ပုံပြောဆရာတွေက အသုံးမဝင်ဘူးလို့ ဘယ်သူကပြောတာလဲ။
Vol. 8 Ch. 80
ဒုတိယ လှံသိုင်း !
လီဟမ်ရှန်းသည် မရပ်နားဘဲ အားကောင်းသည့် သမုဒ္ဒရာအတွင်းမှ အရှိန်အဟုန်ပြင်းသည့် လှိုင်းလှုံးကြီးများကဲ့သို့ သူ၏ ခန္ဓာအတွင်းမှ သွေးချီစွမ်းအားများ တစ်ဟုန်ထိုးတက်လာသည်ကို ခံစားခဲ့ရသည်။
ဒုတိယလှံသိုင်းက ပထမတစ်ခုထက်ပို၍ အားကောင်းပေသည်။
လှံ၏ ဟိန်းဟောက်သံက မိုးကြိုးကဲ့သို့ပင်။
သူ၏ လမ်းကြောင်းအတွင်း၌ ရှိသည့် အရာအားလုံးအား ဖျက်ဆီးသွားမည်ဟု ထင်ရပေသည်။
သို့သော်လည်း လီဟမ်ရှန်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ၌ သံမျက်နှာဖုံးနှင့်လူက သူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ဓားကိုကိုင်ကာ မြေပြင်၌ ရပ်နေဆဲဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က အတိုင်းအဆမရှိသန်မာကာ သူ၏ အတွင်းအား က မယုံနိုင်လောက်အောင် သန့်စင်သကဲ့သို့ပင်။သူက ဓားချက်တစ်ချက်တည်းဖြင့် လီဟမ်ရှန်း၏ ဒုတိယလှံသိုင်း အား ချေဖျက်ရန် စီစဉ်ထားပေသည်။
လီဟမ်ရှန်း၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါနေပြီး သူ၏ အရိုးများ ကျိုးကြေသည့်အသံထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း သူ၏ အရှိန်အဟုန်နှင့် ရှေ့ကိုဆက်တိုးဖို့ ဆုံးဖြတ်ချက်ကို နည်းနည်းလေးမျှ ဖိနှိပ်မထားခဲ့ပေ။
သံမျက်နှာဖုံးနှင့်လူအား တန်ပြန်တိုက်ခိုက်ရန်ဘအခွင့်အရေးမပေးဘဲ တတိယမြောက်လှံသိုင်းကို ချက်ချင်း ပစ်လွှတ်ခဲ့သည်။
ခွန်အားက မိုးပြို၍ ငလျင်လှုပ်သကဲ့သို့ပင်။
လီဟမ်ရှန်း၏ လက်မောင်းကြွက်သားများက သိသိသာသာ ကျုံ့လာပြီး သူ၏ ဆဲလ်များမှ ပေါက်ကွဲစေနိုင်သည့် စွမ်းအားက တစ်ဟုန်ထိုး တိုးပွားလာခဲ့ပြီး သူ၏ ပတ်ဝန်းကျင်ရှိ မြေပြင်ကို တုန်ခါလာစေခဲ့သည်။
လီဟမ်ရှန်း၏ မျက်နှာက အားမာန်အပြည့်ဖြစ်နေပြီး သူ၏ လှံက ထိုးဖောက်၍ မရနိုင်ပေ။
" ဘုန်း !"
သံမျက်နှာဖုံးနှင့်လူက လုံးဝ တုန့်ဆိုင်းမနေပေ။ သူ၏ ဓားမြောင်ကို လွှဲယမ်းကာ ရှေ့သို့ တစ်ဟုန်ထိုးတက်လာခဲ့သည်။ အားနှစ်ခု တိုက်မိခြင်းက သူတို့၏ အောက်ဘက်ရှိမြေပြင်ကို ဟက်တက်ကွဲသွားစေခဲ့သည်။
ပေါက်ကွဲသည့် အရှိန်က အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားပြီး သံမျက်နှာဖုံးနှင့် လူ၏ အတွင်းအားသည်လည်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့သည်။ ဓားမြောင် နှင့် အင်မော်တယ် ပုံဖော်ခြင်း လှံ ကြားက တိုက်ခိုက်မှုက အလွန် ပြင်းထန်သော်လည်း သံမျက်နှာဖုံးနှင့်လူအား ဤလှံကို ထိခိုက်မှုမရှိ တားဆီးရန် စီစဉ်ထားခဲ့ပေသည်။
လီဟမ်ရှန်းသည် အတော်လေး ထိတ်လန့်သွားခဲ့သည်။
ဆက်တိုက် လှံသိုင်း သုံးခု !
