← Chapters

ရှမူဟိုင်

Vol. 8 Ch. 72

ရှမူဟိုင်

Vol. 8 Ch. 72

လီချန်ချင်းက သူ့အား ကလေးကို ဂရုစိုက်ပေးရန် တောင်းဆိုထားသော်လည်း သူက တပည့်အဖြစ်လက်ခံပြီးကတည်းက အလည်အပတ်တောင် တစ်ခေါက်မျှ မရောက်ခဲ့ပေ။ လတ်တလော၌ သူက အမှန်ပင် အလုပ်ရှုပ်နေခဲ့ပေသည်။

လီဟမ်ရှန်းက သိုင်းကျင့်စဉ်အသစ်တစ်ခုကို နားလည်သဘောပေါက်သွားခဲ့ခြင်းက ရှမူဟိုင်အတွက် အံ့ဩမှုပင်ဖြစ်သည်။

ပြီးတော့ ထိုဟာက ပန်းချီသူတော်စင်အဆင့် ၏ ပန်းချီကားတစ်ချပ်ဖြစ်သည်။

ဤသည်က ရှမူဟိုင်အတွက် ကြီးမားသည့် အံ့အားသင့်မှုတစ်ခုပင်။

နောက်ဆုံးတော့ လီဟမ်ရှန်း က လုံးဝ အသုံးမဝင်တာ မဟုတ်ဘူးလို့ ထင်ရကာ သူ့၌ ကိုယ်ပိုင် ပါရမီ နယ်ပယ်များ ရှိပေသည်။

" ဝမ်ချင်းလေ ညနေခင်း " ပန်းချီကားက အစွမ်းထက်သည့် ပန်းချီကားတစ်ချပ် မဟုတ်ပေမယ့်လည်း ပန်းချီသူတော်စင် အဆင့်၌ ရှိနေဆဲပင်။ ၎င်းအား ဖမ်းဆုပ်နိုင်ခြင်းက သာမန်လူများ ရောက်ရှိနိုင်ခြင်းထက် ကျော်လွန်နေပြီးဖြစ်သည်။

ချင်ကျူးတောင်သို့ ရောက်လာသည်နှင့် ရှုခွေက ရှမူဟိုင်အား မြင်ပြီး ကမန်းကတန်းအရိုအသေပေးလာခဲ့သည်။

" သခင်ကြီး ပြန်လာပြီ " ရှုခွေ က လျင်မြန်စွာပြောလိုက်သည်။

" လတ်တလော ဘာတွေဖြစ်သွားပြီလဲ " ရှမူဟိုင်က ရယ်ကာမောလိုက်သည်။ " မင်းက ဒီတပည့်လေး လီဟမ်ရှန်းနောက်ကိုလိုက်ပြီး သူ့ကို စောင့်ရှောက်ပေးနေရတာကို ငါတကယ် စိတ်မကောင်းပါဘူး "

" မဟုတ်ပါဘူး။ လုံးဝ ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူး။ အဲ့လိုပြောမယ်ဆိုရင် သခင်ကြီး ကျုပ်ကို သတ်လိုက်ပါ " ရှုခွေ က ပြုံးကာ ပြောလိုက်သည်။

ထို့နောက် ရှုခွေက တစ်ခဏမျှ စဉ်းစားလိုက်ပြီး " အဲ့ဒါအပြင် သခင်လေး လီဟမ်ရှန်း နောက်ကိုလိုက်ရတာက လုံးဝကို ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူး။ သူက အနာဂါတ်မှာ အထင်ကရ လူတစ်ယောက်ဖြစ်လာမှာ သေချာတယ် "

ရှုခွေက ဤသို့ပြောသည်ကို ကြားတော့ ရှမူဟိုင်က အတော်လေး အံ့ဩသွားခဲ့သည်။ သူက အတော်လေး မာနကြီးသည့်ရှုခွေအားကြည့်လိုက်သည်။ သူက ထိုကဲ့သို့ ပြောသည်က သူ့အား အံ့အားသင့်စေခဲ့ပေသည်။

