ရှေးဦး ပန်းချီသူတော်စင်
Vol. 10 Ch. 95
"ဆရာတူမောင်လေး!"
လီဟမ်ရှန်း မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရပြီး ယန်ထျန်းထျန်း အလွန် ထိတ်လန့်သွားခဲ့သည်။
မကြာသေးခင်ကထိ သူ အကောင်းအတိုင်းရှိနေသေးတာလေ၊ ဘာကြောင့် ရုတ်တရက်ကြီး လဲကျသွားတာလဲ။
မကောင်းသော ခံစားချက်တစ်ခုက သူမ၏ နှလုံးသားထဲဝင်ရောက်လာတော့သည်။
သူမ လီဟမ်ရှန်းကို ကူညီရန် အပြေးအလွှား သွားလိုက်၏။ သို့သော် သူ့ကို လှည့်ကြည့်လိုက်သည့်အခါတွင် သူမ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားတော့သည်။ လီဟမ်ရှန်း၏ ရင်ဘတ်မှ ပြင်းထန်သော တစ္ဆေ အရှိန်အဝါများ ထွက်ပေါ်နေခဲ့ပေသည်။
တစ္ဆေအရှိန်အဝါသည် အလွန်ပြင်းထန်အားကောင်းပြီး ထိတ်လန့်ဖွယ်ရာအမြန်နှုန်းဖြင့် ပျံ့နှံ့နေခဲ့သည်။
ထိုအရာသည် သူ၏ခြေလက်များအထိ ပျံ့နှံ့သွားခဲ့ပြီး သူ၏လည်ပင်းအထိပင် ပျံ့နှံ့နေခဲ့သည်။
မှင်ရောင်လို မည်းနက်နေသော တစ္ဆေအရှိန်အဝါများသည် လီဟမ်ရှန်း၏ သွေးကြောများထဲတွင် ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝ လွှမ်းမိုးသွားတော့မလိုပင် ရှိသည်။
"တစ္ဆေအရှိန်အဝါ!"
ယန်ထျန်းထျန်း သည် သူမ၏မျက်လုံးများကိုပင် မယုံနိုင်တော့ပေ။
လီဟမ်ရှန်း အဆိပ်မိသွားတာလား!
တစ္ဆေမျိုးနွယ်က သူ့ကို အဆိပ်ခတ်သွားတာ?
ဒါပေမယ့် သူဘယ်တုန်းက အဆိပ်မိသွားတာလဲ။ သူမနဲ့ တစ်ချိန်လုံး အတူရှိနေခဲ့ပေမယ့် သူမတောင် သတိမထားမိလိုက်ဘူး။
"အဟွတ်!"
လီဟမ်ရှန်း ၏ပါးစပ်မှ ရုတ်တရက် သွေးတစ်လုတ် အန်ကျလာခဲ့သည်။
သူ၏ တက်ကြွမှုများလည်း တဖြည်းဖြည်းယုတ်လျော့လာခဲ့သည်။
တစ္ဆေအရှိန်အဝါ ပိုမိုအားကောင်းလာပြီး သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့ပါက လီဟမ်ရှန်း သေဆုံးရပေလိမ့်မည်။
" မကောင်းတော့ဘူး၊ အဆိပ်က ပျံ့တာ အရမ်းမြန်နေတယ်" ယန်ထျန်းထျန်း ကူကယ်ရာမဲ့နေခဲ့ပေသည်။ လီဟမ်ရှန်းကို သူမတွင် ရှိသော အကောင်းဆုံး အဆိပ်ဖြေဆေးများ ကျွေးခဲ့သော်လည်း ထိရောက်မှုက မရှိပေ။
အဆိပ်က ကြောက်စရာကောင်းလောက်အောင် ပြင်းထန်ပြီး သူမ အရင်ကလည်းဒီလိုအဆိပ်မျိုး တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ဒါက သာမန်အဆိပ်ဖြေဆေးဖြင့် ကုသနိုင်သော အဆိပ်မဟုတ်တာသေချာပေသည်။
