ပထမအဆင့် ၊ သံမျက်နှာဖုံးနှင့် လူ
Vol. 8 Ch. 79
" ယန် မိသားစု လား"
လီဟမ်ရှန်း က အတော်လေး အံ့အားသင့်သွားခဲ့သည်။ ယန်ယုယွင်လား။
အရင်က ဒီနာမည်ကို ကြားဖူးပုံပင်။ ယန်မိသားစုရဲ့ခေါင်းဆောင် ယန်ပါးထောင် ရဲ့ သမီးထင်တယ်။
" ဒါဆို ယန်မိသားစုရဲ့ သခင်မလေးပေါ့ " လီဟမ်ရှန်း က လက်သီးဆုပ်ကာ အရိုအသေပေူလိုက်သည်။
သူ၏ လေသံ က မရည်ရွယ်ဘဲ ပို၍ ယဉ်ကျေး လာခဲ့သည်။
အဆင့်အတန်းအကြောင်း ပြောရလျှင် သူက တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်ပြီး ယန်မိသားစုကို လုံးဝဂရုမစိုက်ပေ။
သို့သော်လည်း သူ့အဖေက သူတို့အတွက် အလုပ်လုပ်နေဆဲဖြစ်သည်။ သူက ဆက်ဆံရေးကောင်းတစ်ခုကို ထိန်းသိမ်းထားရပေမည်။ ထိုသို့မဟုတ်ပါက ယန်မိသားစုက စိတ်မကြည်သည့်တစ်ရက်ရောက်လျှင် သူ့အဖေအား ကန်ထုတ်ကြလိမ့်မည်။
လီချန်ချင်း က သူ၏ နဂိုအခြေအနေ လူလေလူလွင့်တစ်ယောက် ပြန်ဖြစ်သွားမည်ကို လီဟမ်ရှန်း က စိုးရိမ်ပေသည်။
" ရှေးဟောင်းတာအိုတောင်နယ်မြေမှာဆိုရင် ငါက မင်းရဲ့ ဂျူနီယာ ညီမလေး ပါပဲ" ယန်ယုယွင်က လျင်မြန်စွာပြောလိုက်သည်။ သူမက အပြင်စည်းတပည့်တစ်ယောက်ဖြစ်ပြီး လီဟမ်ရှန်း ကို ဘယ်လိုလုပ် ဂရဝပြုခိုင်းနိုင်ရမှာလဲ။
" မင်းတို့ နှစ်ယောက်က .. ယဉ်ကျေးတာပဲ" လင်းထုံသည် ဘေးမှ ကြည့်နေရင်း အနည်းငယ် ထူးဆန်းသည်ကို တွေ့လိုက်ရသည်။
လီဟမ်ရှန်း လို တိုက်ရိုက်တပည့်တစ်ယောက်က အဆုံးမဲ့တောင်ထိပ်က အပြင်စည်းတပည့် တစ်ယောက်ကို ဘာလို့ ယဉ်ကျေးနေရတာလဲ။
" ဂျူနီယာ ညီမလေး ယန် မင်းလည်း ကိုးထပ်တိုက်ပွဲခန်းမကို စိန်ခေါ်ဖို့ ဒီကိုရောက်နေတာလား"
သူတို့က အထဲကို လျောက်လာရင်း လီဟမ်ရှန်း က စကားတိုလေးတစ်ခွန်းကို စပြောလာခဲ့သည်။
" မဟုတ်ပါဘူး ၊ ကျွန်မ က သားရဲစုဆောင်းခြင်းကို စမ်းသပ်ဖို့ရောက်လာတာပါ " ယန်ယုယွင် က အောင့်သက်သက်အပြုံးဖြင့် ပြောလိုက်သည် : " ကျွန်မ က ကိုးထပ်တိုက်ပွဲခန်းမကို တစ်ခါ စိန်ခေါ်ပြီးတော့ နောက်ထပ် စိန်မခေါ်ချင်တော့ဘူး။ အနိုင်ရနိုင်ချေမရှိဘူး"
"ကိုးထပ်တိုက်ပွဲခန်းမက မရိုးရှင်းဘူး" လင်းထုံ ကရယ်လိုက်ပြီး : " ဂျူနီယာ မောင်လေး မင်း က အဲ့ဒီကို မရောက်ဘူးသေးလို့ မသိတာ။ ဂျူနီယာ ညီမလေး ယုယွင် က ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်ပြီးတာတောင်မှ အဲ့ဒီအဆင့်နဲ့ ကိုးထပ်တိုက်ပွဲခန်းမရဲ့ ပထမအဆင့်ကိုတောင် မကျော်ဖြတ်နိုင်တဲ့သူတွေ အများကြီးရှိတယ်။
