← Chapters

မကျေမချမ်းဝိညာဉ်

Vol. 10 Ch. 96

မကျေမချမ်းဝိညာဉ်

Vol. 10 Ch. 96

လီချန်ချင်း၏ အကြည့်က စူးစိုက်နေခဲ့သည်။

လက်ဖက်ရည်ခွက်၏ လက်ကိုင်သည် စားပွဲပေါ်တွင် တုန်ခါနေဆဲဖြစ်သည်။

" အာ" ရှမူဟိုင်သည် လက်ဖက်ရည်ခွက်၏ လက်ကိုင်အား ကိုင်ရန် လက်လှမ်းကာ ပြောခဲသည်။ "‌ကျုပ်တကယ်စိတ်မကောင်းပါဘူး။ ဒီမှာ ဘာတစ်ခုမှ အသစ်မလဲတာ အချိန်အတော်ကြာနေပြီ။ ဧည်သည်လာခဲတာကြောင့် ဒီလက်ဖက်ရည်ခွက်ကကွဲနေတာကို သတိမထားမိခဲ့ဘူး။ ကျုပ် အသစ်တစ်ခုယူလာခဲ့ပါမယ်"

လီချန်ချင်းသည် ဘာမှမပြောဘဲ အဝေးသို့ကြည့်နေကာ သူ့မျက်လုံးထဲမှ စိုးရိမ်မှုကို ဖုံးကွယ်ရန် မတတ်နိုင်ခဲ့ပေ။

" ဟမ်ရှန်းက ဘယ်ကိုသွားတာလဲ။ ကျုပ်သူ့ကိုသွားရှာဖို့လိုတယ်" လက်ဖက်ရည်ခွက်လက်ကိုင်ကျိုးပဲ့သွားခြင်း၏ နိမိတ်နှင့်အတူ လီချန်ချင်းသည် တစ်ခုခုမှားသွားသကဲ့သို့ စိုးရိမ်စိတ်များ တိုးပွားလာခဲ့သည်။

သူသည် မျက်နှာဖုံးအား မျက်နှာပေါ်၌ ပြန်တပ်ကာ ထွက်သွားရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သူသည် ဒီနေရာ၌ ဒီထက်ကြာကြာမနေနိုင်တော့ပေ။

"အစ်ကို ချန်ချင်း ခင်ဗျားကို လူတွေက အပြင်မှာ နေရာအနှံ့ရှာနေကြတာ။ ဘယ်လိုထွက်သွားမှာလဲ။ ထွက်သွားဖို့တိုက်ခိုက်ဦးမှာလား" ရှမူဟိုင်က ကမန်းကတန်းပြောလာခဲ့သည်။ "အဲ့အပြင် ရှေးဟောင်းတာအိုတောင်ရဲ့ အစီအရင်ကြီးကလည်း အသက်ဝင်လာခဲ့ပြီ။ ခင်ဗျားထွက်သွားချင်တယ်ဆိုရင် ခင်ဗျားရဲ့အသက်ကို စွန့်စားရလိမ့်မယ်။ပြီးတော့ အစောပိုင်းက ခင်ဗျားကြောင့်ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကို ထည့်စဉ်းစားကြည့်မယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာကိုတောင် ပြောဖို့ခက်တယ်"

"စိတ်လျော့ပြီး ဒီကနေစောင့်နေ။ သူတို့မကြာခင် ပြန်လာလိမ့်မယ်။ သူတို့ပြန်ရောက်တာနဲ့ချက်ချင်း ကျုပ်ကိုလာတွေ့ဖို့ မူဟိုင်ဖုန်းကို ခေါ်လိုက်မယ်။ ဟုတ်ပြီလား"

ရှမူဟိုင်သည် လီချန်ချင်းက လူကောင်းတစ်ယောက်ဟု ခံစားရသော်လည်း လီဟမ်ရှန်းနှင့် ပတ်သက်သည့် ကိစ္စများ၌ အလွန် ဆတ်ဆတ်ထိမခံဖြစ်ပေသည်။

သို့သော်လည်း ရှမူဟိုင် ခုနက လီချန်ချင်းပြောသည့် သူက အဖေမဖြစ်ဖူးတာမို့ အဖေတစ်ယောက်၏ ခံစားချက်ကိုနားမလည်နိုင်ဆိုသည်စကားကိုလည်း သိပေသည်။

ရှမူဟိုင်၏ အာပေါက်မတက် အတော်များများတိုက်တွန်းပြီးသည့်နောက်တွင် လီချန်ချင်းသည် နောက်ဆုံး၌ ဆက်လက်စောင့်ဆိုင်းရန် ထိုင်ချခဲ့ပေတော့သည်။

ထိုအချိန်‌အတောအတွင်းတွင် တောင်အပြင်ဘက်တံခါးပေါက်၌ စန်းယွမ်ပို့ဆောင်ရေး ဌာန၏ ပျံသန်းသားရဲတစ်ကောင်ရောက်ရှိလာခဲ့သည်။

"ဘာဖြစ်တာလဲ။ တောင်တံခါးအစီအရင်က ဘာလို့ အသက်ဝင်နေရတာလဲ" ရှေးဟောင်းတာအိုတောင်နယ်မြေ၏ ပတ်ပတ်လည်ရှိ အသက်ဝင်နေသည့် အစီအရင်ကြီးကိုတွေ့ကာ ပျံသန်းသားရဲပေါ်မှ ယန်ထျန်းထျန်းက မယုံကြည်နိုင်စွာပြောခဲ့သည်။

ယန်ထျန်းထျန်း၏ မှတ်ဉာဏ်အတွင်း၌ တောင်တံခါးအစီအရင်သည် တစ်ကြိမ်တစ်ခါသာ အသက်ဝင်ခဲ့ဖူးသည်ဟု ထင်ရပေသည်။

