ပရိသတ်၏ တားဆီးပိတ်ဆို့မှု
Vol. 40 Ch. 596
Gala နွေဦးပွဲတော် အဖွဲ့သားများအားလုံး ရဲ့လင်းချန်ကို စိုက်ကြည့်နေကြသည်။
ယခုနှစ် Gala နွေဦးပွဲတော်သည် မတော်တဆ ဖြစ်စဉ် အများဆုံးပွဲ ဖြစ်ပြီး ပြဿနာ အများဆုံး ဖြစ်သည့်ပုံပင်။ တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက သူတို့ အကျိုးဆက်များကို ရင်ဆိုင်ရပေလိမ့်မည်။ ရဲ့လင်းချန်က Gala နွေဦးပွဲတော်ကို အဖတ်ဆယ်ခဲ့သကဲ့သို့ သူတို့ကိုလည်း ကယ်တင်ခဲ့သည်။
ဖုန့်ရှောင်ဖုန်းတောင်မှ မျက်ရည်များ ဝေ့တဲနေ၏။
“ရဲ့နတ်ဘုရား၊ ရှောင်ယွဲ့ယွဲ့၊ မင်းတို့ အတော်ဆုံးပဲ၊ မင်းတို့က အံ့ဩဖို့ ကောင်းလိုက်တာ”
ယခုတစ်ခေါက်၌ သူ့အတွက် ပြစ်ဒဏ်ကို ရှောင်တိမ်း၍ မရနိုင်ပေ။ ယင်းသည် ကြီးမားသော ပြစ်ဒဏ်ကြီးတစ်ခုပင်။ ရဲ့လင်းချန် ပေါ်လာခြင်းက သူ၏ ပြစ်ဒဏ်ကို သိသိသာသာ နိမ့်ကျသွားစေလောက်ကာ သူ၏ အမှားများအတွက် ပြုပြင်နိုင်လောက်သည်။
လူတိုင်း ပျော်ရွှင်ကြည်နူးနေပြီး သူ့အား ချီးမွမ်းနေကြသည်။
“ဟာသ ဇာတ်လမ်းတိုက ထူးခြားတယ်ဗျာ”
“ကျေးဇူးတင်ပါတယ်”
“ရဲ့နတ်ဘုရား၊ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ”
“ရှောင်ယွဲ့ယွဲ့၊ အခုကစပြီး မင်း နာမည်ကြီးပြီ”
“ဒါ ဆရာရဲ့က ကျွန်တော့်ကို ကောင်းကောင်း သင်ပေးလို့ပါ”
“မင်းတို့နှစ်ယောက်လုံး အံ့ဩဖို့ကောင်းတယ်”
လက်ခုပ်ဩဘာသံများ၊ လက်ခုပ် ဩဘာသံများက အတောမသတ်သွားချေ။
အဖွဲ့သားများ၏ မျက်လုံးတွင် ကျေးဇူးတင်သော အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။
ရဲ့လင်းချန်နှင့် ရှောင်ယွဲ့ယွဲ့သည် အချင်းချင်း ပြန်ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။
“ကျွန်တော်တို့ကို ခင်ဗျားတို့ ချီးကျူးလွန်နေပါပြီ၊ ဒါကို ကျွန်တော်တို့ဘာသာ လုပ်ခဲ့တာမှ မဟုတ်ဘဲ၊ အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေလဲ ပါပါတယ်”
အမျိုးသမီး အသံ အင်ဂျင်နီယာတစ်ယောက်က ရယ်လျက် ချီးကျူးလာသည်။
“ရှင်သာ မရှိရင် ကျွန်မတို့အဖွဲ့ ဘယ်လောက် ကြိုးစားကြိုးစား ဘာမှမဖြစ်လာပါဘူး၊ ဒါ လူများမှ ပြီးတဲ့ကိစ္စမှ မဟုတ်တာ”
ဥက္ကဋ္ဌက အနားသို့ လျှောက်လာပြီး ရဲ့လင်းချန်၏ လက်ကို ဆုပ်ကိုင်သည်။
