← Chapters

သဘာဝလွန် ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့လိုက်ရတာလား

Vol. 10 Ch. 94

သဘာဝလွန် ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့လိုက်ရတာလား

Vol. 10 Ch. 94

သူတို့ ထွက်သွားသောအခါ ရှမူဟိုင်သည် လီဟမ်ရှန်း၏ ဘေးကင်းလုံခြုံရေးကို စိုးရိမ်ကြောင့်ကြ နေလေသည်။ ယန်ထျန်းထျန်းသည် ထိုအကွာအဝေးတွင် စောစောက ဘယ်ရွာကိုမျှ သတိမထားမိသော်လည်း ယခုတွင်မူ သံသယ ဖြစ်ဖွယ် တစ်ခုခုအား တွေ့နေရသော ရွာတစ်ရွာ ထွက်ပေါ်လာတော့သည်။

ဒါပေမယ့် စောစောက သူမအနေနဲ့ မျက်စိလျှမ်းသွားတာ ဖြစ်နိုင်တယ်။ တစ်ခဏလောက် လမ်းလျှောက်ပြီးနောက် ရွာရဲ့ မြင်ကွင်းသည် ရှင်းလင်းလာတော့သည်။

ရွာဝင်ပေါက်လမ်းတွင် ကြမ်းတမ်းနေသော်လည်း တဖြည်းဖြည်း ဖြတ်ကျော်ရန် လွယ်ကူလာလေသည်။ ရွာအဝင်ဝတွင် အဝါရောင် နွားထီးအိုကြီး တစ်ကောင်သည် သူစိမ်းနှစ်ယောက် ရောက်လာသည်မှာ မထူးဆန်းသလို မြက်ခြောက်များ ဝါးစားနေလေသည်။

" အစ်မ ကျွန်တော်တို့ ရောက်ပြီနဲ့တူတယ် " လီဟမ်ရှန်းသည် ရွာထဲရှိ အိမ်အတန်းလိုက်ကြီးများအား ကြည့်၍ ပြောလိုက်သည်။ အိမ်များစွာမှ မီးခိုးများထွက်နေပြီး အစားအစာများ ပြင်ဆင်နေကြောင်း ပြနေလေသည်။

" ဒီနားမှာ တစ်ရွာပဲ ရှိတယ်ဆိုတော့ ဒါပဲ ဖြစ်ရမယ် " ယန်ထျန်းထျန်းသည် ပတ်ဝန်းကျင်ကို အာရုံခံ၍ ပြောလိုက်သည်။ သူမသည် လွဲမှားနေသောအရာမျိုး သတိမထားမိပေ။

တစ်ခဏ အကြာတွင် လူအိုကြီး တစ်ယောက်သည် ရွာထဲမှ ထွက်လာလေသည်။ သူသည် ဆေးခြင်းတောင်းကို သယ်လာပြီး သူ၏ ခြေလှမ်းများသည် တုန်ရီနေလေသည်။ သူသည် ဆေးပင်များကို ရွာဝင်ပေါက်ရှိ လှည်းပေါ်တွင် ထားလိုက်သည်။

သူသည် ချွေးများကို သုတ်နေစဉ် ယန်ထျန်းထျန်းနှင့် လီဟမ်ရှန်းအား သတိထားမိသွားလေသည်။

" မင်းတို့က ဘယ်သူတွေလဲ " လူအိုကြီးသည် သိချင်စွာ မေးလိုက်သည်။ " မင်းတို့က ရှေးဟောင်းတာအိုဂိုဏ်းက တပည့်တွေလား "

" ဘိုးဘိုး ကျွန်တော်တို့က ရှေးဟောင်းတာအိုဂိုဏ်းက တပည့်တွေပါ။ အဘိုးတို့ရွာမှာ ထူးဆန်းတာတွေ ဖြစ်နေတယ်ဆိုလို့ ကျွန်တော်တို့က လာစစ်ဆေးပေးတာပါ " လီဟမ်ရှန်းသည် လူအိုကြီးအား လေ့လာရင်း ပြောလိုက်သည်။

