နှစ်ပေါင်း တစ်ထောင် အတွင်း အဆင့်သတ်မှတ်ခြင်း၌ ပထမဆုံး သူ !
Vol. 9 Ch. 81
ထို့အပြင် ဤသည်က အရှိန်တစ်ခုမဟုတ်ပေ။ သူ၏ လက်ရှိ အနေအထားဖြင့် လီဟမ်ရှန်းနားမလည်နိုင်သည့် အကြောင်းအရာ ပါဝင်နေမည်ဟု ထင်ရပေသည်။
" ကြည့် ကြည့်ကြဦး ၊ ဦးဆောင်သူစာရင်း က ပြောင်းနေပြီ ! "
ထိုအခိုက်အတန့်၌ ဦးဆောင်သူစာရင်း က ပြောင်းလဲနေသည်ကို တစ်ယောက်က ရုတ်တရက် သတိထားမိခဲ့သည်။
" ဦးဆောင်သူစာရင်းက ပြောင်းလဲနေတာက ဘယ်လောက်ကိစ္စကြီးဖြစ်နေလို့လဲ" တစ်ယောက်က ပွက်လောရိုက်ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာ သိသာစွာ ညည်းညူလိုက်သည်။
" ဒါ ... ဒါပေမယ့် ပြောင်းလဲနေတာက တက်လှမ်းခြင်း အဆင့် စာရင်း " ထိုလူ၏ မျက်လုံးက မယုံကြည်နိုင်စွာ ပြူးကျယ်နေပြီး ကျောက်တိုင်ကို ညွှန်ပြနေခဲ့သည်။
ပုံမှန်အားဖြင့် ၎င်းက နေ့တိုင်း အတက်အကျရှိနေသည့်အတွက် ဦးဆောင်သူစာရင်း ပြောင်းလဲခြင်းက ကိစ္စကြီးတစ်ရပ်မဟုတ်ပေ။ သို့သော်လည်း တက်လှမ်းခြင်းအဆင့် ဦးဆောင်သူစာရင်း က မပြောင်းလဲသည်မှာ နှစ်ပေါင်းရာနဲ့ချီ နေခဲ့ပြီဖြစ်သည်။
တက်လှမ်းခြင်းအဆင့်အတွက် မဆိုထားနှင့် ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူများပင် တိုက်ပွဲခန်းမ၏ ပထမအဆင့်ကို ကျော်ဖြတ်ခြင်းက တုန်လှုပ်ဖွယ် တာဝန်တစ်ခုဖြစ်သည်။ တိုက်ပွဲခန်းမ၏ ပထမအဆင့်ကို တက်လှမ်းခြင်းအဆင့် တစ်ယောက်က ကျော်ဖြတ်ခြင်း ဟူသည့် ဖြစ်ရပ်က ဒဏ္ဍာရီလာ ကိစ္စတစ်ခုပင်ဖြစ်သည်။
တပည့်အချို့က တက်လှမ်းခြင်းအဆင့် ဦးဆောင်သူစာရင်း၏ စစ်မှန်မှုကိုပင် သံသယဝင်လာခဲ့ကြသည်။
တက်လှမ်းခြင်းအဆင့် တစ်ယောက်က သံမျက်နှာဖုံးနဲ့လူကို အနိုင်ရဖို့က ဘယ်လိုလုပ်ဖြစ်နိုင်ချေရှိမှာလဲ။
အတော် အဓိပ္ပါယ်မရှိပေ။
နှလုံးသား ကြေးမုံ ရေကန်ထဲရှိ ဦးဆောင်သူစာရင်းမှ လက်ရှိ ပြောင်းလဲခြင်းက ဟင်းအိုး ဆူပွက်နေသကဲ့သို့ အုတ်အော်သောင်းနင်း ဖြစ်နေခဲ့ကြသည်။
မရေမတွက်နိုင်သည့် လူများက စိတ်ဝင်စားနေခဲ့ကြသည်။
ဘယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက သံမျက်နှာဖုံးနဲ့လူကို ရှုံးနိမ့်စေနိုင်တဲ့အထိ အစွမ်းထက်ရတာလဲ။
" လီဟမ်ရှန်း လား ၊ တက်လှမ်းခြင်းအဆင့် ဦးဆောင်သူ စာရင်း ရဲ့ နံပါတ် တစ်လား "
လူများစွာက ဤနာမည်ကို တွေ့ပြီး မင်သက်နေခဲ့ကြသည်။
ဒီနာမည်က သူတို့အတွက် မစိမ်းပေ။
မူဟိုင်ဖုန်းတောင်မှ ရှမူဟိုင်က သတ်ဖြတ်သူတစ်သောင်းတောင်ထိပ်မှ အမှိုက်တပည့်တစ်ယောက်ကို ခေါ်လာသည့် သတင်းက ဂိုဏ်းအတွင်းသို့ ပျံ့နှံ့ပြီးဖြစ်သည်။ ထို့အပြင် လီဟမ်ရှန်း၏ ပန်းချီသူတော်စင် ၏ အပြောင်မြောက်ဆုံးလက်ရာအား ဖမ်းဆုပ်နိုင်ခဲ့ခြင်းက သူ၏ ဂုဏ်သတင်းအား ထပ်၍ မြှင့်တင်ထားခဲ့ပေသည်။
ပြီးတော့ အခု ......