"အစ်မ ယန် ပဲ"

တောင်တံခါးအနီး၌ ကင်းလှည့်နေသည့် တပည့်များသည် ယန်ထျန်းထျန်းအား တွေ့သည်နှင့် ခေါင်းဆောင်က လျင်မြန်စွာရှေ့တက်လာကာ ရိုရိုကျိုးကျိုးပြောခဲ့သည်။ "မနေ့ညက ရှေးဟောင်းတာအိုတောင်ဂိုဏ်းကို တစ်ယောက်ယောက်ကျူးကျော်လာခဲ့လို့ပါ။အဲ့ဒီလူကို ဖမ်းမမိသေးတာကြောင့်မို့လို့ သူထွက်ပြေးတာကနေ ကာကွယ်ဖို့ တောင်တံခါးအစီအရင်ကို အသက်သွင်းထားတာပါ။ အချိန်မရွေးဝင်လို့ရပါတယ်။ ဒါပေမယ့် ထွက်ချင်တယ်ဆိုရင်တော့ စည်းကမ်းထိန်းသိန်းရေးတောင်ထိပ်သခင်ကို ခွင့်တောင်းခံဖို့ လိုအပ်တယ်"

" ကောင်းပြီ"

ထိုအချိန်၌ ယန်ထျန်းထျန်းသည် အနည်းငယ် ဂရုမစိုက်နိုင်ပေ။ သူမသည် ရှေးဟောင်းတာအိုတောင်နယ်မြေအ ကျူးကျော်သည့် သူ၏ အချင်အလက်အသေးစိတ်ကိုနှိုက်နှိုက်ချွတ်ချွတ် မေးမြန်းရန် အချိန်မရှိချေ။ ယခုတွင် လူ့အသက်ကယ်ခြင်းက အရေးကြီးဆုံးကိစ္စဖြစ်သည်။

လီဟမ်ရှန်း၏ အသက်ရှူသံက အားနည်းထက်သထက် အားနည်းလာချေပြီ။ ဆရာမှ အဖြေတစ်ခုရှာရန် သူ့အား ချက်ချင်းပင် မူဟိုင်ဖုန်းတောင်သို့ အလျင်အမြန်ခေါ်သွားရမည်ဖြစ်သည်။

ထို့ကြောင့် ပျံသန်းသားရဲသည် သူ၏ ကြီးမားသည့် အတောင်များအား ဖြန့်ကျက်ကာ အနက်ရောင်တိမ်တိုက်အတွင်းသို့ ထိုးစင်းသွားကာ မူဟိုင်ဖုန်းတောင်ဆီသို့ ပျံသန်းလာခဲ့သည်။

ကောင်းကင်ယံမှ ပျံသန်းသားရဲသည့် ရှည်လျားသည့် မြည်ကြွေးသံသည် အာရုံစူးစိုက်မှုအများအပြားကို ဆွဲဆောင်‌သွားခဲ့ပေသည်။

စန်းယွမ်ပို့ဆောင်ရေးငှာန၏ ပျံသန်းသားရဲအားတွေ့ပြီးနောက် လူတိုင်းသည် စပ်စုလိုသည့် အကြည့်တစ်ချက် ပေါ်ထွက်လာကြပြီး စန်းယွမ်ပို့ဆောင်ရေး ပျံသန်းသားရဲပေါ်မှ ရှေးဟောင်းတာအိုတောင်တံခါးသို့ ပြန်လာရန် လိုအပ်သည့် အရေးကြီးကိစ္စက မည်သည့်အရာလဲဆိုသည်ကို သိချင်နေခဲ့ကြသည်။

ပျံသန်းသားရဲက မူဟိုင်ဖုန်းတောင်နှင့် နီးကပ်သထက် နီးကပ်လာလေ လီချန်ချင်း ခံစားရသည်က ပို၍ မသက်မသာဖြစ်လာလေပင်။

သူ၏ သွေးများက တဒုတ်ဒုတ်ခုန်နေသကဲ့သို့ပင်။

သူ၏ သွေးမှ ခေါ်သံတစ်ခုလိုပင်။

လီချန်ချင်းသည် ရုတ်တရက် ထရပ်ကာ အဝေးသို့ ကြည့်နေခဲ့သည်။ သူသည် နီးကပ်လာနေသည့် အလွန်ရင်းနှီးသည့် အရှိန်အဝါတစ်ခုကို ခံစားခဲ့ရသည်။

ထိုအခိုက်အတန့်၌ ရှမူဟိုင်သည်ပင် အဝေးသို့ မော့ကြည့်နေခဲ့သည်။ ပျံသန်းလာနေသည့် စန်းယွမ် ပို့ဆောင်‌‌ရေးဌာန၏ ပျံသန်းသားရဲနှင့် ပျံသန်းသားရဲပေါ်၌ ရပ်နေသည့် စိုးရိမ်နေပုံပေါ်သည့် ယန်ထျန်းထျန်းအားတွေ့ပြီး ရှမူဟိုင်သည် အသက်ရှုရပ်မတက် ဖြစ်သွားခဲ့သည်။

ဘာဖြစ်ခဲ့တာလဲ။

တကယ်ပဲ တစ်ခုခုဖြစ်ခဲ့တာလား။

ယန်ထျန်းထျန်းသည် လီဟမ်ရှန်းအား တစ်ခါတည်းမပြီး ပျံသန်းသားရဲပေါ်မှ ခုန်ချကာ ရှမူဟိုင်၏ ခြံဝန်းအတွင်းသို့ သက်ဆင်းလာခဲ့သည်။ သူမက အပြေးအလွှားပြောလာခဲ့သည်။ " ဆရာ ၊ ဂျူနီယာမောင်လေး ကို ကယ်ပါဦး။ သူ့ကို အခုမကယ်နိုင်ရင် သူက ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး"

