← Chapters

ယန်မိသားစု၏ ဆန္ဒ

Vol. 9 Ch. 85

ယန်မိသားစု၏ ဆန္ဒ

Vol. 9 Ch. 85

" ယန်မိသားစုက .... လှုပ်ရှားမှုတစ်ခုလုပ်ဖို့ စီစဉ်နေပြီ" သူ့လက်ထဲမှ စာအားဖတ်ပြီးသည့်နောက်တွင် ပိုင်ကျင့်ဖေ က ဖြည်းညှင်းစွာထရပ်လိုက်ပြီး သူ့မျက်နှာ၌ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အရင်က ယန်မိသားစုထံသို့ လက်ဆောင်များဖြင့် အလည်အပတ်သွားပြီးသည့်အခါ၌ အရာအားလုံးက တည်ငြိမ်သွားခဲ့သည်။

ပြသနာက ပြီးသွားလိမ့်မည်ဟု သူတို့က ထင်ထားခဲ့ကြသည်။

တကယ်တော့ ယန်မိသားစုက မည်သည့်ဆုံးရှုံးမှုမှ မရှိခဲ့ပေ။

ယန်မိသားစုက ရေးကြီးခွင်ကျယ်မလုပ်ချင်ဘူးလို့ စဉ်းစားတာကြောင့် ဒီကိစ္စကို လွှတ်ပေးလိုက်သည်ဟု သူတို့က ယူဆခဲ့ကြသည်။

မာစန်းထောင် သေဆုံးသွားမှုနှင့်အတူ သူတို့၏ ဆုံးရှုံးမှုများကို မျိုသိပ်ထားရန်သာ တတ်နိုင်ခဲ့ကြပေသည်။

သူတို့က ယန်မိသားစုအား စီးပွားရေးလုပ်ငန်း၏ အများဆုံးဝေစုအား ပေးခဲ့ရသည်မှာ မြေကြီးလက်ခတ်မလွဲပေ။ သို့သော်လည်း ယနေ့ ယန်မိသားစု၏ ဖိတ်ကြားလွှာအရ သူတို့က ဤသည်နှင့် မကျေနပ်သေးသည်ကို အထင်အရှား ပြသလာခဲ့သည်။

" သူတို့က တကယ်ပဲ ဘာလုပ်ချင်နေတာလဲ" ပိုင်ကျင့်ဖေ က တံခါးဆီသို့ လျောက်လှမ်းသွားခဲ့ပြီး သူ့လက်ထဲမှ စာကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။ အပြင်ဘက်မှ အလုပ်များနေသည့် ယန်မိသားစုဝင်များကိုတွေ့ခဲ့ရသည်။ ထို့အပြင် သူတို့၏ သက်တမ်းတစ်ဝက်လောက် အလုပ်များနေခဲ့ကြသည့် အကြီးအကဲများကိုလည်း တွေ့ခဲ့ရသည်။

ပိုင်ကျင့်ဖေက အ‌တွေးထဲ၌ လမ်းပျောက်နေခဲ့သည်။

သူက မိသားစု ခြံဝင်းတစ်လျောက် ဖြည်းညှင်းစွာလမ်းလျောက်လာခဲ့ပြီး လမ်းတစ်လျောက်၌ လူအများက သူ့အား နှုတ်ဆက်နေခဲ့သော်လည်း ပိုင်ကျင့်ဖေက မကြားခဲ့ပေ။

သူသည် အရမ်းစိုးရိမ်နေပေသည်။

ယန်မိသားစုက သူတို့ပိုင်မိသားစု ပြန်ပြင်၍ မရနိုင်သည့် ထိခိုက်မှုကို ဖြစ်စေနိုင်သည့် ရက်စက်သည့်အရာတစ်ခုခု ပြုလုပ်မည်ကို သူ ကြောက်နေခဲ့သည်။

လျောက်လာရင်းဖြင့် ပိုင်ကျင့်ဖေ သည် ကြီးမားသည့် မိုးမခပင်ကြီး ဆီသို့ ရောက်လာခဲ့သည်။

