← Chapters

စန်းကျွင်းတောင်ထိပ် မှ အော်သံ

Vol. 8 Ch. 77

စန်းကျွင်းတောင်ထိပ် မှ အော်သံ

Vol. 8 Ch. 77

လီဟမ်ရှန်း ၏ မျက်လုံးများထဲမှ စိတ်အားထက်သန်မှုများကို ကြည့်ပြီး ကျိုးကျွင်း ရယ်မောလိုက်၏။ ကိုးထပ်တိုက်ပွဲခန်းမမှာ တစ်ခါမှ စိန်မခေါ်ဖူးသေးတဲ့ သူတွေအားလုံးက သူတို့မသွားခင်မှာ အခုလိုအမူအရာတွေနဲ့ချည်းသာဖြစ်၏။ သူကိုယ်တိုင်လည်း ဟိုတုန်းကအဲ့ဒီအတိုင်းပါပဲလေ။

အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်တွေနဲ့ လူငယ်လေးတစ်ယောက်ပေါ့။

များစွာသောတပည့်များသည် ကိုးထပ်တိုက်ပွဲခန်းမတွင် စိန်ခေါ်ခံရခြင်းသည် အစောင့်အရှောက်များ၏ တံခါးပိတ်ရိုက်နှက်ခံရဖို့ ရွေးချယ်ခံရသည်ဟုသာ ထင်ခဲ့ကြသည်။ အချို့သည် အတွင်းစိတ်မှ နတ်ဆိုးများပင် ကြီးထွားလာခဲ့ကြသည်။

သူတို့၏ ကျင့်ကြံမှုသည်လည်း အဆုံးသတ်သွားပြီး သူတို့သေဆုံးသွားသည့်အချိန်အထိ ထိုနေရာတွင်သာရပ်တန့်သွားခဲ့ကြသည်။

သို့သော်လည်း ဒါက မဖြစ်မနေလုပ်ကိုလုပ်ရမည့် ကိစ္စတစ်ခုသာ ဖြစ်သည်။

" ညီ ၄၊ ကိုယ့်ကိုကိုယ်သာ ဂရုစိုက် " ကျိုးကျွင်း သည် လီဟမ်ရှန်း ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်၏။ " မင်းမလုပ်နိုင်လည်းကိစ္စမရှိဘူး၊ အခုမှ မင်းက တက်လှမ်းခြင်းအဆင့်၇ပဲ ရှိသေးတာလေ။ မင်းစိန်မခေါ်နိုင်တာပုံမှန်ပါပဲ "

ကျိုးကျွင်း ၏ အားပေးနှစ်သိမ့်မှုကို လီဟမ်ရှန်း ခေါင်းညိတ်ရုံသာတုံ့ပြန်လိုက်‌တော့သည်။

"မင်း ဒီည ပြန်မနေနဲ့တော့။ ငါ မင်းအတွက် အခန်းတစ်ခန်းစီစဉ်ပေးမယ် "

" ကောင်းပြီလေ " လီဟမ်ရှန်း သဘောတူလိုက်၏။

ထိုညက စိတ်ဝိဉာဉ်ကြက်ကို စားပြီးနောက် လီဟမ်ရှန်းတစ်ယောက် ထိုအရာသည်တကယ်ကို ထူးခြားသောအရာတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

ထိုအရာသည် အားဆေးတစ်မျိုးကဲ့သို့ပင်ဖြစ်၏။

လီဟမ်ရှန်း၏ ကျင့်ကြံဆင့်သည် တက်လှမ်းခြင်းအဆင့်၇တွင် အပြည့်အဝ တည်ငြိမ်မှုမရှိသေးသော်လည်း စိတ်ဝိဉာဉ်ကြက် ၏ အကူအညီဖြင့် လုံးဝတည်ငြိမ်သွားခဲ့သည်။

ထိုအချိန်အတောအတွင်းတွင် ကျိုးကျွင်း စီစဉ်ပေးထားသည့် အခန်းထဲ၌ လီဟမ်ရှန်း တစ်ယောက် မအိပ်ဘဲနှင့် သစ္စာကိုးပါး လှံ ပန်းချီကား ကို နားလည်ရန်သာ ကြိုးစား‌နေခဲ့သည်။