သံမျက်နှာဖုံးနဲ့လူက အားလုံးကို အလွယ်လေးတားဆီးလိုက်တယ်။
ဒါဆို လေးခုမြောက် လှံသိုင်း ကို စမ်းကြည့်တာပေါ့ !
အားမာန်အပြည့်ဖြင့် ဆုပ်ကိုင်ထားပြီး သူ၏ ဖောင်းကားနေသည့် သွေးကြောများဖြင့် လေးခုမြောက် လှံသိုင်းက လီဟမ်ရှန်း၏ အံ့အားသင့်ဖွယ်ကောင်းသည့် အစွမ်းနှင့်အတူ ထုတ်ဖော်ခဲ့သည်။
ဤလှံသိုင်းအား ထုတ်ဖော်လိုက်သည်နှင့် လီဟမ်ရှန်း၏ ခန္ဓာကိုယ်အတွင်းရှိ သွေးပင်လယ်က ဟိန်းဟောက်နေသည့် နဂါးတစ်ကောင်ကဲ့သို့ အပြင်းအထန် လှုပ်ရှားလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက သူ့ရဲ့သွေးချီစွမ်းအားများ၏ တုန်လှုပ်မှုကြောင့် တုန်ရီနေခဲ့သည်။
သူ၏ ကြွက်သားများနှင့် အရိုးများက အသံများထွက်ပေါ်နေခဲ့သည်။
လီဟမ်ရှန်းသည် သူက တစ်စစီပြုတ်ထွက်သွားတော့ မလို ခံစားနေခဲ့ရသည်။
ဤလှံ၏ အစွမ်းက အရင်ကထက်ပင် ပို၍ အားကောင်းနေခဲ့သည်။ လီဟမ်ရှန်း၏ မျက်လုံးများက နီရဲနေခဲ့ပြီး သူက သံမျက်နှာဖုံးနှင့် လူ၏ ရင်ဘတ်ဆီသို့ တစ်ခါတည်း ချိန်ရွယ်ထားခဲ့သည်။
လီဟမ်ရှန်းက သေချာပေသည် ။ ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိပြီးသူပင် ဤလှံအား ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိရှိလိမ့်မည် မဟုတ်ပေ။
ဝုန်း !
စွမ်းအားများက ထိပ်တိုက် တွေ့သွားခဲ့သည်။
သံမျက်နှာဖုံးနှင့် လူက နောက်သို့ လုံးဝ ပြန်မဆုတ်ခဲ့ပေ။ သူ၏ ဓားမြောင်က လေကို ဟက်တက်ခွဲသွားခဲ့ပြီး ပေါင်တစ်ထောင်မျှလေးလံသည့် သူ၏ အတွင်းအားက ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကဲ့သို့ လုံဝ မခုခံနိုင်ပေ။
ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ခြယ်သည့် ခံစားချက်က လီဟမ်ရှန်းအား ရိုက်ခတ်သွားခဲ့သည်။
သို့သော်လည်း လီဟမ်ရှန်းက လုံးဝ မကြောက်လန့်ပေ။ အင်မော်တယ် ပုံဖော်ခြင်း လှံက ကောင်းကင်ရှိ ကန့်လန့်ကာကို ဆုတ်ဖြဲလိုက်သည်ဟု ထင်ရကာ ဖိနှိပ်ချုပ်ခြယ်သည့် ခံစားချက်က ပြိုကွဲသွားပြီး ဓားမြောင်နှင့် ချက်ချင်း ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
လှံ၏ အစွမ်းကပင် ပို၍ အံ့အားသင့်ဖွယ်ကောင်းပေ၏။
ဓားမြောင်ကိုင်ထားသည့် သံမျက်နှာဖုံးနှင့်လူ၏ လက်က ကြေမွသွားကာ အရိုးဖြူများ ထွက်ပေါ်လာခဲ့သည်။ သူက လီဟမ်ရှန်း၏ လေးခုမြောက်လှံသိုင်းကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး စွမ်းအားကြီးသည့် တိုက်မိခြင်းက သူ၏ ဓားမြောင်ကို ကျိုးပဲ့လုနီးပါးဖြစ်သွားစေခဲ့သည်။
ဒုတ် ၊ ဒုတ် ၊ ဒုတ် ။
