မာစန်းထောင်
Vol. 7 Ch. 69
" သေစမ်း ! "
ရှမူဟိုင်က ရှကျင့်နှင့်အတူ စကားများ ဖြုန်းတီးရန် စိတ်အနှောက်အယှက်ဖြစ်မခံနိုင်ခဲ့ပေ။ သူ၏ ပုံရိပ်က ရွေ့လျားလာခဲ့ပြီး နှင်းငှက်မွှေးကိုယ်ဖော့သိုင်းကိုသုံးကာ ၎င်း၏ ထူးကဲမှုကို ပြသလာခဲ့သည်။ သူ့လက်များကို မြောက်ကာ တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။
ထိုအခိုက်အတန့်၌ ရှကျင့် က ပြုံးဖြဲဖြဲဖြင့် " ခင်ဗျားရဲ့ လက်ရှိအခြေအနေကို နားလည်အောင်လုပ်ဖို့ လိုနေပြီထင်တယ် တောင်သခင်ရှ ! "
ဤသို့နှင့် ရုတ်တရက် ရှကျင့်၏ လက်ထဲ၌ အဆောင်လက်ဖွဲ့ တစ်ခု ပေါ်လာခဲ့သည်!
ချက်ချင်းပင် ရှကျင့်၏ လက်ချောင်းကြားရှိ အဆောင်က လောင်ကျွမ်းသွားခဲ့သည်။
အဆောင် လောင်ကျွမ်းသွားသည်နှင့် ၎င်းမှ အနက်ရောင်မီးခိုးငွေ့တန်းတစ်ခုထွက်ပေါ်လာခဲ့ပြီး မမျှော်လင့်ထားဘဲ မီးခိုးငွေ့က ကျယ်လောင်သည့် ငိုကြွေးသံတစ်ခုထွက်ပေါ်နေသည့် တစ္ဆေမျက်နှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ခြောက်ခြားဖွယ်ကောင်းစွာ ထူးဆန်းပေသည်။
ထိုကဲ့သို့ ထူးဆန်းသည့်အရာက ရှကျင့်၏ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေသည့် အမူအရာနှင့် လိုက်ဖက်လှပြီး ရှမူဟိုင်ကိုပင် သတိရှိနေစေခဲ့သည်။ သူက သူ၏ လက်ဖဝါးမှ အားကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။
တကယ်တော့ ရှမူဟိုင်က သူအရင်က မမြင်ဖူးသည့် အရာများအား အမြဲသတိရှိပေသည်။
အဲ့ဒီအရာတွေက ဘာလဲဆိုတာကို ဘယ်သူက သိမှာလဲ။
သတိရှိခြင်းက ပဓာန ပင်!
အနက်ရောင်မီးခိုးငွေ့ထဲမှ တစ္ဆေမျက်နှာက ဆက်လက်ငိုကြွေးနေပြီး ရှမူဟိုင်၏ လည်ပင်းမှ တစ္ဆေလက်သည်းရာက စတင်လူးလွန့်လာခဲ့သည်။
သို့သော်လည်း တစ္ဆေလက်သည်းရာက လှုပ်ရှားဖို့စတင်သည်နှင့် ရှမူဟိုင်၏ လည်ပင်းတွင် ဆွဲထားသည့် မြေကမ္ဘာစောင့်ဗောဓိသတ္တရုပ်ထုကလည်း ပြောင်းလဲလာခဲ့သည်။
မြေကမ္ဘာဗောဓိသတ္တရုပ်ထု က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့သည် !
