← Chapters

စိတ်လှုပ်ရှားဖွယ်ရာ ည တစ်ည

Vol. 8 Ch. 75

စိတ်လှုပ်ရှားဖွယ်ရာ ည တစ်ည

Vol. 8 Ch. 75

ဤသည်က သတ်ဖြတ်သူတစ်‌သောင်းတောင်ထိပ်၌ ရှိနေစဉ်က စီနီယာ အမ နှစ်ယောက် စကားစမြည်ပြောနေကြစဉ် လီဟမ်ရှန်းမှ သမန်ကာလျှံကာ ကြားခဲ့ခြင်းဖြစ်သည်။

" ဟမ် ? နာကျင်တာလား ? "

ကျိုးကျွင်း က လီဟမ်ရှန်းအား အံ့အသင့်စွာကြည့်လိုက်ပြီး " အဲ့ဒါက နာကျင်နိုင်ပါတယ် ဒါပေမယ့် အမြဲတမ်းတော့ မဟုတ်ဘူး။ အခြေအနေပေါ်မှာမူတည်တယ်။ တစ်ခါတစ်လေ ဖြစ်တတ်တယ်။ တစ်ခါတစ်လေ မဖြစ်တတ်ဘူး "

" အဲ့ဒါအပြင် ငါတို့က အပြင်ကိုထွက်စရာမလိုဘူး။ ငါတို့က ငါတို့ရဲ့ရှေးဟောင်းတာအိုတောင်နယ်မြေထဲမှာပဲ အမှန်အကန်ရှိနေမှာ " ကျိုးကျွင်းကပြောလိုက်သည် "အပြင်မှာရှိတဲ့ဟာတွေက ရှေးဟောင်းတာအိုတောင်နယ်မြေမှာရှိတာတွေနဲ့ ဘာယှဉ်နိုင်မှာမို့လဲ"

" ဒီမှာလည်း ရှိတယ်လား"

လီဟမ်ရှန်း က အံ့အားသင့်သွားခဲ့သည်။

သူက ရှေးဟောင်းတာအိုတောင်ဂိုဏ်းအားရောက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေပြီး ဘာမှမသိပေ။

ရှေးဟောင်းတာအိုတောင်နယ်မြေရှိ ဖျော်ဖြေမှုရွေးချယ်စရာများက ... အတော်လေး ရင်ဖိုစရာကောင်းမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

(အိုးခိုင်မော့!!! ဂိုဏ်းထဲမှာ ဆောင်ကြာမြိုင် ရှိတယ်လား

O-O)

တဖြည်းဖြည်းနှင့် ကျိုးကျွင်း က လီဟမ်ရှန်း အား တောင်ထိပ်တစ်ခုသို့ ဦးဆောင်ခေါ်လာခဲ့သည်။ တောင်ထိပ်က မြက်ခင်းများအား လေတိုက်နေသည့် တရှဲရှဲမြည်သံများနှင့် အတော်လေးတိတ်ဆိတ်နေခဲ့သည်။ မောကြည့်လိုက်ပါက ခပ်လှမ်းလှမ်း၌ ကြီးမားသည့် စံအိမ်ကြီး တစ်ခုအား မှုန်ဝါးဝါးမြင်နိုင်ပေသည်။

" အဲ့ဒီနေရာလား " လီဟမ်ရှန်းသည် သူ၏ နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် တစ်ဒိန်းဒိန်းခုန်နေသည်ကို ခံစားနေရသည်။

" ဟုတ်တယ် " ကျိုးကျွင်း က မြင်းပေါ်မှ ခုန်ချကာ ပြောလိုက်သည် " ဒီနေရာကနေ လမ်းလျောက်ကြစို့ "

" အိုး " လီဟမ်ရှန်း က နာနာခံခံဖြင့် မြင်းပေါ်မှ ဆင်းလိုက်သည်။ သူက နားမလည်သော်လည်း ကျိုးကျွင်းအား ယုံကြည်ပေသည်။ နောက်ဆုံးတော့ သူ၏ အကို ၃ က အရမ်း အတွေ့အကြုံရှိထားပုံ ပေါ်ပေသည်။

