စည်းတီတုံးနဲ့ ဓားတစ်ချောင်း ဖြစ်ချင်တယ်
Vol. 9 Ch. 87
ဤလှုပ်ရှားမှုတစ်ခုကြောင့် သူတို့၏ နားလည်မှုက ပြိုကွဲသွားခဲ့ပြီဖြစ်သည်။
" အကြီးအကဲ လီချန်ချင်း ကို နှုတ်ဆက်ပါတယ်" နှစ်ယောက် က လျင်မြန်စွာထလိုက်ပြီး လီချန်ချင်းအား လေးစားစွာ အရိုအသေပေးလာခဲ့ကြသည်။
သူတို့၏ စိတ်ထဲ၌ ကသောင်းကနင်းဖြစ်နေခဲ့ကြသည်။ သူ၏မျက်နှာထက်၌ အပြုံးတစ်ခုနှင့် လီချန်ချင်း၏ နောက်၌ ရပ်နေသည့် ယန်ပါးထောင်အားတွေ့ပြီး သူတို့က အရာအားလုံးကို နားလည်ခဲ့ကြသည်။
လီချန်ချင်းက ယန်မိသားစု၏ ကျောထောက်နောက်ခံ ဖြစ်သည်။
ယန်ပါးထောင်၏ မူလအဆင့်သို့တက်လှမ်းလာခြင်းက လီချန်ချင်းနှင့် တစ်စုံတစ်ခု ပတ်သက်နေရပေမည်။
သူတို့နှစ်ယောက်လုံးက အရူးမဟုတ်ကြပေ။ တကယ်တော့ ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူဖြစ်သည့် လီချန်ချင်းအတွက် အသုံးမကျသည့် ပန်းချီဆရာတစ်ယောက်က လှည့်စားထားသည့် အပြင်ပန်းပုံစံဖြစ်သည်ကို သူတို့က နားလည်ခဲ့ကြပေသည်။
" မကြောက်ကြပါနဲ့ ။ ငါက မင်းတို့နဲ့ စကားပြောချင်ရုံပါပဲ။ ထိုင်ပါဦး " လီချန်ချင်းက သူ့လက်များဖြင့် လက်ဟန်ခြေဟန်ပြလိုက်ပြီး နှစ်ယောက်က လျင်မြန်စွာ ထိုင်ချခဲ့ပြီး လီချန်ချင်းအား နှိမ့်ချသည့် အမူအရာဖြင့် ကြာ့်နေခဲ့ကြသည်။
" ချန်ထင်မြို့က မိသားစုတွေ ပူးပေါင်းပြီး မဟာမိတ်ဖွဲ့ဖို့ စိတ်ကူးက ငါ့စိတ်ကူးပဲ" လီချန်ချင်းက အေးအေးဆေးဆေးပြောလိုက်သည် " ချန်ထင်မြို့မှာ ဘဝတစ်သက်တာလုံး ပိတ်မိနေတာက ခင်ဗျားတို့ လိုချင်တဲ့အရာမဟုတ်ဘူး"
" ဒါကြောင့် ပူးပေါင်းဖို့ နဲ့ စွန့်စားဖို့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်။ ခင်ဗျားတို့မိသားစုတွေမှာ ပိုကောင်းတဲ့ အနာဂါတ်တွေရှိလာလိမ့်မယ်။ အရင်းအမြစ်တွေ ပေါများလာတဲ့အခါကျရင် ခင်ဗျားတို့ မိသားစုနှစ်စုက မူလအဆင့် မိသားစုတွေ ဖြစ်လာလိမ့်မယ်။ ပြီးတော့ မိသားစုထဲမှာ မူလအဆင့် တပည့်တွေရှိဖို့ဆိုတာက အိပ်မက်တစ်ခု မဟုတ်တော့ဘူး"
လီချန်ချင်းက သူတို့အတွက် ကြီးမားသည့်မုန့်နှစ်ခုကို ချက်ချင်းရေးဆွဲနေခဲ့သည်။
" အကြီးအကဲ မှန်ပါတယ်"သူတို့နှစ်ယောက်က လီချန်ချင်း၏ စကားများကို ထောက်ခံရင်း ခေါင်းညိမ့်ခဲ့ကြသည်။
မိသားစုသုံးစု၏ အစွမ်းနှင့်ဆိုရင် စွန့်စားပြီး စီးပွားရေးလုပ်ဖို့ သေချာပေါက် အခွင့်အရေးရှိပေသည်။