ယန်ထျန်းထျန်း လီဟမ်ရှန်းကို လက်လျော့လိုက်တော့မယ့် အချိန်မှာပဲ သူ၏ခန္ဓာကိုယ်ပေါ်မှ နေ၊လနှင့် ကြယ် ပုံရိပ်တစ်ခုပေါ်ထွက်လာခဲ့သည်။
လီဟမ်ရှန်း ၏ ရင်ဘတ်ပေါ်တွင် အလင်းရိပ်တစ်ခု ထွက်ပေါ်လာပြီး နေနှင့်လ သဏ္ဌာန်၏ အလယ်တွင် သေးငယ်သော ပုံရိပ်လေးတစ်ခု ဖြစ်တည်လာခဲ့သည်။
တစ္ဆေအရှိန်အဝါသည် နေ၊ လ၊ နှင့် ပုံရိပ်အသေးလေးတို့၏ တည်ရှိနေမှုကို ခံစားမိသွားပြီး ဖိနှိပ်ခံလိုက်ရသလို ဖြစ်သွားခဲ့၏။
သို့သော်၊ ၎င်းသည် တစ္ဆေအရှိန်အဝါ ပျံ့နှံ့နှုန်းကို ယာယီနှေးကွေးသွားစေရုံသာဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်မှ တစ္ဆေအရှိန်အဝါများကို အပြည့်အဝတွန်းထုတ်နိုင်စွမ်းမရှိပေ။
ဒါကိုသိလိုက်ပြီးနောက် ယန်ထျန်းထျန်း အချိန်မဖြုန်းတော့။ လီဟမ်ရှန်း ကို လက်တစ်ဖက်ဖြင့် ပွေ့ချီထားပြီး သူမ၏ ကျင့်ကြံစွမ်းအားများကို အစွမ်းကုန်ထုတ်သုံးလိုက်တော့သည်။
သူမသည် ရွေ့လျားတိမ်တိုက်မြို့။
သို့ဦးတည်သွားခဲ့၏။
သူမ၏ တစ်ခုတည်းသော အစီအစဥ်မှာ လီဟမ်ရှန်းကို ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း သို့ အမြန်ဆုံးပြန်ခေါ်သွားပြီး သူတို့၏ဆရာကိုသာ ဖြေရှင်းခိုင်းရန်ဖြစ်သည်။ လီဟမ်ရှန်းသည် အသက်အန္တရာယ်ရှိနေဆဲပင်ဖြစ်သည်။
လီဟမ်ရှန်း တစ်ယောက် "နေလအင်မော်တယ်နတ်ဆိုး ခန္ဓာ" ၏ ဖိနှိပ်မှုကြောင့်သာ ကံကောင်းနေခြင်းဖြစ်၏။ သာမန်လူတစ်ယောက်သာဆိုရင် အဆိပ်မိတာနဲ့ ချက်ချင်း သေဆုံးသွားပေလိမ့်မည်။
ယန်ထျန်းထျန်း သည် ရွေ့လျားတိမ်တိုက်မြို့။
သို့ ပြန်ရောက်လာပြီးနောက် လက်ထဲတွင် လူတစ်ယောက်ကိုပွေ့ချီကာ လမ်းမများပေါ်တွင် ပြေးလွှားနေသော သေးငယ်လှသည့် သူမကို ခံစားချက်မျိုးစုံဖြင့် ကြည့်နေကြသည့် မြို့တွင်းရှိ လူအားလုံးကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
ယန်ထျန်းထျန်း သည် စန်းယွမ်ပို့ဆောင်ရေး ဌာနကို တိုက်ရိုက်သွားလိုက်ပြီး ရှေးဟောင်းတာအိုတောင်ဂိုဏ်း သို့ မြန်နိုင်သမျှအမြန်ဆုံးသော လေကြောင်းပို့ဆောင်ရေးဖြင့်ပို့ဆောင်ပေးရန် သူတို့ကို တောင်းဆိုခဲ့သည်။
စန်းယွမ်ပို့ဆောင်ရေး ဌာန သည်လည်း တောင်းဆိုသည့်အတိုင်း ဆောင်ရွက်ပေးခဲ့၏။
