တိတ်ဆိတ်သော ည
Vol. 7 Ch. 70
သွေးနှော ခွေးလေးသည် သူငေါက်တာတောင် ထူးမခြားနားဖြစ်နေသည့်အပြင် မထီမဲ့မြင် အကြည့်နှင့် ကြည်နေမည်ဟု မာစန်းထောင် မျှော်လင့်မထားပေ။
" ကောင်းပြီလေ။ ငွေတုံး သုံးသိန်းပေးတာက ယန်ပါးထောင်ကိုပဲ သတ်ဖို့ဆိုပေမယ့် ခွေးတစ်ကောင် ထပ်သတ်ပေးလို့လည်း ကိစ္စမရှိပါဘူး "
မာစန်းထောင် သည် မျက်တောင် တစ်ချက်မခတ်ဘဲ လူတွေကို သတ်ခဲ့ပြီး သူ့ကို မြင်သော လူတိုင်းသည် ကြောက်ရွံ့ကြသည်။ ဒီနေ့လိုမျိုး ခွေးတစ်ကောင်ဆီက မထီမဲ့မြင်ပြုခံရလိမ့်မယ်လို့ တစ်ခါမျှ မတွေးမိခဲ့ဖူးချေ။
မာစန်းထောင် သည် သူ၏ ခါးမှ အရောင်လက်နေသော သံဓားကို ဆွဲထုတ်လိုက်ပြီး သွေးနှောခွေးလေးအား လွှဲခုတ်လိုက်သည်။ ဒါတင်မကသေး သူပြန်သွားရင် ခွေးကို ယူသွားပြီး အသားနှပ် လုပ်ဖို့ပင် စဉ်းစားထားပြီးပြီ ဖြစ်၏။
ဒါပေမယ့် သူမှ ဓားကို လွှဲချလိုက်ရုံ ရှိသေး သွေးနှောခွေးလေးက ပုံရိပ်အဖြစ်ပြောင်းသွားပြီး သူရှေ့တွင် ပျောက်သွားတော့သည်။
" အဲ့ခွေး ဘယ်ရောက်သွားတာလဲဟ "
မာစန်းထောင် သည် မင်သက်မိသွားတော့သည်။
ဒါပေမယ့် ခဏလောက် နေတော့ ရွှေရောင် အလင်းတန်းတစ်ခုက သူ့ဆီ ပြေးလာနေတာကို တွေ့လိုက်ရတယ်။ ရွှေရောင် အလင်းတန်းထဲရှိ သွေးနှောခွေးလေးသည် လက်ဖဝါးကို မြှောက်ပြီး မာစန်းထောင် ၏ ရင်အုပ်ဆီသို့ ရိုက်ချလိုက်တော့တယ် !
အမွှေးနုဖွာဖွာလေးတွေနဲ့ လက်ဖဝါးလေးက အန္တရာယ် ရှိပုံ မရတဲ့ အပြင် နည်းနည်း ချစ်စရာတောင် ကောင်းနေသေးတယ်။
ဒါပေမယ့် ချက်ချင်းပဲ မာစန်းထောင် ဟာ ခွေးလေးရဲ့ လက်ဖဝါးကြောင့် မြေကြီးပေါ်သို့ ကျမသွားမီ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူ၏ ပါးစပ်မှ သွေးတစ်ပွက် ပန်းထွက်သွားတော့သည်။
ထိုအချိန်တွင် မာစန်းထောင် သည် တောင်တစ်တောင်ဖြင့် ရိုက်မိသလို ခံစားလိုက်ရပြီး သူ၏ မူလ အဆင့်ရှိ ခန္ဓာကိုယ်သည် လုံးဝ ခံနိုင်ရည် မရှိတော့ချေ။
သူ၏ နံရိုးများသည် ကြေမွသွားပြီး အဆုတ်ကိုပင် စိုက်နေတော့သည်။
သူသည် ဝှစ်ခနဲ မြည်လျက် ပျံတက်သွားပြီး ခြံဝင်းထဲရှိ ရှေးဟောင်း သစ်ပင်ကြီးနှင့် တိုက်မိသွားရာ သစ်ပင်ကြီး လဲသွားတော့သည်။
မာစန်းထောင် သည် ထိုနေရာတွင် မူးမိုက်နေတော့သည်။ ထဖို့ ရုန်းကန်ပေမယ့် သွေးတစ်ပွက် ထပ်အန်တော့သည်။
သူသည် ထပင်မထနိုင်တော့ချေ။ လုံးဝလှုပ်လို့မရတော့၍ သူ၏မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်လာတော့သည်။