နူးညံ့သည့် လေ‌ပြည်လေညှင်းက တိုက်ခတ်နေပြီး မိုးမခပင် အရွက်များက ပိုင်ကျင့်ဖေ၏ မျက်နှာ ဘေးမှ ပွတ်တိုက်သွားခဲ့သည်။

ဒီမိုးမခပင်က ပိုင်မိသားစု၌ ရှိနေသည်မှာ နှစ်ပေါင်းမည်မျှရှိနေပြီကို သူမမှတ်မိတော့ပေ။ သူ ကလေးတုန်းက ဤသစ်ပင်ကြီးအောက်၌ ဘောလုံးကစားနေသည်ကိုသာ ခပ်ရေးရေး မှတ်မိခဲ့ပေသည်။

သူ၏ ကလေးဘဝက သူငယ်ချင်းများနှင့်။

သို့သော်လည်း ယခုမူ သူ၏ ထိုသူငယ်ချင်းများက တစ်ကိုယ်တည်းထားခဲ့ကြပြီ။

ဤမိုးမခပင်ကြီးသာ ကျန်ခဲ့ပေသည်။

" ကျုပ်တို့ တကယ်ပဲ အမှားလုပ်ခဲ့မိတာလား" မာစန်းထောင် သေဆုံးသွားကတည်းက မိသားစုအားလုံးက ယန်မိသားစုအား သေဆုံးခြင်းအထိ အပြစ်ကျူးလွန်သည်နှင့် ညီမျှသည့် ဤခြေလှမ်းကို လှမ်းခဲ့ကြသည်ကို စိတ်မကောင်းဖြစ်နေခဲ့ကြသည်။

မာစန်းထောင် သေဆုံးသွားခဲ့ပြီး ယန်မိသားစု၌ သူ့အား သူတို့ပို့လိုက်သည်ဟူသည့် မည်သည့်သက်သေမှ မရှိသော်လည်း ထိုကဲ့သို့ ကိစ္စမျိုးက သက်သေလိုနေသေးလို့လား။

ဒါက ကတုံးနှင့်လူတစ်ယောက်ရဲ့ ခေါင်းပေါ်က သန်း လို ထင်ရှားနေတာ မဟုတ်လား။

သို့သော်ငြားလည်း ယန်ယွီရှစ်၏ မွေးနေ့ပွဲသတင်းက သိပ်မကြီးမားသည့် ချန်ထင်မြို့အနှံ့အား တစ်နေ့လည်တည်းနှင့် ပျံ့နှံ့သွားခဲ့ပေသည်။

ဤတစ်ကြိမ်၌ ယန်မိသားစုသည် မိသားစုအားလုံးနှင့် အထက်တန်းလွှာများဆီသို့ ဖိတ်ကြားလွှာများ ပို့ရုံသာမကဘဲ ချန်ထင်မြို့ရှိ လူအားလုံးအား လာရောက်စားသောက်ရန် ဖိတ်ကြားကာ ခမ်းနားထည်ဝါသည့် ဟန်အမူအရာ တစ်ခုကို ပြုလုပ်ခဲ့ပေသည်။

ထိုကဲ့သို့ ခမ်းနားထည်ဝါသည့် ဟန်အမူအရာက ချန်ထင်မြို့ရှိ လူများအား အမှန်တကယ်ညအံ့ဩသွားစေခဲ့သည်။

ယန်မိသားစု အိမ်တော်က ထိုမျှ လူအများအပြားမဝင်ဆံ့နိုင်သည့် အတွက် အခမ်းအနားအား လမ်းမပေါ်၌ပင် ပြင်ဆင်ထားခဲ့သည်။

လူအများက လွယ်လွယ်ကူကူပဲ စိတ်အနှောင့်အယှက်မဖြစ်ကြပေ။ သူတို့က မည်သည့်နေရာ၌မဆို စားသောက်နိုင်ပေသည်။