“ရဲ့နတ်ဘုရား၊ ကျေးဇူး အများကြီး တင်ပါတယ်”
ရဲ့လင်းချန် ရယ်လိုက်သည်။
“ဒါ ပွဲတော်နဲ့ ကျွန်တော်တို့ နိုင်ငံအတွက်ပါ”
“ညီလေးရဲ့၊ မင်း ငါတို့အတွက် ထပ်ပြီးတော့ ကြီးမားတဲ့ လုပ်ဆောင်မှုတစ်ခုကို လုပ်ခဲ့တာပဲ”
လင်းအောင်က အနားသို့ လျှောက်လာပြီး ရဲ့လင်းချန်အား လက်သီးဖြင့် အသာ ထိုးလိုက်သည်။
“မင်းက တကယ့် မကောင်းဆိုးဝါးပဲ”
ထိုအချိန်တွင် ချန်ရှောင်ယန်နှင့် ကျောက်လျန့်ရင်တို့သည် ဘေး၌ အရူးအမူး လက်ခုပ်တီးနေကြသည်။ သူတို့၏ မျက်လုံးများက ဝမ်းသာ ပျော်ရွှင်မှုတို့ကြောင့် တောက်ပနေပြီး ရဲ့လင်းချန်အား စိုက်ကြည့်နေ၏။
အဖွဲ့သားများက ရဲ့လင်းချန်အား မဆုံးနိုင်သော ကျေးဇူးတင်စကားတို့ ဆက်ပြောနေကြသည်။
သူတို့ ရဲ့လင်းချန်ကို ကျေးဇူးတင်ရသည့် အကြောင်းရင်းမှာ … သူတို့အတွက် ကြီးမားသော အကူအညီတစ်ခုကို သူ လုပ်ပေးခဲ့၍ ဖြစ်သည်။
သူ့အား လက်ခုပ်ဩဘာသံနှင့် ကျေးဇူးတင်စကားပဲ ပြောရမည်လော။
ယင်းမျှနှင့် လုံလောက်မည် မဟုတ်ပါ။ သူတို့ သူ့အပေါ် ဘယ်လို ကျေးဇူးတင်ကြောင်း ပြသရမလဲ မသိ ဖြစ်နေကြသည်။
အရေးကြီးသောအချိန်၌ သူကိုယ်တိုင်ကိုယ်ကျ ဝင်ကူညီပြီး ဆယ်မိနစ်ဝန်းကျင်နှင့် ဟာသ ဇာတ်လမ်းတို ဇာတ်ညွှန်းကို ရေးကာ ဘာပြင်ဆင်မှုမှ မရှိဘဲ စင်ပေါ် တက်ပေးခဲ့သည်။ ၎င်းသည် အရည်အချင်း လိုအပ်ရုံတင် မကဘဲ ခိုင်မာသော စိတ်ဓာတ်လည်း လိုအပ်ပေသည်။
ဤသို့သော အလျင်စလို အခြေအနေမျိုး၌ ပြဿနာများ ဖြစ်နိုင်သည်ကို လူတိုင်း သိပါသည်။ အကယ်၍ တစ်ခုခု ဖြစ်ခဲ့ပါက ရဲ့လင်းချန်နှင့် ရှောင်ယွဲ့ယွဲ့တို့သည်လည်း မကောင်းသော အကျိုးဆက်များ ခံရပေလိမ့်မည်။
ယင်းက မိုင်းနယ်မြေကို ရှင်းလင်းသည်နှင့် အဖြစ် အတူတူပင်။
သို့သော်ငြားလည်း သူတို့သည် တာဝန်ကို ပြီးပြည့်စုံစွာနှင့် ထူးခြားစွာ လုပ်ဆောင်နိုင်ခဲ့သည်။ ယင်းအား ရိုးရှင်းသော ကျေးဇူးတင်စကား တစ်ခုတည်းနှင့် ပြီးလိုက်နိုင်ပါလေမလား။
ရုတ်တရက် ရှောင်ယွဲ့ယွဲ့၏ ဖုန်းက မြည်လာပြီး သူ့မျက်နှာတွင် ကြောက်ရွံ့သော အမူအရာ ပေါ်လာသည်။
“ဆရာ၊ ဟုတ်ကဲ့ ကျွန်တော်တို့ ဖျော်ဖြေမှုက ပြီးသွားပါပြီ၊ ဆရာ ကျွန်တော့်ကို အချီးကျူး လွန်နေပါပြီ၊ ကျွန်တော် ကံကောင်းသွားရုံလေးပါ၊ ဆရာ ရဲ့နတ်ဘုရားကို ရှာနေတာလား၊ ဟုတ်ကဲ့၊ သူက ကျွန်တော့်ဘေးမှာပါ၊ ဟုတ်ကဲ့ပါ၊ ကျွန်တော် အခု သူ့ကို ဖုန်းပေးလိုက်ပါ့မယ်”