" သူဒီမှာရှိလား"

" ကျွန်တော် သူ့ကို ခေါ်လိုက်ပါမယ်"

ရှုခွေက လီဟမ်ရှန်းအား ရှာဖွေရန် အမြန်ထွက်သွားခဲ့သည်။

လီဟမ်ရှန်းက တံခါးပိတ်ကျင့်ကြံနေသော်‌လည်း တံခါးပိတ်မကျင့်ကြံခင်က ရှမူဟိုင် ပြန်ရောက်လာပါက ရှုခွေက သူ့အား အသိပေးရန် မှာကြားထားပေသည်။

ရှုခွေက ကျင့်ကြံသည့်အခန်း၏ တံခါးအပြင်ဘက်မှ လီဟမ်ရှန်း၏ နာမည်ကို ခေါ်ရင်း ရှမူဟိုင် ပြန်ရောက်နေပြီဖြစ်ကြောင်း ပြောကြားနေခဲ့သည်။

ကလစ် ( တံခါးဖွင့်သံ)

တံခါးက ဖြည်းညှင်းစွာပွင့်သွားခဲ့သည်။

ထိုအခိုက်အတန့်၌ ရှုခွေ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ ယခု လီဟမ်ရှန်းက လုံးဝ နီရဲနေပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

သူက ပြိုလဲကျတော့မတတ် ခြေကုန်လက်ပမ်း ကျနေသကဲ့သို့ အလွန်အမင်း မောဟိုက်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်အခြေအနေက အရင်ကထက် ပို၍သန်မာလာခဲ့ပြီး သူ၏ ကြွက်သားများက လှပစွာပြေပြစ်နေခဲ့သည်။

အတွင်း၌ ရှိနေသည့် အံ့အားသင့်ဖွယ်ရာအစွမ်းကို ခံစားနိုင်ပေသည်။

သူ၏ ခန္ဓာကိုယ်မှ အငွေ့များထွက်နေဆဲဖြစ်ပြီး သူ၏ သွေးချီစွမ်းအားများက အပြင်းအထန် လှည့်ပတ်နေကြဆဲဖြစ်ကာ အချိန်အတော်ကြာအောင် တည်ငြိမ်ဦးမည်မဟုတ်ပေ။

လီဟမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်မှ သူအံ့ဩခဲ့ရသည့်အရာကတော့ သူမြင်ခဲ့ရသည့် နေ နှင့် လ၏ မှိန်ဖျော့ဖျော့ ဖြစ်သည်။

သို့သော်လည်း ၎င်းက တဖြည်းဖြည်းချင်း ဝေဝါးကာ ပျောက်ကွယ်သွားခဲ့သည်။

ဒါက ဘာလဲ။

အရင်က ထိုဟာကို ရှုခွေ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

လီဟမ်ရှန်းက အသက်ရှုလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးနီရောင် က တဖြည်းဖြည်း မှိန်ဖျော့လာခဲ့ပြီး သူ၏ သွေးချီစွမ်းအားက စတင်ကာ တည်ငြိမ်လာခဲ့‌သည်။

" ဆရာ .... ဆရာ ရောက်နေတာလား" လီဟမ်ရှန်း က အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ပြောလိုက်သည်။

ရှုခွေက ကျင့်ကြံခြင်းခန်းထဲ၌ သူဘာကိုကျင့်ကြံနေလဲဆိုသည်ကို သိချင်နေခဲ့သည်။

သူ့ရဲ့ ခန္ဓာကိုယ်က ဒီလိုမျိုးအခြေအနေဖြစ်နေခဲ့သည်။

ထို့အပြင် လီဟမ်ရှန်း၏ လက်ရှိကျင့်ကြံခြင်းအဆင့်က တက်လှမ်းခြင်းအဆင့် ၇ ကို ရောက်ရှိနေပြီး ဖြစ်သည်။