" ကောင်းတယ် နောက်ဆုံးတော့ မင်းတို့ရောက်လာပြီပဲ " လူအိုကြီးသည် ပြုံး၍ ပြောလိုက်ပြီး သူ၏ မျက်နှာသည် ပျော်ရွှင်မှုဖြင့် အရေများပင်တွန့်နေသည်။

ယန်ထျန်းထျန်းသည် အကျင့်အရ လူအိုကြီး၏ လက်ကောက်ဝတ်နှင့် လက်ခုပ်များကိုတောင် အနီးကပ် လေ့လာလိုက်သည်။

သူသည် ကျင့်ကြံခြင်း မရှိသော သာမန်လူတစ်ယောက် ဖြစ်ပုံရပြီး သံသယ ဖြစ်ဖွယ် မတွေ့ရပေ။

" ဘိုးဘိုး ဘိုးဘိုးနာမည်က ဘယ်သူလဲ " ယန်ထျန်းထျန်းသည် မေးလိုက်သည်။

" ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ " လူအိုကြီးသည် ပြုံး၍ ပြောလိုက်သည်။ " ကျုပ်က ဖမ်းဖေ ရွာရဲ့ ရွာလူကြီးပါ။ မင်းတို့ ကျုပ်ကို ဦးလေး ဖမ်း လို့ ခေါ်လို့ရပါတယ် "

" နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီ။ ကျုပ်တို့ရွာက လူငယ်တော်တော်များများ လှိုဏ်ဂူထဲကို ဝင်သွားကြပြီး အခုထိ ထွက်မလာကြဘူး။ သူတို့ ဘာတွေ ဖြစ်နေလဲဆိုတာ ကျုပ်တို့ မသိဘူး " ဦးလေး ဖမ်း ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပြည့်နှက်နေလျက် ပြောလိုက်သည်။ " သူတို့ရဲ့အမေတွေက နှလုံး ပြုတ်ထွက်လုမတတ် ငိုနေကြတယ်။ ၂ယောက်ကဆို နေမကောင်းတောင် ဖြစ်နေကြပြီ "

" ဦးလေး ဖမ်း အဲဒါကို အခုပဲ သွားစစ်ဆေးကြည့်ရအောင် " လီဟမ်ရှန်းက ပြောလိုက်သည်။ " အဲ့လှိုဏ်ဂူနဲ့ ပတ်သတ်ပြီး ခင်ဗျား ကျွန်တော်တို့ကို လမ်းမှာ ပြောပြလို့ရပါတယ် "

" ကောင်းပါပြီ " ဦးလေးဖမ်း သည် သဘောတူလိုက်ပြီး ဆေးပင်များကို လှည်းပေါ်တွင် ချထားလိုက်သည်။ " ကျုပ်နောက်က လိုက်ခဲ့ကြပါ။ မင်းတို့ကို အဲ့ဆီ ခေါ်သွားပေးမယ် " သူတို့ သုံးယောက်သည် ရွာရဲ့ အခြားတစ်ဘက်မှ ထွက်ခွာပြီး နက်ရှိုင်းသော တောင်တန်းများဆီသို့ သွားကြသည်။

လမ်းတွင် ဦးလေးဖမ်း က သူတို့ကို ထူးခြားသော လှိုဏ်ဂူနှင့် ပတ်သတ်၍ ပြောပြလေသည်။ သူတို့သည် နားထောင်နေသော်လည်း ပတ်ဝန်းကျင်အား အနှံ့ကြည့်နေလိုက်ကြသည်။

