ဒီကမ္ဘာမှာ သေခြင်းတရားနဲ့ မကြုံဖူးတဲ့သူ ဘယ်သူရှိလဲ။
Vol. 9 Ch. 88
သူတို့အား ရှစ်ယန်ကျိုက်၌ တွေ့ဆုံရန် တောင်းဆိုသည့် ပိုင် မိသားစုနှင့် ကျောက် မိသားစုတို့၏ အကြောင်းကြားစာများအား လက်ခံရရှိခဲ့သည့်အခါ၌ သူတို့သည် ထိုမိသားစုနှစ်စုက ယန်မိသားစုနှင့် အပေးအယူလုပ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း နားလည်ခဲ့ပေသည်။
ထိုသို့မဟုတ်ပါက ဘာကြောင့် ကျင်းဟုန် မျှော်စင် မဟုတ်ဘဲ ရှစ်ယန်ကျိုက်၌ အစည်းအဝေး ကျင်းပမည်နည်း။
ဤသည်က ယန်မိသားစု၏ ပိုင်နက်ဖြစ်သည်။ ထိုနေရာ၌ အစည်းအဝေး ကျင်းပခြင်းသည် ယန်မိသားစုအား အရာအားလုံး သိသာစေရန်လုပ်ခြင်းနှင့် ညီမျှပေသည်။
မိသားစု နှစ်စု က ဆုံးဖြတ်ချက်ချပြီးဖြစ်ကြောင့် သူတို့က သူတို့၏ ကံကြမ္မာအား ရွေးချယ်စရာမရှိလက်ခံရပေမည်။
ထိုသို့မဟုတ်ပါက ယနေ့ ရွယ်မိသားစု၏ ကံကြမ္မာက မနက်ဖြန် သူတို့အတွက်ဖြစ်လာနိုင်ပေသည်။
ရထားလုံးများ တစ်စီးပြီး တစ်စီး ရှစ်ယန်ကျိုက်၏ ဝင်ပေါက်၌ ရပ်ခဲ့ကြသည်။ ရောက်ရှိလာကြသည့်သူများမှာ ချန်ထင်မြို့၏ အရေးပါသည့်ပုဂ္ဂိုလ်များဖြစ်ကြပြီး အများစုမှာ ရှစ်ယန်ကျိုက်သို့ ပထမဆုံးအကြိမ်ရောက်ဖူးကြသူများဖြစ်ကြသည်။
မာ မိသားစု၏ ခေါင်းဆောင်သည် သူ၏ စိတ်ကုန်စရာကောင်းသည့် ခန္ဓာကိုယ်ကြီးအား လေးဖင့်စွာတရွတ်ဆွဲလာရင်း ရှစ်ယန်ကျိုက်အတွင်းသို့ လျောက်လာခဲ့သည်။ သူသည် တစ်ညလုံး မအိပ်ရသေးပေ။ ရွယ်မိသားစု၏ ကံတရားအကြောင်း စုံစမ်းပြီးသည့်နောက်တွင် သူက တစ်ညလုံးကြောက်ရွံ့နေခဲ့ကာ နောက်ဆုံး အရုဏ်တက်လာခဲ့ခြင်းဖြစ်သည်။
သူသည် ကမ်းလှမ်းမှုအား လက်ခံရမည်လား ငြင်းဆန်ရမည်လား ဆိုသည်ကိုလည်း ချိန်ဆနေခဲ့သည်။ အကယ်၍ သူတို့က ယန်မိသားစုဘက်မှ ရပ်တည်ခဲ့ပါက အနာဂါတ်တွင် သေချာပေါက် ပိုကောင်းတဲ့ တိုးတက်မှုကို ဦးတည်နိုင်မှာလား။
သူတို့က ယန်မိသားစုဘက်က မရပ်တည်ရင်ရော သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ဘယ်လိုကာကွယ်နိုင်မလဲ။
မိုးသာလင်းသွားခဲ့ပြီး သူက မည်သည့်ဖြေရှင်းချက်မှ အဖြေမထုတ်နိုင်သေးပေ။
သူသည် ရှစ်ယန်ကျိုက်သို့ ဝင်လာလာချင်းပင် ပထမထပ်တစ်ခုလုံး လူအပြည့်နီးပါးဖြစ်နေသည်ကို တွေ့ခဲ့ရသည်။
" စီးပွားဖြစ်နေတာလား " မာချန်းသည် လှည့်ပတ်ကြည့်နေခဲ့သည်။ လူအချို့သည် စားပွဲပေါ်၌ လက်ဖက်ရည်အိုး တစ်အိုး ၊ အဆာပြေမုန့်များနှင့် အတူတကွ ထိုင်ကာ စကားစမြည်ပြောနေကြသည်။သူတို့အားလုံးက ပြုံးရွှင်နေကြပေသည်။