မြေကမ္ဘာစောင့်ဗောဓိသတ္တ ရုပ်ထုက မျက်လုံးပွင့်လာသည်နှင့် တစ္ဆေလက်သည်းရာက နည်းနည်းမှ မလှုပ်ဝံ့တော့ဘဲ ရှမူဟိုင်၏ လည်ပင်းပေါ်၌ နာခံစွာလဲလျောင်းနေခဲ့သည်။
ရှမူဟိုင်က ဤသည်ကို နည်းနည်းမှ သတိမထားမိခဲ့ပေ။
အဆောင်လက်ဖွဲ့ လောင်ကျွမ်းသွားသည်နှင့် ရှမူဟိုင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး တစ်ခုခုဖြစ်သွားသည်ဟု မထင်ရပေ။
" ကျုပ်ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား" ရှမူဟိုင်က ကသိကအောက်ဖြစ်စွာဖြင့် ပြောခဲ့သည်။
ရှကျင့်နှင့် အနီးအနားမှ တစ္ဆေမျိုးနွယ်ဝင်များကလည်း အံ့အားသင့်နေခဲ့ကြသည်။
ဘာဖြစ်တာလဲ။
ဘာလို့ ဘာမှမဖြစ်တာလဲ။
" မဖြစ်နိုင်ဘူး !" ရှကျင့်က အတော်လေး ထိတ်ထိတ်ပျာပျာဖြစ်နေခဲ့ပြီး နောက်ထပ်အဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီးနောက် လောင်ကျွမ်းစေခဲ့သည်။
မြင်ကွင်းက အရင်ကနှင့် အတူတူပင်။
သို့သော်လည်း ဤတစ်ကြိမ်၌ ရှမူဟိုင်၏ လည်ပင်းပေါ်မှ တစ္ဆေလက်သည်းရာက လှုပ်ပင်မလှုပ်ချေ။ ကြိုးဆွဲထားသည့် မြေကမ္ဘာစောင့် ဗောဓိသတ္တရုပ်ထုအား
" တွေ့လား ၊ ကျွန်တော် ဣန္ဒြေရတယ်မို့လား " ဟု ပြောနေသကဲ့သို့ပင်။
နောက်ထပ် အဆောင်လက်ဖွဲ့တစ်ခု လောင်ကျွမ်းသွားသော်လည်း ရှမူဟိုင်က ထိခိုက်ဒဏ်ရာမရှိ ရပ်နေဆဲဖြစ်သည်။
" ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ ! " ရှကျင့်က အမှန်တကယ် ခြောက်ခြားနေပြီဖြစ်သည်။
ဒါက ဘာလို့ အလုပ်မလုပ်တာလဲ။
ဤသည်က ရှမူဟိုင်အား ဆန့်ကျင်ရန် သူ၏ ဝှက်ဖဲဖြစ်သည်။ ဒါမရှိဘဲနဲ့ သူက ရှမူဟိုင် ကို ရင်ဆိုင်ဖြေရှင်းဖို့ ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ။
" ဘာလို့ ခင်ဗျားရဲ့ မကျေမချမ်းဝိဉာဉ်ကျိန်စာက တုန့်ပြန်မှုမရှိတာလဲ" ရှကျင့်က ရှမူဟိုင်အား ထိတ်လန့်စွာကြည့်နေခဲ့သည်။
ဤသည်ကိုကြားပြီး ရှမူဟိုင်က နားလည်သွားခဲ့သည်။ အဆောင်လက်ဖွဲ့က သူ၏ မကျေမချမ်းဝိဉာဉ်ကျိန်စာအား အစပျိုးရန် သုံးဖို့ ဖြစ်ပေသည်။ အရင်က ရှကျင့်က ဒီလောက် ယုံကြည်မှုရှိနေတာ အံ့ဩစရာမရှိပေ။
မကျေမချမ်းဝိဉာဉ်ကျိန်စာ၏ အစွမ်းကို ရှမူဟိုင် သိထားပေသည်။ အမှန်တကယ် နှိပ်စက်ခြင်းပင်။