" ဆရာတူ မောင်လေး ဂရုစိုက်ပါ " ယန်ထျန်းထျန်းသည် တီးတိုးပြောလိုက်သည်။

" ကျွန်တော်သတိထားမိတယ် " လီဟမ်ရှန်းသည် နှေးကွေးစွာ ပြန်ပြောလိုက်သည်။

" ရွာထဲမှာ မီးခိုးတွေ ရှိပေမယ့် ဦးလေးဖမ်း က လွဲရင် တခြားဘယ်သူမှ မမြင်ခဲ့ဘူး။ အခုက ထမင်းစားချိန်ဆိုပေမယ့် ဘယ်သူမှ ရေခပ်ဖို့ ထွက်မလာကြဘူး။ ကျွန်တော်တို့ တောင်တန်းတွေဆီ သွားရင် ငှက်သံတွေ ပိုးကောင်သံတွေ အများကြီး ကြားရပေမယ့် အခုတော့ တိတ်ဆိတ်နေတာပဲ။ တစ်ခုခုတော့ ရှိရမယ် " လီဟမ်ရှန်း၏ စကားများသည် ယန်ထျန်းထျန်း၏မျက်လုံးများအား တောက်ပလာစေပြီး သူမသည် ရယ်မောလိုက်မိသည်။

" ဆရာတူ မောင်လေးက တယ်ဟုတ်နေပါလား။ မင်းလုံးဝ သတိမထားမိဘူး ထင်နေတာ။ မင်း တော်တယ် ! "

" ဘာပဲဖြစ်ဖြစ် ဂရုစိုက် နေကြရအောင် " လီဟမ်ရှန်းသည် သူတို့ ရွာကို မြင်ကတည်းက တစ်ခုခုမှားနေသလို ခံစားရ၍ ပြောလိုက်သည်။

ဦးလေးဖမ်း ကတော့ သူတို့ကို ပိုပို ဝေးဝေး သို့ ဦးဆောင် သွားလျက် သူ့ဘာသာ ဆက်ပြောပြဆဲ ဖြစ်သည်။ နောက်ဆုံးတွင် သူတို့ရှေ့တွင် ချောက်ကမ်းပါးတစ်ခု ရှိနေလေသည်။ ကမ်ပါး၏ အောက်၊ တောင်နံရံတွင် ပိန်းပိတ်အောင် မှောင်နေသော လှိုဏ်ဂူ တစ်ခု ရှိလေသည်။

" ဒီမှာပါ အဲဒါက " ဦးလေးဖမ်း သည် လှိုဏ်ဂူအား ညွှန်ပြလိုက်သည်။ သူတို့ ၂ ယောက်သည် ထူးခြားသည့် အရှိန်အဝါများ ထွက်ပေါ်မနေသော သာမန်လှိုဏ်ဂူတွေလို မည်းမှောင်နေသော လှိုဏ်ဂူထဲသို့ လမ်းလျှောက်သွားလိုက်ကြသည်။

သွေ့နံ့ တစ်စွန်း တစ်စပင် မရပေ။

" ဂရုစိုက်ပါ။ အန္တရာယ် တစ်ခုခု ရှိရင် ချက်ချင်း ထွက်သွားပါ " ဦးလေး ဖမ်း သည် သတိပေးလိုက်သည်။ ယန်ထျန်းထျန်းနှင့် လီဟမ်ရှန်းတို့သည် တစ်ဦးနှင့် တစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာချင်းဆိုင်က ဂူထဲရှိ လူသွား လမ်းကျဉ်းလေး ပေါ်သို့ ခုန်လွှားသွား လိုက်သည်။

" ဆရာတူ မောင်လေး ငါ့နောက်မှာပဲ နေပါ " ယန်ထျန်းထျန်းသည် လမ်းကို ဦးမဆောင်မီ လည်ပင်းဆန့်ကြည့်လျက် ပြောလိုက်သည်။

လီဟမ်ရှန်းသည် ငြင်းခုန်ခြင်း မပြုဘဲ လှိုက်ဂူထဲသို့ နောက်မှ လိုက်လာလေသည်။ လှိုဏ်ဂူသည် မျက်နှာကြက်မှ ရေစက်ကျသံကိုသာ ကြားနေရပြီး ချောက်ချားဖွယ် တိတ်ဆိတ်နေလေသည်။

" လေမရှိတဲ့ အတွက် ဒီဂူမှာ လမ်းဆုံးရှိရမယ် " ယန်ထျန်းထျန်းသည် သူမဘေးရှိ ကျောက်နံရံအား ထိလိုက်ပြီး သူမ၏ လက်ချောင်းများအား ကြည့်ရင်း ပြောလိုက်သည်။