" ပြန်လည်မွေးဖွားခြင်းအဆင့်က ကိုးထပ်တိုက်ပွဲခန်းမရဲ့ ပထမအဆင့်ကို အနိုင်မရနိုင်ဘူးလား" လီဟမ်ရှန်း က အမှန်တကယ်ကို ထိတ်လန့်သွားခဲ့သည်။
ပထမထပ်ရဲ့ အစောင့်အကြပ်က ပြန်လည်မွေးဖွားခြင်းအဆင့်ပဲ ဖြစ်သင့်တာလေ။
ဒါပေမယ့် ပြန်လည်မွေးဖွားခြင်း ပြီးပြည့်စုံအဆင့်ကတောင် မခုခံနိုင်ဘူး။
တကယ်ပဲ ကြောက်စရာကောင်းတာလား။
ထိုအခိုက်အတန့်၌ သူတို့ရှေ့ရှိမြင်ကွင်းက ရုတ်တရက် ပွင့်လာခဲ့ပြီး နှလုံးသားကြေးမုံရေကန်က လူတိုင်း၏ ရှေ့သို့ ပေါ်ပေါက်လာခဲ့သည်။
ရေကန်အနီးရှိ သောင်ပြင်ပေါ်တွင် တရားထိုင်နေကြသကဲ့သို့ တင်ပလ္လင်ခွေပြီး ထိုင်နေကြသည့် လူများစွာရှိကြသည်။
နှလုံးသားကြေးမုံရေကန်ပေါ်၌ ကောင်းကင်တစ်ဝက်ကို ဖုံးအုပ်ထားပြီး နှလုံးသားကြေးမုံရေကန်တစ်ခုလုံးနီပါးအား ဖုံးအုပ်နေသည့် ကြီးမားသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ရှိသည်။
ပန်းရောင်သစ်ရွက်များက ရှုခင်းအား ပို၍ လှပစေရန် လုပ်ဆောင်နေခဲ့သည်။
နှလုံးသားကြေးမုံရေကန်၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ကြီးမားသည့် ကျောက်တိုင်ကြီးများ ရှိကြသည်။
" အဲ့တာက ဘာလဲ" လီဟမ်ရှန်း က ကျောက်တိုင်များကို ကြည့်နေခဲ့သည်။ ညာဘက်ခြမ်းမှာ သုံးတိုင် နှင့် ဘယ်ဘက်ခြမ်းတွင် တစ်တိုင် ရှိပြီး အားလုံးက နာမည်များ ရေးထိုးထားခဲ့သည်။
" ဒါက ယှဉ်ပြိုင်တဲ့သူတွေရဲ့ နာမည်ကို ဖော်ပြတဲ့ ကျောက်တိုင်ပဲ"
ယန်ယုယွင် က လီဟမ်ရှန်း အား ရှင်းပြခဲ့သည် : " ဘယ်ဘက်မှာရှိတဲ့တစ်ခုက သားရဲစုဆောင်းခြင်းရဲ့ စမ်းသပ်ချက် ရလာဒ်တွေကို ကိုယ်စားပြုတဲ့ သားရဲ စာရင်း ၊ အဲ့တာတွေက အချိန်မရွေးပြောင်းလဲနေတာ။ ညာဘက်မှာရှိတဲ့ သုံးခုက ကိုးထပ်တိုက်ပွဲခန်းမ ကို ကိုယ်စားပြုတယ်။ အဲ့တာတွေက တက်လှမ်းခြင်း စာရင်း ၊ ငုပ်လျှိုး နဂါး စာရင်း နဲ့ ကောင်းကင် စာရင်း ပဲ "
" တက်လှမ်းခြင်းအဆင့်က တပည့်တစ်ယောက်က ကိုးထပ်တိုက်ပွဲခန်းမကို စိန်ခေါ်နိုင်မယ်ဆိုရင် သူ့ရဲ့ နာမည်က တက်လှမ်းခြင်းအဆင့် စာရင်း မှာ ပေါ်လာလိမ့်မယ်"
