အဖေနဲ့ သားရဲ့ ကြားက ကစားပွဲ
Vol. 9 Ch. 84
ဤသည်ကို ကြားပြီး လီချန်ချင်း သည် အဖြစ်အပျက်၏ ကွင်းဆက် ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
လုချောင်းချောင်းသည် အဆုံးမဲ့ ည ရှေးဟောင်း နိုင်ငံမှာ မှော်ပန်းချီရတနာ တစ်ခုကို ရှာတွေ့ခဲ့သည်။ ကြားခံနယ်တစ်ခုကို အသုံးပြုပြီး အဲ့ဒီအရာနဲ့ အရင်က ထိတွေ့ခဲ့တဲ့ ဘယ်သူ့ဆီကို မဆို သူမက ရှာတွေ့နိုင်ပေသည်။
ထို့နောက် လုချောင်းချောင်း က ဤ ပန်းချီရတနာကို သုံးကာ သူမ၏ နတ်ဘုရားစိတ်ဝိဉာဉ်ကို အဆုံးမဲ့ညရှေးဟောင်းနိုင်ငံ မှ မင်ဟုန် ခရိုင် သို့ သွားစေခဲ့သည်။
အစက သူမက လီဟမ်ရှန်း နှင့် ဆက်သွယ်ချင်ခဲ့သော်လည်း သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ကအရမ်းအားနည်းကာ လုချောင်းချောင်းဘက် မှ အချက်ပြခြင်းက အားနည်းသောကြောင့် သူမက သူနှင့် ချိတ်ဆက်မှုတစ်ခု မတည်ဆောက်နိုင်ခဲ့ပေ။
ရလဒ်အနေဖြင့် သူမက သူ့ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ အချက်ပြမှုက ပို၍ အားကောင်းသောကြောင့် လုချောင်းချောင်းက သူ့အား ဆက်သွယ်ခဲ့သည်။
သူမက လီဟမ်ရှန်း၏ လတ်တလောအခြေအနေအား သူ့ထံ မှ တစ်ဆင့် မေးမြန်းချင်ခဲ့သည်။
ဒီကောင်မလေး က သူ၏ ကောင်ဆိုးလေးအား စိုးရိမ်နေဆဲဖြစ်သည်။
သူမက အမြဲသစ္စာရှိသည့် သူ တစ်ယောက်ဖြစ်ပုံရပေသည်။
သို့သော် လီချန်ချင်းသည်လည်း အနည်းငယ် သိချင်နေပေသည်။ ပန်းချီရတနာကို သုံးဖို့ မူလအဆင့် ရှိရမယ်လို့ ကောလဟာလရှိတယ် မို့လား။ လုချောင်းချောင်းက မူလအဆင့် မဖြစ်နိုင်ဘူး မဟုတ်လား။
သို့သော်လည်း လီချန်ချင်း က ထပ်မမေးတော့ပေ။ သူ၏ ပန်းချီရတနာအား နားလည်နိုင်စွမ်းက အကန့်အသတ်ရှိပေသည်။
" ငါ နားလည်ပြီ " လီချန်ချင်း က ခေါင်းညိမ့်ခဲ့သည်။
" စီနီယာမှာ ဒီလို နတ်ဘုရားစိတ်ဝိဉာဉ် ကျင့်ကြံခြင်း ရှိနေမယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး။ အကို လီ လည်း ဒါကို နားမလည်ခဲ့ဘူး ထင်တယ် " လုချောင်းချောင်းက အလွန် အံ့အားသင့်နေခဲ့သည်။
" ဟက် " လီချန်ချင်း က ဘာပြောရမယ်မှန်း မသိတော့ပေ။ ထို့ကြောင့် သူက အကူအညီမဲ့စွာဖြင့် ပြောလိုက်သည် " တစ်ချို့အရာတွေကို သူ့ကို မသိစေတာကလည်း အကာအကွယ်တစ်ခုပါပဲ။ တကယ်လို့ အနာဂါတ်မှာ အဲ့ဒီ ကောင်ဆိုးလေးနဲ့ တွေ့ဖို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင်လည်း ငါ့အတွက် လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထိန်းသိမ်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲ့လိုမဟုတ်ရင် သူ့အတွက် အန္တရာယ်တွေ ဖြစ်လာလိမ့်မယ်"
