← Chapters

ပိုးချည်မြစ်ပန်းချီကား

Vol. 10 Ch. 92

ပိုးချည်မြစ်ပန်းချီကား

Vol. 10 Ch. 92

" ဒီတောက်တဲ့လိုကောင်တွေကတော့"

လီချန်ချင်းက လမ်းအားလုံးကို ထွက်ပြေးခဲ့ပြီး လမ်းတစ်လျောက်၌ များပြားလှသည့် တပည့်များအား တွေ့ခဲ့ပေသည်။ ထိုတပည့်များက သူ့အား ခြိမ်းခြောက်ရန် အနေအထားလုံးဝမရှိသဖြင့် သူတို့အား ရှောင်တိမ်းရန် အနှောင့်အယှက်မပေးခဲ့ပေ။

ထိုတပည့်များက မတုန့်ပြန်နိုင်ခင်မှာပင် လီချန်ချင်းက မီတာရာနဲ့ချီသည့် အကွာအဝေးသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်

သူက ကြီးမားသည့် မြေကွက်လပ်ထိပ်၌ရှိသည့် လှေကားရှည်တစ်ခု‌ပေါ်သို့ ခုန်တက်လိုက်သည်။

လီချန်ချင်းသည် ဘယ်နေရာ၌ အဆုံးသတ်မည်ကိုပင်မသိချေ။

သူ၏ လက်ရှိပစ်မှတ်က မူဟိုင်ဖုန်းတောင် ဖြစ်သည်။

သူသည် ရှမူဟိုင်နှင့် အရင်ဆုံးတွေ့ပြီး ကျန်တာကို ပြီးမှ ဖြေရှင်းရမည်ဖြစ်သည်။

ဟုန်ရှုယန် နှင့် ဖြူ‌ဖပ်ဖြူရော်မျက်နှာဖြင့်လူက သူ့နောက်မှလိုက်နေဆဲဖြစ်သည်။ သူတို့၏ လျင်မြန်သွက်လက်မှုက အထင်ကြီးလောက်စရာပင်။ လီချန်ချင်းသည် သူတို့အား ဖယ်မထုတ်နိုင်သော်လည်း သူတို့က ထိုအကွာအဝေးကို မှီအောင်ပင် ခက်ခက်ခဲခဲနှင့် လိုက်ပါနေခဲ့ရတော့သည်။

လီချန်ချင်းသည် အရှိန်ကိုမြင့်လိုက်ပြီး သူတို့အား လုံးဝ မျက်ချေဖြတ်ခဲ့သည်။

ရုတ်တရက် သူက တစ်ခုခုကို ခံစားမိခဲ့ပုံပင်။

အန္တရာယ်အငွေ့အသက်တစ်ခု ရောက်လာခဲ့သည်။

တောင်သခင်တစ်ယောက်ရောက်လာခဲ့ပေသည်။

" ဒီလောက်နောက်ကျနေတဲ့အချိန်မှာ ရောင်းရင်း က ဘာလို့ ရှေးဟောင်းတာအိုတောင်ကို မျက်နှာဖုံးတပ်ပြီးရောက်လာခဲ့တာလဲ။ ဘာကိုရှာဖွေနေတာလဲ" မြူခိုးများကဲ့သို့ ရှာဖွေရခက်သည့် အသံတစ်ခုသည် အရပ်မျက်နှာအနှံ့မှ ပဲ့တင်ထပ်နေခဲ့သည်။

အသံလာရာလမ်းကြောင်းအား ဆုံးဖြတ်ရန် မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း ဤသည်က တခြားသူများအတွက်ပင်။ လီချန်ချင်း၏ နတ်ဘုရားစိတ်ဝိဉာဉ်က အရမ်းသန်မာသောကြောင့် သူက ချက်ချင်းပင် လူစိမ်းရှိရာဘက်သို့ မျက်နှာမူလိုက်သည်။ သူက လူစိမ်းရှိရာဘက်သို့ ကြည့်ခဲ့ပြီး ပြောလိုက်သည် " ကျုပ်က တစ်ယောက်ယောက်ကိုရှာဖို့ လာခဲ့တာပါ။ ခွင့်ပြုနိုင်...."

လီချန်ချင်းသည် ရှမူဟိုင်အားမေးချင်‌ခဲ့သော်လည်း ထိုကဲ့သို့ ရှေးဟောင်းတာအိုတောင်နယ်မြေ၌ ရုတ်ရုတ်သဲသဲဖြစ်စေပြီး တောင်သခင်နှစ်ယောက်နှင့် တိုက်ခိုက်ပြီး ယခုမှ ရှမူဟိုင်အား ခေါ်ထုတ်ခြင်းက အကြံကောင်းတစ်ခုမဟုတ်ဟု ခံစားခဲ့ရပေသည်။ ရှမူဟိုင်အား ပြသနာဖြစ်စေနိုင်ပေသည်။

ထို့အပြင် သူက ရှမူဟိုင်အား ရှာဖွေရန် သူ၏ အသွင်အပြင်ကို သေချာပေါက်ထုတ်ဖော်ခံရမည်ဆိုပါက ရှေးဟောင်းတာအိုတောင်နယ်မြေမှ လူများက သူ့အား သေချာပေါက် စုံစမ်းကြပေလိမ့်မည်ဖြစ်သည်။

ထိုအချိန်၌ သတင်းများပြန့်သွားခဲ့ပါက လီဟမ်ရှန်းက ရှာတွေ့သွားပေလိမ့်မည်။

လီဟမ်ရှန်းသည် သူ့အဖေက ရှေးဟောင်းတာအိုတောင်နယ်မြေသို့ ညသန်းခေါင်၌ရောက်လာပြီး တောင်သခင်နှစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည်ကို သိသွားပေလိမ့်မည်။