ငါ ဘယ် သူ လဲ
ငါ ဘယ် ရောက် နေ တာ လဲ
ဘာ တွေ ဖြစ် နေ တာ လဲ
သွေးနှောခွေးလေးသည် မာစန်းထောင် အနီးကို တဖြည်းဖြည်း ချဉ်းကပ်လာပြီး သူ၏ မျက်လုံးထဲတွင်တော့ ရန်ပြုလိုနေမှုများ ပြည့်နှက်နေသည်။ သူသည် ရက်စက်မှုများဖြင့် တစ်လှမ်းချင်း လျှောက်လာနေသည်။
မာစန်းထောင် သည် ထိုအချိန်တွင် လုံးဝ ပြိုလဲသွားတော့သည်။
ဒီသွေးနှောခွေးလေးက တစ်ချက်တည်း ရိုက်လိုက်ရုံနဲ့ သူ့အသက် ထွက်လုနီးနီးတဲ့လား
ဒီခွေးက ဘာမျိုးစိတ်လဲဟ
ထိုအချိန်တွင် မာစန်းထောင် သည် သူ၏ ဘဝအား မေးခွန်းထုတ်မိတော့သည်။
သူရဲ့ ကျင့်ကြံရေးက အစစ်အမှန်ကော ဟုတ်ရဲ့လား။ ဒီကမ္ဘာရဲ့ မှားယွင်းမှုလား။ ကမ္ဘာကြီးက လုံးနေတာတော့ ဟုတ်ရဲ့လား။ စန်းယွမ် နယ်မြေရဲ့ အပြင်ဘက်မှာ ဂြိုလ်သားတွေများ ရှိနေတာလား။
မာစန်းထောင် သည် သူ၏ သတိမှာ ပိုပို မှုန်ဝါးလာပြီး သတိလစ်တော့မလို ဖြစ်နေသည်။
မာစန်းထောင်သည် မူးဝေနေစဉ် အချိန်တွင် အသံတစ်သံအား ကြားလိုက်ရသည်။ " ဖေး ၊ ညဉ့်နက်သန်းခေါင်ကြီးမှာ ဘာပြဿနာ ရှာနေတာလဲ "
လီချန်ချင်းသည် ကုတ်အင်္ကျီကို လွှမ်းခြုံလိုက်ပြီး အိမ်အပြင်ထွက်လာရာ ခြံထဲတွင် ရှုပ်ပွနေသည်အား တွေ့လိုက်ရသည်။ ခပ်လှမ်းလှမ်းရှိ ရှေးဟောင်းသစ်ပင်ကြီးသည် လဲနေလေသည်။
" အူးးးး " ဖေးသည် လီချန်ချင်းဆီသို့ ပြေးသွားပြီး ခွေးပေါက် မျက်နှာ လေးနှင့် သူ၏ ခြေထောက်အား ပွတ်လိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းကို ပြရန် လက်ဖဝါးအား မြှောက်လိုက်လေသည်။
" အဲဒါက ဘယ်သူကြီးလဲဟ "
လီချန်ချင်းလည်း ထိုနေရာတွင် လဲလျောင်းနေပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သော မာစန်းထောင် အား မြင်လိုက်ရသည်။
သံဓားသည် လွင့်စင်နေပြီး မြေကြီးထဲသို့ စိုက်ဝင်နေသည်။ မာစန်းထောင် သည် မြေပြင်ပေါ်တွင် အသက်ပြင်းပြင်း ရှူထုတ်နေရရင်း လဲလျောင်းလျက် ရှိနေပြီး ရင်ဘတ်တစ်ခုလုံး သွေးများ ရွှဲနေတော့သည်။
သူသည် သူ၏ ရှေ့မှ လီချန်ချင်းအား ခက်ခက်ခဲခဲ ကြည့်လိုက်ပြီး ထိုသာမန်လူသည် ရက်စက်သော ခွေး၏ ပိုင်ရှင်ဖြစ်သည်ကို မယုံကြည်နိုင် ဖြစ်နေတော့သည်။
" မူလ အဆင့်လား "
လီချန်ချင်းသည်လည်း မြေပြင်ပေါ်တွင် လဲနေသော လူအားမြင်သောအခါ အံ့အားသင့်သွားရသည်။
" ဖေး၊ မင်းတော်တယ်။ သူခိုးတစ်ယောက်ကို ဖမ်းပေးခဲ့တာပဲ " လီချန်ချင်းသည် အပြုံးလေးနှင့် ပြောလိုက်သည်။