" တစ်ခုခုကတော့ မှားနေပြီ " လီဟမ်ရှမ်း၏ အမူအရာသည် ထူးဆန်းလာပြီး ရုတ်တရက် ပြောလိုက်သည်။

" ဘာမှားနေတာလဲ " ယန်ထျန်းထျန်းသည် သူ့အား လှည့်ကြည့်လိုက်သည်။ လီဟမ်ရှန်းသည် ခဏလောက် တွေးဆကြည့်နေသော်လည်း လွဲမှားနေသည့်အရာအား အတိအကျ မပြောနိုင်ခဲ့ပေ။ သူသည် တစ်ခုခုမှားယွင်းနေသည်ကို ခံစားနေရသော်လည်း အဲဒါက ဘာလဲဆိုတာ အဖြေရှာမရ ဖြစ်နေလေသည်။

" ဆက်သွားကြည့်ကြစို့။ ငါတို့ ဂရုစိုက်ဖို့ပဲ လိုတာပါ။ တစ်ခုခု ဖြစ်လာရင် မင်းက မြန်မြန်ထွက်သွား " ယန်ထျန်းထျန်းသည် သတိထားလျက် လီဟမ်ရှန်းအား ပြောလိုက်သည်။

" ကောင်းပြီ " လီဟမ်ရှန်းသည် သဘောတူလိုက်ပြီး ရှေ့ဆက်သွားကြသည်။

တောက် တောက်

ရေစက်များသည် ပို၍ ကျလာကြသည်။ လီဟမ်ရှန်းသည် ရေတစ်စက်ကို သွားထိကြည့်လိုက်ရာ ရေခဲတစ်မျှ အေးစက်မှုကို ခံစားလိုက်ရသည်။

သူတို့သည် မည်သည့် သဲလွန်စမျှ မတွေ့ဘဲ လမ်းအရှည်ကြီးကို လျှောက်လာကြသည်။ စိတ်ဝိဉာဉ် သားရဲမရှိသလို တောရိုင်းတိရစ္ဆာန်မရှိပေ။ လျှိ့ဝှက်နယ်မြေလည်း အာရုံမရပေ။ ပိုပြီး အရေးကြီးတာက သူတို့ ပိုပြီး နက်နက် သွားလေ သူတို့ရဲ့ အမူအရာများ လေးနက်လာလေလေ ဖြစ်သည်။ ဒီနေရာမှာ တစ်ယောက်ယောက် ရှိခဲ့တယ်ဆိုတဲ့ သဲလွန်စ မတွေ့ရပေ။

ဒီမှာ ရွာသားတွေနဲ့ ရှေးဟောင်း တာအို ဂိုဏ်းကလူတွေ ရှိမယ်လို့ ယုံကြည်ထားကြတာ မဟုတ်ဘူးလား။ ပြီးတော့ ဘယ်သူတွေ ရှိသေးတာလဲ။ လူတွေ လှုပ်ရှားထားတဲ့ လက္ခဏာတွေ ဘာလို့ရှိမနေတာလဲ။ အဲ့အဘိုးကြီးဖမ်း သူတို့ကို လိမ်လိုက်တာလား။ ဖမ်းဖေ ရွာက ရှေးဟောင်း တာအို ဂိုဏ်းကို လိမ်တာလား။ သူတို့ တွေးဆနေရင်း လမ်းဆုံးသို့ သွားသည့် လမ်းကို တွေ့လိုက်ရသည်။

သူတို့သည် လှိုဏ်ဂူ၏ အဆုံးကို ရောက်လာပြီး ထိုနေရာတွင် ဘာမျှ မရှိပေ။ ကျောက်နံရံသာ ရှိနေပြီး ဘာမှကို မရှိပေ။

နှစ်ယောက်သား အနည်းငယ် အံ့အားသင့်သွားရသည်။ ဒါက တစ်ကယ်ပဲ အဆုံးပေါ့လေ။ လှည့်ပတ် ကြည့်လိုက်သော်လည်း လျှို့ဝှက် လမ်းကြောင်းရယ်လို့ ရှိပုံမပေါ်ပေ။