လီဟမ်ရှန်းက သူ့အား ဖခင်အစစ်အမှန်မဟုတ်သည့် ဟန်ဆောင်လှည့်ဖြားသူဟု ထင်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ထို့ကြောင့် လီချန်ချင်းသည် ဤပြသနာမှ ထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။ ရှမူဟိုင်အား သူရှာတွေ့သည်နှင့် အခြားသူများအား ဂရုမစိုက်တော့ပေ။

" ကျုပ်က ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ဘူး။ ကျုပ်က ဒီကိုလူတစ်ယောက်ကိုလာရှာရုံပဲ။ ကျုပ်ကို သွားခွင့်ပေးမယ်လို့ မျှော်လင့်တယ်။ ကျုပ်က အရမ်းကျေးဇူးတင်မိမှာပါ" လီချန်ချင်းက အေးအေးဆေးဆေးပြောခဲ့သည်။

" ခင်ဗျားက ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ဘူးဆိုတဲ့ အချက်ကြောင့်သာမဟုတ်ရင် ကျုပ်က ခင်ဗျားကို ရပ်ပြီး စကားပြောနေမှာမဟုတ်ဘူး"

" ကျေးဇူးပြုပြီး မျက်နှာဖုံးချွတ်ပြီး ခင်ဗျားရဲ့ အသွင်အပြင် နဲ့ ရည်ရွယ်ချက်ကို ပြပါ" အသံထွက်လာသည်နှင့်ချက်ချင်း စာပေသမားပုံစံနှင့် လူတစ်ယောက်က အဝေးမှ လျောက်လှမ်းလာခဲ့သည်။သူက လီချန်ချင်းအား တည်ငြိမ်သည့် အမူအရာဖြင့် ကြည့်နေခဲ့ပြီး " ခင်ဗျားကို ခက်ခဲစေမယ့် အရာတွေမလုပ်ဘူးလို့ ကျုပ်ကတိပေးတယ်"

" ခင်ဗျား စိတ်ချလက်ချနေနိုင်ပါတယ်။ ကျုပ်ရဲ့ စကားတွေက ရှေးဟောင်းတာအိုတောင်နယ်မြေမှာ ဩဇာသက်ရောက်နေတုန်းပါပဲ" ထိုလူက အပြုံးနှင့် ပြောခဲ့သည်။

မျက်နှာဖုံးနောက်မှ လီချန်ချင်းသည် မျက်မှောင်ကြုတ်ခဲ့သည်။ နောက်ထပ် စိတ်ဒုက္ခပေးတဲ့ ဝိဉာဉ်တစ်ကောင်ပဲ။

" ကျုပ် စိုးရိမ်နေတုန်းမို့လို့ မလိုက်လျောနိုင်ဘူး"

" ဒီနေရာမှာ ကျုပ်ရဲ့ ကိစ္စတွေ ပြီးဆုံးတာနဲ့ချက်ချင်း ရှေးဟောင်းတာအိုတောင်နယ်မြေက ထွက်သွားမှာ။ ဘာပြသနာမှ ဖြစ်စေမှာမဟုတ်ဘူး"

" ဘယ်သူ့ကိုမှ သတ်မှာမဟုတ်သလို ဘာမှလည်း ယူမှာမဟုတ်ဘူး"

လီချန်ချင်း၏ အသံသည်လည်း နှိမ့်သွားခဲ့ပြီး " ကျေးဇူးပြုပြီး သွားခွင့်ပေးပါ"

ထိုလူက ဤစကားအားကြားပြီးနောက် ခေါင်းယမ်းခဲ့သည်။

" ခင်ဗျားရဲ့ အကြောင်းပြချက်က အသုံးမဝင်ဘူးထင်တယ်။ ရှေးဟောင်းတာအိုတောင်နယ်မြေက တစ်ယောက်ယောက်က လာပြီး ရုတ်ရုတ်ရုတ်ရုတ်လုပ်နိုင်တဲ့ နေရာတစ်ခုလား။ ခင်ဗျားဘယ်သူလဲဆိုတာကို တွေ့ရဖို့ ခင်‌ဗျားရဲ့ မျက်နှာဖုံးကို ကိုယ်တိုင်ကိုယ်ကျ ဖယ်ရှားရမယ်ထင်တယ်"

ထိုပချိန်၌ ဟုန်ရှုယန် နှင့် အခြားလူသည်လည်း ရောက်လာခဲ့ပြီး လီချန်ချင်း၏ ထွက်ပေါက်ကို တားဆီးလာခဲ့ကြသည်။

လီချန်ချင်းရှေ့မှလူကိုတွေ့သည့်အခါ၌ သူတို့၏ မျက်လုံးများက တောက်ပလာခဲ့ကြသည်။

" ခန်းမ သခင် ၊ ခင်ဗျားကိုလည်း ဒီနေရာမှာတွေ့ရမယ်လို့ ထင်မထားခဲ့ဘူး။ ကောင်းတယ် ခင်ဗျား ဒီမှာရှိနေတော့ အဲ့ကောင်ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး" ဟုန်ရှုယန်က ပြုံးကာပြောခဲ့သည်။

" ဒါပေမယ့် ခန်းမသခင် အဲ့ဒီလူရဲ့ နတ်ဘုရားစိတ်ဝိဉာဉ် ကျင့်ကြံခြင်းက အားမနည်းဘူး။ တောင်သခင် ဟုန် ရဲ့ ခြင်္သေ့ဟိန်းသံကတောင်မှ သူ့ကို မခြိမ်းခြောက်နိုင်ဘူး။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ" ဖြူဖပ်ဖြူရော်မျက်နှာနှင့်လူကလည်း ပြောခဲ့သည်။