သံမျက်နှာဖုံးနှင့်လူက အရူးအမူး နောက်ပြန်ဆုတ်သွားပြီး လေးခုမြောက်လှံသိုင်း၏ ထိုးဖောက်မှုကို ခုခံနေခဲ့သည်။ ဤလှံသိုင်းက အလွန် အစွမ်းထက်ကာ တက်လှမ်းခြင်းအဆင့် 7 ၌ ရှိသည့် ကျင့်ကြံသူတစ်ယောက်က ထိုကဲ့သို့ လှံသိုင်းကို ထုတ်ဖော်နိုင်မည်ဟု သံမျက်နှာဖုံးနှင့် လူက မျှော်လင့်မထားခဲ့ပေ။
သူပင် ဒဏ်ရာရသွားခဲ့သည်။
သူ၏ လက်နက်ကလည်း ဖျက်ဆီးခံရလုနီးပါးပင်။
ခြေလှမ်း 30 ကျော် နောက်ဆုတ်ပြီးသည့် နောက်တွင် သံမျက်နှာဖုံးနှင့်လူသည် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ရပ်နေနိုင်သည် ဆိုရုံမျှသာ ရပ်နေနိုင်ခဲ့သည်။
သူ၏ ခန္ဓာကိုယ်က ဝရုန်းသုန်းကားဖြစ်နေခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးစီးကြောင်းတစ်ခု စီးကျနေခဲ့သည်။
" တက်လှမ်းခြင်း အဆင့် 7 က ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ် ၊ အထင်ကြီးလောက်စရာပဲ ! " သံမျက်နှာဖုံးနှင့်လူ၏ ခံစားချက်မဲ့နေသည့် အသံ၌ မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပါဝင်နေခဲ့သည်။
သို့သော်လည်း ဤအခိုက်အတန့်၌ လီဟမ်ရှန်းက ပို၍ပင် အံ့ဩနေခဲ့သည်။
သူက အင်မော်တယ် အရှင်သခင်လှံသိုင်း၏ လှံသိုင်း လေးခု ကို ဆက်တိုက် ထုတ်ဖော်ခဲ့သော်လည်း သူက ပထမအဆင့်၏ အစောင့်အကြပ်ကို မသတ်နိုင်သေးပေ။
သူက တကယ်ပဲ သာမန် ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲမဟုတ်လား။
ထိုအခိုက်အတန့်၌ လီဟမ်ရှန်း၏ စိတ်ထဲတွင် အတော်လေး ပြိုလဲနေခဲ့ပြီ ဖြစ်သည်။ သူက နေလ အင်မော်တယ် နတ်ဆိုး ခန္ဓာနှင့် အင်မော်တယ် အရှင်သခင် လှံသိုင်းဖြင့် ပြန်လည်မွေးဖွားခြင်း အဆင့် ကို ယှဉ်ပြိုင်နိုင်ပြီဟု ထင်နေခဲ့သည်။
သို့သော်လည်း သူ့ရှေ့မှာ ပြန်လည်မွေးဖွားခြင်းအဆင့် အစောင့်အကြပ်က ဒဏ်ရာတစ်ခုသာ ရခဲ့ပေသည်။
ကိုးဆင့်တိုက်ပွဲခန်းမကို စိန်ခေါ်ခဲ့သည့် လူများစွာက နောက်ဆုံး၌ သူတို့၏ အမြုတေများ ပြိုကွဲသွားကြသည်ဟု ကျိုးကျွင်းက ပြောခဲ့သည်မှာ အံ့ဩစရာမရှိပေ။ ထိုအချိန်၌ လီဟမ်ရှန်းသည်လည်း တစ်ပုံစံတည်း တွေးနေလုနီးပါးပင်ဖြစ်သည်။
ဒါက အရမ်း သန်မာနေတာ မဟုတ်ဘူးလား။
သူ၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းအောင် သန်မာပြီး သူ၏ အတွင်းအားက ရက်စက်ကြမ်းကြုတ်ပြီး ယခုတော့ သူ့၌ နောက်ထပ် တိုက်ခိုက်ရန် ခွန်အား မရှိတော့ပေ။
လီဟမ်ရှန်း က အပြင်းအထန် မောဟိုက်နေခဲ့ပြီး ရပ်နေနိုင်ရုံမျှသာရှိပြီး အလွန်အုံကြွနေသည့် သူ၏ သွေးချီစွမ်းအားက ၎င်း၏ ချိပ်စည်းကို ချိုးဖျက်နေသည့် သားရဲတစ်ကောင်ကဲ့သို့ ထင်ရပေသည်။