လီဟမ်ရှန်းက တိုက်ပွဲခန်းမ၏ ပထမအဆင့်ကို အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့ပေသည်။
ဒီသတင်းက ဘယ်လိုလုပ်ပြီး မပေါက်ကွဲဘဲနေမှာလဲ။
အခု လီဟမ်ရှန်း က အဆင့် ပထမ ဖြစ်နေတာထက် ဘယ်ဟာက ပိုပြီး ထိတ်လန့်စရာကောင်းတာရှိမှာလဲ?
လီဟမ်ရှန်းက သံမျက်နှာဖုံးနှင့် လူကို ကုလိုင်စိန်ခေါ်ထားတဲ့ မှတ်တမ်းကို ချိုးဖျက်သွားခဲ့တာလား?
တက်လှမ်းခြင်း အဆင့် ဦးဆောင်သူစာရင်း ကျောက်တိုင်ပေါ်ရှိ အစက ပထမဖြစ်နေခဲ့သည့် ကုလိုင်၏ နေရာက အစားထိုးသွားခဲ့ပြီဖြစ်သည်။
ယခု ပထမနေရာအား ပိုင်ဆိုင်သွားသူက : လီဟမ်ရှန်း ၊ တက်လှမ်းခြင်း အဆင့် 7 ။
စိန်ခေါ်ချိန် : အသက် ကိုးရှိုက်စာ။
နှလုံးသား ကြေးမုံ ရေကန် အနီးရှိ တပည့်အားလုံးက အသက်ရှုရပ်နေခဲ့ကြပြီး နေရာက မယုံကြည်နိုင်လောက်အောင် တိတ်ဆိတ်နေခဲ့သည်။
သူတို့၏ ဦးနှောက်များ ပျက်စီးသွားကြပုံပင်။
အရင်က လူတိုင်းက လီဟမ်ရှန်းအား နှစ်တစ်ထောင်အတွင်း၌ ရှေးဟောင်းတာအိုတောင်နယ်မြေ၏ အသုံးမကျဆုံး တိုက်ရိုက်တပည့် တစ်ယောက်အဖြစ် ပျက်ရယ်ပြုခဲ့ကြသည်။
သို့သော်လည်း ယခုတွင်......