လူ ပို့ဆောင်ခနှင့် ပစ္စည်းပို့ဆောင်ခကတော့ သေချာပေါက် ကွဲပြားပေသည်။ ယန်ထျန်းထျန်း သည် ငွေစငါးရာပေးလိုက်ပြီးနောက်၊ စန်းယွမ်ပို့ဆောင်ရေး ဌာန မှ သူမတို့နှစ်ဦးကို ကြီးမားသောလွန်းငှက် နှစ်ကောင် ပေါ်တွင်တင်ဆောင်ကာ ရှေးဟောင်းတာအိုတောင်ဂိုဏ်းသို့ ဦးတည်ထွက်ခွာခဲ့တော့သည်။
ကံကောင်းထောက်မစွာဖြင့်ပင်၊ သူတို့သည် မင်ဟုန်ခရိုင်အတွင်း၌ ရှိနေကြပြီး ရှေးဟောင်းတာအိုတောင်ဂိုဏ်းနှင့်အကွာအဝေးမှာ သိပ်မဝေးလှပေ။
အဲဒီကိုရောက်ဖို့ တစ်နာရီကျော်လောက်သာ ကြာပေလိမ့်မည်။
ယန်ထျန်းထျန်းသည် သွားနေသည့်လမ်းတွင် ငှက်၏ကျောပေါ်၌ထိုင်နေရင်းဖြင့် သတိလစ်နေသော လီဟမ်ရှန်း ကို ကြည့်ကာ မျက်ရည်များကျလုနီးနီးဖြစ်နေပေသည်။
သာမာန်အချိန်များတွင် သူမသည် လူတစ်ယောက်ကို သတ်ရန် သို့မဟုတ် စိတ်ဝိညာဉ်သားရဲ တစ်အုပ်နှင့် ရင်ဆိုင်ရန်ပင် မကြောက်ရွံ့ခဲ့သော်လည်း ယခုအချိန်တွင် အမှန်တကယ်ပင် ကြောက်လန့်နေခဲ့သည်။
သူမရဲ့ ဆရာတူ မောင်လေးက သူမနဲ့အတူ အပြင်ထွက်ခဲ့ပြီး အခုလိုအဖြစ်ဆိုးမျိုးနဲ့အဆုံးသတ်ခဲ့ရ၏။
သူမရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး အပြစ်ရှိသလို ခံစားနေရတော့မည်ဖြစ်သည်။
သူမ ရှမူဟိုင်ကို ဘယ်လိုရှင်းပြရမလဲ။
ပြီးတော့ လီချန်ချင်း ကိုရော သူမ ဘယ်လိုရှင်းပြရမလဲ။
မူဟိုင်ဖုန်းတောင်ထိပ်၌။
ယနေ့သည် နေသာသောနေ့တစ်နေ့ပင်ဖြစ်၏။
"အစ်ကို ချန်ချင်း၊ ရေနွေးကြမ်းသုံးဆောင်ပါဦး " ရှမူဟိုင် သည်ရေနွေးကြမ်းတစ်အိုး ယူလာကာ စားပွဲပေါ်တင်လိုက်၏။
"မင်းတို့ရဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ဘာလို့ ဒီလောက်ဆူညံနေရတာလဲ"
လီချန်ချင်းသည် သူ့အတွက် ရေနွေးကြမ်း တစ်ခွက်နှင့် ရှမူဟိုင် အတွက်လည်း တစ်ခွက် ငှဲ့ပေးရင်းမေးမြန်းလိုက်၏။
" ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုလို့ ငါကထင်ထားတာ။ ဒါပေမယ့် မနေ့ညကနေ အခုထိ တွေ့ရသလောက်တော့ တအားဆူညံတာပဲ။ တကယ်ပဲဒါက ကျင့်ကြံဖို့အတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုဟုတ်ပါ့မလား "
ဒါကိုကြားပြီး ရှမူဟိုင် တစ်ယောက် သွေးအန်လုနီးပါးဖြစ်သွားခဲ့သည်။
" အစ်ကို ချန်ချင်း၊ သူတို့ဘာတွေလုပ်နေလဲ ၊ ဘာလို့ ဒီလောက်ဆူညံနေတာလဲလို့ ခန့်မှန်းကြည့်စမ်းပါအုံး?" ရှမူဟိုင်သည် စိတ်မရှည်ဟန်ဖြင့်ပြောလိုက်၏။
သူတို့က ခင်ဗျားကို ရှာနေတာမဟုတ်ဘူးလား?