" ငါတို့ လှည့်စားခံလိုက်ရပြီနဲ့ တူတယ် " ယန်ထျန်းထျန်းသည် အနည်းငယ် ဒေါသထွက်နေသည်။ " အဲ့အဘိုးကြီးဖမ်း က ကျွန်တော်တို့ကို အရူးလုပ်လိုက်တာမလား " လီဟမ်ရှန်းသည် လျှို့ဝှက်နေရာတို့ တစ်ခုခုတို့ ရှိနေမလားဆိုပြီး သူ့ဘေးရှိ ကျောက်နံရံအား လိုက်ထိကြည့်လိုက်သည်။ သို့သော် အနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် တစ်ခုခုပေါ်သို့ လှမ်းမိသွားလေသည်။

သူ ငုံ့ကြည့်လိုက်ရာ မြေကြီးပေါ်တွင် ရွှေရောင် ဓားမြှောင်လေးအား တွေ့လိုက်ရသည်။ ဓားမြှောင်လေးပေါ်တွင် ရှုပ်ထွေးလှသည့် ပုံစံများနှင့် လှပနေပြီး အလွန် တန်ဖိုးရှိပုံပေါ်လေသည်။

လီဟမ်ရှန်းသည် မသိစိတ်က စေ့ဆော်လျက် ဓားမြှောင်အား ကောက်ယူ လိုက်သည်။

" အင်း " လီဟမ်ရှန်းသည် သူရဲ့လက်အား တစ်ခုခုက ကိုက်လိုက်သလို ခံစားချက်ကြောင့် မျက်မှောင် ကြုတ်လိုက်မိသည်။

" ဘာဖြစ်တာလဲ " ယန်ထျန်းထျန်းသည် လီဟမ်ရှန်း၏ ညည်းသံအား သတိထားမိလိုက်သည်။

" ကျွန်တော် ... " လီဟမ်ရှန်းသည် ခေါင်းခါပြရင်း ပြောလိုက်သည်။ " ကျွန်တော် တွေ့.... " လီဟမ်ရှန်းသည် ယန်ထျန်ထျန်းအား သူ့လက်ထဲရှိ ဓားမြှောင်ကို ပြချင်၍ လက်ဖြန့်လိုက်သော်လည်း ခဏအကြာတွင် အံ့အားသင့်သွားရသည်။

သူ့လက်ထဲတွင် ဘာမှ ရှိမနေပေ။ ရွှေရောင် ဓားမြှောင်က ဘယ်ရောက်သွားတာလဲ။ ခုနတုန်းက သူ့လက်ထဲမှာဆိုတာ သေချာပါတယ်။ လီဟမ်ရှန်းသည် အောက်ကို ငုံ့၍ ရှာလိုက်သော်လည်း မြေကြီးပေါ်တွင်လည်း မရှိပေ။

သူ ထင်ယောင်ထင်မှားတွေကို မြင်ခဲ့ရတာလား။

" ဘာလဲ " ယန်ထျန်းထျန်းသည် လီဟမ်ရှန်းအား အံ့အားသင့်စွာ ကြည့်လိုက်သော်လည်း သူ့လက်ထဲတွင် ဘာမှ ရှိမနေပေ။

" ဘာမှ မရှိဘူး " လီဟမ်ရှန်းသည် အမှားတစ်ခု အဖြစ် ခေါင်းထဲမှ ဖယ်ထုတ်လိုက်သော်လည်း ထူးဆန်းသည့် ခံစားချက်မှာ ပို၍ ပြင်းထန်လာတော့သည်။

" အစ်မ ကျွန်တော်တို့ ဒီမှာ ကြာကြာ မနေသင့်တော့တဲ့ ခံစားချက် ရနေတယ်။ ကျွန်တော်တို့ ဖြစ်နိုင်သမျှ ချက်ချင်း ထွက်သွားသင့်တယ် " လီဟမ်ရှန်းသည် ဆိုးရွားတဲ့ တစ်ခုခု ဖြစ်တော့မလို နှလုံးခုန်မြန်နေလေသည်။

