← Chapters

လက်နက်အမည် ' အင်မော်တယ် ပုံဖော်ခြင်း '

Vol. 8 Ch. 73

လက်နက်အမည် ' အင်မော်တယ် ပုံဖော်ခြင်း '

Vol. 8 Ch. 73

ဤလှံက အင်မော်တယ် အရှင်သခင် လှံ နှင့် အတိအကျ တူပေသည်။

ရှမူဟိုင်က မျောလွင့်ပုံရိပ်ခန်းမ၌ အင်မော်တယ်အရှင်သခင်လှံ၏ ပန်းချီကားကို မြင်ဖူးပြီး ဤလှံက ၎င်း၏ပုံစံအား အတိအကျ ထုလုပ်ထားခြင်းဖြစ်သည်။

ဖြစ်နိုင်တာက.....

" မင်း အင်မော်တယ် အရှင်သခင် လှံသိုင်း ကို လေ့ကျင့်နေတာလား" ရှမူဟိုင် က လီဟမ်ရှန်း အား ထိတ်လန့်စွာကြည့်လိုက်သည်။

" ဟုတ်ပါတယ် " လီဟမ်ရှန်း က ဖုံးကွယ်မထားပေ။

" အဓိပ္ပါယ်မရှိလိုက်တာ ! " ရှမူဟိုင်က အမှန်တကယ် စိုးရိမ်နေခဲ့သည် " အင်မော်တယ် အရှင်သခင် လှံသိုင်း က တားမြစ်ကျင့်စဉ်တစ်ခုပဲ။ အဲ့တာကို လေ့ကျင့်တဲ့သူတိုင်းက ဒုက္ခရောက်ပြီး အဆုံးသတ်ကြရတယ်။ လီကျင်းစုန့် က ဘာတွေတွေးနေလို့ မင်းကို အဲ့ဒီကျင့်စဉ်ကျင့်ဖို့ ခွင့်ပြုပေးလိုက်တာလဲ ! "

" ဆရာ ၊ ဒါက မျောလွင့်ပုံရိပ်ခန်းမသခင်ရဲ့ အမှားမဟုတ်ပါဘူး။ ဒါကို လေ့ကျင့်ဖို့ ကျွန်တော်ကိုယ်တိုင် တောင်းဆိုခဲ့တာပါ " လီဟမ်ရှန်းက ရှင်းပြခဲ့သည်။ " ကျွန်တော့်ရဲ့ ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်က အတော်လေး သန်မာပြီးတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ခွန်အားနဲ့ ဖျတ်လတ်မှုကလည်း တခြားသူတွေထက်သာလွန်ပါတယ်။ ဒါက အင်မော်တယ် အရှင်သခင်လှံသိုင်းရဲ့ ပေါက်ကွဲစေတတ်တဲ့ လေ့ကျင့်ရနည်းလမ်းနဲ့ လုံးဝပြီးပြည့်စုံအောင် လိုက်ဖက်ပါတယ်။ ဒါကြောင့် ကျွန်တော်က ရွေးချယ်ခဲ့တာပါ "

" ဆရာ စိတ်မပူပါနဲ့။ ကျွန်တော် သေချာဂရုစိုက်ပါ့မယ်" လီဟမ်ရှန်း က ထပ်ပြောလိုက်သည်။

သူက အင်မော်တယ် အရှင်သခင်လှံသိုင်းအား အမှန်တကယ် နှစ်ခြိုက်ပေသည်။

ယခု ရှုခွေ ကသူ့အား လာရောက် ရှာဖွေသည့်အချိန်၌ သူက အင်မော်တယ် အရှင်သခင်လှံသိုင်းအား လေ့ကျင့်နေပေသည်။ သို့သော်လည်း လီဟမ်ရှန်း၌ သင့်တော်သည့် လှံတစ်ချောင်းမရှိ‌သောကြောင့် ၎င်းအား လေ့ကျင့်ရေးခန်းထဲ၌ လေ့ကျင့်ရန် အဆင်မပြေပေ။

ထို့ကြောင့် လီဟမ်ရှန်းက လေ့ကျင့်ရန် နည်းလမ်းအသစ်ဖန်တီးခဲ့ခြင်းဖြစ်သည်။

လက်ချောင်းများဖြင့် လေ့ကျင့်ခြင်း ကျင့်စဉ် !