ရင်းနှီးသည့် မျက်နှာများက ချန်ထင်မြို့မှ အထက်တန်းလွှာများဖြစ်ကြသည်။
ပုံမှန်အားဖြင့် သူတို့က သူနှင့် မကြာခဏ ဆက်ဆံလေ့ရှိကြသည်။
အသေအချာကြည့်ပြီးနောက်တွင် သူသည် စားပွဲတစ်လုံး၌ ရင်းနှီးသည့် မျက်နှာတစ်ခုကိုတွေ့ခဲ့သည်။
စွန်းမိသားစုမှ စွန်းယွဲ့ရူ ဖြစ်သည်။
သူမက ချန်ထင်မြို့၌ တစ်ဦးတည်းသော အမျိုးသမီး မိသားစု ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ထိုအခိုက်၌ သူမသည် လက်ဖက်ရည်သောက်ရင်း စင်မြင့်ပေါ်မှ ပုံပြောသူအား ငေးကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများက နီရဲနေပြီး ငိုထားသကဲ့သို့ပင်။
စွန်း မိသားစုက သိမ်းပိုက်ခံလိုက်ရတာကို စိတ်မကောင်းဖြစ်ပြီး လက်မခံနိုင်တာမို့ သူမက တစ်ညလုံးငိုထားတာများလား။
" ယွဲ့ရူ မင်း ဘာလို့ ဒီမှာရှိနေသေးတာလဲ။ မင်း မှာ ဆွေးနွေးစရာ ကိစ္စတစ်ချို့ရှိတယ်လို့ ပြောခဲ့တာမလား" မာချန်းက လျောက်လာကာ စပ်စုစွာမေးခဲ့သည်။
" လူတွေ မရောက်ကြသေးဘူး။ ဒါကြောင့် ကျွန်မက အောက်ထပ်မှာ ပုံပြင်နားထောင်နေတာ" စွန်းယွဲ့ရူက သူမ၏ မျက်လုံးများကို သုတ်လိုက်ရင်း ပြောလိုက်သည် " ဒီက ဇာတ်လမ်းတွေက အရမ်းကောင်းတယ်။အရင်ကတစ်ခါမှ မကြားဖူးခဲ့ဘူး။ လာ လာ ၊ ကျွန်မ နဲ့ အတူ နားထောင်ရအောင် ! "
" တကယ်ပဲ ကောင်းတာလား" မာချန်း သည် စင်ပေါ်မှ ပုံပြောသူအား အံ့ဩစွာကြည့်နေခဲ့သည်။ ရှစ်ယန်ကျိုက်၌ ဇာတ်လမ်းအသစ်များစွာ ရှိသည်ဟု လူအများက ပြောနေကြသည်ကို သူကြားခဲ့သော်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။ ၎င်းတို့မှာ ဇာတ်လမ်းများသာ ဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်သည့် အသစ်အဆန်းတစ်ခုမှမရှိပေ။
သို့သော်လည်း စွန်းယွဲ့ရူ အား အတော်လေး စိတ်လှုပ်ရှားအောင်လုပ်နိုင်သဖြင့် စိတ်ဝင်စားစရာကောင်းပေမည်။
သိချင်စိတ်ဖြင့် မာချန်းက ဝင်ထိုင်ခဲ့သည်။ စင်မြင့်ပေါ်မှ ပုံပြောသူသည် သစ်သားတူအသေးတစ်ချောင်းအားကိုင်ထားကာ ဇာတ်လမ်းကို ကွက်ကွက်ကွင်းကွင်းပြောပြနေခဲ့သည်။ လူတိုင်းက အာရုံစူးစိုက်စွာနားထောင်နေခဲ့ကြသည်မှာ ကျောင်းထဲမှ ကျောင်းသားများကဲ့သို့ပင်။
" တကယ် ကောင်းတယ် " စွန်းယွဲ့ရူက ပြောခဲ့သည်။ "ဒီနေ့ရဲ့။ ဇာတ်လမ်းက ယန်ကွေ့ဖေးရဲ့ ဝိုင်ကို နွှေးပြီး ဟွားရှုံးကို ခေါင်းဖြတ်ခြင်း” လို့ခေါ်တယ်၊ သိပ်ကို ကောင်းမွန်လွန်းတဲ့ ဇာတ်လမ်းပါပဲ”
" အိုး?"
မာချန်း က စိတ်ဝင်စားစွာထိုင်ခဲ့သည်။
ယန်ကွေ့ဖေး?