ဤခေတ်ကြီးတွင် ဘယ်သူက အခုလို အလကားစားရလိမ့်မလဲ။

သူတို့က ဘယ်နေရာမှာစားရမယ်ဆိုတာကို ဂရုစိုက်နေပါ့မလဲ။

သာမန်နေ့များ၌ သင်္ဘောဆိပ်မှ ကုန်ထမ်းသမားများက ဆန်ကြမ်းနှင့် ဆားစိမ်ထားသည့် အရွက်များကိုသာ စားနိုင်ပေသည်။ သို့သော်လည်း ယနေ့တွင် စားပွဲပေါ်မှ အသားများကို မြင်ပြီး သူတို့က ဗိုက်ဝလာဖို့ကို ဂရုမစိုက်ဘဲ ဝမ်းသာသွားကြသည်။

လူတိုင်းက ယန်မိသားစု၏ သဘောထားကြီးခြင်းကို ကျေးဇူးတင်နေကြသည်။

ယန်မိသားစုက တောက်ပစွာ လင်းထိန်နေပြီး ပျားပန်းခပ်မျှ စည်ကားနေကာ မသိသူများဆိုလျှင် ယန်မိသားစု၌ မင်္ဂလာပွဲကျင်းပနေသည်ဟု ထင်ကြလိမ့်မည်။

ယန်ယွီရှစ် က အတော်လေး နားမလည်နိုင်ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့မွေးနေ့က မရောက်သေးသည်ကို မှတ်မိနေခဲ့ပြီး ယန်မိသားစုက ပြင်ဆင်ထားသည့် မွေးနေ့ စားသောက်ပွဲက အတော်လေး လွန်ကဲနေသည်ဟု ထင်ပေသည်။

သို့သော်လည်း ယန်ယွီရှစ်က မေးခွန်းတွေအများကြီးမမေးခဲ့ပေ။ သူ၏ မိသားစုက ထိုသို့ပြုလုပ်ခြင်းအတွက် အကြောင်းအရင်း ရှိမည်ကို သူသိထားပေသည်။

လတ်တစ်လောတွင် ယန်ယွီရှစ်သည် ကျင့်ကြံခြင်းအတွက် ယန်မိသားစုမှ အရင်းအမြစ်များ အများအပြား ရရှိခဲ့ပေသည်။ လီချန်ချင်းမှ သူ့အားပေးခဲ့သည့် ကျားရုပ်ထုဖြင့် ယန်ယွီရှစ်၏ ကျင့်ကြံခြင်းက ကြီးကြီးမားမား တိုးတက်လာခဲ့ပြီဖြစ်သည်။

သူက တက်လှမ်းခြင်း အဆင့် ၈ သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။

သူက ကျားရုပ်ထုမှ အလွန်အစွမ်းထက်သည့် ခန္ဓာသန့်စင်ခြင်း ကျင့်စဉ် ဖြစ်သည့် " ကျားနတ်ဘုရားခန္ဓာ" ကိုပင် နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သည်။

ယန်ယွီရှစ် ကျင့်ကြံရန်အလို့ငှာ ယန်မိသားစုက အလွန်ရက်ရောသည်ဟု ဆိုနိုင်ပေသည်။

အနာဂါတ်၌ ယန်ယွီရှစ်က ပါရမီရှင်အဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်နေပြီး သူတို့က အရင်းအမြစ်များကို ဆက်တိုက် ထောက်ပံ့နေခဲ့သည်။

နေမွန်းမတည့်သေးသော်လည်း

လမ်းမများက ပျားပန်းခပ်မျှ စည်ကားနေကြပေသည်။

အဓိကမိသားစုအားလုံးမှ လူများသည်လည်း ယန်မိသားစု အိမ်တော် အပြင်ဘက်၌ ရောက်ရှိနေကြပြီးဖြစ်သည်။

" ဂုဏ်ပြုပါတယ် ၊ ဂုဏ်ပြုပါတယ် "

ရောက်လာသည်နှင့် သူတို့က လက်ဆောင်များ ပေးခဲ့ကြပြီး မိသားစုခေါင်းဆောင်အသီးသီး၏ မျက်နှာထက်၌ အပြုံးတစ်ခုရှိနေကာ အသွင်အပြင်ကို ထိန်းသိမ်းလျက် ကောင်းမွန်စွာ လုပ်ဆောင်နေကြသည်။