ကျိုးကျွင်း သည် အရည်အချင်းမရှိသူဟု ယူဆထားသည့် သူ၏ ဂျူနီယာညီလေးသည် ကျင့်ကြံခြင်းကို ယခုကဲ့သို့အရူးအမူးဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

လီဟမ်ရှန် တွေးထားခဲ့သလိုပါပဲ။

သူ ပထမဆုံးအကြိမ် နားလည်ပြီးနောက်မှာ သစ္စာကိုးပါး လှံသိုင်းကျင့်စဉ် တစ်ခုလုံးကို တိုက်ရိုက်နားလည်သဘောပေါက်ခဲ့သည်။

ပန်းချီကားကိုကြည့်၍တစ်ကြိမ် နားလည်ရုံမျှဖြင့် သိုင်းကျင့်စဉ်တစ်ခုလုံးကို နားလည်နိုင်သည်ဆိုသော သတင်းသာ အပြင်သို့ထွက်သွားပါက စန်းယွမ်တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားမှာ အသေအချာပင်ဖြစ်သည်။

သာမန်ထက်ထူးခြားသည့် ပါရမီရှင်ဆိုသူများတောင်မှ တစ်ကြိမ်တည်းဖြင့် သိုင်းပညာရပ်များကို ပြည့်ပြည့်စုံစုံနားမလည်နိုင်ကြပေ။

ပုံမှန်အားဖြင့် အကြိမ်ဒါဇင်ပေါင်းများစွာနားလည်ပြီးနောက်မှာတောင်မှ မည်သည့်သိုင်းပညာရပ်ကိုမှ နားမလည်နိုင်ကြသေးပေ။ အချိန်ကြာလာသည်နှင့်အမျှ ပန်းချီကားကို ပိုနားလည်လာကာ ပန်းချီကားထဲမှသိုင်းပညာရပ်ကိုတဖြည်းဖြည်း နားလည်လာနိုင်သော်လည်း အပြည့်အဝတော့မဟုတ်သေးပေ။

နားလည်မှုကိုဆက်ထိန်းထားပြီး သိုင်းကျင့်စဉ်တစ်ခုလုံးကို အပြည့်အဝနားလည်ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပေသည်။

ပြောရမယ်ဆိုရင် ဂိမ်းဆော့တဲ့အခါ ကတ်တွေဆွဲရသလိုပါပဲ။

အခြားသူတွေအတွက် ဆယ်ကြိမ်လောက်ဆက်တိုက်ဆွဲပြီး ရလာတဲ့ကတ်လေးတွေကိုစုပြီးမှသာ တကယ့်ကတ်အကြီးတစ်ခု လဲလှယ်နိုင်ပေလိမ့်မည်။

သို့သော် လီဟမ်ရှန်း ကတော့ တစ်ခါဆွဲလိုက်တိုင်း ကြယ်ငါးပွင့်ကတ် တစ်ခုကို ရရှိနေသည်။

ဒီလိုအနိုင်ပိုင်းမှုကြီးက သည်းမခံနိုင်စရာပဲမဟုတ်လား?

ဒီတစ်ကြိမ်မှာတော့ လီဟမ်ရှန်း တစ်ယောက် ပန်းချီကားတွေနဲ့ပတ်သတ်ပြီး သူ့ရဲ့နားလည်နိုင်စွမ်းက နည်းနည်းတော့ပုံမှန် မဟုတ်မှန်း သဘောပေါက်သွားခဲ့ပြီး သိုသိုသိပ်သိပ်သာ နေဖို့ ဆုံးဖြတ်လိုက်၏။

သစ္စာကိုးပါး လှံသိုင်းကျင့်စဉ်တစ်ခုလုံးကို သူနားလည်ထားပြီးဖြစ်သော်လည်း ထိုအကြောင်းကို လောလောဆယ် မည်သူကိုမျှ ပြောပြရန် စီစဉ်မထားပေ။