တော်ဝင်မိသားစုအကြောင်း ဇာတ်လမ်းတစ်ပုဒ်လား။ ဒါပေမယ့် ဘယ်နိုင်ငံ ရဲ့ တော်ဝင်မိသားစု လဲ။
" ယန်ကွေ့ဖေး က ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်တစ်ယောက်ပဲ" စွန်းယွဲ့ရူသည် မျက်ရည်များဖြင့်။ဇာတ်လမ်းကို ပြောပြရန် စတင်ခဲ့သည်။
" ဇာတ်လမ်းထဲမှာ ချောင်းချောင်းဆိုတဲ့ လူက အတော်လေး အကျင့်စာရိတ္တဖောက်ပြားတယ်"
" အဲ့ဒီ ချောင်ချောင်က ဧကရာဇ်တစ်ပါးဖြစ်ပေမယ့် သူ့မှာ ထူးဆန်းတဲ့ ဝါသနာတစ်ခုရှိတယ်။ သူက အိမ်ထောင်သည် မိန်းမတွေကိုပဲ ကြိုက်တာ"
ဤသည်ကို ကြားပြီး မာချန်းသည် ဆွံ့အသွားခဲ့သည်။ ဘယ်လိုတောင် စာရိတ္တပျက်ပြားရတာလဲ။
သူ၏ အတွေ့အကြုံက အတော်လေးနည်းပါးပေသည်။
မာချန်း၏ အမူအရာပြောင်းလဲမှုကို သတိမမူမိဘဲ စွန်းယွဲ့ရူ က ဇာတ်လမ်းကို ကွက်ကွက်ကွင်းကွင်း ပြောပြနေပေသည်။
" သူက ယန်ကွေ့ဖေး တစ်ဖြစ်လဲ ယန်ယုဟွမ်း ကို ချစ်မြတ်နိုးပြီး နောက်ဆုံးမှာ သူမကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ယူခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်အစွဲအလန်းကို ကျေနပ်စေဖို့ရာအတွက် သူက ယန်ယုဟွမ်း ကို စစ်သူကြီး ဟွားရှုံး နဲ့ လက်ထပ်စေခဲ့တယ်။ ယန်ယုဟွမ်း က တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်ပြီး သူမက ရွေးချယ်စရာမရှိဘဲ ဟွားရှုံးကို အတင်းအကျပ်လက်ထပ်ခဲ့ရတယ်"
" ယန်ယုဟွမ်း တစ်နေ့လုံးငိုနေခဲ့တယ်။ ဒါပေမယ့် ဟွားရှုံးက ကြင်နာပြီး စိတ်ထားကောင်းတဲ့ လူတစ်ယောက်ပဲ။ သူက ယန်ယုဟွမ်းဘေးမှာပဲနေပြီးတော့ သူမကိုဘယ်တုန်းကမှ မထိတွေ့ခဲ့ဘူး။ တစ်နေ့မှာတော့ ယန်ယုဟွမ်း က သူမအပေါ်မှာထားတဲ့ ဟွားရှုံးရဲ့အချစ်တွေကို ခံစားရပြီး သူတို့က တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးခဲ့ကြတယ်။သူမက ဟွားရှုံး အတွက် ဟွားထို့ ဆိုတဲ့ သားတစ်ယောက်တောင်မွေးပေးခဲ့တယ်"
" နှစ်တစ်ချို့ကြာပြီးတဲ့နောက်မှာ ချောင်ချောင်က အချိန်ကျပြီလို့ ခံစားရပြီး ယန်ယုဟွမ်းကို သူ့ဘေးမှာ ပြန်လာနေဖို့ တကယ်ပဲ တောင်းဆိုခဲ့တယ်။ ယန်ယုဟွမ်းက ငြင်းဆန်ခဲ့ပြီး သေသည့်တိုင်အောင် စစ်သူကြီး ဟွားရှုံးနဲ့ပဲနေဖို့ အလေးအနက်ပြောခဲ့တယ်။ နှစ်များစွာ အတူနေပြီးတဲ့နောက်မှာ ယန်ယုဟွမ်းက ဟွားရှုံး ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးနေခဲ့ပြီး ချောင်ချောင် အပေါ်ထားရှိတဲ့ သူမရဲ့ ခံစားချက်တွေကို မေ့နေခဲ့ပြီ "
" ဒါပေမယ့်လည်း အကြင်နာတရားကင်းမဲ့တဲ့ ချောင်ချောင်က လူအများရဲ့ အသက်တွေနဲ့ ခြိမ်းခြောက်လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ"
" သူက မြေကမ္ဘာအင်မော်တယ်အဆင့်ကိုရောက်နေပြီဖြစ်တဲ့ တော်ဝင်ကျွမ်းကျင်သူတစ်ယောက်ကို ဆင့်ခေါ်ခဲ့တယ်။ ချောင်ချောင် က ယန်ယုဟွမ်း ကို စစ်သူကြီး ဟွားရှူံးကို သူမကိုယ်တိုင် ခေါင်းဖြတ်ကွက်မျက်ဖို့ တောင်းဆိုခဲ့တယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ကျွမ်းကျင်သူက ဆူနာမီတစ်ခုဖြစ်စေပြီး ချန်ထန်းက ရေလွှမ်းမိုးခံရပြီး လူထောင်ပေါင်းများစွာ အသက်သေဆုံးလိမ့်မယ်လို့ ပြောခဲ့တယ်"
မာချန်း သည်လည်း ဇာတ်လမ်းကြောင့် အံ့အားသင့်နေခဲ့သည်။ အတော်လေး စိတ်ဝင်စားစရာပင်။
စွန်းယွဲ့ရူ က မျက်ရည်ဝိုင်းလာခဲ့သည်။
" စစ်သူကြီး ဟွားရှုံးက လူအများအတွက် ပြုံးပြီး ယန်ယုဟွမ်းကို သူ့ကို သတ်ခွင့်ပေးခဲ့တယ်။သူက ' ရှေးခေတ်တွေကတည်းက ဘဝမှာ မသေတဲ့သူ ဘယ်သူရှိလို့လဲ။ သစ္စာရှိစိတ်ကို ချန်ထန်းနိုင်ငံ တောက်ပဖို့ရာအတွက် ထားလိုက်ပါ ! ' လို့တောင် ပြောခဲ့သေးတယ်"
" ယန်ယုဟွမ်း က ယူကျုံးမရဖြစ်နေခဲ့ပေမယ့် သူမက အဲ့ဒါကိုမလုပ်နိုင်ခဲ့ဘူး။ ချောင်ချောင်က သေရည်အပူတစ်ခွက်ကို ပြင်ဆင်ထားခဲ့ပြီး " သေရည်ကအေးသွားခဲ့မယ်ဆိုရင် ချန်ထန်းက လူတွေကို သတ်ပစ်မယ် "လို့ ယန်ယုဟွမ်းကို ပြောခဲ့တယ် ။ အဆုံးမှာတော့ ယန်ယုဟွမ်းက လူအများအတွက် ဟွားရှုံးကို မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ သတ်ပစ်ခဲ့ရတယ် .. ဝူး .. ဝူး ... ဝူး ...."