" နတ်ဘုရား စိတ်ဝိဉာဉ်ကျင့်ကြံခြင်းလား"

လီကျင့်စုန် က စိတ်ဝင်စားသွားခဲ့သည်။

လူတစ်ယောက်၏ နတ်ဘုရားစိတ်ဝိဉာဉ်က အားမနည်းပါက ထိုလူက နတ်ဘုရားစိတ်ဝိဉာဉ်အား ထူးခြားသည့် နည်လမ်းဖြင့် ကျင့်ကြံထားသည့် ကျင့်ကြံသူတစ်ယောက် သို့မဟုတ် ဤလူက ပန်းချီဆရာတစ်ယောက်ဖြစ်နိုင်သည်ဟု ဆိုလိုခြင်းပင်။

" ခန်းမသခင် လီလား။ သူက လီကျင့်စုန်လား" လီချန်ချင်းသည် ထိုလူအား ကြည့်ခဲ့သည်။ လီဟမ်ရှန်း၏ စာထဲ၌ ထိုလူက သူ့အား ကြီးမားသည့် အကူအညီပေးခဲ့သည်ဟု ပြောထားပေသည်။

" အာ" ထိုအခိုက်အတန့်၌ လီချန်ချင်းသည် အနည်းငယ် ဒုက္ခရောက်ပြီ ဟု ခံစားခဲ့ရသည်။ ဒီလူက သူ့သားအား ကြင်ကြင်နာနာရှိခဲ့သော်လည်း ယခုတွင် သူသည် လီချန်ချင်း၏ ပုံစံအစစ်အမှန်ကို ဖော်ထုတ်ရန် အတင်းအကျပ် တိုက်တွန်းနေခဲ့သည်။

ခေါင်းကိုက်စရာပင်။

ထို့ကြောင့် လီချန်ချင်းသည် ပြန်လှည့်ကာ ထွက်သွားလေသည်။ သူ၏ ပုံရိပ်က နှင်းကျသကဲ့သို့ အမှောင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း လီကျင့်စုန်က လီချန်ချင်းအား ဘယ်လိုလုပ်ပြီး အခွင့်အရေးပေးနိုင်မှာလဲ။

ထိုအခိုက်အတန့်၌ လီကျင့်စုန်သည် သူ၏ လက်မောင်းအား ဝှေ့ယမ်းလိုက်ကာ သူ၏ အင်္ကျီလက်အတွင်းမှ စာလိပ်တစ်ခုကို တွဲထုတ်ခဲ့သည်။

စာလိပ်ပွင့်သွားသည်နှင့်ချက်ချင်း တစ်ဟုန်ထိုးအုံကြွလာသည့် စိတ်ဝိဉာဉ်စွမ်းအင်တစ်ခုက ကြယ်ရောင်ကဲ့သို့ ပြောင်းလဲသွားကာ ကောင်ကင်၌ ပြည့်သွားခဲ့သည်။

" ပန်းချီ ရတနာလား"

လီချန်ချင်းက မျက်လုံးပြူးသွားခဲ့သည်။ ဤလူအိုကြီးက အညှာအတာကင်းမဲ့ကာ ပန်းချီရတနာအား မဆိုင်းမတွ အသုံးပြုခဲ့ပေသည်။

"ပိုးချည်မြစ်ပန်းချီကား!"

စာလိပ်ထဲမှ အကြောင်းအရာအား တွေ့ပြီးသည်နှင့် ဟုန်ရှုယန် နှင့် ဖြူဖပ်ဖြူရော်မျက်နှာနှင့်လူသည်လည်း အံ့ဩထိတ်လန့်သွားခဲ့ကြသည်။ သူတို့က နောက်သို့ ခြေလှမ်းတစ်ရာခန့် လျင်မြန်စွာ ပြန်ဆုတ်ခဲ့ကြသည်။

ဤစာလိပ်ထဲ၌ ပါဝင်သည့် အစွမ်းက မည်မျှ ကြောက်စရာကောင်းသည်ကို သိနေသည့် ပုံပင်။

လီကျင့်စုန် က ထိုကဲ့သို့ ကြောက်မက်ဖွယ်ပန်းချီရတနာအား အသုံးပြုရန် မျှော်လင့်မထားကြပေ။

လီချန်ချင်းသည် ဘာဖြစ်သွားသည်ကို နားမလည်နိုင်ခင်မှာပင် ကမ္ဘာကြီးတစ်ခုလုံးက ပြောင်းလဲသွားပုံပေါ်သည်ကို သိရှိခဲ့သည်။ သူ၏ ခြေထောက်အောက်မှ ကျောက်ပြားက တသိမ့်သိမ့်လှုပ်ရှားနေခဲ့သည်။

ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လေထုက ယိုယွင်းလာခဲ့သည်။ ကောင်းကင်ထက်၌ အနက်ရောင်တိမ်တိုက်များက သိပ်သည်းလာကာ မိုးသည်းထန်စွာရွာသွန်းလာခဲ့သည်။

လီချန်ချင်း ၌ စဉ်းစားရန်အချိန်မရှိ‌ခဲ့ပေ။ သူသည် ထွက်ပြေးရန်အတွက်နှင်းငှက်မွှေးကိုယ်ဖော့သိုင်းအား သုံးချင်ခဲ့သော်လည်း ထိတ်လန့်ဖွယ်ရာပင် သူ၏ ခြေထောက်အောက်မှ မြေကြီးက နူးညံ့သွားသည်ကို ခံစားခဲ့ရသည်။ သူက အောက်ငုံ့ကြည့်လိုက်ပြီး သူ့ခြေထောက်အောက်ရှိ ရေလှိုင်းကဲ့သို့ လှိုင်းထနေသည့် ကျောက်ပြားမှာ မြေပြင်တစ်ခုလုံး မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည့် ထင်မြင်ချက်ကို ပေးစွမ်းနေခဲ့သည်။