" ဟက် ဟက် " ရှမူဟိုင်က ပြုံးစိစိလုပ်နေခဲ့သည်။ ယခုတွင် ထိုအရာက ဘာလဲဆိုသည်ကို သူသိခဲ့ပြီး ကြောက်စရာမရှိပေ။ ၎င်းကို ဖိနှိပ်ရန် အတွက် လီချန်ချင်း ထုလုပ်ထားသည့် သစ်သားပန်းပုရုပ်နှင့်ဆိုလျှင် မကျေမချမ်း ဝိဉာဉ်ကျိန်စာဆိုတာက ဘယ်လို ချစ်စရာ အရာလေးလဲ။
ရှမူဟိုင်က ရှေ့တိုးလာသည်ကို မြင်ပြီး ရှကျင့်က သူ၏ အဆောင်လက်ဖွဲ့အားလုံးကို ထုတ်ယူလိုက်သည်။ ဘေးကင်းဖို့ရာအတွက် သူက အများအပြားယူလာခဲ့ပြီး ယခုအခါ၌ အားလုံးကို ထုတ်ယူခဲ့သည်။
အားလုံးကို စတင်လောင်ကျွမ်းစေခဲ့သည်။ ရှမူဟိုင် က မကျေမချမ်းဝိဉာဉ်ကျိန်စာကို အမှန်တကယ်ဂရုမစိုက်ဘဲနေနိုင်မည်ဟု သူမယုံကြည်ပေ။
ခင်ဗျားဘယ်လိုသေရမယ်ဆိုတာကို သိနေလို့ စာရွက်တွေကို ကိုယ်တိုင်ကြိုပြီး မီးရှို့နေတယ်လား။ ဉာဏ်ရှိတဲ့ ရွေးချယ်မှုပဲ။ ဒါဆို ကျုပ်ကို ခင်ဗျားရဲ့ လမ်းကို လိုက်ပို့ခွင့်ပေးပါဦး" ရှမူဟိုင်က ရှကျင့် အား ခနဲ့လိုက်သည်။
နောက်တစ်ခဏ၌ တောင်ကြားတစ်ခုလုံး စက်ဆုပ်ဖွယ်ရာ စူးစူးဝါးဝါးအော်ဟစ်သံများနှင့် ပြည့်နှက်သွားခဲ့သည်။
တက်လှမ်းခြင်းအဆင့်၌ ရှိနေဆဲဖြစ်သည့် တစ္ဆေမျိုးနွယ်ဝင်များပင် ရှမူဟိုင်၏ ရက်စက်သည့် သတ်ဖြတ်မှုများမှ မလွတ်မြောက်နိုင်ခဲ့ပေ။ အသက်နှစ်ခါရှူရုံမျှ အချိန်အတွင်း၌ သူတို့အားလုံးက ရှမူဟိုင်၏ လက်ဖဝါးအောက်၌ သေဆုံးသွားခဲ့ကြသည်။
ရှကျင့်အတွက်မူ သူ၏ ရက်စက်ကြမ်းကြုတ်မှုကို ခုခံသော်လည်း သူ၏ ခြေထောက်များက ရှမူဟိုင်၏လက်ဖဝါးကြောင့် ကျိုးကြေသွားခဲ့ရသည်။
ရှကျင့်အား ထာဝရရှင်သန်ခြင်းဂိုဏ်းအကြောင်းအချက်အလက်များထုတ်ဖော်ရန် တွန်းအားပေးချင်ခဲ့သည်။
သို့သော်လည်း ရှကျင့် က ပြောရန်ငြင်းဆန်ခဲ့သည်။
" ရှမူဟိုင် ထာဝရရှင်သန်ခြင်းဂိုဏ်းက ခင်ဗျားကို သွားခွင့်ပေးမှာမဟုတ်ဘူး။ မကျေမချမ်းဝိဉာဉ်ကျိန်စာနဲ့ ခင်ဗျားတို့က ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ အဖွဲ့ဝင်တွေဖြစ်ဖို့ ရေစက်ပါလာတာပဲ ! " ရှကျင့်၏ အစိမ်းရောင်မျက်လုံးများက ရဲရဲနီလာခဲ့ပြီး သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာခဲ့သည်။ " နောက်ဆုံးတော့ ကျုပ်တို့ရဲ့ဘိုးဘေးတွေက စန်းယွမ်နယ်မြေကို ဆင်းသက်လာတော့မှာ။ အဲ့ကျရင် ခင်ဗျားတို့ အားလုံးသေရမှာ ! "
ပြောပြီးသည့်နောက်တွင် ရှကျင့်၏ သူငယ်အိမ်များက ဖြည်းဖြည်းချင်း အရောင်လျော့သွားပြီး သူ၏ အသက်ဓာတ်က မှေးမှိန်လာခဲ့သည်။
ထို့မှသာ ရှကျင့်က အဆိပ်သောက်ပြီး သတ်သေလိုက်ကြောင်းကို ရှမူဟိုင်က သတိပြုမိခဲ့ခြင်းဖြစ်သည်။