အကယ်၍ အရင်က အင်မော်တယ် အရှင်သခင်လှံသိုင်းအား ကျင့်ကြံခဲ့သည့် သူများသာ ဤအကြောင်းအားသိခဲ့ပါက တိုက်ခိုက်ရန်အတွက် သူတို့၏ အုတ်ဂူများမှ ခုန်ထွက်လာကြရန် ဖြစ်နိုင်ပေသည်။

အင်မော်တယ် အရှင်သခင်လှံသိုင်း အားလုံးက အလွန်အမင်း ပြင်းထန်သည့် ပေါက်ကွဲခြင်းဖြစ်သည်။

လှံသိုင်းအား အသုံးပြုသည့် အကြိမ်တိုင်း၌ ၎င်းက ပမာဏများပြားသည့် အတွင်းအား သို့မဟုတ် အသက်စွမ်းအားကို သေးငယ်သည့် မွှေးညှင်းပေါက်များမှတစ်ဆင့် ကူးပြောင်းပြီး ပေါက်ကွဲစေနိုင်သည့် အကျိုးရလာဒ်ကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။

လူသား၏ လက်ချောင်းကိုအသုံးပြုဖို့ မဆိုထားနှင့် သံမဏိလှံကို သုံးလျှင်ပင် ပေါက်ကွဲအားကြောင့် လှံက ကျိုးကြေသွားပေလိမ့်မည်။

လက်ချောင်းများပင် ကျိုးကြေသွားမည်ဖြစ်သည်။

သို့သော်လည်း လီဟမ်ရှန်း၏ ကျင့်ကြံခြင်းက တက်လှမ်းခြင်းအဆင့် 7 သို့ ရောက်သည့်အခါ၌ သူက သူ၏ နေလအင်မော်တယ်နတ်ဆိုးခန္ဓာ၏ နေလအင်မော်တယ် နတ်ဆိုးအလင်းအတွင်း၌ နောက်ထပ်‌ သွေးမျိုးဆက် ပုံရိပ်တစ်ခု ရှိနေသည်ကို ရှာတွေ့ခဲ့သည်။

ထို့အပြင် ဤအရံသွေး‌မျိုးဆက် က လီဟမ်ရှန်း၏ ခန္ဓာကိုယ်အား ပို၍ အားကောင်း‌လာစေရန် နှင့် သူ၏ ဖျတ်လတ်မှု၊ အသက်စွမ်းအား အား ပို၍ တက်ကြွလာစေအောင်ပြုလုပ်ပေးရုံသာမက ပို၍ အရေးကြီးသည်မှာ သူ၏ ခန္ဓာကိုယ်အတွင်း ဖျတ်လတ်မှုအပေါ် သူ၏ထိန်းချုပ်နိုင်စွမ်းက ပို၍ တိကျလာသည်ကို လီဟမ်ရှန်း က ရှင်းရှင်းလင်းလင်း ခံစားခဲ့ရခြင်း ဖြစ်သည်။

အားထုတ်မှုတစ်ချို့ ပြုလုပ်ပြီးသည့်နောက်တွင် လီဟမ်ရှန်းက အင်မော်တယ် အရှင်သခင်လှံသိုင်း၏ အဆင့် 33 ခုကို လက်ချောင်း ကျင့်စဉ်မှ တစ်ဆင့် လေ့ကျင့်ရန် ဖန်တီးနိုင်ခဲ့ပေသည်။