ပါရမီရှင်အဆင့် တပည့်များနှင့် ထိုမိသားစုများအား မယှဉ်နိုင်လျှင်ပင် ချန်ထန်မြို့၌ နေသည်ထက် ပို၍ ကောင်းမွန်နေဆဲဖြစ်သည်။ အခွင့်အလမ်းက ပိုကြီးမားသော်လည်း မိသားစုသုံးစုက သူတို့၏ကိုယ်တိုင် အမြဲတမ်းထိန်းသိမ်းထားရပေမည်။
မဟာမိတ်ဖွဲ့ဖို့ စိတ်ကူးက အိပ်မက်ပင် ။
ဘယ်သူက ဘယ်သူ့ကို ယုံကြည်နိုင်မှာလဲ။
သို့သော်လည်း ယခု လီချန်ချင်းနှင့်က ကွာခြားပေသည်။
ထိုကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်၏ စောင့်ရှောက်မှုဖြင့်ဆိုလျှင် သူတို့က လွယ်လွယ်ကူကူ သဘောတူပေသည်။
ထို့အပြင် လီချန်ချင်းက သူတို့အား ထောက်ပံ့နေပါက တခြား ကုန်သွယ်ရေး လုပ်ငန်းများ၏ အစွမ်းအား ကြောက်ရွံ့ခြင်း မရှိတော့ပေ။
မင်းကို ကျောထောက်နောက်ခံလုပ်ပေးတဲ့ ပါရမီရှင်အဆင့် တပည့်တစ်ယောက်ရှိလား။
ဒါဆိုရင် ငါတို့က ဘယ်သူ့ကို ကြောက်နေတာလဲ။
ယန်ပါးထောင်၏ ရိုကျိုးနေသည့် ပြုမူပြောဆိုပုံကို တွေ့ပြီး လီချန်ချင်း၏ ကျင့်ကြံခြင်းက သာမန်မဟုတ်သည်မှာ ထင်ရှားပေသည်။ သူတို့က စွမ်းအားကြီးမားသည့် လီချန်ချင်း၏ ခွန်အားကို မျက်မြင်တွေ့ခဲ့ကြပြဖြစ်သည်။
ထိုအခိုက်အတန့်၌ သူတို့၏ မျက်လုံးထဲ၌ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ရှိနေခဲ့သည်။
သူတို့ ချန်ထင်မြို့ကထွက်လာနိုင်တာနဲ့ သူတို့က လီချန်ချင်းပြောသည့် အမြင့်ကို တကယ်ရောက်နိုင်ပေသည်။
" ကုန်သွယ်ရေးလုပ်ငန်းအတွက်တော့ မိသားစုခေါင်းဆောင် ယန် က ခင်ဗျားတို့ကို ပြောသင့်တယ်။ ဒါကြောင့် ကျုပ်က ခင်ဗျားတို့ကို တွေ့ဖို့လာခဲ့တာ။ ခင်ဗျားတို့က ကုန်သွယ်ရေးလုပ်ငန်းကို ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလို သဘောထားမယ်လို့ မျှော်လင့်ပါတယ်"
"တကယ်လို့ ခင်ဗျားတို့ ကောင်းကောင်းလုပ်မယ်ဆိုရင် ခင်ဗျားတို့ ကိုယ်ပိုင်မိသားစုတွေအတွက်လည်း အကူအညီရလိမ့်မယ်။ ထပ်ပြောရရင် အခုလောလောဆယ်မှာ ယန် မိသားစုခေါင်းဆောင် က ကောင်းကောင်းလုပ်ဆောင်ခဲ့တာကြောင့် ဒီနေ့မှာ မူလအဆင့်ကို ရောက်လာခဲ့ပြီ။ ခင်ဗျားတို့နှစ်ယောက် ကောင်းကောင်းလုပ်မယ်ဆိုရင်လည်း ခင်ဗျားတို့ကိုလည်း အဲ့ဒီအဆင့်ရောက်အောင် ကျုပ်ကူညီပေးမယ်" သူတို့က မုန့်အကြီးကြီးကို မြိုမချနိုင်ခင်မှာပင် လီချန်ချင်းက သူတို့ပါးစပ်ထဲသို့ နောက်တစ်ခုထည့်ပေးခဲ့သည်။
သူတို့က စားချင်သည်ဖြစ်စေ ၊ မစားချင်သည်ဖြစ်စေ ဤမုန့်အား စားကိုစားရပေမည်။ အကယ်၍ သူတို့က မစားပါက လီချန်ချင်းက သူတို့အား ကျွေးဖို့ တစ်ခုခုကို ရှာဖွေပေလိမ့်မည်။
သို့သော်လည်း လီချန်ချင်း ရေးဆွဲထားသည့် မုန့်က အမှန်တကယ် သူတို့ အကြိုက်ပင်!