ထိုအခိုက်အတန့်၌ လီဟမ်ရှန်းက မောဟိုက်နေပြီဖြစ်သည်။
" မင်းက သန်မာပါတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး" သံမျက်နှာဖုံးနှင့် လူက ပြောလိုက်ပြီး အလွန်လျင်မြန်စွာ ပြေးလာခဲ့သည်။
နောက်တစ်ခဏ၌ သူက လီဟမ်ရှန်း၏ ရှေ့၌ ပေါ်လာခဲ့ပြီး သူ၏ ဓားက လျပ်စီးကဲ့သို့ လျင်မြန်ပေသည်။ လီဟမ်ရှန်းက ရှောင်တိမ်းချင်ပေမယ့် သူ၏ ခန္ဓာကိုယ်က အားအင် ကုန်ခမ်းနေပြီဖြစ်သည်။
အေးစက်မှုတစ်ခုက သူ့လည်ပင်းပေါ်သို့ ကျရောက်လာခဲ့ပြီး သူ့ခေါင်းက လွှင့်စင်သွားသည်ကို ခံစားလိုက်ရသည်။
"ဟူး ! "
သူက အသက်ကို ပြင်းပြင်းရှူလိုက်သည်။
ရုတ်တရက် လီဟမ်ရှန်းက အသည်းအသန်မောဟိုက်စွာဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူက ပတ်ဝန်းကျင်ကို ထိတ်လန့်စွာကြည့်လိုက်ပြီး သူက နှလုံးသားကြေးမုံရေကန် ဘေး၌ ထိုင်နေဆဲဖြစ်သည်။
ယန်ယုယွင် က သူမ၏ စမ်းသပ်မှုအလယ်၌ ရှိနေဆဲဖြစ်ကာ မျက်လုံးများကို မှိတ်ထားခဲ့သည်။
လီဟမ်ရှန်း က မသိစိတ်အလျောက် လက်လှမ်းလိုက်ပြီး သူ၏ လည်ပင်းကို ထိကြည့်လိုက်သည်။ သူ့ပုခုံးပေါ်၌ သူ့ခေါင်းက ရှိနေဆဲပင်ဖြစ်သည်ကို သိလိုက်ရသည်။
သို့သော်လည်း သူ၏အဝတ်အစားများက ချွေးစေများဖြင့် ရွဲနစ်နေခဲ့သည်။
ခုနက မြင်ကွင်းက အလွန် လက်တွေ့ဆန်လှသည်။
သူတကယ်သေသွားပြီဟု တွေးမိလုနီးပါးပင်။ လီဟမ်ရှန်းက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး လူအချို့က သူ့ကဲ့သို့ ရုတ်တရက် နိုးထလာကြသည်ကို တွေ့ခဲ့သည်။ တစ်ချို့က အသက်ကို ပြင်းပြင်း ရှုနေကြသော်လည်း တစ်ချို့တော့ ကျင့်သားရနေကြပုံပင်။
သက်ပြင်းတစ်ချက်ချရုံမျှဖြင့် နောက်ထပ် တုန့်ပြန်မှုများမရှိကြပေ။
တစ်ချို့က သူတို့၏ ခေါင်းများကို ကူကယ်ရာမဲ့စွာ ခါယမ်း၍ ထွက်ခွာသွားကြသည်။
လီဟမ်ရှန်း က စိတ်တည်ငြိမ်စေဖို့ရာအတွက် ထိုနေရာ၌ တစ်ခဏမျှထိုင်နေခဲ့ပြီး လတ်တလော တိုက်ပွဲအကြောင်းကို ပြန်စဉ်းစားနေခဲ့သည်။ သံမျက်နှာဖုံးနှင့်လူက အမှန်တကယ် ရှိန်လောက်ပေသည်။ သူ၏ လှံသိုင်း လေးခု နှင့်ပင် သူ့အား အနိုင်ရရန် မဖြစ်နိုင်ခဲ့ပေ။
သို့သော်လည်း ယခုတွင်မူ လီဟမ်ရှန်း၏ အကြည့်အား ပို၍ပင် ပြတ်သားလာခဲ့သည်။
သူက နောက်ထပ် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
သူက နောက်ထပ် စိန်ခေါ်နေခြင်းပင်။
တိုက်ရိုက်တပည့်တစ်ယောက် အနေဖြင့် သူက တစ်လလျှင် သုံးကြိမ် စိန်ခေါ်ရန် ခွင့်ပြုထားပေသည်။
တူညီသည့် ကျတ်တီးမြေရိုင်းဆီသို့ ပြန်ရောက်လာပြီး လီဟမ်ရှန်းက ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်ခဲ့သည်။