ဤသို့ပြောပြီးနောက် လီချန်ချင်းသည်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိသည့် အမူအရာဖြစ်အောင် ဟန်ဆောင်လိုက်သည်။
ကြီးမားသည့် လျှို့ဝှက်ချက်တစ်ချို့ ရှိနေသည့်အလား ဖြစ်နေသည်။
လီချန်ချင်း၏ အမူအရာကို တွေ့ပြီး လုချောင်းချောင်းသည်လည်း ခေါင်းညိမ့်ခဲ့သည်။ လုချောင်းချောင်း၏ အမြင်၌ လီချန်ချင်းကဲ့ သို့ အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက်၌ သေချာပေါက် ရှုပ်ထွေးသည့် နောက်ကြောင်း တစ်ခုရှိပေလိမ့်မည်။
ကြီးမားသည့် လျှို့ဝှက်ချက်တစ်ခု ရှိဖို့ ဖြစ်နိုင်ပေသည်။
" စီနီယာ စိတ်ချလက်ချနေပါ။ ကျွန်မ သေချာပေါက် ဘာမှ ပြောမှာမဟုတ်ပါဘူး"
" လတ်တစ်လော အစ်ကို လီ ဘာတွေလုပ်နေလဲ" လုချောင်းချောင်းက ညင်သာစွာ မေးခဲ့သည် " ကျွန်မ ထွက်သွားပြီးတဲ့နောက်မှာ အဆုံးမဲ့ ည ရှေးဟောင်းနိုင်ငံက သူ့ကို ဒုက္ခပေးသေးလား"
" စိတ်မပူပါနဲ့ ဟမ်ရှန်း က အခုတစ်လော အရမကောင်းကောင်းမွန်မွန် ရှိနေပါတယ်။ ငါ့ဆီကိုတောင် မကြာခဏ စာရေးပေးတယ် " လီချန်ချင်းက ဘာကိုမှ ဖုံးကွယ်မထားခဲ့ပေ။ လုချောင်းချောင်းအား လီဟမ်ရှန်း ၏ လတ်တစ်လော အခြေအနေအားလုံးကို ပြောပြခဲ့သည်။
ဤသည်ကို ကြားပြီး လုချောင်းချောင်းက အရမ်း အံ့အားသင့်သွားသည်မှာ သူမ၏ ပါးစပ်ကိုပင် မပိတ်နိုင်ခဲ့ပေ။
" အစ်ကို လီ က အရမ်းအစွမ်းထက်တယ်ဆိုတာ ကျွန်မ သိတာပေါ့" လုချောင်းချောင်း၏ မျက်လုံးများက တောက်ပလာကာ " သူက တကယ်ကို သာမန်မဟုတ်ဘူးပဲ "
" ငါ့ရဲ့ သားက သေချာပေါက်ကို သာမန်မဟုတ်ဘူးပေါ့" လီချန်ချင်း သည်လည်း ဂုဏ်ယူစွာပြောခဲ့သည်။
" ဒါပေမယ့် ဒီနှစ်တွေအတွင်းမှာ သူ့ကို ဂရုစိုက်ဖို့ အချိန်မရှိခဲ့ဘူး။ သူတစ်ယောက်တည်း သွားလာနေခဲ့ရပြီး ခံစားနေခဲ့ရတာ" ရှေးဟောင်းတာအို တောင်နယ်မြေ၌ တစ်ယောက်တည်း လေ့ကျင့်နေခဲ့ရသည့် ဆယ်ကျော်သက် အရွယ် ကောင်လေး လီဟမ်ရှန်း အကြောင်းတွေးနေခဲ့သည်။
အိမ်က အထောက်အပံ့ နည်းနည်းမှ မရှိဘဲ ဂုတ်သွေးစုတ်နေသည့် လီချန်ချင်း ရှိနေခြင်းကပင် ထိုနှစ်တွေအတွင်း လီဟမ်ရှန်း ၏ ဘဝက မည်မျှ သနားစရာကောင်းသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
" ဒီနှစ်တွေအတွင်းမှာ ဟမ်ရှန်းက မင်းဆီက ဂရုစိုက်မှုတွေ အများကြီးရခဲ့တယ်လို့ ကြားတယ် ။ ကျေးဇူးတင်ပါတယ် " လီချန်ချင်း က လုချောင်းချောင်း အား စိတ်ရင်းဖြင့် ကျေးဇူးတင်ခဲ့သည်။