တလောကလုံး အုတ်အော်သောင်းနင်း ဖြစ်သွားရင် မကောင်းဘူးလေ။

ပြီးတော့ ကိုယ့်ကိုယ်ကို ဒုက္ခပေးမိသလိုလည်းဖြစ်သွားလိမ့်မယ်။

လီဟမ်ရှန်း သည် သစ္စာကိုးပါး လှံသိုင်းကျင့်စဉ်ကို သူနားလည်ပြီးနောက်၊ လှံသိုင်းပညာရပ်ကို ပို၍ပင်စိတ်ဝင်စားလာခဲ့သည်။

အင်မော်တယ် အရှင်သခင် လှံသိုင်း သည် တိုက်ခိုက်ရာတွင် ပြင်းထန်သော စွမ်အားများကို ထွက်ပေါ်လာစေမည့် လှံသိုင်းတစ်ခုဟု ဆိုနိုင်သည်။

ကြီးမားသော ဘေးထွက်ဆိုးကျိုးတစ်ခုရှိသော်လည်း ထိုလှံသိုင်း၏စွမ်းအားသည် သာမန်လှံသိုင်းများထက် အဆပေါင်းများစွာ သာလွန်ပေသည်။

သစ္စာကိုးပါး လှံသိုင်းကျင့်စဉ်ကတော့ ဆန့်ကျင်ဘက်ဖြစ်၏။ ကျင့်စဉ်များသည် နက်နဲသိမ်မွေ့ပြီး ရရှိလာသည့်စွမ်းအားများသည်ကြီးမားကျယ်ပြန့်သော ကမ္ဘာမြေကြီးကဲ့သို့ များပြားပြင်းထန်ကာ ခုခံကာကွယ်ခြင်းအတွက် အလွန်အားကောင်းလှသည်။

လှုပ်ရှားမှုတိုင်းသည် ချောမွေ့ပြေပြစ်ပြီး ချို့ယွင်းချက်လည်းကင်းသည်။

အလွန် စွမ်းအားကြီးသလောက် ခန္ဓာကိုယ်ကြံ့ခိုင်မှု လိုအပ်ချက်သည်လည်း အလွန်မြင့်မားပေသည်။ အင်မော်တယ် အရှင်သခင် လှံသိုင်း ၏လိုအပ်ချက်များထက်ပင် အဆမတန်ကွာခြားနေသေးသည်။

" ဟင်း…လှံသိုင်းကျင့်စဉ်တွေကိုကျင့်ကြံဖို့ ခန္ဓာကိုယ်ကြံ့ခိုင်မှု လိုအပ်ချက်ကသိပ်ကိုမြင့်မားလွန်းတယ် "

" လှံသိုင်းကို ကျင့်ကြံတဲ့လူ သိပ်မရှိတာမထူးဆန်းတော့ဘူး၊ ဒါ့ကြောင့်လူအများစုက ဓားနဲ့ အခြားလက်နက်အမျိုးအစားတွေကိုပဲ ရွေးချယ်ကြတာကိုး "

" ဓားတွေက အသုံးပြုရတာပေါ့ပါးရုံတင်မကဘူး၊ ကိုယ့်ရှေ့က အရင်လျှောက်လှမ်းခဲ့ကြတဲ့ ကျင့်ကြံသူတွေကလည်း မရေမတွက်နိုင်အောင် ရှိတယ်၊ အဲ့ဒီ့တော့ ကျင့်ကြံရတာ အခက်အခဲသိပ်မရှိတော့ဘူး။ လှံသိုင်းကျင့်စဉ်တွေ၊ ပုဆိန်သိုင်းကျင့်စဉ်တွေကကျတော့ အဲ့လိုမဟုတ်ဘဲ ကျင့်ကြံရတာခက်ခဲတယ် "