ယန်ထျန်းထျန်းသည်လည်း အတူတူပဲ ခံစားနေရလေသည်။ သူမသည် ရှာဖွေသူတစ်ယောက် ဖြစ်ကတည်းက မရေမတွက်နိုင်သော သေရေး ရှင်ရေးတိုက်ပွဲများကို ကြုံတွေ့ရသော်လည်း ယခုကဲ့သို့သော နိမိတ်မကောင်းသည့် ခံစားချက်ကို ဆိုးဆိုးရွားရွားကို မရရှိခဲ့ဖူးချေ။

သူမသည် သူတို့ ထွက်သွားပြီးနောက် ထိုကိစ္စကို လူအိုကြီးအား မေးရန် ဆုံးဖြတ်ထားလေသည်။ သူတို့သည် လာလမ်းအတိုင်း ပြန်လှည့်လာပြီး လှိုဏ်ဂူထဲမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။ ဝင်ပေါက်ကို စောင့်နေသည် ထင်ရပြီး ပျောက်ကွယ်သွားသော လူအိုကြီးအား ရှာရန်သာ ရှိတော့သည်။

" လူအိုကြီးက တစ်ကယ် ထွက်ပြေးသွားတာပဲ " ယန်ထျန်းထျန်းသည် ဒေါသထွက်စွာ ပြောလိုက်သည်။ " သွားစို့။ ဖမ်းဖေ ရွာမှာ သူ့ကို သွားရှာကြစို့ ! သူ့ရဲ့ အရိုးအိုတွေကို ချိုးပစ်ဦးမယ် " ယန်ထျန်းထျန်း ဒေါသထွက်နေပုံကို ကြည့်၍ လီဟမ်ရှန်း မရယ်ချင်ဘဲ မနေနိုင်ပေ။

သို့သော် ဘာတွေ ဖြစ်သွားလဲ ဆိုတာ လီဟမ်ရှန်းလည်း သိချင်၍ ယန်ထျန်ထျန်းနှင့် ဖမ်းဖေ ရွာသို့ ပြန်လိုက်ခဲ့လိုက်သည်။

ကမ်းပါးပေါ်တွင် မိန်းမငယ်လေး တစ်ဦးသည် သူမ၏ မျက်လုံးများအား ပိတ်လိုက်သည်။ သူမသည် နောက်သို့ မှီလိုက်ပြီး အရိပ်တစ်ခုသည် သူမအား ထောက်ပံ့ပေးရန် အမြန် ရောက်လာခဲ့သည်။ " ကာကွယ်သူ အဆင်ပြေပါရဲ့လား "

" ဘာမှ မဖြစ်ဘူး " မိန်းကလေးသည် လက်ဖြန့်လိုက်ပြီး မြေခွေးလေးသည် ပြန်တက်လာခဲ့သည်။

" အများကြီး စားလိုက်မိရုံပါ "မိန်ကလေးသည် မျက်လုံးမှိတ်ထားဆဲ ဖြစ်သည်။ " ဘုန်းတော်ကြီးကို မစိုးရိမ်ဖို့ ပြောလိုက်ပါ။ အဲ့လူငယ်လေးက သေနေပြီ။ နတ်ဘုရားတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကျီ မိသားစုကို ဖြေရှင်းဖို့ ကူညီစဉ်းစားပေးဖို့လည်း ဘုန်းတော်ကြီးကို ပြောလိုက်ပါ "

" ဟုတ်ကဲ့ပါ " အရိပ်သည် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

" ရွယ်ယဲ့ ကို အရှုပ်ထုပ်တွေ ရှင်းဖို့ အကြောင်းကြားလိုက်။ ရှေးဟောင်း တာအိုဂိုဏ်းကို ထိုးဖောက်ဝင်ရောက်ဖို့ ထာဝရရှင်သန်ခြင်း ဂိုဏ်း အတွက် မလွယ်ဘူး။ ငါတို့ကိုယ် ငါတို့ ထုတ်ဖော်ပြလို့ မဖြစ်ဘူး။ လူငယ်လေး တစ်ယောက်အတွက် ရွယ်ယဲ့ပေါ်သွားဖို့ မတန်ဘူး " မိန်းကလေးသည် အေးအေးဆေးဆေး ပြောလိုက်သည်။