" မဟုတ်ပါဘူး ။ ကျွန်မကို အများကြီး ဂရုစိုက်ပေးခဲ့တာက အစ်ကိုလီပါ " လုချောင်းချောင်း၏ အမူအရာက အနည်းငယ် ငေးမှိုင်သွားပြီး" ဒီနှစ်တွေအတွင်းမှာ အစ်ကိုလီ က ကျွန်မကို အများကြီး ကူညီခဲ့တယ် ဆိုတာ သိပါတယ် "
" ဒါပေမယ့် ကံကောင်းစွာနဲ့ အခု အစ်ကို လီ က ပိုပြီး ပိုကောင်းလာခဲ့တယ်" ဤသို့ပြောပြီးသည်နှင့် သူမ၏ မျက်လုံးထဲ၌ တောက်ပမှုတစ်ခုက ဖြတ်ပြေးသွားခဲ့သည်။
" ဟုတ်တယ် သူက မင်းအတွက် ကြိုးစာနေတာ " လီချန်ချင်းက ပြောခဲ့သည် " ငါလည်း အရင်က ငါမှားနေတာကို နားလည်ခဲ့ပြီး အခုဆိုရင် ငါတို့ သားအဖကဲ့ ဆက်ဆံရေးက အများကြီး တိုးတက်လာခဲ့ပြီ။ မနေ့က သူ့ရဲ့စာထဲမှာ သူက ငါချက်တဲ့ ပုစွန်ကို စားချင်တယ်လို့ ပြောထားတယ်"
" ဟမ် " လူချောင်းချောင်း က အံ့အားသင့်သွားခဲ့ပြီး " ပုစွန်လား"
" ဟုတ်တယ် " လီချန်ချင်းက ပြုံးခဲ့သည် " ငါတို့ အတိတ်က အကြောင်းတစ်ချို့ကို ပြောခဲ့ကြပြီး သူက သူငယ်ငယ်လေးတုန်းက သူ့မွေးနေ့မှာ ငါက ပုစွန်ချက်ပေးပြီး သူ့အမေက သူ့ကို ပုစွန် အခွံခွာပေးခဲ့တဲ့ အချိန်ကို သတိရတယ်လို့ ပြောတယ် "
ဤသည်ကို ကြားပြီး လုချောင်းချောင်းက ပို၍ ပင် ရှုပ်ထွေးလာခဲ့သည်။
" ဘာဖြစ်လို့လဲ" လုချောင်းချောင်း၏ အမူအရာကိုတွေ့ပြီး လီချန်ချင်း က သူတစ်ခုခုမှားပြောလိုက်ပြီဟု ခံစားလိုက်ရသည်။
" နည်းနည်းတော့ ထူးဆန်းနေတယ်" လုချောင်းချောင်းက စဉ်းစားလိုက်ပြီး " အစ်ကိုလီက ပုစွန် ကို ဘယ်တုန်းကမှ မစားဘူး ဘာလို့လဲဆိုတော့ သူငယ်ငယ်တုန်းက ပုစွန်စားပြီးတာနဲ့ချက်ချင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးက မသက်မသာနဲ့ သေလုနီးပါးထိဖြစ်ခဲ့ပြီးတဲ့နောက်မှာ ဘယ်တုန်းကမှ ပုစွန်ကို မစားတော့တာလို့ ပြောခဲ့တာ။ တစ်ခါတစ်လေ ဂိုဏ်းက ပုစွန်ပါတဲ့ စားစရာတွေ လုပ်တဲ့အခါကျရင် အစ်ကို လီက ပုစွန် ကို ကျွန်မစား ဖို့ အမြဲပေးတယ်"
" ပြီး... ပြီးတော့ သူ့အမေ ကို သူမွေးပြီးကတည်း က တစ်ခါမှ မမြင်ဖူးဘူးလို့ အစ်ကို လီ က ကျွန်မ ကို ပြောတာ ကြားဖူးတယ်။ သူ့အမေက သူ့အတွက် ပုစွန် အခွံခွာ ပေးတာကို ဘယ်လိုလုပ် သူမှတ်မိနိုင်မှာလဲ"
လုချောင်းချောင်း က ခေါင်းကို စောင်းကာ ပြောခဲ့သည်။
လုချောင်းချောင်း၏ စကားများကို ကြားပြီး လီချန်ချင်း၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာခဲ့သည်။
ဒီကောင်စုတ်လေး က ငါ့ ကို လှည့်စားနေတာပဲ !