ထိုသို့ကြားလိုက်ရသောအခါ မာစန်းထောင် သည် ဒါသထွက်လွန်း၍ အသက်တောင် ထွက်တော့မလိုပင်။ ကျန့်ဟယ် ဌာနရဲ့ အမည်ပျက်စာရင်းဝင် ထိပ်တန်း လူဆိုးဆယ်ယောက်ထဲမှာပါတဲ့ သူ့လို ဂုဏ်သရေရှိ မူလ အဆင့် ကျွမ်းကျင်သူကို လီချန်ချင်းက သူခိုးလို့ ခေါ်လိုက်တာတဲ့လား။
လူတစ်ယောက်ကို သတ်လို့ရတယ် ဒါပေမယ့် စော်ကားလို့တော့မရဘူး။ မာစန်းထောင် သည် မနိုင်မှန်းသိတာတောင် ထဖို့ ရုန်းကန်ချင်ပြီး လီချန်ချင်းရဲ့ မျက်နှာကို တံတွေးထွေးပစ်လိုက်ချင်မိ၏။
ဒါပေမယ့် မာစန်းထောင် က ထဖို့ ကြိုးစားတော့မယ့်အချိန်မှာပဲ လီချန်ချင်းက မျက်မှောင်ကြုတ်ပြီး အကြည့်များမှာ အေးစက်သွားကာ လက်ကို ဝှေ့ယမ်းလိုက်တယ်။
ချက်ချင်းပဲ မာစန်းထောင် ဟာ သူ့ခန္ဓာကိုယ်ကို အားတစ်ခုခုက ချုပ်ထားသလိုမျိုး ခံစားလိုက်ရတော့တယ်။
သူ့ ခန္ဓာကိုယ်ကို ကြိုးများစွာနဲ့ ရစ်ပတ်ထားသလို ခံစားနေရပြီး လက်တစ်ချောင်းတောင် လှုပ်လို့ရမနေဘူး !
" ဒါ... ရှေးဟောင်းတာအိုဂိုဏ်းရဲ့ စည်းတံဆိပ် ငါးချက်မလား " မာစန်းထောင် သည် မယုံနိုင် ဖြစ်နိုင်၏။ သူ့ရှေ့က လူက ရှေးဟောင်း တာအို ဂိုဏ်းသခင် တစ်ယောက်လား။
အနည်းဆုံးတော့ တောင်သခင် အဆင့်ပဲ !
သူအနေနဲ့ အပြင်းအထန် ဒဏ်ရာ ရထားပေမယ့် သူ့အဆင့်ကတော့ ဒီတိုင်းပဲ ရှိသေးတယ်လေ ။
ဒီလူက သူ့ကို အလွယ်လေး ချုပ်နိုင်တယ်ပေါ့လေ။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ကျင့်ကြံရေးမျိုးလဲ ။
" ဒါပေမယ့် ဖေး၊ မင်းရဲ့ လက်ဖဝါးက ရက်စက်လွန်းတယ် ဖြစ်သွားတဲ့ ဒဏ်ရာတွေကို ကြည့်လိုက်ဦး ! " လီချန်ချင်းသည် ဖေးအား ပြန်လှည့်ကြည့်ပြီးနောက် မာစန်းထောင် ရဲ့ ခန္ဓာကိုယ် တစ်လျှောက်လုံးကို စမ်းကြည့်လိုက်ရာ ငွေတုံးသုံးသိန်းအား စမ်းမိလိုက်သည်။
" တကယ့်ကို မူလအဆင့် ကျွမ်းကျင်သူတွေက ချမ်းသာတာပဲ " လီချန်ချင်းသည် ပြုံးဖြဲဖြဲ လုပ်လိုက်သည်။ " ဒါဆိုရင် ကျုပ် ယဉ်ကျေးမနေတော့ဘူးနော် "
သူသည် ထပ်၍ လိုက်စမ်းလိုက်ရာ ရင်အုံနေရာတွင် ဓားပျံ တစ်ချောင်းအား တွေ့လိုက်ရ၏။
ဒါပေမယ် လီချန်ချင်းဟာ ထိကြည့်လိုက်တဲ့အခါ အဲ့ဓားပျံမှာ စိတ်ဝိဉာဉ်စွမ်းအားတွေပါနေတာကြောင့် အနည်းငယ် ထူးဆန်းသွားရ၏။
ဒါက လက်နက် ဟုတ်ပုံမရဘူး။ ပန်းချီရတနာ ဖြစ်နိုင်တယ်။
နောက်ထပ် ငွေတုံး တစ်ရာလောက်အပြင် တခြား မရှိတော့ချေ။
မာစန်းထောင် သည် သူ့အား လီချန်ချင်း လုယက်နေသည်ကို စောင့်ကြည့်နေရ၍ မျက်လုံးများ နီရဲနေသော်လည်း သူလုပ်နိုင်တာ ဘာမှမရှိချေ။ သူ့မှာ လုံးဝ လှုပ်ရှားလို့မရပေ။