မနေ့ညက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ ရုတ်ရုတ်သဲသဲဖြစ်အောင် တစ်စုံတစ်ယောက်ကလုပ်ခဲ့တဲ့အတွက် ဒီနေ့ အကြီးအကဲနှစ်ယောက်က ဦးဆောင်ပြီး အဲ့ဒီ 'လျှို့ဝှက်ဆန်းကြယ်တဲ့ပုဂ္ဂိုလ်' ကို ရှာနေကြရတာလေ။
အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ပုဂ္ဂိုလ်မှာ ဂိုဏ်းနဲ့ပတ်သတ်ပြီး မသိနိုင်တဲ့ရည်ရွယ်ချက်ဆိုးတစ်ခုခုရှိမှာကို သူတို့စိုးရိမ်နေကြတယ်။
ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကတော့ ဒီမှာ အေးအေးဆေးဆေး ရေနွေးကြမ်းထိုင်သောက်နေခဲ့တယ်လေ။
ဒီအကြောင်းကို ဂိုဏ်းကသိရင် သူ့အတွက်လည်း ကောင်းမှာမဟုတ်တာအသေအချာပဲပေါ့။
ဒါတောင် လီချန်ချင်း က ဒီနေရာမှာထိုင်ပြီး ထေ့ငေါ့ပြောဆို ဝေဖန်ချင်နေသေးတာလား။
"အိုး..တောင်းပန်ပါတယ်။ ငါ အဲဒီကိစ္စကို မေ့သွားလို့ " လီချန်ချင်းက အားတုံ့အားနာဖြင့် ပြောလာခဲ့၏။
" ဒါနဲ့လေ၊ မင်းတို့ရဲ့ မျောလွင့်ပုံရိပ်ခန်းမ ရဲ့ ခန်းမသခင် ရော အဆင်ပြေရဲ့လား "
"မနေ့ညက သူ့ကိုကြည့်ရတာ စိတ်ခံစားချက် အရမ်းပြင်းထန်တဲ့ပုံပဲ။ ဒီလို စိတ်အရည်အသွေးရှိတဲ့သူတစ်ယောက်က မင်းတို့ရဲ့ ခန်းမသခင် ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ "
" သူ အဆင်ပြေပါတယ်၊ သူက တစ်ချို့အရာတွေကို ကြုံတွေ့ခဲ့ရပြီး သူ့နှလုံးသားထဲမှာ အထုံးလေးတွေ ရှိနေခဲ့ရုံပါပဲ "
ရှမူဟိုင် သည် ရေနွေးကြမ်းခွက်ကို ကောက်ကိုင်ပြီး တစ်ငုံလောက်သောက်ကာ ပြုံးလိုက်၏။
" သူက မင်းကို ရှုံးသွားလို့ စိတ်ထိခိုက်သွားတာ မဟုတ်ပါဘူး။ ကျွန်တော်ထင်တာမမှားရင်၊ အဲ့ဒါ နဂါးနိုင်လက်ဝါးကြောင့် ဖြစ်လိမ့်မယ် "
"နဂါးနိုင်လက်ဝါး” လီချန်ချင်း မျက်ခုံးပင့် လိုက်၏။ သူ့ရဲ့ နဂါးနိုင်လက်ဝါးက လီကျင့်စုန်နဲ့ ဘာဆိုင်လို့လဲ။
" ခန်းမသခင် လီအကြောင်းပြောရရင်၊ သူက အရင်က ကျွန်တော်တို့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက မဟုတ်ဘူး " ရှမူဟိုင်သည် ဖြည်းညှင်းစွာဖြင့် ပြောလာခဲ့သည်။ " သူ့ရဲ့ လက်ရှိအနေအထားကို မကြည့်ပါနဲ့၊ တကယ်တော့ သူက ပန်းချီသူတော်စင် တစ်ပါး ဖြစ်ခဲ့ဖူးပါတယ် "
" ပန်းချီသူတော်စင်လား? " လီချန်ချင်း အနည်းငယ်တော့ အံ့သြသွားခဲ့သည်။
အဲ့ဒီ လီကျင့်စုန်က တကယ်ပဲ ပန်းချီသူတော်စင် တစ်ပါးလား။
တကယ့် ပန်းချီသူတော်စင်တစ်ပါးကို သူတစ်ခါမှ မမြင်ဖူးပေ။
"ဟုတ်ပါတယ်"
" လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လီကျင့်စုန်ဟာ စန်းယွမ် နယ်မြေမှာ အတော်လေးနာမည်ကြီးခဲ့ပါတယ် "
ရှမူဟိုင်သည် အခိုင်အမာပင် ပြောလာခဲ့သည်။