" သခင်ကြီး ရောက်နေပြီ။ သူက သခင်လေး ကို စောင့်နေတာ" ရှုခွေက အသိပြန်ဝင်လာပြီး ပြောလိုက်သည်။

" ကောင်းပါပြီ။ ကျွန်တော် အဝတ်အစားလဲပြီး ဆရာ့ကို သွားတွေ့လိုက်ပါမယ်"

လီဟမ်ရှန်းက သန့်ရှင်းသည့် ဂိုဏ်းဝတ်စုံကို ‌ဝတ်ဆင်လိုက်ပြီး ခြံဝင်းရှေ့သို့ ထွက်သွားခဲ့သည်။ သူက ခြံဝင်းထဲ၌ မတ်တပ်ရပ်ပြီး ကြက်တွေကို စိုက်ကြည့်နေရင်း အာရုံပျံ့နေပုံပေါ်သည့် ရှမူဟိုင်အား တွေ့ခဲ့ရသည်။

" ဆရာ " လီဟမ်ရှန်း က ရောက်လာပြီး အရိုအသေပေးလိုက်သည်။

" ဟမ် မင်းက တက်လှမ်းခြင်း အဆင့် ၇ ကိုရောက်နေပြီလား " လီဟမ်ရှန်း၏ ကျင့်ကြံဆင့်ကို တွေ့ပြီး ရှမူဟိုင်က အနည်းငယ် ခေါင်းညိမ့်ခဲ့သည်။

သူက သက်ပြင်းချလိုက်ပြီး လီဟမ်ရှန်း၏ ကျင့်ကြံခြင်း စွမ်းရည်က သူတွေးထားတာထက်ပင် ပိုဆိုးနေခဲ့သည်။

သူဝယ်ပေးခဲ့သည့် ရွှေနယ်ပယ်ဆေးလုံးများက သူ့အား ယခုအချိန်၌ အနည်းဆုံး တက်လှမ်းခြင်းအဆင့် ၉ သို့မဟုတ် တက်လှမ်းခြင်း အဆင့် ၈ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသင့်ပေသည်။

သိုင်းကျင့်စဉ်အား နားလည်သဘောပေါက်ပြီးနောက် တက်လှမ်းခြင်းအဆင့် ၅ မှ တက်လှမ်းခြင်းအဆင့် ၉ သို့ ရောက်ရှိရန် ၇ ရက်သာ အချိန်ယူခဲ့သည့် ကျိုးကျွင်းကဲ့သို့ပင်။

သို့သော်လည်း ရှမူဟိုင်က လီဟမ်ရှန်းအား သေချာကြည့်လိုက်သည့် အခါ၌ သူက အံ့ဩသွားခဲ့သည်။

လီဟမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်ရှိ တစ်ဟုန်ထိုးတိုးတက်နေသည့် သွေးချီစွမ်းအားများက အံ့အားသင့်စရာပင်။

" မင်း က ပန်းချီသူတော်စင်ရဲ့ ‌အပြောက်မြောက်ဆုံးလက်ရာဖြစ်တဲ့ ' ဝမ်ချင်းလေ ညနေခင်း ' ပန်းချီကားကို နားလည်သဘောပေါက်ခဲ့တယ်လို့ ငါကြားထားတာ ဟုတ်လား" ရှမူဟိုင်က လီဟမ်ရှန်း အနား၌ နှစ်ကြိမ်မျှ ပတ်လျောက်နေသော်လည်း သူက ' ဝမ်ချင်းလေ ညနေခင်း ' ပန်းချီကား ကို နားလည်သဘောပေါက်ထားပုံ မပေါ်ပေ။

အဲ့ဒီပန်းချီကားကနေ လူတစ်ယောက်ကို ဒီလောက်အစွမ်းထက်စေတဲ့ ဘယ်လိုသိုင်းကျင့်စဉ်ကို နားလည်သဘောပေါက်နိုင်မှာလဲ။