တူညီသည့် သံမျက်နှာဖုံးနှင့်လူပင်။
" ထပ်ပြီးတော့ မင်း ပဲ " သံမျက်နှာဖုံးနှင့် လူက လီဟမ်ရှန်းကို တွေ့ပြီး ခေါင်းခါကာ ပြောလိုက်သည် " မင်းငါ့ကို မနိုင်နိုင်ဘူး"
" နောက်ထပ် စမ်းကြည့်တာပေါ့" လီဟမ်ရှန်း က စကားအပိုမပြောခဲ့ပေ။
သူက ချက်ခြင်း အင်မော်တယ် ပုံဖော်ခြင်း လှံဖြင့် တိုက်ခိုက်ခဲ့သည်။
သံမျက်နှာဖုံးနှင့်လူက အေးစက်စွာခနဲ့လိုက်ပြီး လီဟမ်ရှန့်နှင့်ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို တစ်ဖန် ဆင်နွှဲခဲ့သည်။
လီဟမ်ရှန်း က လှံသိုင်းလေးခု ကို ဆက်တိုက်ထုတ်ဖော်ခဲ့ပြီး လှံ၏ အလင်းက ကမ်းခြေကို တစ်ဟုန်ထိုး ရိုက်ခတ်နေသည့် ရေလှိုင်းများကဲ့သို့ပင်။
သံမျက်နှာဖုံးနှင့်လူက အမှန်တကယ်ပင် သန်မာသော်လည်း လီဟမ်ရှန်း၏ ဆက်တိုက်လာနေသည့် လှံသိုင်း လေးခု ကို တောင့်မခံနိုင်ပေ။ သို့သော်လည်း သူက စိတ်မပူပေ။ အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်း၏ အကန့်အသတ်က လှံသိုင်း လေးခု သာ ဖြစ်သည်ကို သူသိထားသောကြောင့် ဖြစ်သည်ယ
စတုတ္ထမြောက်လှံသိုင်း က အမှန်တကယ် အစွမ်းထက်သော်လည်း သူက တောင့်ခံနိုင်နေဆဲပင်။
သူ့အား အမှန်တကယ် ထိခိုက်စေနိုင်သော်လည်း သူ့အသက်အား အန္တရာယ်မဖြစ်ပေ။
ယခုလေးတင် လီဟမ်ရှန်း၏ ရှုံးနိမ့်မှုပြီးသည့်နောက်တွင် အရာအားလုံးက အသစ်ပြန်ဖြစ်သွားပြီး သံမျက်နှာဖုံးနှင့်လူတွင်လည်း မည်သည့်ဒဏ်ရာမှ မရှိပေ။
ထို့ကြောင့် လီဟမ်ရှန်း၌ နိုင်နိုင်ချေမရှိပေ။
လှံသိုင်း လေးခုက သူ့ထံသို့ အဆိပ်ပြင်းသည့် မြွေများကဲ့သို့ ရောက်လာခဲ့ကြသည်။ ဤတစ်ခေါက်တွင် အင်မော်တယ်အရှင်သခင်လှံသိုင်း၏ အစွမ်းကို သိနေသည့် သံမျက်နှာဖုံးနှင့်လူက ၎င်းတို့အား တိုက်ရိုက် ရင်မဆိုင်ခဲ့ပေ။ သူက လှည့်ကွက်တစ်ချို့သုံးပြီး လီဟမ်ရှန်း၏ စတုတ္ထမြောက်လှံသိုင်း ကို နောက်ဆုံးအကြိမ်ထက်ပို၍ အားနည်းစေခဲ့သည်။
သို့သော်လည်း လီဟမ်ရှန်း က လုံးဝ ဂရုမစိုက်ခဲ့ပေ။
စတုတ္ထမြောက်လှံသိုင်းကို ထုတ်လွှတ်ပြီးသွားသည်နှင့် လီဟမ်ရှန်း၏ သူငယ်အိမ်က ရုတ်တရက် ပြူးကျယ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ ဝရုန်းသုန်းကားဖြစ်နေသော်ငြားလည်း လီဟမ်ရှန်းက အော်ဟစ်လိုက်ပြီး သူ၏ အမူအရာက ပို၍ပင် ကြမ်းကြုတ်လာခဲ့သည်။
သူ၏ လည်ပင်းမှ သွေးကြောများက ဖောင်းကြွလာခဲ့ပြီး သူ၏ အရေပြားမှပင် သွေးများစိမ့်ထွက်လာခဲ့သည်။
လီဟမ်ရှန်း က နောက်ထပ် လှံသိုင်းကို ထုတ်ဖော်လိုက်သည် !