သူတို့က ဟာသတစ်ခုလို့ ထင်ခဲ့ကြတာလား။
လူတိုင်းအား ပို၍ ထိတ်လန့်စေခဲ့သည်မှာ ဦးဆောင်သူ စာရင်းပေါ်မှ အခြားတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများနှင့် မတူဘဲ လီဟမ်ရှန်းက တက်လှမ်းခြင်းအဆင့် ၇ ၌သာ ရှိနေခြင်း ဖြစ်သည်။
သူတို့ထဲမှာ သံမျက်နှာဖုံးနဲ့ လူကြောင့် အထိတ်တလန့်ဖြစ်မှုကို မကြုံဖူးတဲ့သူ ဘယ်သူရှိလို့လဲ။
သူတိူ့အားလုံးနီးပါးက သူ့ကြောင့် စိတ်ဒဏ်ရာ ရခဲ့ကြဖူးပေသည်။
သံမျက်နှာဖုံးနှင့်လူ၏ တစ်ကြိမ်ပြီးတစ်ကြိမ် ခေါင်းဖြတ်ကွပ်မျက်ခံရခြင်းက တစ်ချို့ကို အဲ့ဒီအကြောင်းကို ညတိုင်း အိပ်မက် မက်နေစေခဲ့ပေသည်။
တက်လှမ်းခြင်း အဆင့် ၇ လား။
အကယ်၍ သူတို့က အဲ့အဆင့်၌ ဖြစ်ပြီး သံမျက်နှာဖုံးနှင့်လူအား ရင်ဆိုင်ရပါက သူတို့က ချက်ချင်း အသတ်ခံရဖို့ ဖြစ်နိုင်ပြီး ခြေရာလက်ရာပင် ကျန်ခဲ့မည်မဟုတ်ပေ။
လီဟမ်ရှန်း ကိုယ်တိုင်ပင် ဦးဆောင်သူစာရင်းအား ထိုမျှ မြန်မြန် ပြုပြင်မွမ်းမံရန် မမျှော်လင့်ထားခဲ့ပေ။ သံမျက်နှာဖုံးနှင့် လူအား အနိုင်ရပြီးသည့်နောက်တွင် ဦးဆောင်သူစာရင်း၌ သူ၏ အမည်က ရှိနေပြီဖြစ်သည်။
အသက် ကိုးရှိုက်စာ လား။
လီဟမ်ရှန်း ကိုယ်တိုင်ပင် အချိန်အတွက် အာရုံမစိုက်ခဲ့ပေ။ သူက လှံချက်ကို ဆက်တိုက်ငါးကြိမ် ပစ်ခတ်ရန် အချိန်များစွာ မယူခဲ့ပေ။
လူတိုင်း၏ မျက်နှာပေါ်မှ ထိတ်လန့်မှုကို တွေ့ပြီး လီဟမ်ရှန်းက ထရပ်ကာ တိတ်တိတ်လေး ထွက်သွားရန် စီစဉ်နေခဲ့သည်။ သူက နာမည်ကြီးသော်လည်း လူအတော်များများက သူ့အား မမြင်ဖူးကြပေ။
လီဟမ်ရှန်း၏ မလိုလားအပ်သည့် ပြသနာများအား ရှောင်ရှားရန် သူက တိတ်တဆိတ်ထွက်သွားရန် စီစဉ်ခဲ့သည်။
" အစ်ကို လီ ၊ သွားတော့မလို့လား " ဤအခိုက်အတန့်၌ ယန်ယုယွင်၏ အသံက ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
စမ်းသပ်မှုမှ ပြန်လည်ရောက်ရှိလာကာ နိုးထလာသော ယန်ယုယွင်၏ အသံပင် ဖြစ်သည်။
လီဟမ်ရှန်းက အကူအညီမဲ့စွာဖြင့် တုန်လှုပ်သွားခဲ့သည်။
" အကို လီ " ဟူသည့် ခေါ်လိုက်ခြင်း က လူတိုင်းအား သူတို့ခေါင်းများကို လှည့်လာစေပြီး လီဟမ်ရှန်း အပေါ်သို့ အာရုံစိုက်လာစေခဲ့သည်။
ထိုအခိုက်အတန့်၌ လူတိုင်း၏ မျက်လုံးများက တောင်ပ လာခဲ့သည်။
မျိုးရိုး နာမည် လီ။
တက်လှမ်းခြင်း အဆင့် 7 ။
အားလုံး ကိုက်ညီတယ် !
" သူက လီဟမ်ရှန်း ပဲ " တပည့်တစ်ယောက်င အော်ဟစ်လိုက်သည် " သူ့ကို မျောလွင့်ပုံရိပ် တောင်ထိပ်မှာ မြင်ခဲ့ဖူးတယ် "
တစ်ခဏအတွင်းပင် မျက်လုံးအားလုံးက လီဟမ်ရှန်း အပေါ်သို့ ရောက်ရှ်ိလာခဲ့ကြသည်။
အကြည့်တိုင်းက လီဟမ်ရှန်းအား ထိုးဖောက်၍ မြင်ချင်နေကြသည်ဟု ထင်ရပေသည်။
မနာလိုခြင်း ၊ စပ်စုခြင်း ၊ လေးစားအားကျခြင်း နှင့် သူတို့၏ မျက်လုံးများထဲ၌ တက်မက်ခြင်းများ ပင် ရှိနေကြသည် .......