လူအများစုသည် တက်လှမ်းခြင်းအဆင့် သို့ရောက်ချိန်တွင် သာမန်ခန္ဓာသန့်စင်ခြင်းကျင့်စဉ်အချို့ကိုသာ နားလည်နိုင်သေးသည် ။ ထိုအချိန်တွင် လှံသိုင်းကျင့်စဉ်၊ တူသိုင်းကျင့်စဉ်၊ ပုဆိန်သိုင်းကျင့်စဉ်တို့ကဲ့သို့သော ကျင့်စဉ်များကို ကျင့်ကြံပါက၊ သူတို့၏ ခန္ဓာကိုယ်များသည် စံနှုန်းပြည့်မီမည်မဟုတ်ပေ။

လီဟမ်ရှန်းသည်ပင် " အင်မော်တယ် တစ်ပါးအား ကျောက်တောင်ပေါ်မှငေးကြည့်ခြင်း" မှ နေလအင်မော်တယ်နတ်ဆိုး ခန္ဓာ ကျင့်စဉ်ကို ကံကောင်းထောက်မစွာ နားလည်ခဲ့ခြင်းကြောင့်သာမဟုတ်ပါက သူသည် ဓားကျင့်စဉ်များထဲမှ တစ်ခုကို ရွေးချယ်ရပေလိမ့်မည်။

ဒါမှမဟုတ် သားရဲပန်းချီတွေကို နားလည်နိုင်အောင် ကြိုးစားရတာမျိုး၊ လက်ဝှေ့ထိုးနည်းနဲ့ လက်ဝါးသိုင်းလေးတွေကို လေ့ကျင့်နေတာမျိုးသာဖြစ်နေပေလိမ့်မည်။

လီဟမ်ရှန်သည် သစ္စာကိုးပါး လှံသိုင်းကျင့်စဉ်နှင့်ပတ်သတ်၍ အချိန်တစ်ချို့ကြာအောင် ဆင်ခြင်တွေးတောနေခဲ့ပြီးနောက်

နောက်ဆုံးတော့ ကျင့်ကြံမှုကိုရပ်တန့်လိုက်ပြီဖြစ်၏။

"အရုဏ်တက်ချိန်‌တောင် ရောက်နေပြီပဲ" လီဟမ်ရှန်းသည် အပြင်ဘက်မှ ဝင်ရောက်လာသည့် နေရောင်ခြည်များကို ကြည့်ရင်း မတ်တပ်ထရပ်လိုက်ကာ အပြင်သို့ထွက်၍လှံသိုင်းလေ့ကျင့်ရန် အသင့် ပြင်လိုက်၏။

အခု‌နောက်ပိုင်းတွင် နံနက်စောစော၌ လှံသိုင်းလေ့ကျင့်ခြင်းသည် လီဟမ်ရှန်း ၏ အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့‌သည်။

သို့သော် ထိုအခိုက်အတန့်မှာပဲ အလွန်ထိတ်လန့်ဖွယ်ကောင်းသော အော်သံတစ်ခု အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"အားးး!!!"

ထိုအော်သံကိုကြားလိုက်ရသူများအဖို့ ဆံပင်မွှေးများထောင်သွားမတတ်ပင် အလွန်ထိတ်လန့်ဖွယ်ကောင်းလှပေသည်။

သေချာပေါက် ဒါ ကျိုးကျွင်းရဲ့ အသံကြီးဟ!

"အစ်ကို ၃ !"

လီဟမ်ရှန်း အလွန်ထိတ်လန့်သွားခဲ့၏။

ဘာဖြစ်တာလဲ?

ရှေးဟောင်းတာအိုတောင်ဂိုဏ်းကို စွမ်းအားကြီးမားတဲ့ပုဂ္ဂိုလ်တစ်ယောက် လာတိုက်ခိုက်တာမျိုးလား။

လီဟမ်ရှန်းသည် သွေးချီစွမ်းအားကို ဂိတ်ဆုံးထုတ်လွှင့်ကာ လက်မှ လှံကို ဆွဲကိုင်ပြီး အပြင်သို့ အလျင်အမြန် ခုန်ပြေးထွက်ကာ အသံလာရာ ဂိတ်တံခါးဝအနီးသို့ သွားလိုက်၏။ တတိယ ကျွင်း တောင်ထိပ်ရှိ အစေခံများအားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အလွန် တုန်လှုပ်နေကြပေသည်။ ကျိုးကျွင်း၊ ကျိုးကျွင်းရော? ကျိုးကျွင်း၏ မျက်နှာသည် စုတ်ပြတ်ဖူးရောင်နေပြီး အ၀တ်စုတ်တစ်ခုကဲ့သို့ မြေပြင်ပေါ်တွင် ပစ်ချခံထားရ၏။