"အဲဒီအချိန်တုန်းက စန်းယွမ် နယ်မြေတစ်ခုလုံးမှာ အသက်အငယ်ဆုံး ပန်းချီသူတော်စင်နှစ်ပါး ထွက်ပေါ်ခဲ့ပါတယ်၊ တစ်ယောက်က လီကျင့်စုန်နဲ့ နောက်တစ်ယောက်က ယွဲ့ဟန်ကျွင်းပါ။ သူတို့နှစ်ယောက်လုံးဟာ ပန်းချီအင်မော်တယ်တွေ ဖြစ်လာဖို့ အလားအလာရှိခဲ့တဲ့ သူတွေပဲ "
" သူတို့နှစ်ယောက်က တစ်ဖက်နဲ့တစ်ဖက် အလျှော့မပေးဘဲ အမြဲတမ်း ယှဉ်ပြိုင်နေခဲ့ကြတယ်။ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး၊ ဘယ်သူကမှလည်း အသာစီးမရခဲ့ကြဘူး "
လီကျင့်စုန်က စကြာဝဠာပန်းချီသူတော်စင်ရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဂုဏ်အယူရဆုံး တပည့်တစ်ယောက်လည်းဖြစ်တယ်။ ယွဲ့ဟန်ကျွင်းကတော့ စန်းယွမ် နယ်မြေ ရဲ့ နာမည်ကျော် ယွဲ့မိသားစုက သားပါ။ ယွဲ့မိသားစုဟာ စွမ်းအားကြီးမားပြီး ကြောက်စရာကောင်းတဲ့ နောက်ခံနဲ့ တကယ့်ကို အင်အားကြီးတဲ့ မိသားစုတစ်ခုပဲ "
"အချိန်ကြာလာတာနဲ့အမျှ အင်အားကြီးခြင်းရဲ့ အထီးကျန်မှုကြောင့် ဖြစ်နိုင်မလားပဲ? သူတို့နှစ်ဦးဟာ အစတုန်းက ရန်သူတွေဖြစ်နေရာကနေ နောက်ပိုင်းမှာတစ်ဦးနဲ့တစ်ဦး နားလည်မှုရှိတဲ့ သူငယ်ချင်းကောင်းတွေဖြစ်လာခဲ့ကြတယ်။ မကြာခဏဆိုသလို သူတို့ရဲ့အချိန်တွေကို အတူတူကုန်ဆုံးကြပြီး သူတို့ရဲ့ပန်းချီစွမ်းရည်တိုးတက်လာအောင် လုပ်ကြတယ်၊ စွမ်းအားကြီးတဲ့ လျှို့ဝှက်နယ်မြေများစွာကို အတူပူးပေါင်းရှာဖွေခဲ့ကြတယ် "
" သေခြင်းတရားကို အတူတူဖြတ်ကျော်လာခဲ့ကြပြီးတဲ့နောက် သူတို့နှစ်ဦးဟာ ညီအကိုရင်းချာတွေလိုပဲ တစ်ယောက်နဲ့ တစ်ယောက် ရှုမြင်လာခဲ့ကြတယ် "
" တစ်နေ့မှာ သူတို့ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အတူချခဲ့ကြတယ်။ ဟင်းလင်းပြင်နဂါးကျွန်းကိုသွားပြီး နဂါးတွေကို ပန်းချီဆွဲဖို့ဆုံးဖြတ်ခဲ့ကြတာတဲ့လေ "
ရှမူဟိုင် ၏ မျက်လုံးများထဲတွင် စိုးရိမ်ထိတ်လန့်သော အရိပ်အယောင်တစ်ခု ထင်ဟပ်လာခဲ့သည်။ "အစ်ကို ချန်ချင်း ၊နဂါးတွေကလည်း စိတ်ဝိညာဉ်သားရဲတွေလိုပဲ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားကြတယ်ဆိုတာ အစ်ကို သိထားသင့်သည်။ တစ်ခါတုန်းက စန်းယွမ်နယ်မြေမှာ နဂါးတစ်ကောင်ကြောင့် အကြီးအကျယ် ကသောင်းကနင်းဖြစ်သွားခဲ့ပြီး မရေမတွက်နိုင်တဲ့ အစွမ်းထက် သက်ရှိများများစွာ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဂိုဏ်းပေါင်းများစွာနဲ့ မိသားစုကြီးများ စွာလည်း ပျက်သုဉ်းခဲ့ရပါသေးတယ် "
" စန်းယွမ်နယ်မြေ အရှင်သခင်ရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့်သာ မဟုတ်ရင် ဘယ်လောက်ထိ ပရမ်းပတာဖြစ်ကုန်ကြမယ်ဆိုတာ ဘယ်သူသိမလဲ "