ထိုနေရာ၌ သူဆက်နေနေပါက သူတို့၏ အစားခံရမည်ဟု ခံစားရပေသည်။ ထို့ကြောင့် ဤအခိုက်အတန့်၌ သူက လေးမှ ပစ်လွှတ်လိုက်သည့် မြားတစ်ချောင်းကဲ့သို့ ထွက်ပြေးလေတော့သည်။
သူက ဤပြသနာ နေရာကြီးမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားချင်ပေသည်။
လီဟမ်ရှန်းက ထွက်ပြေးသွားသည်ကို မြင်ပြီး ယန်ယုယွင် က ကြောင်အ သွားခဲ့သည်။
ဘာဖြစ်တာလဲ။
သူမက ကြောက်စရာကောင်းလို့လား။
သူမရဲ့ အသံကို ကြားပြီးပြီးချင်း ဘာလို့ ထွက်ပြေးသွားရတာလဲ။
သို့သော်လည်း သူမအနီးမှ လူများက ထူးထူးဆန်းဆန်းပြုမူနေကြသည်ကို သတိထားလိုက်မိသည်။ သူတို့အားလုံးက ဘာလို့ လီဟမ်ရှန်း ကို စိုက်ကြည့်နေကြတာလဲ။
ယန်ယုယွင်က တက်လှမ်းခြင်းအဆင့် ဦးဆောင်သူစာရင်းကို သာမန်ကာလျှံကာ ကြည့်လိုက်သည့်အခါတွင် သူမက သရဲကို မြင်ခဲ့ရသကဲ့သို့ ထိတ်လန့်သွားခဲ့သည်။
လီဟမ်ရှန်း က ချင်းကျူးတောင်သို့ အမြန်ဆုံး ပြန်လာခဲ့ပြီး နောက်ဆုံးတော့ သက်ပြင်းချခဲ့သည်။
အမှန်တော့ ဝက်တွေက အသားတိုးလာခြင်းကို ကြောက်သကဲ့သို့ လူတွေက ဂုဏ်သတင်းကို ကြောက်ကြပေသည်။
သို့သော်လည်း ဤဂုဏ်သတင်းက လီဟမ်ရှန်း ရှောင်ရှားချင်လျှင်တောင်မှ ရှောင်ဖယ်လို့ မရနိုင်ပေ။
နာရီဝက်အတွင်းမှာပင် လီဟမ်ရှန်း၏ နာမည်က ရှေးဟောင်းတာအိုတောင်ဂိုဏ်းတစ်ခုလုံးသို့ တစ်ဖန် ပြန်၍ ပျံ့နှံ့သွားခဲ့သည်။
တိုက်ပွဲ ခန်းမရဲ့ တက်လှမ်းခြင်းအဆင့် ဦးဆောင်သူစာရင်းမှာ နံပါတ် တစ် !
ဤသတင်းက တောင်ထိပ် 36 ခုစလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဤသတင်းအား ပထမဆုံးကြားရသည့် တပည့်အားလုံးက လက်ခံနိုင်ဖွယ်မရှိဟု ထင်ခဲ့ကြပြီး နောက်တွင်သူတို့ ထိတ်လန့်သွားခဲ့ရသည်။
" ဆရာ အဲ့ဒီ ဂျူနီယာ မောင်လေးက တကယ်ပဲ သာမန်မဟုတ်ဘူး ၊ ဟုတ်တယ်မလား"
မူဟိုင်ဖုန်းတောင်၌ ယန်ထျန်းထျန်းသည်လည်း ရှမူဟိုင်အား ပြောနေရင်းဖြင့် အံ့ဩစွာကြည့်နေခဲ့သည်။
ရှမူဟိုင်သည် ဤသတင်းအား ကြားသည့်အခါ၌ သူသည်လည်း အမှားတစ်ခုခု ရှိလေသလားဟု သိချင်ခဲ့ပေသည်။ သို့သော်လည်း ရှမူဟိုင်က နားလည်သွားပုံပေါ်ပြီး အံ့ဩစရာမရှိတော့ပေ။
" ထျန်းထျန်း " ရှမူဟိုင်က ယန်ထျန်းထျန်း အား ပြောလိုက်သည်
" လီဟမ်ရှန်း က အဲ့ဒီလူ ရဲ့ သားဖြစ်နေတာမို့ အံ့ဩစရာမရှိတော့ပါဘူး"