မူလအဆင့် !
ဤသည်က သူတို့အိပ်မက်မက်ထားသည့် အဆင့်ဖြစ်ပေသည်။
အထူးသဖြင့် ယန်ပါးထောင်က မူလအဆင့်သို့ ရောက်ရှိသွားကတည်းက သူတို့က ဤအဆင့်အား ပို၍ပင် စိတ်အားထက်သန်ခဲ့ကြသည်။
" ကျုပ်တို့က အကြီးအကဲ ချန်ချင်းရဲ့ သင်ကြားမှုကိုလိုက်နာပြီး ကြိုးစားပါ့မယ်" ပိုင်ကျင့်ပေ နှင့် ကျောက်ရီချိုးတို့က ရိုးသားစွာပြောခဲ့သည်။
" တခြားမိသားစုတွေရဲ့ ကိစ္စတွေကို မင်းတို့ဆီပဲ အပ်လိုက်တော့မယ်" လီချန်ချင်းက သူတို့အား ကြည့်နေခဲ့သည်။ ချန်ထင်မြို့က မိသားစုများက ပြန်သွားကြပြီးသည့်ေနာက်တွင် ကျောက်မိသားစု နှင့် ပိုင်မိသားစု ၏ ကြေညာချက်ကို စောင့်နေကြသည်မှန်း သူကောင်းကောင်းသိပေသည်။
လူအများစုက သူတို့၏ ရွေးချယ်မှုနောက်သို့ လိုက်ရန် ရွေးချယ်ကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထိုမိသားစုငယ်လေးများက အခြေခံအားဖြင့် ရွေးချယ်မှုမရှိကြသောကြောင့်ဖြစ်သည်။
နှစ်ယောက်က လီချန်ချင်း၏ ဆိုလိုချက်ကို နားလည်ပြီး သူတို့ကိုယ်တိုင် ခွင့်တောင်းခဲ့ကြသည်။
သူတို့နှစ်ယောက်အား ပြန်ပို့ပြီးသည့်နောက်တွင် ယန်ပါးထောင်သည် လီချန်ချင်းဆီသို့ ပြန်လာခဲ့သည်။
" မဟာ အကြီးအကဲ ၊ ကျွန်တော် မိသားစုထဲက အကြီးအကဲတွေနဲ့ တိုင်ပင်ပြီးတော့ ကုန်သွယ်ရေး လုပ်ငန်း နာမည်ကို 'ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်း' လို့ နာမည်ပေးချင်ပါတယ်။ အကြီးအကဲ ဘယ်လိုထင်ပါသလဲ" ယန်ပါးထောင်သည် လီချန်ချင်းအားပြောခဲ့သည်။
' ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းလား' လီချန်ချင်းက မျက်ခုံးပင့်သွားခဲ့သည်။ သူက နာမည်ကို သဘောကျပေသည်။ သို့သော်လည်း ဤကုန်သွယ်ရေးလုပ်ငန်းသည် မိသားစုများစွာဖြင့်ဖွဲ့စည်းထားပြီး ယန်မိသားစုက ဦးဆောင်ထားပေသည်။ သူ့နာမည်ကို သုံးဖို့ မသင်တော်ဘူးမလား။
" ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးလုပ်ငန်းက အမြဲတမ်း စိမ်းလန်းစိုပြေနေမယ်ဆိုတဲ့ သင်္ကေတပါပဲ" ယန်ပါးထောင်က အပြုံးတစ်ခုနှင့် ပြောခဲ့သည်။
" ဒါဆိုရင် ကန့်ကွက်စရာမရှိပါဘူး" ၎င်းက ယန်ပါးထောင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြစ်သည့်အတွက် လီချန်ချင်းက သဘောတူခဲ့သည်။