လီချန်ချင်းသည် သူ့အား လုံးဝ ဝန်းရံထားသည့် သူ၏ အောက်ဘက်ရှိမြေပြင်က သူ့အားအချိန်မရွေး ဝါးမျိုသွားနိုင်သည်ဟုပင် ခံစားခဲ့ရသည်။

" ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ပန်းချီရတနာလဲ။ မိုးကောင်းကင်နဲ့ မြေပြင်ကို ပြောင်းလဲဖို့ရာ အစွမ်းကို ပိုင်ဆိုင်ထားတာပဲ" လီချန်ချင်းသည် သူ၏ ဦးရေပြားက ထုံကျဉ်လာသည်ကို ခံစားခဲ့ရသော်လည်း သူက ရှေ့ဆက်လှမ်းနေကာ မလှမ်းမကမ်းရှိ ကျောက်တိုင်တစ်ခုပေါ်သို့ တက်လှမ်းခဲ့ပြီး လေထုထဲသို့ ခုန်လိုက်သည်။

သို့သော်လည်း လီကျင့်စုန် က ဂရုမစိုက်ပေ။ လီချန်ချင်း သည် သူ၏ ပိုးချည်မြစ် ပန်းချီကား အတွင်း၌ ပြုတ်ကျသရွေ့ သူက ရှုံးနိမ့်မည်မှာသေချာပေသည်။ နောက်ဆုံး၌ သူက သူ၏ ပန်းချီရတနာ‌ဖြင့် ဝါးမျိုခံရပေမည်။

လီချန်ချင်းသည် မီတာ ဒါဇင်အမြင့်သို့ ‌ခုန်တက်သွားခဲ့ပြီး သူ၏ ပုံရိပ်သည် တိုင်းပြည်မှ နှင်ထုတ်ခံရသည့် တင့်တယ်သည့် အင်မော်တယ်တစ်ပါးကဲ့သို့ပင်။ သူက သူ၏ လက်ချောင်းကို ဆန့်ထုတ်ခဲ့သည် !

အင်မော်တယ်တစ်ပါးက လမ်းညွှန်နေသကဲ့သို့ပင်။

မလှမ်းမကမ်းရှိ ရှေးဟောင်းသစ်ပင်တစ်ပင်မှ သစ်ရွက်တစ်ရွက်က ချက်ချင်း ပျံသန်းလာခဲ့သည်။ လီချန်ချင်းသည် အစိမ်းရောင်သစ်ရွက်ပေါ်သို့ တက်လှမ်းကာ ပိုးချည်မြစ်ပန်းချီကား ပေါ်သို့ သက်ဆင်းလိုက်ပြီး သစ်ရွက်က မြစ်အထက်၌ တလှုပ်လှုပ်ဖြစ်နေခဲ့သည်။ လီချန်ချင်းသည် အဝေးကြီးသို့ တဖြောင့်တည်း ဦးတည်ကာ လှိုင်းများပေါ်၌ လျောက်လှမ်းနေခဲ့သည်။

ထိုအချိန်မှာပင် သူက သူ၏ တခြားလက်တစ်ဖက်အား မြှောက်လိုက်ကာ လီကျင့်စုန် အား လက်ခလယ်ထောင်ပြခဲ့သည်။

အဘိုးကြီး , ခင်ဗျားက အရမ်းကလိမ်ကကျစ်ကြတာပဲ !

" ဘာလဲဟ ! "

ဟုန်ရှုယန် နှင့် အခြားသူများသည် သူတို့မြင်ရသည့်အရာအား မယုံကြည်နိုင်ခဲ့ကြပေ။

" သစ်ရွက်တွေပေါ်မှာ လမ်းလျောက်နေတာလား"

လီကျင့်စုန် သည်လည်း လီချန်ချင်း၏ လှုပ်ရှားမှုကြောင့် အံ့အားသင့်နေခဲ့သည်။

ဒီလူရဲ့ နတ်ဘုရားစိတ်ဝိဉာဉ်ကျင့်ကြံခြင်းက ဒါကို တကယ်လုပ်ဆောင်နိုင်တာပဲ။

သူက ပန်းချီသူတော်စင်အဆင့်ကို ရောက်ရှိပြီးသားဖြစ်ရမယ်။

သူကဘယ်သူလဲ။

" ခင်ဗျား ဘယ်သူလဲ။ ပန်းချီသူတော်စင်အဆင့် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဒီလို စက်ဆုပ်ဖွယ်ကောင်းအောင် လုပ်ဆောင်နေတာ ကျုပ်တို့ ရှေးဟောင်းတာအိုတောင်ဂိုဏ်းကို လာရတဲ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ" လီကျင့်စုန် က အပြင်းအထန် ဒေါသထွက်နေခဲ့သည်။ ပန်းချီသူတော်စင်အဆင့်ရှိတဲ့ လူတစ်ယောက်က အရမ်းအောက်တန်းကျကျလုပ်ဆောင်နေတာပဲ။

သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။

အခုတောင် သူ့ကို မတိုက်ခိုက်နိုင်တာ။ သူက သူ့‌အပေါ်ကို အထင်‌သေးနေတာလား။

သူပြတဲ့ လက်ခလယ်က ဘာအဓိပ္ပာယ်လဲ။

လီချန်ချင်း၏ ပုံစံက လီကျင့်စုန်အား ဒေါသထွက်စေပုံပင်။

လီကျင့်စုန် က သူ့လက်ဝါးကို မြှောက်လိုက်ပြီး ပိုးချည်မြစ်ပန်းချီကားက ရုတ်ချည်း အုံကြွလာခဲ့သည်။

ရွာသွန်းနေသည့် မိုးများထဲမှ မရေမတွက်နိုင်သည့် မိုးစက်များက တစ်ချက်ချင်းဆီ၌ ကျောက်တုံးအား ထိုးဖောက်နိုင်သည့် အစွမ်းများ ပါဝင်နေသည့် မြားများဟု ထင်ရပေသည်။ ရွာသွန်းနေသည့် မိုးများနှင့် မြားထောင်ချီက လီချန်ချင်းဆီသို့ တိုက်ရိုက်ချိန်ရွယ်လာခဲ့ကြသည်။

တစ်ဖက်လူက ပန်းချီသူတော်စင်တစ်ယောက်ဖြစ်သည်ကို သိပြီး လီကျင့်စုန် က ချုပ်တည်းမထားတော့ပေ။ ထိုသို့မဟုတ်ပါက ဤဆန်းကြယ်သည့် သူအား ထိန်းချုပ်ထားရန် မဖြစ်နိုင်သည်ကို သိထားပေသည်။

" စိတ်အနှောင့်အယှက်ဖြစ်စရာပဲ"

လီချန်ချင်းသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မိုးစက်များမှာ တစ်စက်ချင်းဆီ၌ သေစေနိုင်သည့် စွမ်းအား ပါဝင်သည့် ကျည်ဆံများကဲ့သို့ပင်။

" မဖျက်ဆီးနိုင်သော ! "

" 'မဖျက်ဆီးနိုင်သော ' ဟူသည့် အော်သံတစ်ခုနှင့်အတူ အလွန်တောက်ပသည့် ရွှေရောင်အလင်းတစ်ခုသည် ကြီးမားသည့် အကာအကွယ်တစ်ခုကဲ့သို့ လီချန်ချင်းအား လွှမ်းခြုံလာခဲ့သည်။ မိုးရေစက်များက သူ့အားရိုက်ခတ်လာခဲ့ပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားကာ သူ့အား လုံးဝ ကိုင်မလှုပ်နိုင်ခဲ့ပေ။

" မင်းရဲ့ ကိုယ်ပိုင်သိုင်းပညာကိုတောင် မသုံးဝံ့ဘဲ ငါတို့ ရှေးဟောင်းတာအိုတောင်နယ်မြေရဲ့ စည်းတံဆိပ်ငါးချက်ကို ခိုးယူနေတာ ၊ ဒီနေ့ မင်း ဘယ်သူလဲဆိုတာ ငါ သိကိုသိရမှဖြစ်မယ်" လီကျင့်စုန်သည်လည်း ‌ခုန်လွှားလိုက်ပြီး လှိုင်းများပေါ်၌ လျောက်လှမ်းနေခဲ့သည်။

ပိုးချည်မြစ်ပန်းချီကားက ကောင်းကင်တစ်လျောက် ဆွဲဆန့်ထားခဲ့ပြီး လီချန်ချင်းသည် ကြယ်တာရာကောင်းကင်များအောက်၌ သစ်ရွက်များပေါ်တွင် လမ်းလျောက်နေစဉ်၌ လီကျင့်စုန် က မရပ်မနားလိုက်နေခဲ့ပြီး နှစ်ယောက်က တောင်တန်းအချို့ကို ဖြတ်ကျော်သွားခဲ့ကြသည်။

နောက်ဆုံးတွင် ဤမြင်ကွင်းသည် ရှေးဟောင်းတာအိုတောင်နယ်မြေ၏ အစွမ်းထက်သည့် တည်ရှိမှုများ၏ အာရုံကို ဆွဲဆောင်ခဲ့ပေသည်။

သူတို့၏ တိုက်ပွဲ မှဆူညံသံက အရမ်း ကျယ်လောင်ပေသည်။

"ခန်းမသခင်လီပဲ"

" ခန်းမသခင်လီရဲ့ ပိုးချည်မြစ်ပန်းချီကားလား။ ဘာတွေဖြစ်နေတာလဲ။ မျက်နှာဖုံးနဲ့လူက ဘယ်သူလဲ။ သူက ခန်းမသခင် လီကို ဒီလိုမျိုး ပန်ချီရတနာကို သုံးပြီး တိုက်ခိုက်ရအောင် လုပ်နိုင်တာပဲ"

အစွမ်းထက်သည့် ပုဂ္ဂိုလ်များက အလျင်စလို မလှုပ်ရှားကြဘဲ ပြောင်းလဲမှုများကို စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် သူတို့သည် လီချန်ချင်းက လီကျင့်စုန်ထံမှ လွတ်မြောက်နိုင်မည်ဟု မယုံကြည်ကြပေ။

ထိုအချိန်၌ ဟုန်ရှုယန် နှင့် အခြားသူများက ဝင်ရောက်မနှောက်ယှက်နိုင်ကြပေ။ လီကျင့်စုန် က သူတို့ထက် များစွာပို၍ သန်မာပေသည်။ အကယ်၍ လီကျင့်စုန်ပင် မကိုင်တွယ်နိုင်ပါက သူတို့က အသုံးမဝင်ကြပေ။

ထို့အပြင် သူတို့၏ အမြင်၌ လီချန်ချင်းသည် ထွက်ပြေးနေသော်လည်း သူက ပိုးချည်မြစ်ပန်းချီကားမှ မလွတ်မြောက်နိုင်ပေ။ ဤသည်က သူဖမ်းမိရန်အတွက် အချိန်တစ်ခုထက်မပိုဘဲ လီကျင့်စုန်က သူ၏ အစစ်အမှန်အရည်အချင်းများကိုပင် ထုတ်မသုံးရသေးပေ။

သူ့အားဖမ်းဖို့ရာ ပြီးပြည့်စုံသည့် အခွင့်အရေးရှိပေသည်။

"မြစ်စစ်သည် သန်းချီ!"