စွန်းယွဲ့က ကြောင်ဂျီးအိုး တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပေသည်။ ( ငိုရလွန်းလို့ ညစ်ပတ်သွားတာ)
" ဟွားရှုံးက တကယ်ကို မြင့်မြတ်တဲ့သူပဲ ! " မာချန်းသည်လည်း ပေါ့ပေါ့ပါးပါး သက်ပြင်းချလိုက်ရင်း " ကမ္ဘာပေါ်မှာ သေခြင်းတရားနဲ့ ရင်မဆိုင်ဖူးတဲ့သူ ဘယ်သူရှိလို့လဲ။ နိုင်ငံဟောင်းကို ထွန်းလင်းစေဖို့ သစ္စာရှိစိတ်ကို ချန်ထားဖို့တဲ့ ၊ မှန်လိုက်လေဗျာ ! "
" ထိုအချိန်၌ ဇာတ်လမ်းသည်လည်း အဆုံးသတ်သို့ ရောက်လာခဲ့ပြီဖြစ်သည်။
သစ်သားတူကို တစ်ချက်ထုလိုက်ကာ ပုံပြောသူက ရယ်ရင်းပြောခဲ့သည် " နောက်ထပ်ဘာဖြစ်မယ်ဆိုတာကို သိချင်ရင် ကျေးဇူးပြုပြီး နောက်အပိုင်းကို လာနားထောင်ကြပါ"
" ကျေးဇူးပြုပြီး မနက်ဖြန်စောစောလာကြပါ။ ဇာတ်လမ်းက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါလိမ့်မယ်"
"လူကြီးမင်း ယန်ယုဟွမ်းက ချောင်ချောင် နဲ့ ဒီလိုပဲ ပြန်ရောက်သွားတာလား"
" ယန်ယုဟွမ်းနဲ့ ဟွားရှုံးမှာ သားတစ်ယောက်ရှိတယ်လို့ သူတို့ကမပြောဘူးလား။ အဆုံးသတ်မှာ ဘာဖြစ်သွားတာလဲ" လူအုပ်ကြီးက မတတ်နိုင်ဘဲ သိချင်စွာမေးခဲ့ကြသည်။
ပုံပြောသူက အနည်းငယ်ပြုံးကာ ပြောခဲ့သည် " အားလုံးက သိချင်နေတယ်ဆိုတော့ နည်းနည်းလောက် ထုတ်ပြောတာက ပြသနာမရှိပါဘူး"
" မနက်ဖြန်ရဲ့ ဇာတ်လမ်းက ဟွားရှုံး နဲ့ ယန်ယုဟွမ်းတို့ရဲ့ သား ဟွားထုံ အကြောင်းပဲ။သူက သူ့အဖေကို မှတ်မိနေစေဖို့ သူ့ရဲ့ နာမည်ကို ဟွယင်ရှုံး လို့ပြောင်းခဲ့တယ်။ သူက နတ်ဘုရား ကျင့်စဉ်ကို ကျင့်ကြံထားခဲ့ပြီး နတ်ဘုရားလက်နက်ဖြစ်တဲ့ အနီရောင်ဓားကို ဆွဲကိုင်လာခဲ့ပြီး သူ့အဖေအတွက် လက်စားချေဖို့ ဒေါသတကြီးပြန်လာခဲ့တယ်။သူက ချောင်မျိုးရိုးနဲ့ လူအားလုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်ထားခဲ့ပြီး ဇာတ်လမ်းကတော့ သူနဲ့ ချောင်ကောကျိုး တို့ရဲ့ ထင်မှတ်မထားတဲ့ အဆုံးသတ်တောင်ကြားက အကြောင်းပဲ"
" ဟုတ်ပါပြီ အပေါ်တက်ဖို့ အချိန်ကျပြီ " မာချန်းသည် ဇာတ်လမ်းက ပြီးသွားသည်ကို သိသော်လည်း သူက မကျေနပ်သေးပေ။ သို့သော်လည်း သူက သူ၏ စီးပွားရေးအတွက် တက်ရောက်ရတော့မည်ဖြစ်သည်။
ထို့ကြောင့် သူနှင့် စွန်းယွဲ့ တို့က ဒုတိယထပ်သို တက်လာခဲ့ကြသည်။
အရာအားလုံးက စနစ်တကျ ရှေ့ဆက်နေကြပေသည်။
နေ့လည်ခင်း၌ မိသားစုအသီးသီး၏ခေါင်းဆောင်များက ယန်မိသားစု ထံသို့ သူတို့၏ သစ္စာခံမှုကို ပြသရန်အတွက် သူတို့၏ စုဆောင်းငွေများကို ယူလာကာ မဟာမိတ်ဖွဲ့ရန် သဘောတူကာ ရောက်လာခဲ့ကြသည်။
ယန်ပါးထောင်သည်လည်း လီချန်ချင်းနှင့် ဆွေးနွေးပြီးဖြစ်သည်။ လီချန်ချင်းက ငွေသုံးရန်မလိုအပ်သော်လည်း သူက ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်း ၏ ရှယ်ယာ 30% ကို ထိန်းချုပ်ထားခဲ့သည်