" ဒါ့အပြင် မဟာ အကြီးအကဲ အရင်က ပြောတဲ့ စိတ်ကူးကရော တကယ် အဆင်ပြေရဲ့လား" ယန်ပါးထောင်က မေးခဲ့သည် " ကျွန်တော်တို့ ကုန်သွယ်ရေး လုပ်ငန်းက တိုးတက်ချင်တယ်ဆိုရင် အဲ့ဒီ ကဏ္ဍတွေကနေ စတင်ဖို့ တကယ်လိုအပ်တာလား"
" ဒါပေါ့" လီချန်ချင်း က ပြောခဲ့သည် " ယွမ်လင်း ကုန်သွယ်ရေး လုပ်ငန်းဖြစ်စေ ၊ မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းဖြစ်စေ သူတို့ရဲ့ ပုံစံတွေက အတူတူနီးပါးပဲ။ အားလုံးက တူညီတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ အခြေခံထားတာ"
" သူတို့နှစ်ခုလုံး ဘာလို့ အချိန်အကြာကြီး လည်ပတ်နေနိုင်တာလဲဆိုတဲ့ အကြောင်းအရင်းက မင်ဟုန် ခရိုင်က ဈေးကွက်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ မတတ်နိုင်ခဲ့ဘဲ နေရာအနှံ့မရောက်နိုင်ခဲ့လို့ပဲ။ ဒါကြောင့် သူတို့က ကုန်သွယ်ရေးလုပ်ငန်းသေးလေးတွေကို အသက်ရှူဖို့ အခွင့်အရေးပေးခဲ့တာ။
" တကယ်လို့ ငါတို့က ဝေစုကိုရဖို့ အတင်းအကျပ်လိုချင်မယ်ဆိုရင် ငါတို့က တိုးတက်ဖို့ ခဲယဉ်းလိမ့်မယ်။ ငါတို့ ယန်မိသားစုရဲ့ အမှတ်တံဆိပ် အထည် တွေလိုမျိုးပဲ။ ကျောက်မိသားစုကလည်း ဝေစုလိုချင်ပေမယ့် သူတို့က မရနိုင်ဘူး။ ချန်ထင်မြို့က အရမ်းသေးတယ်။ ငါတို့ယန်မိသားစု တစ်ခုတည်းက ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားခဲ့တော့ သူတို့အတွက် အခွင့်အရေးမကျန်တော့ဘူး"
" တိုးတက်မှုက နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ သူတို့က မင်ဟုန်ခရိုင်ကို ခွဲဝေပြီးကြပြီ။ တကယ်လို့ ငါတို့ ပူးပေါင်းမယ်ဆိုရင် ဘာပြဿနာမှဖြစ်မှာမဟုတ်ပေမယ့် ဈေးကွက်က လက်ခံမှာမဟုတ်တာတစ်ခုပဲ။ ဒါကြောင့် ငါတို့က မတူတဲ့လမ်းကြောင်းကို ဖောက်ရမှာ"
ယန်ပါးထောင်သည် လီချန်ချင်း ပြောသည်ကို နားလည်သွားခဲ့သည်။
" ဒါပေမယ့်လည်း ကျွန်တော်တို့က ပါဝင်မယ်ဆိုရင် အဲ့ဒီ ကုန်သွယ်ရေးလုပ်ငန်းအသေးစားလေးတွေက ရှင်သန်ဖို့ ခက်ခဲသွားလိမ့်မယ်။ သူတို့က အခု ရနေတယ်ဆိုရုံပဲရှိတာ။ ဒါပေမယ့် ကျွန်တော်တို့က တကယ် ကြားဖြတ်လိုက်မယ်ဆိုရင် သူတို့က အရိုးတွေပဲ ကျန်တော့မှာ" ယန်ပါးထောင်က ခါးသက်သည့် အပြုံးတစ်ခုဖြင့် ပြောခဲ့သည်။