" ငုပ်လျှိုးနဂါး စာရင်းက ပြန်လည်မွေးဖွားခြင်းအဆင့် တွေကို ကိုယ်စားပြုပြီး ကောင်းကင် စာရင်းက မူလအဆင့် တွေကို ကိုယ်စားပြုတယ်"
"စာရင်း တစ်ခုစီက ထိပ်ဆုံး အယောက်တစ်ရာကိုပဲ မှတ်ထားတာ။ တကယ်လို့ သူတို့က အဆင့်တူနေမယ်ဆိုရင် သူတို့ကျော်ဖြတ်ခဲ့တဲ့ အချိန်နဲ့ အဆင့်သတ်မှတ်မှာ " ယန်ယုယွင် က လီဟမ်ရှန်း အား အလေးအနက်ရှင်းပြခဲ့သည်။
" ကျွန်တော် သိပြီ " လီဟမ်ရှန်း ကသိချင်စွာဖြင့် လျောက်သွားရင်း တက်လှမ်းခြင်း စာရင်း ကို ကြည့်နေခဲ့သည်။
စာရင်း လေးခု အနက် တက်လှမ်းခြင်း စာရင်း သာလျှင် အလွတ်ဖြစ်သည်။ ကြီးမားသည့် ကျောက်တိုင်ကြီးပေါ်၌ နာမည် 7 ခု သာ ရှိပေသည်။
သူတို့အားလုံးက ကိုးဆင့်တိုက်ပွဲခန်းမ၏ ပထမအဆင့်ကို ကျော်ဖြတ်ခဲ့ကြသူများဖြစ်သည်။
ပထမအဆင့်တပည့် က ကူးလိုင် ဖြစ်သည်။
ကျော်ဖြတ်သည့် အချိန်က အသက်ရှူကြိမ် 13 ကြိမ်ဖြစ်သည်။
ကျန်သည့်သူများအားလုံးက အသက်ရှူချိန် 20 အထက်နီးပါးဖြစ်ကြသည်။
" ကူးလှိုင် က လွန်ခဲ့တဲ့ နှစ်ပေါင်း လေးရာ က ရှေးဟောင်းတာအိုတောင်နယ်မြေရဲ့ ပါရမီရှင် တပည့်လို့ ပြောလို့ရတယ်။ တက်လှမ်းခြင်း စာရင်းပေါ်ကနာမည်တွေက အဲ့ဒီမှာ အမြဲတမ်းရှိနေမှာဖြစ်ပြီးတော့ ငုပ်လျှိုးနဂါး စာရင်းနဲ့ ကောင်းကင် စာရင်းကတော့ မင်းရဲ့ ကျင့်ကြံခြင်းအပေါ်မူတည်ပြီး ပြောင်းလဲသွားလိမ့်မယ် "
" ဥပမာပြောရရင် မင်းက ငုပ်လျှိုးနဂါး စာရင်းမှာ ရှိတယ်ဆိုပေမယ့် မင်းရဲ့ ကျင့်ကြံခြင်းက ပြန်လည်မွေးဖွားခြင်းအဆင့်ကနေ မူလအဆင့်ကို တက်လှမ်းသွားမယ်ဆိုရင် မင်းရဲ့ နာမည်က ငုပ်လျှိုးနဂါးစာရင်းကနေ ပျောက်ကွယ်သွားပြီး ကောင်းကင် စာရင်းမှာပေါ်လာလိမ့်မယ်"
ယန်ယုယွင်က လီဟမ်ရှန်း အား ထပ်ပြောပြနေခဲ့သည်။
လီဟမ်ရှန်းနှင့် အဆင်ပြေပြေရှိနေဖို့က အရေးကြီးသည်ဟု ယန်ယုယွင်က ခံစားရပေသည်။
မူဟိုင်ဖုန်းတောင်ထိပ်၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ကျောထောက်နောက်ခံက ရှမူဟိုင် ဖြစ်သည်။
ထိုကဲ့သို့ ပေါင်တုံးကြီးအား သူမက ဖက်တွယ်ထားနိုင်ပါက သူမ၏ ယန်မိသားစုဆီသို့ ရလာဒ်ကောင်းများ ရရှိစေလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် သူမက လီဟမ်ရှန်းအား အလွန်စိတ်ရှည်နေခဲ့ပေသည်။