ကံကောင်းလို့ လုချောင်းချောင်း ဆီက သတင်းရလို့ပေါ့ ။ မဟုတ်ရင် အဲ့ဒီကောင်စုတ်လေးဆီက လှည့်စားခံရမှာမဟုတ်ဘူးလား"
သူက ပုစွန်မစားတာနဲ့ သူငယ်ငယ်လေးကတည်းက သူ့အမေကို မမြင်ဖူးဘူး။
လီချန်ချင်း က သဲလွန်စ နှစ်ခု ရခဲ့ပေသည်။
သို့သော်လည်း ဤသည်က လီချန်ချင်း အား အနည်းငယ် စိတ်ဓာတ်ကျသွားစေခဲ့သည်။ သူက သူ၏ အတိတ်အကြောင်း ဘာမှမသိသလို သူ့မိန်းမ ဘယ်ကိုထွက်သွားသည်ကိုပင် မသိချေ။ သူ့သား လီဟမ်ရှန်း ပင် မသိပေ။
ဒါက နည်းနည်းတော့ ဒုက္ခများပေသည်။
သူ့ကျန်တဲ့ဘဝတစ်လျောက်လုံး သူ့အမေဘယ်မှာလဲဆိုတာကို မပြောဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။
" ငါက အဖေ တစ်ယောက်အနေနဲ့ တကယ် ကောင်းကောင်းအလုပ်မလုပ်ခဲ့ဘူးပဲ" လီချန်ချင်း က ခါးသက်သက်အပြုံးတစ်ခုဖြင့် " အဲ့ကောင်စုတ်လေးက ပုစွန်မစားနိုင်ဘူးဆိုတာကိုတောင် မေ့သွားရတယ်လို့"
" အခုမှ သတိရတယ် သူက စာထဲမှာ အဲ့ဒီမြင်ကွင်းကို အိပ်မက် မက်တယ်လို့ ပြောထားတာ အာ သူငယ်ငယ်လေးတည်းက သူ့အမေကို မမြင်ဖူးတာကြောင့်မို့ သူ့အမေ ကို တွေ့ချင်နေတာ ဖြစ်နိုင်တယ် "
လီချန်ချင်း က လုပ်ကြံဇာတ်လမ်းတစ်ခုကို ဖြည်းဖြည်းချင်း ဖန်တီးခဲ့လိုက်သည်။
ဤသည်ကို ကြားပြီး လုချောင်းချောင်းက သံသယမဖြစ်ခဲ့ပေ။သူမသည်လည်း ခေါင်းညိမ့်လိုက်သည်။
" ငါက ဟမ်ရှန်း ကို အကြွေးတင်နေတယ်လို့ ခံစားရတယ် ၊ မိန်းကလေး လု တကယ်လို့ မင်းအချိန်ရရင် ဒီနှစ်တွေအတွင်း ဟမ်ရှန်းရဲ့ အခြေအနေတွေအကြောင်း ငါ့ကို ပြောပြနိုင်မလား။ ငါသူ့ကို ပိုပြီး ဂရုစိုက်ပေးချင်လို့ပါ"
လီချန်ချင်း သည် လုချောင်းချောင်း ထံမှ လီဟမ်ရှန်း အကြောင်း အချက်အလက် များကို စုံစမ်းရန် ဆုံးဖြတ်ထားခဲ့သည်။
လီဟမ်ရှန်းက အပြင်၌ တစ်ယောက်တည်းနေခဲ့ပြီး လုချောင်းချောင်းအား ကောင်းမွန်သည့်အမြင်ရှိကာ လုချောင်းချောင်းအား ကိစ္စတော်တော်များများကို ပြောပြထားပေမည်။ ဤသည်က ကောင်းမွန်သည့် ဝင်ခွင့်အမှတ်ပင်။
အကယ်၍ ဒီည၌ လုချောင်းချောင်းသာ ပေါ်မလာခဲ့ပါက သူက စာကို ပို့လိုက်လျှင် သေချာပေါက် ဖော်ထုတ်ခံရမည်ဖြစ်ကြောင်း လီချန်ချင်း က သိပေသည်။