" ဒါဆိုရင် ဈေးကွက်က ဘယ်လိုဖြစ်မှာလဲ။ လည်ပတ်ဖို့ နည်းလမ်းမရှိဘူး" လီချန်ချင်းက ခေါင်းခါခဲ့သည် " အသင့်တော်ဆုံးရှင်သန်ခြင်း ၊ သူတို့က အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်မထားခဲ့ဘူးဆိုရင် နောက်ဆုံးမှာ ဖယ်ရှားခံရမှာပဲ"
ဤသည်ကို ပြောပြီး လီချန်ချင်းသည် တကယ်ကို စိတ်လှုပ်ရှားသွားခဲ့သည်။
သူ၏ အရင်ဘဝ၌ ပန်းပုဆရာတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းက အလွန် ရေပန်းစားသည် ။
ထွင်းထုထားသည့်အရာများအား အနုပညာလက်ရာများဟု ခေါ်နိုင်ပေသည်။ သို့သော်လည်း နည်းပညာတိုးတက်လာသည်နှင့်အမျှ ပန်းပုထုသည့် စက်များပေါ်ထွက်လာခဲ့သည်။ ပန်းပုလက်ရာက လှပပြီး အနုစိတ်ရုံသာမက အရှိန်ကလည်း သိသိသာသာပိုမြန်ပေသည်။
သစ်သားတုံးကြီးတစ်တုံးအား လက်ဖြင့် ထွင်းထုခြင်းက တစ်လခန့်အချိန်ကြာသော်လည်း စက်က တစ်ရက်တည်းဖြင့် တစ်ပုံတစ်ခေါင်း ထုပေးနိုင်ပေသည်။
ဤကမ္ဘာ၌ ရက်များစွာကုန်ဆုံးခဲ့ပြီး လီချန်ချင်း သည် နားလည်သဘောပေါက်လာခဲ့သည်။
သူ၏ အရင်ဘဝ၌ သူက တခြားသူများ ပြုသမျှနုရသည့် တုံးအပြီး ရိုးသားသည့် သူတစ်ယောက်ဖြစ်သည်။
ဤဘဝ၌ သူ၏ ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်ရမည်ဖြစ်သည်။
သူက အစားမခံချင်လျှင် သူက စားတဲ့သူ ဖြစ်ရပေမည်။
" မင်း တစ်ယောက်ယောက်ကို သတ်ခဲ့တာလား" လီချန်ချင်းက ယန်ပါးထောင်အား တစ်ချက်ကြည့်ခဲ့သည်။
" ဟုတ်ပါတယ် " ယန်ပါးထောင်က ခေါင်းညိမ့်ခဲ့သည်။ " ကျွန်တော်တို့က မျောက်ကို ခြောက်ဖို့ ကြက်ကို မသတ်ဘူးဆိုရင် သူတို့မှာ တခြား ရှုပ်ထွေးပွေလီတဲ့ စိတ်ကူးတွေရှိနေဦးမှာ။ အဲ့ဒါအပြင် သူတို့က ဒီကိစ္စအတွက် ကျုပ်တို့ ယန်မိသားစုကို ဖြေရှင်းချက်ပေးရမှာ"
" ဒီကိစ္စမှာ သူတို့အားလုံးရဲ့ လက်ချက်ပါပေမယ့် မာစန်းထောင် ကို ခေါ်လာတဲ့သူက ရွယ်ဟုန်ပဲ။ ဒါကြောင့် သူကို ကျွန်တော်က ဉပမာပြခဲ့တာ"
" ရွယ်ဟုန်က မူလအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်လာနိုင်တယ်။ မင်း သူ့ရဲ့ နောက်ခံကို စုံစမ်းပြီးပြီလား " လီချန်ချင်းက စိတ်ဝင်စားစွာမေးခဲ့သည်။