လီကျင့်စုန် က အော်ဟစ်ခဲ့သည်။

သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်က ပြန့်ကျဲသွားကာ သူက မလွှမ်းမိုးနိုင်သည့် စစ်သူကြီးတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်ခဲ့ရသည်။ သူ၏ မြစ်ပေါ်၌ပင် တံပိုးခရာသံတစ်ခု ပေါ်ထွက်လာပေသည်။

ထိုအချိန်၌ ပိုးချည်မြစ် ပန်းချီကားမှ မရေမတွက်နိုင်သည့် ရေစက်များက ရေချီစစ်သည် များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူတို့၌ မျက်နှာမရှိကြသော်လည်း သံချပ်ကာကို ဝတ်ဆင်ထားပြီး ဓားရှည်များကိုကိုင်ဆောင်လျက် လီချန်ချင်းဆီသို့ အပြည့်အသိပ် ‌အပြေးအလွှားရောက်လာခဲ့ကြသည်။

" ဒါက ဘာလဲ" လီချန်ချင်းသည် သူ၏ ဦးရေပြား ကြိမ်းစပ်သွားသည်ကို ခံစားခဲ့ရသည်။ ဒီ အဘိုးကြီး လီ က ဒီလောက် သန်မာတာလား။

"ဝုန်း!"

ရေစစ်သည်တစ်ဦး၏ ဓားက လီချန်ချင်း၏ အကာအကွယ်ကို ထုနှက်နေခဲ့သည်။ ဓားက လီချန်ချင်း၏ အကာအကွယ်အား မချိုးဖောက်နိုင်သော်လည်း ပြင်းထန်သည့် အားက လုံးဝ အားမနည်းပေ။

ဤအရာက ရေစက်များထက်ပင် ပို၍ အစွမ်းထက်ပေသည်။ ရေစစ်သည်တစ်ဦးချင်းဆီက ပြန်လည်မွေးဖွားခြင်းအဆင့် အစွမ်း ကို ပိုင်ဆိုင်ထားကြသည်ဟု ထင်ရသည်။

ဝုန်း ၊ ဝုန်း ၊ ဝုန်း !

ရေစစ်သည် တစ်ဒါဇင်က တိုက်ခိုက်လာခဲ့ကြပြီး လီချန်ချင်း၏ အကာအကွယ်ကို ထုနှက်နေခဲ့ကြသည်။

လီချန်ချင်းသည် သူ၏‌ ခြေထောက်အောက်ရှိ အစိမ်းရောင်သစ်ရွက်က ထိုမျှများပြားသည့် ရေစစ်သည်များ၏ ပြင်းထန်သည့် ထိုးနှက်ချက်ကို တောင်မခံနိုင်တော့ဟု ခံစားခဲ့ရသည်။၎င်းက အချိန်မရွေး ကြေမွသွားနိုင်ပြီး သူက ဤမြစ်ထဲသို့ ချက်ချင်းနှစ်မြုပ်သွားနိုင်ကာ ရုန်းထွက်ဖို့ရာ ဒုက္ခရောက်ပေလိမ့်မည်။

" ငါက ငါ့သားကြောင့် သက်ညှာနေခဲ့တာ ၊ ဒါပေမယ့် အဘိုးကြီး ခင်ဗျားက တကယ် တွန်းပို့နေခဲ့တာပဲ"

ရွှံရုပ်တစ်ရုပ်၌ ပင် ဒေါသရှိပေသည်။

အထူးသဖြင့် ယခု လီချန်ချင်းသည် လီဟမ်ရှန်းအား စိုးရိမ်နေခဲ့သည်။ အကယ်၍ သူက ဒီနေရာမှ ကိစ္စများအား အချိန်ဆွဲနေပါက ရှေးဟောင်းတာအိုတောင်နယ်မြေ မှ အစွမ်းထက်သည့် ပုဂ္ဂိုလ်များအား ပို၍ ဆွဲဆောင်နေခဲ့ပါလျှင် ပို၍ပင် ဒုက္ခဖြစ်လာပေလိမ့်မည်။

ထိုကဲ့သို့ နှစ်ပေါင်းထောင်ချီအမွေအနှစ်များနှင့် ဂိုဏ်းတစ်ဂိုဏ်း၌ ပုန်းကွယ်နေသည့် ဂွကျကျ မကောင်းဆိုးရွားအိုကြီးများရှိမည်ဖြစ်ပြီး သူက သူတို့၏ပြိုင်ဘက်မဟုတ်ပေ။

"ထွက်သွား!"