ဝက်ခေါင်းတစ်ခုကဲ့သို့ ရိုက်နှက်ခံထားရပေသည်။

သူ့အဝတ်အစားတွေကို ကြည့်ပြီးတော့သာ ကျိုးကျွင်း လို့ပြောနိုင်ခြင်းဖြစ်သည်။ မဟုတ်ရင် မှတ်မိနိုင်စရာအကြောင်းပင်မရှိချေ။

အလွန် စိတ်မချမ်းမြေ့ဖွယ်ကောင်းလှပေသည်။

"အစ်ကို ၃ ဘာတွေဖြစ်သွားခဲ့တာလဲ" လီဟမ်ရှန်း ကျိုးကျွင်းထံ အလျင်အမြန် လျှောက်သွားကာမေးလိုက်၏။

"&……¥……%¥#&" ကျိုးကျွင်း သည် လီဟမ်ရှန်းကို တွန်းကာ တစ်စုံတစ်ခုကို ကယောင်ကတမ်း ဗလုံးဗထွေးပြောနေပေသည်။ သူ့အမူအရာမှာ အလွန် အရေးကြီးနေသည့်ဟန်ပင်။

လီဟမ်ရှန်း ကျိုးကျွင်း ပြောတာကို နားမလည်သော်လည်း အမူအရာကိုကြည့်ကာ သူ့ကို ပြေးဖို့ ပြောနေတာဖြစ်ကြောင်း ခန့်မှန်းလိုက်နိုင်ပေသည်။

ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ရန်သူမျိုးက ကျိုးကျွင်း ကို ခုလို ဒဏ်ရာတွေရသွား‌အောင်လုပ်နိုင်ခဲ့တာလဲ။

လီဟမ်ရှန်း သည် ဘယ်လို မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေ ရောက်လာသလဲဆိုတာကို ရှာဖွေရန် ခေါင်းကို မော့ကာကြည့်လိုက်၏။ သို့သော် သူ မော့ကြည့်လိုက်တဲ့အချိန်မှာပင် လုံးဝကို ကြက်သေသေသွားခဲ့သည်။

သူရှေ့မှာ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေ ဘာမှရှိမနေခဲ့ ခုနစ်နှစ်၊ ရှစ်နှစ် အရွယ် ကလေးမလေးတစ်ယောက်သာရှိနေခဲ့၏။

သူမသည် ပန်းပွင့်‌ပုံလေးများပါသော ဝတ်စုံကို ၀တ်ဆင်ထားပြီး သူမ၏မျက်နှာလေးသည် အလွန်ချစ်စဖွယ်ကောင်းလှပေသည်။ သူမသည်ဆံပင်ကို နှစ်ဖက်ခွဲ၍ မြင်းမြှီးစတိုင်စည်းထားကာ သူမ၏ ဝိုင်းစက်သောမျက်လုံးလေးများသည်လည်း မှိတ်တုတ်မှိတ်တုတ် ကြယ်လေးနှစ်စင်းကဲ့သို့ ကြည်လင်တောက်ပနေသည်။

" ညီမလေး၊ မင်းကဘယ်သူလဲ " လီဟမ်ရှန်းသည် အံ့အားသင့်စွာဖြင့်ပင် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ကလေးမလေးကိုမေးမြန်းလိုက်၏။ "ဒီက အစ်ကို ၃ကို ဒီလိုဖြစ်‌သွားအောင် ဘယ်သူရိုက်သွားခဲ့တာလဲဆိုတာ ညီမလေးမြင်လိုက်လား?"