" ကောင်းပါပြီ " လုချောင်းချောင်းက ခေါင်းညိမ့်၍ သဘောတူကာ ပြောပြခဲ့သည် " ဒါပေမယ့် ကျွန်မ ဒီကို လာနိုင်တဲ့အချိန်က အရမ်းနည်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ကျင့်ကြံခြင်းက ပြန်လည်မွေးဖွားခြင်းအဆင့်ကို ဝင်ရောက်နေပြီ။ ဒါကြောင့် ကျွန်မက အပြင်ထွက်နိုင်တယ်ဆိုရုံလောက်ပဲ။ နောင်ကျတော့ ကျွန်မရဲ့ ကျင့်ကြံခြင်း က ပိုပြီး အားကောင်းလာတဲ့အခါကျရင် ကျွန်မက ပိုပြီးကြာကြာနေဖို့ ဖြစ်နိုင်ပါတယ်"
" ဒီနေ့ စီနီယာ ဆီ လာခဲ့တာက အခုတစ်လော
အစ်ကို လီ အဆင်ပြေပြေရှိနေရဲ့လားဆိုတာ သိချင်ရုံပါပဲ။ သူက အဆင်ပြေတယ် ဆိုရင် ကျွန်မ စိတ်သက်သာရာရပါပြီ " လုချောင်းချောင်းက ရိုးသားစွာ ပြောခဲ့သည်။
" ကောင်းပါပြီ မိန်းကလေး လု ၊ မင်း ရဲ့ လုံခြုံရေးအတွက်လည်း မင်း ဂရုစိုက်ရဦးမယ်" လီချန်ချင်း က စိုးရိမ်မှုဖြင့် ပြောခဲ့သည်။
" စီနီယာ စိတ်မပူပါနဲ့။ ယာယီအားဖြင့်တော့ ချီရှန်းအမိန့်ပြားက ကျွန်မရဲ့ ခန္ဓာကိုယ်ကို လိုအပ်တာမို့ သူတို့က ကျွန်မကို ဘာမှ လုပ်မှာမဟုတ်ပါဘူး။ ကျွန်မရဲ့ တောင်းဆိုမှုတွေကို အရမ်း လိုလိုလားလားရှိကြတာမို့ ကျွန်မ က ကောင်းကောင်းနေနေရပါတယ် " လုချောင်းချောင်းက ပြောလိုက်ပြီး သူမ၏ မျက်နှာက ရုတ်တရက် လေးနက်လာခဲ့ပြီး : " ဒါပေမယ့်လည်း အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံကို ရောက်လာပြီးတဲ့နောက်မှာ တစ်ခုခုက မှားနေတာကို သတိထားမိခဲ့တယ် "
" အဆုံးမဲ့ ည ရှေးဟောင်းနိုင်ငံ တစ်ခုလုံးက တစ်ခုခုကို လျှို့ဝှက်ကြံစည်နေပုံပဲ။ အဲ့တာက ဘာလဲဆိုတာကို မသိပေမယ့်လည်း လူသားမျိုးနွယ်ကို အန္တရာယ်ဖြစ်စေနိုင်ဖို့ အတော်လေး ဖြစ်နိုင်ချေရှိတယ်။ စီနီယာ ပိုပြီး သတိထားလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
" ကောင်းပါပြီ " လီချန်ချင်းက ပြန်ဖြေခဲ့သော်လည်း သူ၏စိတ်အတွင်း၌ အကူအညီမဲ့နေခဲ့သည်။ သူက ဘာကို စုံစမ်းနိုင်မှာလဲ။
သူက သူတို့အား လုံးဝ နားမလည်ခဲ့ပေ။
သူက ပိုက်ဆံရှာဖို့ အလုပ်ကြိုးစားပြီး သူ့သားနှင့်အတူ ကောင်းမွန်သည့် ဘဝ၌ နေထိုင်ချင်ခဲ့ရုံပင်။
သူတို့ လိုချင်တာ မှန်သမျှ ကြံစည်နေကြပါစေ။
တကယ်တော့ ကောင်းကင်ပြိုကျလာခဲ့လျှင်ပင် ထိန်းထားနိုင်သည့် ခွန်အားကြီးသည့် လူများ ရှိကြပေသည်။
သူတို့ ဘာတွေ ကြံစည်နေတာဆိုတာကို သိရတာထက် လီချန်ချင်း က သူ့သား၏ အမေ ကဘယ်သူလဲ ဆိုသည့်အကြောင်းကို ပို၍ သိချင်ပေသည်။