ဤသည်ကို ကြားပြီး ယန်ထျန်းထျန်း ၏ မျက်လုံးထဲ၌ သိချင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
ရှမူဟိုင် ပြောသည့် ထိုလူက လီချန်ချင်း ဆိုသည်ကို သူမသိပေသည်။
ယန်ထျန်းထျန်းပြန်ရောက်ကတည်းက ရှမူဟိုင်က သူ့အား လီချန်ချင်း အကြောင်း ပြောပြထားပေသည်။ " မင်းကို ကူညီပေးနိုင်တဲ့တစ်ဦးတည်းသော သူက လီချန်ချင်းပဲ။ ဒါကြောင့် မင်းရဲ့ ဂျူနီယာ မောင်လေး နဲ့ အဆင်ပြေပြေရှိဖို့ လိုအပ်တယ်။ အချိန်ကျတဲ့အခါ အစ်ကို ချန်းချင်း ကို မင်းအတွက် ကူညီပေးဖို့ ငါမေးပေးမယ်"
ရှမူဟိုင်က သူမအား ပြောခဲ့သည့် ထိုစကားလုံးများကို မှတ်မိနေဆဲဖြစ်သည်။
ဤသည်က လီဟမ်ရှန်းက သူမ၏ စိတ်ဝိဉာဉ်ကြက်အား ခိုးခဲ့သည်ကို သိထားပြီးသော်လည်း ဒေါသမထွက်ရသည့် အကြောင်းအရင်းဖြစ်သည်။ ထိုအစားက သူမက စေတနာ ပင် ထားခဲ့ပေသည်။
ရှမူဟိုင်သည် ယန်ထျန်းထျန်းက လီဟမ်ရှန်း နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။ အချိန်ကောင်းသို့ ရောက်သည့်အခါ၌ သူက နှစ်ပေါင်းများစွာ သူမအား ဒုက္ခရောက်နေစေခဲ့သည့် သူမ၏ အခက်အခဲအား ဖြေရှင်းရန် လီချန်ချင်းအား အကူအညီတောင်းပေး လိမ့်မည် ဖြစ်သည်။
သူမ၏ ဆရာဖြစ်သည့် သူပင် ဖြေရှင်းရန် အကူအညီမရှိသည့် အခက်အခဲတစ်ခုပင်။
" မြတ်စွာဘုရား ၊ ဒါက အံ့ဩစရာပဲ"
ဤသတင်းအား ကြားပြီးသည်နှင့် ကျိုးကျွင်းက ချင်ကျူး တောင်သို့ ကမန်းကတန်းပြေးလာခဲ့ပြီး တခါးအား တဒုန်းဒုန်း ထုရိုက်နေခဲ့သည်။
သူက တံခါးအပြင်ဘက်မှ ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။ သူက မနက်ခင်း၌ ယန်ထျန်းထျန်း ထံမှ ဝက်ခေါင်းကဲ့သို့ ရိုက်နှက်ခံထားရသော်လည်း သူ၏ ဒဏ်ရာများက အပေါ်ယံမျှသာဖြစ်ပြီး နေ့လည်ခင်း၌ အတော်များများ သက်သာနေခဲ့ပြီဖြစ်သည်။ လီဟမ်ရှန်းက နောက်တစ်ခါထပ်၍ ဂုဏ်သတင်းတစ်ခုအား သူကိုယ်တိုင် လုပ်ဆောင်ခဲ့သည် ကိုကြားပြီး ဝက်ခေါင်းမျက်နှာနှင့် ကျိူကျွင်းက လီဟမ်ရှန်း အား ဂုဏ်ပြုရန် ရောက်လာခဲ့ပေသည်။
လီဟမ်ရှန်း က တက်လှမ်းခြင်းအဆင့် စာရင်း၏ နံပါတ် တစ် ဖြစ်လာသည်ကို ကြားသည့်အခါ၌ ကျိုးကျွင်း က သူ့နားကို မယုံနိုင်ခဲ့ပေ။ သူ၏ ဦးနှောက်က ဒုတိယအမကြောင့် ထိခိုက်သွားခဲ့ပြီး ပြန်မကောင်းသေးဟု ထင်နေခဲ့ပေသည်။
လီဟမ်ရှန်း က တကယ်ပဲ သံမျက်နှာဖုံးနဲ့လူကို အနိုင်ရခဲ့တာလား။
သူက တက်လှမ်းခြင်း အဆင် 7 ပဲ ရှိသေးတာလေ !