" နောက်ပိုင်းမှာ နဂါးမျိုးနွယ် နဲ့ စန်းယွမ် နယ်မြေရဲ့ အရှင်သခင်တို့ သဘောတူညီမှုတစ်ခုရခဲ့ပါတယ်။ နဂါးမျိုးနွယ် က ဟင်းလင်းပြင်နဂါးကျွန်းကနေ အခြားဒေသကို ကျူးကျော်လာမှာမဟုတ်သလို တခြားမျိုးနွယ်စုတွေကိုလည်း အဲဒီကျွန်းပေါ် ခြေချခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ယွဲ့ဟန်ကျွင်းနဲ့ လီကျင့်စုန်တို့ရဲ့ဆုံးဖြတ်ချက်က ဘယ်လောက်ရဲရင့်သလဲဆိုတာ အစ်ကို နားလည်နိုင်ပါတယ် "
" မြတ်စွာဘုရား! " လီချန်ချင်း ဘာပြန်ပြောရမှန်းပင်မသိတော့။ " သောက်ကျိုးနည်း ဒါကြီးက ရဲရင့်တာလား "
ဒီအတိုင်း ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိတဲ့ ကလေးနှစ်ယောက်ပဲ မဟုတ်လားဟ?
နဂါးတွေကိုပန်းချီဆွဲဖို့အတွက်ဆိုပြီး ဒီလောက်အန္တရာယ်များတဲ့နေရာတစ်ခု သွားတယ် ဟုတ်လား?
ဒါနဲ့ပဲ နဂါးမျိုးနွယ် က ဒေါသတွေထွက်ပြီး ပြဿနာတွေထပ်ဖြစ်ရောလား?
သို့သော်လည်း ထိုအဖြစ်အပျက်များမှတစ်ဆင့် အလွန်အရေးကြီးသော သတင်းတစ်ခုကို လီချန်ချင်း သိလိုက်ရပေသည်။
စန်းယွမ်နယ်မြေမှာ နဂါးတွေ တကယ်ရှိခဲ့တာပဲ။
ဒါ့အပြင် အခြားသော အမည်နာမတစ်ခုကလည်း လီချန်ချင်း ၏အာရုံကိုဖမ်းစားသွားခဲ့သည်။
စန်းယွမ် နယ်မြေ၏ အရှင်သခင်။
အဲ့ဒီပုဂ္ဂိုလ်က ဘယ်သူလဲ။
ဒီနေရာကို စန်းယွမ်နယ်မြေ လို့ခေါ်ပြီး အဲ့ဒီပုဂ္ဂိုလ်ကို စန်းယွမ် နယ်မြေရဲ့ အရှင်သခင်လို့ခေါ်ကြတယ်။ ဒါဆို သူက စွမ်းအားအကြီးဆုံးပုဂ္ဂိုလ် ဒါသို့မဟုတ် ဒီကမ္ဘာကြီးကို အုပ်စိုးသူလား။
လီချန်ချင်းရဲ့ အမြင်အရတော့ နဂါးမျိုးနွယ်နဲ့တောင် သဘောတူညီမှုလုပ်နိုင်ခဲ့တဲ့ အဲ့ဒီလူဟာ ဒဏ္ဍာရီလာမြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်ပေလိမ့်မည်။
" နောက်တော့ ဘာဆက်ဖြစ်သွားလဲ? သူတို့သွားခဲ့ကြသလား" လီချန်ချင်း သိလိုစွာဖြင့် မေးလိုက်၏။
"လီကျင့်စုန် က ယွဲ့ဟန်ကျွင်းကို သူတို့နှစ်ယောက်ချိန်းထားတဲ့ နေရာမှာ သုံးရက်ကြာအောင် စောင့်ခဲ့ပေမယ့် ယွဲ့ဟန်ကျွင်းက ပေါ်မလာခဲ့ဘူးလေ။ လီကျင့်စုန်က ယွဲ့ဟန်ကျွင်းကြောက်ပြီး ရောက်မလာတာလို့ ထင်လိုက်ပြီး သူ့ကို အရမ်းစိတ်ပျက်သွားခဲ့တယ်။ ပြီးတော့ ဟင်းလင်းပြင်နဂါးကျွန်းကို တစ်ယောက်တည်း သွားခဲ့တော့တာပေါ့ "
" လီကျင့်စုန်ဟာ ဟင်းလင်းပြင်နဂါးကျွန်းကို တိတ်တဆိတ်ခိုးဝင်နိုင်ခဲ့ပေမယ့်လို့ မကြာခင်ပဲ နဂါးမျိုးနွယ်က သူ့ကိုရှာတွေ့သွားခဲ့ကြတယ်။ သူဟာ ခက်ခက်ခဲခဲအသက်ရှင် လွတ်မြောက်လာခဲ့ပေမယ့်လည်း နဂါး မျိုးနွယ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး သူရဲ့ နတ်ဘုရားဝိညာဉ်ကလည်း အကြီးအကျယ် ပျက်စီးသွားခဲ့တယ်!"