ထိုစကားလုံးများ ထွက်လာပြီးသည်နှင့် ရှမူဟိုင် မတုန့်ပြန်နိုင်ခင်ပင် လီချန်ချင်းက ဟန်ချက်ပျက်လုနီးပါး ဖြစ်နေခဲ့သည်။

လီဟမ်ရှန်းအား တွေ့ရသည့် ပထမဆုံးအကြိမ်ဖြစ်သော်လည်း သူတို့၏ သွေးမျိုးဆက်ကြားမှ ခပ်ဖျော့ဖျော့ခံစားချက်က အသက်မျှင်းမျှင်းသာရှူနေသည့် လှဲနေသည့်လူငယ်လေးက သူ့သားဟု လီချန်ချင်းအား ပြောနေခဲ့သည်။

" ဟမ်ရှန်း"

လီချန်ချင်းသည် လီဟမ်ရှန်းဘေးသို့ လျင်မြန်စွာရောက်သွားခဲ့သည်။ လီဟမ်ရှန်း၏ ခန္ဓာကိုယ်အား တဖြည်းဖြည်း ပျက်သုန်းစေသည့် တစ္ဆေချီဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်ခဲ့ရပေသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးအား တစ္ဆေချီများဖြင့် လွှမ်းခြုံထားခဲ့ပြီး သူ၏ လည်ပင်းသို့ပင် ရောက်နေပြီဖြစ်သည်။ သူ၏ ခေါင်းသို့ ရောက်လာပါက သူ့အား ကယ်လို့ရတော့မည်မဟုတ်ဟု လီချန်ချင်းခန့်မှန်းမိခဲ့သည်။

" ဒါက ဘယ်လိုဖြစ်တာလဲ" ရှမူဟိုင်သည်လည်း သူ၏နှလုံးသားက အေးစက်သွားခဲ့သည်။ သူက လီဟမ်ရှန်း၏ လက်ကောက်ဝတ်ကိုဆွဲယူလိုက်ကာ သူ၏ အားကောင်းသည့် အတွင်းအားကိုထည့်သွင်းရင်း သူ၏ အစွမ်းထက်သည့် စစ်မှန်သည့် အတွင်းအားဖြင့် တစ္ဆေချီကို တိုက်ထုတ်ရန် ကြိုးစားနေပေသည်။

သို့သော်လည်း ရှမူဟိုင်၏ အတွင်းအားက လီဟမ်ရှန်း ၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည့် အခါ၌ ကြောက်မက်ဖွယ် ‌တစ္ဆေချီက သားရဲတစ်ကောင်ကဲ့သို့ ပြန်လည်တိုက်ခိုက်လာခဲ့သည်။ ရှမူဟိုင်၏ အတွင်းအားက လီဟမ်ရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်သွားသည်နှင့်ချက်ချင်း ဝါးမြိုခံလိုက်ရကာ အသုံးမဝင်ပေ။

ဤတစ္ဆေချီက မယုံနိုင်လောက်အောင် ခက်ထန်ကြမ်းကြုတ်ကာ ရှမူဟိုင် မျှော်လင့်ထားသည်ထက် ကျော်လွန်နေပေသည်။

"တစ္ဆေစားကောင်းကင်နွားသိုး"

"

ရှမူဟိုင်သည် ဤနာမည်ကိုပြောရန် ကြိုးစားအားထုတ်ခဲ့ရသည်။

"အဲ့တာက ဘာလဲ" လီချန်ချင်းသည် ရှမူဟိုင်အား အေးစက်စက်မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

" အဲ့ဒါက ကန္တာရတိမ်တိုက်မြို့မှာ ရှင်သန်တဲ့ အဆိပ်ရှိတဲ့ အင်းဆက်တစ်မျိုးပဲ။ ကမ္ဘာပေါ်က ထိပ်တန်းအဆိပ် သုံးမျိုးထဲက တစ်ခုဖြစ်တယ်။ အဲ့ဒီအဆိပ်ရှိတဲ့ အင်းဆက်က တစ္ဆေမျိုးနွယ်ကိုစားပြီး အလွန်အံ့အားသင့်စရာကောင်းတဲ့ တစ္ဆေအဆိပ်ရှိတယ်။ အဲ့အကောင်က လူရဲ့ခန္ဓာကိုယ်ထဲကို ဝင်သွားပြီးတော့ အဆိပ်တွေထုတ်လွှတ်တယ်။အသက်ဆယ်ရှိုက်စာအတွင်းမှာ လူတစ်ယောက်က တစ္ဆေအဆိပ်ရဲ့ ဝါးမြိုခံရပြီး သေသွားလိမ့်မယ်"

(အရင်တုန်းက တိမ်တိုက်မြို့တော်လို့ ဘာသာပြန်ထားပေမယ့် အခု ကန္တာရတိမ်တိုက်မြို့လို့ အမည်ပြောင်းလဲလိုက်ပါတယ်)

"ဒါပေမယ့် လီဟမ်ရှန်း ကျင့်ကြံထားတဲ့ ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်ကြောင့် တစ္ဆေစားကောင်းကင်နွားသိုး ရဲ့ အဆိပ်ကိုတောင့်ခံနိုင်တာ။ ဒါကြောင့် အခုထိအသက်ရှင်နေသေးတာ။ ဒါပေမယ့် အခုအခြေအနေကို ခန့်မှန်းရမယ်ဆိုရင် သူက နောက်ထပ် နှစ်နာရီတောင် မခံတော့မှာကို စိုးရိမ်မိတယ်" လီဟမ်ရှန်း၏ နေလအင်မော်တယ်နတ်ဆိုးခန္ဓာက အဆိပ်အား ဖိနှိပ်သည့် အဓိကနေရာ၌ ပါဝင်ခဲ့သည်ကို ရှမူဟိုင်သည်လည်း တွေ့နိုင်ပေသည်။