" ရွယ်ဟုန်ရဲ့ ဝမ်းကွဲယောက်ဖက ကျန့်ဟယ် ဌာန မှာ အလုပ်လုပ်တာ" ယန်ပါးထောင်က ပြန်ဖြေခဲ့သည်။ " သူ့ရဲ့ ယောက်ဖ နာမည်က ကျိုးရွှင်း။ မာစန်းထောင်ကို သူခေါ်လာတာ။ သူက မာစန်းထောင် ကျန့်ဟယ် ဌာနမှာ အလုပ်လုပ်တုန်းက သိခဲ့တာ။ မာစန်းထောင် ကျန့်ဟယ်ဌာနကနေထွက်သွားပြီးတဲ့နောက်မှာ သူက မာစန်းထောင်နဲ့ တိတ်တဆိတ်ဆက်သွယ်နေတုန်းပဲ"
" ဒါက ငါတို့ကို ပြဿနာမဖြစ်စေဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင်လည်း ငါ့ကိုချက်ချင်းပြောပါ" ကျန့်ဟယ် ဌာနအကြောင်း ကြားရပြီး လျော့တွက်လို့မရသည့် အင်အားတစ်ခုဆိုသည်ကို လီချန်ချင်း သိခဲ့ပေသည်။
ကျန့်ဟယ်ဌာနက မင်ဟုန်ခရိုင်၌မဟုတ်သော်လည်း အရမ်းမဝေးပေ။
" မဟာအကြီးအကဲ စိတ်ချလက်ချနေပါ " ယန်ပါးထောင်က ပြုံးကာ " ကျိုးကျွင်းက မာစန်းထောင်ကို ခေါ်လာနိုင်ပြီး ကျန့်ဟယ်ဌာနမှာ အာဏာတစ်ချို့ရှိပေမယ့် ရွယ်ဟုန်သေသွားပြီးတဲ့နောက်မှာ ကျွန်တော်တို့ ယန် မိသားစုကို ဒုက္ခဖြစ်စေနိုင်ဖို့ ကြောက်စရာမရှိပါဘူး"
" နောက်ဆုံးဝောာ့ မူလအဆင့်နဲ့ ပြန်လည်မွေးဖွားခြင်းအဆင့်က မတူညီတဲ့ လောကနှစ်ခုပဲ။
သူတို့ကြားထဲမှာ ဆုံမှတ်တစ်ခုမှ မရှိဘူး။ ဒါကြောင့် ကျိုးကျွင်းက ကျွန်တော်တို့ ယန်မိသားစုကို လက်စားချေဖို့ ရှာမှာမဟုတ်ပါဘူး"
"ကောင်းပါပြီ"
"ရွယ်ဟုန် သေပြီးတဲ့နောက်မှာ ရွယ်မိသားစုနဲ့ အားလုံး ကျေအေးသွားပြီလား"
" မဟာ အကြီးအကဲ စိတ်ချပါ။ ရွယ်ဟုန် သူ့အိမ်ကထွက်လာကတည်းက ကျွန်တော်တို့ ယန်မိသားစုက ရွယ်အိမ်တော်ကို သွားခဲ့ပါတယ်။ အခု ရွယ်အိမ်တော်က အရာအားလုံးက ကျွန်တော်တို့ဟာပါပဲ။ အကြီးအကဲ အတွက် ဝေစု ကိုလည်း ပြင်ဆင်ထားပြပါပြီ
ယန်ပါးထောင်က လျင်မြန်စွာ ဖြေခဲ့သည်။
" တစ်ခုထက်ပိုတာပဲ" လီချန်ချင်းက ပြောခဲ့သည် " ဆုငွေရဖို့ မာစန်းထောင်ရဲ့ အလောင်းကို ကျန့်ဟယ်ဌာနဆီ သွားပို့။ သူက နာမည်ပျက် စရင်းဝင်မို့လား။ မာစန်းထောင်ကို သတ်လိုက်တဲ့သူအနေနနဲ့ ငါတို့က ပိုက်ဆံတွေ ရသင့်တယ်"
" အာ ..."
ယန်ပါးထောင် က ကြောင်အနေခဲ့သည် " မာစန်းထောင် က နာမည်ပျက်စာရင်းမှာ တကယ်ရှိပြီးတော့ ဆုကြေးက ငွေတုံး 150,000 ထိ မြင်မားပေမယ့် အခြေခံအားဖြင့်ပြောရမယ်ဆိုရင် ဖမ်းတဲ့သူက ကိုယ်တိုင်လာရ...."