ကျိုးကျွင်း၏ ဦးဆောင်မှုနောက်လိုက်ရင်းဖြင့် သူတို့က အိမ်တော်ကြီးထံသို့ ဦးတည်လာခဲ့ကြသည်။ သို့သော်လည်း သူတို့က ခပ်ဝေးဝေးလျောက်လာခဲ့ပြီး လီဟမ်ရှန်း က တစ်ခုခုမှားနေသည်ကို ခံစားခဲ့ရသည်။

ဒီနေရာက ဘာလို့ စည်ကားမနေတာလဲ။

သူ၏ အမြင်အရ ၊ ထိုကဲ့သို့သော နေရာများက များသောအားဖြင့် မီးရောင်များ နှင့် သီချင်းများ ၊ နေရာတိုင်း၌ ဖောက်သည်များအား ဆွဲဆောင်ရန် ကြိုးစားနေကြသည့် လှပသည့် မိန်းမပျိုလေးများဖြင့် ပြည့်နှက်နေတတ်ပေသည်။ ဒီနေရာက ဘာလို့ ဒီလောက် တိတ်ဆိတ်နေရတာလဲ။

ထိုသို့တွေးရင်းဖြင့် သူတို့နှစ်ယောက်က အိမ်တော်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။ ကျိုးကျွင်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် နံရံပေါ်သို့ ခုန်တက်ခဲ့သည်။

လီဟမ်ရှန်း က လိုက်တက်ခဲ့ပေသည်။

အိမ်တော်အတွင်းသို့ ရောက်သည်နှင့် ဆေးပင်များ၏ ရနံ့က လေနှင့်အတူပါလာခဲ့သည်။

လီဟမ်ရှန်းက စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး ၎င်းက ကြီးမားသည့် ဆေးစိုက်ခင်း တစ်ခုဖြစ်သည်ကို တွေ့လိုက်ရသည်။ ချင်းကျူးတောင်၌ ရှိသည့်စိုက်ခင်းထက် ပို၍ ကြီးမားပြီး များပြားသည့် ဆေးပင်အမျိုးအစားမျိုးစုံ ကို စိုက်ပျိုးထားခဲ့သည်။

" စီနီယာ အကို ၊ ဒါက ဘယ်နေရာလဲ "

လီဟမ်ရှန်း က အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

" ပိုင်လင်း တောင်ထိပ် " ကျိုးကျွင်းက ခေါင်းလှည့်မလာခဲ့ပေ။သို့သော်လည်း တစ်ခုခုကို ရှာတွေ့နေသကဲ့သို့ မြက်ခင်းထဲ၌ ဆောင့်ကြောင့်ထိုင်နေခဲ့သည်။

" ပိုင်လင်း တောင်ထိပ်လား " လီဟမ်ရှန်း က မျက်တောင်ခပ်လိုက်ပြီး ဒီနာမည်ကို ရင်းနှီးနေတယ်။

ဒီတောင်က ဒဏ္ဍာရီလာ စီနီယာ အမ ၂ နေတဲ့တောင် မဟုတ်ဘူးလား ?

" စီနီယာအကို ကြက်တွေရှာဖို့ ကျွန်တော့်ကို ဒီနေရာကို ခေါ်လာတယ်လို့ ပြောတာလား ? " လီဟမ်ရှန်းက နားလည်ရခက်သည့် မျက်နှာဖြင့် မေးလိုက်သည်။

" ဟုတ်တယ်လေ ၊ ငါ မင်းကို စိတ်ဝိဉာဉ်ကြက်တွေဖမ်းဖို့ ဒီနေရာကို ခေါ်လာတာမဟုတ်ဘူးလား။ ဒီနေ့ညက လပြည့်ညဖြစ်ပြီးတော့ လအနှစ်သာရ အများဆုံးအချိန်ပဲ။ပြီးတော့ စိတ်ဝိဉာဉ်ကြက်တွေက လအနှစ်သာရကို စားသုံးရတာကို အတော်လေး ကြိုက်ကြတယ်။ ဒါကြောင့် ဒီနေ့ညမှာ သူတို့ကို ဖမ်းဖို့ရာပိုလွယ်တယ် " ကျိုးကျွင်းက လီဟမ်ရှန်းက ရှင်းပြခဲ့သည်။ " ပြီးတော့ ငါတို့ရဲ့ စီနီယာအမက ပြန်လာမှာမဟုတ်ဘူး။ ဒါကြောင့် ငါတို့မှာ အခွင့်အရေးအကြီးကြီးရှိတယ် "