ထိုအခိုက်အတန့်၌ လီဟမ်ရှန့်က သူ့အား လူတစ်ပိုင်းသားရဲတစ်ပိုင်း၏ ခံစားချက်ကို ပေးစွမ်းလာခဲ့သည်။

" ဒီတပည့်က ' ဝမ်ချင်းလေ ညနေခင်း ' ပန်းချီကား ကို နားလည်သဘောပေါက်ခဲ့တာ မဟုတ်ပါဘူး " မျောလွင့်ပုံရိပ်ခန်းမသခင်က ရှမူဟိုင်အား အမှန်အတိုင်းပြောနိုင်သည်ဟု ပြောခဲ့သည်ကို လီဟမ်ရှန်း က သတိရခဲ့သည်။

" အဲ့တာကို ပြောလိုက်ရင် မလိုလားအပ်တဲ့ ပြသနာတွေဖြစ်လာမယ်လို့ မျောလွင့်ပုံရိပ် ခန်းမသခင်က ပြောတယ် ဒါကြောင့် သူက ကျွန်တော့်ကို အဲ့လိုပြောဖို့ တောင်းဆိုခဲ့တာ " လီဟမ်ရှန်း က အမှန်အတိုင်း ပြောခဲ့သည်။

" ငါက အဲ့လိုမထင်ပါဘူး။ ဂိုဏ်းမှာ ' ဝမ်ချင်း လေ ညနေခင်း ပန်ချီကား ' ကို နားလည်သဘောပေါက်ခဲ့တဲ့ တပည့်တွေ ရှိတယ်။ ဒါပေမယ့် ဘယ်သူ့မှာမှ မင်းလောက် အားကောင်းအောင် မကျင့်ကြံနိုင်ခဲ့ဘူး " ရှမူဟိုင်က အလွန် လေးနက်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

မျောလွင့်ပုံရိပ်ခန်းမသခင်က သူ့အား ထိုသို့ညွှန်ကြားလိုက်သောကြောင့် ကိစ္စက ရိုးရှင်းသည်ဟု မထင်ရပေ။

" မင်း နားလည်သဘောပေါက်ခဲ့တဲ့ သိုင်းကျင့်စဉ်က ဘယ်ပန်းချီကားလဲ။ လီကျင်းစုန့် အပေါ်မှာ ငါ့ရဲ့ နားလည်နိုင်စွမ်းအရ သူက တစ်ယောက်အပေါ်မှာ မလိုအပ်ဘဲ ရေးကြီးခွင်ကျယ်လုပ်မယ့် သူတစ်ယောက်မဟုတ်ဘူး" ရှမူဟိုင် က ပြောခဲ့သည် " သူကမင်းကို ကူညီပြီး ဖုံးထားပေးအောင် မင်းက လုပ်ခဲ့နိုင်တယ်။ ငါ ခန့်မှန်းရတာတော့ သူလည်းပဲ မင်း ကို ကြောက်နေတာဖြစ်မယ် "

" နှမျှောစရာပဲ ၊ နှမျှောစရာပဲ ၊ အဲ့ဒီရက်တွေက ငါမရှိခဲ့လို့ မဟုတ်ရင် လီကျင်းစုန့်ရဲ့ အမူအရာက ဘယ်လိုဖြစ်နေလဲဆိုတာကို ငါ ကြည့်ရတာ တကယ် သဘောကျမှာ" ရှမူဟိုင်က နောင်တတစ်ချို့ဖြင့် ပြောခဲ့သည်။

" အင်မော်တယ် တစ်ပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း " လီဟမ်ရှန်းက လေးနက်စွာပြောလိုက်သည်။

" ဟမ် ? "

ရှမူဟိုင် က အရင်ဆုံး ကြောင်အသွားခဲ့ပြီး ထို့နောက် ယုံရခက်သည့် အမူအရာ ဖြစ်လာခဲ့သည်။

"'အင်မော်တယ် တစ်ပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း ' လား "