ရဲ့လင်းချန်က ရှောင်ယွဲ့ယွဲ့ကို ကြည့်လိုက်သည်။
“မင်းဆရာလား”
“ဟုတ်တယ်၊ သူက မင်းနဲ့ ပြောချင်နေလို့”
ရှောင်ယွဲ့ယွဲ့က သူ့အား ဖုန်းလွှဲပေးလိုက်သည်။
“ဟဲလို ဆရာ တန့်ရှန်း”
ရဲ့လင်းချန်က အလျင်အမြန် နှုတ်ဆက်လိုက်သည်။ သူသည် ကောတန့်ရှန်းအား အလွန်အမင်း လေးစားသည်။ သူ၏ မိဘများနှင့် အဘိုးအဘွားများ အားလုံးသည် ကောတန့်ရှန်း၏ ပရိသတ်များ ဖြစ်ပြီး ရဲ့လင်းချန် ကိုယ်တိုင်သည်လည်း ကလေးဘဝက သူ၏ တင်ဆက်မှုများကို ကြည့်ရှုခဲ့သည်။
ဆရာ တန့်ရှန်းနှင့် သူ ဖုန်းပြောရသည်ကို သူ့မိသားစု သိသွားပါက သူတို့ စိတ်လှုပ်ရှားကာ ရူးသွားလောက်သည်။
ဖုန်းတစ်ဖက်မှ ကောတန့်ရှန်း၏ ကြည်လင်သော ရယ်သံကို ကြားလိုက်ရသည်။
“ခုနက ဟာသ ဇာတ်လမ်းတိုကို ငါ ကြည့်ပြီးပါပြီ၊ ရဲ့နတ်ဘုရား မင်းကို ကျေးဇူး အများကြီး တင်ပါတယ်၊ မင်းရဲ့ တင်ဆက်မှုက တကယ်ကို အံ့ဩဖို့ ကောင်းတယ်၊ မင်းက ဟာသ ဇာတ်လမ်းတို ပညာရှင် ဖြစ်လာဖို့ အရည်အချင်း ရှိတယ်”
ယင်းက အလွန် မြင့်မားသော ချီးကျူးမှုဟု ဆိုနိုင်ပေသည်။
“ဆရာ တန့်ရှန်းက ကြင်နာလွန်းနေပါပြီ၊ တင်ဆက်မှုကို ဆရာ ကျေနပ်တယ်ဆိုတာနဲ့တင် လုံလောက်ပါပြီ”
ရဲ့လင်းချန်က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
ကောတန့်ရှန်းက ရယ်နေသည်။
“မင်းရဲ့ ဟာသ ဇာတ်လမ်းတိုက သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်၊ ငါ့ထက်တောင် ပိုကောင်းသေးတယ်၊ လူငယ် မျိုးဆက်က ငါတို့ထက် သာသွားတော့မှာပဲ၊ အရည်အချင်း ရှိတဲ့လူငယ်ပဲ၊ အခု ငါ့မိသားစုနဲ့အတူတူ ငါ့အားလပ်ရက်ကို ပျော်ပျော်ကြီး ခံစားနိုင်တော့မယ်”
“ပျော်စရာကောင်းတဲ့ အားလပ်ရက်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ဆရာ တန့်ရှန်း”
“ဒါပေါ့၊ အခွင့်အရေး ရှိခဲ့ရင် နောက်ပိုင်း အတူတူ ဖျော်ဖြေရအောင်”
ကောတန့်ရှန်းက အကြုံပြုသည်။
“အဲ့လိုဆို သိပ်ကို ကောင်းမှာပါ၊ ကျွန်တော် ဂုဏ်ယူမိပါတယ်”
ရဲ့လင်းချန် ပြုံးကာ ပြန်ပြောလိုက်သည်။
ဤဟာသ ဇာတ်လမ်းတိုသည် အံ့ဩစရာကောင်းလောက်အောင် ကောတန့်ရှန်းထံမှ ကောင်းမွန်သော အသိ အမှတ်ပြုမှု ရရှိခဲ့ပုံရသည်။