အဆင်ပြေပြေရှိနေကြသည့် သူတို့နှစ်ယောက်အား ကြည့်ပြီး လင်းထုံ က သူမက ကြားလူဖြစ်မနေသင့်ဟု ခံစားရတာကြောင့် လှည့်ထွက်လာပြီး ရေကန်ဆီသို့ လျောက်လှမ်းလာခဲ့သည်။
" ရှင်းပြပေးတဲ့အတွက် ကျေဇူးတင်ပါတယ် ဂျူနီယာ ညီမလေး ယန် " လီဟမ်ရှန်က ခေါင်းညိမ့်ပြခဲ့သည်။ ထို့နောက် သူက မေးရန် လှည့်လိုက်သည် : " ဒါဆို ကိုးထပ်တိုက်ပွဲခန်းမကို ဝင်ဖို့ ဘယ်လိုလုပ်ရမလဲ"
" ရိုးရိုးလေးပါပဲ။ နှလုံးသားကြေးမုံ ရေကန်ဘေးမှာ ထိုင်နေပြီး ကန်ထဲကရေကို နားလည်သဘောပေါက်တာနဲ့မင်းက သဘာဝအတိုင်း ရောက်သွားလိမ့်မယ်" ယန်ယုယွင် က အပြုံးနှင့် ပြောလိုက်သည်။
" ကောင်းပါပြီ ၊ ကျွန်တော် ကြိုးစားကြည့်ပါ့မယ် " လီဟမ်ရှန်းက ကြိုးစားရန် စိတ်အားထက်သန်နေခဲ့သည်။
အရုပ်အသစ်တစ်ခုကို ရှာတွေ့သွားသည့် ကလေးတစ်ယောက်ကဲ့သို့ လီဟမ်ရှန်း၏ အကြည့်အားမြင်ပြီး ယန်ယုယွင်က ပြုံးကာ နောက်ပိုင်း သူလုံးဝ ရှုံးနိမ့်သွားပြီးနောက်တွင် မည်သို့ နှစ်သိမ့်ရမလဲဟုပင် စဉ်းစားနေခဲ့သည်။
" ဒါဆို အကို လီ အတူသွားကြတာပေါ့။ ကျွန်မလည်း စမ်းသပ်မှုတစ်ခုလုပ်ဖို့ သားရဲစုဆောင်းခြင်းလုပ်မလို့"
" ကောင်းပါပြီ"
သူတို့နှစ်ယောက်က ရေကန်ဘေး၌ တင်ပလ္လင်ခွေကာ ထိုင်နေခဲ့ကြသည်။
ချက်ချင်းပင် လီဟမ်ရှန်း၏ နတ်ဘုရားစိတ်ဝိဉာဉ်သည် နှလုံးသားကြေးမုံရေကန်အတွင်းမှသူ့အား ဆွဲနေသည့် အားတစ်ခုကို ခံစားခဲ့ရသည်။
နောက်တစ်ခဏ၌ လီဟမ်ရှန်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည် ! သူက နှလုံးသားကြေးမုံရေကန်ဘေးမှ ရှေးဟောင်းသစ်ပင်ကြီးအောက်သို့ ရောက်ရှိနေသည်ကို သိလိုက်ရသည်။
လီဟမ်ရှန်းက ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ ဤသည်က အမှန်တကယ်ပင် သူသိထားသည့် နှလုံးသားကြေးမုံရေကန်ဖြစ်သော်လည်း သူတစ်ယောက်တည်းကိုသာတွေ့ရပေသည်။
ဒါက နှလုံးသားကြေးမုံရေကန်အတွင်းက ကမ္ဘာဖြစ်ရမယ်။
" သားရဲစုဆောင်းခြင်း ၊ ကိုးထပ် တိုက်ပွဲခန်းမ တစ်ခုဆိကို စိန်ခေါ်ဖို့ မင်းမှာအခွင့်အရေး သုံးခု ရှိတယ်။ ဘယ်ကိုသွားချင်လဲ" ရှေးဟောင်းသစ်ပင်ကြီးဆီမှထွက်လာသည့်အသံက လီဟမ်ရှန်း၏ စိတ်ထဲသို့ အလိုအလျောက်ရောက်ရှိလာခဲ့သည်။
" ကိုးထပ်တိုက်ပွဲခန်းမ" လီဟမ်ရှန်းက ပြန်ဖြေခဲ့သည်။
ဝှစ် !