ယန်မိသားစုက 30% ထိန်းချုပ်ထားခဲ့သည်။
ကျန်သည့် 40% ကို သူတို့အား ခွဲဝေပေးခဲ့သည်။
လီချန်ချင်းက ဤသည်ကို လက်ခံခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် လီချန်ချင်း၏ အမြင်၌ ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းက သေချာပေါက် ပိုက်ဆံရှာနိုင်ပေလိမ့်မည် ဖြစ်သည်။ ဤ ရှယ်ယာ 30% က အရင် ယန်မိသားစုမှ 50-50 ခွဲထွက်သည်ထက် ပို၍ ဝင်ငွေများပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ယန်ပါးထောင်သည်လည်း မာစန်းထောင်၏ ခေါင်းကို ယူဆောင်ကာ ကျန့်ဟယ်ဌာနသို့ ထွက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လတစ်ဝက်ကုန်လွန်သွားခဲ့သည်။
ရှေးဟောင်းတာအိုတောင်နယ်မြေ။
နောက်ဆုံးတော့ လီဟမ်ရှန်းသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။
ထိုအချိန်၌ လီဟမ်ရှန်းသည် တက်လှမ်းခြင်းအဆင့် 9 သို့ အမှန်တကယ် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
နေလအင်မော်တယ်နတ်ဆိုးခန္ဓာသည်လည်း တတိယသွေးမျိုးဆက်ကို ကျင့်ကြံခဲ့ပြီးဖြစ်သည်။
ထိုအခိုက်အတန့်၌ လီဟမ်ရှန်း၏ ဖျတ်လတ်မှုစွမ်းအားက အထွတ်အထိပ်သို့ရောက်နေခဲ့ပြီး သူ၏ ခွန်အားက ကြီးကြီးမားမားတိုးတက်လာခဲ့သည်။ အကယ်၍ ယခု သံမျက်နှာဖုံးနှင့်လူအား ရင်ဆိုင်ရမည်ဆိုပါက လီဟမ်ရှန်းသည် လှံသိုင်းလေးချက်ဖြင့် သူ့အား သတ်နိုင်မည်ဟု ယုံကြည်မှုရှိပေသည်။
သို့သော်လည်း ဒုတိယအစောင့်အကြပ်ဖြစ်သည့် ပညာရှိကြီးအားတွေးလိုက်ရင်း လီဟမ်ရှန်းသည် သူ့၌ လုံးဝ ယုံကြည်မှုမရှိဟု ခံစားခဲ့ရသည်။
" သခင်လေး တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာပြီပေါ့" လီဟမ်ရှန်းထွက်လာသည်ကို တွေ့သည်နှင့် ရှုခွေက ရောက်လာကာ လတ်တစ်လောအဖြစ်အပျက်များအား လီဟမ်ရှန်းဆီသို့ တင်ပြနေခဲ့သည်။
" သခင်လေးရဲ့ အမ ၂ က လာရှာခဲ့ပါတယ်။ ဒါပေမယ့် သခင်လေးက တံခါးပိတ်ကျင့်ကြံနေတာကို သိပြီးတော့ ပြန်သွားပါတယ်"
" ဒါပေမယ့် သူမက သခင်လေး တံခါးပိတ်ကျင့်ကြံခြင်းကနေထွက်လာရင်စားဖို့ စိတ်ဝိဉာဉ်ကြက်တစ်ချို့ ပို့ပေးလိုက်ပြီး သခင်လေးစားဖို့အတွက် မီးဖိုချောင်ကို ပြုတ်ခိုင်းထားပါတယ်"
" သခင်လေး တံခါးပိတ်ကျင့်ကြံပြီးတာနဲ့ သူမကို လာရှာဖို့လည်း ပြောခဲ့ပါတယ်"
" ပြီးတော့ သခင်လေးအိမ်က စာရောက်နေပါတယ်"
ရှုခွေက သူ့အား အရာအားလုံးပြောပြခဲ့သည်။ လီဟမ်ရှန်းသည် ယန်ထျန်းထျန်းက ကြက်များအား အမှန်တကယ်ပို့ပေးရန် မျှော်လင့်မထားခဲ့ပေ။ သူသည် အစက ဤစကားအား ယဉ်ကျေးသည့် လောကဝတ်တစ်ခုကဲ့သို့ ထင်ခဲ့ပေသည်။