" ဘာဖြစ်တာလဲ "
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံတွေ ကြားလိုက်ရပြီး လီချန်ချင်းရဲ့ ခြံဝင်းထဲကို မီးတုတ်များဖြင့် ရောက်လာကြတော့သည်။
ယန်ပါးထောင်နှင့် ယန်မိသားစု အကြီးအကဲများသည် ပြေးလာကြလေသည်။ သူတို့သည် ဆူညံသံများနှင့် တိုက်ခိုက်သံများကို ကြားလိုက်ရ၍ အမြန်ပြေးလာကြခြင်း ဖြစ်၏။
" မဟာ အကြီးအကဲ အဆင်ပြေရဲ့လား " ယန်ပါးထောင်သည် လီချန်ချင်း အဆင်ပြေလားဆိုတာကို ချက်ချင်း မေးလိုက်၏။
" ဘာမှ မဟုတ်ပါဘူး။ နံရံကို ကျော်တက်လာတဲ့ သူခိုးတစ်ယောက်ပါ။ ငါ့သူ့ကို ချုပ်ထားလိုက်ပြီ " လီချန်ချင်းသည် သာမန်ကာလျှံကာ ပြောလိုက်သည်။
" သူခိုးတဲ့လား "
အကြီးအကဲ တစ်ယောက်သည် မီးတုတ်ကိုယူ၍ အနီးကပ် ကြည့်လိုက်ရာ မာစန်းထောင် အား တွေ့လိုက်ရသည်။
" သူက ... မာစန်းထောင် ပဲ ! " အကြီးအကဲ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။ " အမည်ပျက် စာရင်းထဲက မာစန်းထောင် ပဲ ! "
" မာစန်းထောင် လား " ယန်ပါးထောင်သည် ကြက်သီးထသွားလေသည်။
မူလ အဆင့် ကျွမ်းကျင်သူ တစ်ယောက် !
ဒါပေမယ့် မာစန်းထောင် ၏ လက်ရှိ အခြေအနေကို မြင်လိုက်ရာ အနည်းငယ် စိတ်သက်သာ သွားရ၏။
မာစန်းထောင် သည် ယခုပင် သေတော့မလို ဖြစ်နေ၏။
" သူဖြစ်နိုင်တယ် " ယနေ့ ပိုင်ကျင့်ဖေနှင့် အခြားသူတို့ ထူးဆန်းသော လူတစ်ယောက်နဲ့ တွေ့နေကြောင်း ယန်ပါးထောင်အား အထောက်တော်လေးမှ ပြောသော်လည်း မည်သူ မည်ဝါ မသိခဲ့ရပေ။
ယခုတော့ ထိုသူသည် မာစန်းထောင် ဖြစ်ပုံရသည်။
မာစန်းထောင် က ယန်မိသားစုမှာ ဘာလုပ်နေတာလဲ
အဖြေက ရှင်းနေ၏။ မာစန်းထောင် သည် ကံဆိုးလိမ့်မည်ဟု မမျှော်လင့်ထားရုံသာ။ သူသည် ယန်မိသားစုသို့ ရောက်ရောက်ချင်းပင် လီချန်ချင်းရဲ့ ခြံဝင်းထဲမှာ အဆုံးသတ် သွားရ၏။
" သူက ခင်ဗျားရဲ့ မိတ်ဆွေလား " လီချန်ချင်းသည် ယန်ပါးထောင်အား စပ်စုလိုစွာ ကြည့်လိုက်၏။
" မဟာ အကြီးအကဲ ကို လျှောက်တင်ပါတယ် " အကြီးအကဲ တစ်ယောက်သည် ရှေ့ထွက်ပြီး လေးစားစွာ ပြောလိုက်သည်။ " ဒီလူက အမည်ပျက် စာရင်း ဝင်နေတဲ့ လူပါ။ သူက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပြစ်မှု ကျူးလွန်သူ ဖြစ်ပြီးတော့ သူ့ကို အလိုရှိနေကြတာပါ။ သူ့ကို လိုက်ဖမ်းနေတဲ့ လူတွေက သူ့အသက်ကို လိုချင်နေကြပေမယ့် ဉာဏ်နီ ဉာဏ်နက် အလွန်များတာမို့ အဖမ်းမခံခဲ့ရပါဘူး။ အခုတော့ သူဟာ မဟာအကြီးအကဲ ရဲ့ လက်ထဲ ရောက်လာမယ်ဆိုတာ မမျှော်လင့်ခဲ့မိပါဘူး "