သူ့ရဲ့ ဂျူနီယာ ညီလေး က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။
" စီနီယာ အကို အိမ်မှာနားမနေဘဲ ဘာလို့ ဒီကို ရောက်နေတာလဲ " လီဟမ်ရှန်း က ကျိုးကျွင်းရောက်နေသည်ကို သိကာ အလျင်အမြန် ကြိုဆိုခဲ့သည်။
" အံ့ဩစရာပဲ ! "
" ညီ ၄ ၊ မင်းက အံ့ဩစရာပဲ ! "
" စီနီယာ အကို ၊ ရှင်းရှင်းလင်းလင်းပြောပါလား"
"ဒါက အရေးမကြီးဘူး"
ကျိူကျွင်း က သူ့ရှေ့မှ လီဟမ်ရှန်း အား ပထမဆုံးအကြိမ် တွေ့ရသကဲ့သို့ တောက်ပသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
သူ့၏ ရှေ့မှ လီဟမ်ရှန်းက သာမန် အရည်အချင်းနှင့် နှေးကွေးသည့် ကျင့်ကြံနှုန်း ရှိသော်လည်း သူက ကိုးထပ်တိုက်ပွဲခန်းမ၏ ပထမအဆင့်ကို စိန်ခေါ်နိုင်ပေသည်။
လီဟမ်ရှန်း က မည်သို့ လုပ်ခဲ့သည်ကို ကျိုးကျွင်း က နားမလည်နိုင်ခဲ့ပေ။
လီဟမ်ရှန်းက ပြုံးရုံသာပြုံးပြီး ဘာမှ မပြောခဲ့ပေ။ ထို့နောက် သူက ကျိုးကျွင်းအား လက်ဖက်ရည် သောက်ရန် အိမ်ငယ်လေးထဲသို့ ဖိတ်ခဲ့သည်။
သူတို့ စပြီး သောက်နေကြသည်နှင့် ရှုခွေက လီဟမ်ရှန်း ဆီသို့ ရောက်လာပြီး : " သခင်လေး အဆုံးမဲ့တောင်ထိပ်က လင်းထုံက အလည်အပတ်ရောက်နေပါတယ်"
" စီနီယာအစ်မ လင်းထုံ လား"
လင်းထုံ က ဘာကြောင့် လာသည်ကို လီဟမ်ရှန်း သိချင်သွားခဲ့သည်။
" စီနီယာ အကို ခဏစောင့်ပါဦး " လီဟမ်ရှန်း က ကျိုးကျွင်းအား ခဏစောင့်ရန် တောင်းဆိုလိုက်ပြီး လင်းထုံ ဘာလိုချင်သလဲဆိုတာကို သိဖို့ ထွက်သွားခဲ့သည်။
လတ်စသပ်တော့ လင်းထုံ၌ မည်သည့် အရေးကြီး ကိစ္စမှမရှိပေ။ သူမက သူ့အား တက်လှမ်းခြင်းအဆင့် စာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိသည့်အတွက် လက်ဆောင်အချို့ ယူလာခဲ့ပြီး ဂုဏ်ပြုပေးရုံသာ ဖြစ်သည်။
ထို့နောက် သူမက ထွက်သွားခဲ့သည်။
လီဟမ်ရှန်း က ပြန်လာခဲ့ပြီး ကျိုးကျွင်းအား ထိုအကြောင်းကို ပြောပြခဲ့သည်။ ကျိူကျွင်းက ရယ်ကာ ပြောလိုက်သည် " ခဏစောင့်နေ ၊ မပြီးသေးဘူး ။ လူတွေအများကြီး ရောက်လာလိမ့်မယ် "
သေချာပေသည်။ သိပ်မကြာခင်၌။
" သခင်လေး ၊ မြစ်ပြောင်းပြန် တောင်ထိပ်က ကျန့်ရွယ် က အလည်လာပါတယ် "
လီဟမ်ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို မသိပေ။
" ကျွန်တော် ဒီမှာရှိတယ် " လီဟမ်ရှန်း က သူ့အား ပထမဆုံး တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။