"ဝူးး ဝူးး!" ကျိုးကျွင်းသည် လီဟမ်ရှန်း ၏အဝတ်အစားများကို အသဲအသန်ဆုပ်ကိုင်ထားကာ သူ၏မျက်လုံးများထဲမှ မျက်ရည်များစီးကျနေပြီး ကလေးမလေးအား ထိတ်လန့်စွာကြည့်နေခဲ့သည်။

" နင်က လီဟမ်ရှန်း လား?" ကောင်မလေးသည် လီဟမ်ရှန်း ကိုကြည့်ကာ မေးလိုက်၏။

သူမ၏အသံသည် နွေဦးလေပြေ‌လေးတိုက်ခတ်သွားသကဲ့သို့ကဲ့သို့ အလွန်သာယာလှသည်။

အသံလေးကြားရရုံဖြင့်ပင် လူတွေက သူမကို ကာကွယ်ဖို့၊ အလိုလိုက်အကြိုက်ဆောင်ဖို့ ဆန္ဒရှိကြပေလိမ့်မည်။

လီဟမ်ရှန်း ရဲ့ နှလုံးသားတောင် အရည်ပျော်သွားလုမတတ်ပင် ။

သူ့မှာသာ ဒီလိုချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ရှိခဲ့ရင် အဆုံးအစမဲ့ အလိုလိုက်အကြိုက်ဆောင်ပြီး ဖူးဖူးမှုတ်ထားမှာ အသေအချာပဲ။

" ဟုတ်တယ်။ အစ်ကိုက လီဟမ်ရှန်းပဲ ၊ ညီမလေးက အစ်ကို့ကို သိလို့လား " လီဟမ်ရှန်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်၏။

"ခစ်ခစ်ခစ်ခစ်" ကောင်မလေးသည် တခစ်ခစ်ရယ်မောလိုက်၏။

"မျှော်လင့်ထားသလိုပဲ၊ အပြင်လောကက ကောလာဟလတွေအတိုင်းပဲ နင့်ရဲ့အရည်အချင်းက တကယ်ကို ညံ့ဖျင်းလွန်းပါလား။ ဆရာပြောတဲ့ စတုတ္ထ‌မြောက်ဂျူနီယာမောင်လေး ဆိုတာမင်းပေါ့။ ငါ့နာမည်က ယန်ထျန်းထျန်း ၊ ငါက မူဟိုင်ဖုန်းတောင်သခင်ရဲ့ ဒုတိယမြောက် တပည့်မ။ မင်း အစ်မ၂ လို့ ခေါ်ရမယ့်သူပဲ "

"ဟမ်?"

လီဟမ်ရှန်း တစ်ယောက် ကြက်သေ သေသွားခဲ့ပြန်သည်။ သူ့ရှေ့က အရွယ်မရောက်သေးတဲ့ ကလေးမလေးက သူ့ရဲ့ အစ်မ၂ ဆိုတာလား?

ကျိုးကျွင်းပြောတဲ့ ဒေါသကြီးပြီး ကြောက်စရာကောင်းတဲ့ အမျိုးသမီး ဆိုတာလေ?

ဒါပေမယ့်လည်း ကျိုးကျွင်း ရဲ့ ဝက်ခေါင်းပုံအသွင်သဏ္ဌာန်ကို ပြန်ကြည့်လိုက်တော့ တကယ့်ကြီး ကြောက်စရာကောင်းတာဖြစ်နိုင်ပေသည်။

" ဂျူနီယာမောင်လေး" ယန်ထျန်းထျန်း သည် လီဟမ်ရှန်း အနီးသို့ဖြည်းညင်းစွာ လျှောက်လာပြီး ပြောလိုက်သော အသံသည် သွက်လက်မြူးကြွကာ နှစ်လိုဖွယ်‌ကောင်းနေပေသေးသည်။ "မနေ့ညက ငါ့ရဲ့ စိတ်ဝိဉာဉ်ရာချီတောင်ထိပ် က ကြက်တွေ ခိုးယူတဲ့အမှုမှာ နင်လည်း ပါဝင်ပတ်သက်နေတယ် မဟုတ်လား"

( Oh Shit!)

All Chapters