လီချန်ချင်းသည် သူ့ခေါင်းကို လှည့်လိုက်ပြီး ဒေါသထွက်စွာ ကြိမ်းဝါးခဲ့သည်။

မြည်ဟည်းလာသည့် အသံက ကြမ်းတမ်းသည့် သားရဲတစ်ကောင်၏ အရှိန်အဝါကို သယ်ဆောင်ထားခဲ့သည်။

အသံလှိုင်းက ထောင်ချီသည့် လှိုင်းများစွာကို ဂယက်ထစေခဲ့ပြီး သူ၏ အကာအကွယ်အား တွယ်ကပ်နေသည့် ရေစစ်သည်များကို ချက်ချင်း ဖယ်ရှားပစ်ခဲ့သည်။ ထို့အပြင် လီချန်ချင်း၏ နောက်၌ အရွယ်အလွန်ကြီးမားသည့် ခြင်္သေ့ခေါင်းတစ်ခုပေါ်လာခဲ့ပြီး လည်ဆံမွှေးများ တဖျပ်ဖျပ်လှုပ်နေခဲ့သည်မှာ သားရဲအားလုံး၏ ဘုရင်တစ်ပါးကဲ့သို့ပင်။

အသံလှိုင်းက ကြီးမားသည့် လှိုင်းများကိုပင် တစ်စစီဖြစ်သွားစေကာ ဖျက်ဆီးနိုင်စွမ်းရှိသည့် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ အတော်များသည့် တိုက်ပွဲကြွေးကြော်သံများအား ဖိနှိပ်ထားခဲ့သည်။ မရေမတွက်နိုင်သည့် ရေစစ်သည်များက အသံလှိုင်းကြောင့် လွင့်စဉ်သွားခဲ့ပြီး ချက်ချင်းပင် လီချန်ချင်း၏ ကြိမ်းဝါးသံကြောင့် ပြာဖြစ်သွားကြသည်။

ကျယ်လောင်သည့်အသံက ရှေးဟောင်းတာအိုတောင်ကို လှုပ်ခါစေခဲ့သည်။

လီကျင့်စုန်သည်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် တွန်းထုတ်ခံခဲ့ရပြီး သူ့ခေါင်းက မူးဝေနေကာ သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ပင် လှုပ်ခါသွားရပြီး ခဏတာမူးဝေခြင်းကို ခံစားရစေခဲ့သည်။

" မိုးကြိုး ခြင်္သေ့ဟိန်းသံပဲ"

ထိုအခိုက်အတန့်၌ လီကျင့်စုန် ၏ မျက်နှာသည် အကျည်းတန်သွားခဲ့သည်။ ဤသည်က ရှေးဟောင်းတာအိုတောင်နယ်မြေမှ နောက်ထပ် အဆင့်မြင့် ကျင့်စဉ်တစ်ခုပင်။

အစွမ်းထက်သည့် နတ်ဘုရားစိတ်ဝိဉာဉ်ဖြင့် ပန်းချီဆရာတစ်ယောက်က အခြားသူများ၏ လှုပ်ရှားမှုများအား လေ့လာနိုင်သော်လည်း ယေဘုယျပြောရမည်ဆိုပါက ပထမဆုံး သင်ယူသည့်အခါ၌ သူတို့က ပုံစံသာ ရှိပြီး စိတ်ဝိဉာဉ်မရှိပေ။

သိူ့သော်လည်း ယခု လီချန်ချင်း၏ ကြိမ်းဝါးသံက မိုးကြိုးခြင်္သေ့ဟိန်းသံအား တစ်ဖက်ကမ်းခတ်အောင် ထုတ်ဖော်နိုင်ခဲ့ပေသည်။

ထိုအခိုက်အတန့်၌ ဟုန်ရှုယန် သည်ပင် ‌မင်သက်နေခဲ့သည်။

လီချန်ချင်း သုံးလိုက်သည့်လှုပ်ရှားမှုက သူ၏ ကိုယ်ပိုင်လှုပ်ရှားမှုထက် ပင်ပို၍ စစ်မှန်ပေသည်။

" ဒီလူက အရမ်း ကြောက်စရာကောင်းတာပဲ" လီကျင့်စုန် ၏ မျက်နှာက လေးနက်လာခဲ့သည်။ ဒီလူရဲ့ ခွန်အားက အရမ်းသန်မာတယ်။ သူ၏အမြင်၌ ကမ္ဘာကြီးထဲမှ ဂိုဏ်းချုပ် နှင့် ရွယ်ချမ်းပိုင် က ဂိုဏ်း၌မရှိသည့်အတွက် ဤအခိုက်အတန့်၌ လီချန်ချင်းအား ယှဉ်ပြိုင်နိုင်သည့် ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှ ပုဂ္ဂိုလ်အနည်းငယ်ရှိသော်လည်း သူတို့က အလွယ်တကူလှုပ်ရှားရန် မဖြစ်နိုင်ပေ။

အကယ်၍ ရွယ်ချမ်းပိုင်သာ ရှိနေပါက သူက ဒီလူကို သေချာပေါက် နှိမ်နင်း‌နိုင်ပေသည်။ ကံမကောင်းစွာဖြင့် ရွယ်ချမ်းပိုင်ကို ဘယ်မှာမှ ရှာမတွေ့ခဲ့ပေ။

ထိုကဲ့သို့ ကျင့်ကြံခြင်းဖြင့် လူတစ်ယောက်က ရှေးဟောင်းတာအိုတောင်နယ်မြေသို့ မည်သည့်ရည်ရွယ်ချက်မှမရှိဘဲ ရောက်လာသည်ကို တစ်စက္ကန့်မျှ မယုံကြည်နိုင်ပေ။

" ရေတံခါး နတ်ဘုရား"