တစ်နေ့လည်ခင်းလုံး တောင်ထိပ်အသီးသီးမှ တပည့် တစ်ဒါဇင်ကျော်က အလည်ရောက်လာခဲ့ကြသည်။
သူတို့က ရောက်လာခဲ့ကြပြီး လီဟမ်ရှန်း နှင့် စကားအနည်းငယ်ပြောကာ လက်ဆောင်များ ထားခဲ့ကြပြီးနောက် ထွက်သွားခဲ့ကြသည်။
" ညီ ၄ မင်းက နာမည်ကြီးနေပြီပဲ ။ တောင်ထိပ်အသီးသီးက တိုက်ရိုက်တပည့်တွေအားလုံးက မင်းကို မျက်နှာလို မျက်နှာရ လုပ်ဖို့ ရောက်လာကြတယ် " ကျိုးကျွင်း က ရယ်လိုက်ပြီး လက်ဖက်ရည်တစ်ခွက်ကို သူကိုယ်တိုင်ထည့်လိုက်သည်။
" ကျွန်တော်က တက်လှမ်းခြင်း အဆင့် စာရင်း မှာ နံပါတ် တစ် ဖြစ်သွားတာကြောင့်ပဲလား" လီဟမ်ရှန်း သည် သူ က အာရုံစူးစိုက်မှုအများကြီးကို ဆွဲဆောင်နေသကဲ့သို့ ခံစားခဲ့ရသည်။
" အမှန်ပဲ" ကျိုးကျွင်းက ရယ်ကာ ပြောလိုက်သည် " ဒီနေ့ အလည်လာခဲ့တဲ့ တိုက်ရိုက်တပည့်အများစုက မူလအဆင့်ကို ကျော်ဖြတ်ဖို့ မျှော်လင့်ချက် မရှိကြဘူး"
ကျိုးကျွင်းက အလေးအနက်ပြောလိုက်သည် " ဒါပေမယ့် မင်းကတော့ မတူဘူး။ မင်းက တက်လှမ်းခြင်းအဆင့် စာရင်းမှာ နံပါတ် တစ် ဖြစ်လာခဲ့ပြီး မင်းရဲ့ အလားအလာကို သက်သေပြခဲ့တယ်။ သူတို့က မင်းနဲ့ မိတ်ဆွေဖွဲ့ပြီး ရင်းနှီးမြှုပ်နှံနေကြတာပဲ။ အားလုံးက အကျိုးအမြတ်ဖြစ်ပြီး သူတို့အတွက် နစ်နာမှုတစ်ခုမှ မရှိဘူး"
လီဟမ်ရှန်း က လေးလေးနက်နက်ဖြင့် ခေါင်းညိမ့်ခဲ့သည်။
လူတစ်ယောက်က ကျော်ကြားလာတာနဲ့ ချက်ချင်းပဲ အကြောင်းအရာ များစွာက ခက်ခဲရှုပ်ထွေးလာပေ၏
" ဂျူနီယာ ညီလေး ၊ မင်းဘာတွေ အသားမကျ ဖြစ်နေတာလဲ။ မင်းက နောက်ကျရင် လူတွေအများကြီးနဲ့တွေ့ပြီး ကိစ္စတွေအများကြီးကို သိလာရဦးမှာ။ ဖြည်းဖြည်းချင်း သင်ယူသွားပါ " ကျိူကျွင်းက အပြုံးနှင့်ပြောလိုက်သည်။
လီဟမ်ရှန်း က ထိုအကြောင်းအရာအားလုံးကို ဂရုမစိုက်ပေ။ သူက ကျိုးကျွင်းအား သူ အလွန်သိချင်နေသည့် မေးခွန်းတစ်ခုကို မေးလိုက်သည် : " ပညာရှိကြီးက အရမ်းသန်မာတယ်။ ကျွန်တော် သူ့ကို ဘယ်လို အနိုင်ယူနိုင်မလဲ "
" ပညာရှိကြီးလား " ကျိုးကျွင်းက မျက်ခုံးပင့်လိုက်ပြီး သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချကာ ရီလိုက်သည် " မင်းသူနဲ့ တိုက်ခိုက်ခဲ့တာ ထင်တယ် "
" ဟုတ်တယ် ၊ ကျွန်တော်က လှုပ်ရှားမှုတစ်ခုကိုတောင်မှ မတားဆီးလိုက်နိုင်ဘဲ ရှုံးနိမ့်သွားခဲ့တာ " လီဟမ်ရှန်း က အမှန်အတိုင်းပြောလိုက်သည်။ ဤအကြောင်းအား တွေးလိုက်သည့်အချိန်တိုင်း စွဲကျန်နေခဲ့သည့် အကြောက်တရားအား ခံစားနေရဆဲဖြစ်သည်။