" မာစန်းထောင်ကို သတ်ခဲ့တာ မင်းမဟုတ်ဘူးလား" လီချန်ချင်း က အပြုံးနှင့် ပြောခဲ့သည်။
"ကျွန်တော်လား"
ယန်ပါးထောင်က မင်သက်နေခဲ့သည်။
" မာစန်းထောင်က ယန်မိသားစု အိမ်တော်ကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ခိုးကြောင်ခိုးဝှက်ဝင်လာခဲ့ပြီး မင်း ၊ ယန်ပါးထောင်ဆီမှာ အသတ်ခံခဲ့ရတယ်။ မင်း က ဆုကြေးကိုတောင်းတာ ဘာပြဿနာရှိလို့လဲ" လီချန်ချင်း က မထူးခြားစွာပြောခဲ့သည်။ " ယန်မိသားစု မှာ မူလအဆင့်တစ်ယောက်ရှိပြီး မာစန်းထောင်ကို သတ်ခဲ့တယ်ဆိုတဲ့ သတင်းကို ဖြန့်ဖို့ ဘယ်နည်းလမ်းက ပိုပြီး မြန်လဲ"
" ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းက တခြားမြို့တွေမှာ အဖွဲ့ခွဲတွေတည်ထောင်ဖို့ လိုအပ်တယ်။ပြီးတော့ ငါတို့ ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းရဲ့ နောက်ကွယ်မှာ မူလအဆင့်ကျွမ်းကျင်သူတစ်ယောက်ရှိတယ်ဆိုတာ လူတွေသိဖို့လိုအပ်တယ်။ ငါတို့က လှည့်ပတ်သွားပြီး လူတွေကို ပြောပြမနေနိုင်ဘူး။ငါတို့ လုပ်နိုင်လား"
" ငါ့မျက်နှာကို ပြရတာမကြိုက်ဘူး ပြီးတော့ ဟမ်ရှန်းကို မသိစေချင်ဘူး။ ကြိုးကြိုးစားစားလေ့ကျင့်နေတာ ရပ်သွားမှာစိုးတယ်။ ယန်မိသားစုရဲ့ မဟာ အကြီးအကဲတစ်ယောက်အနေနဲ့ မင်းတို့ကို ကျောထောက်နောက်ခံလုပ်နိုင်တယ်။ ဒါပေမယ့် တခြားကိစ္စတွေမှာ ဝင်ပါမှာမဟုတ်ဘူး" လီချန်ချင်း က ရှင်းရှင်းလင်းလင်း လုပ်ဆောင်ခဲ့သည်။
" ဟုတ်ကဲ့ ၊ ကျွန်တော် နားလည်ပါပြီ " ယန်ပါးထောင်သည် လီချန်ချင်း ၏ ဆိုလိုရင်းကို နားလည်ပေသည်။
သူသည်လည်း လီချန်ချင်း ပြောသည်က အဓိပ္ပါယ်ရှိသည်ဟု ထင်ပေသည်။
ယန်ပါးထောင် နားမလည်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဒီလောက် အစွမ်းထက်နေတာကို ဘာလို့ သူ့သားကို ဖုံးကွယ်ထားရတာလဲ။
ဘာကြောင့်လဲ။
သူ့သားကို အသက်ငယ်ငယ်လေးနဲ့ အခက်အခဲတွေကို တွေ့ကြုံစေဖို့လား။
ဘယ်လောက်တောင် ထူးဆန်းတဲ့ အကျင့်လဲ။
သို့သော်လည်း လူတိုင်း၌ သူတိူ့၏ ကိုယ်ပိုင် ရွေးချယ်မှုများရှိကြပြီး ယန်ပါးထောင်က ဘာမှမပြောနိုင်ပေ။
အရာအားလုံးက အစီအစဉ်တကျ ရှေ့ဆက်နေခဲ့သည်။
နောက်တစ်နေ့မနက်၌။