လီဟမ်ရှန်း က အုတ်ခဲ‌တွေအများကြီးဖြင့် ထုခံရသကဲ့သို့ ခံစားလိုက်ရသည်။

သူ့ရဲ့ စိတ်အခြေအနေအားလုံးကို ကြိုတင်ပြင်ဆင်ထားတာက ဒါအတွက်လား ။

" အကို ၃ ၊ အကိုပြောတဲ့ ပထမဆုံးအကြိမ်တုန်းက နာကျင်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ"

" အာ ငါညပထမဆုံး စိတ်ဝ်ိဉာဉ်ကြက်ခိုးတဲ့အချိန်တုန်းက အမ ၂ ဆီမှာ ဖမ်းမိသွားပြီး အရိုက်ခံခဲ့ရတယ်လေ။ အဲ့တာက တကယ်နာတယ် " ကျိုးကျွင်းက တည်ငြိမ်စွာပြောလိုက်ပြီး " ဒါပေမယ့် ငါတို့က အဖမ်းမခံရသရွေ့ အမ ၂ မှာသက်သေတစ်ခုမှ ရှိမှာမဟုတ်ဘူး။ ပြီးတော့ ငါတို့လည်း အရိုက်ခံရမှာမဟုတ်ဘူး။ စိတ်မပူပါနဲ့ "

(LOL)

" အမ ၂ မရှိတာ ကို အခွင့်ကောင်းယူပြီး နှစ်ကောင်ဖမ်းကြစို့ "

ထိုအခိုက်အတန့်၌ လရောင်ဖြာကျလာသောကြောင့် အသိုက်များအတွင်းမှ ထွက်လာကြသည့် စိတ်ဝိဉာဉ်ကြက်များစွာအား ခပ်လှမ်းလှမ်းမှ မြင်နိုင်ပေသည်။

စိတ်ဝိဉာဉ်ကြက်များ၌ အပြာရောင်အမွှေးနှင့် ရောင်စုံအမောက် များ ပါရှိပြီး ၎င်းတို့က အလွန် လှပပုံပေါ်ပေသည်။

တစ်ကောင်ချင်းဆီက ဆူဖြိုးပြီး ခွေးအကြီးတစ်ကောင် အရွယ်အစားရှိပေသည်။

ထိုအခိုက်အတန့်၌ သူတို့က အေးအေးဆေးဆေး လမ်းလျောက်နေကြပြီး တိတ်ဆိတ်စွာလဲလျောင်းရင်း မျက်လုံးတစ်ဝက်မှိတ်ထားကာ လရောင်၏ အထိအတွေ့အား ကျေနပ်နေကြသကဲ့သို့ပင်။

" ဟီးဟီး သူတို့ ထွက်လာပြီ " ကျိုးကျွင်းက တိုးတိုးလေးပြောလိုက်ပြီး " ငါတို့ သတိထားဖို့လိုတယ်။ အမ ၂ မရှိပေမယ့်လည်း သူမရဲ့ အိမ်တော်မှာ အစေခံတွေအများကြီးရှိနေတုန်းပဲ။ သူတို့က ငါတို့ကို တွေ့သွားမယ်ဆိုရင် ဒုက္ခရောက်ပြီပဲ"

" အိုး" လီဟမ်ရှန်းက လေသံပျော့ပျော့နှင့် တုန့်ပြန်ခဲ့သည်။ စိတ်အားထက်သန်မှု မရှိသည်မှာ အသိသာပင်။

" စမယ် ! " အချိန်ကိုက်ရောက်သည်နှင့် ကျိုးကျွင်းက ရုတ်တရက်အော်လိုက်ပြီး သူ၏ ပုံရိပ်က မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားခဲ့သည်။