လီဟမ်ရှန်းသည် ယန်ထျန်းထျန်းက သူ့အား အဘယ်အတွက်ကြောင့် ရှာသည်ကို မသိသော်လည်း သူက ပိုင်လင်းဖန့်တောင်သို့ မသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ယခုအချိန်၌ စာအားဖတ်ရန် ပို၍ စိတ်အားထက်သန်နေသောကြောင့်ဖြစ်သည်။
အရင်စာ၌ သူ့အဖေအား စမ်းသပ်ပြီးသည့် နောက်တွင် ရလဒ်က ဘာလဲဆိုသည်ကို သူမသိပေ။
ချင်ကျူးတောင်၏ အဆောက်အအုံငယ်အတွင်း၌ လီဟမ်ရှန်းသည် ထိုနေရာ၌ လက်ဖက်ရည်အိုးတစ်အိုးစာ အချိန်မျှထိုင်နေခဲ့သည်။ စာက သူ့ရှေ့ရှိ စားပွဲပေါ်၌ ဣန္ဒြေရရရှိနေခဲ့သည်။လီဟမ်ရှန်းက အချိန်အတော်ကြာစဉ်းစားနေခဲ့သော်လည်း စာကိုမဖွင့်ရသေးပေ။
စာထဲ၌ တစ်စုံတစ်ရာမှားယွင်းနေမည်ကို ကြောက်ရွံ့နေသကဲ့သို့ပင်။
လီဟမ်ရှန်း၏ စိတ်အခြေအနေက ရှုပ်ထွေးနေပြီး သူ့အဖေအား မည်သို့ရင်ဆိုင်ရမည်ကို မသိခဲ့ပေ။
ဒါမှမဟုတ် သူနည်းနည်းကြောက်နေတယ်လို့ ပြောရမလား။
ဒီစာကို ဖွင့်လိုက်တာနဲ့ တစ်ချို့အရာတွေက နောက်ပြန်လှည့်ဖို့ လမ်းမရှိနိုင်တော့ပေ။
လီချန်ချင်းကို တစ်ယောက်ယောက်က ဝင်ပူးထားရင်ဘယ်လိုလုပ်မလဲ။
မိခင်မေတ္တာကိုတစ်ခါမှမရခဲ့ဖူးဘဲ ငယ်ငယ်လေးကတည်းက သူ့အမေကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ ဒါကြောင့် အဲ့ဒီအချိန်တုန်းက လီဟမ်ရှန်းက တခြားကလေးများအား အရမ်း မနာလိုဖြစ်ခဲ့ပေသည်။
ယခုမူ သူ့အဖေအား မဆုံးရှုံးချင်ပေ။အတိတ်တုန်းက သူ့အဖေနှင့် အတော်လေးအဆင်မပြေသော်ငြားလည်း ဤသည်က သူ့အဖေအပေါ် လီဟမ်ရှန်း၏ မှီခိုခြင်းအား မရပ်တန့်ခဲ့ပေ။
အကယ်၍ ဤနောက်ဆုံးမှီခိုရာသာ မရှိတော့ပါက သူက ဤကမ္ဘာပေါ်တွင် ဆွေမရှိမျိုးမရှိနှင့် လွမ်းဆွတ်ရမည့်သူပင်မရှိကာ အမှန်ပင် တစ်ကိုယ်တည်းသမားတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
အချိန်အတော်ကြာပြီးနောက် လီဟမ်ရှန်းသည် နောက်ဆုံး၌ စာကို ဖောက်လိုက်သည်။
အင်မော်တယ် ပုံသွင်းခြင်းလှံအား ကိုင်ခဲ့သည့် လက်များက ဘယ်တုန်းကမှ မတုန်ရီခဲ့ပေမယ့် စာကိုကိုင်ထားသည့် လက်များက တုန်ရီနေခဲ့သည်။ သူက စာကို တစ်လုံးချင်း ဖတ်နေခဲ့သည်။
ပုစွန်ကြော် ? မင်းရူးနေတာလား ကောင်လေး? မင်းက ပုစွန် စားနိုင်လို့လား? ဒါမှမဟုတ် အသက်ကြီးလာနဲ့အမျှ ပုစွန် နဲ့ ဂဏန်းတွေကို စားနိုင်သွားပြီမို့လို့လား?
မင်းအဖေက မင်းငယ်ငယ်တုန်းက ပုစွန်စားတဲ့အခါမှ မင်းအသက်ကို ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့တာကို မှတ်မိနေတုန်းပဲ။ ဒါကြောင့် မင်း အဖေက မင်းစားဖို့အတွက် ပုစွန်ကို နောက်ထပ် ဘယ်တော့မှ လုပ်ပေးမှာမဟုတ်ဘူး။
ပြီးတော့ မင်း လေးနှစ်သားအရွယ်တုန်းက မင်းအမေက .....