လီဟမ်ရှန်း က ဆက်လက်ကြိုးစားနေခဲ့ပြီး ၎င်းနှင့် ပို၍ ပို၍ အသားကျလာခဲ့သည်။

အဆုံး၌ လီဟမ်ရှန်း က ဤလက်ချောင်း ကျင့်စဉ်အား အမည်ပေးခဲ့သည်။

သူက ' လှိုင်းအဆင့်ဆင့် လက်ချောင်းသိုင်း ' ဟု ခေါ်တွင်ခဲ့သည်။

လက်ရှိ လီဟမ်ရှန်း၏ သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းနှင့် သူက ထွက်ပေါ်လာသည့် ဖျတ်လတ်ခြင်း ရလာဒ်ကို အတိအကျ ထိန်းချုပ်နိုင်ခဲ့ပြီး သူ့ကိုယ်သူ ထိခိုက်ခြင်းမရှိဘဲ လက်ချောင်းကျင့်စဉ်အား အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး အောင်မြင်မှုရသည့် အခြေအနေတစ်ခုကို ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ၎င်း၏အစွမ်းက အစစ်အမှန် အင်မော်တယ် အရှင်သခင်လှံသိုင်း နှင့် မယှဉ်နိုင်ပေ။

ထို့အပြင် လီဟမ်ရှန်း က ငါးခုမြောက် လက်ချောင်းကို သုံးခဲ့သည့် အချိန်၌ လှိုင်းအဆင့်ဆင့် လက်ချောင်း က ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

အကယ်၍ သူက 6 ခုမြောက်လက်ချောင်းကို အသုံးပြုရန် သူ့ကိုယ်သူ တွန်းအားပေးခဲ့ပါက လှည့်ပတ်နေသည့် သွေးချီစွမ်းအားများကို ဖိနှိပ်ရန် တတ်နိုင်မည်မဟုတ်ပေ။

" တကယ်လို့ မင်း တစ်ခုခုဖြစ်သွားရင် မင်းအဖေ ကိုရှင်းပြဖို့ တတ်နိုင်မှာမဟုတ်ဘူး။ အင်မော်တယ်အရှင်သခင် လှံသိုင်းက တော်တော် နတ်ဆိုးဆန်တယ်။ မင်း အဲ့တာကို လျော့ပြီးသုံးတာ ပိုကောင်းမယ်"

ရှမူဟိုင်က မျက်မှောင်ကြုတ်ကာပြောလိုက်သည် " မင်းက လှံကျင့်စဉ်တွေကို တကယ် ကြိုက်တယ်ဆိုရင် ပေါင်းစပ်ပြီးအသုံးပြုဖို့ နောက်ထပ်လှံကျင့်စဉ်တစ်ခုကို နားလည်ထားဖို့ အကောင်းဆုံးပဲ"

" ကျွန်တော့် အဖေ လား " လီဟမ်ရှန်း က အံ့အားသင့်စွာမေးလိုက်သည် " ဆရာ က ကျွန်တော့် အဖေ ကို သိတာလား"

" ဟမ် ? " လီဟမ်ရှန်း က သူ့အား ထူးထူးဆန်းဆန်းကြည့်နေသည်ကို ရှမူဟိုင်က တွေ့လိုက်သည်။ သူ့အကြောင်းအား လီဟမ်ရှန်းကို အသိ‌မပေးရန် လီချန်ချင်း အရင်က ပြောထားသည်ကို ရှမူဟိုင်က သတိရသွားခဲ့သည်။

" ငါ သူ့ကို မသိပါဘူး " ရှမူဟိုင်က မျက်နှာပူခြင်း ၊ ပြာယာခပ်ခြင်းမရှိဘဲ မြေခွေးအိုကြီးတကောင်လို လိမ်ညာပြောလိုက်သည် " ငါဘာလို့ ဒီလိုပြောရလဲဆိုတော့ မင်းက မင်းအဖေရဲ့ အဖိုးတန်သားတစ်ယောက်ပဲ။ တကယ်လို့ မင်းတစ်ခုခုဖြစ်သွားရင်မင်းအဖေက ဝမ်းနည်းပက်လက်ဖြစ်ရလိမ့်မယ်။ ဒါဆိုရင် မင်းအဖေကို ငါက ဘယ်လိုရှင်းပြရမှာလဲ "

သူဆိုလိုတာက ဒီလိုပဲ။

လီဟမ်ရှန်း က သူ့အား သံသယမဝင်ခဲ့ပေ။

ထိုအကြောင်း စဉ်းစားကြည့်မှ ရှမူဟိုင်က ရှေးဟောင်းတာအိုတောင်နယ်မြေ၏ တောင်သခင်ဖြစ်သည်။