အင်တာနက်ပေါ်တွင်လည်း ဆူညံ ပွက်လောရိုက်နေ၏။ သို့သော် ရဲ့လင်းချန်၌ ယင်းကို ဖြေရှင်းနိုင်သည့် အချိန် မရှိချေ။ လက်ရှိအချိန်၌ သူသည် အိမ်သို့ တတ်နိုင်သမျှ မြန်မြန် ပြန်ချင်နေသည်။
*ငါ့တာဝန် ပြီးသွားပြီဆိုတော့ ဒီပါရမီရှင်လေး အိမ်ပြန်သင့်ပြီ၊ ငါ့မိဘတွေ စောင့်နေပြီ*
ရဲ့လင်းချန်က အဖွဲ့သားများကို လက်ပြ နှုတ်ဆက်လိုက်သည်။
“ရှောင်ယန် ငါ အခု သွားတော့မယ်၊ ရှောင်ရင် နှုတ်ဆက်ပါတယ်”
“ဦးလေးနဲ့ အဒေါ့်ကို ကျွန်မက နှုတ်ဆက်ပါတယ်လို့ ပြောပေးပါဦး”
ချန်ရှောင်ယန်နှင့် ကျောက်လျန့်ရင်တို့က ပြိုင်တူ ပြောလာသည်။
“အင်း ငါ ပြောပေးမှာပါ”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
“ဆရာရဲ့၊ ဒီနေ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်၊ ကျွန်တော် ဒီနေ့ တော်တော်လေး သင်ယူလိုက်ရပါတယ်၊ ကျွန်တော့်ကို ဆက်သွယ်နိုင်မယ့် လိပ်စာလေး အတိအကျ ပေးခဲ့လို့ ရနိုင်မလား”
ရှောင်ယွဲ့ယွဲ့က သူ့နောက်သို့ လိုက်လာသည်။
“ရတာပေါ့၊ ငါတို့ အဆက်အသွယ် လုပ်ကြတာပေါ့”
ရဲ့လင်းချန် ပြုံးနေသည်။
…
စင်မြင့်နောက်မှ ထွက်လာပြီးနောက် သူသည် အထူးလမ်းကြောင်းမှနေ၍ ပြန်ထွက်လာသည်။
တံခါးသို့ ရောက်သောအခါ အနုပညာများစွာနှင့် ဝန်ထမ်းများက တစ်ပြိုင်တည်း ထွက်ခွာနေကြသည်ကို ရဲ့လင်းချန် တွေ့လိုက်ရသည်။ သို့သော် သူတို့သည် အလွန် နှေးကွေးနေ၏။
ထွက်ပေါက်က ကျဉ်းနေ၍ မဟုတ်ဘဲ အနုပညာရှင်များကို ဟန့်တားရန် ကြိုးစားနေသည့် ပရိသတ်များစွာက တံခါးကို တိုးနေကြ၍ ဖြစ်သည်။ ထိုသူများသည် တရုတ် နှစ်သစ်ကူးအား သူတို့၏ မိသားစုများနှင့် ကုန်ဆုံး ရမည့်အစား ဤနေရာ၌ ဆူဆူညံညံ လာလုပ်နေကြလေသည်။
ရဲ့လင်းချန် ဆွံ့အသွားသည်။ အနုပညာရှင်များ အနောက်သို့ လိုက်လိုသည့် အိပ်မက်မျိုး မရှိခဲ့ဖူး၍ ထိုလူများ၏ စိတ်သဘောထားကို သူ နားမလည်နိုင် ဖြစ်နေသည်။
လက်ရှိတွင် ပရိသတ်များအပြင် အနုပညာရှင်များကို ကြိုရန် ကားများနှင့် မန်နေဂျာများလည်း ရောက်နေသည်။ ထို့ကြောင့် ပို၍ လူထူထပ်လာပြီး လူသွားလမ်း တစ်ခုလုံး ပိတ်ဆို့နေ၏။
Gala နွေဦးပွဲတော်သည် ပွဲတော်ကြီးတစ်ခု ဖြစ်သော်လည်း လုံခြုံရေးများစွာကို မစီစဉ်ထားချေ။