" ထာဝရ ရှင်သန်ခြင်းဂိုဏ်း...." ရှမူဟိုင်၌ စန်းယွမ်နယ်မြေ၏ ငြိမ်းချမ်းခြင်းက နောက်ဆုံးကြာရှည်မခံနိုင်တော့ဟု ခံစားခဲ့ရသည်။
နောက်ဆုံးတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းက အန္တရာယ်တစ်ခုပင် ဖြစ်သည်။
တစ္ဆေမျိုးနွယ်ဖြင့်ပင် အလုံအလောက်ဆိုးရွားလှပြီဖြစ်သော်လည်း လူသားများလည်း ပါဝင်နေကြပေ၏။ ရှကျင့်က ကျန့်ဟယ် ဌာနက ဖြစ်သော်လည်း ကျန့်ဟယ်ဌာနက လုံးဝမသိပေ။ တခြားဂိုဏ်းများ၌လည်း ထာဝရရှင်သန်ခြင်းဂိုဏ်း၏ နောက်လိုက်များ ရှိကောင်းရှိနေနိုင်သည်။
ဤအကြောင်းအားတွေးရင်း ရှမူဟိုင်ကလကျောချမ်းသွားခဲ့သည်။ ရှေးဟောင်းတာအိုတောင်နယ်မြေကလည်း သက်ရောက်မှုရှိပေမည်။
" အရင်ဆုံး တောင်ဆီကို ပြန်ကြတာပေါ့"
သူက ဂိုဏ်းချုပ်အား ရှာမတွေ့နိုင်သည့်အတွက် အရင်ဆုံး ရှေးဟောင်းတာအိုတောင်နယ်မြေ သို့ ပြန်ရန် ရှမူဟိုင်က ဆုံးဖြတ်ခဲ့သည်။
ထပ်ပြောရလျှင် ဤကိစ္စအား ဆေးဘုရင်တောင်ကြား၏ မူချင်းကောအား သတင်းပေးရန် လိုအပ်သည်ဟု ရှမူဟိုင် က ခံစားရပေသည်။
သူက မူချင်းကော အား သတိထားစေချင်ပေသည်။
ပြီးတော့ သစ်သားပန်းပုဆွဲကြိုးအား အမြဲဝတ်ဆင်ထားရန်လည်း သတိပေးချင်ခဲ့သည်။
ဒီနေ့၌ လီချန်ချင်း၏ သစ်သားပန်းပုရုပ် ဆွဲကြိုးသာမရှိခဲ့ပါက သူက ဒီနေရာ၌ ကျဆုံးရမည်ဖြစ်သည်။
မကျေမချမ်းဝိဉာဉ်ကျိန်စာ၏ ကြောက်မက်ဖွယ်ကောင်းပုံက ရှမူဟိုင်ကဲ့သို့ ယောက်ျားကြီးတစ်ယောက်ကိုပင် ကျောချမ်းစေခဲ့ပေသည်။
နှစ်ရက်ကြာပြီးနောက်။
ချန်ထင် မြို့။ ကျင်းဟုန် မျှော်စင်။
ပိုင်ကျင်းဖေ ၊ ကျောက်ရီချန်း နှင့် အခြားသူများက ထိုနေရာ၌ စုဝေးနေကြသည်။ သို့သော်လည်း သူတို့က လေးလေးစားစားရပ်နေရန်သာ တတ်နိုင်ကြပြီး သူတို့ထဲက မည်သူမျှ မထိုင်ဝံ့ကြပေ။
သူတို့၏ ရှေ့၌ သတ္ထုဓားတစ်ချောင်းကို လွယ်ထားသည့် လူတစ်ယောက်က အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေခဲ့သည်။
ထိုလူထံမှ ထုတ်လွှတ်နေသည့် ဖိအားက သူတို့အားလုံးအား အလွန်လေးလံသည့် ဖိနှိပ်မှုကို ခံစားရစေခဲ့သည်။
မည်သူမျှ စကားမပြောဝံ့ကြပေ။
အမွှေးတိုင်တစ်တိုင်ကုန်စာမျှ အချိန်စောင့်ပြီးသည့်နောက်တွင် ထိုလူက သူ၏ လက်ဖက်ရည်သောက်ခြင်းကို အဆုံးသတ်လိုက်ပြီး သူတို့အား မော့ကြည့်လာခဲ့သည်။