လီချန်ချင်းသည် ကောင်းကောင်းအိပ်ပျော်ခဲ့သည်။သူနိုးလာသည့် အခါ၌ လုချောင်းချောင်းအား မတွေ့ရသည်မှာ နှစ်ရက်ရှိနေပြီဟု တွေးနေခဲ့သည်။ တစ်ခုခုဖြစ်နေသလားဟု သိချင်နေခဲ့သည်။
တကယ်တော့ သူသည် လုချောင်းချောင်းထံမှ သူ့သားအကြောင်းအား ရရှိရန်လိုအပ်နေပေသည်။
သာမန်မနက်ခင်းတစ်ခု၌။
ချန်ထင်မြို့သည် ကမ္လာတုန်လှုပ်ဖွယ်အပြောင်းအလဲများ ကြုံတွေ့လာခဲ့ကြသည်။
ပိုင် မိသားစုနှင့် ကျောက်မိသားစုတို့က အခြားမိသားစုများဆီသို့ ဖိတ်ကြားလွှာများ ပေးပို့ခဲ့ကြသည်။
မနက်စောစော၌ သူတို့သည် ရှစ်ယန်ကျိုက် ၌ အစည်းအဝေးအတွက် စုဝေးနေကြသည်။
ထိုည၌ ယန်မိသားစုက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ကြသော်လည်း မိသားစုငယ်လေးများကတော့ မဟုတ်ပေ။ သူတို့က အိပ်မပျော်ကြပေ။
ယန်မိသားစုက သူတို့အား တိုက်ခိုက်သိမ်းပိုက်ချင်နေကြပြီး ပိုင်ကျင့်ဖေနှင့် ကျောက်ရီချိုးတို့၏ အဖြေများအားစောင့်နေစဉ် အဆိုးရွားဆုံးရလာဒ်ကို စဉ်းစားနေခဲ့ကြသည်။
ထို့အပြင် ရွယ်မိသားစုက ချန်ထင်မြို့က ညတွင်းချင်း ပျောက်ကွယ်သွားခဲ့သည်။
ယန်မိသားစုက ရွယ်မိသားစုအား မွှေနှောက်ရှာဖွေခဲ့သည်။ အညံ့ခံသူများကို ချန်ထင်မြို့မှ နှင်ထုတ်ခဲ့ပြီး ခုခံရန်ကြိုးစားသူများက တစ်ခါတည်း အသတ်ခံခဲ့ရသည်။
ပုံမှန်အားဖြင့် ချန်ထင်မြို့၌ တာဝန်ကျနေသည့် ရှေးဟောင်းတာအိုနယ်မြေ၏ တပည့်များက မိသားစုများအကြား ဆက်ဆံရေးကို တန်းတူဖြစ်စေရန် ကြားဝင်ဖြန်ဖျေပြီး တစ်ယောက်နှင့်တစ်ယောက် ပြင်းပြင်းထန်ထန် သတ်ဖြတ်ခြင်းမှ ကာကွယ်ပေးပေသည်။
သို့သော်လည်း ထူးဆန်းစွာပင်၊ ရှေးဟောင်းတာအိုတောင်ဂိုဏ်းက တပည့်တစ်ယောက်မှ ကြားဝင်မဖျန်ဖြေခဲ့ကြချေ။
အကြောင်းပြချက်တစ်ခုမှာ ယန်ယုယွင်က ရှေးဟောင်းတာအိုတောင်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ပြီး သူမအား လေးစားသည့်အတွက် ဝင်မပါချင်ကြချေ။
ပို၍ အရေးကြီးသည်မှာ မူလအဆင့်ကျွမ်းကျင်သူ တစ်ယောက်အား ဘယ်သူက စော်ကားချင်မှာလဲ။
ယန်မိသားစုက ပြန်လည်မွေးဖွားခြင်းအဆင့် သာရှိသည့် မိသားစုဖြစ်နေပါက သူတို့က ကြားဝင်ကြပေလိမ့်မည်။ သို့သော်လည်း ယခုတွင် ယန်မိသားစုက မူလအဆင့်တစ်ယောက်ရှိသည့် မိသားစုဖြစ်လာခဲ့ပြီးသူတို့က မျက်မမြင်များကဲ့သို့ ဖြစ်နေကာ ဝင်မပါလိုကြချေ ။