သို့သော်လည်း အဆိပ်က လည်ပင်းမှတစ်ဆင့် ဦးနှောက်သို့ရောက်သည်နှင့် သူ့အားကယ်တင်ရန် နတ်ဘုရားပင်တတ်နိုင်မည်မဟုတ်ပေ။

"တောင်သခင်ရှ ၊ သူ့ကို မြန်မြန်ကယ်ပေးပါ" လီချန်ချင်းက အလျင်အမြန်ပြောလာခဲ့သည်။

ယခုလေးတင်ရောက်ရှိလာသည့် ယန်ထျန်းထျန်းသည် မျက်နှာဖုံးနှင့် လူထူးဆန်းက မည်သူလဲဟု စူးစမ်းချိန်မရခဲ့ပေ။ သို့သော်ငြား ယခု လီချန်ချင်းပြောလာသည်နှင့် ယန်ထျန်းထျန်းသည် ထိုမျက်နှာဖုံးနှင့်လူက လီဟမ်ရှန်း၏ အဖေ ဖြစ်ကြောင်း နားလည်ခဲ့ပေသည်။

ဒါက သူမရဲ့ ဆရာပြောထားတဲ့ သူမဟုတ်လား။ "ဒီအဆိပ်က တစ္ဆေစားကောင်းကင်နွားသိုးရဲ့ ...." ရှမူဟိုင်သည် အတော်လေး ကူကယ်ရာမဲ့ဖြစ်နေပြီးနောက် ဆက်ပြောလာခဲ့သည်။ "အဆိပ်ပျံ့တာနဲ့ချက်ချင်း သေခြင်းတရားက အမြန်လိုက်လာမှာ။ အဆိပ်ဖြေဆေးဖော်စပ်ဖို့အချိန်မရှိဘူး။ ဒါကြောင့် အဆိပ်ပြယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ လုံးဝ မသေချာဘူး"

ဤသို့ပြောပြီးနောက်တွင် ရှမူဟိုင်သည် သူ့ပတ်ဝန်းကျင်ရှိလေထုက ပို၍ အေးစိမ့်လာသည်ကို ရှင်းရှင်းလင်းလင်းခံစားခဲ့ရသည်။လွန်စွာ ကြောက်မက်ဖွယ်ကောင်းကာ ထုထည်ကြီးမားသည့် ဖိအား တရပ်မှာ လီချန်ချင်းအား ဗဟိုပြုကာ ထွက်ပေါ်နေခဲ့တော့လေ၏။

အေးစိမ့်နေသည့်လေ့ထုက သူ့အားရေခဲခန်းထဲသို့ ရောက်နေသကဲ့သို့ ခံစားခဲ့ရပြီး လီချန်ချင်းမှ သူ့အား အချိန်မရွေး သတိလက်လွတ် သတ်ပစ်တော့မည်ကဲ့သို့ပင်။

"ထျန်းထျန်း " ရှမူဟိုင်က အလျင်အမြန်ပြောလာခဲ့သည်။ "ခန်းမသခင်လီကို သွားခေါ်လာခဲ့။ သူ့မှာ အဖြေ တစ်ခုရှိလောက်တယ်"

"ကောင်းပါပြီ !"

ယန်ထျန်းထျန်းသည် နှောင်းနှေးမနေဝံ့ပေ။ သူမသည် လီကျင့်စုန် အားရှာရန် အခန်းအပြင်သို့ ကမန်းကတန်းပြေးထွက်သွားခဲ့သည်။

" မကျေမချမ်းဝိဉာဉ် ၊ မကျေမချမ်းဝိဉာဉ်...."

ထိုအခိုက်အတန့်၌ လီချန်ချင်း သည် ရုတ်တရက်တွေးမိခဲ့သည်။ "သူရဲ့ ခန္ဓာကိုယ်က မကျေမချမ်းဝိဉာဉ်အငွေ့အသက်တွေပြည့်နေတာဆိုတော့ ကျုပ်ရဲ့ သစ်သားပန်းပုရုပ်က အလုပ်ဖြစ်နိုင်တယ်"

" အဲ့တာက အသုံးဝင်ဖို့ ဖြစ်နိုင်တယ်" ရှမူဟိုင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

သူသည် အန္တရာယ်ကို စဉ်းစားခြင်းမရှိ သူ၏ လည်ပင်းမှ မြေကမ္ဘာစောင့်ဗောဓိသတ္တရုပ်ထုကို ချွတ်ကာ ချက်ချင်းပင် လီဟမ်ရှန်းပေါ်သို့ ထားလိုက်သည်။

သေချာသလောက်ပင်။ မြေကမ္ဘာစောင့်ဗောဓိသတ္တရုပ်ထု ပေါ်ထွက်လာသည်နှင့် လီဟမ်ရှန်း၏ ခန္ဓာကိုယ်ထဲမှ မကျေမချမ်းဝိဉာဉ်အငွေ့အသက်က အနည်းငယ်ဖိနှိပ်ခံနေရသည်ဟု ထင်ရသည်။

သို့သော်လည်း ......