" ကျုပ်က ငွေကိုလက်ခံပြီးပြီ ဆိုတော့ ခင်ဗျားတို့အတွက် အလုပ်လုပ်ပေးမယ် " ထိုလူက ပြောလိုက်သည် " ကျုပ် မာစန်းထောင် က ကျုပ်စကားကို အမြဲတည်တယ်။ဒီနေ့ည ယန်မိသားစု ကမောက်ကမဖြစ်စေရမယ်"
" ကျေးဇူးတင်ပါတယ် အကြီးအကဲ မာ ! "
လူတိုင်းက သူ့အား ကမန်းကတန်း ကျေးဇူးတင်ခဲ့ကြသည်။
သူတို့၏ ဆွေးနွေးမှု နှင့် ရွယ်ဟုန်၏ တိုက်တွန်းချက်ကြောင့် ယန်ပါးထောင်အားသတ်ပစ်ပြီး ယန်မိသားစုကို ကမောက်ကမဖြစ်အောင်လုပ်ခြင်းက သင့်တော်သည့် အစီအစဉ် ဖြစ်သည်ဟု တွေးခဲ့ကြသည်။ သူတို့အားလုံး အကျိုးကျေးဇူးရနိုင်ပေသည်။
သူတို့က ယန်ပါးထောင်၏ သမီးအကြောင်းလည်း စိတ်မပူကြတော့ပေ။
ကျိုးရွှင်းပြောသလိုပဲ အပြင်စည်းတပည့်တစ်ယောက်က မူလအဆင့် ဖြစ်လာနိုင်ပါ့မလား။
ဖြစ်နိုင်ချေက အရမ်းနည်းတယ် မဟုတ်လား။
လုံးဝ စိုးရိမ်နေစရာ မလိုအပ်ပေ။
အဲ့လိုဆိုမှတော့ သူတို့လည်း လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ရုံပဲ ရှိတော့တာပေါ့။
ပြီးတော့ သူတို့ရှေ့က လူက ကျိုးရွှင်းရှာတွေ့ခဲ့သည့် ရှန်ထျန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ အစတုန်းက ကျိုးရွှင်း ရှာတွေ့ခဲ့တဲ့ ပါရမီရှင် ကျွမ်းကျင်သူက ကျန့်ဟယ် ဌာန က ဆရာသခင်တစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ ဒီလူဖြစ်နေလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ။
မာစန်းထောင် !
ဒီလူက နာမည်ဆိုးနဲ့ ကျော်ကြားပြီးတော့ အမည်ပျက်စာရင်းဝင်ဖြစ်သည်။
ထိုအမည်ပျက်စာရင်း၌ရှိသည့်သူအားလုံးက မရေမတွက်နိုင်သည့် ပစ်မှုများကို ကျူးလွန်ထားကြသည့် ရက်စက်ယုတ်မာသည့် လူများဖြစ်ကြပြီး ရှာဖွေသူများ၏ ရှာဖွေခံနေရသူများဖြစ်ကြသည်။
နေရာတိုင်း၌ ကိုယ်ပိုင် အမည်ပျက်စာရင်းရှိပေသည်။
ပြီးတော့ မာစန်းထောင် က ကျန့်ဟယ်ဌာန၏ အမည်ပျက်စာရင်း၌ ရှိပေသည်။
ထို့အပြင် ထိုလူက တစ်ချိန်က ကျန့်ဟယ် ဌာန၏ အင်အားကြီးသည့် လူတစ်ယောက်ဖြစ်ခဲ့သော်လည်း နောက်ပိုင်း၌ ပန်းချီရတနာတစ်ခုအတွက် ကျန့်ဟယ်ဌာနမှ လူများကို သတ်ပစ်ခဲ့ပြီး ထွက်ပြေးခဲ့သည်ဟူသည့် ကောလဟာလရှိပေသည်။
ထိုကဲ့သို့ လူတစ်ယောက်နှင့် အလုပ်လုပ်ခြင်းအား သူတို့လည်း ကြောက်ရွံ့ကြပေသည်။
သူတို့က ပိုက်ဆံပေးပြီးနောက်တွင် ယန်ပါးထောင်အား သတ်ပစ်ရန်သာ မျှော်လင့်ခဲ့ပြီး ထိုကဲ့သို့သော လူများနှင့် မည်သည့် ပူးပေါင်းမှုမှ မရှိချင်တော့ပေ။