ထိုအခိုက်အတန့်၌ လုချောင်းချောင်း၏ ပုံရိပ်က မှိန်ဖျာ့လုနီးပါးဖြစ်လာခဲ့ပြီး ခွဲခြားလို့မရနိုင်သည့်အထိ ဖြစ်လာခဲ့သည်။
" စီနီယာ ကျွန်မ ထပ်လာခဲ့ပါဦးမယ် " တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် နောက်တစ်ကြိမ်ကျရင် စီနီယာက ကျွန်မကို အစ်ကိုလီ ဆီကို အကြောင်းကြား ပေးနိုင်ဖို့ မျှော်လင့်ပါတယ်.... " ဤသို့ ပြောပြီးသည်နှင့် လုချောင်းချောင်း၏ ပုံရိပ်က လီချန်ချင်း၏ နတ်ဘုရား စိတ်ဝိဉာဉ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
လီချန်ချင်းသည်လည်း သူ၏အိပ်မက်မှ နိုးထလာခဲ့သည်။
သူက စာပွဲဆီသို့ လျောက်သွားကာ အံဆွဲထဲမှ စာကို ထုတ်ယူခဲ့ပြီး စုတ်ဖြဲပစ်လိုက်သည်။
ဤစာအားပေးဖို့ခြင်း က သူက လီချန်ချင်း အတုဖြစ်သည်ကို ဝန်ခံခြင်းနှင့် တူညီနေလေသည်။
သူက ဘာကြောင့် သံသယဖြစ်ခံခဲ့ရသည်ကို နားလည်ခဲ့ပေသည်။
ပထမ သူနှင့် အရင် လီချန်ချင်း ၏ ကြားက ကွာခြားမှုက အရမ်းကြီးမားပေသည်။ သူတို့က အစွန်းနှစ်ဖက်ကဲ့သို့ပင်။
ရုတ်ချည်း စရိုက်ပြောင်းလဲသွားခြင်းက လီဟမ်ရှန်းအား သံသယယဖြစ်စေခဲ့သည်။။
ဒုတိယအနေနှင့် သူက လီဟမ်ရှန်းဆီသို့ စမ်းသပ်ပြီး စာရေးသည့်အခါ၌ သူ့အမေအား ပြောထားခဲ့သည်။ လီဟမ်ရှန်းက သူ့အမေကို သူငယ်ငယ်လေးတည်းက တစ်ခါမှမမြင်ဖူးဘဲ သူမ အကြောင်းဘာမှမသိပေ။ ဤသည်က အရင် လီချန်ချင်းက လီဟမ်ရှန်း အား သူ့အမေအကြောင်း ဘယ်တုန်းကမှမပြောခဲ့သည်ကို ပြသနေပေသည်။
ထို့ကြောင့် သူက ဤကိစ္စအား အစဖော်လာသည့်အခါ၌ လီဟမ်ချန်းက သဘာဝကျစွာ သံသယဝင်လာခြင်းဖြစ်သည်။
တတိယ အနေနှင့် သူ၏နောက်ဆုံးစာ၌ ဖော်ပြခဲ့သည့် သူပြန်လာသည့်အခါ၌ ပုစွန်ကြက်ဥဆန်မုန့် ခေါက်ဆွဲလိပ်ကို မြည်းကြည့်ရန် ပြောခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။
သူက လီဟမ်ရှန်း က ပုစွန်မစားသည်ကိုပင် မသိသည်က လီဟမ်ရှန်း၏ မသင်္ကာမှုများကို ထပ်တိုးသွားစေခဲ့သည်။ ထို့ကြောင့် သူက သူ့အား စမ်းသပ်သည့် စာကို ရေးခဲ့ခြင်းဖြစ်သည်။
" သတိထားပြီး ကာကွယ်ဖို့ ခက်တာပဲ" လီချန်ချင်း က အခြေအနေကို ပြန်သုံးသပ်လိုက်ပြီး အချိန်အတော်ကြာ စဉ်းစားနေခဲ့ပြီး သူက သတိ ရှိသင့်သည်ဟု ခံစားခဲ့ရသည်။