သက်ရောက်မှုက အလွန်နည်းပါးပေသည်။

" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" လီချန်ချင်းသည် အတော်လေး ထိတ်လန့်နေခဲ့သည်။ သူ၏ သစ်သားပန်းပုရုပ်က ကြမ်းကြုတ်သည့် မကျေမချမ်းဝိဉာဉ်ကျိန်စာကိုဖိနှိပ်‌နိုင်ပေသည်။ ဒါဆို အခုဘာလို့ မထိရောက်ရတာလဲ။

သူ၏ သစ်သားပန်းပုရုပ်က အားနည်းသွားခဲ့ပြီ။

" ဒီ တစ္ဆေစားကောင်းကင်နွားသိုးရဲ့အဆိပ်က မကျေမချမ်းဝိဉာဉ်ပါပေမယ့် သူ့ရဲ့ အဓိက က အဆိပ်ပဲ။ သူ့ရဲ့ မကျေမချမဝိဉာဉ်ကို ဖိနှိပ်ထားနိုင်ရင်တောင်မှ အဆိပ်အတောက်က သေစေနိုင်တဲ့ အပိုင်းပဲ။ ဒါက ...... အဆိပ်အတောက်ကို ဖိနှိပ်မထားနိုင်ဘူး" ရှမူဟိုင်သည်လည်း ဤသည်ကိုတွေ့သည့်အခါ၌ အ‌ရမ်း စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။

လီချန်ချင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

သူသည် မျက်လုံးများ တင်းတင်းကျပ်ကျပ်မှိတ်ထားကာ သတိကပ်ထားရန်ပင် မတတ်နိုင်ဘဲ နာကျင်မှုများဖြင့် ပြည့်နှက်နေပုံရသည့် လီဟမ်ရှန်း၏ ဘေး၌ ထိုင်နေပေသည်။

ဤသည်ကို ကြည့်ပြီး လီချန်ချင်းက ရင်နာနေပေသည်။

ဤသည်က သူတို့၏ ပထမဆုံးအကြိမ်တွေ့ဆုံမှုပင်ဖြစ်ပေသည်။

သို့သော်လည်း သွေးမှ ခံစားချက်က ဤကလေးနှင့် ပထမဆုံးတွေ့ဆုံမှုအား အထူးအဆန်းမခံစားရပေ။

သူ့အား သူ့သားကဲ့သို့ ခံစားခဲ့ရသည်။

သွေးသားရင်းချာ။

လီချန်ချင်းသည် လီဟမ်ရှန်း၏ လက်ကိုကိုင်ထားရင်း သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ကား သုံးကာ လီဟမ်ရှန်း၏ ကိုယ်တွင်းမှ အဆိပ်ကို ဖိနှိပ်ရန် ကြိုးစားခဲ့သော်လည်း လုံးလုံးလျားလျားအသုံးမဝင်သည်ကို တွေ့ခဲ့ပေသည်။

နည်းလမ်းအားလုံးက အသုံးမဝင်ပုံရကာ သူသည် သူ့သားက သတိလစ်နေသည်ကို ကြည့်နေရုံပဲတတ်နိုင်ကာ သူ့သားက တဖြည်းဖြည်းချင်း သေဆုံးခါနီးလာသည်ကိုပင် ကြည့်နေရပေသည်။

" အစ်ကို ချန်ချင်း " ရှမူဟိုင်သည် ထိုအခိုက်အတန့်၌ ဘာပြောရမှန်းမသိဖြစ်ကာ တိုးလျစွာခေါ်ခဲ့သည်။

" တောင်သခင်ရှ ကျေးဇူးပြုပြီး တခြားနည်းလမ်း စဉ်းစားပေးပါဦး" လီချန်ချင်း၏ အသံက အလွန်တည်ငြိမ်နေကာ မည်သည့်ခံစားချက်မှ မရှိသလိုပင်။

" ကျုပ် ထပ်ပြီး စဉ်းစားပါဦးမယ်" ရှမူဟိုင်၌ ပြောစရာအများကြီးရှိသော်လည်း သူ၏ စကားလုံးများအားမြိုသိပ်ကာ ထပ်စဉ်းစားဖို့သာ ကတိပေးခဲ့သည်။

သို့သော်လည်း လီကျင့်စုန်အားစောင့်နေသည့် အချိန်အတွင်း ရှမူဟိုင်၌ တခြားဖြေရှင်းချက်မရှိခဲ့ပေ။

အကယ်၍ မုချင်းကောသာရှိပါက နည်းလမ်းတစ်ခုရနိုင်သော်လည်း ဆေးဘုရင်တောင်ကြားက အရမ်းဝေးကွာပေသည်။ မုချင်းကော ရောက်လာသည့်အချိန်၌ လီဟမ်ရှန်းက သေဆုံးပြီး ဖြစ်နေပေလိမ့်မည်။

" ဟမ်ရှန်း ၊ စိတ်မပူနဲ့။ အဖေရှိတယ်။ ခန်းမသခင်လီ ရောက်လာတာနဲ့ အဖြေတစ်ခုတော့ရမှာပါ" လီချန်ချင်းသည် အိပ်ယာဘေး၌ထိုင်ကာ လီဟမ်ရှန်း၏ လက်ကိုကိုင်ရင်း ညင်သာစွာ ပြောဆိုနေခဲ့သည်။

သူသည် ဖျားနာနေသည့်ကလေးအား ပြုစုစောင့်ရှောက်နေသည့် အဖေတစ်ယောက်ကဲ့သို့ပင်။

စားပွဲခုံဘေး၌ ဝပ်နေသည့် ဖေးသည် ဤမြင်ကွင်းအားကြည့်ကာ တအီအီအသံပြုနေခဲ့သည်။ လီချန်ချင်း၏ စိတ်အခြေအနေက တည်ငြိမ်သည်ဟု ထင်ရသော်လည်း အ‌လွန်အမင်း ပြင်းထန်နေသည်ကို ခံစားနိုင်နေသကဲ့သို့ပင်။