လီဟမ်ရှန်း၏ ကြေမွနေသည့် ခန္ဓာကိုယ်အတွင်းမှ အရိုးများအားလုံးကျိုးကြေသွားသည့် အသံကို တစ်ယောက်ယောက်က ကြားနိုင်သကဲ့သို့ပင် သူ၏ မွှေးညှင်းပေါက်များက သွေးများစိမ့်ထွက်လာခဲ့ပြီး ချက်ချင်းပင် လီဟမ်ရှန်းက သွေးလူသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ပဉ္စမမြောက်လှံသိုင်းက အရာအားလုံးကို စုတ်ဖြဲသွားခဲ့သည်။
ဤသည်က လီဟမ်ရှန်း၏ အသက်အား လောင်းကြေးထပ်ထားသည့် လှံသိုင်းဖြစ်သည်။
သူ၏ သွားများ ကို တင်းတင်းကြိတ်နေလုနီးပါးပင်။
လှံသိုင်းလေးခုက လီဟမ်ရှန်း၏ အကန့်အသတ်ဖြစ်သော်လည်း သူ၏ အကန့်အသတ်အမှန်မဟုတ်ပေ။ အကယ်၍ သူ၏ အသက်အား စွန့်စားပါက လီဟမ်ရှန်းက ပဉ္စမမြောက် လှံသိုင်း ကို အပြည့်အဝထုတ်ဖော်နိုင်ပေသည်။
နေနှင့်လအလင်းရောင် ပန်းချီကားက ထွက်ပေါ်လာခဲ့ပြီး ထိုအခိုက်အတန့်၌ သူ၏နောက်၌ ရှိနေသည့် လူအသေးစားလေးပေါ်ရှိသွေးမျိုးဆက်က ပေါက်ကွဲလာခဲ့သည်။ လူအသေးလေး၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲလာခဲ့ပြီး မကြည်လင်သည့် အော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။
သူ၏ အတွင်းအား အားလုံးနီးပါး ပေါက်ကွဲနေပြီး လီဟမ်ရှန်းက ဤကြောက်စရာကောင်းသည့် လှံသိုင်း ကို ထုတ်ဖော်ခဲ့သည်။
သူ၏ အသန်မာဆုံးသော လှံသိုင်းဖြစ်သည်။
သံမျက်နှာဖုံးနှင့် လူ၏ လက်ထဲရှိ ဓားက ချင်ချင်း ကြေမွသွားခဲ့ပြီး သူက လီဟမ်ရှန်း၏ လှံအလင်းထဲ၌ လုံးဝ ဝါးမြိုခံလိုက်ရသည်။
ဝုန်းးး
ပေါက်ကွဲမှုတခု
ပထမအဆင့်၏ အစောင့်အကြပ်က သေဆုံးသွားခဲ့ပြီ !
သံသယဖြစ်ဖွယ်မရှိပေ !
သို့သော်လည်း နောက်ဆုံး လှံသိုင်းကို ထုတ်ဖော်ပြီးသည့် နောက်တွင် လီဟမ်ရှန်းသည်လည်း ပါးစပ်အပြည့် သွေးတစ်လုပ်အန်ခဲ့ရသည်သာ၊ သူ၏ ကိုယ်တွင်းကလီစာများက ကွဲကြေသွားခဲ့ပြီး သူ၏ အရိုးများအားလုံးက ကြေမွသွားခဲ့ပြီဖြစ်သည်။
အသက်ရှူနေခြင်းကပင် စည်းစိမ်တစ်ခုဖြစ်သည် !