" အဲ့ဒီနောက်မှာတော့သူဟာ ပန်းချီသူတော်စင်အဆင့်ကနေ အဆင့်မြင့် ပန်းချီဆရာတစ်ဦးအဖြစ် အဆင့်ကျသွားခဲ့ပြီး ယနေ့အချိန်ထိ ပြန်လည်ကောင်းမွန်လာခြင်းမရှိတော့ပါဘူး။ ပျက်စီးသွားတာတွေက အရင်အတိုင်းပြန်မဖြစ်နိုင်တော့ဘူးတဲ့လေ "
" အဲ့ဒီကတည်းက သူဟာ ဘယ်သူမှ နဂါးတွေရဲ့ ပန်းချီကိုမရေးဆွဲနိုင်ဘူးလို့ ယုံကြည်ထားခဲ့တာ။ သူတောင် မလုပ်နိုင်ခဲ့တာ တခြားသူတွေလည်း သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူးတဲ့ ။ ဒါကြောင့် လီကျင့်စုန်က အကိုချန်ချင်းရဲ့ နဂါးနိုင်လက်ဝါးသိုင်းကို သုံးနေတာတွေ့လိုက်ရတဲ့အခါ..." ရှမူဟိုင် သည် ဆက်ပြောမလာတော့ချေ။
သို့သော်လည်း လီချန်ချင်း နားလည်လိုက်ပေသည်။
နဂါးမျိုးနွယ်ကြောင့် သူ စိတ်ပျက်လက်ပျက်ဖြစ်သွားပြီးနောက် လီကျင့်စုန်သည် ဟင်းလင်းပြင်နဂါးကျွန်းရှိ နဂါးများကို ကမ္ဘာပေါ်ရှိ မည်သူကမျှ ပန်းချီမရေးဆွဲနိုင်တော့ဟု ယုံကြည်ထားခဲ့ရာ အခု နဂါးနိုင်လက်ဝါးသိုင်းကို အသုံးပြုနေသည်ကို သူကိုယ်တိုင်တွေ့လိုက်ရသောအခါ သူ့နောက်မှာ တစ်စုံတစ်ယောက်သည် နဂါးတစ်ကောင်၏ ပန်းချီကို အောင်အောင်မြင်မြင် ရေးဆွဲနိုင်ခဲ့ကြောင်းသဘောပေါက်သွားခဲ့၏။ မဟုတ်ရင် ဒီလိုသိုင်းပညာကို ဘယ်လိုလုပ်ပြီးနားလည်နိုင်ကြမှာလဲ။
ဤသို့ဖြင့် လီကျင့်စုန်သည် အလွန်အံ့သြတုန်လှုပ်သွားတော့သည်။
သူ့ဘဝကိုသူ စတင်သံသယဝင်လာတော့၏။
"ယွဲ့ဟန်ကျွင်း အကြောင်းကရော?"