ထိုကဲ့သို့ အဆင့်အတန်းမျိုးနှင့် သူက သူ့အဖေနဲ့ သိဖို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။

" စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် မှတ်ထားပါ့မယ် " လီဟမ်ရှန်းက ပြောလိုက်ပြီး လှံရှည်ကို ထုတ်ယူလိုက်သည်။ သူ့လက်ထဲမှ ပြင်းထန်သည့် အစွမ်းက အလွန် သက်တောင့်သက်သာ ခံစားရစေခဲ့သည်။

ထို့အပြင် ဤလှံအားကိုင်ဆောင်ထားသည့်အချိန်၌ သာမန်လှံများက မယှဉ်နိုင်သည့် လှံ၏ ခက်ထန်မှုကို လီဟမ်ရှန်းက ခံစားနိုင်ပေသည်။

သူက အင်မော်တယ် အရှင်သခင်လှံသိုင်း ကို အပြည့်အဝ အသုံးချပါက ဤလှံက ခက်ထန်ခြင်း နှင့် ကြမ်းတမ်းခြင်း ကို လုံးဝ ကြံကြံခံနိုင်ပေသည်။

သူက ဤလှံအား အရမ်းသဘောကျနေသောကြောင့် အောက်သို့ မချနိုင်ခဲ့ပေ။ လီဟမ်ရှန်း က အကြိ‌မ်ရေအနည်းငယ်မျှ စမ်းသပ်ကာ လွှဲယမ်းလိုက်ပြီး ပြင်းထန်သည့် လေထု၏ ခံစားချက်က အကောင်းဆုံး‌လှံတစ်ချောင်း ဟု ပြောနေခဲ့ပေသည်။

" လှံ ရဲ့ကိုယ်ထည်ပေါ်က ရေလှိုင်း ပုံစံတွေကို ကြည့်ပါဦး အဲ့တာတွေက ရေချီတွေနဲ့ အသက်သွင်းထားတာ မဟုတ်လား" ရှမူဟိုင်က ရောက်လာပြီး ပြောလိုက်သည်။

"အဲ့တာက မျောလွင့်ပုံရိပ်ခန်းမသခင်က ပေးလိုက်တာ " လီဟမ်ရှန်း က ပြုံးရွှင်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။

" အဲ့ လူအိုကြီးမှာ အသိစိတ် ရှိသေးတာပဲ " ရှမူဟိုင်က အေးစက်စွာ သရောလိုက်သည်။ " ဆရာ " လီဟမ်ရှန်းက ရုတ်တရက် ရှမူဟိုင်ဘက်သို့ လှည့်လာခဲ့ပြီး ပြောလိုက်သည် " အင်မော်တယ် အရှင်သခင် လှံသိုင်း ရှိတယ်ဆိုတော့ အင်မော်တယ် အရှင်သခင် လှံ အစစ် ရှိမယ်မဟုတ်ဘူးလား။ အင်မော်တယ် အရှင်သခင် လှံ အစစ်က ဘယ်မှာရှိလဲဆိုတာ ဆရာသိလား"

"အင်မော်တယ် အရှင်သခင် လှံ အစစ် လား "

ရှမူဟိုင်က မျက်ခုံးပင့်လိုက်ပြီး " တကယ်ရှိတာပေါ့ မဟုတ်ရင် အင်မော်တယ် အရှင်သခင် လှံ ရဲ့ ပန်းချီကားက ရှိလာမှာမဟုတ်ဘူး။ဒါပေမယ့် ဘယ်မှာရှိလဲဆိုတာကတော့ မသေချာလောက်ဘူး ပြီးတော့ အင်မော်တယ် အရှင်သခင် လှံ ကို ပိုင်ဆိုင်ဖို့က အဲ့လောက် မလွယ်ကူဘူး "