သူ၏ အသက်ဓာတ်က လျော့ပါးလာခဲ့ပြီး သူက နောက်တစ်စက္ကန့်၌ သေဆုံးရမည်ဖြစ်သည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ လီဟမ်ရှန်း၏ ပတ်ပတ်လည်ရှိ လေဟာနယ်က စတင် ယိုယွင်းလာခဲ့ပြီး ပတ်ဝန်းကျင်မြင်ကွင်းက ပြောင်းလဲလာကာ အံ့ဩစရာကောင်းစွာ တောင်ကျရေတံခွန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
စမ်းချောင်းက ရေသံများကျနေပြီး ငှက်ကလေးများက တကျီကျီအော်မြည်နေကြသည်။
လီဟမ်ရှန်း၏ ဒဏ်ရာများကလည်း ချက်ချင်းပင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ခံစားချက်က အလွန် ဆန်းကြယ်လှပေသည်။ သူက တစ်စက္ကန့်အကြာတွင် သေရတော့မည်ဖြစ်ပြီး နောက်တစ်စက္ကန့်၌ တစ်ဖန်ပြန်၍ ရှင်သန်လာခဲ့သည်။
သို့သော်လည်း သေခြင်းတရား၏ ခံစားချက်က လီဟမ်ရှန်း၏ နှလုံးသားကိုတစ်ဒိတ်ဒိတ်ခုန်နေအောင်ပြုလုပ်နေဆဲဖြစ်သည်။
" တက်လှမ်းခြင်း အဆင့် 7 လား "
ညင်သာသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လီဟမ်ရှန်းက မော့ကြည့်လိုက်ပြီး သူ့ရှေ့၌ ရပ်နေသည့် အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို တွေ့ခဲ့သည်။ ထိုလူက ချောမော ကြည်လင်သည့် မျက်နှာရှိပြီး သန့်စင်သည့် အရှိန်အဝါတစ်ခု ရှိနေခဲ့သည်။
သူက ပညာရှင် တစ်ယောက်နှင့် တူပေသည်။
သူ၏ခါး၌ ဓားတစ်ချောင်းချိတ်ထားပြီး သူက အလွန်နှစ်လိုဖွယ်ကောင်းသည့် ကျက်သရေရှိသည့် လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။
သူက တိုက်ပွဲခန်းမ၏ ဒုတိယအဆင့်သို့ ရောက်ရှိလာသည်ကို လီဟမ်ရှန်းက သိလိုက်သည်။
" တက်လှမ်းခြင်း အဆင့် 7 တစ်ယောက်က ဒီနေရာကို တကယ်ရောက်လာတာပဲ" ပညာရှင်၏ လေသံက အလွန်အံ့အားသင့်နေပြီး သူက မယုံကြည်နိုင်သကဲ့သို့ပင်။
အရင်က တက်လှမ်းခြင်းအဆင့် ယှဉ်ပြိုင်သူများကို တွေ့ဖူးခဲ့သော်လည်း အားလုံးက အဆင့် 9 ၌ရောက်ရှိနေကြပြီဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်အတွင်း ခုနှစ်ယောက် ၊ ရှစ်ယောက် သာ ရှိခဲ့ပေသည်။ နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် သူက တက်လှမ်းခြင်းအဆင့် ယှဉ်ပြိုင်သူတစ်ယောက်ကို ထပ်တွေ့ခဲ့ပြီး သူက အဆင့် 9 သို့ပင် မရောက်သေးသည်မှာ အမှန်တကယ်အံ့ဩစရာပင်။
" စီနီယာ က ဒုတိယ အဆင့်ရဲ့ အစောင့်အကြပ်ဖြစ်ရမယ် " လီဟမ်ရှန်းက သူ့ရှေ့မှ လူကို ကြည့်လိုက်ပြီး သူ့ထံမှ မည်သည့် အရှိန်အဝါမှ မခံစားရပေ။
သူက ဤတောင်ကျရေတံခွန်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