လီဟမ်ရှန်း က နောက်မှ ထပ်ချပ်မကွာလိုက်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူက သူခိုး၏ သင်္ဘောပေါ်သို့ရောက်နေခဲ့ပြီးဖြစ်သည်။

သူက တစ်ကောင်လောက်‌ဖမ်းပြီး မြည်းစမ်းကြည့်ရပေမည်။ အဲ့တာက တကယ်ကို အရသာရှိလောက်မှာ။

နောက်ဆုံးတော့ အဲ့တာက ကြက်တစ်ကောင်ပဲလေ။ အဲ့တာကိုစားရတာက ဘာတွေ ကွာခြားမှာလဲ။

နှစ်ယောက်က စိတ်ဝိဉာဉ်ကြက်များဆီသို့ လျင်မြန်စွာချဉ်းကပ်သွားခဲ့ကြသည်။ ကျိုးကျွင်းက ရောက်ရှိသွားပြီး ကြက်တစ်ကောင်အား လည်ပင်းမှ ဆွဲကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။ စိတ်ဝိဉာဉ်ကြက်က အတောင်ပံများကို အသည်းအသန်ခတ်ပြီး ရှုန်းကန်ဖို့ရာ ကြိုးစားနေခဲ့သည်။

ဒါပေမယ့်လည်း ကျိုးကျွင်းက ဘယ်သူမို့လဲ။

သူ့ရဲ့ သာမန်မဟုတ်တဲ့ အရည်အချင်းနဲ့ စိတ်ဝိဉာဉ်ကြက်ကို ဘယ်လိုလုပ်ပြီး ထွက်ပြေးခွင့်ပေးနိုင်မှာလဲ။

လီဟမ်ရှန်းသည်လည်း နောက်မှလိုက်လာပြီး တစ်ကောင်အား ဖမ်းဆွဲလိုက်သည်။

စိတ်ဝိဉာဉ်ကြက်များက အလွန်သန်မာသော်လည်း လီဟမ်ရှန်း ၏ နေလအင်မော်တယ်နတ်ဆိုးခန္ဓာကို လေ့ကျင့်ထားခြင်းကလအချည်းနှီးမဟုတ်ပေ။ စိတ်ဝိဉာဉ်ကြက်က သူ့ထံမှ မလွတ်မြောက်နိုင်ပေ။

" ဟားဟား ငါတို့မိပြီ။ ငါတို့မြန်မြန်သွားပြီး ပြန်ရောက်တဲ့အခါကျရင် ကင်စားကြမယ်" ကျိုးကျွင်းက လျင်မြန်စွာပြောလိုက်သည်။

နှစ်ယောက်က နံရံကို ခုန်ကျော်ကာ သူတိူ့၏ မြင်းများကို စီးပြီးပြန်လာခဲ့ကြသည်။

" ညီ ၄ စိတ်လှုပ်ရှားနေလား "

ကျိုးကျွင်းက သူ့မျက်နှာပေါ်မှစိတ်လှုပ်ရှားနေသည့် အကြည့်ဖြင့် မေးလိုက်သည်။

လီဟမ်ရှန်း : " အိုး "

စန်းကျွင်း တောင်ထိပ်သို့ပြန်ရောက်ပြီးသည်နှင့် ချက်ချင်း ကျိုးကျွင်းက အလုပ်များတော့သည်။