" အံ့ဩစရာမဟုတ်ဘူး ၊ လီကျင်းစုန့်က မင်းကို တခြားသူတွေကို ပေးမသိခိုင်းတာ အံ့ဩစရာမဟုတ်ဘူးပဲ " လီဟမ်ရှန်း က 'အင်မော်တယ် တစ်ပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း ' အား နားလည်သဘောပေါက်လိမ့်မည်ဟု ရှမူဟိုင် ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။

ဤသည်က နှစ်ပေါင်း တစ်ထောင်ကျော်အောင် ရှေးဟောင်းတာအိုတောင်နယ်မြေရှိ မည်သူကမျှ မထိတွေ့နိုင်ခဲ့သည့် အံ့ဖွယ်ကိစ္စတစ်ရပ်ဖြစ်သည်။

" အခုတော့ ငါနားလည်သွားပြီ " လီဟမ်ရှန်းက ဘယ်လောက် ကြောက်စရာကောင်းသည့် သွေးချီစွမ်းအား ကို ရရှိသွားလဲ ဆိုသည်ကို ရှမူဟိုင်က သိခဲ့ပေသည်။

" ဆရာပေးခဲ့တဲ့ ရတနာအတွက်လည်း ကျွန်တော်က ကျေးဇူးတင်ပါတယ် " လီဟမ်ရှန်း က အပြုံးနှင့် ပြောလိုက်သည်။

" ရတနာလား " ရှမူဟိုင်က မျက်တောင်ခပ်လိုက်ပြီး ဘာရတနာလဲ ။

" ဟုတ်ပါတယ် သေတ္တာထဲက သစ်သားလူရုပ် ပါ " လီဟမ်ရှန်း က ခပ်တိုးတိုးဖြင့် ပြောလိုက်သည် " ဆရာ အဲ့ဒီ သစ်သားလူရုပ်ကို ဘယ်ကရလာခဲ့တာလဲ။ ဘာလို့ အဲ့ဒီသစ်သားလူရုပ်က ကျွန်တော့်ကို အတင်းအကျပ် နားလည်သဘောပေါက်စေပြီးတော့ ကျွန်တော့်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်း‌ကို အများကြီး တိုးတက်လာတယ်လို့ ခံစားရတာလဲ ။ ပန်းချီကားကို နားလည်သဘောပေါက်ခဲ့တဲ့ နှစ်ကြိမ်စလုံးမှာ ကျွန်တော် ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ခဲ့တာ အဲ့ဒီ့အရုပ်ကြောင့်ပဲ "

ရှမူဟိုင်က သစ်သားလူရုပ်အကြောင်း ဘာမှမသိပေ။

ထိုအရာက လီချန်ချင်း မှ ပေးလိုက်ခြင်းဖြစ်သည်။ သေတ္တာအတွင်း၌ ဘာရှိသည်ကိုလသူလုံးဝမသိပေ။

" အဟမ်း အဟမ်း ငါ အရင်က ပြောခဲ့သလိုပဲ အတွင်းထဲက ရတနာကို အပြင်လူတွေကို ထုတ်မပြောရဘူးလေ" ရှမူဟိုင်က သမန်ကာလျှံကာဖြင့် ဝေဖန်လိုက်သည်။

" ဟုတ်ကဲ့ "

" တပည့် မှတ်သားထားပါ့မယ် " လီဟမ်ရှန်း က ဒီတစ်ခေါက်၌ ပို၍ပင် ရည်ရွယ်ချက် ခိုင်မာပေသည်။ အကယ်၍ ထိုသို့သော ရတနာမျိုးကိုအပြင်သို့ ချပြလိုက်ပါက ဘာတွေဖြစ်လာလိမ့်မလဲ။