" မစိုးရိမ်ပါနဲ့ ကာကွယ်သူ၊ ရွယ်ယဲ့က သူ့ကိုယ်သူ ဂရုစိုက်မှာပါ " အရိပ်က ပြောလိုက်သည်။ " သူက ရှေးဟောင်း တာအိုဂိုဏ်းမှာ ပုန်းနေတာ ကြာပြီဖြစ်ပြီး အမြဲတမ်း ဂရုစိုက်နေတာပဲ။ ကာကွယ်သူ ဒီနေရာမှာအနားယူနေပါ။ ရွယ်ယဲ့ ပြောတာအရတော့ ဒီလူငယ်လေးမှာ သာမန်ထက်ပိုတဲ့ နားလည် သဘောပေါက်နိုင်စွမ်း ရှိတယ်တဲ့။ သူ အသံပြုလိုက်တာနဲ့ ကောင်းမွန်တဲ့ သော့ချက်တစ်ခု ဖြစ်လာလိမ့်မယ်။ ကျွန်တော် သူ့ကို သွားခေါ်လိုက်ပါ့မယ် "

" စိတ်ချ သူ အသက်ရှင်မှာ မဟုတ်ဘူး။ မင်း သွားနှင့်။ ဒါပေမယ့် အဲ့မိန်းကလေးကိုတော့ ဂရုစိုက် " မိန်းကလေး၏ အသံသည် ဖျော့တော့နေလေသည်။

လေသည် သစ်ရွက်တွေကို ဖြတ်၍ တိုက်ခတ်နေပြီး သစ်ရွက်များ ပွတ်တိုက်သံများ ထွက်ပေါ်လာပြီးနောက် နှစ်ယောက်သားသည် ကမ်းပါးမှ ပျောက်ကွယ်သွားတော့သည်။ လီဟမ်ရှန်းနှင့် ယန်ထျန်းထျန်းတို့ ဖမ်းဖေ ရွာသို့ ပြန်လာသောအခါ သူတို့ရှေ့က မြင်ကွင်းကြောင့် မင်သက်သွားရတော့သည်။

"ဖမ်းဖေ ရွာက ဘယ်မှာလဲ " ယန်ထျန်းထျန်းသည် သူမရှေ့က အပျက်အစီးများအား မယုံနိုင်စွာ ကြည့်လိုက်မိသည်။ ဒါက ဖမ်းဖေ ရွာရဲ့ တည်နေရာ အမှန်ဖြစ်ပေမယ့် အခုတော့ လူသူကင်းမဲ့နေတဲ့ ရွာသာ ဖြစ်လေသည်။

အိမ်တွေက ပျက်စီးနေပြီး နေရာတိုင်းတွင်လည်း ကျိုးပဲ့နေသော နံရံများ ရှိနေလေသည်။ နေရာများစွာတွင် မီးစွဲထားသော သဲလွန်စများပင် ရှိနေလေသည်။ သူတို့အရင်က မြင်ခဲ့သော ရွာနှင့် လုံးဝခြားနားနေလေသည်။

ရွာအဝင်က အဝါရောင် နွားထီးအိုကြီးလည်း မရှိတော့ပေ။

" ဒီမြေပေါ်မှာ ဘာတွေဖြစ်သွားတာလဲ " လီဟမ်ရှန်န်းသည်လည်း မယုံနိုင်ဖွယ်ရာ ထိုအရာအား တွေ့လိုက်ရသည်။ သူတို့မှာ မတူညီသော ကမ္ဘာနှစ်ခုကို ရောက်နေသကဲ့သို့ပင်။

ခဏအကြာတွင် လီဟမ်ရှန်းသည် အဝေးတစ်နေရာမှ တောယုန်တစ်ကောင်ကို လက်ထဲမှာ သယ်လျက် လမ်းလျှောက်လာသော ကြံ့ခိုင် သန်မာသော မုဆိုးတစ်ဦးအား တွေ့လိုက်ရလေသည်။