ဘာတွေဖြစ်ထားသလဲဆိုသည်ကို မသိသော်လည်း။

ယခုအချိန်၌ လီချန်ချင်းအား ရန်မစနိုင်ကြောင်း သိထားပေသည်။ မဟုတ်ပါက အလွယ်တကူပင် တစစီဆွဲဖြဲခံရပေမည်။

အချိန်ခဏကြာပြီးနောက်တွင် အခန်းတံခါးက ပွင့်လာခဲ့ပြီး လီကျင့်စုန်က ဝင်လာခဲ့သည်။ သူ၏ ဖိုသီဖတ်သီပုံစံက ပျက်စီးနေသည့် ကျောင်းတော်သားတစ်ယောက်ကဲ့သို့ပင်။

အစက လီကျင့်စုန်သည် မျောလွင့်ပုံရိပ်ခန်းမအတွင်း၌ သုန်မှုန်နေခဲ့သော်လည်း ယန်ထျန်းထျန်းသည် လီဟမ်ရှန်းက သေရေးရှင်ရေး အခြေအနေ၌ ရှိနေသည်ဟု ပြောရန်ရောက်လာသည့်အခါ၌ လီကျင့်စုန်သည် မှောလွင့်ပုံရိပ် ခန်းမ မှ ချက်ချင်းထွက်လာကာ ယန်‌ထျန်းထျန်းနောက်မှ မူဟိုင်ဖုန်းတောင်ထိပ်သို့ လိုက်လာခဲ့သည်။

လီကျင့်စုန်သည် လီဟမ်ရှန်းအပေါ်၌ အလွန် ကောင်းမွန်သည့် အမြင်တစ်ခုရှိပေသည်။

ဒီကလေးက မျောလွင့်ပုံရိပ်ခန်းမသို့ ပထမဆုံးအကြိမ်ရောက်လာခဲ့သည့်အချိန်၌ သူ့အား ကြီးမားသည့် အံ့အားသင့်မှုတစ်ခုကို ပေးခဲ့ပေသည်။

"အင်မော်တယ်တစ်ပါးအား ကျောက်တောင်ပေါ်မှငေးကြည့်ခြင်း" ပန်းချီကားကို နှစ်ပေါင်းတစ်ထောင်အတွင်း ပထမဆုံးဖမ်းဆုပ်နိုင်ခဲ့သည့် ပါရမီရှင်တစ်ယောက်ဖြစ်သည်။

" ခင်ဗျားက ဘာလို့ ဒီမှာရှိနေတာလဲ" လီကျင့်စုန်သည် အထဲသို့ ရောက်လာသည့်အခါ၌ လီဟမ်ရှန်း၏ အခြေအနေကို ချက်ချင်းစစ်ဆေးလိုသော်လည်း သူသည် ချက်ချင်းပင် လီဟမ်ရှန်းဘေး၌ထိုင်နေသည့် လီချန်ချင်းအားတွေ့ခဲ့သည်။

လီကျင့်စုန်၏ မျက်နှာက ချင်ချင်းပြောင်းလဲသွားကာ: "ဒီက‌လေးအနားက ထွက်သွား။ ခင်ဗျား သူ့ကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

" ‌ခန်းမသခင် လီ" လီချန်ချင်းသည် မတ်တပ်ထရပ်ကာ ရိုရိုသေသေဖြင့် " မနေ့ညက ခင်ဗျားကို မကျေမနပ်ဖြစ်စေခဲ့ပါတယ်။ ခင်ဗျားက သဘောထားကြီးပြီးတော့ မလိုမလားမဖြစ်ဖို့ မျှော်လင့်ပါတယ်။ အဲ့ဒီအကြောင်းကို ပြီးကျရင် ရှင်းပြပါ့မယ်။ ကျေးဇူးပြုပြီး ကျုပ်သားကို အရင်ကယ်ပေးပါဦး"

"ခင်ဗျားသားလား"

လီကျင့်စုန်သည် အံ့ဩသွားခဲ့ပြီး : "ဒါဆို ခင်ဗျားက ..."

" အစ်ကိုလီ သူက လီဟမ်ရှန်းရဲ့ အဖေပါ။ သူက မနေ့ညက ဒီထဲကို ခိုးဝင်ပြီး သူ့သားကို တွေ့ချင်ခဲ့တာပါ။ ကျေးဇူးပြုပြီး ဟမ်ရှန်းကို အရင်ကယ်တင်ပေးပါ" ရှမူဟိုင်က အလောတကြီး ရှင်းပြလာခဲ့သည်။

လီဟမ်ရှန်းရဲ့အဖေလား။

လီကျင့်စုန်သည် အရမ်းအံ့ဩနေခဲ့သည်။လီဟမ်ရှန်းက နောက်ခံလုံးဝမရှိသည့် သာမန်တပည့်‌တစ်ယောက်ဟု သိထားပေသည်။ လီဟမ်ရှန်း၏ ဖခင်က ဤကဲ့သို့ ဆရာသခင်တစ်ယောက်ဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။

စစ်မှန်သည့် ပန်းချီသူတော်စင်တစ်ယောက်!