ထိုအခိုက်အတန့်၌ လီကျင့်စုန်က လက်အုပ်ချီလိုက်ပြီး သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်အစွမ်းအား မိုးကောင်းကင်နှင့် မြေပြင် ကို အလင်းပေးခဲ့သည်။ ထိုအခိုက်အတန့်၌ လီကျင့်စုန်ထုတ်လွှတ်ခဲ့သည့် နတ်ဘုရားစိတ်ဝိဉာဉ်၏ ခွန်အားက ချက်ချင်းပင် မြစ်ကို တုန်လှုပ်စေခဲ့ပြီး ဤပန်းချီကား၏ အစွမ်းကို ပြင်းထန်လာစေရန် ကြိုးစားနေသည်ဟု ထင်ရပေသည်။

လီချန်ချင်းသည် မိုးကြိုးခြင်္သေ့ဟိန်းသံအား အသုံးပြုပြီးသည့်နောက်တွင် သူသည်လည်း သူ၏ ရင်ဘက်က တုန်ရီနေသည်ကို ခံစားခဲ့ရပေသည်။

အနာဂါတ်၌ ၎င်းကို လျော့သုံးသင့်ပေသည်။

၎င်းကို သုံးပြီးသည့်နောက်တွင်လီချန်ချင်းသည် ကူကယ်ရာမဲ့စွာဖြင့် ချောင်းဆိုးချင်ခဲ့ပေသည်။

အကယ်၍ ဟုန်ရှုယန်သာ သိခဲ့ပါက သူက သေချာပေါက်ထိတ်လန့်သွားပေလိမ့်မည်။ ဤကျင့်စဉ်အား အသုံးပြုရန်အတွက် သန်မာသည့် ခန္ဓာခွန်အား တစ်ခုလိုအပ်ပေသည်။

လီချန်ချင်း သုံးလိုက်သည့် အဆင့်က ဟုန်ရှုယန်ဆိုလျှင် သေချာပေါက် သွေးအန်သည်အထိ ဖြစ်နိုင်ပေသည်။

သို့သော်လည်း လီချန်ချင်းကမူ ချောင်းဆိုးချင်ရုံပင်။

သို့သော်လည်း ထိုအချိန်၌ လီချန်ချင်းသည် မြစ်ထဲမှ အရာအားလုံးအား ဝါးမြိုသွားနိုင်သည့် ကြီးမားသည့် ဝဲတစ်ခုဖြစ်ပေါ်လာသည်ကို တွေ့ခဲ့ရသည်။

ထို့နောက် ဝဲထဲမှ ဧရာမ လက်တစ်ဖက် ဆန့်ထုတ်လာခဲ့သည်။

ထို့နောက်တွင် ဘီလူးတစ်ကောင်က ဖြည်းညှင်းစွာ ကုပ်တွယ်တက်လာခဲ့သည်။

ဘီလူးကြီးက ဆယ်မီတာခန့်မြင့်အားကာ သူ၏နောက်ကျော၌ အလံနှစ်ခုရှိပြီး သူ၏ ညာဘက်လက်၌ ဧရာမ ပုဆိန်တစ်လက်ပါရှိပေသည်။ သူ၏မျက်လုံးများက အောက်သို့ငုံ့ကြည့်နေပြီး သက်ရှိအားလုံးအား အထင်အမြင်သေးနေပေသည်။

" ဒါကဘာလဲ..."

ဤမြင်ကွင်းအားမြင်သူတိုင်း ထိတ်လန့်သွားကြသည်။

ရှေးဟောင်းတာအိုတောင်နယ်မြေမှ အစွမ်းထက်သည့်သူများပင် ဤမြင်ကွင်းအား ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။

လီကျင့်စုန် က အလွန်စွမ်းအားကြီးမားကာ သူ၏ ရေတံခါးနတ်ဘုရားက အလွန်အမင်းသန်မာသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သောကြောင့် သူတို့အား အသက်ရှူကျပ်စေခဲ့သည်။

သူက သူတို့အား သာမန်လှုပ်ရှားမှုတစ်ခုဖြင့်ပင် တစ်စစီစုတ်ဖြဲနိုင်သည်ဟု ထင်ရပေသည်။

ဤအရာကို ထုတ်ဖော်ပြီးသည်နှင့် လီကျင့်စုန်၏ မျက်နှာသည်လည်း စက္ကူကဲ့သို့ ဖြူရော်လာခဲ့ပြီး သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်အား အလွန်အကျွံသုံးခဲ့သည်မှာ အတော်လေး သိသာပေသည်။

သို့သော်လည်း လီကျင့်စုန်၏ အထင်၌ သူ၏ ရေတံခါးနတ်ဘုရားသည် ဤပန်းချီသူ‌တော်စင်အား အချိန်အနည်းငယ်ဆွဲထားနိုင်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ပန်းချီရတနာသည် ပန်းချီသူတော်စင်တစ်ယောက်၏ လက်ရာတစ်ခုလည်းဖြစ်သည်။ ထို့အပြင် ဤပန်းချီကားသည် စကြဝဠာ၏ ပန်းချီသူတော်စင်ဖြစ်သည့် သူ၏ ဆရာမှ ချန်ထားခဲ့ခြင်းဖြစ်သည်။

၎င်း၏ အစွမ်းက ထူးခြားလှပေသည်။

ထိုကဲ့သို့ ကြီးမားသည့် ဖန်တီးမှု တစ်ခုဖြင့် ရင်ဆိုင်ရခြင်းက လီချန်ချင်းအား အလွန် သိမ်ဖျင်းပုံပေါ်ပေသည်။

သူက လေထဲ၌ အတော်လေး ဖိုသီဖတ်သီ ဖြစ်နေခဲ့သည်။

ထိုကဲ့သို့ ဘီလူးတစ်ကောင်အား ဆင့်ခေါ်ခြင်း။

ဒါကြီးက ကလိမ်ကကျစ်ကျနေတာ မဟုတ်ဘူးလားဟ

။

All Chapters