"မင်း ငါ့ကို ပညာရှိကြီး လို့ ခေါ်နိုင်တယ် " ပညာရှိကြီးက တည်ငြိမ်စွာပြောလိုက်ပြီး " မင်း ရဲ့ အစွမ်းတွေကို ကြည့်ပါရစေ "
လီဟမ်ရှန်းက ခေါင်းညိမ့်လိုက်ပြီး သူက ပညာရှိကြီး၏ ပြိုင်ဘက် မဟုတ်သည်ကို သေချာပေါက်သိနေခဲ့သည်။
သူက သံမျက်နှာဖုံးနှင့် လူအား သူ၏ အသက်ကို လောင်းကြေးထပ်၍ အနိုင်ရခဲ့ပြီး ဤဒုတိယအဆင့်၏ ပညာရှိကြီးက ပို၍ သန်မာပေမည်။
သူက တူညီသည့် လှည့်ကွက်ကိုသုံးပြီး ပဉ္စမမြောက်လှံသိုင်းအား ထုတ်ဖော်ခဲ့လျှင်ပင် အသုံးမဝင်ဖို့ ဖြစ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ဤပညာရှိကြီးက မည်မျှ အစွမ်းထက်သည်ကိုလည်း လီဟမ်ရှန်းက သိချင်ပေသည်။
ထို့ကြောင့် လီဟမ်ရှန်းက ပညာရှိကြီးအား ချက်ချင်းတိုက်ခိုက်ခဲ့သည်။
လှံက ငန်း ကို ထိတ်လန့်သွားစေခဲ့သည်။ လှံက ပညာရှိကြီးဆီသို့ ရောက်သွားသည့်အချိန်၌ သူက ခုခံမည့် ရည်ရွယ်ချက်ရှိပုံမပေါ်ဘဲ ပြုံးရုံမျှသာ ပြုံးနေခဲ့သည်။
နောက်တစ်ခဏ၌ ပညာရှိကြီး၏ ဓားက သူ၏ လည်ပင်းအား ချက်ချင်းထိုးဖောက်နေသည်ကို တွေ့ကာ ထိတ်လန့်သွားခဲ့သည်။
လှုပ်ရှားမှုက အလွန်လျင်မြန်ပြီး လီဟမ်ရှန်းက ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။
" အစွမ်းထက်တယ် ဒါပေမယ့် လိုသေးတယ် " ပညာရှိကြီး၏ အသံက လေးလေးပင်ပင် ပဲ့တင်ထပ်နေခဲ့သည်။
" ရက်စက်ပြီး မာကျောတဲ့ ခွန်အားက အမြဲတမ်း တခုခု လိုအပ်နေတယ် "
(ဘာသာပြန်သူ၏ အတွေး - ပညာရှိကြီးရဲ့ ဓားသိုင်းက အပျော့အားကို ဦးစားပေးကျင့်ကြံတာ ဖြစ်တဲ့ ထိုက်ချိဓားသိုင်းလိုမျိုး ဖြစ်နိုင်ပါတယ်။ အပျော့အားကို အသုံးပြုပြီး အမာသိုင်းတွေကို အနိုင်ယူဖို့အတွက် တီထွင်ထားတာမျိုးပေါ့။လီချန်ချင်းရဲ့ နဂါးနိုင်လက်ဝါးသိုင်းကတော့ ပြင်းထန်တဲ့ အတွင်းအား၊သန်မာတဲ့ ခန္ဓာကိုယ်ကို အသုံးချရတဲ့ အမာသိုင်းမျိုးပါ၊ လီဟမ်ရှန်းရဲ့ ခန္ဓာကျင့်စဉ်ကော လှံကျင့်စဉ်တွေကောက အမာသိုင်းအမျိုးအစားတွေပါ။)
ဤစကားအား ကြားပြီးနောက်တွင် လီဟမ်ရှန်း၏ အသိစိတ်က အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့သည်။
နောက်တစ်ခု၌ လီဟမ်ရှန်းက ထိတ်လန့်မှုဖြင့် တစ်ဖန် ပြန်၍ နိုးထလာခဲ့သည်။
လီဟမ်ရှန်း၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ထွက်နေခဲ့သည်။
အရမ်းမြန်လွန်းတယ်။
ပညာရှိကြီးရဲ့ ဓားက အရမ်းမြန်လွန်းတယ်။
အရမ်းမြန်လွန်းလို့ သူ့မှာ တုန့်ပြန်ဖို့ အချိန်မရှိခဲ့ဘူး။
{တစ်ချို့လူတွေက သေသွားပေမယ့် သူတို့က လုံးဝ မသေဆုံးဘူး .....}