ယန်မိသားစု၏ အကြီးအကဲများက အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ကြပြီး အဓိကမိသားစုများ၏ ခေါင်းဆောင်များကို အတွင်းခန်းမသို့ ဦးဆောင်ခေါ်လာခဲ့ကြသည်။

ထိုနေရာ၌ စားသောက်စရာများအား ကြိုတင်ပြင်ဆင်ထားခဲ့ကြပြီး လူတိုင်းကို သူတို့၏ ထိုင်ခုံဆီသို့ ထိုင်ရန် ဖိတ်ခေါ်လာခဲ့သည်။

ဤနေရာက အတော်လေးတိတ်ဆိတ်ပေသည်။ လူတိုင်း ထိုင်ပြီးသည့်နောက်တွင် သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်လုံးထဲ၌ နားမလည်နိုင်ခြင်းများနှင့် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ သို့သော်လည်း ယန်မိသားစုက ဘာကိုမှ မပြောခဲ့ကြပေ။

သူတို့က စောင့်ပြီးကြည့်နေရုံသာ တတ်နိုင်ကြပေသည်။

" ခေါင်းဆောင် ပိုင် ရောက်ရှိလာပါပြီ "

" ခေါင်းဆောင် ကျောက် ရောက်ရှိလာပါပြီ "

ထိုအခိုက်အတန့်တွင် အပြင်ဘက်မှ အသံနှစ်သံ ထွက်ပေါ်လာခဲ့သည်။

ပိုင်ကျင့်ဖေ နှင့် ကျောက်ရီချိုး ဖြစ်သည်။

ထိုလူနှစ်ယောက် ရောက်ရှိလာသည်ကို ကြားပြီး ရောက်ရှိနေသည့် မိသားစုများမှ ခေါင်းဆောင်များက စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့ကြသည်။ ပိုင်မိသားစု နှင့် ကျောက် မိသားစုက သူတို့၏ အဓိက အထောက်အပံ့ဖြစ်သည်။ အကယ်၍ သူတို့နှစ်ယောက်သာ မရှိပါက သူတို့က တကယ်ကို ဘာလုပ်ရမယ်မှန်း သိကြမှာမဟုတ်ပေ။

ပိုင်ကျင့်ဖေ နှင့် ကျောက်ရီချိုး တို့ လျောက်လှမ်းလာသည်ကို တွေ့ပြီး လူတိုင်းက လျင်မြန်စွာထကာ သူတို့အား နှုတ်ဆက်လာကြသည်။

" ကျေးဇူးပြုပြီး လူကြီးမင်းတို့ရဲ့ ထိုင်ခုံမှာနေရာယူပေးပါ။ မိသားစုခေါင်းဆောင်က ကိစ္စတစ်ချို့ ဖြေရှင်းနေလို့ မကြာခင် ရောက်လာပါလိမ့်မယ် " ယန်မိသားစု၏ အကြီးအကဲတစ်ယောက်က ယဉ်ကျေးစွာပြောလာခဲ့သည်။

" ကောင်းပါပြီ " ဧည့်သည်များက သူတို့၏ ထိုင်ခုံ၌ ထိုင်နေကြသော်လည်း အိမ်ရှင်ကို ဘယ်နေရာမှာမှ ရှာမတွေ့ကြပေ။ ဤသည်က မည်သည့်နေရာ၌မဆို ကျင့်ဝတ်ပျက်ကွက်ခြင်းပင်။ အထူးသဖြင့် တက်ရောက်လာသည့် သူများအားလုံး၏ အဆင့်အတန်း မြင့်မားသော လူများဖြစ်နေကြခြင်းမှာ ပိုမို၍ ဆိုးရွားသွားခဲ့လေသည်။ အကယ်၍ တခြားနေရာ၌ ဖြစ်ခဲ့ပါက သူတို့က ထွက်သွားပြီးကြပြီဖြစ်သည်။