သူ့စကားဆုံးသည်နှင့် ထိုအခိုက်အတန့်၌ ကမ္ဘာကြီးတစ်ခုလုံးက လန်းဆန်းသွားသည်ဟု လီဟမ်ရှန်း က ခံစားခဲ့ရသည်။
ထို့နောက် သူ့ကိုယ်သူ မြေရိုင်းတစ်ခု၌ တွေ့ရှိခဲ့ရသည်။
ပတ်ဝန်းကျင်ရှိအရာအားလုံးက အစစ်အမှန်ဟု ခံစားခဲ့ရသည်။
လေက သူ၏ အဝတ်အစားများအား ဆန့်ကျင်ဘက်တိုက်ခတ်နေခဲ့ပြီး တဖျပ်ဖျပ် ခတ်နေစေခဲ့သည်။ လီဟမ်ရှန်းက လက်ဆန့်ပြီး ထိတွေ့လိုက်ကာ အင်မော်တယ် ပုံဖော်ခြင်းလှံက သူနှင့်အတူရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရခြင်းက သူ့အား စိတ်ချသွားစေခဲ့သည်။
ထိုအချိန်၌ မလှမ်းမကမ်းရှိ ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်နေသည့် ပုံရိပ်တစ်ခုကို လီဟမ်ရှန်းက တွေ့ခဲ့သည်။
ထိုလူက အေးစက်သည့် သံမျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားပြီး အတော်လေး လျှို့ဝှက်ဆန်းကြယ်သည့် မျက်လုံးတစ်စုံကိုသာ လှစ်ဟထားခဲ့သည်။
" တက်လှမ်းခြင်း အဆင့် 7 လား "
သံမျက်နှာဖုံးနှင့် လူက အတော်လေးအေးစက်သည့် အသံနှင့်ပြောလိုက်သော်လည်း သူက လီဟမ်ရှန်း၏ ကျင့်ကြံခြင်းအဆင့်ကိုအံ့အားသင့်ပုံမပေါ်ပေ။ အရင်က သူတို့၏ အသက်များအား တန်ဖိုးမထားသည့် စိန်ခေါ်သူများစွာရှိခဲ့တာ ဖြစ်နိုင်သည်။
သူက လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပြီးသူ့နောက်မှ ဓားမြှောင်ကိုဆွဲထုတ်ခဲ့သည်။
ထိုလူက သူ၏ ဓားအားဆွဲထုတ်လိုက်သည်ကို တွေ့ပြီး လီဟမ်ရှန်းသည်လည်း သူ၏ လက်ကောက်ဝတ်ကို လှုပ်လိုက်ပြီး အင်မော်တယ် ပုံဖော်ခြင်း လှံက သူ၏ လက်ဝါးထဲ၌ ပေါ်လာခဲ့သည်။
သူ့အရှေ့မှ လူက မလှုပ်ရှားသေးသော်လည်း သူက လီဟမ်ရှန်းအား တောင်ကဲ့သို့ လေးလံသည့် ဖိအားကို ပေးလာခဲ့သည်။
ဒီလူ က တကယ် သန်မာတာပဲ!