" ဦးလေး " လီဟမ်ရှန်းသည် မြန်မြန် လမ်းလျှောက်သွားလိုက်သည်။ မုဆိုးသည် တစ်ယောက်ယောက်မှ သူ့ကို ခေါ်လိုက်သံအား ကြားရသောအခါ အံ့အားသင့်သွားပြီး လီဟမ်ရှန်းအား ကြည့်လိုက်လေသည်။ " ဘာများလဲ လူငယ်လေး "

" ဒီနေရာမှာ ဖမ်းဖေ ရွာလို့ ခေါ်တဲ့ ရွာတစ်ရွာ ရှိခဲ့လားဆိုတာ မေးချင်လို့ " လီဟမ်ရှန်းသည် အဝေးတစ်နေရာအား ညွှန်ပြလိုက်သည်။

" အိုး ဖမ်းဖေ ရွာလား ဟုတ်တယ် အဲ့မှာ ရှိတယ် " မုဆိုးသည် ပြောလိုက်သည်။ " ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ဝက်က မိုးတွေ ရွာနေတဲ့ ညတစ်ညမှာ မိုးကြိုးမှန်ပြီး အိမ်တွေ မီးလောင်သွားတယ်။ မီးတောက်ကြီးက တစ်ရွာလုံးကို ပြာချသွားတာပဲ "

" မီးက အတော်ပြင်းတယ်။ ရွာက လူ ၁၃၀ ကျော်လောက် သေသွားတယ်လို့ ပြောကြတယ်။ အဖြစ်ဆိုးကြီးပဲ " မုဆိုးသည် ခေါင်းယမ်းရင်း ပြောလိုက်သည်။

လီဟမ်ရှန်းသည် ထိုသို့ ကြားလိုက်ရသောအခါ မင်သက်မိသွားတော့သည်။ ဖမ်းဖေ ရွာ မရှိတော့တာ ကြာပြီတဲ့လား။ လွန်ခဲ့တဲ့ နှစ်ဝက် ကတည်းက မီးတောက်ကြီးက ပြာချသွားတယ်တဲ့လား။

" ငါတို့ ပုံရိပ်ယောင်မှာ ရှိနေခဲ့ကြတာပဲ " ယန်ထျန်းထျန်းသည် နောက်မှ ရောက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ " အရာရာတိုင်းက ပုံရိပ်ယောင်တွေပဲ "

" ပုံရိပ်ယောင်လား " လီဟမ်ရှန်းသည် လှိုဏ်ဂူထဲမှာ ကတည်းက တစ်ခုခုမှားယွင်းနေသလို ခံစားခဲ့ရသည်ကို သတိရသွားသည်။ ထိုအချိန်တွင် ဘာတွေ မှားယွင်းနေလဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။

" အဲဒါက ရေစက်ကလေးပဲ " လီဟမ်ရှန်းသည် တတွတ်တွတ်ပြောလိုက်သည်။ " နေရာ နှစ်နေရာမှာ ရေစက်တွေ မြေပြင်ပေါ်ကို ကျတဲ့အချိန်နဲ့ အသံက နည်းနည်းမှ မလွဲဘဲ အတိအကျတူနေတယ် ! ဒါဆို လှိုဏ်ဂူကလည်း အတုအယောင်ပဲ "

" စိတ်ထဲ ထားမနေနဲ့။ ပထမဆုံး ဂိုဏ်းကို ပြန်ပြီး ဘာဖြစ်တာလဲဆိုတာ မေးရအောင် " ယန်ထျန်းထျန်းသည် ပြန်သွားပြီး ထို ထူးဆန်းသော တာဝန်အား စေ့စေ့စပ်စပ် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

" ကောင်းပါပြီ " လီဟမ်ရှန်းသည် စကားပြောပြီးရုံရှိသေး သူ့မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ တန်းပြီး လဲကျသွားတော့သည်။

All Chapters