လီချန်ချင်း သည် ဇာတ်လမ်းထဲမှ ကျန်ရှိနေသေးသည့် လူတစ်ယောက်ကို သတိတရမေးလိုက်သည်။
" တကယ်တော့ ယွဲ့ဟန်ကျွင်းဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ အတိအကျမသိကြပါဘူး၊ အပြင်မှာတော့ ကောလဟာလတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ် "
ရှမူဟိုင် သည် သက်ပြင်းခက်ဖွဖွချကာ ပြောလာခဲ့၏။
" တချို့ကောလဟာလတွေက ယွဲ့ဟန်ကျွင်းကွယ်လွန်သွားပြီလို့ ပြောကြတယ်၊ တချို့ကတော့ ယွဲ့ဟန်ကျွင်းဟာမိန်းမတစ်ယောက်ကြောင့် ယွဲ့မိသားစုထဲမှာ ပြဿနာတွေဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ ယွဲ့မိသားစုနဲ့ လုံးဝကွဲကွာသွားခဲ့တယ်တဲ့၊ အဲ့ဒီနောက် စန်းယွမ်နယ်မြေရဲ့ အရှင်သခင်နဲ့တောင် ရန်သူတွေဖြစ်သွားခဲ့ပြီး နောက်ဆုံးတော့ စန်းယွမ်နယ်မြေအရှင်သခင်ရဲ့ နှိမ်နင်းခြင်းကိုခံခဲ့ရတယ် လို့ပြောကြတယ် "
" အသေးစိတ်အချက်အလက်တွေကို တော့ကျွန်တော်လည်းသိပ်မသိပါဘူး။ ယွဲ့မိသားစုက ဒီသတင်းတွေကို ပိတ်ပင်ခဲ့ပြီး ဘာကိုမှလည်းထုတ်မပြောခဲ့ကြဘူးလေ "
ရှမူဟိုင်သည် ခေါင်းခါလိုက်ပြီး " လီကျင့်စုန်က သူ့သူငယ်ချင်းရဲ့ အခြေအနေတွေကို သိပေမယ့် ဘာမှမတုန့်ပြန်ခဲ့ဘူး။ သူ့နှလုံးသားက သေသွားခဲ့ပြီ။ သူ့ဆရာ ပန်းချီသူတော်စင် ကွယ်လွန်ပြီးတဲ့ နောက်မှာတော့ သူ ရင်းနှီးတဲ့နေရာကနေ ထွက်ခွာလာခဲ့ပြီး ဒီဒေသကို ရောက်လာခဲ့တာပါ "
"နောက်တော့ သူက ကျွန်တော်တို့ဂိုဏ်းခေါင်းဆောင်နဲ့တွေ့ပြီး ဘာတွေပြောခဲ့ကြတယ်တော့ မသိဘူး၊ ကျွန်တော်တို့ရဲ့ ရှေးဟောင်းတာအိုတောင်ဂိုဏ်းကို သူရောက်လာတော့တာပါပဲ "
" စန်းယွမ်နယ်မြေရဲ့ အရေးကိစ္စတွေက တကယ်ကို ရှုပ်ထွေးတာပဲ " လီချန်ချင်း သက်ပြင်းချလိုက်မိတော့သည်။
ပါရမီရှင် ပန်းချီသူတော်စင် နှစ်ပါး။
တစ်ယောက်က သူ့ရဲ့ မူလအဆင့်ကနေ လျော့ကျသွားခဲ့ပြီး ဤနေရာတွင် တန်ဖိုးမရှိ အချည်းအနှီးဖြစ်နေခဲ့သည်။
နောက်တစ်ယောက်ကတော့ တစ်ချို့သော အကြောင်းပြချက်များဖြင့် စန်းယွမ် နယ်မြေ၏ အရှင်သခင်အား ဆန့်ကျင်ရန် တွန်းအားပေးခံခဲ့ရပြီး သေသလား ရှင်သလား မသိရပေ။
သာမန်ဘဝလေးနဲ့ အေးအေးဆေးဆေး နေတာက မကောင်းဘူးလား
နေ့တိုင်းစားမယ်သောက်မယ်၊ နေထွက်ချိန်နေဝင်ချိန်ကိုကြည့်မယ်၊ ဇနီး၊ သားသမီးတွေနဲ့အတူ အိပ်ရာထဲ နွေးနွေးထွေးထွေးနေမယ်၊ ဘဝဆိုတာ ဒါပဲလေ။
" ဟမ်ရှန်းက ဘာလို့ အခုထိပြန်မလာသေးတာလဲ" လီချန်ချင်း သည် တီးတိုးရေရွတ်လိုက်ပြီး ရေနွေးကြမ်းခွက်ကို လှမ်းကိုင်လိုက်၏။
သူ ရေနွေးကြမ်းခွက်ကို ထိကိုင်လိုက်သည်နှင့် ခွက်၏ လက်ကိုင်သည် ရုတ်တရက် ကွဲသွားခဲ့တော့သည်..။
{တစ်ချို့လူတွေက သေဆုံးသွားပေမယ့်လို့ အပြည့်အဝသေဆုံးသွားတာတော့မဟုတ်သေးဘူး...}