" မင်းရဲ့ ခန္ဓာသန့်စင်ခြင်းကျင့်စဉ်က အရမ်း စွမ်းအားကြီးပုံပဲ။ မင်းကို ပေးခဲ့တဲ့ ရွှေနယ်ပယ်‌ဆေးလုံးတွေက မလုံလောက်တော့ဘူးလို့ ငါထင်တယ်။ ငါပြန်ရောက်တဲ့အခါကျရင် ပိုဝယ်ပြီး တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်မယ် " ရှမူဟိုင်က ပြောလိုက်သည်။ ရှမူဟိုင်၏ အမြင်၌ လီဟမ်ရှန်း၏ သွေးချီစွမ်းအားက တက်လှမ်းခြင်းအဆင့်၏ အတိုင်းအတာကိုပင် ဖိနှိပ်နိုင်လုနီးပါးဖြစ်သည်။

အစက လီဟမ်ရှန်း၏ ပင်ကိုယ်စွမ်းရည်အရ သူက သာမန် သိုင်းကျင့်စဉ်တစ်ချို့အား သဘောပေါက်နိုင်လျှင် အတော်လေးကောင်းမည်ဟု ထင်ခဲ့သော်လည်း သူက ချက်ချင်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

" ကျေးဇူးတင်ပါတယ် ဆရာ " လီဟမ်ရှန်း က ရှမူဟိုင်၏ ပေးကမ်းမှုကို မငြင်းဆန်နေခဲ့ပေ။

တကယ်တော့ သူက သူ့အဖေကို အမြဲတမ်းမမှီခိုနိုင်ပေ။ ပြီးတော့ သူ့ဆရာကိုလည်း အလေးထားကြောင်း ပြရမည် ဖြစ်သည်။

" သခင်လေး " ထိုအချိန်၌ ရှုခွေ က ဝင်လာခဲ့ပြီး သူ့အနောက်၌ ‌သေတ္တာရှည်တစ်လုံးကို ဆွဲလာသည့် တပည့်နှစ်ယောက်ပါလာခဲ့သည်။

" ဒါက မီးဖယောင်းတောင်ထိပ်ကပါ။ သူတို့ဆီကို သခင်လေး မှာထားတဲ့ လှံက ထုလုပ်ပြီးသွားပါပြီ " ရှုခွေက ပြောလိုက်သည်။

" နောက်ဆုံးတော့ ! "

လီဟမ်ရှန်း က ဤလှံအား အချိန်အကြာကြီး စောင့်မျှော်နေခဲ့ခြင်းဖြစ်သည်။

ရှမူဟိုင်ဘက်၌လည်း လီဟမ်ရှန်း ထုလုပ်ထားသည့် လှံက ဘယ်လိုမျိုးလဲ ဆိုသည်ကို စူးစမ်းချင်နေခဲ့သည်။

လီဟမ်ရှန်း က ရှေ့သို့တိုးလိုက်ပြီး သေတ္တာရှည်ကို မလိုက်သည်။ သေတ္တာက အလွန်လေးလံလေသည်။ သူက လက်လှမ်းလိုက်ပြီး သေတ္တာအဖုံးအား ဖွင့်လိုက်သည်။

ပက်ဖြန်းနေသည့် နေရောင်နှင့် လှံရှည်က အလင်းပြန်သွားပြီး မျက်စိကျိန်းလောက်ဖွယ်ရာ အလင်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကိုယ်ထည်က ငွေ ၊ အသွားက လွှ သဏ္ဌာန် နှင့် အနုစိတ်မွန်းမံထားသည့် အနီရောင်ပန်းပွား က ပို၍ လက်ရာမြောက်ကာ လှံ၏ ကိုယ်ထည်၌ ခပ်ဖျော့ဖျော့ ရေလှိုင်း သဏ္ဌာန်များ ပါရှိပေသည်။

ပထမဆုံး အကြည့်တစ်ချက်၌ပင် ဤလှံရှည်၏ ကြီးစိုးခြယ်လှယ်သည့် အရှိန်အဝါကိုခခံစားနိုင်ပေသည်။

" အင်မော်တယ် အရှင်သခင် လှံ "

ရှမူဟိုင်၏ မျက်နှာထက်တွင် အံ့ဩသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

All Chapters