ထားလိုက်ပါတော့။
အချို့အရာတွေက အတိတ်မှာ ကောင်းမွန်စွာပဲ ကျန်ခဲ့ပြီ။ မင်းအနေနဲ့ မင်းအမေကို လွမ်းနေမယ်ဆိုတာ အဖေသိပါတယ်။ မင်းက မင်းအမေကို မမြင်ဖူးတဲ့ အတွက် အမေရှိတဲ့ တခြားကလေးတွေကို သူတို့အမေတွေက ချစ်ကြတဲ့အခါ မင်းအနေနဲ့ မနာလို အားကျ ဖြစ်မိမှာပဲ။ မင်းကို အဖေက နားလည်ပါတယ်။ ဒါပေမယ့် တစ်ချို့အရာတွေနဲ့ ပတ်သတ်ပြီး မင်းကို မပြောတာက မင်းကောင်းဖို့အတွက်ပါ။
အခုတော့ မင်းအနေနဲ့ နားလည် ဦးမှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်နေ့ကျရင်တော့ အဖေပြောချင်တဲ့ အရာကို မင်းနားလည်လာမှာပါ။
ငါတို့ သားဖ တစ်တွေ စောင့်မျှော်နေကြရအောင်။ မင်းကျန်းမာနေသရွေ့ အဖေ့အတွက်တော့ အဲ့ထက် ကောင်းမွန်တာ မရှိတော့ဘူး။ မင်းရဲ့ ကျင့်ကြံရေးကို အာရုံစိုက်ထား။ ဖိအားအများကြီး မပေးနဲ့။ မင်းကို ထောက်ပံ့ဖို့ မင်းအဖေက ဒီနေရာမှာ အမြဲရှိနေတယ်ဆိုတာကို မှတ်ထားပါ။
မင်းအနေနဲ့ ပင်ပန်းတယ်လို့ ခံစားရတဲ့ အချိန်တိုင်း အိမ်ကို ပြန်ခဲ့ပါ။ တစ်နေ့ သုံးနပ်စားပြီး ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်ဖို့အတွက် အဖေက ထောက်ပံ့နိုင်ပါတယ်။
ဆက်ကြိုးစားပါ။
မင်းဟာ အဖေရဲ့ ဂုဏ်ဆောင်လေးပါ။
အဆုံးထိဖတ်ပြီးသောအခါ လီဟမ်ရှန်းသည် ကုလားထိုင်ကို မှီချလိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူသည် ပြုံးစပြုလာသော်လည်း ငိုချင်သည့် ခံစားချက်လည်း ရှိနေလေသည်။
ဒီလူက တစ်ကယ်ပဲ ငါ့အဖေပဲ။
သူဟာ ငါ ပုစွန် မစားတာကိုလည်း မှတ်မိတယ်။ ဖြစ်နိုင်တာက အရင်တစ်ခါ စာရေးတုန်းက သူ သတိမထားမိတာ ဖြစ်မယ်။သူက တစ်ကယ့်ကို စိတ်ထိခိုက်လွယ်တာပဲ။
လီချန်ချင်းသည် သူ့အမေနှင့်ပတ်သတ်ပြီး မပြောပြခဲ့သော်လည်း ပြဿနာ တစ်ခုလို့ လီဟမ်ရှန်း မတွေးပေ။ လီချန်ချင်းသည် သူကလေးဘဝကတည်းက ထိုအကြောင်းအရာအား ရှောင်ရှားလေသည်။
တစ်နေ့ကျရင် လီချန်ချင်းသည် အမှန်တရားကို ပြောလာမည်ဆိုတာ လီဟမ်ရှန်း ယုံကြည်သည်။ ဒါပေမယ့် အခု သူဟာ အလွန်အားနည်းနေပြီး သိဖို့ မထိုက်တန်သေးလို့ ဖြစ်မယ်။
ခဏလောက် နားပြီးနောက် လီဟမ်ရှန်းသည် ယန်ထျန်းထျန်းကို ရှာရန် ထွက်လာခဲ့လိုက်သည်။
ယန်ထျန်းထျန်းသည် သူနှင့် ဆွေးနွေးစရာ တစ်ခုခု ရှိနေသည်မှာ ထင်ရှားသည်။ လီဟမ်ရှန်းအနေနဲ့ ရှင်းပြရခက်သော အစ်မ ၂ သည် အနည်းငယ် နားလည်ရန်ခက်ခဲလေသည်။
သူသည် စိတ်ဝိဉာဉ် ရာချီ တောင်ထိပ်သို့ နောက်တစ်ခေါက် ရောက်ရှိလာခဲ့ပြန်သည်။ တောင်ထိပ်သည် နေနှင့် ညနှင့်မှာ အတော် ခြားနားလှသည်။ တောင်တစ်ခုလုံးသည် သက်ဝင်လှုပ်ရှားနေသော လေထုနှင့် ပြည့်နှက်နေပြီး လေသည်လည်း တောင်ပေါ်မှ ဆေးဘက်ဝင်အပင် ရနံ့များ တိုက်ခတ်သယ်ဆောင်နေလေသည်။
" ဆရာတူ မောင်လေး ဒီကို လာပါ " လီဟမ်ရှန်းကို မြင်သောအခါ ယန်ထန်းထျန်းသည် အလွန် ပျော်ရွှင်နေပြီး ထူးဆန်းသော သစ်သီးအချို့ကို ယူလာလေသည်။