" ပညာရှိကြီးရဲ့ အရှိန်က အရမ်းမြန်တယ်။ ကျွန်တော် လုံးဝ မရှောင်နိုင်ခဲ့ဘူး။ အဲ့ဒါကို ရင်ဆိုင်ဖို့ ပိုမြန်တဲ့ အရှိန်တစ်ခုကို လေ့ကျင့်သင့်လား" လီဟမ်ရှန်း က သူ၏ အတွေးများကို ထုတ်ပြောလာခဲ့သည်။
သို့သော်လည်း ကျိုးကျွင်းက ခေါင်းခါလိုက်ပြီး " ပညာရှိကြီးရဲ့ အမြန်နှုန်းက သူ့ခြေလှမ်းတွေမဟုတ်ဘူး။ သူ့ရဲ့ ဓားပဲ "
" ပညာရှိကြီးရဲ့ ဓားက သာမန်ဓားအသိစိတ်ထက်ကို သာလွန်နေတာ။သူ့ရဲ့ဓားက သူ့ရဲ့ စိတ်နဲ့ ပေါင်းစပ်ထားပြီး ပင်ကိုယ်ဗီဇထက် သာလွန်နေတဲ့ သူ့စိတ်စေရာအတိုင်းလိုက်တဲ့ ဓားကို အမှန်တကယ်ရရှိထားတယ်။ ပြောရမယ်ဆိုရင် အရမ်းမြန်တယ် "
ကျိုးကျွင်းက လီဟမ်ရှန်း အား လေးနက်စွာကြည့်နေခဲ့ပြီး ပြောခဲ့သည် " ဒါက ဆန်းကြယ်အဆင့်ပဲ ။ တကယ်လို့ မင်း အဲ့တာကို နားလည်သဘောမပေါက်နိုင်ဘူးဆိုရင် ပညာရှိကြီးကို အနိုင်ယူဖို့ ခဲယဉ်းလိမ့်မယ်။ ဂိုဏ်းထဲက များပြားတဲ့ ပြန်လည်မွေးဖွားခြင်းအဆင့် ထိပ်တန်း တပည့်တွေတောင်မှ ပညာရှိကြီးကို အနိုင်မယူနိုင်ခဲ့ဘူး။ သူတို့က ပညာရှိကြီးရဲ့ ဓားကို မရှောင်နိုင်ကြဘူး "
ဤအကြောင်းကို ကြားရသည့်အခါ၌ လီဟမ်ရှန်းက အလွန် အံ့အသင့်နေခဲ့သည်။ ပြန်လည်မွေးဖွားခြင်း အဆင့် ထိပ်တန်း တပည့်တွေတောင်မှ ပညာရှိကြီးကို အနိုင်မယူနိုင်ခဲ့ဘူးလား။
ဓားက နှလုံးသားနောက်ကိုလိုက်တယ်လား။
ဒါက ဘယ်လို အဆင့်မျိုးလဲ။
" ဒါနဲ့ မင်းက ကိုးထပ်တိုက်ပွဲခန်းမရဲ့ ပထမအဆင့်ကို ကျော်ဖြတ်ခဲ့တယ်။ နောက်ကျရင် ဂိုဏ်းကနေပြီး မင်းအတွက် ဆုကို တစ်ယောက်ယောက်ကို ပို့ခိုင်းလိမ့်မယ် " ကျိုးကျွင်းက သတိရသွားခဲ့သည်။
" ဘာ ဆု လဲ "လီဟမ်ရှန်း က သိချင်စွာဖြင့် မေးခဲ့သည်။
" ငါ မသိဘူး ။ မင်းရဲ့ ဆုက တခြားသူနဲ့ မတူဖို့ ဖြစ်နိုင်တယ်" ကျိုးကျွင်းက ခေါင်းခါကာ " တက်လှမ်းခြင်းအဆင့် စာရင်း ရဲ့ နံပါတ် တစ် ဖြစ်တာကြောင့်မို့ မင်း ရဲ့ ဆုက အရမ်း မက်လောက်စရာဖြစ်ရမယ် "
ယခု လီဟမ်ရှန်း က ဆု ဆိုသည့် အကြောင်း ကို သိပ် ဂရုမစိုက်ပေ။ သူက ကျိူကျွင်းပြောသည့် ဓားက နှလုံးသားနောက်ကို လိုက်သည် ဟူသည့် အဆင့်အကြောင်းပို၍ သိချင်နေခဲ့သည်။
ဒါက ဘယ်လိုမျိုးလဲ။
{လူတစ်ချို့က သေသွားကြပေမယ့် သူတို့က တကယ်သေတာမဟုတ်ကြဘူး .......}