ရဲ့လင်းချန်သည် လူအုပ်ထဲ၌ ပုန်းကွယ်၍ အလိုက်သင့် လိုက်လျှောက်သွားနေသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ရုပ်ဖျက်ထားနိုင်သည်။ သူ ပုန်းနေချင်သရွေ့ သတင်းထောက်များက သူ့ကို လုံးဝ ရှာတွေ့မည် မဟုတ်ပါ။
အပြင်ဘက်၌ အော်သံများက အဆက်မပြတ် ထွက်ပေါ်နေပြီး ရပ်တန့်မည့်ပုံ မပေါ်ချေ။
“ဝိုး…”
“ထန်ထန်၊ အဲ့ဒါ ငါ့ရဲ့ ထန်ထန်လေး၊ ငါ နင့်ကို ချစ်တယ်နော်”
“အစ်မဟုန်၊ ဒါ အစ်မဟုန်ပဲ၊ အား…”
“မီမီပဲ၊ အား … သိပ်လှတာပဲ၊ မီမီရေ ငါနဲ့ လက်ထပ်ပေးပါလား”
ပရိသတ်များက သူတို့ အနုပညာရှင်များ၏ နာမည်များကို အော်ဟစ်ကာ သူတို့၏ နာမည်ပြောင်များ၊ ရဲ့လင်းချန် တစ်ခါမှ မကြားဖူးသော နာမည်များကို ခေါ်နေကြသည်။
လူတိုင်း အရူးအမူး ဖြစ်နေပြီး ရှေ့သို့ တိုးလာနေသည်။
လုံခြုံရေး အယောက် နှစ်ဆယ်ကျော်က တန်းစီ၍ လူအုပ်ကြီးအား ဟန့်တားထားသည်။
“မတိုးကြပါနဲ့၊ စိတ်ငြိမ်ငြိမ်ထားကြပါ၊ လူတိုင်း စိတ်အေးအေး ထားကြပါ”
“ငါတို့နဲ့ ပူးပေါင်းလုပ်ဆောင်ပေးပါ”
“မင်းတို့ ဒီလိုင်းကို ကျော်ပြီး သွားခွင့် မရှိပါဘူး”
လုံခြုံရေးများ၏ အသံများက အော်၍လွန်း၍ ပြာအက်နေသည်။ သူတို့၏ မျက်နှာတွင် ဘာလုပ်၍ လုပ်ရမှန်း မသိသည့် အမူအရာများ ပေါ်လွင်နေသည်။
အခြေအနေက ဖရိုဖရဲ ဖြစ်လွန်းပြီး လမ်းများ ပိတ်ကုန်သည်။ ထိုအခိုက်တွင် သူတို့ လုံးဝ ရှေ့တိုးမရ ဖြစ်နေ၏။
ရဲ့လင်းချန် မျက်မှောင်ကြုတ်မိသွားသည်။ ယခု သူ စောင့်နေရုံသာ ရှိတော့သည့်ပုံပင်။
သူ့အနောက်မှ အနုပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် ထွက်လာသည်။ သူတို့သည်လည်း ပရိသတ်များ၏ ပြာအက်နေသော အသံများဖြင့် နာမည် အော်ခေါ်နှုတ်ဆက်ခြင်းကို ခံနေရသည်။ မသိလျင် ကော်ဇော်နီ လျှောက်လမ်းပေါ် ရောက်နေပုံပင်။
လက်ရှိ၌ Gala နွေဦးပွဲတော်မှ ထွက်လာသော အနုပညာရှင်များသည် သတိဖြင့် လျှောက်နေရပြီး ပရိသတ်များနှင့် လက်ဆွဲနှုတ်ဆက်ကာ သူတို့ကို ပြန်လည်၍ တုံ့ပြန်ဖြေကြားနေကြသည်။ ပို၍ သဘောထားကြီးသော အမျိုးသမီး အနုပညာရှင်တစ်ဦးဆိုလျှင် လူအုပ်အား မျက်စိတစ်ဖက် မှိတ်ပြသဖြင့် အမျိုးသားတစ်ချို့ ချက်ချင်း အချစ်စိတ် တက်ကာ စိတ်လှုပ်ရှားမှုကြောင့် သတိလစ်လုနီးပါး ဖြစ်သွားကြသည်။ အော်ဟစ်သံများက လေထုထဲ ပြည့်နှက်နေ၏။