" ဒါတွေကို ငါအပြင်ထွက်တုန်းက ကောက်လာတာ။ ပုံမှန်ဆို အဲ့ဒါတွေက ဝယ်လို့မရနိုင်ဘူး။ စားကြည့် " ယန်ထျန်းထျန်းသည် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
" ဒါက ဝိုင်အင်မော်တယ်သစ်သီး လား " လီဟမ်ရှန်းသည် ခရမ်းရောင် အသီးလေးအား ကောက်ယူလိုက်ပြီး မမေးဘဲ မနေနိုင်ခဲ့ပေ။
" ဟုတ်တယ် ဆရာတူ မောင်လေးက တော်တော် သိတာပဲ " ယန်ထျန်းထျန်းသည် ပြုံးပြလိုက်သည်။ " ငါ အဲဒါကိုရှုကျိုး က အက်ကြောင်းထဲကနေ တွေ့လာတာ။ အရသာက ကောင်းလို့ အများကြီး ကောက်လာလိုက်တာ "
" ဒါပေမယ့် ဝိုင်အင်မော်တယ်သစ်သီး က စိတ်ဝိဉာဉ်သားရဲ တွေ စောင့်တာလို့ ကျွန်တော် ကြားဖူးတယ် "
" အိုး မင်းက အဲ့မျောက်တွေကို ပြောတာလား။ စိတ်အနှောက်အယှက် အနည်းငယ် ရှိခဲ့ပေမယ့် နှစ်ကောင်သတ်လိုက်တော့ ကျန်တာတွေက ထွက်ပြေးသွားတယ် " ယန်ထျန်းထျန်းသည် အသေးအဖွဲကိစ္စအား ပြောနေသလို ပေါ့ပေါ့ပါးပါး ပြောလေသည်။
" အစ်မက နှစ်ကောင် သတ်ခဲ့တယ်... "
လီဟမ်ရှန်းသည် ရယ်မောမိသည်။
သူသည် စာအုပ်ထဲရှိ မှတ်တမ်းများအား သတိရမိသည်။ ဝိုင်အင်မော်တယ်သစ်သီး ကို စိတ်ဝိဉာဉ် သားရဲ သံအရိုးမျောက် က စောင့်ရှောက်သည်။ အရွယ်ရောက် မျောက်များသည် မယုံနိုင်လောက်အောင် အားကောင်း၍ မူလအဆင့်နှင့် ယှဉ်လို့ရပြီး လက်နက်များကိုလည်း ခုခံနိုင်ကြလေသည်။
သူရဲ့ အစ်မ ၂ က တစ်ကယ် ကြောက်စရာ ကောင်းတာပဲ။
ဒါပေမယ့် သစ်သီးတစ်လုံးကို စားကြည့်ပြီးနောက် ဝိုင်ရနံ့တွေ အများကြီးပါပြီး အချဉ်ဓာတ်လေးရော အချိုဓာတ်လေးပါ ပါနေတော့ တစ်ကယ် ကောင်းတာပဲ။
" ဒါနဲ့ အမ ၂ က ကျွန်တော့်ကို ရှာနေတယ်လို့ ဦးလေးရှုက ပြောတယ်။ ဘာကိစ္စများရှိလို့လဲ " လီဟမ်ရှန်းသည် မေးလိုက်သည်။
" တစ်ကယ်တော့ တစ်ခုရှိတယ်။ မင်းကတော့ မေ့သွားလောက်ပြီ။ မင်း တိုက်ရိုက်တပည့် ဖြစ်လာတာ နှစ်လ နီးပါးရှိပြီ။ တိုက်ရိုက်တပည့်တွေက ဂိုဏ်းတာဝန်ကို လတိုင်း ပြီးမြောက်အောင် လုပ်ရပေမယ့် မင်းက အခုထိ မလုပ်ရသေးဘူး။ မင်း အလုပ် မလုပ်တာ သုံးလ ကြာသွားရင် အပြစ်ပေးခံရလိမ့်မယ် " ယန်ထျန်းထျန်းသည် ရှင်းပြလိုက်သည်။
" အာ ဟုတ်သားပဲ ! " လီဟမ်ရှန်းသည် ရုတ်တရက် သတိရသွားလေသည်။ ကျိုးကျွင်းကလည်း အရင်က ဒီကိစ္စအား ပြောပြဖူးသည်။
" ကျွန်တော် မေ့သွားတယ် " လီဟမ်ရှန်းသည် သူ၏ ကျင့်ကြံရေးအား အလွန် အားစိုက်နေသောကြောင့် ထိုကိစ္စအား မေ့သွားလေသည်။
" ဆရာက မင်းကို တာဝန် ပြီးမြောက်စေဖို့ ငါ့ကို မင်းနဲ့အတူ လိုက်စေချင်နေတယ် " ယန်ထျန်းထျန်းသည် ပြောလိုက်သည်။ " တိုက်ရိုက် တပည့်တွေအတွက် တာဝန်တွေက အတော် ခက်တယ်။ ပြီးတော့ မင်းက တက်လှမ်းခြင်း အဆင့်ပဲ ရှိသေးတာလေ။ မင်းရဲ့ အဆင့်အတွက် ပြင်ဆင်ထားတဲ့ တာဝန် မရှိလုနီးပါးပဲ။ ဘယ်သူမှ မပါရင် မင်းအနေနဲ့ အဲဒါကို မကိုင်တွယ်နိုင်မှာကို ဆရာက စိုးရိမ်နေတယ် "
{တစ်ချို့လူတွေက သေသွားပေမယ့် လုံးဝ သေသွားကြတာ မဟုတ်ဘူး ...}