ကြက်သတ်ခြင်း။

အမွှေးနှုတ်ခြင်း။

ထို့နောက် ရေဆေး ပြီး မကြာခင်မှာပဲ မီးဖိုပေါ်သို့တင်ကာ စတင်၍ ကင်တော့သည်။

အချိန်မကြာခင်မှာပင် မွှေးပျံ့သည့်အနံ့က လေနှင့်အတူစတင်ပါလာခဲ့သည်။

အနံ့ခံနေရင်းဖြင့် လီဟမ်ရှန်း၏ မျက်လုံးများက အရောင်တောက်လာခဲ့သည်။

အရင်က ကြက်ကင်စားခဲ့ဖူးပေမယ့်လည်း ဒီအနံ့က တကယ်ကို စွဲမက်ဖွယ်ကောင်းလှပေသည်။

မီးပုံဘေးမှ ကျိုးကျွင်းက ဟင်းခတ်အမွှေးအကြိုင်များ ခပ်နေခဲ့ပြီး ကြက်၏အသား က ရွှေရောင်တောက်ကာ အဆီများရွှန်းစိုလာခဲ့သည်။ မီးဖိုလေးပေါ်၌ ဖြည်းဖြည်းချင်းကင်နေသောကြောင့် ဆီစက်များက အောက်သို့ စတင်ကာ ကျလာခဲ့သည်။

ထို့အပြင် ကြက်သား၏ အနံ့က ဆေးဖက်ဝင်အပင်များ မွှေးရနံ့ အရိပ်အယောင်ဖြင့် ရောစပ်နေခဲ့သည်။

မယုံနိုင်လောက်အောင်ဆွဲဆောင်နေခဲ့ပေသည်။

" ဟား ဟား ရလာဒ်ကောင်း ပဲ ကောင်းလိုက်တာ။ ငါ ဒါကို စားခဲ့တာ အချိန်အတော်ကြာခဲ့ပြီ " ကျိုးကျွင်းက အလွန်အမင်း စိတ်လှုပ်ရှားစွာကြည့်နေရင်း ပြောခဲ့သည်။

တစ်နာရီကျော်ကြာပြီးနောက်တွင် ကြက်သားက ကျက်လုနီးပါးရှိပြီဟု ခံစားခဲ့ရသည်။ သူက လက်ဆန့်ပြီး ကြက်ခြေထောက်ကို ဖဲ့လိုက်ကာ လီဟမ်ရှန်း အား လှမ်းပေးလိုက်သည်။

" ညီ ၄ ၊ မြည်းကြည့်ပါဦး " ကျိုးကျွင်းက ပြောလိုက်သည် " မင်း တစ်ကိုက်ကိုက်လိုက်တာနဲ့ ကျရှုံးသွားလိမ့်မယ် "

လီဟမ်ရှန်း က လှမ်းယူလိုက်သည်နှင့် အနံ့က သင်းပျံ့နေပေသည်။

ဆေးပင်များ၏ အနံ့ကလုံးဝမပြင်းပေမယ့် အသား၏ အနံ့ကို တိုးမြှင့်နေခဲ့သည်။ အသားရဲ့ အနံ့က လတ်ဆတ်တဲ့ မွေးရနံ့နဲ့ ရောစပ်နေခဲ့ပြီး လုံးဝ အရသာကို တိုးမြှင့်နေစေခဲ့သည်။

အသားက နူးညံ့ပြီး အဆီအနှစ်ရှိကာ ရွှေရောင်ကြက်သားက ဆီဝေ့နေပြီး အတော်လေး စားချင့်စဖွယ်ပင်။

လီဟမ်ရှန်း က တစ်ကိုက်ကိုက်လိုက်ပြီး ကြက်‌ခြေထောက်မှ အဆီအနှစ်များက စိမ့်ထွက်လာခဲ့ပြီး ကြက်အရေခွံ၏ အဆီအနှစ် အနံ့က ချက်ချင်းပင် ပါးစပ်ထဲ၌ ပြည့်နှက်သွားပြီး ခပ်ဖျော့ဖျော့ ဆေးပင် ရနံ့နှင့် ဟန်ချက်ညီလှပေသည်။

လီဟမ်ရှန်း၏ မျက်လုံးများသည်လည်း အရောင်တောက်လာခဲ့သည်။

ဒီကြက်သားကလတကယ်ကို အရသာရှိတယ်။

ပါးစပ်အပြည့် အနံက စွဲကျန်နေခဲ့ပြီး ကြက်သား၏ နူးညံ့မှုက မာသည့်အရိပ်အယောင်တစ်စက်မှ မရှိပေ။ ဟင်းခတ်အမွှေးအကြိုင်အများကြီး မသုံးဘဲ အဓိကကျသည့် ဆားကို သာ အသုံးပြုထားပြီး အသားမူလ၏ အရသာကို ပို၍ ပိုပိုသာသာ ထိန်းသိမ်းထားပေသည်။