သို့သော်လည်း ဤသည်က ယန်မိသားစု၏ အိမ်တော်ဖြစ်ပြီး သူတို့က ထွက်မသွားဝံ့ကြပေ။

သူတို့က အတော်လေးစောင့်ဆိုင်းနေခဲ့ကြပြ အတော်များများက စိတ်မရှည်ကြတော့ပေ။

" နောက်ကျသွားတဲ့ အတွက် အားလုံးကို တောင်းပန်ပါတယ် "

ထိုအချိန်၌ လူနှစ်ယောက်က ဖြည်းညှင်းစွာ လျောက်လှမ်းလာခဲ့ကြသည်။

ဦးဆောင်လာသည့်သူက ယန်ပါးထောင်ဖြစ်ပြီး နောက်မှလိုက်လာသည့် လူက ယန်မိသားစု၏ အကြီးဆုံး အကြီးအကဲ ယန်လယ်ရှန့် ဖြစ်သည်။

" ဂုဏ်ပြုပါတယ် အစ်ကို ယန် " ယန်ပါးထောင် အားတွေ့သည်နှင့် လူတိုင်းက သူတို့၏ မကျေမနပ်ဖြစ်မှုများကို လျင်မြန်စွာ ဖုံးကွယ်ခဲ့ပြီး သူ့အား ဂုဏ်ပြုရန် ထရပ်လာခဲ့ကြသည်။

" ယွီရှစ် က ထူးထူးခြားခြားအရည်အချင်းရှိပြီးတော့ ပြန်လည်မွေးဖွားခြင်းအဆင့်ကိုရောက်ဖို့ နီးကပ်နေပြီလို့ ကြားတယ်။ ဒီလို အသက်အရွယ်မှာ ဒီလို အောင်မြင်မှုမျိုးက အနာဂါတ်မှာ သူ့အတွက် ပါရမီရှင်အဆင့်ကို တက်လှမ်းနိုင်ဖို့ အိပ်မက်တစ်ခုဖြစ်လာလိမ့်မယ်"

" ဘမျိုး ဘိုးတူ ဆိုတဲ့ စကားပုံက အစ်ကို ယန် နဲ့ ယွီရှစ်ကို ရည်ညွှန်းတာ ဖြစ်ရမယ် ၊ ဟုတ်တယ်မလား"

" ယွီရှစ်ကို ကလေးကတည်းက တွေ့ခဲ့ပြီး သူက အောင်မြင်မယ်ဆိုတာ သိနေခဲ့တယ်"

လူတိုင်း က သူ့အား ကမန်းကတန်း မြှောက်ပင့်နေခဲ့ကြသည်။

ကျောက်ရီချိုးနှင့် ပိုင်ကျင့်ဖေ၏ မျက်နှာက မဲမှောင်သွားခဲ့သည်။ ဒီလူတွေက သူတို့ ပြောရမယ့် စကားတွေကို အိမ်မှာ အစမ်းလေ့ကျင့်ထားကြတာလား။

" ခင်ဗျတို့အားလုံးက အရမ်းကြင်နာကြတာပဲ" ယန်ပါးထောင်က ပြုံးကာ " ခင်ဗျားတို့ရဲ့ အလုပ်များနေတဲ့ အချိန်ဇယားတွေကြထဲကနေမှ ကျုပ်သား ရဲ့ မွေးနေ့အခမ်းအနားကို ရောက်လာပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ကျုပ်ကို ဆုတောင်းပေးကြပါဦး"

ဤသို့နှင့် ယန်ပါးထောင်က သူ၏ ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး ယန်လယ်ရှန့် က သူ့အား သေရည် ငှဲ့ပေးခဲ့သည်။

လူတိုင်းက လျင်မြန်စွာဖြင့် သူတို့၏ ကိုယ်ပိုင်သေရည်ကို ငှဲ့လိုက်ကြပြ ယန်ပါးထောင်နှင့်အတူ ဆုတောင်းမင်္ဂလာပြုခဲ့ကြသည်။

သောက်ပြီးသည့်နောက်တွင် လူတိုင်းက ငြိမ်သက်နေကြပြီး ယန်မိသားစု၏ ရည်ရွယ်ချက်ကို သိချင်နေခဲ့ကြသည်။