" အိုး သူက လူကောင်း မဟုတ်ဘူးပဲ " လီချန်ချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်သည်။
" မဟာ အကြီးအကဲ ကျုပ်တို့ ဒီလူကို ဘယ်လို ဖြေရှင်းသင့်လဲ " ယန်ပါးထောင်လည်း လီချန်ချင်းအား မေးလိုက်၏။
" ခင်ဗျားပဲ ကိုင်တွယ်လိုက်ပါ။ ပြီးတော့ ဒါက ခင်ဗျား အိမ်လေ " လီချန်ချင်းသည် ထိုကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်စေသော ကိစ္စများအား ဖြေရှင်းရန် အလွန်ပျင်းပြီး မာစန်းထောင် အား စိတ်မဝင်စားတော့ပေ။
နောက်ဆုံးတွင် မာစန်းထောင် တွင် ရှိသော တန်ဖိုးကြီး ပစ္စည်းများ အားလုံးအား လီချန်ချင်း ယူပြီးပြီ ဖြစ်၏။
လီချန်ချင်းသည် အနားယူရန် စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ပေ။
သူသည် အိပ်ရန် ပြန်သွားခဲ့၏။
ယန်ပါးထောင်နှင့် အကြီးအကဲ များစွာ အပါအဝင် ကျန်လူများသည် စုဝေးနေကြ၏။
" မိသားစု ခေါင်းဆောင် ၊ ပိုင်မိသားစုနဲ့ ကျောက်မိသားစုက မာစန်းထောင် ကို ကျုပ်တို့ဆီ ညလယ်သန်းခေါင် ပို့လိုက်ကြတယ်။ သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိရမယ်။ ကျုပ်သာ မမှားဘူးဆိုရင် သူတို့က ခေါင်းဆောင်ကို ပစ်မှတ်ထားနေတာပဲ "
" ကျုပ်သိတယ် " ယန်ပါးထောင်သည် မလှုပ်နိုင်သော မာစန်းထောင် အား ဒေါသ မျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်လိုက်၏။
ကျော်ကြားသော ကျွမ်းကျင်သူ တစ်ယောက်သည် ကြောက်စရာ ကောင်းလှသည်။
သို့သော် မလှုပ်နိုင်ဘဲ သေရတော့မယ့် ကျော်ကြားသော ကျွမ်းကျင်သူ တစ်ယောက်သည် သိပ် ကြောက်စရာ မကောင်းပေ။
ထိုညတွင်
ယန်မိသားစုရဲ့ ဂိတ်တံခါး အပြင်ဘက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေကြသော မိသားစုများ၏ သူလျှိုများသည် ရုတ်ရုတ်သဲသဲ ဖြစ်လာမည်အား တစ်ညလုံး စောင့်နေကြသော်လည်း အဆုံးတွင် ဘာမှ ဖြစ်မလာခဲ့ချေ။
ဘာမှ မဖြစ်ပျက်ခဲ့သည့်အတိုင်းပင်
မိသားစုများ၏ ခေါင်းဆောင်များသည် တစ်ခုခု မှားယွင်းနေသည်အား အာရုဏ် တက်သည်အထိ မသိခဲ့ပေ။
သူတို့သည်လည်း တစ်ညလုံးစောင့်နေကြလေ၏။
မာစန်းထောင် ဆီက ဘာလို့ ဘာမှ မကြားသေးတာလဲ
ပိုင်ကျင့်ဖေသည် တစ်ခုခု မှားယွင်းနေသည်အား ရေးရေးခံစားမိလိုက်ပြီး နှလုံးခုန်နှုန်းသည်လည်း အနည်းငယ် ပုံမှန်မဟုတ် ဖြစ်လာသည်။
သူသည် တစ်ခုခု ဖြစ်ပျက်တော့မလို ခံစားလိုက်ရ၏။