လီဟမ်ရှန်းက မနေနိုင်ဘဲ နောက်ထပ် ပို၍ ကိုက်စားနေခဲ့သည်။

" ဟီးဟီး အရသာ ရှိတယ် မို့လား " ကျိုးကျွင်း က မျက်စိမှတ်ပြလိုက်ပြီး " ဒီ ခရီးက တန်တယ်မို့လား"

" အမ် - အင်း " လီဟမ်ရှန်း က ခေါင်းညိမ့်ခဲ့သည်။

သူတို့နှစ်ယောက်က လေအလျင်ကဲ့သို့ စားလိုက်ကြပြီး ကြက်နှစ်ကောင်က သူတို့၏ အစာအိမ်အတွင်းသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

ဤသည်က သူစားခဲ့ဖူးသမျှ ကြက်သားတွေထဲ၌ စိတ်ကျေနပ်စရာ အကောင်းဆုံးဟု ခံစားနေရသည်။

ကျိုးကျွင်းသည်လည်း ဗိုက်လေးနေခဲ့သည်။ သူက အလွန်အူမြူးနေသည့် အမူအရာဖြင့် မြေကြီးပေါ်၌ လဲလျောင်းနေခဲ့ပြီး ပြောလိုက်သည် " စိတ်ကျေနပ်စရာပဲ ၊ အမ ၂ က င့ါကိုလာသတ်မယ်ဆိုရင်တောင် ငါလက်ခံတယ် "

" ဒါနဲ့ ညီ ၄ ဒီနေ့မင်း ငါ့ဆီကိုလာတာက တစ်ခုခုမေးချင်လို့ဆို ဟုတ်လား"

ရုတ်တရက် ကျိုးကျွင်းက လီဟမ်ရှန်း က သူ့အား တစ်ခုခုမေးချင်သည် ဟု ပြောခဲ့သည်ကို သတိရခဲ့သည်။

အကယ်၍ ကျိုးကျွင်းသာ မပြောပါက လီဟမ်ရှန်းက မေ့လုနီးနီးဖြစ်နေပြီဖြစ်သည်။

" ဆရာ က ကျွန်တော့်ကို အပြင်သွားပြီး လေ့လာဖို့ နဲ့ ကိုးဆင့်တိုက်ပွဲခန်းမ နဲ့ သားရဲစုဆောင်းခြင်း ကို ကြိုးစားကြည့်ဖို့ အကြံပေးတယ်။ ဒါပေမယ့် ကျွန်တော်က အဲ့ဒီကို တစ်ခါမှမရောက်ဖူးဘူး။ ဒါကြောင့် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုတာ အကို့ကို မေးချင်တာ "

" မင်း က ? ကိုးဆင့်တိုက်ပွဲခန်းမ ကို စိန်ခေါ်မယ် ? " ကျိုးကျွင်းက အံ့အားသင့်သွားပြီး " ဆရာက စိတ်ဖောက်သွားတာလား။ မင်းက တက်လှမ်းခြင်းအဆင့် ၇ ပဲရှိသေးတာလေ။ ပြီးတော့ မင်းကို ကိုးဆင့်တိုက်ပွဲခန်းမ ကို ကြိုးစားကြည့်ဖို့ ခွင့်ပြုလိုက်တာလား"

" ဆရာက မင်း မျှော်လင့်ချက်ပျောက်ဆုံးသွားမှာကို မစိုးရိမ်ဘူးလား" ကျိုးကျွင်းက သူ့ခေါင်းကို ပွတ်နေခဲ့ပြီး " လူတွေအများကြီးက ကိုးဆင့်တိုက်ပွဲခန်းမထဲမှာ သူတို့ရဲ့ စိတ်ဝိဉာဉ်တွေ ဖျက်ဆီးခံခဲ့ရတာ။ ဆရာက တကယ့်ကို မင်းကို တွန်းအားပေးနေတာပဲ"

All Chapters