" အားလုံးပဲ ဒီနေ့ ဒီကို ဖိတ်ကြားလိုက်ရတာကတော့ သတင်းကောင်းတစ်ခုကို မျှဝေချင်လို့ပါပဲ " ယန်ပါးထောင်က အပြုံးနှင့် ပြောခဲ့သည်။ "ကျုပ်တို့ မိသားစုတွေက ချန်ထန်မြို့မှာ ရှည်ကြာတဲ့ သမိုင်းကြောင်းရှိပါတယ်။ ကျုပ်တို့ကအားလုံးက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြတာ‌မို့ တစ်ခုခုကို အတူဆွေးနွေးနိုင်မယ်လို့ ထင်ပါတယ်"

ရောက်လာပြီပဲ။

လူတိုင်း၏ နှလုံးက တစ်ချက်ခုန်လာခဲ့ကြသည်။

သို့သော်လည်း ဘယ်သူကမှ မတုန့်ပြန်ခဲ့ကြပေ။

" အစ်ကို ယန် ဆိုလိုတဲ့ သတင်းကောင်းဆိုတာက ဘာလဲဆိုတာ ကျုပ်သိချင်ပါတယ် " ပိုင်ကျင့်ဖေ က လူအုပ်အားတစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေးမေးလိုက်သည်။

" ဟုတ်တာပေါ့ ၊ အဲ့တာက ကျုပ်တို့ရဲ့ စီးပွားရေး ချဲ့ထွင်ဖို့အကြောင်းပါပဲ" ယန်ပါးထောင်က ပိုင်ကျင့်ဖေ အားကြည့်ကာ " အစ်ကို ပိုင် ကျုပ်တို့က နည်းနည်းမှ မငယ်ကြတော့ပါဘူး။ ကျုပ်တို့က ကျုပ်တို့ရဲ့ အကြီးအကဲတွေဆီက စီးပွားရေးကို လက်လွဲယူပြီး နောက်မျိုးဆက်ကို လက်လွဲပေးဖို့စောင့်နေရင်း ဒီချန်ထင်မြို့ သေးသေးမှာ သံသရာလည်နေခဲ့ကြတယ်"

" တကယ်ပဲ ကျေနပ်အားရရဲ့လား အစ်ကို ပိုင် "

ယန်ပါးထောင်၏ မေးခွန်းအား ကြားပြီးသည့်နှင့် လူတိုင်းက ငြိမ်သက်ကျန်နေခဲ့ကြသည်။

သူတို့တတ်နိုင်မယ်ဆိုရင် ဘယ်သူက မချမ်းသာချင်ဘဲနေမှာလဲ။

ဘယ်သူက သူတို့ရဲ့ မိသားစု စီးပွားရေးကို ချဲ့ထွင်ပြီး တခြားနေရာကို မရောက်ချင်မှာလဲ။

ချန်ထင်မြို့လေးက တကယ်ပင် ငြိမ်းချမ်းပြီး သူတို့၏ မိသားစုများက ဒီနေရာ၌ လေးစားဖွယ်ကောင်းပေသည်။ သို့သော်လည်း အပြင်၌ သူတို့အား ဘယ်သူက သိလိမ့်မလဲ။

နှစ်တွေကြာလာတာနှင့် သူတို့သာမက ပိုင်မိသားစုနှင့် ကျောက်မိသားစုကဲ့သို့ မိသားစုကြီးများသည်လည်း ပါရမီရှင်အဆင့် ကျင့်ကြံသူကို ဘယ်တုန်းကမှ မပျိုးထောင်နိုင်ခဲ့ကြပေ။

ဒါက တကယ်ပဲ အရည်အချင်းကြောင့်လား။

ဒါမှမဟုတ်ရင် အရင်းအမြစ်တွေကြောင့်လား။

သူတို့ မိသားစု၏ အစွမ်းအစဖြင့် အလယ်အလတ်အဆင့် ပန်းချီဆရာ၏ ပန်းချီကား အား ရရှိခြင်းက အတော်လေး အောင်မြင်မှုပင် ဖြစ်သည်။