" သူတို့က ခင်ဗျားက သန်မာတယ်လို့ ပြောကြတယ်။ ခင်ဗျားက တကယ်ပဲ ဘယ်လောက်သန်မာတယ်ဆိုတာ ကျွန်တော်ကို ပြပေးပါဦး " လီဟမ်ရှန်းက ပြုံးစိစိလုပ်လိုက်သည်။ သူ၏ အင်မော်တယ် ပုံဖော်ခြင်းလှံက တိုက်ပွဲအတွက် ဆန္ဒပြင်းပြနေပုံပင်။
လီဟမ်ရှန်းက အားလုံးပြောပြီးပြီးချင်းမှာပဲ သူ၏ လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။
အင်မော်တယ် အရှင်သခင် လှံသိုင်း !
လှံ၏ ထိုးနှက်ချက် ၊ သူ၏ အတွင်းအားဖြင့် ဟိန်းဟောက်နေသည့် နဂါးတစ်ကောင် ကဲ့သို့ပင် !
ဤလှံ၏ ပေါက်ကွဲစေသည့်အစွမ်း က တက်လှမ်းခြင်းအဆင့် 9 ဖြစ်သော်လည်း၎င်းအား ခုခံရန် သတ္တိရှိသူ တစ်ယောက်မှ မရှ်ိသည်ကို လီဟမ်ရှန်း ပြောရဲပေသည်။
ပြင်းထန်သည့် ပေါက်ကွဲခြင်း ကဲ့သို့ လှံက သံမျက်နှာဖုံးနှင့်လူ၏ ရင်ဘက်ဆီသို့ တစ်ခါတည်းချိန်ရွယ်ထားခဲ့သည်။
ထိုအခိုက်အတန့်၌ သံမျက်နှာဖုံးနှင့်လူကလည်း သူ၏ ဓားမြှောင်နှင့် လှုပ်ရှားမှုပြုလုပ်လာခဲ့သည်။
သူ၏ လက်အား ရိုးရိုးရှင်းရှင်းမတင်မှုက လီဟမ်ရှန်း၏ လှံအား ချက်ချင်း တားမြစ်ခဲ့သည်ဟု ထင်ရပေသည်။
လီဟမ်ရှန်း၏ ပေါက်ကွဲစေသည့် လှံသိုင်းက ချက်ချင်း ပိတ်ပင်ခံလိုက်ရသည်။
သံမျက်နှာဖုံးနှင့် လူက အပြောင်းအလဲမရှိပေ။
ယင်းအစား သူ၏ ဓားယမ်းသည့်ခွန်အားက လီဟမ်ရှန်း၏ လက်မောင်းကို တုန်ရီလာစေကာ အင်မော်တယ် ပုံသွင်းခြင်းလှံအား သူ၏ လက်မှ ခါချလုနီးနီးပင်။
" ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ" လီဟမ်ရှန်း က ထိတ်လန့်သွားခဲ့သည်။ ဒီလူရဲ့ ခွန်အားက သေချာပေါက်ကို သာမန် ပြန်လည်မွေးဖွားခြင်းအဆင့်ထက် ကျော်လွန်နေတာပဲ။
"ဟမ်"
သံမျက်နှာဖုံးနှင့် လူကလည်း အံ့အားသင့်စွာရေရွတ်လိုက်သည်။ သူက လီဟမ်ရှန်း၏ လက်ထဲမှ အင်မော်တယ် ပုံဖော်ခြင်း လှံကို တစ်ချက်တည်းဖြင့် ခါမချနိုင်သည်ကို အလွန်အံ့အားသင့်နေပုံရသည်။
တက်လှမ်းခြင်းအဆင့် 7 ပဲရှိတဲ့ ရန်သူက သူ့ရဲ့ တိုက်ခိုက်မှုကို တားလိုက်တာလား။
"ဝုန်း! "
လီဟမ်ရှန်း၏ စွမ်းအားက တစ်ဖန်ပေါက်ကွဲလာခဲ့သည်။ အင်မော်တယ် အရှင်သခင် လှံသိုင်း က ထိုးဖောက်ခြင်း တစ်ခုစီတိုင်း၌ အားကောင်းပေသည်။ လီဟမ်ရှန်း၏ ဒုတိယမြောက် လှံသိုင်းက ပစ်လွှတ်လိုက်ပြီးဖြစ်ကာ သံမျက်နှာဖုံးနှင့် လူက လှံသိုင်း ဘယ်လောက်များများကို တားမြစ်နိုင်မည်ကို သူသိချင်နေခဲ့သည်။