ဖြစ်ကြသော်လည်း သူ၏ ခွန်အားက ရှမူဟိုင်ထက် ပို၍ နိမ့်ကျသည်ကို ရှကျင့်က သိပေသည်။

သို့သော်လည်း ရှကျင့်က မတုန်လှုပ်ပေ။

သူ့၌ ရှမူဟိုင်ကို ရင်ဆိုင်နိုင်မည့် ဝှက်ဖဲတစ်ချပ် ရှိပေသည်။

All Chapters