အထက်တန်းအဆင့် ပန်းချီဆရာများ၏ လက်ရာများက ရှားပါးကာ သူတိူ့ တက်နိုင်ရန်မတွက် အရမ်း ဈေးကြပေသည်။

ဘယ်လိုလုပ် ပါရမီရှင်အဆင့်ကို ရောက်နိုင်မှာလဲ။

ပါရမီရှင် ကျင့်ကြံသူတစ်ယောက်မရှိဘဲ ချန်ထင်မြို့မှ ထွက်သွားရန်က သူတို့မိသားစုအတွက် အိပ်မက်တစ်ခု ဖြစ်ပေလိမ့်မည်။

" အစ်ကို ယန် ဒါက ဘာမှပြောစရာမရှိပါဘူး " ပိုင်ကျင့်ဖေ ခနဲ့လိုက်သည် "ယန်မိသားစုက ချန်ထင်မြို့ကထွက်မသွားပါဘူး။ တကယ်လို့ ခင်ဗျားမှာ ပြောစရာရှိတယ်တိုရင် အဲ့ဒါကိုပဲ ပြောပါ"

" ကောင်းပါပြီ အစ်ကို ယန် က ဖြောင့်မတ်တာမို့ ကျွန်တော်က က ဝေ့လည်ကြောင်ပတ်မလုပ်တော့ပါဘူး" ယန်ပါးထောင်က သူ၏ ဝိုင်ခွက်ကို ချလိုက်ပြီး လူအုပ်အား စေ့စေ့ကြည့်ခဲ့သည်။

" ချုံပြီးပြောရရင် ကျုပ်တို့ ယန်မိသားစုက နယ်မြေအသစ်ကို ချဲ့ထွင်ပြီး ချန်ထင်မြို့က ထွက်သွားချင်တယ်"

" ကျုပ်ရဲ့ ယန်မိသားစုတင် ထွက်သွားချင်တာမဟုတ်ဘဲနဲ့ ခင်ဗျားတို့အားလုံးကိုလည်း ကျုပ်နဲ့အတူခေါ်သွားချင်တယ်" ယန်ပါးထောင်က ပြောခဲ့သည်။ "ကျုပ်တို့အားလုံး အတူတူ ပိုက်ဆံရှာနိုင်တယ်"

ဤသည်ကို ကြားပြီး လူတိုင်းက ငြိမ်သက်လျက်ရှိနေကြသည်။

သူတို့၏ အမူအရာများက မပြောင်းလဲကြသော်လည်း ယန်ပါးထောင်၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကိုသူတို့အားလုံးက ခန့်မှန်းနေကြသည်။

" အကို ယန် ရဲ့ ထွက်ခွာဖို့ အစီအစဉ်က ဘယ်လိုပါလဲ" တစ်လျောက်လုံး ငြိမ်သက်နေခဲ့သည့် ကျောက်ရီချိုးက တည်ငြိမ်စွာ မေးခဲ့သည်။ "ပြီးတော့ ' ငါတို့အားလုံးကို မင်းနဲ့အတူခေါ်သွားမယ်' ဆိုတာက ဘာကို ဆိုလိုတာလဲ"

ယန်ပါးထောင်က မတုန့်ပြန်ခဲ့ပေ။ သို့သော်လည်း သူ့နောက်မှ ရပ်နေခဲ့သည့် ယန်လယ်ရှန့် က ပြောလာခဲ့သည် " ကျုပ်တို့ရဲ့ မိသားစုခေါင်းဆောင် ဆိုလိုတာက အတော်လေး ရိုးရှင်းပါတယ်"

" တကယ်လို့ ခင်ဗျားတို့အားလုံးက ချန်ထင်မြို့ကထွက်သွားချင်မယ်ဆိုရင် ခင်ဗျားတို့မိသားစုရဲ့ အင်အား ကို ထပ်ပြီး တိုးလာစေဖို့အတွက် ကျုပ်တို့က စည်းလုံးကြရမယ်။ ဒါပေမယ့် အဲ့ဒီခွန်အားမျိုးရဖို့ဆိုတာ မိသားစုတစ်စုတည်းရဲ့ ခွန်အားနဲ့ မဖြစ်နိုင်ဘူး"