" ကမ္ဘာကြီးထဲမှာ များပြားတဲ့ နတ်ဘုရား လက်နက်တွေရှိပြီးတော့ အားလုံးက ထင်ရှားတဲ့ ရတနာတွေပဲ။ တစ်ချို့ လက်နက်တွေက စိတ်ဝိဉာဉ်တောင်ရှိလာကြပြီး အင်အားကြီးတဲ့ စွမ်းအားကသာ ထိန်းချုပ်နိုင်တဲ့ အစစ်အမှန် နတ်ဘုရားလက်‌နက်တွေဖြစ်လာကြတယ်။ တစ်ခါက စန်းယွမ်နယ်မြေရဲ့ တိုက်ပွဲခန်းမက နတ်ဘုရားလက်နက်စာရင်း ကို အဆင့်သတ်မှတ်ခဲ့ကြတယ် "

" ငါမှတ်မိတာသာ မှန်မယ်ဆိုရင် နတ်ဘုရားလက်နက်စာရင်းရဲ့ 7 ခုမြောက် နတ်ဘုရားလက်နက်က အင်မော်တယ် အရှင်သခင် လှံ ပဲ " ရှမူဟိုင်က စဉ်းစားကာ ပြောလိုက်သည်။

" နတ်ဘုရား လက်နက်စာရင်းရဲ့ 7 ခုမြောက်လား " လီဟမ်ရှန်း၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

အင်မော်တယ် အရှင်သခင် လှံ က တကယ်ကို သာမန်မဟုတ်ပေ။

၎င်းက ကမ္ဘာပေါ်ရှိ နတ်ဘုရားလက်နက်များအားလုံးကြား၌ 7 ခုမြောက်နေရာတွင် ရှိနေနိုင်ခဲ့ပေသည်။

သို့သော်လည်း သတင်းဆိုးက ထိုကဲ့သို့သော နတ်ဘုရား လက်နက်များအား ကမ္ဘာကြီးထဲက ဆရာသခင် အားလုံး က လိုချင်စိတ်ပြင်းပြနေမည်မှာ ဖြစ်နိုင်ချေရှိပေသည်။ အစစ်အမှန် အင်မော်တယ် အရှင်သခင် လှံ အား ပိုင်ဆိုင်ရန် အခက်အခဲက သာမာန်မဟုတ်ပေ။

" အင်မော်တယ် အရှင်သခင် လှံ အစစ် ‌အကြောင်း တွေးနေတာတွေ ရပ်သင့်ပြီ။မင်းရဲ့ လက်ရှိခွန်အားနဲ့ အဲ့တာကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ မင်းလက်ထဲက လှံက လည်း အတော်လေးကောင်းပါတယ်။ အဲ့တာက မင်းနဲ့အတူ အချိန်အကြာကြီး အတူရှိနေမှာမို့ နာမည်ပေးသင့်တယ် ! "

ရှမူဟိုင်က အပြုံးဖြင့် ပြောလိုက်သည်။ နတ်ဘုရား လက်နက် စာရင်းပေါ်မှ လက်နက်များက ပိုင်ဆိုင်ရန် မလွယ်ကူပေ။

အထူးသဖြင့် 7 ခုမြောက် အဆင့် ဖြစ်သည့် အင်မော်တယ် အရှင်သခင် လှံ ဖြစ်သည်။

ရွှယ်ချမ်းပိုင်၏ ဆီးနှင်းတစ်ထောင်ဓား ပင် 11 ခုမြောက် အဆင့်ဖြစ်သည်။

နာမည်ပေးရမယ်......"

လီဟမ်ရှန်း က သူ့လက်ထဲမှ လှံရှည်ကို ကြည့်လိုက်ပြီး အရောင်အဝါက မျက်စိကျိန်းလောက်အောင်ပဲ ပြီးတော့ ကြီးစိုးခြယ်လှယ်တတ်တဲ့ အရှိန်အဝါကိုလည်း ထိန်းချုပ်ထားတယ်။ အဲ့ဒါက အင်မော်တယ်အရှင်သခင်လှံနဲ့ တူတယ်လို့ ထင်ရပေမယ့်လည်း အင်မော်တယ် အရှင်သခင် လှံရဲ့ အတုမရှိတဲ့ ပြိုင်ဘက်ကင်း ခက်ထန်မှုတွေရှိမနေဘူး။