" ပိုက်ဆံကဘယ်မှာလဲ" မာစန်းထောင်က မေးခဲ့သည်။
" ပိုက်ဆံက အတော်ကြာကတည်းက ပြင်ဆင်ထားပြီးပါပြီ " ပိုင်ကျင့်ဖေ က ရှေ့သို့ ကမန်းကတန်းတိုးသွားပြီး 100,000 တန်ငွေလက်မှတ် 3 ရွက်ကို မာစန်းထောင်ဆီသို့ ကမ်းပေးခဲ့သည်။
မာစန်းထောင်က ငွေပမာဏအား အတည်ပြုပြီးသည့် နောက်တွင် သူက ငွေလက်မှတ်များအား သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
" ဒီညတော့ ယန်မိသားစုက ယန်ပါးထောင်ရဲ့အလောင်းကို ကောက်တာကို ကြည့်ရအောင် " မာစန်းထောင်က လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။
သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခုက ပျံ့နှံ့လာခဲ့ပြီး လူတိုင်းကို အသက်ရှုကျပ်လာစေခဲ့သည်။
မာစန်းထောင်က အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းလှပေသည်။
သူတို့က ဤသွေးဆာနေသည့်သူအား အနည်းငယ် ရန်စမိခြင်းအား နောင်တရပုံပေါ်နေခဲ့သည်။
သို့သော်လည်း မြားက လေးကြိုးပေါ်၌ ရောက်နေခဲ့ပြီး သူတို့က ပစ်လွှတ်ရပေတော့မည်။
ဤနေ့၌ ချန်ထင်မြို့တစ်ခုလုံးက အလွန် ဖိနှိပ်ခံထားရပုံပေါ်ပေသည်။
ညအခါ၌။
ကောင်းကင်ယံ၌ တိမ်မည်းများက လကို ဖုံးကွယ်ထားခဲ့ကြသည်။
ယန်မိသားစုအိမ်ေတာ်ကလည်း တဖြည်းဖြည်းချင်း တိတ်ဆိတ်ငြိမ်သက်လာခဲ့သည်။
လီချန်ချင်းကလည်း အိပ်ယာဝင်နှင့်ပြီးဖြစ်သည်။
တိမ်တွေပေါ် လျောက်လှမ်းနေသကဲ့သို့ ပုံရိပ်တစ်ခုက တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ယန်မိသားစု အိမ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထိုပုံရိပ် က ယန်ပါးထောင်အားသတ်ရန် ရောက်လာသည့် မာစန်းထောင်ပင်ဖြစ်သည်။
သို့သော်လည်း ယန်မိသားစုအိမ်တော်သို့ရောက်သည်နှင့် သူက မျက်မှောင်ကြုတ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ယန်မိသားစု အိမ်တော်က အလွန်ကြီးမားပြီး ယန်ပါးထောင်က ဘယ်မှာနေတာလဲ။
သူ၏အရှေ့ရှိ ခြံဝန်းက အတော်လေး တန်ဖိုးကြီးပုံပေါ်ပေ၏။ ယန်းပါးထောင်က အဲ့ဒီမှာ နေနိုင်လောက်မလား။
" အူ ဝူး "
ခြေနှစ်လှမ်းလှမ်းပြီးသည်နှင့် ကြိုးချည်ထားသည့် ချစ်စရာခွေးတစ်ကောင်က သူ့လမ်းအား ပိတ်ထားသည်ကို တွေ့ခဲ့သည်။
သူ့လမ်းကြောင်းအား ပိတ်ပင်ထားခြင်း။
" ဒီသောက်ခွေးက ဘယ်နေရာက ရောက်လာတာလဲ ၊ ထွက်သွားစမ်း " မာစန်းထောင်က အေးတိအေးစက် အော်ဟစ်လိုက်သည်။