သူ့စိတ်ထဲ၌ မေးခွန်းအမြောက်အများရှိသော်လည်း ယခုက မေးရန်အချိန်ကောင်းမဟုတ်သည်ကို လီကျင့်စုန်က သိထားပေသည်။ သူက လီဟမ်ရှန်း၏ အခြေအနေအား စစ်ဆေးရန် လျင်မြန်စွာရောက်လာခဲ့သည်။

" တကယ်ပဲ ၊ တစ္ဆေစားကောင်းကင်နွားသိုးရဲ့အဆိပ်ပဲ" လီကျင့်စုန်က သက်ပြင်းချလာခဲ့သည်။ " ဒီတစ္ဆေစားကောင်းကင်နွားသိုးရဲ့ အဆိပ်မိပြီး ဒီ‌လောက်အချိန်ကြာကြာအသက်ရှင်ဖို့ဆိုတာ သူ့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းနဲ့ ရုပ်ခွန်အားကို ကျေးဇူးတင်ရမယ်"

"အဲ့တာကို ကုနိုင်လား" လီချန်ချင်းက အလျင်အမြန်မေးခဲ့သည်။

" နည်းလမ်းတစ်ခုရှိတယ်" လီကျင့်စုန်က ထရပ်၍ သက်ပြင်းချကာ ပြောခဲ့သည်။ "တစ္ဆေစားကောင်းကင်နွားသိုးရဲ့အဆိပ်က တကယ်ကို ပရိယာယ်များတယ်။အထူးသဖြင့် သေစေနိုင်တဲ့ ကူးစက်မှုပဲ။ဒါပေမယ့် တစ္ဆေစားကောင်းကင်နွားသိုးရဲ့အဆိပ်က ပိုပြီးသန်မာတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာပိုပြီး သန်မာလာတယ်။ သူတို့က လူတစ်ယောက်ရဲ့ ကိုယ်တွင်းမှာ အဆိပ်ကို ထုတ်လုပ်ကြပြီး အထူးသဖြင့်အဲ့ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်ကို အဓိကထားပြီး တိုက်ခိုက်ကြတယ်။အဆိပ်ထုတ်လွှတ်ပြီးတဲ့နောက်မှာ တစ္ဆေစားကောင်းကင်နွားသိုးက အဆိပ်ကို နှစ်ဝက်ကြာအောင် ထပ်ပြီး မထုတ်နိုင်တော့ဘူး"

" တစ်နည်းပြောရရင် လီဟမ်ရှန်းရဲ့ ကိုယ်ထဲမှာရှိတဲ့အဆိပ်က သူ့ကို သေစေနိုင်တယ်ဆိုပေမယ့် အဲ့တာက တက်လှမ်းခြင်းအဆင့် 9 မှာရှိတဲ့ သူ့ကိုပဲ ပစ်မှတ်ထားတာကြောင့်ပဲ။ ဒါက သူ့ရဲ့ ရုပ်ခွန်အားက အဆိပ်အတောက်ကို ဘာလို့တောင့်ခံနိုင်ခဲ့တယ်ဆိုတာပဲ။ ဒါပေမယ့် ကျင့်ကြံဆင့်ပိုမြင့်တဲ့ သူတွေအတွက်ဆိုရင် ဒီအဆိပ်က မသေနိုင်ဘူး"

"ဒါပေမယ့်လည်း အဲ့တာက အသက်မသေစေနိုင်ဘူးဆိုရင်တောင်မှ ကျင့်ကြံခြင်းတွေကို ထိခိုက်ဖို့ မလွဲဧကန်ပဲ" " ဒါပေမယ့် အဲ့တာက သေတာထက်တော့ကောင်းပါသေးတယ်။ ကျုပ်တို့က ကျင့်ကြံဆင့်မြင့်တဲ့တစ်ယောက်ကိုရှာတွေ့တာနဲ့ တစ်ပြိုင်နက် သူတို့က သူတို့ရဲ့အစွမ်းပြည့်ဝတဲ့ ကိုယ်ပိုင်ခွန်အားနဲ့ လီဟမ်ရှန်းရဲ့ ပါးစပ်ကနေ အဆိပ်တွေကို စုပ်ထုတ်နိုင်တယ်။သူ့ရဲ့ ကိုယ်တွင်းက မကျေမချမ်းဝိဉာဉ်အငွေ့အသက်က စိတ်ပူစရာ မဟုတ်ဘူး။အဲ့တာကို ကျုပ်ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်တယ်"

ပြီးသွားသည့်နောက်တွက် လီကျင့်စုန်က ရှိနေသည့် လူအချို့ကို တစ်ချက်ကြည့်ကာ အဲ့တာကို ဘယ်သူလုပ်မှာလဲဟု မေးနေသကဲ့သို့ပင်။

"ဟမ်?"

အဲ့တာနဲ့ ပါးစပ်ချင်းတေ့ပြီး လုပ်ရမှာလား"

လူတိုင်းက ကြောင်အနေခဲ့ကြသည်။ ဒီအဆိပ်ဖယ်ရှားတဲ့ နည်းလမ်းက အတော်လေး......

" ကျွန်မမလုပ်နိုင်ဘူး။ အခုထိ ကျွန်မရဲ့ ပထမဆုံးအနမ်းက ရှိနေတုန်းပဲ။ကျွန်မ.. ကျွန်မက အနာဂါတ်မှာ အိမ်ထောင်ပြုဖို့လိုသေးတယ်" ယန်ထျန်းထျန်းက မျက်ရည်ကျလုနီးပါးပင်။ သူမက တာဝန်ရှိတယ်လို့ ခံစားရပေမယ့်လည်း လီဟမ်ရှန်းအား ပါးစပ်ချင်းတေ့ပြီး အဆိပ်ထုတ်ပေးဖို့ သူမကိုယ်တိုင်မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူမသည် နောက်ပြန်ဆုတ်သွားခဲ့သည်။