တစ်ခဏမျှစဉ်းစားပြီးသည့်နောက်တွင် လီဟမ်ရှန်းက ပြောလိုက်သည် " ဒါက အင်မော်တယ် အရှင်သခင်လှံ ကို တုပပြီး လုပ်ထားတာမို့ မင်းရဲ့ နာမည်ကိုလည်း အင်မော်တယ် လက္ခဏာတစ်ခု ပေးမယ်။ မင်းကို ' အင်မော်တယ် ပုံဖော်ခြင်း ' လို့ခေါ်မယ် "

" အင်မော်တယ် ပုံဖော်ခြင်း "

ရှမူဟိုင်က ခေါင်းညိမ့်လိုက်သည် " နာမည်ကောင်း တစ်ခုပဲ "

" ဆရာ ကျွန်တော် ကိုးဆင့်တိုက်ပွဲခန်းမ ကိုသွားပြီး သားရဲ စုဆောင်းခြင်း ကို ကြိုးစားကြည့်ချင်တယ် " လီဟမ်ရှန်းက အင်မော်တယ် ပုံဖော်ခြင်းလှံကို ကိုင်ထားပြီး ကြိုးစားကြည့်ဖို့ စိတ်အားထက်သန်နေပုံပင်။

" မင်းက "

ရှမူဟိုင်က အံ့အားသင့်သွားကာ " မင်းက တက်လှမ်းခြင်းအဆင့် 7 ပဲရှိပြီးတော့ ကိုးဆင့်တိုက်ပွဲခန်းမကို သွားဖို့ အရမ်းစောလွန်းသေးတယ်။ ဒါပေမယ့် မင်း လုပ်ချင်တယ်ဆိုရင်တော့ သားရဲစုဆောင်းခြင်းကို ကြိုးစားကြည့်နိုင်ပါတယ်"

" ကိုးဆင့် တိုက်ပွဲခန်းမ ကို စိန်ခေါ်တဲ့ တက်လှမ်းခြင်းအဆင့်တပည့် တစ်ယောက်မှ မရှိဘူးလား" လီဟမ်ရှန်းက သိချင်စွာ မေးလိုက်သည်။

" ရှိတယ် ဒါပေမယ့် အဓိပ္ပါယ်မရှိဘူး" ရှမူဟိုင် ကပြောလိုက်သည် " တက်လှမ်းခြင်းအဆင့် လူသစ်တစ်ယောက်ကို ကိုးဆင့်တိုက်ပွဲခန်းမရဲ့ သေမျိုးနယ်‌ပယ်စာရင်းမှာ မမြင်ရတာ နှစ်ပေါင်းရာနဲ့ချီခဲ့ပြီ။ မော်တယ် နယ်ပယ် စာရင်းမှာ ရှိခဲ့တဲ့ နောက်ဆုံးတစ်ယောက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃၀ ကပဲ"

" သေမျိုးနယ်ပယ်စာရင်းပေါ်မှာ စုစုပေါင်း လူလေးယောက်ရှိတယ်။ ဒါပေမယ့် သူတို့အားလုံးက တက်လှမ်းခြင်း အဆင့် 9 ကို ရောက်တဲ့အခါကျမှ ကိုးဆင့်တိုက်ပွဲခန်းမကို စိန်ခေါ်ခဲ့ကြတာ။ မင်းက တက်လှမ်းခြင်းအဆင့် 7 ပဲရှိသေးတာ၊ မင်း မှာ နိုင်ဖို့ အ‌ခွင့်အရေးမရှိဘူး။ ဒါပေမယ့် မင်းက အတွေ့အကြုံရဖို့ အတွက် မရမကတောင်းဆိုနေတာဆိုရင်တော့ ကြိုးစားကြည့်နိုင်ပါတယ် "

ရှမူဟိုင်က အနည်းငယ်ထူးဆန်းသည့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

သူက စိတ်ထဲ၌တွေးနေခဲ့သည် : ငိုပြီးတော့ ပြန်မလာခဲ့နဲ့။

All Chapters