အရင်က သူ့သားက ရိုးသားပြီး နုံအသည့် သူတစ်ယောက်ဟု ထင်ထားခဲ့သော်လည်း ယခု၌ သူသားက အရမ်းစေ့စပ်သေချာသည်ဟု ထင်ရပေသည်။
သူ၏ နောက်ထပ် စာ၌ ပါသည့်အကြောင်းအရာများကို သေသေချာချာ စဉ်းစားကာ မည်သည့် အမှားကို မဆို စစ်ဆေးပြီး လုချောင်းချောင်းထံမှ လီဟမ်ရှန်း၏ အချက်အလက်များကို ပိုပြီး ရယူရမည်ဖြစ်သည်။
သားအဖနှစ်ယောက်ကြားက ကစားပွဲက ဒီအချိန်၌ စတင်လာမည်ဟု လီချန်ချင်း ထင်မထားခဲ့ပေ။
သူ့၌ အိပ်စက်ရန် စိတ်အခြေအနေမရှိတော့သောကြောင့် အိပ်ယာမှ ထကာ နောက်ထပ်စာတစ်စောင်ကို ရေးခဲ့ပေသည်။ ဤတစ်ကြိမ်၌ သူက အရမ်း သတိထားလျက် မလျော်ကန်သည့် မည်သည့် အရာမှ မရှိတာသေချာစေရန် အကြိမ်များစွာ ပြန်လည်စဉ်းစားကာ အရုဏ်တက်အချိန်၌ ပေးပို့ခဲ့ပေသည်။
နှစ်ရက်ကြာပြီးနောက် ၊ ယန်မိသားစု အိမ်တော်တစ်ခုလုံး၌ စစ်မှန်သည့် အနှစ်သာရ မတည်မငြိမ်ဖြစ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ယန်ပါးထောင် က မူလအဆင့် သို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည် !
" မြန်လိုက်တာ " လီချန်ချင်းက ယန်ပါးထောင် တံခါးပိတ်ကျင့်ကြံနေသည့် နေရာသို့ ချက်ချင်းရောက်သွားပြီး ယန်ပါးထောင်က ထွက်လာခဲ့သည်။
ထိုအခိုက်အတန့်၌ သူ၏ စစ်မှန်သည့် အနှစ်သာရ မတည်မငြိမ်ဖြစ်ခြင်း က ပြင်းထန်နေပြီး သူ့မျက်နှာက နီရဲနေခဲ့ပြီး သူက ကိုယ်တွင်းစွမ်းအားကို အပြင်သို့ ပျံ့နှံ့ခြင်းကို မထိန်းချုပ်နိုင်သည့်အတွက် ခပ်ပါးပါး ဖိအားအရှိန်အဝါတစ်ခု ရှိနေခဲ့သည်။
ဤဖိအားက လီချန်ချင်းရှေ့၌ လေပြည်လေညှင်းတစ်ခုထက်မပိုပေ။
" ဂုဏ်ပြုပါတယ် ယန်မိသားစု ခေါင်းဆောင် " လီချန်ချင်းက အပြုံးတစ်ခုနှင့်ပြောခဲ့သည်။
" ကျေးဇူးတင်ပါတယ် မဟာအကြီးအကဲ ! " ယန်ပါးထောင် သည် ဤအခိုက်အတန့်၌ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ အကယ်၍ လီချန်ချင်းက သူ့အားပေးခဲ့သည့် သစ်သားပန်းပုရုပ်ကြောင့်သာမဟုတ်ပါက သူ၏ ဘဝ၌ မူလအဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ဘယ်တော့မှ ရှိမည်မဟုတ်သည်ကို ကြောက်ရွံ့နေခဲ့ပေသည်။
မူလအဆင့်သို့ ရောက်ရှိသွားပြီးသည့်နောက်တွင် ယန်ပါးထောင် ခံစားရသည့် ကမ္ဘာတစ်ခုလုံးက ကွဲပြားသွားပေသည်။
သန်မာသည့် ယုံကြည်မှုရှိခြင်း !
ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်နှင့် မူလအဆင့်၏ ကြားက ကွာခြားချက်က အမှန်တကယ် ကို မိုး နဲ့ မြေ ကဲ့သို့ပင် !
သို့သော်လည်း မပြောင်းလဲဘဲ ကျန်ရှိနေသည့် အရာတစ်ခုရှိပေသည်။ ထိုသည်က လီချန်ချင်း ပင်။
ထိုအခိုက်အတန့်၌ ယန်ပါးထောင်၏ အမြင်၌ လီချန်ချင်းက အတိုင်းအဆမဲ့သည်ဟု ထင်နေရဆဲဖြစ်သည်။
သူက ဘယ်လောက်ပဲ သန်မာလာပါစေ လီချန်ချင်းက သူ့ရှေ့မှ မကျော်လွှားနိုင်သည့် တောင်ကြီးတစ်တောင်ကဲ့သို့ ထင်ရပေသည်။
သူ လက်လှမ်းမမှီနိုင်ပေ။
" အခု မင်းက မူလအဆင့်ကို ရောက်လာပြီဆိုတော့ ငါတို့ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပြီ " လီချန်ချင်း က မထူးခြားစွာ ပြောလိုက်သည်။
ယန်ပါးထောင်၏ မျက်နှာက လေးနက်လာခဲ့သည်။
" ဟုတ်ကဲ့ ၊ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါမယ်"
ယန်ပါးထောင် မူလအဆင့်သို့ ရောက်ရှိသွားသည့် သတင်းက အပြင်သို့ ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိခဲ့ပေ။
ယန်မိသားစုအတွင်းမှ အကြီးအကဲအချို့သာ သိခဲ့ကြပေသည်။
အကြီးအကဲများသည်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြသည်။ ယန်မိသားစု၌ နောက်ဆုံးတော့ မူလအဆင့် တစ်ယောက်ရှိလာခဲ့ပြီး အင်အားကြီးသည့် မိသားစုတစ်စု ဖြစ်လာခဲ့ချေပြီ။
ထိုအချိန်မှာပင် ချန်ထင်မြို့ရှိ အဓိက မိသားစုများ အားလုံးက အဲ့ဒီနေ့ နေ့လည်ခင်း၌ ဖိတ်ကြားလွှာတစ်စောင်ကို လက်ခံရရှိခဲ့ကြသည်။
ယန်မိသားစု ခေါင်းဆောင်၏ သားဖြစ်သူ ယန်ယွီရှစ် ၏ မွေးနေ့ပွဲဖြစ်သည်။
သူတို့က အဓိက မိသားစုအားလုံး၏ ခေါင်းဆောင်များကို ဧည့်သည်အဖြစ် လာရောက်ရန် ဖိတ်ကြားခဲ့သည်။
ဤဖိတ်ကြားလွှာကို မြင်သည့်အခါ၌ အားလုံးက မျက်မှောင်ကြုတ်ခဲ့ကြသည်။
" ယန်မိသားစုက ဘာလုပ်ချင်နေတာလဲ" များသောအားဖြင့် စဉ်းစားတွေးခေါ်မှုအရှိဆုံးသူ ဖြစ်သည့် ကျောက်ရီချိုး က ဤဖိတ်ကြားလွှာအားမြင်သည်နှင့် မကောင်းတာတစ်ခုခုဖြစ်လာမည်ကို ကြိုသိနေခဲ့သည်။
ယန်မိသားစုက ၎င်း၏ ပြင်းထန်သည့် ရည်ရွယ်ချက်များအား ထုတ်ဖော်တော့မည်ဟု ခံစားနေရသည်။