" ဒါကြောင့်ကျုပ်တို့ ယန်မိသားစုက ခင်ဗျားတို့အားလုံးနဲ့ မဟာမိတ်ဖွဲ့ချင်တာ။ တကယ်တော့ ကျုပ်တို့က နှစ်ပေါင်းရာနဲ့ ချီအောင် အိမ်နီးချင်းတွေဖြစ်ခဲ့ကြတာပဲလေ။ ကျုပ်တို့ ဘိုးဘေးတွေကတည်းက ကျုပ်တို့က တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့ကြတာ။ ကျုပ်တို့က စည်းလုံးနိုင်မယ်ဆိုရင် ကျုပ်တို့က ဒီထက်ပိုဝေးဝေးသွားန်ိုင်မှာ"

" မဟာမိတ်လား"

ယန်လယ်ရှန့် ၏ စကားများက လူတိုင်း၏ မျက်နှာထားကို ပြောင်းလဲသွားစေခဲ့သည်။

မဟာမိတ်လို့ ခေါ်သည်က နားထောင်လို့ကောင်းပေသည်။ သို့သော်လည်း လူတိုင်းက ဤစကားလုံး၏ အဓိပ္ပါယ်ကို ချက်ချင်း နားမလည်ခဲ့ကြပေ။

ယန် မိသားစုက သူတို့ကို လက်ဝါးကြီးအုပ်ချင်နေတာပဲ !

" တကယ်လို့ ကျုပ်တို့က မဟာမိတ်ဖွဲခဲ့မယ်ဆိုရင် ခေါင်းဆောင်တစ်ယောက် ရှိရမှာပဲ။ ဒါဆို အဲ့ဒီ ခေါင်းဆောင်က ဘယ်သူလဲ" ပိုင်ကျင့်ဖေက ဒေါသထွက်စွာ ကြိမ်းဝါးခဲ့သည်။

သူက ယန်ပါးထောင်အား စူးစိုက်စွာ စိုက်ကြည့်နေခဲ့သည်။

" ကျုပ်တို့ ကျောက်မိသားစုက မပူးပေါင်းဖို့ ရွေးချယ်မယ်ဆိုရင် ဘာဖြစ်မလဲ" ကျောက်ရီချိုးသည်လည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သူ၏ မျက်လုံးများက ခက်ထန်လာခဲ့သည်။

သူမလာခင်က ယန်မိသားစုက တစ်ခုခုလုပ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယန်မိသားစုက လောဘကြီးကာ သူတို့အားလုံးအား လက်ဝါးကြီးအုပ်ချင်နေမည်ဟု မထင်ထားခဲ့ပေ။

သူတို့က မနိုင်ဘဲနဲ့ ဒုက္ခတွေ့မှာ မကြောက်ဘူးလား။

မိသားစုနှစ်စုမှ မေးခွန်းမေးခြင်းကို ရင်ဆိုင်ပြီး ယန်ပါးထောင်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်" တကယ်လို့ ကျုပ်တို့က မဟာမိတ်ဖွဲ့ခဲ့ရင် ကျုပ်ရဲ့ ယန်မိသားစုက ခေါင်းဆောင်ဖြစ်လိမ့်မယ်။ ပြီးတော့ ကျောက်မိသားစုနဲ့ ပိုင်မိသားစုက လက်ထောက်ခေါင်းဆောင် ‌ဖြစ်နိုင်ပါတယ်။ ကျုပ်တို့က စည်းလုံးမှုကို ရှေးတန်းတင်ထားမှာပါ"

" မပူးပေါင်းဘူးဆိုရင်တော့ ... " ယန်ပါးထောင်က သူ့လက်ထဲမှ ဝိုင်ခွက်ကို လှုပ်ယမ်းနေရင်း အချိန်အတော်ကြာ ရပ်နေခဲ့ပြီးနောက် သူက တစ်ခွန်းတည်းသာ ပြောခဲ့သည်: " ဘာဖြစ်မယ်ဆိုတာတော့ ကျုပ်လဲမသိဘူး"

All Chapters