သို့သော်လည်း ယန်ထျန်းထျန်း၏မျက်နှာတွင် ကြိုးစားမှု အရိပ်အယောက်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ တကယ်လို့ တခြားနည်းလမ်းမရှိဘူးဆိုရင် ... ဒါဆို လုံးဝ ပြသနာဖြစ်လိမ့်မည်။ နောက်ဆုံးတော့ လီဟမ်ရှန်းက သူမဘေး၌ ရှိနေစဉ် အဆိပ်ခပ်ခံခဲ့ရခြင်းဖြစ်ကာ သူမက အပြစ်တင်ခံရခြင်းမှ မလွတ်မြောက်နိုင်ပေ။

"ကျုပ်လုပ်မယ်!" ထိုအခိုက်အတန့်၌ ရှမူဟိုင်သည် ဆရာတစ်ယောက်ဖြစ်သည့်သူ၏ဝတ္တရားကို အပြည့်အဝ သက်သေပြခဲ့သည်။

" ကျုပ်က သူ့ရဲ့ ဆရာပဲ။ တကယ်လို့ သူ့ဆရာက မလုပ်ဘူးဆိုရင် ဘယ်သူက လုပ်မှာလဲ" ရှမူဟိုင်သည် ရှေ့သို့ တက်လာခဲ့ပြီး သူ၏ အင်္ကျီလက်များကို ပင့်တင်ကာ သူ၏ပါးစပ်ကိုပင် အနည်းငယ် လှုပ်ရှားကာ အသက်ပြင်းပြင်းရှူပြီး ရှေ့ဆက်လုပ်တော့မည်ဖြစ်သည်။

မျက်နှာဖုံးနောက်ရှိ လီချန်ချင်း၏မျက်နှာက အစိမ်းရောင်ပြောင်းသွားခဲ့သည်။ သူသည် ရှမူဟိုင်၏ သွားကြား၌ ကပ်နေသည့် ကြက်သွန်မြိတ်ကိုပင် ဝိုးတဝါးမြင်နိုင်ပေသည်။

ဒါကို တိုက်ရိုက်ကြည့်ဖို့ အနည်းငယ်ခင်ခဲပေသည်။

" မူဟိုင် ၊ မင်းမလုပ်နိုင်ဘူး" ရှမူဟိုင်က ရှေ့ဆက်တိုးလုဆဲဆဲတွင် လီကျင့်စုန်က ပြောခဲ့သည်။

" ဘာလို့လဲ" ရှမူဟိုင်က အံ့အားသင့်သွားခဲ့သည်။

" မင်းရဲ့ကိုယ်ထဲမှာ မကျေမချမ်းဝိဉာဉ်ကျိန်စာရှိတယ်လေ ဟုတ်တယ်မလား။ မင်း အဲ့တာကို ဘယ်လိုဖိနှိပ်ထားလဲ ငါမသိဘူး။ဒါပေမယ့် မကျေမချမ်းဝိဉာဉ်ရဲ့ အဆိပ်ကို စုပ်ယူလိုက်မယ်ဆိုရင် နှစ်ခုက ရောစပ်သွားပြီး နတ်ဘုရားတွေတောင်မှ မင်းကိုကယ်နိုင်မှာမဟုတ်ဘူး" လီကျင့်စုန်သည် ရှမူဟိုင်၏ လည်ပင်းပေါ်မှ သေးငယ်သည့် တစ်‌စ္ဆေလက်သည်းရာကို တစ်ချက်ကြည့်ခဲ့သည်။

" ဒါက ..." ရှမူဟိုင်သည် အလန့်တကြားဖြစ်သွားခဲ့သည်။ ထို့နောက်သူက ခက်ခဲမှုတစ်ချို့ဖြင့် လီချန်ချင်းအားကြည့်လာခဲ့သည်။

တခြားနှစ်ယောက်သည်လည်း လီချန်ချင်းအား လှည့်ကြည့်လာခဲ့သည်။

သူတို့က မလုပ်ရဘူးဆိုတော့ ဒါက သူ့အပေါ်၌ တာဝန်ရှိပေသည်။

"ကျုပ်လုပ်ရမှာလား"

လီချန်ချင်းသည် အနည်းငယ်ကသိကအောက်ဖြစ်သွားခဲ့သည်။ သူ့သားရဲ့ ပါးစပ်ထဲကနေ အဆိပ်ကို စုပ်ထုပ်တာက ကိစ္စကြီးတစ်ရပ်မဟုတ်ပေ။ အဖေက သားကို နမ်းတာက ဘာမှမဟုတ်ဘူးဆိုပေမယ့် အဲ့တာက သူငယ်တဲ့အချိန်မှာလေ။ အခု သူ့သားက အရွယ်ရောက်လာပြီ။သူ့အသက်အရွယ်ကလေးအများစုဆိုရင် ကိုယ်ပိုင်မိသားစုတွေရှိနေကြပြီ။

သူ့သားနဲ့ သူ့ရဲ့ ပထမဆုံးတွေ့ဆုံမှုက ဒီလိုရင်းရင်းနှီးနှီး တုန့်ပြန်မှုတစ်ခုလား။

ဒါပေမယ့် သူ့သားရဲ့ အသက်အတွက်ဆိုရင် အားလုံး စွန့်စားရပေမည်။

သူက နမ်းတော့မှာလား။

လီချန်ချင်းက ရှေ့သို့ တိုးလာကာ လီဟမ်ရှန်း၏ နှုတ်ခမ်းကိုကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏ စိတ်အခြေအနေကို ပြင်ဆင်ထားခဲ့သည်။

သူ့ကလေးရဲ့ အမေက ဘယ်မှာလဲ။

သူ့ရဲ့ ချွေးမက ဘယ်မှာလဲ။

ဟနေဦး

ဖေး က ဘယ်မှာလဲ !

စားပွဲပေါ်၌ ဝပ်နေသည့် ဖေးသည် အကြောင်းပြချက်မရှိ ကြက်သီးထသွားခဲ့သည်။

All Chapters